《Accidental Blessing[ Completed ]》9
Advertisement
Uni
9
"ဂုဏ်ယူပါတယ် Mr.Xiao... အမွှာသမီးလေးနှစ်ဦး မွေးဖွားပါတယ်"
ပုခက်ထဲမှာရှိတဲ့ နီတာရဲပုစိလေးတွေကို အဘိုးရှောင်း ကြည့်လိုက်တယ်။ ရှောင်းမျိုးရိုး အမျိုးသားတစ်ယောက်ကမွေးတဲ့ ကလေးတွေတဲ့လား။ မဖြစ်ရဘူး။
ရှောင်းမျိုးရိုး အမျိုးသားတွေဟာ သာမန်ခန္ဓာကိုယ်ကိုပိုင်ဆိုင်တဲ့ ယောကျာ်းစစ်စစ်တွေပဲ ဖြစ်ရမယ်။
"ရွှမ်လု ငါပြောတဲ့အတိုင်း ဒီကလေးတွေကို သူ့အဖေဆီကို ပို့လိုက်ပါ"
အဘိုးရှောင်းရဲ့ ယတိပြတ်အမိန့်ကို ရွှမ်လု မလွန်ဆန်ရဲ။ အဘိုးရှောင်းက ပြတ်သားတယ်။ ကလေးတွေကို တစ်ချက်လေးသာလှည့်ကြည့်ပြီး ကျောပေးထားတယ်။
မျက်ဝန်းတွေထဲမှာ တုံ့ဆိုင်းခြင်းမရှိ၊ မွေးကာစကလေးငယ်တွေကို မွေးဖခင်နှင့်ဝေးရာ စွန့်ပစ်ဖို့ကိုသာ စိတ်အားထက်သန်နေ၏။
"ဘိုးဘိုးကြီး... အားကျန့်ကို ထည့်တွက်ပါဦး။ သူ ဒီကလေးတွေကို ဘယ်လောက်မျှော်လင့်ခဲ့ရလဲ... ဒီကလေးတွေကို မွေးချင်လွန်းလို့ သူအိမ်ပေါ်ကဆင်းလာခဲ့တယ်။ ဗိုက်ထဲကကလေးတွေ ကျန်းမာတာသိရက်နဲ့ အသေကလေးမွေးတယ်ဆိုတာ လုံးဝမယုံကြည်နိုင်မယ့်က်စ္စပဲ။
အဘိုးကြံစည်တာကို ခေတ်ပညာတက်လူငယ်တစ်ယောက်က နားလည်တယ်နော်
အဲ့ကျမှ မီးတွင်းထဲမှာ အားကျန့်တစ်ယောက် သွေးနုသားနုနဲ့ စိတ်ရောဂါဖြစ်လိမ့်မယ်"
ကလေးတွေကို မစွန့်ပစ်ရဲတဲ့ ရွှမ်လုဟာ အဘိုးရှောင်းကို နားချတယ်။ အဘိုးရှောင်းဟာ ကလေးတွေကို တွေဝေစွာ စိုက်ကြည့်တယ်။ မျိုးရိုးဂုဏ်မြင့်တဲ့ ရှောင်းမျိုးရိုးမှာ ဒီလိုသာမန်ရိုးကျမဟုတ်တဲ့ ကိစ္စမျိုးဖြစ်ရတယ်တဲ့လား။ ဒါဟာ ပထမဆုံးအကြိမ် သူတို့မျိုးရိုးထဲမှာ အမျိုးသားကိုယ်ဝန်ဆောင်ရှိခဲ့တာမျိုးမဟုတ်။
အဘိုးရှောင်းဟာ သူ့အတိတ်ကိုမတွေးမိအောင် ခေါင်းကိုခါရမ်းတယ်။ သူဟာ ဖခင်တစ်ယောက်ရဲ့ဗိုက်ထဲကနေ မွေးဖွားလာတာဖြစ်ပြီး အမွှာညီအစ်ကိုရှိခဲ့ဖူးတယ်။ သူတို့ကိုဖြစ်စေခဲ့တဲ့ အဖေဖြစ်သူက သူတို့သားအဖတစ်တွေကို တာဝန်မယူခဲ့။ သူ့ရဲ့မွေးဖခင် ပါးပါးဟာ သူနှင့် သူ့ညီကို တစ်ဦးတည်း ပင်ပန်းဆင်းရဲစွာ ရုန်းကန်ကျွေးမွေးခဲ့ရတယ်။
ပါပါးဘယ်လောက်ပဲ ပြုစုစောင့်ရှောက်ပေမယ့် ပါးပါးတစ်ဦးတည်းရုန်းကန်နေရတဲ့ ဆင်းရဲလှတဲ့သူတို့မိသားစုမှာ သူ့ညီဟာ အဖျားကြီးပြီး ဆုံးပါးသွားခဲ့တယ်။
အဘိုးရှောင်းဟာ လူဆင်းရဲတာထက် စိန်ပင်ပန်းခဲ့ရတဲ့ သူ့ပါပါးက်ု သိပ်သနားခဲ့ပြီး ဘယ်တော့မှ ဒီလိုအဖြစ်မျိုးမဖြစ်ရအောင် သူရှောင်ခဲ့တယ်။
အခုတော့ သူမဖြစ်ချင်ဆုံးကိစ္စက ဖြစ်လာခဲ့ပြီ။ မြေးဖြစ်သူမှာ ဒီလိုက်စ္စမျိုးရှိမှန်း သိတဲ့အခါ သူချက်ချင်းပဲ က်ုယ်ဝန်ဖျက်ချခိုင်းဖို့ ပြင်ဆင်ခဲ့ပေမယ့် မြေးဖြစ်သူက နိုင်ငံရပ်ခြားက်ု ထွက်ပြေးခဲ့တယ်။
နောက်မှ Parisမှာ သူဝါသနာပါရာက်ု လေ့လာရင်း ကလေးမွေးဖို့ ပြင်ဆင်နေမှန်းသိရတယ်။ သူလာတဲ့အချိန်မှာ အခါနှောင်းသွားပြီဖြစ်တယ်။
အမွှာမြစ်မလေးနှစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ သူ့မြေးလေးရှောင်းကျန့်ရဲ့ သတ္တိကို သူလေးစားတယ်။ ဒါပေမယ့် သူ့ညီဆုံးပါးပြီးနောက် သားစိတ်နှင့် ကွယ်လွန်ခဲ့ရတဲ့ ပါးပါးကို သတိရလာတဲ့အခါ သူ့ေမြးလေးကို ဒီလိုမျိုးအဖြစ်မခံနိုင်။
တစ်ဖက်ကလည်း ကလေးရအောင်မွေးပြီးမှ ကလေးတွေသာဆုံးရှုံးလိုက်ရရင် ရှောင်းကျန့်လေး ရူးလိမ့်မယ်။
အဘိုးရှောင်းဟာ ကလေးပုခက်အရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်တယ်။ ထို့နောက် သူဆုံးဖြတ်ချက်ချလိုက်တယ်။ ညာဘက်ပုခက်ခြင်းလေးကို လက်ညှိုးထိုးလို့ ပြလိုက်၏။
"အငယ်မလေးကို သူ့အဖေဆီပို့လိုက်...
အဲ့ဒီ ဝမ်ရိပေါ်ဆိုတဲ့အကောင် လက်တည့်စမ်းတဲ့ကိစ္စမှာ ငါ့မြေးလေးက ကလေးနှစ်ယောက်နှင့် ကျန်ရစ် ပင်ပန်းရမှာတဲ့လား။ အဲ့ဒီအကောင်ကိုလည်း တာဝန်ယူခိုင်းရမှာပေါ့......
ခုကစ ရှောင်းကျန့်မှာ သမီးတစ်ယောက်ပဲ ရှိရမယ်"
ရွှမ်လုဟာ အဘိုးရှောင်းကို ဘယ်လိုဖြောင်းဖြရမလဲ သူမသိတော့။ ငယ်ငယ်ကတည်းက ကြောက်ရွံ့ရိုသေခဲ့ရတဲ့ အဘိုးရှောင်းရဲ့အမိန့်ကို သူမလွန်ဆန်ရဲ။
အားကျန့်အပေါ် စိတ်မကောင်းပေမယ့် အဘိုးရှောင်းရဲ့ နည်းလမ်းကို သူသဘောတွေ့မ်တယ်။ ထို့နောက်တော့ ရှောင်းကျန့်သတိမရလာခင်မှာ ရွှမ်လုဟာ အငယ်မလေးကိုပွေ့လို့ ခွဲခွာစေခဲ့တော့တယ်။
~~~~~~~~~~~~~~~~~~~~~~~
လွန်ခဲ့တဲ့ ၁၄ နှစ်က ဖြစ်ပျက်လွဲမှားခဲ့သမျှတွေပြန်တွေးတိုင်း ရှောင်းကျန့် အဘိုးကို စိတ်နာမိတယ်။ အဘိုးသာ ဝင်မနှောင့်ခဲ့ရင် သမီးလေးအားဟွေ့က သူ့လက်အောက်မှာ နွေးနွေးထွေးထွေးကြီးပြင်းခဲ့ရမှာ။
အခုတော့ သမီးနှင့် အဖေဟာ ရန်သူတွေဖြစ်ခဲ့ရသေးတယ်။ ဒါ့အပြင် သမီးလေးက သူ့ကြောင့်.... သူမိုက်ရူးရဲဆန်မှုကြောင့်... ထိခိုက်ခဲ့ရပြီ။
ရှောင်းကျန့်ဟာ အားဟွေ့ရဲ့အနားမှာ အားဟွေ့သတိရမလာမချင်း ထိုင်စောင့်နေတယ်။ တစ်ချက် တစ်ချက် ဝမ်းနည်းတကြီးထငိုတက်ပြီး တစ်ခါတစ်လေ အားဟွေ့ရဲ့မျက်နှာလေးကို ငေးမောကြည့်နေတက်တယ်။
အားဟွေ့ သတိမေ့နေတာ နှစ်ရက်ရှိပြီဖြစ်တယ်။ ညာလက်အရိုးအက်ပြီး ခေါင်းကို အပေါ်ယံသာ ထိခိုက်သွားတဲ့အတွက် အသက်ဘေးထိရတဲ့အထိ ပြင်းထန်မှုတော့မရှိ။ သို့ပေမယ့် အားဟွေ့ဟာ သတိပြန်ရမှုမရှိသေး။ ဆရာဝန်ပြောဆိုချက်အရ စိတ်ခံစားမှုပြင်းထန်တဲ့အချိန်နှင့် အထိန့်တလန့်ဖြစ်ချိန်တို့ ထပ်တူကျသွားတဲ့အခါ မေ့မျောသွားရတာဖြစ်တယ်။
ဒါ့အပြင် အားဟွေ့ မတော်တဆမဖြစ်ခင်ကာလတွေမှာ စိတ်ကျရောဂါဒုတိယအဆင့်ကို ရောက်နေတယ်လို့လည်း ဆရာဝန်က ရှင်းပြထားတယ်။
ဝမ်ရိပေါ်ဟာ သမီးလေး စိတ်ကျရောဂါဖြစ်ရတဲ့အထိ သူ့ရဲ့အသုံးမကျမှုတွေကို ပြန်တွေးရင်း ကိုယ့်ပါးကို အကြိမ်ကြိမ်အခါခါရိုက်တယ်။ သူစောက်သုံးမကျလို့ သမီးလေး ခုလိုဖြစ်ရတာ...
သူအကျယ်ကြီးအော်င်ုပစ်ချင်ပေမယ့် သူ့ကို မှီခိုအားထားနေတဲ့ ရှောင်းကျန့်နှငိ့အားကွေ့ကို မြင်ရတဲ့အခါ သူစိတ်ကို ပိုအားတင်းမိတယ်။
"ပေါင်ပေါင်း... ကိတ်ကလေးစားလိုက်ဦး။ ပေါင်ပေါင်းကြိုက်တဲ့ဆိုင်က ဝယ်လာတာ"
ဝမ်ရိပေါ်က ချောကလက်ကိတ်ဘူးလေးကိုဖွင့်လို့ ဇွန်းလေးနှင့်ဖဲ့ကာ ရှောင်းကျန့်ကို ခွံ့ကျွေးတယ်။ ရှောင်းကျန့်ဟာ ချောကလက်ကိတ်ကိုမြင်တဲ့အခါ အချိုကြိုက်တက်တဲ့ အားဟွေ့လေးကို သတိရမိပြန်တယ်။ သူနှင့်အကြိုက်တူတဲ့ သမီးလေးကို သူ့ကလေးမှန်း ဘာလို့ သူမသိခဲ့ရတာလဲ။
ရှောင်းကျန့်ဟာ မျက်ရည်တွေဝဲလာရင်း သမီးလေးရဲ့လက်ကလေးကို ဖွဖွလေး ဆုပ်ကိုင်မိပြန်တယ်။
အားဟွေ့ကို ရက်စက်တဲ့စကားတွေပြောဆိုမိခဲ့တဲ့ သူ့ကိုယ်သူ ပြန်နောင်တရနေမိပြန်တယ်။ သူ့သမီးလေးရင်ထဲမှာ သူ့စကားတွေကြောင့် ဘယ်လောက်တောင်နာကျင်နေရမလဲ။
"ပေါင်ပေါင်း... ဒီမှာကြည့် မငိုနဲ့တော့ ဒါ သမီးလေးငယ်ငယ်တုန်းကပုံလေးတွေလေ"
ဝမ်ရိပေါ်က ရှောင်းကျန့် စိတ်သက်သာလိုသက်သာငြား အားဟွေ့ရဲ့ ငယ်ငယ်တုန်းကဓာတ်ပုံအယ်လဘမ်ကို ဖွင့်ပြတယ်။
Advertisement
ရှောင်းကျန့်ဟာ သူမတွေ့ခဲ့လိုက်ရတဲ့ သမီးငယ်လေးရဲ့ ငယ်စဉ်ဘဝပုံလေးတွေကိုကြည့်ရင်း ပြုံးမိပြန်တယ်။ တကယ်ကို သူ့ငယ်ဘဝပုံလေးတွေကြည့်နေရသလိုပဲ သမီးကြီးဟာ ရိပေါ်နှင့်တူပြီး သမီးငယ်လေးက သူနှင့်တော်တော်တူပါတယ်။
တစ်နေရာအရောက်မှာတော့ ရှောင်းကျန့်ဟာ ထိုဓာတ်ပုံလေးကို စိတ်ဝင်စားစွာ ကြည့်လိုက်တယ်။
"ရိပေါ်... ဒီမှာ အားဟွေ့က ဘာလို့ငိုနေတာလဲ ဝမ်းနည်းတကြီးပဲ"
ဝမ်းနည်းတကြီးငိုနေတဲ့ အားဟွေ့ပိစိလေးကိုကြည့်ပြီး ရှောင်းကျန့်ရင်ထဲကိုပါ ဝမ်းနည်းမှုက လှိုက်ကူးလာတယ်။
"အဲ့ဒီတုန်းက အားဟွေ့က ခြောက်နှစ်ပဲရှိသေးတယ်။ ကျောင်းက ကလေးများနေ့မှာ မိဘတွေပါ တက်ရောက်ခွင့်ရပြီး အတူတူကစားပေးရတယ်...
အဲ့ဒီမှာ ကလေးတော်တော်များများက မိဘနှစ်ယောက်အတူ လာကြတာများတယ်လေ..
သမီးလေးက ဝမ်းနည်းတကြီးငိုပြီး ကိုယ့်ကိုမေးတယ်...
"သမီးမှာ ဘာလို့ မာမီမရှိရတာလဲတဲ့"
သူ့ရင်ထဲ အောင့်ကနဲပဲ။ သူဟာ ယောကျာ်းတစ်ယောက်ဖြစ်တယ်။ အားကွေ့လေးကတော့ သူဟာ သူတို့ကိုမွေးပေးခဲ့တဲ့ မွေးအမေဖြစ်တာကို ကောင်းမွန်စွာ ဝမ်းမြောက်ဝမ်းသာ လက်ခံပေးတယ်။ အားဟွေ့လေးကရော လက်ခံပေးနိုင်ပါ့မလား။
"ရိပေါ်... သမီးလေးက ငါ့ကို လက်ခံနိုင်ပါ့မလား။ ငါက ယောကျာ်းတစ်ယောက်လေ... ငါက သူတို့ကို မွေးပေးရုံသာတက်နိုင်တာ"
"ပေါင်ပေါင်း... အတွေးမလွန်ပါနဲ့။ မင်းက အားဟွေ့အတွက် မိခင်ကောင်းတစ်ယောက်ဆိုတာ အားဟွေ့လက်ခံမှာပါ"
ဝမ်ရိပေါ်ဟာ အားငယ်နေတဲ့ရှောင်းကျန့်ကို ပွေ့ဖက်လို့ နှစ်သိမ့်ပေးတယ်။ သူတို့မိသားစုလေးဟာ အလွဲလွဲအချော်ချော်တွေ ဖြစ်ခဲ့ရတယ်။ ဘယ်သူ့အမှားကြောင့်လို့ သူလက်ညှိုးတပ်မပြောခိင်တော့၊
အရာအားလုံးဟာ သူ့မိုက်ပြစ်တွေကြောင့် ဖြစ်ပျက်ခဲ့ရတယ်။
အခုချိန်မှာ သူဆုတောင်းမိတာ တစ်ခုတည်း။
သမီးလေးအားဟွေ့ မြန်မြန်နေကောင်းလာပါစေလို့ပေါ့.....
~~~~~~~~~~~~~~~~~~~~~~
"ဒယ်ဒီ... သမီးရဲ့ မာမီက လှလားဟင်"
"ဒယ်ဒီ... သမီးရဲ့မာမီက ဘယ်လိုမျိုးလဲ"
"ဒယ်ဒီ... သမီးရဲ့မာမီက သမီးနဲ့တူလားဟင်"
"ဒယ်ဒီ... မာမီမှာရော သမီးလို မျက်လုံးဝိုင်းဝိုင်းလေးတွေရှိလား"
"ဒယ်ဒီ... သမီးရဲ့မာမီကို တွေ့ချင်တယ်"
အားဟွေ့ရဲ့ ကလေးဘဝမှာ ဒီမေးခွန်းတွေဟာ ထပ်ခါတလဲလဲ။ သူများတွေမှာ အဖေ၊ အမေဆိုပြီး မိဘနှစ်ယောက်ရှိတယ်။ တချို့ကျ မေမေနှစ်ယောက်၊ တချို့ကျ ဖေဖေနှစ်ယောက်။
အားဟွေ့မှာတော့ ဒယ်ဒီတစ်ယောက်တည်း။
ဒါကြောင့် အားဟွေ့ရဲ့ဘဝမှာ အတောင့်တဆုံးဆုတစ်ခုက မာမီကို ဆုံတွေ့ခွင့်ရဖို့ပဲ။
"အားဟွေ့ရဲ့ အမေက ဘယ်သူလဲ"
"အင်း... အားဟွေ့လေးရဲ့အမေက မွေးပြီးပြီးချင်းပဲ ငါ့ကိုလာပေးသွားတာလေ။
ကြည့်ရတာ ငါတို့ရိပေါ်ရဲ့သွေးသားကို မလိုချင်ဘူးထင်ပါရဲ့"
အားဟွေ့ ကြားခဲ့ရတယ်။ မာမီက သူ့ကို မလိုချင်လို့ စွန့်ပစ်ခဲ့တယ်။ အဲ့ဒီတည်းက သူအတွေ့ချင်ဆုံးမာမီကို သူစိတ်ထဲကနေ အပြီးအပိုင်ထုတ်ပစ်ခဲ့တယ်။
ဒါပေမယ့် အားဟွေ့လည်း စိတ်ထားနူးညံ့တဲ့ကလေးလေးတစ်ယောက်ပဲလေ... ဘယ်လိုလို့ မာမီကို သူစွန့်ပစ်ရက်မှာလဲ။
နောက်ဆုံးမှာတော့ အားဟွေ့ရဲ့ဆုတောင်းတွေက ပြည့်ခဲ့ပြီ...
"မာမီ..."
အားဟွေ့ရဲ့ မှိတ်ကျနေတဲ့မျက်ဝန်းမှ မျက်ရည်တစ်စဟာ ပါးပေါ်သို့ တလိမ့်လိမ့်ကျဆင်းလာတယ်။ မျက်ခွံတွေဟာ လှုပ်လာပြီး ဖွင့်ဖို့အတွက် အားယူတယ်။
"အားဟွေ့... အားဟွေ့... သမီး"
အားဟွေ့ နိုးလာတဲ့အခါ ပထမဆုံးမြင်ရတာက အင်မတန်ချိုမြိန်လှတဲ့ အသံလေးနှင့် သူ့ကို နူးညံ့စွာခေါ်နေတဲ့ သိပ်လှတဲ့ အမျိုးသားတစ်ယောက်... တစ်နည်းအားဖြင့် သူ့မာမီ။ သူ့ကို မွေးပေးခဲ့တဲ့ သူ့မာမီ။
"မာမီ..."
ရှောင်းကျန့်ရင်ထဲ ဒိတ်ခနဲပဲ။ အားဟွေ့ဟာ သူ့ကို ဖျော့တော့သောအသံသေးသေးလေးနှင့် မာမီလို့ ခေါ်လာတယ်။ အားဟွေ့ဟာ သူ့ကို ညှိုးငယ်စွာစိုက်ကြည့်နေရင်းကနေ နှုတ်ခမ်းဖျားလေးကော့တက်တဲ့အထိ ပြုံးပြလာပြီး သူ့ရဲ့လက်ဖဝါးတွေကို တုန်ယင်စွာ ဆုပ်ကိုင်လာတယ်။ ပြီးနောက် သူ့ကို ခေါ်တယ်။
"မာမီ......"
~~~~~~~~~~~~~~~~~~~~
"မာမီရေ မာမီ... သမီးရဲ့ကိတ်ကို ဟိုသားအဖ နှိုက်စားပြန်ပြီ"
ထမင်းစားခန်းထဲက အသံစူးစူးက ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။ ဘယ်သူလည်း မမေးနဲ့၊ အဲ့တာ အားဟွေ့။
သူသတိရလာကတည်းက ရှောင်းကျန့်ကို တစ်မာမီတည်း မာမီနေတော့တာ။
အစက အားဟွေ့က ရှောင်းကျန့်ကို မွေးအမေမှန်းသိသွားခဲ့ရင် လက်မခံမှာ သိပ်စိုးရိမ်ခဲ့ရတာ။ ဒါပေမယ့် အားဟွေ့ကလက်ခံတဲ့အပြင် မာမီချင်းထပ်အောင်ခေါ်လို့ ရှောင်းကျန့်ကို ကပ်နေတော့တာဘဲ။
"မာမီ... မာမီ"
ရှောင်းကျန့် သည်းမခံတော့၊ ယောင်းမကိုကိုင်လို့ မီးဖိုချောင်ထဲက အမြန်ထွက်လာရတယ်။ ထမင်းစားခန်းထဲရောက်တော့ နေမကောင်းတဲ့ကလေးကိုစနေတဲ့ ဟိုသားအဖဆီကို ယောင်းမနဲ့ ဝှီးခနဲပစ်တယ်။ဟိုသားအဖကလည်း လည်ပါတယ်၊ သူက ဝှီးခနဲပစ်ရင် သူတို့ကလည်း ဝှီးခနဲရှောင်ကြတယ်။
ရှောင်းကျန့်ဟာ ခါးထောက်လို့ မျက်နှာပြောင်နေကြတဲ့ ဟိုသားအဖကို ကြည့်တယ်။
"ဝမ်ရိပေါ်ရယ် အားကွေ့လည်း မင်းနဲ့ပေါင်းလို့ မျက်နှာပြောင်နေပြီ...
အရင် ငါမွေးတုန်းက အကောင်းလေးပါ။
အခုမှ စနောက်တက်နေပြီ"
ရှောင်းကျန့်က ရေခဲသေတ္တာထဲကချောကလက်ကိတ်အသစ်ကိုထုတ်လို့ စိတ်ကောက်နေတဲ့ အားဟွေ့ရဲ့အရှေ့မှာ ချပေးတယ်။ အားဟွေ့က ဆေးရုံဆင်းလာရပြီဖြစ်ပေမယ့် ညာလက်အရိုးနည်းနည်းအက်သွားတာမို့ ကျောက်ပတ်တီးစည်းနေရတုန်း။
ကျောက်ပတ်တီးစည်းထားတဲ့လက်က အစာမစားနိုင်တာမို့ အစာကျွေးတာကို မိသားစုက တစ်လှည့်စီ လုပ်ပေးနေရတယ်။
ရှောင်းကျန့်အလှည့်ဆို ဘာအော်သံမှမကြားရပေမယ့် ဟ်ုသားဖအလှည့်ဆို လုစားတာနဲ့၊ စနေတာနဲ့ ဆူညံနေတာပါပဲ။
"သွား... မင်းတို့ဟင်းချက်ကြ၊ ငါ အားဟွေ့ကို ကျွေးမယ်"
"နိုး... ပါပါး ဒယ်ဒီချက်တာဆို သမီးမစားဘူးနော်။ သခွားသီးရိုက်ပြားသုပ်စားပြီးကတည်းက မှတ်သွားပြီ"
အားကွေ့က ဝမ်ရိပေါ်ကို မျက်စောင်းထိုးကာပြောတော့ ဝမ်ရိပေါ်က နှုတ်ခမ်းကြီးစူလျက် ရှောင်းကျန့်အနားကပ်သွားပြီး လက်မောင်းမှာ သူ့ခေါင်းကိုမှီကာ ချွဲတယ်။
Advertisement
"ပေါင်ပေါင်းရယ် ကိုကိုကလေ ချက်ကျွေးချင်ပါတယ်.. ဒါမယ့်လေ ပေါင်ပေါင်းလက်ရာလေးမှ မစားရရင် ကိုကို့ရဲ့အစာအိမ်က ဘာမှလက်မခံတော့ဘူးတဲ့..."
အားကွေ့နှင့် အားဟွေ့ဟာ ရှောင်းကျန့်အနားကပ်ချွဲနေတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်နေရတယ်။
သင်တန်းသားတွေအရှေ့ဆိူ မျက်နှာတည်ကြီးနှင့် အော်ငေါက်နေကျ သူတို့ဒယ်ဒီက ပါပါးအရှေ့ကျတော့ ခွေးပေါက်လေးက ခွေးအမေကြီးကို ကပ်ချွဲနေသလိုပဲ။
"ဝမ်ရိပေါ်...ဖယ် ဖယ် "
ရှောင်းကျန့်က ဝမ်ရိပေါ်ကိုတွန်းရင်း အားဟွေ့ကို ကိတ်လေးဖဲ့ကျွေးတယ်။ ဝမ်ရိပေါ်က ကလေးတွေအရှေ့လည်း ဘာမှသိတာမဟုတ်ဘူး သူလုပ်ချင်တာလုပ်တာ။
"မွ...."
ဒါတောင် ပါးကို ပြွတ်ခနဲနမ်းသွားသေးတာ။ ရှောင်းကျန့်ပါးတွေရဲတက်လာပြီး ရှက်ကိုးရှက်ကန်းနှင့် သမီးတွေကိုကြည့်တော့ နှစ်ယောက်လုံး ပြုံးစိစိနှင့် မသိချင်ယောင်ဆောင်နေကြတယ်။
"ဝမ် ရိ ပေါ်...."
~~~~~~~~~~~~~~~~~~~~
"ပါပီနဲ့ ဒီနာရီလေးလိုက်တယ် ယူလိုက် ယူလိုက်..."
"ဒါလေးက လှလိုက်တာ ဒါလေးလည်း သမီးနဲ့သိပ်လိုက်တာပဲ ယူလိုက် ယူလိုက်"
"ပါပီ.... သမီး ဒါလေးကြိုက်တယ်...
သမီးနဲ့ လိုက်လား"
"လိုက်တယ် ယူလိုက်.. အားကွေ့နဲ့ဆင်တူဝယ်လိုက်"
Gucci Accessories Showroomထဲမှာ ပတ်မွှေနေကြတဲ့ ရှောင်းကျန့်နှင့် အားဟွေ့။ အားဟွေ့နေကောင်းတာနှင့် ပထမဆုံးလုပ်တဲ့အလုပ်က ရှောင်းကျန့်နှင့် shoppingထွက်တာပဲ။ နှစ်ယောက်တည်း အေးအေးလူလူမထွက်ပဲ ဝါသနာမပါတဲ့ ဝမ်ရိပေါ်နှင့် အားကွေ့ကိုပါ အရခေါ်လာတယ်။
အခုလည်း ဒီ showroomထဲမှာ တစ်နာရီပြည့်တော့မယ်။ မျက်မှန်ဝယ်လိုက်၊ နာရီဝယ်လိုက်၊ ဆွဲကြိုးဝယ်လိုက်နှင့် နှစ်ယောက်သား ပတ်ဝယ်နေတာ မညောင်းဘူးလားမသိ။
ဝမ်ရိပေါ်နှင့် အားကွေ့မှာတော့ showroomထဲက ဧည့်ခံတဲ့ macaronတွေစားရင်း ဗိုက်တွေအစ်နေပြီ။
"အားကွေ့... သမီးလေး ဒီပါပါးရဲ့ ဒုက္ခတွေ ဘယ်လောက်သည်းခံခဲ့ရမလဲ"
ဝမ်ရိပေါ်က အားကွေ့ကို သနားစဖွယ်ကြည့်ရင်းပြောတော့ အားကွေ့က ဝမ်ရိပေါ်ကို အလားတူပြန်ကြည့်ရင်း ပြောလာတယ်။
"ဒယ်ဒီလည်း shoppingရူးနေတဲ့ သမီးလေးကို ဒီအရွယ်အထိ မွေးနိုင်တာ အံ့ဩစရာပဲနော်"
ဝမ်ရ်ပေါ်နှင့် အားကွေ့ဟာ ဟိုသားအဖကို စားပွဲပေါ်မေးထောက်ငေးလို့ သက်ပြင်းပြိုင်တူချလိုက်ကြ၏။
"ဟူး..."
"ပြီးပြီ.... Daddy ကဒ်"
"ဟမ်"
အားဟွေ့က သွက်လက်စွာပြေးလာပြီး သူ့ကို လက်ဖြန့်လို့ ခရက်ဒစ်ကဒ်ကိုတောင်း၏။
"အာ... ပိုက်ဆံရှင်းရမယ်လေ"
"အမ်..."
အားဟွေ့က စိတ်မရှည်တော့၊ ဝမ်ရိပေါ်ရဲ့ ပိုက်ဆံအိတ်ကို ခပ်မြန်မြန်ယူလိုက်ပြီး အထဲက သူ့ခရက်ဒစ်ကတ်ကို ယူလိုက်၏။
"Thank you Daddy..."
ဝမ်ရိပေါ်မှာ ဘာမှပြောချိန်မရလိုက်၊ ငွေရှင်းကောင်တာသို့ မအီမသာအခြေအနေနှက့်ကြည့်လိုက်တဲ့အခါ သူ့ကိုမျက်စိတစ်ဖက်မှိတ်ပြပြီး fly kissပေးနေတဲ့ ရှောင်းကျန့်ကို တွေ့လိုက်ရ၏။
ဒါဟာ အိမ်ထောင်ပြုခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်ပေမည်။
shoppingထွက်ရတာကြိုက်တဲ့ ယောကျာ်းကို ရတာတင်မကဘဲ ဝါသနာတူသမီးလေးပါ မွေးထားတဲ့အခါ နေ့မအားညမအား ထရိန်နင်ပေးခဲ့ရတဲ့ သူ့ချွေးလေးတွေဟာ ပလုံကုန်၏။
ဝမ်ရိပေါ်ဟာ မအီမသာပြုံးလိုက်ပြီး သူ့ကို ပြုံစိစိကြည့်နေတဲ့ အားကွေ့ရဲ့လက်ကလေးကို ဆုပ်ကိုင်လိုက်တယ်။
"အားကွေ့... ဒယ်ဒီမှာ သမီးပဲ ရှိပါတော့တယ်"
အဲ့နေ့က ဝမ်ရိပေါ်ရဲ့ပိုက်ဆံအိတ်က ဂဏန်းတော်တော်များများထွက်သွားခဲ့တယ်။ တစ်နေကုန် shoppingထွက်ရုံသာမက အပြန်မှာ ဈေးကြီးတဲ့ hot pot ဆိုင်မှာ ဝင်စားကြသေးတယ်။
hot potအိုးက အစပ်တစ်အိုး၊ အချိုတစ်အိုး။ ဝါသနာအကုန်တူတဲ့ ရှောင်းသားအဖက နီရဲနေအောင်စပ်နေတဲ့အစပ်အိုးထဲကို အသားတွေနှစ်ပြီး စိန်ပြေနပြေစား၏။
အစပ်မကြိုက်တဲ့ ဝမ်သားအဖကတော့ အချိုအိုးနှင့် နှစ်ပါးသွား၏။
"မင်္ဂလာပါဗျ... ကျွန်တော်တို့ဆိုင်မှာစားတာကို ဓာတ်ပုံရိုက်ပြီး instagramမှာ တင်ပေးရင် 30% discount ရပါတယ်ဗျ... စိတ်ဝင်စားရင် ကျွန်တော်တို့က ကင်မရာလေးနှင့် ရိုက်ပေးပါမယ်နော်"
"ရိုက်မယ်လေ..."
အားဟွေ့က သွက်လက်စွာပဲ ရှောင်းကျန့်ကို ဝမ်ရိပေါ်ဘေးကို တိုးစေပြီး သူတို့နှစ်ယောက်က ဘေးမှာရပ်၏။ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့လက်ကလေးကို အသာလေးဆုပ်ကိုင်လိုက်တဲ့အခါ ရှောင်းကျန့်က မခို့တရို့လေးပြုံး၏။
"Action... 1 2 3 "
အလှပဆုံးသော မိသားစုဓာတ်ပုံလေး ပေါ်ထွက်လာ၏။ ဓာတ်ပုံလေးရလာတဲ့အခါ အားဟွေ့ဟာ ချက်ချင်းပဲ သူ့ Instagramမှာ တင်လိုက်တယ်။
"Daddyရယ် ပါပီရယ်.. ချစ်စရာကောင်းတဲ့မင်းသမီးလေးတွေရယ် .....hot potလေးရယ်"
အားကွေ့ကလည်း သူ့ရဲ့ wechat accမှာ တင်လိုက်တယ်။
"ပြီးပြည့်စုံသော ပျော်ရွှင်မှု"တဲ့။
ဝမ်ရိပေါ်နှင့် ရှောင်းကျန့်မှာ ကလေးနှစ်ယောက်ပျော်ရွှင်နေတာကြည့်ပြီး သူတို့ရင်ထဲမှာ ကြည်နူးနေရတယ်။
အရင်နှစ်တွေတုန်းကသာ မလွဲချော်ခဲ့ရင် သူတို့မိသားစုလေး ဘယ်လောက်ပျော်ဖို့ကောင်းလိုက်မလဲ။
"နိဟောင်... ဒီက အစ်ကိုတို့နှစ်ယောက်ရဲ့ wechat လေးများ ရနိုင်မလားရှင့်"
ကောင်မလေးတစ်ယောက်က သူတို့စားပွဲဝိုင်းကိုလာပြီး ဝမ်ရိပေါ်နှင့် ရှောင်းကျန့်ကို ရှက်ကို့ရှက်ကနိးကြည့်ကာ wechat acc လာတောင်း၏။ သူတို့မှာ ဘာပြောရမှန်းမသိ၊ ချောမောခန့်ညားကြတယ်ဆိုပေမယ့် သူတို့အသက်အရွယ်တွေက သုံးဆယ်ေကျာ်နေပြီ။ ခုလိုလာတောင်းခံရတော့ နည်းနည်းရယ်ချင်မိတယ်။
"ဟို အစ်ကိုတို့နှစ်ယောက်က အရမ်းချောတာပဲနော်.. ညီမခင်ချင်လို့ပါ"
ကောင်မလေးက ရဲတင်းစွာနှင့် ထပ်တောင်းလာတဲ့အခါ သူတို့နှစ်ယောက်ဟာ တစ်ေယာက်မျက်နှာတစ်ယောက်ကြည့်လို့ ရယ်လိုက်ကြတယ်။
"ဒယ်ဒီ... ပါပီ...."
"အမ်..."
အားကွေ့ရဲ့စကားကြောင့် ကောင်မလေးက နည်းနည်းကြောင်သွားတဲ့အခါ အားဟွေ့က ဟန်ဆောင်ပြုံးပြုံးလို့ ရယ်ပြတယ်။
"ဒီဘက်က ဒယ်ဒီ ဒီဘက်က ပါပီ...
နားမလည်ဘူးလား အရှေ့ကနှစ်ယောက်က ကြင်ဖက်မောင်နှံတွေ...
ငါတို့နှစ်ယောက်က သူတို့သမီးတွေ
ရှင်းပြီလား...."
ထိုအခါ ကောင်မလေးက အံ့ဩစွာနှင့် ဝမ်ရိပေါ်နှင့် ရှောင်းကျန့်ကို ကြည့်တယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ထောင်ပြလိုက်တဲ့အခါ ကောင်မလေးမှာ မျက်လုံးကြီးပြူးလျက် အားနာနာနှင့် တောင်းပန်စကားဆိုတော့တယ်။
"သွေ့ပုချိ... သွေ့ပုချိ လူပျိုတွေ ထင်လို့ပါ"
ဆ်ုပြီး စားပွဲဝိုင်းနားကနေ မြန်မြန်ထွက်သွားတော့တယ်။ ပြီးမှ အားဟွေ့က ပွစိပွစိနှင့် ဆိုတယ်။
"ငါတို့လို အပျိုလေးတွေကျ wechat acc အတောင်းမခံရဘူး.. ဒယ်ဒီတို့ကျ အတောင်းခံရတယ် ဟွန့်"
"အေးလေ... ငါတို့လည်း ချောမောလှတဲ့ ရုပ်ရည်တွေပါနော်"
အားကွေ့ကပါ မကျေမနပ်ဆိုလာတော့ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့လက်မောင်းကိုတွဲပြီး ဂုဏ်ယူပြုံးလေးနှင့် ဆိုလာတယ်။
"ဒါကတော့ အဖေ့ထက် သမီးတစ်လကြီးလို့ ဘယ်ဖြစ်မလဲ။ ဒီအဖေတွေချောလို့ကုန်မှ အကြွင်းအကျန်လေးချောရတာကို သနားတယ်... နော် ဝမ်ကိုကို"
"အင်း... ပေါင်ပေါင်း မှန်တယ်"
အကဲပိုနေတဲ့ အတွဲကိုကြည့်ပြီး အားဟွေ့က နှာခေါင်းရှုံ့တော့ အားကွေ့က ခေါင်းခါလျကိ အားကွေ့ရဲ့ကျောလေးကိုပုတ်လို့ အားပေး၏။
Hot Potစားပြီးနောက်မှာတော့ သားအဖတွေ ဗိုက်လေးကန်စွာနှင့် ဆိုင်ထဲက ထွက်လာကြ၏။
"Taxi...."
ရုတ်တရက် Taxiငှားလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်တို့ အံ့ဩလျက် ငေးကြတယ်။ Taxiရတဲ့အခါ ဝမ်ရိပေါ်က အနောက်မှာရှိနေတဲ့ ညီအစ်မနှစ်ယောက်ကို ဆွဲခေါ်လို့ Taxiပေါ် တက်ခိုင်း၏။
"အားကွေ့... အားဟွေ့... Taxiနဲ့ပြန်လိုက်နော်"
"ဟင်... ဘာလို့လဲ ရိပေါ် ကားပါလာတယ်"
"အင်းလေ ဒယ်ဒီ Taxiနဲ့မပြန်ချင်ပါဘူး"
အားဟွေ့နှင့် အားကွေ့က ငြင်းတော့ ဝမ်ရိပေါ်က ပိုက်ဆံအိတ်ထဲက သူ့ရဲ့ကဒ်တစ်ခုထုတ်ပေးရင်း ပြုံးပြလိုက်တယ်။
"ဒီကဒ်လေးယူသွား ကြိုက်တာဝယ်စားနော်... ပြီးရင် အိမ်တန်းတန်းမတ်မတ်ပြန်။
ဒယ်ဒီနဲ့ ပါပါး သွားစရာရှိတယ်... အိမ်ပြန်နောက်ကျမယ်
Ok...."
ကလေးနှစ်ယောက်ဟာ ကဒ်ကလေးကိုင်လျက် ကြောင်တောင်တောင်လေးနှငိ့ Taxiထဲမှာ ပါသွားခဲ့ရတယ်။
"ရိပေါ်... ဘာလို့ ကလေးတွေကို Taxiနဲ့လွှတ်လိုက်တာလဲ"
ရှောင်းကျန့်က နားမလည်စွာမေးတော့ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့ မှိုရတဲ့မျက်နှာကြီးနှင့် ပြောလာ၏။
"ကိုယ်တို့ ဟိုတယ်သွားကြရအောင်"
~~~~~~~~~~~~~~~~~~~~~
AN>>>>
နောက်အပိုင်းက warning‼️နှင့် ဇာတ်သိမ်းပိုင်းပါ...
အချိန်ရှိခဲ့ရင်တော့ မနက်ဖြန် up ပေးနိုင်ဖို့ ကြိုးစားပါ့မယ်..
Zawgyi
9
Advertisement
- In Serial25 Chapters
What lies beneath
Addylin Green isn't your normal 23 year old. She was quiet, shy, suffered from really bad anxiety and also a virgin. She works full-time at the supermarket, as it paid for the bills, and lived with her emo best friend Jade. Cole Jackson wasn't normal either. He looked like a monster. After being kidnapped in his teens, Cole is left with half his face burnt and the rest of his body scarred. He lives alone, in a dark, cold apartment where he paints his pain away. When these two meet will Addylin see him as the monster that everyone else sees, or will she see what lies beneath?
8 335 - In Serial17 Chapters
The Spirit's Golden Era
Beyond the gates of the temples and shrines in the human world, there lies the world of spirits. Ellen had reached an age of 120 years. She had always dreamed of venturing to the outside world upon her own two feet, but her circumstances never allowed her. Follow her as she discovers the truths of her origin and the struggle of power between the spirits around her. (Currently on hiatus) - presently working on a different novel.
8 149 - In Serial68 Chapters
the assignment
In which a boy and a girl have a school assignment, and they learn to get along through text messages. all rights reserved 2017shoutout to @supersized-mcshizzle for winning my graphic contest!
8 544 - In Serial30 Chapters
Sweetly Possessive
One night stand changes everything in both their lives...=•=•=•Lawrence Basma is the stuck up CEO of Basma enterprises, who sleeps with any and every woman he wants, due to his handsome and sexy look, women are at his mercy. Handsome and rich with scars that are yet to heal...=•=•=•Trina Lackley is a 21 year old graduate, smart, beautiful Kind and lovely... She meets Mr.Basma and sleep with him on the same day, something unlike her...Read the book to find out more...
8 148 - In Serial107 Chapters
The Male Protagonists Want To Sleep With Her
Not mine.#Credit to author and cover owner.Author:water northSummary A group of men with different thoughts and strong possessiveness tried their best to lure the female protagonist into the wolf's den step by step and eat it clean. The female protagonist is petite and soft, super beautiful, and the men around her want to sleep with her. Female lead: Newborn male lead: ① Huo Tingyu - the indifferent and noble and domineering president ② Chu Zhengzheng - a very possessive uncle ③ Chu Yanmo - the younger brother who turned into a little wolf dog ④ Shen Shi - cold belly and black belly The university professor ⑤Fu Yancheng--the anti-drug captain who is loyal and submissive to the heroine ⑥Lin Chen--a gentle and handsome university school girl who has taboos, blood, teachers and students, np, the male lead is everywhere, and will not abuse. ps: 1. The heroine has always been a soft girl, and there will be no plot to become stronger
8 122 - In Serial45 Chapters
Dust ✔️
#1 in Addiction I love her. And if I love her, I can't destroy her.Having just gotten out of a mental asylum as a plea deal to stay out of prison, it's evident that Eli has a past that he's not gotten out of. He's pressured to prove to everyone that he's a changed person but behind closed doors, he's still just as corrupted as before he left and lets himself fall back into his old habits quickly.When Aria comes into his life, Eli is determined to scare her away, not wanting anything to do with her. When his threats only make her more curious about him, it's clear she wont go as easily as he'd hoped. Aria is going to find out just how dangerous and destructive he can be, and Eli is going to realize that you can't run away from your past forever."There was something about blood dripping down someone's face that generated me. If you looked closely at the details, it was a beautiful image."
8 198