《Accidental Blessing[ Completed ]》7
Advertisement
Uni
7
"ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူးဆိုရင်ရော...."
ရှောင်းကျန့်ရဲ့ အပြုအမူနှင့်ဒေါသက အားဟွေ့ရဲ့ အနိုင်ယူလိုစိတ်ကို မီးမြိုက်ပေးလိုက်သလိုပဲ အားဟွေ့ဟာ အောက်နှုတ်ခမ်းကို ဖိကိုက်လျက် လက်သီးတင်းတင်းဆုပ်တယ်။
"ပါပါး... ပါပါး"
ရှောင်းကျန့်ရဲ့ရုံးခန်းထဲကို ရုတ်တရက်ဝင်လာတဲ့ အားကွေ့နှင့် ဝမ်ရိပေါ်။ အားကွေ့ရဲ့မျက်နှာက ပြုံးရွှင်တောက်ပနေပြီး ဝမ်ရိပေါ်က ရှောင်းကျန့်နှင့် သမီးဖြစ်သူအားဟွေ့ကို အံ့ဩစွာ ကြည့်၏။
"သမီး..."
"ပါပါး သမီး... ဒယ်ဒီ့ကိုခေါ်လာပြီ"
အားကွေ့ရဲ့စကားကြောင့် အခန်းထဲမှာရှိနေတဲ့ သူတို့အားလုံး ငြိမ်သက်သွားတယ်။ အားဟွေ့ရဲ့မျက်ဝန်းတွေက စူးရှနေပြီး ဝမ်ရိပေါ်ဟာ ဘာမှနားလည်သေးပုံမရ၊ ဆက်တိုက် ထူးဆန်းတဲ့စကားတွေအောက်မှာ သူကောင်းကောင်းအဖြေမရှာနိုင်သေး။
ခူးခပ်စားဖို့ ဟင်းကောင်းတစ်ခွက်လာချပေးသလို ရှောင်းကျန့်ရဲ့အတွေးတွေထဲမှာ မီးသီးလေးတစ်လုံးလင်းလာခဲ့၏။ ကလေးတစ်ယောက်နှင့်ပြိုင်ဖို့ သူတစ်ခါမှမတွေးဖူးခဲ့။ သို့ပေမယ့် အခုတော့ သူနိုင်ချင်လာ၏။ သူဟာ ဝမ်ရိပေါ်ရဲ့ ဘာမှမဟုတ်တဲ့ အငယ်တစ်ယောက်မဟုတ်ဘူးဆိုတာကို အားဟွေ့ကို ပြသချင်တယ်။
ရှောင်းကျန့်ဟာ မတ်တပ်ရပ်လိုက်ပြီး ဝမ်ရိပေါ်ရဲ့အနားကို တိုးလျှောက်လာ၏။ အားဟွေ့ကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်ရိပေါ်ရဲ့ကော်လံကိုဆွဲလျက် သူသိပ်လွမ်းခဲ့ရတဲ့ ပါးပြင်လေးကို ရွှတ်ခနဲနမ်းလိုက်တော့တယ်။ ပြီးနောက် ဝမ်ရိပေါ်ရဲ့နားအနားကိုတိုးလို့ ကပ်ပြောလိုက်တယ်။
"ဟုတ်တယ်၊ မင်းက အားကွေ့ရဲ့ ဒယ်ဒီ၊ လွန်ခဲ့တဲ့ ၁၄နှစ်က ငါ မင်းရဲ့ကလေးကို မွေးခဲ့တာ..."
~~~~~~~~~~~~~~~~~~~~
အရာရာဟာ အချိန်နှင့်တပြေးညီ ပြောင်းလဲနေတယ်။ ခုနတုန်းကအထိ ဝမ်ရိပေါ်ဟာ အားကွေ့ရဲ့ နည်းပြဖြစ်နေပေမယ့် အခု သူဟာ အားကွေ့ရဲ့ အဖေဖြစ်လာခဲ့ပြီ။ DNAစစ်ဆေးချက်တွေကို ထပ်ခါထပ်ခါဖတ်ရှူပြီးတဲ့နောက် သူ ပထမဆုံးစိတ်ဆိုးမိတာက ရှောင်းကျန့်ဖြစ်၏။
ရှောင်းကျန့်သာ အဖြစ်မှန်ကိုထုတ်ပြောခဲ့ရင် အခုချိန်မှာ သူနှင့်ရှောင်းကျန့်ဟာ သမီးလေးနှင့်အတူ သာယာလှပတဲ့ဘဝလေးရနေမှာ ဖြစ်တယ်။
အားကွေ့ကို စတွေ့ကတည်းက သူစိမ်းနှင့်ဆို စကားနည်းတဲ့ သူက အားကွေ့ကိုတော့ ရင်းနှီးနေခဲ့တယ်။ အားကွေ့ရဲ့ အေးစက်စက်ပုံစံက နွေးထွေးဟန်မရှိပေမယ့် သူနှင့်စကားပြောဆို တွေ့ဆုံချိန်တိုင်း သက်တောင့်သက်သာရှိပြီး နွေးထွေးခဲ့တယ်။ အကဝါသနာပါတယ်၊ legoဆက်ရတာ ဝါသနာပါတယ်၊ စွန့်စားရတဲ့အလုပ်တွေဆို နှစ်သက်တယ်၊ နောက်ဆုံး သေချာကြည့်ရင် မျက်နှာထား၊ မျက်နှာပေါက်ကအစ သူနဲ့တူလွန်းတဲ့ အားကွေ့.....
ဘာကြောင့် ဘာကြောင့်ဖုံးကွယ်ခဲ့ရတာလဲ။ နှစ်အတော်အကြာအထိ ဖုံးကွယ်ခဲ့တဲ့အတွက် ရှောင်းကျန့်ကို သူအတော်စိတ်ဆိုးမိတယ်။
"မင်း... ဘာလို့ဖွင့်မပြောခဲ့တာလဲ။ ငါသာသိခဲ့ရင်..."
"ဝမ်ရိပေါ်... ငါဖွင့်ပြောခဲ့ချင်တာ ဒါပေမယ့် မင်းက တခြားတစ်ယောက်နဲ့ ကလေးရနေတယ်လေ... ငါဘာလုပ်ရမှာလဲ။ သမီးလေးလက်ကိုဆွဲပြီး ငါက မင်းရဲ့အငယ်အဖြစ် လာနေရမှာလား။
မင်းက သိပ်ပွေတာလေ... ငါနဲ့ကလေးရှိေနတဲ့အပြင် တခြားသူနဲ့တောင် လက်ထပ်ပြီး ကလေးယူခဲ့တာမလား"
ရှောင်းကျန့်က ဝဲတက်လာတဲ့မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဝမ်ရိပေါ်ကို ရန်တွေ့တယ်။ ဝမ်ရိပေါ်ဟာ ဘာမှမချေပနိုင်တော့၊ သူက အမြဲအမှားတွေလုပ်ခဲ့တယ်။ ရှောင်းကျန့်ကို ရွဲ့လိုစိတ်နဲ့လုပ်ခဲ့သမျှတိုင်းဟာ သူ့ဘဝကို ဖျက်ဆီးခဲ့တာချည်းပဲ။
"တောင်းပန်ပါတယ် ရှောင်းကျန့်... ငါတကယ်မှားတာပါ၊ ငါမင်းနဲ့ပြတ်ပြီးကတည်းက ဘယ်သူနဲ့မှမတွဲခဲ့သလို ဘယ်သူနဲ့မှလည်း မလက်ထပ်ခဲ့ပါဘူး..."
"ဟင်... ဒါဆို အားဟွေ့က ဘယ်ကရောက်လာမှာလဲ"
ဝမ်ရိပေါ်က သက်ပြင်းချလို့ ခေါင်းငိုက်စိုက်ချသွားတယ်။ ရှောင်းကျန့်ရဲ့လက်ကလေးကို မဝံ့မရဲဆုပ်ကိုင်ကြည့်တယ်။ ရှောင်းကျန့်က ရုန်းကန်တုံ့ဆိုင်းခြင်းမရှိတဲ့အခါ သူ့ရင်ထဲကကြောက်စိတ်တွေကို ဖွင့်ဟလိုက်တယ်။
"အားဟွေ့က ငါ့သွေးရင်းပါ။ ငါ DNA စစ်ပြီးပြီ.. ဒါပေမယ့် အားဟွေ့အမေက ဘယ်သူလဲဆိုတာ ငါတကယ်မသိဘူး။
အမှန်တိုင်းပြောရရင် ငါအသိစိတ်ရှိတဲ့အချိန်မှာ မင်းနဲ့ပဲအိပ်ခဲ့ဖူးတာ...
ငါဆေးသုံးနေတဲ့ကာလတုန်းက အသိစိတ်မဲ့ခဲ့တာကြောင့်များ..."
ရှောင်းကျန့်က သူ့လက်ဆွဲထားတာကို ဖြုတ်ချလိုက်ပြီး သူ့ကို မျက်ဝန်းစိမ်းတွေနှင့်ကြည့်တယ်။ အောက်နှုတ်ခမ်းကို ခပ်တင်းတင်းဖိကိုက်လို့ မျက်ရည်တွေထိန်းခဲ့ပေမယ့် ထိန်းမရ၊ ပါးပြင်ပေါ်သို့ မျက်ရည်တွေက တသွင်သွင်စီးကျလာတယ်။
"မင်းသိပြီလား.. အဲ့တာ မင်း ငါ့ကိုရွဲ့ပြီး ရူးမိုက်တဲ့လုပ်ရပ်တွေရဲ့ အကျိုးကျေးဇူးလေ... မင်းအဲ့လိုတွေလုပ်ခဲ့လို့.."
ရှောင်းကျန့်ဟာ စကားဆက်မပြောနိုင်တော့။ ရင်ထဲမှာ ဝမ်းနည်းမှုကြောင့် ဆို့တက်လာတဲ့အလုံးကြီးကြောင့် ဘာမှဆက်မပြောနိုင်အောင် မောနေတယ်။ ဒါကြောင့် ရင်ထဲက လေးလံနေသမျှပေါ့သွားအောင် သူအော်ငိုချပစ်လိုက်တယ်။
ဝမ်ရိပေါ်က ပွေ့ဖက်ချော့မော့ပေမယ့် သူအဖက်မခံ။
ဒီနှစ်တွေမှာ သူတစ်ယောက်တည်း ဘယ်လိုသည်းခံခဲ့ရလဲ၊ ဝမ်ရိပေါ်ပစ်သွားပြီဆိုတဲ့အသိနှင့် သူရူးနေခဲ့ရတာ။
အခုတော့ တစ်ဘဝလုံး အလွဲတွေလွဲနေခဲ့တာပဲ။
"တောင်းပန်ပါတယ် ရှောင်းကျန့်... ငါမှားပါတယ်၊ ငါမင်းကို အရမ်းချစ်တာ...ငါမင်းကို သိပ်လွမ်းနေခဲ့တာ။
ပြီးတော့ ငါ့အတွက် သမီးလေးတစ်ယောက်ကို မွေးပေးထားလို့လည်း ကျေးဇူးသိပ်တင်တယ်..."
ဝမ်ရိပေါ်ဟာ ရုန်းကန်နေတဲ့ ရှောင်ကျန့်ရဲ့ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းကာ တင်းကျပ်စွာပွေ့ဖက်လို့ တောင်းပန်စကားတွေ အထပ်ထပ်ဆိုနေမိတယ်။ နောက်ဆုံးတော့ ရှောင်းကျန့်ဟာ မရုန်းနိုင်တော့။ သိပ်လွမ်းနေရတဲ့ ဝမ်ရိပေါ်ရဲ့ ရင်ငွေ့ကို တဝကြီးရှူရှိုက်လို့ ခံစားရသမျှတွေကို မေ့ဖျောက်နေခဲ့တယ်။
ခဏအတန်ကြာမှ သတိတရနှင့် ဝမ်ရိပေါ်ရဲ့ရင်ဘတ်ကိုတိုးလို့ ဝမ်ရိပေါ်ရဲ့ပါးကို ရိုက်ချပစ်လိုက်တယ်။ဝမ်ရိပေါ်ဟာ ရုတ်တရက်အရိုက်ခံရမှုကြောင့် အံ့ဩမှုနှင့်အတူ ထူပူနေတဲ့ပါးက်ုကိုင်လျက် ရှောင်းကျန့်ကို ကြည့်တယ်။
ရှောင်းကျန့်ဟာ အောက်နှုတ်ခမ်းလေးဖိကိုက်လျက် စိတ်တိုနေပုံရတယ်။
"မင်း ငါ့ကို လှည့်စားနေပြန်ပြီ။ အရင်က လက်မထပ်ခဲ့တောင် အခု မင်းလက်ထပ်တော့မှာမလား... အဲ့မိန်းမ အဲ့မိန်းမရဲ့ဗိုက်ထဲမှာ ကလေးတောင် ရှိနေပြီမလား"
Advertisement
"ဟမ်..."
ဝမ်ရိပေါ်က ပါးစပ်အဟောင်းသားနှင့် ရှောင်းကျန့်ပြောသမျှကို နားမလည်ဖြစ်နေရတယ်။ သေချာစဉ်းစားပြီးခါမှ အားကွေ့ပြောတာနှင့် ဆက်စပ်မိတော့တယ်။
"အာ... မဟုတ်ဘူး မဟုတ်ဘူးနော်။ အခု ငါ့မှာ ဘယ်သူမှမရှိဘူး မယုံရင် ငါ့studioကိုလိုက်မေးကြည့်၊ နောက်ထပ်ကလေးလည်း မရှိဘူး။ ငါ့ဘဝတစ်ခုလုံးနဲ့ကို ငါကျိန်နိုင်ပါတယ်။
အဲ့သတင်းက ဘယ်ကနေ ထွက်လာရတာလဲ....
အခုလက်ရှိမှာ နောက်ကလေးရှိဖို့နေသာသာ ငါ ဘယ်မိန်းမနဲ့ မပတ်သတ်ပါဘူး ရှောင်းကျန့်ရယ်"
ဝမ်ရိပေါ်က ခေါင်းတွေခါ၊ လက်တွေခါနှင့် ပျာပျာသလဲငြင်းတယ်။ ထိုအခါကျမှ ရှောင်းကျန့်ဟာ ဟိုကောင်မစုတ်လေး ပလီပလာလုပ်တာမှန်း သိသွားရတယ်။
"မင်းရဲ့သမီး အားဟွေ့ပြောတာလေ.."
"အာ ဒီကောင်မလေးကတော့ စတာနေမယ်... "
သူ့သမီးကို ဖြူစင်တဲ့ကလေးလေးလို ထင်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့် မဲ့ပြုံးပြုံးလိုက်တယ်။ ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေကို ညင်သာစွာ စိုက်ကြည့်ရင်း ငိုနေရာကနေ ပြုံးလိုက်တယ်။ အခု တကယ်ပဲ သူချစ်ရတဲ့ဝမ်ရိပေါ်က သူ့အရှေ့ကိုရောက်နေတာလား။
ကြားထဲမှာ မယုံကြည်နိုင်စရာတွေဖြစ်ခဲ့ပြီး အကြာကြီးခွဲခွာခဲ့ရတယ်။
အခု သူ့အရှေ့မှာရောက်နေတဲ့ ဝမ်ရိပေါ်ကရော သူယုံကြည်ရပါ့မလား။ အိမ်မက်များလား။
"ဝမ်ရိပေါ်.... ငါနဲ့မင်းကြားမှာ ကလေးတစ်ယောက်ရှိတယ်ဆိုပေမယ့် တကယ်တော့
မင်းနဲ့ငါက လမ်းခွဲပြီးသားတွေမလား...
မင်းမှာလည်း ကလေးရှိနေပြီးသား။
ငါလောသွားတယ်... မင်းမှာ အားကွေ့ရှိနေသးတယ်ဆိုတာ အမှတ်ရရင်ကျေနပ်ပါပြီ။
ကျန်တာ ငါတို့အတွက် မင်းလုပ်ပေးစရာမလိုပါဘူး"
ရှောင်းကျန့်ဟာ ထိုစကားဆိုပြီး အခန်းထဲက ထွက်ဖို့ပြင်တယ်။ ဝမ်ရိပေါ်ဟာ ချက်ချင်းပြောင်းလဲသွားတဲ့ ရှောင်းကျန့်ကြောင့် သူဘာဆက်လုပ်ရမှန်းမသိ။ သူသိတာတစ်ခုက ဟိုးအရင်ကတည်းကနေ အခုထိ သူ ရှောင်းကျန့်ကို ချစ်နေတုန်းပဲ။ အကြိမ်ကြိမ်ရင်နာခဲ့ရပေမယ့် ဘယ်တော့မှမုန်းဖို့ မတွေးရဲခဲ့ဘူး။
"ရှောင်းကျန့်... မင်း ငါ့ကို မုန်းနေသေးလား"
ဝမ်ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်ဟာ ကျောပေးနေရာကနေပြန်လှည့်လို့ ဝမ်ရိပေါ်ရဲ့ ဘယ်ဘက်ပါးကို ထပ်ရိုက်ပြန်တယ်။
"ငတုံး... ငါသာ မင်းကိုမုန်းနေရင် မင်းရဲ့ကလေးကို မွေးမနေဘူး၊ ဖျက်ချပစ်တာကြာပြီ"
ဝမ်ရိပေါ်ဟာ မျက်ရည်တွေဝဲလာရင်း ရှောင်းကျန့်ရဲ့ကိုယ်လေးကို ထပ်မံဆွဲဖက်ပြန်တယ်။
"မင်းကို ငါချစ်တုန်းပဲ... ရှောင်းကျန့်.. ဖြစ်ခဲ့တာတွေအတွက် ငါတောင်းပန်ပါတယ်။
တကယ်ပြောတာ ငါမင်းကိုတကယ်ချစ်တာပါ.... ငါ မင်းတို့အပေါ် အမှားတွေအများကြီးလုပ်ခဲ့ပါတယ်။
ငါက ခွင့်လွှတ်စရာမတန်ပေမယ့် သမီးလေးနဲ့မင်းရဲ့အနားမှာ ငါ့ကို နေခွင့်ပေးပါ...."
ဝမ်ရိပေါ်ရဲ့တောင်းဆိုချက်ဟာ ရှောင်းကျန့်ရဲ့ ဒဏ်ရာရနေတဲ့ စိတ်နှလုံးသားကို နွေးထွေးစွာ ကုသပေးနိုင်တယ်။ ဟိုးအရင်တုန်းကလို လှည့်စားခံရမှာက်ု ကြောက်နေပေမယ့် ဒီတစ်ခါ လှည့်စားမယ်ဆိုရင်လည်း သူလက်ခံမိဦးမယ် ထင်တယ်။
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့ပါးနှစ်ဖက်ကို လက်ဖြင့်ဖျစ်ကိုင်ရင်း ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေကို စိုက်ကြည့်လို့မေးတယ်။
"ဒီတစ်ခါ.. ငါ့အပေါ်ထပ်အမှားလုပ်ရင် ငါဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးနော်"
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ မျက်ဝန်းသွယ်သွယ်လေးကို ညင်သာစွာ စိုက်ကြည့်ရင်း ခေါင်းည်တ်တယ်။ ထို့နောက်တွင်တော့ နှုတ်ခမ်းနှစ်ခုဟာ အနီးကပ်ဆုံး ထပ်တူကျလျက် နှစ်ရှည်လများစွာ လွမ်းမောနေခဲ့ရမှုကို အမွတ်အသိပ်ပုံဖော်နေခဲ့ကြတော့တယ်။
တံခါးအကွယ်ကနေ တိတ်တိတ်လေးချောင်းကြည့်နေတဲ့ အားကွေ့ကတော့ ပျော်ရွှင်နေမိတယ်။ အခုတော့ သူ့ဘဝက လုံးဝပြည့်စုံသွားပြီ။ အထီးကျန်နေခဲ့ရတဲ့ပါးပါးလည်း သူသိပ်ချစ်ရတဲ့ ဒယ်ဒီနှင့် ပြန်တွေ့ဆုံခွင့်ရခဲ့ပြီ။
အခုဆိုရင် ဒယ်ဒီရယ်၊ ပါပါးရယ်၊ သူရယ် ပျော်ရွှင်စရာ မိသားစုဘဝလေးရတော့မယ်။ အော်... ပြီးတော့ သူ့ညီမလေး အားဟွေ့ရောပေါ့။
"အယ်... အားဟွေ့ ဘယ်ရောက်သွားပါလိမ့်"
~~~~~~~~~~~~~~~~~~~~~
အိမ်ထဲက အိပ်ခန်းထဲမှာ ကျုံ့ကျုံ့လေးထိုင်ပြီး ငိုနေတဲ့ အားဟွေ့။ ဖုန်းတွေဟာလည်း အန်တီဝမ်ချင်ဆီ အဆက်မပြတ်ခေါ်နေခဲ့ပေမယ့် ဆက်သွယ်မှုဧရိယာပြင်ပလို့ ဖြေကြားနေခဲ့တယ်။ wechatကနေ စာတွေဆက်တိုက်ပို့နေပေမယ့်လည်း အကြောင်းပြန်မလာသေးတဲ့ အန်တီဝမ်ချင်ကြောင့် သူတကယ်ကို စိတ်အားငယ်နေရတယ်။
သူတကယ်ဝမ်းနည်းတယ်။ ဒယ်ဒီဟာ ထိုအမျိုးသားရဲ့ ညွှတ်ကွင်းထဲကို ရောက်သွားပြီ။ ဘယ်လောက်ပဲ သူ့ကို ချစ်တယ်ပြောပြော၊ အရင်ဦးဆုံးချစ်ခဲ့ရတဲ့ ထိုအမျိုးသားကိုတော့ သူမှီမယ်မထင်ခဲ့။
ပြီးတော့ အားကွေ့၊ အားကွေ့နေရာမှာသာ သူဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
သူလည်း ဒယ်ဒီရယ်၊ မာမီရယ်၊ သူရယ် အားကွေ့လို မိဘပြည့်စုံတဲ့သူဖြစ်ချင်တာပေါ့။ မာမီက သူ့ကို မလိုချင်လို့ ပစ်ထားခဲ့သလို ဒယ်ဒီကရော သူ့ကို စွန့်ပစ်တော့မှာလား...
ဒယ်ဒီ သူ့မိသားစုနှင့်တွေ့ပြီး သူ့ကိုပစ်သွားမှာ တကယ်ကြောက်ခဲ့တာ။ အခုတော့ သူကြောက်တာတွေက တကယ်ဖြစ်လာခဲ့ပြီ။ အခု ဒယ်ဒီက ပြန်မလာသေးတဲ့အပြင် သူ့အဒေါ်ဝမ်ချင်ကပါ ဖုန်းမကိုင်တော့ သူတကယ်စိတ်အားငယ်လာမိပြီ။
နာရီလက်တံက ကိုးကိုပြတဲ့အထိ ဒယ်ဒီကပြန်မလာသေး။ ပုံမှန်ဆို သူ့ကိုအမြဲစိတ်မချလို့ အပြင်သွားရင်တောင်အမြဲခေါ်တဲ့ ဒယ်ဒီက အခုတော့ ည၉နာရီထိုးတဲ့အထိ ပြန်မလာသေး။ အားဟွေ့မှာ ငိုရလွန်းလို့ မျက်ဝန်းတွေကမို့တက်နေပြီး နှာဖျားတွေကရဲနေပြီ။ စိတ်ပင်ပန်းတဲ့ဒဏ်ကြောင့် ဒယ်ဒီကို သူမစောင့်နိုင်တော့။ မျက်ခွံတွေကလေးကျလာပြီး အိပ်ပျော်သွားတော့တယ်။
ဝမ်ရိပေါ် အိမ်ပြန်လာတဲ့အခါ သမီးလေးက အိပ်ပျော်နေပြီ။ အိပ်မောကျနေတဲ့ သမီးလေးရဲ့နှဖူးကို အသာနမ်းလို့ စောင်ခြုံပြီး မီးပိတ်ပေးလိုက်၏။
ဝမ်ရိပေါ် သူ့အခန်းထဲကိုဝင်လာပြီး ကုတင်ပေါ်သို့ ပစ်လဲလိုက်တယ်။ ဖြစ်သွားတဲ့အဖြစ်အပျက်တွေက ခဏလေး။
သူ့မှာ သူချစ်ရတဲ့သူနှင့် ကလေးရှိတာကို သိရတဲ့အခါ သူ့စိတ်မှာ အလိုလိုကြည်နူးသွားရတယ်။ ပြီးတော့ ရှောင်းကျန့်က သူ့ကိုသစ္စာမဖောက်ခဲ့ဘူး။
အခုတော့ တစ်ဘဝလုံး အထီးကျန်ခဲ့ရတဲ့ သူ့အတွက် ဘုရားသခင်က ကောင်းချီးပေးပြီထင်ပါရဲ့။
Advertisement
အဲ့ဒီနေ့ညမှာ ဝမ်ရိပေါ်ဟာ ကောင်းကောင်းအိပ်ပျော်ခဲ့ပြီး အိမ်မက်ထဲမှာလည်း ရှောင်းကျန့်နှင့် တစ်ကမ္ဘာတည်လို့ ပျော်ရွှင်နေတော့တယ်။
~~~~~~~~~~~~~~~~~~~~~
ဝမ်ရိပေါ်ရဲ့နံနက်ခင်းဟာ အရင်လို စီးကရက်တစ်လိပ်နှင့် နိုးထရတာမျိုးမဟုတ်တော့၊ ဖုန်းထဲက နံနက်ခင်းနှုတ်ဆက်သံချိုချိုလေးနှင့်အတူ Nat Shermanစီးကရက်အရသာ ပေါင်းစပ်လိုက်တဲ့အခါ သူ့မနက်ခင်းလေးဟာ ပိုပြီးပြည့်စုံသွားတယ်။ မီးဖိုချောင်ထဲမှာ ပေါင်မုန့်မီးကင်ပူပူလေးကို ကျွမ်းကျင်စွာလုပ်ကိုင်ရင်း နို့နှစ်ခွက်ပြင်တယ်။
သူ့စိတ်တွေတက်ကြွနေတာမို့ musicသံငြိမ့်ငြိမ့်လေးဖွင့်ရင်း ငြ်မ့်ငြိမ့်ညောင်းညောင်းလေးကလျက် အလုပ်လုပ်နေတော့တယ်။
ထမင်းစားပွဲကို ကျောင်းဝတ်စုံနှင့်ထိုင်လာတဲ့ အားဟွေ့က တက်ကြွမြူးထူးနေတဲ့ ဝမ်ရိပေါ်ကိုကြည့်ရင်း သက်ပြင်းချတယ်။
"သမီးလေးအတွက်...
ဒါ ဒယ်ဒီအတွက်...."
ဝမ်ရိပေါ်က ပန်းကန်နှစ်ခုကို နေရာချရင်း သီချင်းလေးညည်းလျက်ထိုင်၏။
"ဒယ်ဒီ... တအားပျော်နေတာလား"
"အွန်း... သမီးလေးလည်း သိပြီးလောက်မှာပါ။ အားကွေ့က ဒယ်ဒီရဲ့သမီးနောက်တစ်ယောက်ဆိုတာကို... သမီးလည်း အစ်မတစ်ယောက်ရတာပေါ့.."
"အဲ့တော့ ဒယ်ဒီက ရှောင်းကျန့်ကို လက်ထပ်မယ်ပေါ့"
"သမီး...."
အားဟွေ့က စိတ်ဆိုးတဲ့ မျက်နှာထားနှင့် ပြောလိုက်တော့ ဝမ်ရိပေါ်အနေနှင့် ဖြေရှင်းဖို့လိုအပ်လာပြီဖြစ်ကြောင်း နားလည်လိုက်ရတယ်။
"သမီးလေး... စိတ်မခုပါနုဲ့။ သမီးက ဒယ်ဒီ့သမီးပါ။ ဒယ်ဒီ့ဘဝအတွက် အရေးကြီးဆုံးပဲလေ... ဒယ်ဒီက သမီးကို ဘယ်ေလာက်တောင်ချစ်ရလဲ...
အခု သမီးမှာ အစ်မတစ်ယောက်ရပြီ၊ ဘယ်လောက်ကောင်းတဲ့ကိစ္စလဲ..
ပြီးတော့ သမီးအတွက် အဖေနောက်တစ်ယောက်ရဦးမယ်...
မကောင်းဘူးလား"
ဝမ်ရိပေါ်က တက်ကြွစွာရှင်းပြနေပေမယ့် အားဟွေ့ဟာ လက်သီးလေးကို ခပ်တင်းတင်းဆုပ်လို့ စားပွဲကထ၏။
"ဒယ်ဒီ့ဘာသာ ဘာဖြစ်ဖြစ် ရှောင်းကျန့်နဲ့တော့ လုံးဝလက်မထပ်ရဘူး။ အဖေနောက်တစ်ယောက်လည်း မလိုချင်ဘူး၊ ရှောင်းကျန့်ကို အဖေအဖြစ်လည်း သမီးလုံးဝ လက်မခံနိုင်ဘူး..."
"အားဟွေ့... ဘာလို့လဲ"
ဝမ်ရိပေါ်က စိတ်ဆိုးစွာ ပြောဆိုပြီး ထွက်သွားတဲ့ အားဟွေ့နောက်ကို အမြန်လိုက်ရတယ်။ အားဟွေ့က နှုတ်ခမ်းလေးတုန်ရီလျက် ဒေါသတွေတအားကြီးနေပုံရတယ်။
"သမီး...."
"သမီးက မာမီ့ကို လိုက်ရှာမှာ.. ဒယ်ဒီက မာမီနဲ့ပဲ လက်ထပ်ရမယ်။ ရှောင်းကျန့်နှင့် လက်မထပ်ရဘူး"
ဝမ်ရိပေါ်မှာ အားဟွေ့ကို ဒေါသမထွက်နိုင်။ ရုတ်တရက်ကြီး ဖြစ်ပျက်သွားတဲ့ကိစ္စတွေအပေါ် အားဟွေ့လက်မခံနိုင်မှန်း သူနားလည်ပါတယ်။ အားဟွေ့ကို အချိန်ပေးရမယ်လို့လည်း သူတွေးမိတာကြောင့် သူဘာမှမပြောတော့ဘဲ အားဟွေ့ကို ကျောင်းကိုပဲ လွှတ်လိုက်တော့တယ်။
~~~~~~~~~~~~~~~~~~~~
"ဟေ့ အတန်းထဲက ဝမ်ဟွေ့ဟွေ့ကို တွေ့မိလား"
ကျောင်းထမင်းစားဆင်းချိန်မှာ အခန်း ၃ ကိုသွားပြီး အားဟွေ့ကို အားကွေ့သွားရှာခဲ့တယ်။ သို့ပေမယ့် မတွေ့ခဲ့။ အတန်းထဲကသူတွေကိုမေးကြည့်တော့လည်း အားဟွေ့ ကျောင်းမလာဘူးဟုသာ ပြောကြ၏။
ဖုန်းဆက်ပြန်တော့လည်း စက်ပိတ်ထားတာမို့ ကျောင်းဆင်းတော့မှ ဒယ်ဒီ့ဆီဖုန်းဆက်မေးဖို့ ပြင်လိုက်တော့တယ်။
ပါပါးနှင့် ဒယ်ဒီ ပြန်လည်သင့်မြတ်သွားတဲ့အပေါ် အားကွေ့ကတော့ သိပ်ပျော်နေခဲ့တယ်။ မောင်နှမသိပ်မက်တဲ့ အားကွေ့အတွက် အားဟွေ့လို ညီမလှလှလေးလည်းရတော့မှာမို့ သိပ်ကို ပျော်နေမိတယ်။
အားဟွေ့နှင့် အမြန်ဆုံပြီး အဖေတွေရဲ့ မင်္ဂလာပွဲအမြန်ဖြစ်မြောက်ဖို့ သူဆွေးနွေးရမယ်လို့ အလျင်လိုနေခဲ့တယ်။ ကျောင်းဆင်းမှပဲ ဒယ်ဒီတို့အိမ်သွားပြီး အားဟွေ့ကိုတွေ့ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
~~~~~~~~~~~~~~~~~~~~~~~
"အချစ်...."
သူတို့နှစ်ယောက် ဝေးကွာခဲ့တာ ဆယ်စုနှစ်ကျော်ခဲ့ပေမယ့် သူတို့နှလုံးသားထဲမှာ ခိုအောင်းနေခဲ့တဲ့အချစ်တွေကတော့ လန်းဆန်းနုပျိုနေဆဲဖြစ်တယ်။ ရင်ထဲမှာ အကြာကြီးပုန်းကွယ်ထားလို့ရလားမသိ၊ ဖွင့်ဟလိုက်ချိန်မှာ သူတို့နှစ်ယောက်ဟာ ကြားလေဝင်လို့မရအောင်ထိ ပူးကပ်လို့ ကြည်နူးချင်ကြတော့တယ်။
အနေဝေးလို့ ရိုးအီသွားခြင်းမရှိတဲ့အချစ်တွေကြောင့် သူတိူ့နှစ်ယောက်ဟာ ရှက်လည်းမရှက်နိုင်တော့။
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့အလုပ်ကိုလာကြိုပြီး ရှောင်းကျန့်က ကားထဲကိုဝင်လာတာနှင့် ရှောင်းကျန့်ရဲ့ကိုယ်လုံးလေးကို သူ့ဘက်ဆွဲလို့ ပွေ့ဖက်နမ်းရှုံ့ပစ်တော့တယ်။ ကားဟာ အသံလုံနေပေလို့ တော်သေး၏။ နှုတ်ခမ်းချင်းဂဟေစပ်လို့ လျှာဖျားအချင်းချင်းတို့ထိပွတ်သပ်ကျီစယ်နေကြတဲ့ အသံတွေဟာ ကားထဲကနေ လျှံထွက်မတက်ပဲ။
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့ပေါင်ပေါ်ခွထိုက်လို့ ဝမ်ရိပေါ်ရဲ့လည်တိုင်ကို မြံမြဲစွာ တွယ်ချိတ်ထားတယ်။ ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းတွေဟာလည်း ရှောင်းကျန့်ရဲ့ နှုတ်ခမ်း၊ ထိုမှသည် လည်တိုင်ဝင်းဝင်းလေးဆီ ကူးလူးစုံဆန်သွားနေ၏။
သူတို့နှစ်ယောက်ဟာ ခွဲခွာလို့မရအောင် ပူးကပ်နေပြီး တစ်ယောက်နှင့်တစ်ယောက် ဘယ်သူပိုချစ်သလဲဆိုတာကို နမ်းရှိုက်ရင်း ယှဉ်ပြိုင်နေကြသလိုပဲပင်။
"အွတ်... အွန်း... မလုပ်နဲ့"
ရှောင်းကျန့်ရဲ့ အင်္ကျီထဲဝင်လာတဲ့လက်တွေကြောင့် ရှောင်းကျန့်မှာ လက်တွေကိုဖယ်လို့ အတင်းတားရတယ်။
"ဘာလို့လဲ ပေါင်ပေါင်းရဲ့..."
ရှောင်းကျန့် မစတင်ချင်သေး၊ ဟိုးအရင် ဆယ်ကျော်သက်ဘဝတုန်းကလည်း ဒီလိုချိန်းတွေ့ရာကနေ ကျူးကျူးလွန်လွန်တွေဖြစ်ခဲ့တာ။ ပြီးတော့ ဝမ်ရိပေါ် တာဝန်ယူနိုင်ခဲ့တာလည်း မဟုတ်ဘူး။
ရှောင်းကျန့်က ဖရိုဖရဲဖြစ်နေတဲ့ အဝတ်အစားတွေကိုပြုပြင်ရင်း ဘေးမှာ ပြန်ထိုင်တယ်။ ဝမ်ရိပေါ်က သူ့လက်ကို လာဆုပ်ကိုင်တဲ့အခါ သူ့လက်ကို အကိုင်မခံ။
"ဟင့်အင်း... အဲ့လိုတွေမလုပ်နဲ့။ ငါဘာမှ အဆင်သင့်မဖြစ်သေးဘူး...
မင်းလည်း အားကွေ့ကိုတောင် စောင့်ရှောက်ဖို့မဖြစ်နိုင်သေးတာ၊ နောက်တစ်ယောက်လာပေးမနေနဲ့"
ဝမ်ရိပေါ်က စူပုပ်ပုပ်လေးပြောနေတဲ့ ရှောင်းကျန့်ကို အသဲတယားယားဖြစ်သွားရတယ်။ အခုထိ သူ့ကို မယုံကြည်သေးဘူးပေါ့လေ... ရှောင်းကျန့်ရဲ့ လက်ဖမိုးလေးကို ဆွဲယူလို့ နှုတ်ခမ်းလေးနှင့် အသာဖိကပ်နမ်းလိုက်တဲ့အခါ ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးက ပြုံးယောင်ယောင်လေးဖြစ်သွားတာကို တွေ့လိုက်ရတယ်။
"ပေါင်ပေါင်း... မင်း ငါ့ကို မယုံကြည်နိုင်သေးဘူးဆိုတာ ငါနားလည်ပါတယ်။ ငါမင်းယုံကြည်တဲ့အထိ ကြိုးစားမှာပါ...
ဒီတော့ မင်း စောင့်နေပေးပါ။
မင်းကို ငါတရားဝင်လက်ထပ်ပြီး ငါ့သမီးလေးတွေအပေါ်မှာ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ငါကြိုးစားမှာပါ...
ငါကတိပေးပါတယ်"
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့မျက်ဝန်းတွေထဲကို နူးညံ့စွာ စိုက်ကြည့်လျက် ကတိပေးလာခဲ့တယ်။ ရှောင်းကျန့်ရင်ထဲမှာ တသိမ့်သိမ့်ကြည်နူးသွားခဲ့ရတယ်။ ဝမ်ရိပေါ်ရဲ့လည်တိုင်ကို တွယ်ချိတ်လို့ ပွေ့ဖက်လိုက်တယ်။
"ငါမင်းကို ချစ်တယ် ရိပေါ်..."
"ငါလည်း မင်းကို သိပ်ချစ်တယ် ပေါင်ပေါင်း..."
ထိုစဉ် ဝမ်ရိပေါ်ရဲ့ဖုန်းသံထမြည်လာတဲ့အတွက် ဝမ်ရိပေါ် ဖုန်းကိုင်လ်ုက်၏။
"အားကွေ့ပဲ... သမီးလေး ပြော.."
အားကွေ့က အားဟွေ့အကြောင်းမေးလာခဲ့တယ်။
"အားဟွေ့နဲ့ ကျောင်းမှာ မတွေ့ဘူးလား... အားဟွေ့ကျောင်းသွားတယ်လေ"
"မတွေ့ဘူး ဒယ်ဒီ... အားဟွေ့ကျောင်းမလာဘူးလေ၊ ဖုန်းကလည်း စက်ပိတ်ထားလို့"
"ဟမ်..."
တစ်ဖက်က ဝမ်ရိပေါ်မှာ ထူပူသွားရတယ်။ ကျောင်းဝတ်စုံဝတ်ပြီးထွက်သွားတဲ့ သမီးကို ကျောင်းသွားတယ်ပဲထင်မိခဲ့တာ။ မိသားစုအပြောင်းအလဲအခြေအနေကြောင့် သမီးဘယ်လောက်များ စိတ်ထိခိုက်သွားမလဲဆိုတာ သူမတွေးမိခဲ့ဘူး။
"သမီး... ကျောင်းပတ်ဝန်းကျင်မှာ ရှာပေးပါ... ကြည့်ရတာ အားကွေ့ကျောင်းပြေးတာဖြစ်မယ်။ သူစိတ်ပင်ပန်းနေတာ.. ဒယ်ဒီ့ကို ကူညီပါဦး၊ ကူရှာပေးကြပါဦး"
ဝမ်ရိပေါ်က စိုးရိမ်တကြီးပြောလာတဲ့အခါ အားကွေ့မှာ စိတ်ပူစွာနှင့် ကျောင်းပတ်ဝန်းကျင်မှာ လိုက်ရှာရတယ်။ ဝမ်ရိပေါ်လည်း ခေါင်းနပန်းကြီးနေပြီ။ သမီးရဲ့ဖုန်းက စက်ပိတ်ထားတဲ့အတွက် အမြန်ဆုံးနည်းက သမီးသွားတက်တဲ့နေရာတွေမှာ ရှာဖို့ပင်ဖြစ်၏။
ရှောင်းကျန့်မှာလည်း မနေသာ၊ အားဟွေ့ကို လိုက်ရှာရတော့တယ်။ အိမ်နှင့်အနီးတစ်ဝိုက်၊ ကျောင်းနှင့်အနီးတစ်ဝိုက်၊ သူသွားတက်တဲ့နေရာတွေ လူခွဲရှာပေမယ့် မတွေ့ခဲ့။ ဝမ်ရိပေါ်မှာ စိုးထိတ်ရလွန်းလို့ ရင်တွေတုန်လာခဲ့တယ်။ သမီးလေးက တစ်ခါမှ ထိုကဲ့သို့ မထွက်သွားဖူး။ သမီးလေးကို မတွေ့ရရင် သူ့ကိုယ်သူသတ်လိမ့်မိမယ်။
ရှောင်းကျန့်လည်း သူသွားတက်တဲ့နေရာတွေလိုက်ရှာပေမယ့် မတွေ့တဲ့အခါ စိတ်ပူလာရတယ်။ စိတ်ကြီးတက်တဲ့ကလေးက သူတို့ကိစ္စကြောင့် အဲ့လောက်စိတ်ထိခိုက်မယ်မထင်ခဲ့။ သူ့ပရောဂမကင်းတာကို သိတဲ့အခါ သူပိုလို့ စိတ်ပူနေရတယ်။
ရုတ်တရက် အားဟွေ့ရဲ့ဖုန်းထဲမှာ တွေ့မိတဲ့ ဓာတ်ပုံလေးတစ်ခု။ Yangtze မြစ်ကမ်းနံဘေး... ထိုအရာကို သူသတိရသွားတယ်။
"အဲ့ဒီနေရာလေးက စိတ်ပင်ပန်းလို့သွားရင် တကယ်ပျောက်တယ်၊ သမီးလည်း စာမေးပွဲအမှတ်နည်းတာ၊ ဒယ်ဒီဆူလို့ ဝမ်းနည်းရင် သွားထိုင်နေကျလေ"
အချိန်တိုလေး ခင်မင်ခဲ့ရပေမယ့် အားဟွေ့က သူနှင့်ပတ်သတ်သမျှ တော်တော်များများကို ရင်ဖွင့်ခဲ့တယ်။ ရှောင်းကျန့်ဟာ Yangtze မြစ်ကမ်းနံဘေးဘက်ကို ကားလှည့်မောင်းလိုက်ပြီး ဝမ်ရိပေါ်ထံ ဆက်သွယ်လိုက်တယ်။
"ရိပေါ်... ငါ Yangtze မြစ်ကမ်းဘေးသွားနေတယ်။ အဲ့မြစ်ဘေးမှာ သူရိုက်ထားတဲ့ပုံ ငါတွေ့ဖူးတယ်၊ ငါရှာတွေ့ရင် မင်းကို အကြောင်းကြားလိုက်မယ်.."
ရှောင်းကျန့် လီဗာကို အရှိန်မြင့်လို့ မြစ်ကမ်းဘေးသွားလိုက်တယ်။ ခန့်မှန်းတဲ့အတိုင်းပင် အားဟွေ့ဟာ ကမ်းဘေးမှာ ကျောင်းဝတ်စုံလေးနှင့်ထိုင်နေတယ်။
ပြီးတော့ လက်ထဲမှာ စီးကရက်ဘူးကို ကိုင်ထားသေးတယ်။
ရှောင်းကျန့်ဟာ ခပ်မြန်မြန်ပဲ အားဟွေ့ထံ ပြေးသွားလိုက်ပြီး သူ့လက်ထဲက စီးကရက်ကိုအမြန်ယူလိုက်တယ်။
အားဟွေ့ဟာ သူ့လက်ထဲကစီးကရက်ကို လုယူသွားတဲ့လူကြောင့် မျက်ကနဲဒေါသထွက်သွားပြီး အော်ဖို့ မော့ကြည့်လိုက်တယ်။ ရှောင်းကျန့်ဖြစ်နေတဲ့အခါ ပိုလို့ဒေါသထွက်သွားတယ်။ သူ့ကို ရှာတွေ့ရမှာ ဒယ်ဒီမဟုတ်ဘူးလား၊ ဘာလို့ဒီအမျိုးသားဖြစ်နေရတာလဲ။
ရှောင်းကျန့်ဟာ အားဟွေ့ရဲ့ဘေးနားမှာ ထိုင်ချလိုက်တယ်။ အားဟွေ့ဟာ စီးကရက်နောက်တစ်လိပ်ကို ထုတ်ယူပြီး မီးညှိနေတာတွေ့တဲ့အခါ ခေါင်းကိုခါရမ်းလိုက်တယ်။
"အဲ့လိုလုပ်နေတော့ရော မင်းရင်ထဲမှာရှိနေတဲ့ အစိုင်အခဲတွေပျောက်သွားမှာလား"
"ရှောင်းကျန့်... ခင်ဗျားက ကျွန်မရဲ့အဖေမဟုတ်ဘူးနော်... ကျွန်မကို ဘာမှပြောပိုင်ခွင့်မရှိဘူး"
သူ့ကိုပြန်ပြောလာတဲ့ ကလေးငယ်ကြောင့် ရှောင်းကျန့်ပြုံးမိသွားတယ်။ အားဟွေ့ရဲ့ပေါင်ပေါ်က စီးကရက်ဘူးကိုယူလိုက်ပြီး သူပါသောက်ဖို့ ထုတ်လိုက်တယ်။ အားဟွေ့ရဲ့လက်ထဲက မီးခြစ်ကိုယူလို့ မီးညှိတဲ့အခါ အားဟွေ့က သူလုပ်သမျှကို စိတ်ဝင်တစားကြည့်နေတယ်။
ဆေးလိပ်တဖွာလောက်သောက်ပြီးနောက် ရှောင်းကျန့်က ထိတွေ့နေကျမရှိတဲ့ ဆေးလိပ်အရသာကြောင့် တဟွတ်ဟွတ်ချောင်းဆိုးတယ်။ ပြီးတော့ အားဟွေ့ကို ပြောတယ်။
"အရှုံးသမားလိုပဲ... "
"ဘာရယ်..."
"အဟက်... မင်းခုလိုလုပ်နေတဲ့ပုံက အရှုံးသမားလိုပဲလို့"
"ကျွန်မ အရှုံးသမားမဟုတ်ဘူး"
သူ့ကို စူးစူးရဲရဲစိုက်ကြည့်လို့ ပြန်ပြောလာတဲ့ အားဟွေ့ကြောင့် သူထပ်ပြုံးမိပြန်တယ်။
"ငါ အသက်၁၈နှစ်အရွယ်တုန်းက မင်းလိုပဲ အိမ်ကပြေးပြီး ဆေးလိပ်သောက်ဖူးတယ်.. မင်းလို အရှုံးသမားလုပ်ခဲ့တာပေါ့။
မင်းရဲ့ဒယ်ဒီက ငါ့ကို ကစားခဲ့တယ်။
ငါ့ရင်ထဲမှာ သေမလောက်ကြေကွဲခဲ့ရတယ်... ဒါ့အပြင် မင်းဒယ်ဒီက ဆေးတွေချပြီး အပျော်တွေမက် ငါ့ကိုထားခဲ့သေးတာ...
ငါအဲ့အချိန်မှာ သူလုပ်သလိုလိုက်လုပ်မယ်ဆိုပြီး ဆေးလိပ်စသောက်တယ်။ ဒါပေမယ့် သိပ်မကြာပါဘူး ငါ့ဗိုက်ထဲမှာ မင်းဒယ်ဒီရဲ့ကလေးရှိနေတယ်တဲ့...
ငါလေ သိပ်ကြောက်တာပဲ။ ငါ့ကို ကစားပြီး ထားသွားတဲ့လူကို ငါသိပ်ချစ်ခဲ့တာ....
ငါသိပ်ချစ်ခဲ့တဲ့လူက ငါ့ကို ပစ်သွားပြီး တခြားသူကို ချစ်သွားမှာ သိပ်ကြောက်တာ။
အခု မင်းခံစားနေရသလိုပေါ့...
မင်းဒယ်ဒီက မင်းကိုပစ်သွားပြီး မိသားစုအသစ်တည်ထောင်မှာကို မလိုလားသလိုပေါ့"
"မတူဘူး၊ သူက ကျွန်မရဲ့ အဖေ၊ ကျွန်မက ဒယ်ဒီရဲ့ သမီး"
"ဟုတ်ပါတယ်၊ သူက မင်းရဲ့ ဒယ်ဒီပါ။ ပြီးတော့ ငါသိပ်ချစ်ရတဲ့သူ၊ ငါက ငါက မင်းဒယ်ဒီရဲ့ကလေးကိုမွေးခဲ့ပြီး မင်းဒယ်ဒီကို ငါ့သမီးတစ်သက်လုံး စောင့်လာခဲ့တာ...
ငါလေ မင်းဒယ်ဒီရဲ့လုပ်ရပ်တွေကြောင့် ဗိုက်ထဲက ကလေးကို ဖျက်ချပစ်လို့ရပေမယ့် မဖျက်ချခဲ့ဘူး။ ငါ့ဘဝကြီးကို မင်းခုလိုလုပ်သမျိုး အိမ်ကနေထွက်ပြေး၊ ဆေးလိပ်တွေသောက်၊ ဖြစ်ချင်ရာဖြစ်နေလို့ရတယ်... ဒါပေမယ့် ငါမလုပ်ခဲ့ဘူး
ဘာလို့လဲ သိလား"
"မသိဘူး...."
ရှောင်းကျန့်ဟာ သူ့ကိုစူးစူးရှရှကြည့်နေတဲ့ မျက်ဝန်းသေးသေးလေးတွေကို နူးညံ့ရီဝေစွာ ကြည့်လိုက်တယ်။
Advertisement
- In Serial10 Chapters
The Princess And The Demon
Warning: This book contains mature content
8 148 - In Serial60 Chapters
Sun Child |✔|
Lexie is not a warrior. In fact, Lexie is a painter. Her hands are always covered in paint. Never coming off. Always there. For Lexie, painting is an escape. An escape from her pain. She paints to avoid the darkness that is in her soul. She paints to avoid looking at the bleeding wound inside her chest. She paints. To forget. But then Lexie meets someone. Her mate. He also hides a dark anger inside him. An anger at everything and the world around him. When two souls collide, how do you fix each other? Atlas isn't looking for a mate. He's seen the effect of women within his life, and how cruel they can be. But then he meets someone. Someone he doesn't want to meet. A painter soul. And a warrior's heart. How will the two collide? ***Note this can be read as a stand-alone story. Moon Child can be found on world_joy_ bio page - feel free to read it to get other characters background story.Highest rank #1 in werewolf Thank you for readingCopyright: ©Joy (world_joy_) All rights reserved
8 263 - In Serial17 Chapters
Haruhi's Secret (OHSHC Fanfic)
[COMPLETED]Haruhi has been part of the host club for a while now but what happens when Haruhi isn't acting like herself?What if the hosts realize that she's acting differently?Will she tell them the reason why or will she keep it to herself?Find out by reading Haruhi's secret!* possible romances and slight cursingHighest rank:#1 in haruhifujioka 👏👏 10/27/19 - 12/16/19
8 137 - In Serial64 Chapters
Fate Mate
Only days after her eighteenth birthday, Charlotte finally joins her pack in attending the Winter Solstice, a gathering of the four Western packs in the United States. Even though she is a Beta's daughter, Charlotte plans on keeping her head down at the party, a task that proves more difficult when she runs into the notorious Alpha of the Black Lupis Pack. Alpha Nolan has still not recovered from the tragic, mysterious loss of his first mate. So when he bumps into a young girl from a rival pack and feels the familiar fire reignite in his core, he thinks Fate is playing a cruel joke on him. Intent on keeping Charlotte out of harm's way, Alpha Nolan decides to push his young mate away. But Charlotte, and her dormant wolf, are determined to teach the broken Alpha how to love again.******NOT YET EDITED****Top Rankings: #1 in Werewolf (3/08/2022)
8 260 - In Serial27 Chapters
aot/snk reacts to ships (Under Editing)
hi this is my first book so I hope you like it
8 138 - In Serial24 Chapters
Dark Protector ✔
★BOOK #7 in the DARK SERIES★River Drakov is a man who protects his pack and will kill anyone that would try to harm it. He is built on focus and he trained himself to be the best fighter to ensure his alpha's safety. However, that has closed off a part of his heart for years. He never looked for a mate and believed he didn't need one either, it would only cause him trouble. Zoya Knightley had everything she ever asked for since birth, except a family to call her own. She raised herself and her own company. Making wedding dresses made her billions of dollars, but it never filled the void in her heart to have someone to call her own. This Christmas she would change that and it seemed that fate was on her side when she was introduced to her mate. It would be a challenge to win his cold heart, but she never lost a challenge yet. While Zoya pursues River, there is another boy who will receive his miracle this Christmas. Ender has been living with the Centauri pack and he never felt so out-of-place. With all the scars he carried on his body and soul, he believed that this wasn't the right place for him. But he didn't have the heart to leave because as much as he fought the demons of his past, he was quickly falling in love with the pack who would die for one another.
8 210

