《Accidental Blessing[ Completed ]》5
Advertisement
Uni
5
အားဟွေ့ဟာ emergency roomအရှေ့မှာ ထိုင်ရင်း ငိုနေခဲ့တယ်။ ဒယ်ဒီရဲ့အခြေအနေဟာ သွေးထွက်လွန်ပြီး စိုးရ်မ်ရဖွယ်ရှိတာမို့ အရေးပေါ်အခန်းဝင်ရတယ်။ ဝမ်ချင်နှင့် အားကွေ့ဟာလည်း အားဟွေ့ရဲ့ဘေးနားမှာ ထိုင်လို့ အားပေးနေကြတယ်။
အရေးပေါ်အခန်းထဲက ဆရာဝန်တစ်ယောက်က ထွက်လာတယ်။
"လူနာရှင်ထဲမှာ RH-B သွေးပါပါသလားဗျာ... နည်းနည်းလိုနေလို့ပါ"
ဝမ်ရိပေါ်ရဲ့သွေးရင်းတွေဖြစ်တဲ့ ဝမ်ချင်နှင့် အားဟွေ့က တစ်ယောက်ကိုတစ်ေယာက် အားကိုးစွာ ကြည့်လိုက်ကြတယ်။ နှစ်ယောက်လုံး အခြားသွေးအမျိုးအစားတွေမို့ ခေါင်းရမ်းကြတယ်။
"ကျွန်မတို့နှစ်ယာက်လုံးက တခြားအမျိုးအစားတွေပါ.."
ဝမ်ချင်က ပြောတော့ ဆရာဝန်က စိတ်ပူစွာနှင့် ဆိုလာတယ်။
"အခုက အရေးပေါ်လိုနေတာ... ကျွန်တော်တို့လည်း သက်ဆိုင်ရာဆေးရုံတွေအကြောင်းကြားထားပေမယ့် RH-Bက rare typeမို့ ရှာရခက်နေတယ်...
ခင်ဗျားတို့လည်း အသိတွေထဲမှာ မေးကြည့်ပါဦး..
ကျွန်တော်တို့လည်း websiteမှာတင်ထားပါမယ်.. တစ်နာရီအတွင်း အရေးပေါ်လိုအပ်ပါတယ်"
ထိုအခါ ဝမ်ချင်နှင့် အားဟွေ့မှာ စိတ်ပူစွာနှင့် သွေးရှာဖို့ ပြင်ဆင်ကြတယ်။
"ဟို ကျွန်မက RH-Bပါ..."
ထိုစဉ် အားကွေ့က သူဟာ RH-B သေံးအမျိုးအစားဖြစ်ကြောင်း ပြောလာခဲ့တယ်။ အားဟွေ့တို့လည်း အားကွေ့ရဲ့စကားကြောင့် အားတက်သွားရတယ်။
"အသက်က ဘယ်နှစ်နှစ်လဲ"
"၁၄နှစ်ပါ နောက်လထဲပြည့်မှာပါ.."
ဆရာဝန်က သက်ပြင်းတစ်ချက်ချရင်း ပြောလာတယ်။
"ဒါဆို အသက်က ၁၈ နှစ်အောက်မို့ အုပ်ထိန်းသူခွင့်ပြုချက်လိုပါမယ်... "
( တကယ်က သွေးလှူတာက အသက် ၁၈ နှစ်အထက်မှ လှူလို့ရပါတယ်။ အသက် ၁၆ ၁၇တွေက မိဘခွင့်ပြုချက်နှင့် လှူလို့ရပါတယ်။ အသက် ၁၄ နှစ်က ပေါင်ချိန်နှင့် အရွယ်ကြောင့် လှူလို့မရပါဘူး။
ဒီ fictionထဲမှာတော့ ဇာတ်လမ်းအရ လှူလိုက်ပါတယ်။
ဆေးပညာဘက်က စာဖတ်သူတွေဖတ်မိရင် ဇာတ်လမ်းအရ နာလည်ပေးကြပါရှင်)
အားကွေ့က လှူချင်စိတ်ရှိတာမို့ ပါပါးဆီကို ဖုန်းဆက်လ်ု့ အကြောင်းကြားတယ်။ ပါပါးက သိပ်မကြာ အမြန်ရောက်ချလာတယ်။
"အသက်က ၁၈မပြည့်သေးတာမို့ လှူဒါန်းသူက လှူပြီးသွားရင် အားဆေးသွင်းပြီး သွေးအားပြည့်မယ့် အစားအစာတွေစားရပါမယ်... လှူမယ့်သူက ကျန်းမာရေးကောင်းတာမို့ ဘာဆိုးကျိုးမှဖြစ်မှာတော့မဟုတ်ပါဘူး"
အားကွေ့ဟာ ပါပါး မြန်မြန်ခွင့်ပြုမယ်လို့ မထင်မိခဲ့။ ပါပါးဟာ သူ့ကျန်းမာရေးနှင် သင့်လျော်လားမေးပြီးတာနှင့် ဆိုးကျိုးမရှိကြောင်းသိတဲ့အခါ မိဘခွင့်ပြုချက်ကို အမြန်လက်မှတ်ထိုးပေးတော့တယ်။
အားကွေ့ရဲ့ လှူဒါန်းမှုကြောင့် ဝမ်ရိပေါ်ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှ လွတ်မြောက်သွား၏။ ဘယ်ဘက်လက်ကျိုးသွားပြီး ဦးခေါင်းအပေါ်ယံအနည်းငယ်ထိသွားတယ်။ တခြားနေရာ ပွန်းရာပဲ့ရာဖြစ်တာကလွဲလို့ ဘာမှကြီးကြီးမားမားမထိခိုက်တဲ့အတွက် စိတ်ချရတဲ့အနေအထားရောက်လာပြီဖြစ်၏။
"ဟိုဘက်အခန်းက လူနာဝမ်ရိပေါ် နိုးလာပါပြီ..."
သူနာပြုလေးက ဝမ်ရိပေါ်နိုးလာကြောင်း ပြောတဲ့အခါ ရှောင်းကျန့်ဟာ မနေနိုင်၊ ချက်ချင်းထလို့ အားကွေ့ရဲ့ဘေးကနေထလို့ ခပ်မြန်မြန်ထွက်၏။ အားကွေ့ဟာ ဝမ်ရိပေါ်အပေါ် ပါပါးစိုးရိမ်နေတာတွေမြင်ရတဲ့အခါ ပါပါးအတွက် စိတ်မကောင်းဖြစ်နေသေးတယ်။ ပါးပါးက ဝမ်ရိပေါ်ကို အခုချိန်ထိသဘောကျနေသေးတယ်ဆိုတာ မေးနေစရာမလို၊ accidence သတင်းကြားတဲ့အခါ ပျာယာခတ်လို့ စိုးရိမ်ပူပန်နေတဲ့မျက်ဝန်းတွေက အသံတိတ်ပြောနေပေးတယ်။
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့ အခန်းဆီသွားတဲ့အခါ သူ့ရဲ့လူနာခန်းထဲမှာ သတင်းမေးသူတွေပြည့်နေတယ်။ ဝမ်ရိပေါ်ဟာ နွမ်းနယ်နေတဲ့မျက်နှာနှင့် သက်တောင့်သက်သာလဲလျောင်းနေတယ်။ အားဟွေ့နှင့် ဝမ်ချင်က ညာဘက်ဘေးမှာထိုင်နေပြီး ဘယ်ဘက်မှာတော့ တော်တော်လှတဲ့အမျိုးသမီးတစ်ဦးထိုင်နေတာ တွေ့ရတယ်။
ထိုအခါမှ ရှောင်းကျန့်ရဲ့ ဝမ်ရိပေါ်အပေါ် စည်းကျော်ပြီး စိုးရိမ်ပူပန်ပေးနေတဲ့
စိတ်တွေကို ဖျောက်ဖို့ သတိပြန်သွင်းရတယ်။
ဝမ်ရိပေါ်မှာ လက်ထပ်တော့မယ့်သူရှိတယ်။ အဲ့အမျိုးသမီးဟာ ဝမ်ရိပေါ်ရဲ့ကလေးကိုလည်း လွယ်ထားရတယ်။
ရှောင်းကျန့်ဟာ ဝဲတက်လာတဲ့ မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်တယ်။ သူတကယ်ဝမ်းနည်းမိတယ်။ သူဟာ မပြိုင်ခင်ကတည်းက ရှုံးနိမ့်နေပြီးသားဆိုတာ သူမေ့နေခဲ့တယ်။
ဝမ်ရိပေါ်ဟာ ပထမအိမ်ထောင်နှင့် သမီးတစ်ယောက်ရှိနေပြီး ခုလည်း နောက်အိမ်ထောင်ပြုလို့ နောက်ကလေးတစ်ယောက်နှင့် သာယာတဲ့မိသားစုဘဝကို တည်ထောင်တော့မယ်။
သူ့အနေနှင့် မျှော်လင့်စရာ ဘာမှမရှိတာမို့ သူ့ပါးပေါ်ကမျက်ရည်တွေကို ပြောင်နေအောင် သုတ်လိုက်တယ်။ သမီးလေးရဲ့အခန်းထဲဝင်ပြီး သမီးလေးအနားမှာ ထိုင်လိုက်တယ်။ အားကွေ့လေးရဲ့လက်ကလေးကို အသာအယာဆုပ်ကိုင်ပြီး ဝမ်ရိပေါ်သက်သာကြောင်း ပြောပြလိုက်တယ်။
ဘာတွေပဲဖြစ်ပါစေ၊ သူ့အနားမှာ သူသိပ်ချစ်ရတဲ့သမီးလေးရှိနေပြီမို့ သူ့ရင်ထဲကနာကျင်မှုတွေက ဆေးပေးသလို အမြန်ပျောက်ကင်းနိုင်ပါတယ်....
~~~~~~~~~~~~~~~~~~~~~~~
ဝမ်ရိပေါ် ဆေးရုံနှစ်ပတ်တက်ပြီးနောက် အတော်လေးသက်သာလာပြီး ဆေးရုံဆင်းခွင့်ရခဲ့တယ်။ ဆေးရုံဆင်းတဲ့နေ့မှာ အားကွေ့ကလည်း ဝမ်ရိပေါ်နှင့်သင့်တော်မယ့်အစားအစာတွေနဲ့ သတင်းလာမေးခဲ့တယ်။
"ကျေးဇူးတင်ပါတယ် အားကွေ့"
ဝမ်ရိပေါ်က အားကွေ့ကို ကျေးဇူးတင်ကြောင်းစကားဆိုလာတော့ အားကွေ့က အေးချမ်းစွာ ပြုံးပြလျက် ခေါင်းညိတ်ပြတယ်။
"ဆရာ ခုလိုကောင်းကောင်းအသက်ရှူခွင့်ရတာ အားကွေ့ကြောင့်ပါ... ဘယ်လိုကျေးဇူးတင်ရမလဲ မသိတော့ဘူး"
"ရပါတယ် နည်းပြဝမ်က ကျွန်မရဲ့ဆရာပါ ကျွန်မ လှူသင့်လို့ပါ..."
"ငါလည်း နင့်ကို တကယ်ကျေးဇူးတင်တယ်။ နင်သာမရှိရင် ငါနဲ့ ချင်ချင်မှာ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး...
RH-Bက တော်တော်ကိုရှားတဲ့သွေးရယ်
ဒယ်ဒီ ကံကောင်းတာ...
သူတို့က တော်ရုံတန်ရုံတူတာရှားတယ်၊ များသောအားဖြင့် သွေးသားအရင်းတွေမှာဆီပဲ တွေ့ရတာတဲ့...
နင့်အဖေကလည်း RH-Bလား"
"ပါပါးက RH-Bမဟုတ်ဘူးလေ"
"အဲ့တာဆို နင့်အမေပေါ့ နင်က နင့်အမေနဲ့တူတာနေမှာ နင့်ပါပါးနဲ့လည်း ရုပ်သိပ်မတူဘူးလေ..
နော် ဒယ်ဒီ ငါဆိုလည်း ဒယ်ဒီနဲ့မတူဘူး မာမီနဲ့တူတာ"
Advertisement
အားဟွေ့က အားလုံးအတွက် ပန်းသီးခွာပေးနေရင်း သွက်လက်စွာဆိုလာတယ်။
အားဟွေ့ရဲ့စကားကြောင့် ဝမ်ချင်ဟာ ဝမ်ရိပေါ်နှင့် အားကွေ့ကို တစ်လှည့်စီ ကြည့်လိုက်တယ်။ ပြီးတော့ သက်ပြင်းချတယ်။
"ပါပါးကလည်း နည်းပြဝမ်ရဲ့ကျန်းမာရေးအတွက် ဆုတောင်းပေးနေပါတယ်"
အားကွေ့က ရှောင်းကျန့်အကြောင်းဆိုလာတော့ ဝမ်ရိပေါ်က ပြုံးပြလျက် ခေါင်းညိတ်တယ်။ အားဟွေ့ကတော့ သူ့ဒယ်ဒီရဲ့မျက်နှာကို တစ်ချက်ကြည့်လို့ အရိပ်အကဲဖမ်းတယ်။ အဲ့နေ့က ရှောင်းကျန့် ဒယ်ဒီအတွက် စိတ်ပူနေတာကို အားဟွေ့ တို့ အတိုင်းသားတွေ့မြင်နေခဲ့ရတယ်။ သူ့မှသာ RH-Bသာရှိရင် သူ့တစ်ကိုယ်လုံးက သွေးတွေကို ဖောက်ထုတ်ပေးမလားအောက်မေ့ရအောင် ရှောင်းကျန့်ရဲ့ စိုးရိမ်ပူပန်မှုက သူ့မျက်နှာမှာ ထင်ထင်ရှားရှားပေါ်နေခဲ့တယ်။
ဘာပဲဖြစ်ဖြစ်လေ ဒယ်ဒီတို့ရဲ့ပတ်သတ်မှုက ပြီးဆုံးသွားတာ ကြာပြီပဲဟာ သူကတော့ ဘာမှဝင်မပတ်သတ်တော့ဘူးလို့ အားဟွေ့ ဆုံးဖြတ်ထားတယ်။
ဝမ်ရိပေါ်ဟာ ဆရာဝန်ထာက်ခံချက်လက်မှတ်ရတာနှင့် ဆေးရုံကဆင်းခဲ့တယ်။ အကနည်းပြတစ်ယောက်အနေနဲ့ လက်ပဲထိခိုက်သွားတာ အတော်ကံကောင်းတယ်ပြောရမယ်။ ဝမ်ရိပေါ်ဟာ ဆေးရုံဆင်းဆင်းချင်းကို သူ့အသင်းသားတွေကိုတွေ့ဖို့ Studioကိုသွားဖြစ်အောင် သွားလိုက်ပါသေးတယ်။
~~~~~~~~~~~~~~~~~~~~~~
"အားဟွေ့ နေသိပ်မကောင်းဘူးလား"
ကျောင်းဆင်းချိန် Studioမသွားခင် အားဟွေ့နှင့် အားကွေ့တို့ HotDogဝင်ဝယ်စားကြတယ်။ အရင်တစ်ခါ ပြဿနာဖြစ်ပြီး ပြန်အဆင်ပြေသွားကတည်းက နှစ်ယောက်လုံး ဘယ်သွားသွား တွဲသွားတွဲလာဖြစ်လာကြ၏။ တစ်ဦးတည်းသောသမီးဖြစ်ပြီး အပေါင်းအသင်းနည်းတဲ့ အားကွေ့အတွက်တော့ အားဟွေ့ဟာ တစ်ဦးတည်းသော တွယ်တာရာသူငယ်ချင်းဖြစ်လာခဲ့တယ်။
"အင်း... ငါ ငါ ဟိုဟာဖြစ်နေပြီထင်တယ်"
"ဟင်..."
အားကွေ့က အံ့ဩသွားတော့ အားဟွေ့က ခေါင်းလေးငုံ့လို့ ဖြေတယ်။
"နင်သိတယ်မလား... မိန်းကလေးတွေဖြစ်တဲ့ဟာလေ အဲ့တာ.. ငါဗိုက်နာနေတာ"
"အော် ရာသီလာတာလား... နင်လာနေပြီပေါ့ ငါတော့မလာသေးဘူး"
"အင်း ငါလည်း ခုမှစလာတာ... ခုငါဗိုက်တွေနာနေလို့"
အားဟွေ့က ဗိုက်ကလေးကိုဖိလျက် ညည်းညူလာတော့ အားကွေ့က အတော်စိုးရိမ်သွားတယ်။
"ဟဲ့ ဗိုက်နာတယ်ဆို နင်ဆေးခန်းပြရမှာပေါ့.. ငါ့ကို ပါပါးကပြောဖူးတယ် အဲ့လိုမျိုးမိန်းကလေးကိစ္စဖြစ်ရင် သူ့ကိုပြောရမယ်တဲ့... ဗိုက်နာတာတွေ ခေါင်းမူးတာတွေဖြစ်တက်တယ်တဲ့။ နင်က တအားနာနေတာလား..."
"တအားတော့မနာပါဘူး ဒါပေမယ့် နေရတာမသက်သာဘူး"
အားကွေ့ရဲ့ပါပါးက အိမ်က ဒယ်ဒီနဲ့များကွာပ။ သူ့ဒယ်ဒီကတော့ သူ့ဟာသူအလုပ်ရှုပ်နေပြီး မိန်းကလေးတွေ ဒီလိုဖြစ်တက်တယ်ဆိုတာတောင် သိရဲ့လားမသိဘူး။
"ငါ့အဒေါ်က သွားဖွားမီးယပ်အထူးကုလေ ဘာဆေးသောက်ရမလဲမေးကြည့်ရင်း ပြကြည့်ပါလား..."
"အင်း ကောင်းတာပေါ့"
အားကွေ့လည်း သူ့အဒေါ်ရွှမ်းလုဆီ ဆေးခန်းပြဖို့ အားဟွေ့ကိုခေါ်လာခဲ့လ်ုက်တယ်။ နားချိန်ဖြစ်တဲ့အတွက် သူ့အဒေါ်ရဲ့ဆေးခန်းက လူရှင်းနေ၏။
ဆေးခန်းရောက်တဲ့အခါ ခင်နေတဲ့ သူနာပြုဆရာမလေးက အားကွေ့ကို ရယ်ပြနှုတ်ဆက်လာတယ်။
"အားကွေ့လေး... ရွှမ်လုကျဲဆီလာတာလား"
"ဟုတ်တယ်.. အန်တီဆီလာတာ။ သမီးသူငယ်ချင်းလည်း ပါတယ်၊ သူရာသီစလာတာလေ ဗိုက်နာနေလို့တဲ့၊ အဲ့တာမေးကြည့်ချင်လို့"
"အော်... အထဲမှာ သမီးရဲ့ပါပါးလည်းရောက်နေတယ် ဝင်သွားလိုက်လေ"
အားကွေ့လည်း အားဟွေ့ကို လက်ဆွဲခေါ်လို့ အန်တီရွှမ်လုရဲ့ရုံးခန်းထဲ ဝင်လာလိုက်တယ်။
"ဒါတွေကို အားကွေ့မသိဘူးမလား"
"မသိဘူး ကျဲ... ကျွန်တော်ကတော့ တစ်သက်လုံး ဖွင့်ပြောဖြစ်မှာမဟုတ်ဘူး..
ဒါပေမယ့် အခုလို သူ့အဖေနဲ့ အနီးကပ်ဖြစ်နေတဲ့အခါ ကျွန်တော်သိပ်စိတ်ပူမိတယ်"
ရှောင်းကျန့်က သက်ပြင်းအကြိမ်ကြိမါချရင်း ထိုကိစ္စကို ညည်းညူနေတော့ ရွှမ်းလုစိတ်မကောင်းဖြစ်ရပါတယ်။
"ကံပဲပေါ့... နှစ်တွေအကြာကြီးဝေးပြီးခါမှ ခုလို ပြန်ဆုံရတာ ကံကြမ္မာပဲ။
ဘာပဲဖြစ်ဖြစ်လေ အားကွေ့လေးက သူ့အဖေရင်းက..... ဆိုတာသိသွားရင် အတော်တုန်လှုပ်သွားလိမ့်မယ်။ ဒီတော့ ကျန့်ကျန့် စကားအပြောအဆိုဆင်ခြင်ရမယ်နော်"
~~~~~~~~~~~~~~~~~~~~~~
AN~~~ ဒီနေ့ နောက်တစ်ပိုင်း ထပ် up ပေးရမလား🤭
Zawgyi
5
"ဟို ကျွန်မက RH-Bပါ..."
"အသက်က ဘယ်နှစ်နှစ်လဲ"
Advertisement
~~~~~~~~~~~~~~~~~~~~~~~
ဒယ်ဒီ ကံကောင်းတာ...
နင့်အဖေကလည်း RH-Bလား"
"ပါပါးက RH-Bမဟုတ်ဘူးလေ"
~~~~~~~~~~~~~~~~~~~~~~
"ဟင်..."
"အင်း ကောင်းတာပေါ့"
~~~~~~~~~~~~~~~~~~~~~~
Advertisement
- In Serial56 Chapters
ALEXANDER ✅
Meet 23 year old Rosalie Jones. A college student who's struggling to make ends meet. When a job opportunity presents itself she does not hesitate to take it, even if it is to clean up after other people as a maid.Alexander Cain. 39 year old Billionaire and CEO of Cain Enterprises. A very dominant and controlled man who thought he had everything he had ever wanted in his life, that is until he met his "Rose" when a young woman starts working at his house and turns his world upside down.Top rankings :#1 Forbidden Romance #1 College Student#1 Romance#1 BWWM#1 Intimate #1 Adult Fiction#1 Billionaire#2 South Africa
8 647 - In Serial28 Chapters
The Contract
My heart shattered the second I walked into that bar and saw my boyfriend of three years making out with who I thought was my best friend. My boyfriend, the one who had just talked to me about getting married to me a few nights ago. In a night of heartbreak and alcohol, I bowed to forget about him. But fate threw me a curve ball when I woke up in bed with the person I least expected... Dad's partner and the same man that I had lost my virginity to when I was younger, Daniel Halloway.To make matters worse, we were married, and he refuses to annul our marriage. "I'll give you a divorce, but only after our contract is over. After that, you're free to go." he corners me back to the wall making me feel like a small prey, waiting to be devoured by its hunter. "But until then... You're mine, and I will do with you as I so damn well please." he whispers in my ear, sending shivers up my spine.
8 244 - In Serial37 Chapters
His Little Amelia
"Be more direct, sweetheart.""I just...really want to kiss you right now."-It was as though the sun escorted her wherever she went, her entire self radiated a pleasing, envious aura. Her bubbly persona never ran dry. It had me intrigued, and admittedly a bit infatuated.It also made me feel guilty about being so attracted, being so drawn to a girl that was so young and acted so childishly. But dear oh dear, did I plan on making her mine.-In which a 20-year-old, childish girl encounters rough around edges, military man, Everest Simon who couldn't seem to get her out of his head.
8 268 - In Serial16 Chapters
Life is Beautiful✔️
Ranked #11 in #neilkhanna in JanuaryRanked #11 in #avniayesha on March 08, 2019Ranked #11 in #livingtogether on 08 May 2019Ranked 30th in #adiza on 23 March 2019😊😊😊😊😊Hmm well, ever imagined AvNeil having a live-in relationship ? 😃 Absolutely AvNeilicious story with a blend of romance, drama, emotions, love, family and everything under the sun ! 😄 Hop on the ride as our AvNeil are all set with great zeal in this cutesy story of their close to reality live-in relationship saga...!PS : posted the incomplete story on India forums probably an year back.. I shall continue the story further here 😊
8 163 - In Serial29 Chapters
Poetry: With a thousand words; and a million more reasons
A collection of poems produced by yours truly. My aim is to inspire people in their daily lives, maybe even relate to a person or two along the way. I like writing to relate, whilst having fun and expressing my deepest thoughts and feelings throughout my journey! I hope you enjoy reading through my poems as much as I love creating them! - TH04Rankings:#1- Poetry (17/05/22)#1- Rhyming (18/05/22)#1- Rhyme (18/05/22)#2- PoetryCollection (18/05/22)#2- ThoughtsAndFeelings (18/05/22)#3- Joyful (18/05/22)#5- Poems (18/05/22)#13- Thoughtful (26/05/22)
8 95 - In Serial200 Chapters
SECRET MARRIAGE: WIFE SPOILING HUSBAND {BOOK 2}
On the day of her marriage, Li Xiaolu was forced to watch her beloved younger sister marry her fiancé.Betrayed by her love, her family, she was killed. However, she is reborn to three years before where it all began. She aims to take her revenge while also fulfilling her dreams at the same time.Still one day, she falls for her sister's underhanded schemes where she meets the domineering CEO.-------------------------------------THIS IS NOT MY WORK AND NO PLAGIARISM WAS INTENDED!! CREDIT GOES TO RIGHTFUL OWNER/AUTHOR!! -------------------------------------AUTHOR :- ANNA_KNOVEL :- SECRET MARRIAGE: WIFE SPOILING HUSBAND-------------------------------------
8 253