《Accidental Blessing[ Completed ]》6
Advertisement
Uni
6
"ကံပဲပေါ့... နှစ်တွေအကြာကြီးဝေးပြီးခါမှ ခုလို ပြန်ဆုံရတာ ကံကြမ္မာပဲ။
ဘာပဲဖြစ်ဖြစ်လေ အားကွေ့လေးက သူ့အဖေက ဝမ်ရိပေါ် ဆိုတာသိသွားရင် အတော်တုန်လှုပ်သွားလိမ့်မယ်။ ဒီတော့ ကျန့်ကျန့် စကားအပြောအဆိုဆင်ခြင်ရမယ်နော်"
"ဟုတ် ကျွန်တော်ဆင်ခြင်ပါ့မယ်၊ ကျွန်တော်လည်း ဘိုးဘိုးအတွက်ကြောင့်သာ ဒီမှာနေနေတာပါ... မဟုတ်ရင် သမီးလေးနဲ့ ဇာတ်မြှုပ်ပြီး Parisမှာပဲနေတယ်...."
"ပါပါး... ဘာကိုဆိုလိုတာလဲ ပါပါး။ ဝမ်ရိပေါ်က သမီးရဲ့အဖေဆိုတာ ဘာပြောတာလဲ"
"အားကွေ့... အားဟွေ့..."
ရှောင်းကျန့်နှင့် ရွှမ်လုဟာ အခန်းထဲကို ရုတ်တရက်ရောက်လာတဲ့ ကလေးနှစ်ယောက်ကြောင့် အတော်အံ့ဩသွား
တယ်။ နောက်ပြီး သူတို့စကားပြောမှားသွားပြီဆိုတာလည်း သိလိုက်ရတယ်။
ကလေးနှစ်ယောက်ဟာ သူတို့နှစ်ယောက်ကို အံဩတုန်လှုပ်လျက် စိုက်ကြည့်နေကြတယ်။
"ပါးပါး... ပြောလေ ဘာလို့လဲ။ ဝမ်ရိပေါ်က သမီးရဲ့အဖေဆိုတာ ဘာလဲ"
အားကွေ့ဟာ ရှောင်းကျန့်ရဲ့မျက်ဝန်းတွေကို စိုက်ကြည့်လို့ စိတ်အားထက်သန်စွာမေးလာတယ်။ အားဟွေ့ကိုကြည့်လိုက်တော့လည်း အားဟွေ့က အားကွေ့နှင့် အလားတူဖြစ်နေတယ်။
"ဘာလို့လဲ ဖြေလေ...."
"မဟုတ်ဘူး အားကွေ့၊ အန်တီတို့ စကားပြောမှားသွားတာပါ။ ဘာလို့ ဝမ်ရိပေါ်က သမီးအဖေဖြစ်ရမှာလဲ... စကားပြောမှားကြတာပါ"
"ဟုတ်တယ် သမီး၊ စကားပြောမှားတာပါ။ ဘယ်လိုလို့ ဝမ်ရိပေါ်နဲ့သမီးက ဘာလို့ပတ်သတ်ရမှာလဲ မဟုတ်ဘူးနော်"
ရွှမ်လုကဝင်ပြောတော့ ရှောင်းကျန့်က ထောက်ခံရင်း ကပျာကယာရှင်းပြလာတယ်။ အားကွေ့ဟာ ခုနက သူကြားလိုက်ရတာစကားကို မယုံနိုင်၊ အခု သူမေးလိုက်တော့လည်း မျက်နှာတန်းပျက်ပြီး စိတ်လှုပ်ရှားသွားကြတဲ့ ပါးပါးတို့ကြောင့် ခုနက ပါးပါးတို့ပြောသွားတဲ့စကားဟာ အတည်ဟုမှတ်ယူရမလိုဖြစ်နေပြီ။
အားကွေ့ဟာ ဘာမှမဆိုတော့ အားဟွေ့ရဲ့လက်ကိုဆွဲလ်ု့ ရုံးခန်းထဲကနေ ပြေးထွက်လာခဲ့တော့တယ်။
"အားကွေ့... အားကွေ့.."
ရှောင်းကျန့်ဟာ အနောက်ကနေလိုက်ခေါ်ပေမယ့် အားကွေ့က ပြန်လှည့်မကြည့်။ ဆေးခန်းထဲကနေ အမြန်ဆုံး ပြေးထွက်သွားတယ်။ ရှောင်းကျန့်ဟာ စိတ်ပူပင်စွာနှင့်ပင် သက်ပြင်းတွေအကြိမ်ကြိမ်ချရင်း ထိုနေရာမှာပဲ ထိုင်ငိုချပလိုက်တယ်။
သွားပြီ... သမီးရဲ့တစ်သက်လုံး သူထိန်းသိမ်းလာခဲ့တဲ့ လျှို့ဝှက်ချက်တွေ အကုန်ပေါ်ကုန်ပြီ။ ဒီအကြောင်းအရာတွေကိုသာ ဝမ်ရိပေါ်သိသွားရင် အရင်တစ်ခါ သူဆုံးရှုံးခဲ့ရတာထက် အဆပေါင်းများစွာ သူဆုံးရှုံးရလိမ့်မယ်။ ပြီးတော့ သူ့ဂုဏ်သိက္ခာတွေ အကုန် မြောင်းထဲလွှတ်ပစ်ရသလိုပဲ။
ရွှမ်လုကတော့ ရှောင်းကျန့်ရဲ့ပုခုံးလေးကို အသာဆွဲထူပြီး သူ့ရုံးခန်းထဲကို ပြန်ခေါ်စေတယ်။
"ကျန့်ကျန့်ရယ်... နင်အဲ့လိုစိတ်ပျော့မနေနဲ့လေ"
ရှောင်းကျန့်က ဘာစကားမျှမပြောနိုင်။ ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူမသိတော့။ ရှုပ်ထွေးနက်နဲလွန်းတဲ့ဒီကိစ္စတွေက ဘာလို့ သူမှလာဖြစ်နေရတာလဲ။ ခုလည်း သူဘယ်လောက်ပဲရှင်းပြရှင်းပြ သမီးလေးက ရအောင်အဖြေရှာမှာပဲ။
"ကျန့်ကျန့်... ဟင်း... ငါလည်း ဘာပြောရမှန်းမသိတော့ဘူး။ အခု သူသိသွားပြီဆိုတော့ အကောင်းဆုံးရှင်းပြဖို့ပဲ ငါတို့ကြိုးစားကြတာပေါ့.."
ရှောင်းကျန့် ဒီကိစ္စကို ရင်ဆိုင်ဖို့သတ္တိမရှိဘူး။ ဝမ်ရိပေါ်သာသိသွားရင် ဝမ်ရိပေါ်က သူလက်ထပ်မယ့်မိန်းကလေးရဲ့လက်ကိုတွဲလို့ သူ့ကို ဟားတိုက်ရယ်နေလိမ့်မယ်။
အခုချိန်မှာ သူတက်နိုင်တာက အနှစ်နှစ်ကာလတုန်းက စုဆောင်းထားခဲ့သမျှ ရင်ထဲက အစိုင်အခဲတွေကို အရည်ဖျော် ငိုချခွင့်ပဲရှိတော့တယ်။
~~~~~~~~~~~~~~~~~~~
DNAစစ်ဆေးခန်း။ ထိုစစ်ဆေးခန်းအရှေ့မှာ ထိုင်နေတဲ့ ကေလေးနှစ်ယောက်ရှိတယ်။ နှစ်ယောက်လုံးဟာ ဘာစကားမျှမပြော တိတ်ဆိတ်လို့ ငြိမ်သက်နေတယ်။
"ရှောင်းကွေ့ ရှိပါသလားခင်ဗျာ... အခန်းထဲကို ဝင်လို့ရပါပြီ"
"ဟုတ်ကဲ့"
အားကွေ့ဟာ အားဟွေ့ကို ခေါင်းညိတ်ပြပြီး အခန်းထဲကို စိတ်လှုပ်ရှားစွာနှင့် ဝင်လာခဲ့တယ်။ ဆရာဝန်က အားကွေ့ကို စစ်ဆေးချက်အဖြေပါတဲ့ဖိုင်လေးနှစ်ခု ပေးတယ်။ တစ်ခုက ရှောင်းကျန့်နှင့် သွေးသားတော်စပ်မှုဖြစ်ပြီး တစ်ခုက ဝမ်ရိပေါ်နှင့် သွေးသားတော်စပ်မှု ဖြစ်တယ်။
အားကွေ့ဟာ တံတွေးကို အကြိမ်ကြိမ်မြိုချလို့ ထိုဖိုင်ကိုဖွင့်လို့ သူနှင့်ပါးပါးရှောင်းကျန့်ရဲ့ စစ်ဆေးချက်အဖြေကို ထုတ်ဖတ်တယ်။
"Based on testing result obtained from analysis of the DNA loci listed,the probability of paternity is 99.9992%"
"ဆ ဆရာ... ဒါက "
"ဒါက သွေးသားတော်စပ်မှုကို ဖော်ပြတာပါ 99.9992%တူညီပါတယ်၊ ဒါက မိဘနှင့်သားသမီးရဲ့ တော်စပ်မှုပါ"
"ဒါဆို..."
အားကွေ့ဟာ ခပ်မြန်မြန်ပဲ ဝမ်ရိပေါ်နှင့် စစ်ဆေးချက်ကို ထုတ်ဖတ်တယ်။
"Based on testing result obtained from analysis of the DNA loci listed,the probability of paternity is 99.9998%"
"ဆရာ... ဒါ ဒါကကော"
"အင်း ဒါကလည်း သွေးသားတော်စပ်မှုကို ဖော်ပြတာပါ။ မိဘနှင့် သားသမီးတော်စပ်မှုကို ဆိုလိုတာပါ"
အားကွေ့ စိတ်ရှုပ်သွားတယ်။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ အဖေနှစ်ယောက်လုံးကသူနှင့် သွေးသားတော်စပ်နေတယ်။ မဖြစ်နိုင်တဲ့ ကိစ္စကြီးမလား။
"ဆရာ မှားနေတယ်ထင်တယ်။ ကျွန်မတို့ယူလာတဲ့ ပစ္စည်းတွေကို ခွဲရော စစ်ရဲ့လား"
"ကျွန်တော်တို့ဘက်က ပစ္စည်းတွေကို သေချာစည်းစနစ်ကျကျ ခွဲစစ်ဆေးထားပါတယ်။ ကျွန်တော်တို့ ဆေးခန်းက မှားယွင်းမှုလုံးဝမရှိဖူးပါဘူး..."
Advertisement
"ဒါဆို ဘယ်လိုဖြစ်နိုင်မှာလဲ... အခု စစ်ဆေးတဲ့သူတွေက အဖေတွေ။ အဖေနှစ်ယောက်နှင့် ကျွန်မက သွေးသားတော်စပ်နေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား...."
အားကွေ့က အဖြေစာရွက်ကိုကိုင်လို့ မယုံကြည်နိုင်စွာ ငြင်းလာခဲ့တယ်။ ဆရာဝန်က ရလာဒ်အပေါ် သံသယဝင်နေတဲ့ အားကွေ့ကို သက်ပြင်းချလျက် အဖေနှစ်ယောက်ရှိတက်တဲ့ သဘာဝတစ်ခုကို ရှင်းပြလိုက်တယ်။
"ဖြစ်နိုင်ပါတယ်..."
~~~~~~~~~~~~~~~~~~~~~
ညနေစာ ထမင်းဝိုင်းဟာ တိတ်ဆိတ်ငြိမ်သက်နေတယ်။ ရှောင်းကျန့်ရဲ့လက်တွေက တုန်ယင်နေတယ်။ သူဟာ အသက်သုံးဆယ်ကျော်တဲ့ လူလတ်ပိုင်းအရွယ် လူကြီးတစ်ေယာက်ဖြစ်သော်ငြား ကလေးတစ်ယောက်နှင့် ရင်ဆိုင်ဖို့ရာ သူကြောက်နေမိတယ်။
အားကွေ့က ဘာစကားမျှမဆို၊ ဘာမေးခွန်းမှမမေးဘဲ ရှောင်းကျန့်ကို စိုက်ကြည့်နေခဲ့တယ်။ ပြီးနောက် အားကွေ့က စာရွက်ဖိုင်လေးနှစ်ခုကို ရှောင်းကျန့်အရှေ့တိုးပေးလာတယ်။
"နည်းပြဝမ်နှင့် ပါးပါးက သမီးရဲ့ သွေးသားရင်းတော်စပ်သူတွေတဲ့..."
"အားကွေ့..."
"DNAစစ်ဆေးချက်အရ သမီးမှာ အဖေနှစ်ယောက်ရှိနေတယ်.. ပါပါး... "
အားကွေ့က ရှောင်းကျန့်ရဲ့မျက်ဝန်းတွေကို ညင်သာစွာ စိုက်ကြည့်လာတယ်။
ထိုင်နေရာကနေ ထလို့ ရှောင်းကျန့်ဆီ လျှောက်လာခဲ့တယ်။ ပြီးနောက် မျက်ရည်တွေဝဲလျက် တုန်ရီစွာ မေးလာခဲ့တယ်။
"ပါပါး.... ပါပါးက သမီးကို မွေးထားတာလား။ မဟုတ်မှ ပါပါးက သမီးရဲ့ အမေလား"
အားကွေ့ရဲ့ စကားအဆုံးမှာ ရှောင်းကျန့်ဘယ်လိုမှ ဆက်ထိန်းထားလို့မရခဲ့ဘူး။ အောက်နှုတ်ခမ်းကိုဖိကိုက်လို့ ရင်ထဲမှာ နှစ်ကာလများ သိမ်းဆည်းထားခဲ့ရတဲ့ မျက်ရည်ထုကြီးကို သူဖွင့်ချလိုက်တယ်။
အားကွေ့ကိုဆွဲဖက်လို့ ကျောလေးကို အသာပုတ်ပေးတယ်။
"ပါပါး တောင်းပန်ပါတယ်... သမီးလေးကို မလိမ်ညာခဲ့သင့်ဘူး...
ဟုတ်တယ် သမီးလေးကို ပါပါးမွေးထားတာ.. သမီးလေးက ပါပါးကိုယ်တိုင် မွေးလာတဲ့ ကလေးလေးပဲ"
"ရတယ် ပါပါး... ပါပါးက သမီးရဲ့ဖေဖေဖြစ်ဖြစ် မေမေဖြစ်ဖြစ်။ သမီးက ပါပါးရဲ့သမီးဖြစ်ရတာကို သိပ်ဂုဏ်ယူတယ်"
ရှောင်းကျန့်ရဲ့ နှလုံးသားဟာ သမီးလေးရဲ့မေတ္တာအောက်မှာ နွေးထွေးတည်ငြိမ်သွားခဲ့ရတယ်။ သူ့သမီးလေးက သူက မွေးခဲ့တဲ့အဖြစ်မှန်ကိုသိရင် တုန်လှုပ်ပြီး သူ့ကိုစွန့်ပစ်သွားမယ်လို့ သူထင်ခဲ့တာ။ ခုလို သမီးလေးရဲ့နွေးထွေးတဲ့စကားလေးဟာ သူ့ရဲ့ကြောက်လန့်စိတ်တွေကို မောင်းထုတ်ပေးတယ်။
သားအဖနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်လို့ ငိုရှိုက်နေခဲ့တယ်။ အားကွေ့ဟာလည်း ဘာစကားမျှမပြောတော့ ရှောင်းကျန့်ကို တင်းကျပ်နေအောင် ပွေ့ဖက်လို့ ငိုနေတယ်။ သူတို့သားအဖနှစ်ယောက်ဟာ ဝမ်းသာလို့ဖြစ်စေ၊ အံ့ဩစရာတွေကြုံရလို့ဖြစ်စေ..မျက်ရည်ေတွကုန်တဲ့အထိ ရင်ထဲက ခံစားချက်တွေပေါ့သွားအောင် ငိုခဲ့ကြတယ်။
~~~~~~~~~~~~~~~~~~~~
ဝမ်ရိပေါ်ရဲ့ လက်က ကျောက်ပတ်တီးစည်းထားရတာမို့ ထမင်းစားလို့အဆင်မပြေ။ ပတ်တီးမဖြုတ်ခင်အထိ အားဟွေ့က ခွံ့ကျွေးပေးနေရတာ ဖြစ်တယ်။
"အကြီးကြီးဟလေ ဒယ်ဒီရဲ့..."
"အာ...."
ဇာတ်ကားကြည့်ရင်း ဇိမ်ခံစားနေတဲ့ ဒယ်ဒီကိုကြည့်ပြီး အားဟွေ့ ခေါင်းရမ်းမိတယ်။ သက်ပြင်းတိုးတိုးလေးချရင်း ထမင်းပန်းကန်ထဲကို ဇွန်းနှင့်မွှေနေမိတယ်။
"ဒယ်ဒီ... အားကွေ့ကိုလေ "
"ဟင်.."
"အားကွေ့ကို ဘယ်လိုထင်သလဲ"
အားဟွေ့ရဲ့ မေးခွန်းက ထူးဆန်းနေတာမို့ ဝမ်ရိပေါ်က အားဟွေ့ကို ကြည့်လိုက်တယ်။
"ဘာကိုထင်ရမှာလဲ"
"ဒီတိုင်းပဲပေါ့..."
"အော်... ကတဲ့နေရာလား။ ကောင်မလေးက မဆိုးပါဘူး။ သင်တာအချိန်မကြာသေးဘူး၊ တန်းတတ်လွယ်တာ...
အကပါရမီကတော့ ပါတယ်။
သူသာ စိတ်ရှိရင် ဒယ်ဒီက သမီးတို့အဖွဲ့ထဲ ထည့်ပေးချင်တာ..
ဒါပေမယ့် သူက ဝါသနာပဲပါတာတဲ့ အဲ့လ်ုပြိုင်ပွဲတွေ ဝင်မကချင်ဘူးတဲ့လေ
သူက သူ့အဖေနဲ့တော့ တော်တော်မတူဘူး"
စကားနည်းတဲ့ ဒယ်ဒီက အားကွေ့အကြောင်းကို ရှည်မျောစွာပြောသွားတော့ အားဟွေ့ ရင်ထဲမှာ ဝမ်းနည်းသွားရတယ်။
"ဒယ်ဒီ... ရှောင်းကျန့်ကို သဘောကျလား"
အားဟွေ့က တည်တံ့သောမျက်နှာထားနှင့် ဝမ်ရိပေါ်ကို တည်ကြည်စွာမေးလာခဲ့တယ်။ သူ့သမီးရဲ့ ထူးဆန်းတဲ့မေးခွန်းတွေကြောင့် ဝမ်ရိပေါ်က အနေရခက်လာတယ်။
"ဘာတွေမေးနေတာလဲ သမီး"
အားဟွေ့က ဖျော့တော့စွာ ရယ်တယ်။
"တကယ်လို့များ ဒယ်ဒီ့ကို ရှောင်းကျန့်က တွဲမယ်လို့ပြောရင် ဒယ်ဒီတွဲမှာလား...
အာ မဟုတ်ဘူး လက်ထပ်ကြမယ် ဒယ်ဒီတို့မိသားစုတစ်ခုတည်ထောင်မယ်ဆိုရင် တည်ထောင်ကြမှာလား"
"သမီး..."
ဝမ်ရိပေါ်ဟာ သူ့သမီးကို နားမလည်နိုင်တော့၊ သူ့သမီးဟာ အရမ်းကိုထူးဆန်းတဲ့စကားတွေဆိုနေပြီး မျက်ရည်တွေဝဲနေတယ်။
"ဖြေလေ ဒယ်ဒီ... တကယ်လို့ ဒယ်ဒီသာ ရှောင်းကျန့်နဲ့ ပြန်ပေါင်းထုပ်သွားရင် သမီးကို ပစ်သွားမှာမလား.. ဟုတ်တယ်မလား။
ဒယ်ဒီက ရှောင်းကျန့်ကို တကယ်ချစ်ခဲ့ပြီး သူသာ ဒယ်ဒီ့ကို အခွင့်အရေးပေးရင် ဒယ်ဒီလက်ထပ်မှာပဲမဟုတ်လား။
အဲ့ကျရင် ဒယ်ဒီတို့က မိသားစုဖြစ်ပြီး သမီးက ဘေးလူဖြစ်သွားမှာလေ..."
အားဟွေ့ဟာ သူ့ရင်ထဲက မွန်းကျပ်နေမှုတွေကို သည်းမခံနိုင်တော့၊ သူခံစားရသမျှကို ဖွင့်ဟလိုက်ပြီး မျက်ရည်တွေကျလာခဲ့တော့တယ်။ ဝမ်ရိပေါ်ဟာ သူ့သမီးရဲ့မျက်ရည်တွေကို တွေ့တဲ့အခါ တအားကိုစိုးရိမ်သွားတယ်။
သူ့သမီးလေးရဲ့လက်ကလေးကို ဖွဖွလေးကိုင်ရင်း နူးညံ့တဲ့မျက်ဝန်းတွေနှင့် ကြည့်လာတယ်။
"အားဟွေ့... သမီးလေး ဘာတွေဖြစ်လာတာလဲ။ သမီးလေး ဘာတွေကြားခဲ့သိခဲ့လဲတော့ ဒယ်ဒီမသိပါဘူး။
ဒါပေမယ့် ဒယ်ဒီ့ဘဝမှာ အရေးကြီးဆုံးက သမီးလေးပါ...
သမီးလေးက ဒယ်ဒီရဲ့အသက်ပဲလေ...
စိတ်ချ... သမီးကို ဒယ်ဒီက ဘယ်တော့မှ ပစ်သွားမှာမဟုတ်ဘူး နော်..."
ဝမ်ရိပေါ်ရဲ့စကားအဆုံးမှာ အားဟွေ့က ဝမ်ရိပေါ်ရင်ခွင်ထဲဝင်လို့ တင်းကျပ်စွာ ပွေ့ဖက်လိုက်တယ်။ သူကြောက်တယ်။ ဒယ်ဒီက သူချစ်ရတဲ့သူနှင့် တခြားသမီးတစ်ေယာက်ရှိနေမှန်းသိခဲ့ရင် သူ့ကို ဘေးလူလို ပစ်ထားသွားမှာကို သူသိပ်ကြောက်ပါတယ်။ ဒယ်ဒီတို့သာ ပြန်ပေါင်းထုပ်သွားရင် သူက အလိုလို ဘေးလူဖြစ်သွားမှာပဲ။
Advertisement
ဒယ်ဒီက ခုတောင် အားကွေ့ကို သူနှင့်အကြိုက်ချင်းတူလို့ သဘောကျနေတာ၊ တကယ်လို့ အားကွေ့ကိုသာ သူ့သမီးအရင်းလို့ သိခဲ့ရင် သူ့ထက် အများကြီးပိုချစ်မှာပဲ။
အားကွေ့က သူ့ဘဝသူ နားလည်ခဲ့ပြီးသားပါ။ ဒယ်ဒီသာ သူ့ကို စွန့်ပစ်ခဲ့ရင် သူ့ဘဝမှယ ဘယ်သူမှရှိတော့မှာမဟုတ်ဘူး။ သူ့မှာ ဒယ်ဒီတစ်ယောက်ပဲရှိတော့တာ။
သူ့ကို သူ့အမေစွန့်လွှတ်ခဲ့သလိုပေါ့....
"ဒယ်ဒီ... တကယ်ပဲ သမီးက ဒယ်ဒီ့ဘဝမှာ အရေးအကြီးဆုံးလားဟင်"
"တကယ်ပေါ့ သမီးလေးရဲ့"
"ဒါဆို သမီးဖြစ်ချင်တာလေးတစ်ခုရှိတယ်... ဖြည့်ဆည်းပေးလို့ရမလား"
"သမီးလေး ဘာဖြစ်ချင်လဲ ပြောလေ... ဒယ်ဒီကလုပ်ပေးမှာပေါ့"
ဝမ်ရိပေါ်က အားဟွေ့လေးရဲ့ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးရင်း တောင်းဆိုချက်ကို ပြုံးရွှင်လို့ လက်ခံပေးတယ်။ အားဟွေ့က ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေကို နူးညွှတ်ခယစွာနှင့် မော့ကြည့်လာတယ်။
"သမီးရဲ့ မာမီကို ရှာပေးပါ ဒယ်ဒီ"
အားဟွေ့ရဲ့စကားကြောင့် ဝမ်ရိပေါ် ခေါင်းတွေထူပူသွားရတယ်။ ငယ်စဉ်ကတည်းက အမေအကြောင်းမမေးတော့တဲ့ အားဟွေ့က အခုမှ ဘာသဘောတွေနှင့် လာရှာခိုင်းနေရတာလဲ။
"သမီးလေး... သမီးရဲ့မာမီက သမီးကို မွေးကတည်းက ဆုံးသွားတာလေ"
အားဟွေ့က ဝမ်ရိပေါ်ကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်တယ်။ ပြီးတော့ အသာအယာလေးပြုံးတယ်။
"ဒယ်ဒီ... သမီး ဘာလို့ မာမီအကြောင်းမမေးတော့တာလဲ သိလား။
မာမီက သမီးကို စွန့်ပစ်ခဲ့တာတဲ့..
မာမီက သမီးကို မလိုချင်လို့ မွေးကာစသမီးကို ဘွားဘွားဆီလာပြီး စွန့်ပစ်ခဲ့တာတဲ့..."
ဝမ်ရိပေါ်ကတော့ သူ့သမီး ဒါတွေဘယ်လိုသိလဲဆိုတာ သူနားမလည်တော့။ ဒီအကြောင်းအရာတွေကို သူတို့မိသားစုတွေကလွဲ ဘယ်သူကမှမသိ။
"သမီးကို မာမီက လာစွန့်ပစ်သွားတယ်... ဒါကြောငိ့ သမီးကို မလိုချင်တဲ့မာမီအကြောင်းကို ဘာမှမမေးတော့တာ..."
"သမီး ဒါတွေဘယ်လိုသိခဲ့တာလဲ"
"ဒယ်ဒီတို့က သမီးကို ကိုယ်တိုင်ဖွင့်မပြောဘဲ ဖုံးကွယ်ထားကြတာလေ... ဒါပေမယ့် သမီးမကြားအောင်တော့ မဖုံးကွယ်နိုင်ဘူး.။
ဒယ်ဒီ... သမီး မာမီကိုတွေ့ချင်တယ်"
ဝမ်ရိပေါ် စိတ်တွေအတော်ရှုပ်သွားရတယ်။ အားဟွေ့ရဲ့အမေ ဘယ်သူလဲဆိုတာ သူလုံးဝမသိဘူး။ သူထောင်ကမထွက်ခင်မှာ သူ့မာမီက အားဟွေ့လေးကိုချီလို့ ထောင်ဝင်စာလာတွေ့ခဲ့တယ်။ မိန်းကလေးတစ်ယောက် လာပေးသွားတာဖြစ်ပြီး ဘယ်သူလဲဆိုတာတောင် သူမသိခဲ့ရဘူး။
သူထောင်ကထွက်တဲ့အခါ အားဟွေ့နှင့် DNAစစ်ခဲ့တယ်။ အားဟွေ့ဟာ သူ့ရဲ့သွေးသားအစစ်အမှန်ဖြစ်တယ်။ သို့ပေမယ့် အားဟွေ့ရဲ့အမေက ဘယ်သူလဲဆိုတာ သူတကယ်မသိတာပါ။ ဒါဟာ သူ့ရဲ့ပွေရှုပ်မှုတွေကို ဘုရားသခင်က ဒဏ်ခတ်တာဖြစ်မယ်။
"ဒယ်ဒီ... သမီးရဲ့မာမီက ဘယ်သူလဲ"
အားဟွေ့က ထပ်မံမေးလာခဲ့တယ်။ ဝမ်ရိပေါ်ဟာ သူ့ဆံပင်တိုကပ်ကပ်ကို ခပ်ကြမ်းကြမ်းပွတ်သပ်ရင်း သက်ပြင်းအကြီးကြီးချတယ်။
"ဒယ်ဒီလည်း မသိဘူး...."
~~~~~~~~~~~~~~~~~~~~~~
အားကွေ့ဟာ ဝမ်ရိပေါ်က သူ့အဖေဖြစ်ကြောင်းသိရပြီကတည်းက Studioမသွားတာဖြစ်တယ်။ အားဟွေ့နှင့်လည်း မဆက်သွယ်တော့သလို အားဟွေ့ကလည်း မဆက်သွယ်လာခဲ့။
သူ အားဟွေ့အပေါ် တခြားသူငယ်ချင်းတွေထက် ပိုခင်တွယ်မိတာဟာ ပုံမှန်လို့ပဲထင်ခဲ့မိပေမယ့် ခုလို သွေးသားတော်စပ်နေကြောင်းသိတဲ့အခါ သူ့စိတ်တွေက ပိုပြီးတွယ်တာလာမိတယ်။ ဒါပေမယ့် အားဟွေ့က အဖေတူ အမေကွဲ ညီအစ်မမလား။ သူနှင့် သူ့ပါပါးကို လိုလားမှာမဟုတ်သလို သူ့အနေနဲ့လည်း ရုတ်တရက်ကြီးဝင်ရောက်လာတဲ့ ဝမ်ရိပေါ်ကို ဒယ်ဒီလို့ခေါ်ဖို့ရာ လက်တွန့်နေခဲ့တယ်။
"သမီး ဘာလို့ Studioကို မသွားတော့တာလဲ"
ညနေတိုင်း studioသွားတက်တဲ့ အားကွေ့က အကလေ့ကျင့်ဖို့ ပျက်ကွက်လာတာကို ရှောင်းကျန့် သတိထားမိနေတယ်။ ရုတ်တရက်သိခဲ့ကြားခဲ့ရတာတွေကြောင့် စိတ်ရှုပ်ထွေးနေလို့ပဲဆိုပြီး သူဘာမှမပြောခဲ့တာ။
"သမီး..."
"သမီး နည်း.. နည်းပြဝမ်ကို မတွေ့ချင်ဘူး ပါပါး"
ဘယ်လောက်ပဲ ရင့်ကျက်တည်ငြိမ်ပြပါစေ၊ တကယ့်အရေးကြုံလာတဲ့အခါ ကလေးတစ်ယောက်ဟာ သူ့အသက်အရွယ်ကိုကျော်လွန်ပြီး မရင့်ကျက်နိုင်ဘူးလေ။ ရှောင်းကျန့်ဟာ သမီးလေးရဲ့လက်ကို ခပ်ဖွဖွလေးဆုပ်ကိုင်လိုက်တယ်။
"သမီး... ဝမ်ရိပေါ်ကလေ အရင်လူငယ်ဘဝတုန်းက ပေတေဆိုးသွမ်းခဲ့တာ မှန်ရင်မှန်မယ်။ ဒါပေမယ့် သူက သမီးရဲ့ သွေးသားရင်းအဖေလေ...
သူက သူ့ရဲ့သွေးသား ပါပါးမှာ ဖြစ်တည်နေမှန်း တကယ်မသိခဲ့တာ။ သူက အားဟွေ့ကိုတောင် ဂရုတစိုက်ချစ်ပေးတာ..
သူသိခဲ့ရင် သမီးလေးကိုလည်း သိပ်ချစ်မှာ..."
အားကွေ့က သူ့ပါပါးရဲ့ မျက်နှာရိပ်ကို အကဲခတ်တယ်။ သူ့ပါပါးက စိုးရိမ်နေတာပဲ။
"သမီး... သူက သမီးရဲ့ဖြစ်တည်မှုကို တကယ်မသိတာပါ။ ဒီတော့ သူ့ကို ခွင့်လွှတ်ပေးရမယ်နော်...
ပြီးတော့ သမီး ဝါသနာပါတာ သမီးဆက်လုပ်ပါ။ ပါပါးက မတားပါဘူး..."
"ပါပါး... သမီးက သူ့ကိုတွေ့ရင်
သူက သမီးအဖေ ဒါပေမယ့် သူများရဲ့အဖေဆိုတဲ့စိတ်ကြီးနဲ့ နေနေရမှာလေ...
သမီး အားဟွေ့ကို ခင်ပါတယ်။ သမီးအဖေဖြစ်တဲ့သူက အားဟွေ့ကို ဂရုစိုက်ချစ်ပေးနေတာကို သမီးက ကြည့်နေရရင်...."
အားဟွေ့က စကားတွေဆိုရင်း ဝမ်းနည်းရလွန်းလို့ အသံတောင်တိမ်ဝင်သွား၏။ ရှောင်းကျန့်ဟာ သမီးလေးကို ပွေ့ဖက်လို့ ကျောပြင်လေးကို အသာအယာပွတ်သပ်ပေး၏။
"သမီးလေး... တချို့အရာတွေက ငေးကြည့်နေရုံနှင့် ဘဝက ပြီးပြည့်စုံသလိုပဲတဲ့။ ဘဝနှစ်ခု ထပ်တူမကျနိုင်တဲ့အခါ အဆင်ပြေမယ့်ဘဝမှာပဲ တို့တွေပျော်မွေ့ရတယ်...
သမီးလေး ဘယ်လိုဖြစ်ချင်လဲဆိုတာ ပါပါးနားလည်ပါတယ်။
တချို့အရာတွေက ထုတ်ပြောလိုက်ရင် ပိုပြီးဝေးသွားကြတယ်။
ဘိုးဘိုးအတွက် ခဏလောက် သည်းခံပေးပါ... ဘိုးဘိုးရဲ့နောက်ဆုံးနေ့ရက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးပြီးရင် ပါပါးတို့ Parisပြန်ကြမယ်...နော်"
ပါပါးက သူ့ကို ချော့မော့အားပေးနေပေမယ့် ပါပါးရဲ့ရင်ထဲမှာ ဘယ်လောက်တွေ ကြေကွဲနေရမလဲ။ ချစ်လျက်နှင့် အမြဲတမ်းငေးကြည့်နေခဲ့ရတဲ့ ပါပါးက ဘယ်လိုများ သည်းခံနိုင်ခဲ့တာလဲ။ အကယ်လို့များ သူ့အဖေဆိုသူ ဝမ်ရိပေါ်မှာ လက်ထပ်ရမယ့်သူမရှိခဲ့ရင် သူ့အဖေနှစ်ယောက်ပြန်ပေါင်းစည်းဖို့ သူကြိုးစားပေးမှာ။
အခုတော့ ပါပါးရဲ့ ရင်ထဲမှာ လွတ်လပ်နေတဲ့နေရာကို သူ့ရဲ့အချစ်တွေနှင့် ဖြည့်ဆည်းဂရုစိုက်ပေးနိုင်ဖို့ပဲ သူဆုံးဖြတ်လိုက်တော့တယ်။
~~~~~~~~~~~~~~~~~~~~
ချင်ယွင်လမ်းက The Rink စကိတ်ကွင်းက ချူံချင်းမှာ နာမည်ကြီးဖြစ်တယ်။ ညနေတိုင်း မကဖြစ်တဲ့အခါ အားကွေ့ စိတ်ေပြလက်ေပျာက်အနေနဲ့ နောက်ထပ်ဆန်းသစ်တဲ့ ဝါသနာတစ်ခုကို ကြိုးစားကြည့်တယ်။ အဲ့ဒါကတော့ စကိတ်စီးတာ ဖြစ်တယ်။ သင်တာ ဘယ်လောက်မှ မကြာသေးတဲ့အတွက် သူကောင်းကောင်းမစီးနိုင်သေး။ ဒါကြောင့် အဖွဲ့လိုက်စီးပြီးလေ့ကျင့်တာကို သူပါဝင်ခဲ့တယ်။
"နိဟောင် ရှောင်းကွေ့ပါ၊ skate clubကို joinတာမကြာသေးပါဘူး"
အားကွေ့က သူ့ရဲ့အဖွဲ့နည်းပြကို နှုတ်ဆက်တော့ နည်းပြက ကျန်တဲ့အဖွဲ့ဝင်တွေနှင့် မိတ်ဆက်ဖို့ နည်းပြတန်းထဲကို ခေါ်လာခဲ့တယ်။
တကယ်ပါပဲ။ အားကွေ့ကို ကံကြမ္မာက မျက်နှာသာမပေးခဲ့။ သူ့အဖေဆိုသူ ဝမ်ရိပေါ်ဟာ သူလေ့ကျင့်မယ့် စကိတ်အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ဖြစ်နေတယ်။
သူ့ကိုယ်ထဲမှာ တကယ်ကို ဝမ်ရိပေါ်ရဲ့သွေးတွေ စီးဆင်းနေတာပဲ၊ အရာရာကို အကြိုက်တူ ဝါသနာတူ၊ အမူအကျင့်တူနေလွန်းလို့ ကိုယ့်မျက်နှာကို ပြန်ရိုက်ပစ်လိုက်ချင်တယ်။
သူဘယ်လောက်ပဲ စိတ်ကိုပြင်ဆင်ထားပါစေ၊ သူ့အဖေဆိုသူကို သူရင်ဆိုင်ဖို့မရဲသေးဘူး။ စကိတ်နည်းပြကို toiletသွားဖို့ အကြောင်းပြရင်း သူအတန်းထဲက ထွက်လာခဲ့တော့တယ်။
"အားကွေ့ အားကွေ့..."
ဒုက္ခပါပဲ။ သူမတွေ့ချင်လို့ ရှောင်ထွက်ကာမှ ဝမ်ရိပေါ်က အနောက်ကနေ ပြေးလိုက်လာတယ်။ သူ စိတ်ကို အတည်ငြိမ်ဆုံးထားလိုက်ပြီး ဝမ်ရိပေါ်ကို နှုတ်ဆက်လိုက်တယ်။
"နိဟောင် နည်းပြဝမ်"
"ဘာလို့ studioကို မလာတော့တာလဲ.. အားဟွေ့နဲ့ ပြဿနာတက်လို့လား"
ဝမ်ရိပေါ်ကြည့်ရတာ သူမလာတာကို စိတ်ပူလို့မဟုတ်ဘဲ၊ သူ့သမီးပြဿနာဖြစ်မှာကို စိုးရိမ်နေပုံရတယ်။ သူ့ရင်ထဲ ဝမ်းနည်းသွားရတယ်။
"မဖြစ်ပါဘူး... ဝါသနာပြောင်းသွားလို့ပါ"
အားကွေ့လို စိတ်အားထက်သန်တဲ့ကလေးက ဝါသနာပြောင်းတယ်ဆိုတာ ဝမ်ရိပေါ် ဘယ်လိုမှ မယုံနိုင်။ အားကွေ့ကို တကယ့်ကို professionalဖြစ်စေချင်တာ သူ့ရဲ့ စိတ်ရင်းအမှန်ဖြစ်တယ်။ အိမ်က သမီးနှင့်မတူစွာ၊ သူနှင့် သွေးသားမတော်တာတောင် အကြိုက်တော်တော်များများတူတက်တဲ့ အားကွေ့ကို သူသံယောဇဉ်ရှိတယ်။ ကိုယ်သိပ်ချစ်ရတဲ့သူရဲ့ ကလေးဖြစ်နေတာကြောင့်လည်း အားကွေ့ကို သူကာကွယ်ပေးရမယ်ဆိုတဲ့စိတ်လေးကလည်း ခိုအောင်းနေတယ်။
"စကိတ်စီးတာကို ဝါသနာပါတာလား... လုပ်လေ ကောင်းပါတယ်။ ငါလည်း စကိတ်စီးရတာ ကြိုက်တယ်။ မင်းကြိုက်မှန်းသိရင် ငါအစတည်းက ခေါ်ပါတယ်...
မင်းနဲ့ငါက အကြိုက်ချင်းတွေတကယ်တူတာပဲ..."
ဝမ်ရိပေါ်ဟာ ပြုံးရွှင်တက်ကြွစွာ ပြောပြနေတယ်။ အကြိုက်ချင်းတွေတူမှာပေါ့၊ ကျွန်မတို့နှစ်ယောက်ရဲ့ သွေးသားတော်စပ်မှုက 99.9998%လေ ဒယ်ဒီရဲ့လို့ သူအော်ပြောလိုက်ချင်တယ်။
ဒါပေမယ့် ပါပါးပြောတာတွေ သတိရလာမိတယ်။
"သမီးနဲ့သူက သွေးသားတော်စပ်မှုသာ ရှိတော့တာ... ခု သူက မိန်းမတစ်ယောက်နဲ့ လက်ထပ်တော့မယ်။ ပြီးတော့ နောက်ထပ်ကလေးတစ်ယောက်လည်း သူရတော့မှာ... ဒါကြောင့် သမီးက သူ့ကလေးဆိုတာသိသွားလည်း ဘာမှမထူးလာနိုင်ဘူး"
ပါပါးအတွက် ခံပြင်းလိုက်တာ။ ဝမ်ရိပေါ်ကို တစ်သက်လုံး စောင့်မျှော်ခဲ့ရပြီး သူ့ကလေးကိုလည်း တစ်ယောက်တည်းမွေးခဲ့ရတယ်။ ပါပါးဘက်က လွမ်းမောနေရင်တောင် သူကတော့ မိန်းမတစ်ယောက်ပြီးတစ်ယောက်ယူလို့ ကလေးတစ်ယောက်ပြီးတစ်ယောက်မွေးလို့။
ပါပါးနှင့် သူကတော့ ပထမဆုံးဖြစ်ခဲ့ရင်တောင် လူမသိသူမသိ နာကျင်နေရတာမလား။
အားကွေ့ လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်တယ်။ ခုလို ပြုံးပျော်တက်ကြွနေတဲ့ သူ့အဖေဆိုတဲ့သူကို သူဘာစကားပြောလို့ပြောရမှန်းမသိတော့လောက်အောင် ခံပြင်းနေမိတယ်။
"Congratulations နော် နည်းပြဝမ်... မကြာခင်မှာ လက်ထပ်တော့မယ်ဆို"
"ဟင်.. "
ဝမ်ရိပေါ် ကြောင်သွားတယ်။ ဘယ်တုန်းက သူက လက်ထပ်ဖို့ ဖြစ်လာတာလဲ။
"ဘာ ဘာကိုလဲ"
မသိချင်ယောင်ဆောင်မေးနေတဲ့ ဝမ်ရိပေါ်ကြောင့် အားကွေ့ ပိုဒေါသထွက်သွားရတယ်။
"ဟုတ်တယ်လေ.. နည်းပြဝမ်က လက်ထပ်ခွင့်တောင်းတာ အောင်မြင်တယ်ဆို။ နောက်ကလေးတောင် ရတော့မယ်ဆို"
"အယ် ဘယ်သူပြောတာလဲ"
"ဒီလိုပါပဲ သတင်းတွေကြားရလို့ပါ၊ နောက်အိမ်ထောင်တောင်ပြုတော့မယ်ဆိုတော့ တကယ်ကို စွံတာပဲနော်"
အတည်ပေါက်ကြီးပြောနေတဲ့ အားကွေ့ရဲ့စကားကြောင့် ဝမ်ရိပေါ် တကယ်ကြီးအံ့ဩမိတယ်။ သူ singleဖြစ်လာတာ ရှောင်းကျန့်နှင့် လမ်းခွဲပြီးကတည်းကပဲ။
"အာ... ငါက singleပါ။ လက်တောင်မထပ်ဖူးသေးဘူး..အယ် ဒါပေမယ့် အားဟွေ့ကတော့ ငါ့သမီးပါ လက်မထပ်ဖြစ်ပေမယ့် ကလေးတော့ရခဲ့တယ်ပေါ့...
အခုလည်း လက်ထပ်ဖို့ အစီအစဉ်မရှိသလို singleဖြစ်ပြီး ရည်းစားတောင်မထားတာ အားဟွေ့တစ်သက်ပဲလေ"
ဝမ်ရိပေါ်ရဲ့ စကားကြောင့် အားကွေ့ တကယ်အံ့ဩသွားရတယ်။ သူ့ကိုလိမ်နေတာများလားလို့တွေးမိတဲ့အခါ ဝမ်ရိပေါ်ရဲ့မျက်နှာက တကယ်ဖြူစင်နေသလိုပဲ။
"ဟုတ်လို့လား ကျွန်မတကယ်ကြားခဲ့ရတာ... နည်းပြဝမ်က နောက်အိမ်ထောင်ပြုမိူ့တဲ့"
"ဟားဟား ဒီလိုပါပဲ ငါ့ကို singleဘဝက ကျွတ်စေချင်လို့နေမှာပေါ့"
ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးရယ်နေတဲ့ ဝမ်ရိပေါ်ကြောင့် သူ့ရင်ထဲက ခံပြင်းတောက်လောင်နေတဲ့အပူမီးတွေက ဟုတ်ခနဲငြိမ်းသွားသလိုပဲ။
"တကယ် တကယ်ကြီး လက်ထပ်ဖို့ အစီအစဉ်မရှိဘူးပေါ့..."
"တကယ်ပါ အားကွေ့ရဲ့... ဆရာက သမီးလေးအားဟွေ့ မျက်နှာငယ်တာမျိုး မလုပ်ပါဘူး.. အမှန်တိုင်းပြောရရင် သမီးပါပါးနဲ့ ငါတို့ လမ်းခွဲပြီးကတည်းက ဘယ်သူနဲ့ မှ မတွဲဖြစ်တော့တာဘဲ"
ဝမ်ရိပေါ်ရဲ့ အဖြေဟာ အားကွေ့ရင်ထဲ စမ်းချောင်းအေးအေးလေးစီးဆင်းသွားသလိုပဲ။ အားကွေ့ရဲ့မျက်ဝန်းလေးတွေက ကြယ်တွေလို လင်းလက်တောက်ပလာတယ်။
"နည်းပြဝမ်... ပါးပါးကို ချစ်သေးလား"
"ဟင်..."
"ပါပါးကို ချစ်သေးလားလို့"
အားကွေ့ရဲ့မေးခွန်းကြောင့် ဝမ်ရိပေါ် တစ်ကိုယ်လုံးထူပူသွားတယ်။ အထူးသဖြင့် မနည်းငြိမ်သကိအောင်ထိန်းထားရတဲ့ နှလုံးသားက နဂိုကထက်ပိုလို့ ခုန်ပေါက်လာတယ်။ ကလေးတစ်ယောက်အရှေ့မှာ သူဘယ်လိုဖြေရမှာလဲ။ သူ့အဖေကို ကိုယ်က အခုထိချစ်နေပါသေးတယ်လို့ သူ့သမီးကို မျက်နှာပြောင်တိုက်ပြီး ဖြေရမှာလား။
ဝမ်ရိပေါ်ဟာ အတန်ငယ်ငြိမ်သက်သွားတယ်။ ခုတလော အားကွေ့နှင့် အားဟွေ့တို့မေးတဲ့မေးခွန်းတွေက ထပ်တူညီနေကြတယ်။ သူနှင့် ရှောင်းကျန့်တို့က ဘယ်လောက်ပဲ ချစ်ခဲ့ကြပါစေ၊ သူတို့ရဲ့ရွေးချယ်မှုတွေကြောင့် ထပ်တူညီလို့မရတော့တဲ့ဘဝတွေ။ ဘာလို့များ ကလေးတွေက သူတို့နှစ်ဦးရဲ့ပတ်သတ်မှုကို ဝင်ရောက်စွက်ဖက်နေကြလဲဆိုတာ သူမစဉ်းစားတက်တော့ဘူး။
"ဘာလို့..."
"မဖြေနဲ့တော့..."
အားကွေ့က ဝမ်ရိပေါ်ရဲ့လက်ကို ရုတ်တရက်ဆွဲတယ်။ ပြီးတော့ ကြယ်ရောင်လိုမျိုးလင်းလက်နေတဲ့ မျက်ဝန်းတောက်တောက်လေးတွေနှင့် ဝမ်ရိပေါ်ကို မော့ကြည့်တယ်။
"ဒယ်ဒီ..."
"အမ်..."
"ဒယ်ဒီ..."
အားကွေ့၊ ဒီကောင်မလေးက ထူးဆန်းပြီးရင်း ထူးဆန်းနေတယ်။ သူ့ကို ဒယ်ဒီလို့ခေါ်နေတယ်။ ပြီးတော့ ပိုဆိုးတာက သူ့ကိုခုန်လို့သိုင်းဖက်လိုက်တယ်။
ဘာဖြစ်သွားတာလဲ၊ ကလေးမလေးက ဘာလို့ သူ့ကိုပွေ့ဖက်ရတာလဲ။
"ဒယ်ဒီ... ဘာမှမပြောနဲ့တော့။ အခုချိန်မှာ ဒယ်ဒီ့မှာ လက်ထပ်မယ့်သူမရှိရင်ရပြီ။ အားဟွေ့နှင့်လည်း အဆင်ပြေအောင်ပေါင်းမှာမို့ သမီး ဖေဖေကို ဒယ်ဒီလို့ခေါ်ပါရစေ..."
ဝမ်ရိပေါ် ပိုလို့ခေါင်းမူးသွားရတယ်။ အားကွေ့က သူ့ကိုဖက်ပြီး ထူးဆန်းတဲ့စကားတွေဆိုနေတယ်။ သူတကယ်နားမလည်တော့ဘူး။
"အားကွေ့ တစ်ခုခုမှားနေပြီထင်တယ်နော်၊ အားကွေ့.. သမီး ဘာဖြစ်နေတာလဲ"
Advertisement
- In Serial47 Chapters
Ex-bestfriends ✓p.jm
"Seems like I don't really know you. I didn't expect you to be this type of girl, y/n. A girl, oh! A slutty girl....like you isn't..... and cannot be my friend, let alone be my best friend..."What will happen when your own bestfriend accused you and turned you life upside down, But, later comes back as your NEW BOSS...
8 110 - In Serial51 Chapters
Cure To Heart
Mafia is Dangerous; Love is Most Dangerous.You never know what your life pushing you into; until it's too late or Beginning.Ares Azriel KingThe world most Feared BusinessMan and Mafia. The Owner of Heritage Wealth & Luxurious. He is Wealthiest man on the Planet.Luxurious, Powerful & Wealthiest are his Synonyms. He names Leave Dead Fear in people. He is Nightmare that you don't want see, feel or have!!He is Bellicostic, Obdurate,Sinister & Furcifereous.He was combination of Devils & Monster on the planet. It is Like He was the owner of the World.Victoria EmersonA Normal Living Girl who Once Wished to Have a Happy Family & Life. But It was destroyed by the Own "Family".She is nothing more than a lifeless Soul Living inside Lively Body.Apart!! She is the Topper Of Fashion and Designing Institute and Famous Fashion Designer.She lives a Luxurious life with One Aim"To provide happy life who doesn't have"The House was silent & Dark.She was reading book sitting near fire place along with Cold drink. The Bell door rang!! She removed her cosy blanket & got up walking to the door. unlocking it she open & greeted by the Dark Presence. The world feared him.He didn't greet her & walk up inside taking seat on Sofa.It was like it was his House.Well Practically It was! She Scaredly closed the door & walked inside Standing in front of him.'Well this is how you greet your Saviour' He asked. she nods NO when he pulls her on his lap. She Scaredly looked at him.'Still so Scared & Nervous' He said tracing his fingers on her cheeks. She lost all her breath when his hands came on her neck & stopped.'I am Hungry' He says she looked at him & got up nodding, turning to move When he grabbed her wrist.'You got me wrong.I am Hungry for you' She was dead, Standing frozen with shock on the spot. He got up & smiled leaning to her ears.'But I will like food first' The Cold shiver ran down her spine. He chuckle & walked upstairs leaving her alone the hall.
8 403 - In Serial50 Chapters
Survivor's Guilt
2011: It's been ten years since the sky literally came crashing down around Yael Malkah and upended her world. Now she's returned to New York to visit her ailing grandmother. With no other family, it's up to her to take care of the family business, even at the risk of her sobriety.Haustin Macauley is a firefighter struggling to come to terms with his survivor's guilt, and does whatever he can to drown out the event that still keeps him up at night, even taking reckless risks. The only thing that keeps him going is the people he saved when hell came crashing around him, the only proof he has that he isn't a complete failure.When Yael meets the man who saved her life that fateful day, she can't help but feel a connection in her grief. As Haustin and Yael grow closer, the two must find their way through the minefield of family problems and post-traumatic stress to the possibility of a life that might resemble normal again.Weekly Friday updates. Occasional Tuesday updates.
8 124 - In Serial13 Chapters
happy lowman's old lady
what happens when the princess of samcro and the killer of samcro happy becomes a couple? will things get turn upside down or stay normal?
8 173 - In Serial30 Chapters
Colors ✔
Ace's life is a shade of grey. Depressing, upsetting, painful and what not. Until Venus shows up and paints it colorful... quite literally.[ #7 in teenfiction 16.10.2020]For a small town girl who is really shy and quiet, living in a city all by herself, is beyond difficult for Venus. Especially when her inexperience gets her into troubles.Ace Rivera is the unsolved mystery of his school. No one knows why he is the way he is. What everyone knows is- to stay away from him.But when the shy girl piques his interest, no one can predict what's about to come.And, Venus had never thought the mystery boy of her school could be her savior.One thing is for sure though... Ace's grey life is about to become very colorful.. . . . .❝𝐖𝐡𝐞𝐧 𝐲𝐨𝐮 𝐬𝐞𝐞 𝐝𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐥𝐢𝐤𝐞 𝐈 𝐡𝐚𝐯𝐞, 𝐚𝐥𝐥 𝐲𝐨𝐮 𝐬𝐞𝐞 𝐢𝐬 𝐠𝐫𝐞𝐲.❞. . . . .Highschool Romance*not a single dull chapter, I swear ;)Rankings-#1 in teenromance (23.10.2020)#1 in goodgirl (19.10.2020)#1 in knight in shining armour (17.10.2020)#1 in firstkiss (19.10.2020)#1 in protective (21.10.2020)#3 in shortstory (03.12.2020)#3 in youngadult (06.01.2021)#6 in lovestory (29.11.2020)#22 in love (20.11.2020)#70 in romance (22.10.2020)
8 209 - In Serial14 Chapters
showbiz // phan
the one where the owner of a fashion boutique falls for a struggling actor with a notorious side job.// completed 10|03|17// hughest ranking; #1 in #phanfiction// tw; none
8 193

