《Accidental Blessing[ Completed ]》3
Advertisement
Uni
3
သူ ချုံချင်းကို ခဏပြောင်းလာတဲ့ အချိန်တိုလေးအတွင်းမှာ ဘာတွေဘယ်လိုဖြစ်ကုန်လဲ သူမသိတော့ဘူး။
သူ့အရှေ့မှာ အားဟွေ့နှင့် သူ့အဖေဆိုသူ ဝမ်ရိပေါ်က ထိုင်နေတယ်။ သူ့ဘေးမှာတော့ သူ့သမီးလေးအားကွေ့ထိုင်နေတယ်။
"ဒါ သမီးရဲ့ဒယ်ဒီ ဝမ်ရိပေါ်လေ.. Green Max Studioရဲ့ CEOပါ"
"Green Max Studio..."
ရှောင်းကျန့်က ထိုစကားလုံးကို အံ့ဩစွာရွတ်ဆိုရင်း အားကွေ့ကိုကြည့်တော့ အားကွေ့က အေးဆေးတည်ငြိမ်စွာ ခေါင်းညိတ်ပြတယ်။
"နည်းပြဝမ်.. ဒါကျွန်မရဲ့ပါးပါး ရှောင်းကျန့်။ ပါးပါး နည်းပြဝမ်က သမီးရဲ့ အကနည်းပြ..."
"အကနည်းပြ ဟုတ်လား ဒယ်ဒီ"
အားဟွေ့ကလည်း ဝိုင်းကျယ်နေတဲ့မျက်ဝန်းဝိုင်းတွေနှင့် ဝမ်ရိပေါ်ကိုကြည့်လို့ တအံ့တဩမေးလာတယ်။
"ဟုတ်တယ်.. သိပ်မကြာသေးပါဘူး။ တစ်ပတ်ပဲရှိသေးတယ်"
အားဟွေ့ နည်းနည်းခေါင်းကိုက်သွားတယ်။ သူတို့မိသားစုနှစ်စုဟာ အချိန်အဆက်တွေရှိနေကြတယ်။ အားဟွေ့ဟာ ရှောင်းကျန့်နှင့် သူ့အဖေရဲ့ မျက်နှာကို တစ်ချက်ရှိုးလိုက်တယ်။ မူမမှန်တဲ့ ခံစားချက်ကို သူရိပ်မိလိုက်တယ်။
စကားဝိုင်းအစတည်းက တိတ်ဆိတ်နေတဲ့ ဝမ်ရိပေါ်က စကားစလာတယ်။
"ကျွန်တော့်သမီးလေးကို စောင့်ရှောက်ပေးလို့ ကျေးဇူးပါ CEO ရှောင်း"
ဝမ်ရိပေါ်က တည်ငြိမ်အေးဆေးစွာ ဆိုလာတယ်။ ဘာရယ်ကြောင့်မှန်းမသိ နည်းပြဝမ်ရဲ့ မျက်ဝန်းတွေက မတည်ငြိမ်ဘူးလို့ အားကွေ့ခံစားနေမိတယ်။
"ဟုတ်ကဲ့။ ကျွန်တော်တို့နှင့် အားဟွေ့လေးကို လက်တွဲပေးလို့ ဝမ်းသာပါတယ်...
ကျွန်တော့်အားကွေ့လေးကိုလည်း သေချာသင်ကြားပေးဖို့ အားကိုးပါတယ်"
"ဟုတ်ကဲ့ စိတ်ချပါ"
ပါပါးရဲ့ အသံက နည်းနည်းတုန်နေတယ်။ ဟုတ်တယ် အမြဲတမ်း ယုံကြည်မှုအပြည့်နှင့် တက်ကြွနေတဲ့ ပါပါးက အသံတုန်နေတယ်လို့ အားဟွေ့ ခံစားမိတယ်။
အားကွေ့နှင့် အားဟွေ့ တစ်ယောက်ကို တစ်ယောက် မတိုင်ပင်ဘဲနှင့် ကြည့်မိလိုက်ကြတယ်။
အဲ့ဒီနေ့ shooting က အဆင်ပြေချော့မွေ့စွာနှင့် ပြီးဆုံးသွားခဲ့တယ်။ အားဟွေ့နှင့် အားကွေ့ရဲ့ ပူပေါင်းမှုက လိုက်ဖက်တာမို့ နောက်ထပ် collectionမှာ ပူပေါင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။
~~~~~~~~~~~~~~~~~~~
"ကလေးတွေအရှေ့မှာ ဒီအကြောင်းတွေ ပြန်မပြောရအောင်"
Piano music သံငြိမ့်ငြိမ့်လေးဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးထဲမှာ အတိတ်ကဆုံဖူးသူနှစ်ဦးက ထိုင်နေတယ်။ စားပွဲပေါ်မှာ Americano တစ်ခွက်နှင့် Chocolate milktea တစ်ခွက် ရှိတယ်။ ဝမ်ရိပေါ်ဟာ Americanoကို မော့လို့ တစ်ကျိုက်သောက်တယ်။ ထို့နောက် ခွက်ကို ညင်သာစွာ ချတယ်။ ပြီးတော့မှ ရှောင်းကျန့်ရဲ့ ရီဝေဝေမျက်ဝန်းတွေကိုကြည့်လို့ ပြောလိုက်တယ်။
" ပြန်မပြောပါဘူး။ ငါ့အတွက်ကတော့ ပြန်ပြောလည်း ဘာမှထူးမနေဘူးလေ... ပြီးခဲ့ပြီဘဲ"
"အဟက်...အခုထိ ကိုယ့်ကိုကိုယ်မှန်တယ်ထင်နေပုံပဲ"
"အင်း.. ထားပါတော့ အခုချိန်မှာ မင်းရော ငါရောက ကလေးအဖေတွေ ဖြစ်နေကြပြီ။ တစ်ချိန်မှာ ငါတို့တွဲခဲ့တာကို သိတဲ့သူတွေကလည်း ဒီအရေးကို သိပ်ဂရုပြုနေကြမှာ မဟုတ်ဘူးလေ.."
ဝမ်ရိပေါ်ကတော့ သိပ်ကိုပြတ်သားတယ်။ သူ ရှောင်းကျန့်ကို ချစ်ခဲ့ဖူးတယ်။ သူ ငယ်ရွယ်စဉ်တုန်းက ပွေရှုပ်ခဲ့ဖူးတယ်ဆိုရင်တောင် ရှောင်းကျန့်ကိုတော့ သူအပျော်မတွဲခဲ့ပါဘူး။ ဒါပေမယ့် သူ့ကို ရှောင်းကျန့်က အထင်လွဲပြီး စော်ကားခဲ့တယ်။
နောက်ဆုံး သူ့ကို ထောင်ထဲဝင်ရအောင်အထိ လုပ်ခဲ့ပြီး သူ့ကိုသစ္စာဖောက်ခဲ့သေးတာ...
"ဘယ်သူကမှတော့ သူများအရေးကို စိတ်ဝင်စားမှာမဟုတ်ဘူး။ ငါတို့သမီးနှစ်ယောက်လုံးက အရွယ်ရောက်လာကြပြီ... ငါတို့ပတ်သတ်တာကို သူတို့သိရင် အထင်လွဲတာမျိုး မဖြစ်ချင်ဘူး။
ဒါကြောင့်... ထိန်းထိန်းသိမ်းသိမ်းနေပေးပါ..."
ရှောင်းကျန့်ရဲ့ စကားက ပြီးစလွယ်ဆန်တဲ့အတွက် ဝမ်ရိပေါ် ရယ်လိုက်မိတယ်။
"အဟက်... ရှောင်းကျန့် ရှောင်းကျန့်။ မင်းက ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေတာပဲ...
ငါက ငါ့ဘဝကို ဇောက်ထိုးဖြစ်အောင်ဆွဲချခဲ့တဲ့သူကို မထိန်းမသိမ်း ပြန်ပတ်သတ်မယ်ထင်လို့လား...
မင်းလုပ်ခဲ့လို့ ငါ့အတိတ်မှာ ထောင်ထွက်ဆိုတဲ့ အမဲစက်စွန်းထင်းခဲ့တာကို ငါက မင်းလိုသစ္စာမရှိတဲ့လူမျိုးနှင့် ပြန်ပတ်သတ်ပြီး ဇာတ်လမ်းစရဦးမှာလား....
စိတ်ကူးယဉ်မနေနဲ့"
ဝမ်ရိပေါ်ဟာ အများအမြင်က တည်ငြိမ်အေးဆေးသူနှင့် လုံးဝကိုကွာခြားလို့ ဒေါသတွေထွက်နေပြီး စကားတွေအများကြီးပြောနေခဲ့တယ်။
ရှောင်းကျန့်ဟာ နှုတ်ခမ်းကိုမဲ့လို့ ဝမ်ရိပေါ်ရဲ့စကားတွေကို ပျက်ရယ်ပြုတယ်။
" ငါက သစ္စာမရှိဘူး ဟုတ်လား..
ဝမ်ရိပေါ်... မင်းက မင်းကိုယ်မင်း မှန်တယ်ထင်နေတာပဲ... မိန်းမပွေတယ်။ ဆေးစွဲနေတယ်... အလောင်းအစားပြုပြီး တစ်ပါးသူဘဝကို ဖျက်ဆီးတယ်... မင်းကိုယ်မင်း ဘာထင်နေတာလဲ ဝမ်ရိပေါ်။
မင်းနောင်တရစမ်းပါ... ထောင်ကျခဲ့တာ နည်းတောင်နည်းသေးတယ်။
စောက်ကျင့်မကောင်းတဲ့မင်းကြောင့် ငါ့ဘဝကြီး....."
ရှောင်းကျန့်ဟာ ပြောမထွက်ခဲ့။ ဒေါသထွက်ရလွန်းလို့ အသားတွေတဆတ်ဆတ်တုန်နေတယ်။ ဒေါသအလွန်အမင်းထွက်လာရင် စိတ်ထိန်းနိုင်ဖို့ ထုံးစံအတိုင်း အောက်နှုတ်ခမ်းကိုဖိကိုက်ကာ တစ်ကနေစလ်ု့ရေတွက်ရင်း စိတ်ထိန်းတယ်။ ဝဲတက်လာတဲ့ မျက်ရည်တွေကို မကျအောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သက်ပြင်းချတယ်။
သူ့ကို စူစူးစိုက်စိုက်ကြည့်နေတဲ့ ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေကို မမြင်ချင်ယောင်ဆောင်ရင်း အံကြိတ်ကာ ပြောလိုက်တယ်။
"ငါတို့ရင့်ကျက်ရအောင် ဝမ်ရိပေါ်... ငါတို့ဆယ့်ရှစ်နှစ်အရွယ်မဟုတ်တော့ဘူး။ သုံးဆယ်ကျော်နေပြီ...
အချိန်အတော်အကြာနေပြီမို့ အတိတ်ကို မေ့လိုက်ပါ။
ငါလည်း မင်းကို သိပ်မုန်းတာပဲ...
ဒါပေမယ့် ငါတို့ကိစ္စတွေက ကလေးတွေနှင့် မဆိုင်ဘူး။ ဒီတော့ ငါတို့ professionalကျကျ ဖြေရှင်းကြရအောင်...."
Advertisement
ရှောင်းကျန့်က ထိုစကားနှင့် စကားဝိုင်းကို အဆုံးသတ်ရင်း ထွက်ခွာသွားတယ်။
ကျန်ရစ်ခဲ့တဲ့ ဝမ်ရိပေါ်ရဲ့ရင်ထဲမှာ အပူမီးတွေ လောင်မြိုက်နေတယ်။ မင်းက ငါ့ကို သိပ်မုန်းတယ်တဲ့လား... ငါကတော့ မင်းကို ချစ်လိုက်ရတာ။ မင်းကတော့ ဘာမဟုတ်တဲ့စကားလေးနှင့် အထင်အမြင်လွဲပြီး ငါ့ကို မုန်းတီးတယ်။ ငါ့ဘဝကို ဖျက်ဆီးတယ်။ ငါ့ကိုသစ္စာဖောက်ပြီး တခြားတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ငါမှားခဲ့တယ်ဆိုရင်တောင် ငါ့ရင်ထဲကခံစားချက်တွေကို မင်းရဲ့မာနတွေနှင့် တားဆီးလို့ ဥပေက္ခာပြုခဲ့တယ်။
အခုချိန်မှာ မင်းကို ငါချစ်နေသေးတယ်ဆိုရင်တောင်မှ ငါတို့ဘဝတွေဟာ ထပ်တူမကျနိုင်တော့။ သားသမီးကိုယ်စီနှင့် ကိုယ်ပိုင်မိသားစုတွေတည်ရှိနေရုံတင်မက မင်းရဲ့အမုန်းတွေကလည်း ကာခြားထားနေသေးတယ် ရှောင်းကျန့်ရယ်...
~~~~~~~~~~~~~~~~~~~~~~~
Doja Cat ရဲ့ Boss Bitch သီချင်းသံက Practice Roomထဲမှာ ကျယ်လောင်စွာ ထွက်ပေါ်နေတယ်။ Hip Hop Dance အခြေခံကို ရက်တိုအတွင်း တက်မြောက်သွားတဲ့ အားကွေ့က သူသဘောကျတဲ့ hip hopသီချင်းတွေကို coverပြန်ကနေပြီဖြစ်တယ်။
အားဟွေ့ဟာ ချိုချဉ်စုပ်လုံးကို ပါးစပ်ထဲထည့်လို့ အခန်းနံရံကိုမှီကာ အားဟွေ့ကနေတာကို ကြည့်နေမိတယ်။ သူ့အဖေက သူကလွဲလို့ အခြေခံသင်တန်းသားတွေကို ဘယ်တော့မှ individual မသင်ပေးခဲ့ဘူး။
အမြဲလိုလို ခရီးသွားနေရတဲ့ ဒယ်ဒီက အားကွေ့ကို အခုလိုသင်ပေးနေတော့ သူ့စိတ်ထဲ ဘဝင်မကျဖြစ်မိတာတော့ အမှန်ပဲ။ အခုလည်း practice roomကို အားကွေ့အတွက် င်္သီးသန့်ပေးထားသေးတယ်။ တကယ်အလိုမကျစရာကောင်းတာ..
"ရောက်လာပြီလား..."
အားကွေ့က ကတာကိုရပ်လိုက်ပြီး မောပန်းစွာနှင့် ရေမော့သောက်တယ်။ ပြီးတော့ နှဖူးကချွေးတွေကို ပုဝါနှင့်သုတ်ပြီး နံရံကိုမှီလို့ ထိုင်တယ်။
"ဘာပြောမို့လဲ..."
အားဟွေ့က အားကွေ့အနား ထိုင်ချလိုက်ပြီး မေးတယ်။ အားဟွေ့က သူ့ကျောပိုးအိတ်ထဲက တစ်စုံတစ်ခုကို ထုတ်တယ်။ ပြီးတော့ အားဟွေ့ရဲ့လက်ထဲကို ဓာတ်ပုံလေးတစ်ပုံထည့်တယ်။ အားဟွေ့က ထိုအရာကို ကြည့်ပြီး အင်မတန်အံ့ဩသွားရတယ်။
"ဒါက ဘယ်လိုတောင်လဲ..."
"ဟုတ်တယ်... နည်းပြဝမ်နှင့် ငါ့ရဲ့ပါပါးက အရင်တုန်းက ရည်းစားဟောင်းတွေ"
အားဟွေ့က ဓာတ်ပုံထဲကသူနှစ်ယောက် ပြုံးရွှင်လျက် လက်ချင်းတွဲထားတာကို တအံ့တဩကြည့်ပြီး ခေါင်းညိတ်တယ်။ ဒီပုံထဲက သူ့ဒယ်ဒီနှင့် CEO ရှောင်းက လိုက်ဖက်ညီလွန်းတယ်။ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေတဲ့မျက်ဝန်းတွေမှာ အချစ်ကြယ်လေးတွေ လင်းလက်နေသလိုပဲ...
ဒယ်ဒီကို အမျိုးသမီးတွေနှင့်အိမ်ထောင်ပြုရင်ဆိုတဲ့ အတွေးသာ ရှိခဲ့ဖူးပေမယ့်
ခုလို လှပတဲ့အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့မယ်ဆိုတဲ့အတွေးက သူ့နှလုံးသားကို တသိမ့်သိမ့်ဖြစ်သွားစေတယ်။
"ဒါကို နင်ဘယ်လိုသိတာလဲ... ဒါနဲ့ ငါမေးပါဦးမယ်။ ငါ နင့်အမေကို မမြင်ဖူးသလိုပဲ"
အားဟွေ့ကမေးလာတော့ အားကွေ့က နောက်တစ်ကြိမ်ရေမော့သောက်တယ်။ ပြီးတော့ ခေါင်းရမ်းတယ်။
"ငါ တစ်ခါမှ အမေ့ကို မမြင်ဖူးဘူး...
ပါပါးပြောတာတော့ ငါ့အမေက ငါမွေးပြီးပြီးချင်းဆုံးတယ်တဲ့..."
ထိုအခါ အားဟွေ့က အားကွေ့လက်ထဲကရေဘူးကိုယူလို့ သူပါ ရေမော့သောက်လိုက်ပြန်တယ်။ သက်ပြင်းချရင်း ရေအနည်းငယ်သာကျန်တဲ့ရေဘူးကို သူလက်နှင့်ဖိဆုပ်လိုက်တယ်။
"ငါရောပဲလေ.. ငါ့အမေကလည်း မွေးပြီးကတည်းက ဆုံးသွားတာ။ ထားပါတော့... ငါ့မှာ အမေမရှိတဲ့အတွက် ငါသိပ်ဝမ်းမနည်းနေပါဘူး... ငါ့ဒယ်ဒီက ငါ့ကိုသိပ်ချစ်တာ အမေမလိုဘူးရယ်"
အားဟွေ့က ပေါ့ပါးစွာပြောလာတော့ အားကွေ့က ခေါင်းညိတ်တယ်။
"ငါသိချင်တာ... ငါ့ပါပါးက ငါ့ကိုငှဲ့ပြီး နောက်အိမ်ထောင်မပြုခဲ့ဘူး။ ပါပါးရဲ့ဘဝက အမြဲအထီးကျန်ခဲ့ရတာ... တစ်ခါတစ်လေဆို ပါပါးက သူ့အခန်းထဲမှာ ဓာတ်ပုံအယ်လဘမ်လေးကို ပြန်ကြည့်ရင်း ဆွေးနေတက်တယ်...
အဲ့ဒီပုံ......"
အားကွေ့က အားဟွေ့လက်ထဲက စုံတွဲပုံကို လက်ညှိုးထိုးပြတယ်။
"အဲ့ဒီပုံက ပါပါးအမြဲကြည့်နေကျ အယ်လ်ဘမ်ထဲကရတာ... ငယ်ဘဝပုံတွေမို့ ပါပါးသတိရလို့ကြည့်တယ်ထင်ပေမယ့် အယ်လဘမ်ထဲက ပုံတော်တော်များများက ပါပါးနှင့်နည်းပြဝမ်တို့နှစ်ယောက်ပုံတွေချည်းပဲ...
ငါ့အထင် ပါပါးက နည်းပြဝမ်အပေါ် ခံစားချက်များရှိနေသေးတာလားလို့"
အားကွေ့က စကားအများကြီးပြောရတာ မနှစ်သက်၊ ဒီတစ်ခါတော့ သူ့ပါပါးအတွက် သူစကားတွေအများကြီးပြောနေမိတယ်။ ဟိုတစ်နေ့က နည်းပြဝမ်နှင့် ပါပါးတွေ့ပြီးနောက် အိမ်ပြန်ရောက်တဲ့အခါ ပါပါးက အခန်းထဲမှာ ဒီအယ်လဘမ်ကိုဖွင့်လို့ကြည့်ရင်း ငိုနေခဲ့တယ်။
အားကွေ့ရဲ့ရင်ထဲမှာ ပါပါးကိုကူညီချင်စိတ်တွေ ပေါ်လာမိတယ်။ ဒါပေမယ့် သူဘာမှမသိဘူး။ သူပထမဆုံးအားကိုးဖို့တွေးမိတာက အားဟွေ့သာ ဖြစ်တယ်။
အားကွေ့ရဲ့စကားတွေကြားတဲ့အခါ အားဟွေ့က အလားတူဖြစ်ပျက်နေတဲ့ သူတို့သားအဖဘဝကို သတိမူမိတယ်။ ဒယ်ဒီနှင့် CEOရှောင်းကြားမှာ ဘာပြဿနာတွေရှိခဲ့မလဲမသ်ပေမယ့် အဲ့နေ့shootingအပြန်ညတုန်းက ဒယ်ဒီက အခန်းပိတ်ပြီး မူးနေအောင် တစ်ညလုံး အရက်တွေသောက်နေခဲ့တယ်။
"နင်က ဘယ်လိုဖြစ်ချင်လို့လဲ အားကွေ့"
"ငါ့ကို ကူညီပေးပါလား။ ငါက ခုမှ ဒီကိုရောက်တာ ဘာမှမသိဘူး...
အကယ်လို့များ နင့်ဒယ်ဒီရဲ့ငယ်ဘဝသူငယ်ချင်းတွေရှိရင် သူတို့အကြောင်းကို မေးပေးလို့များရမလား"
"Ok.... ရပါတယ်။ ငါ ဒယ်ဒီရဲ့ သူငယ်ချင်းတွေကို သိတယ်.. နင်က ဘယ်လိုစီစဉ်ထားလို့လဲ"
ဆယ်ကျော်သက်ကလေးနှစ်ယောက်ဟာ ခေါင်းချင်းဆိုင်လို့ တီးတိုးပြောဆိုနေကြတယ်။
"ဒါက ငါတို့နှစ်ယောက်လုံးရဲ့ လျှို့ဝှက်ချက်နော်..."
~~~~~~~~~~~~~~~~~~~~~
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို တတ်နိုင်သမျှ အဝေးဆုံးရှောင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း entertainment လောကနှင့် ဖက်ရှင်လောကဆိုတာ ဒွန်တွဲနေတယ်။ ဝမ်ရိပေါ် ရှယ်ယာဝင်ထားတဲ့ entertainmentဟာ Sean Fashionနှင့် စာချုပ်ချုပ်ဆိုထားတယ်။ အထူးသဖြင့် ဝမ်ရိပေါ် နည်းပြလုပ်ပေးတဲ့ Idol က Sean Fashionရဲ့ Brand Ambassadorဖြစ်တယ်။
Advertisement
အဲ့ဒီနေ့က မတိုင်ပင်ပါပဲနှင့် အဲ့ဒီ Idolရဲ့ မွေးနေ့ပါတီကို ဝမ်ရိပေါ်ရော ရှောင်းကျန့်ပါ တက်ရောက်ခဲ့ကြတယ်။ ရှောင်းကျန့် မသိချင်ယောင်ဆောင်ပါသေးတယ်။ ဒါပေမယ့် အရမ်းမုန်းတယ်။ ဝမ်ရိပေါ်ကို သိပ်မုန်းတယ်။
ဝမ်ရိပေါ်ဟာ ဆယ်ကျော်သက်အရွယ်မှာ သူ့အချစ်တွေကို အပျော်သဘောကစားတယ်။ သူ့ရဲ့ငယ်ရွယ်နုပျိုတဲ့ဘဝကို ဖျက်ဆီးတယ်။ သူ့ကို အယုံသွင်းလိမ်လည်တယ်။
ရှောင်းကျန့်ရဲ့ ဆယ်ကျော်သက်ဘဝဟာ အသက်ဆယ့်ရှစ်နှစ်မှာ ရပ်တန့်ခဲ့ရပြီး ဝမ်ရိပေါ်ရဲ့အရှုပ်ထုပ်လေးကို ဖြေရှင်းဖို့ မိသားစုနှင့် ပြဿနာတက်ခဲ့ရတယ်။
ရှောင်းကျန့်မှားခဲ့တာက တစ်ခုပဲ။
ဝမ်ရိပေါ်ရဲ့အမှားတွေ ပြန်လည်ပြင်ဆင်နိုင်ဖို့ ဆေးစွဲနေတဲ့ဝမ်ရိပေါ်ကို မူးယစ်ဆေးအမှုနှင့် ရဲတိုင်ခဲ့တယ်။
ဒါပေမယ့် ဝမ်ရိပေါ်က မပြုပြင်ခဲ့ဘူး။ ထောင်ကထွက်လာတဲ့အခါ သူ့အမှားကိုဝန်မခံတဲ့အပြင် အိမ်ထောင်ပြုပြီး ပျော်စရာမိသားစုဘဝက်ု တည်ထောင်တယ်။ အခုတော့ မိန်းမရယ်၊ ချစ်စရာသမီးလေးရယ်နှင့် ဘဝကပြီးပြည့်စုံလို့။
အခုလည်း ကြည့်ပါဦး။ ပါတီမှာ သိပ်လှတဲ့မိန်းမတွေက သူ့အနားမှာ ပြုံလို့ သူက သိပ်ဂုဏ်ယူနေတာ။ မင်းလို ဘာစွဲဆောင်မှုမှမရှိတဲ့ ယောကျာ်းကို ငါ့လို မိန်းမတွေဝိုင်းဝိုင်းလည်နေတဲ့လူက မက်မနေဘူးဆိုတဲ့ အထာနှင့် သူ့ကို အနိုင်ယူနေတာ။
ရှောင်းကျန့် တွေးရင်း တွေးရင်း ဒေါသထွက်လာတယ်။ ရှန်ပိန်တွေကို တစ်ခွက်ပြီးတစ်ခွက်ယူသောက်တယ်။ ရှန်ပိန်သောက်လို့ မဝတဲ့အခါ mini barလေးဆီသွားပြီး ခပ်ပြင်းပြင်းကော့တေးကို လှမ်းမှာတယ်။
"ဟေ့ Sean ဒီနေ့သောက်လှချည်လား.."
Alex.. Alexဆိုတာ Parisမှာ တက္ကသ်ုလ်တက်တုန်းက သူ့ကိုလိုက်ပိုးပန်းခဲ့တဲ့ တရုတ် ပြင်သစ်ကပြား အမျိုးသားတစ်ဦး။ ရှောင်းကျန့်ရဲ့ချောမောမှုက အမျိုးသမီးတွေသာမက အမျိုးသားတွေကြားမှာပါ ရေပန်းစားတယ်။
သိပ်လှတဲ့ မျက်ရစ်ကွေးကွေးလေးနှင့် ကြည်တောက်တောက်မျက်ဝန်းပိုင်ဆိုင်ထားတဲ့ ရှောင်းကျန့်က ဖက်ရှင်လောကမှာ အလှကလေးစာရင်းဝင်တယ်။
သမီးလေးရဲ့မျက်နှာကိုငှဲ့လို့ နောက်အိမ်ထောင်မပြုခဲ့တဲ့ ရှောင်းကျန့်ဟာ သူ့ကိုပိုးပန်းသမျှ မိန်းမ၊ ယောကျာ်းမှန်သမျှကို ငြင်းလွှတ်ခဲ့တယ်။
အခုတော့ ဒီနေ့ည သူကဲပစ်လိုက်ချင်တယ်။ ဝမ်ရိပေါ်ရဲ့အရှေ့မှာ မင်းလိုလူမျိုးကို မလိုဘူးဆိုတဲ့ အချိုးမျိုး လုပ်ပလိုက်ချင်တယ်။
ရှောင်းကျန့်ဟာ Alexနှင့် ခွက်ချင်းတိုက်လို့ စကားထိုင်ပြောလိုက်တယ်။ လုပ်ငန်းအကြောင်းတွေဆွေးနွေးရင်း တက္ကသိုလ်တက်တုန်းက အကြောင်းတွေ ပြန်ပြောဖြစ်ကြတော့ နှစ်ယောက်သား ရယ်ရယ်မောမောပါပဲ။
ရှောင်းကျန့် တစ်နေရာကို မသိမသာစောင်းငှဲ့ကြည့်တဲ့အခါ သူတို့ကို စူးစူးစိုက်စိုက်ကြည့်နေတဲ့ မကောင်းဆိုးဝါးလိုအကောင်ကို တွေ့လိုက်ရတယ်။
ကျေနပ်တယ်။ ရှောင်းကျန့်ဟာ ကျေကျေနပ်နပ်ပြုံးလိုက်ပြီး Alexအနား ကပ်ထိုင်လိုက်တယ်။ သောက်ထားတာကလည်း limitကျော်နေပြီမို့ ပုံမှန်ဆို မလုပ်ရဲတဲ့အရာတွေအတွက် သူရဲတင်းနေတာလည်း ဖြစ်တယ်။
ဒီနေ့မှ ရှောင်းကျန့်ဝတ်ထားတာကလည်း အရမ်းကို sexyကျနေတယ်။ လည်သာဘောင်းဘီအနက်က နောက်ပိုင်းအလှကို ထင်းလင်းတဲ့အထိ ကပ်ကျပ်ေနေတယ်။
ရှောင်းကျန့်က နဂိုထဲက ခန္ဓာကိုယ်လှသူမို့ fix sizeဖြစ်နေတဲ့ အပေါ်ကုတ်အဖြူကလည်း ခါးသိမ်သိမ်လေးကို ပိုပေါ်လွင်နေစတယ်။
အောက်ခံရှပ်အင်္ကျီအနက်ဟာ ကြယ်သီးသုံးလုံးလောက်ဖြုတ်ထားပြီး စွဲမက်စေလောက်တဲ့ ညှပ်ရ်ုးဝင်းဝင်းလေးဟာ ထင်းနေတယ်။
လည်တိုင်လေးမှာ စီးကွပ်ကျောက်လေးတွေ အလှဆင်ထားတဲ့ အနက်ရောင်ပုဝါလေး စည်းနှောင်ထားပုံက ဖက်ရှင်ကျကျ လှပစေတာမို့ တစ်ကိုယ်လုံးခြုံကြည့်ရင် မိန်းမတွေအတွက် သဘောကျရင်ခုန်စရာကောင်းပြီး ယောကျာ်းတွေအတွက် ရင်ခွင်ထဲဆွဲသွင်းချင်လောက်တဲ့အထိ မက်မောစရာကောင်းနေပြန်တယ်။
Alexက ဘာမို့လို့လဲ၊ နဂိုထဲက သဘောကျရလို့ ပိုးပန်းခဲ့ရတာမလား။ အခုလို အထာတွေပေးနေတဲ့အခါ လက်ဖမိုးဖြူဖြူလေးကို အသာအယာဆုပ်ကိုင်လိုက်တော့ ရှောင်းကျန့်က တဟီဟီနှင့် သွားဖြူဖြူလေးတွေပေါ်တဲ့အထိ ရယ်နေတယ်။
ရှောင်းကျန့်က ရေချိန်လွန်နေပြီဖြစ်ပြီး ပုံမှန်ထက်ပိုသောက်ထားတာမို့ ပါးလေးတွေက ဆေးမကူဘဲ ပန်းရောင်သန်းနေပုံလေးက တကယ်လှတယ်။
နှုတ်ခမ်းလေးဟာ ကော့တေးရည်တွေထိတွေ့ထားလို့လားမသိ စိုရဲပြီးဖောင်းအိနေတယ်။
Alexဟာ သူ့စိတ်ကို မထိန်းနိုင်တော့၊ နှုတ်ခမ်းအိအိလေးကို မြည်းစမ်းဖို့ အရှေ့ကိုတိုးလို့ နမ်းပလိုက်တော့တယ်။
"အ..."
Alexဟာ ဘာဖြစ်လို့ဖြစ်သွားမှန်းမသိ၊ ရှောင်းကျန့်ရဲ့နှုတ်ခမိးအနားရောက်ခံနီးမှာ သူ့မှာ အားနှင့် တွန်းထုတ်ခံလိုက်ရတယ်။
"ဟေ့... မင်းက ဘာလဲ"
ခပ်ချောချောယောကျာ်းတစ်ယောက်က ရှောင်းကျန့်အနားမှာ ရပ်နေတယ်။
"Sorry... သူက ငါ့တွဲဖက်ပါ။ သူက limitကျော်ရင် လူစိတ်ပျောက်တက်လို့ သူ့ဘက်ကမှားသွားရင် sry..."
ဝမ်ရိပေါ်က တောင်းပန်စကားဆိုပြီး ရှောင်းကျန့်ကိုတွဲဖို့ပြင်တယ်။ Alexက လဲရာကနေထလို့ ဝမ်ရိပေါ်ကို စူးစူးစိုက်စိုက်ကြည့်တယ်။ ဝမ်ရိပေါ်က အမူးလွန်နေတဲ့ရှောင်းကျန့်ကို ချိုင်းကနေမလို့ တွဲလိုက်တယ်။
"ဟေး... ငါသိပါတယ် မင်းလည်း ငါ့လိုလူပဲဆိုတာကို။ ဒါပေမယ့် ရှောင်းကျန့်မှာ ရည်းစားမရှိဘူး... သူက သူ့သမီးအတွက် အိမ်ထောင်မပြုသလို ရည်းစားလည်း မထားတာ အားလုံးသိတယ်။
မင်းက သူ့ရည်းစားမဟုတ်တဲ့အတွက် သူ့ကို ထားခဲ့လိုက်..."
Alexက အတည်တကျစကားဆိုရင်း ပြောလာတော့ ဝမ်ရိပေါ်က နှုတ်ခမ်းကိုမဲ့လို့ ပြုံးလိုက်တယ်။ ရှောင်းကျန့်ရဲ့ ဘယ်ဘက်လက်သူကြွယ်က လက်စွပ်ကို ချွတ်ပြလိုက်တယ်။
လက်သူကြွယ်မှာ "WangYiBo's" ဆိုတဲ့စာကို လက်ချောင်းပတ်ပတ်လည်မှာ တက်တူးထိုးထားတယ်။ ဝမ်ရိပေါ်ဟာလည်း သူ့ဘယ်ဘက်လက်သူကြွယ်က လက်စွပ်ကို ချွတ်လို့ "XiaoZhan's" ဆိုတဲ့ Tattooကို ပြလိုက်တယ်။
"ကဲ... ရှင်းပြီလား"
Alexရော ပါတီထဲက လူ့အချို့ဟာ ဝမ်ရိပါ်ရဲ့လုပ်ရပ်ကြောင့် အတော်အံ့ဩသွားကြတယ်။ ဝမ်ရိပေါ်ဟာ မည်သူမျှကို ဂရုမစိုက်။ အမူးလွန်နေတဲ့ ရှောင်းကျန့်ကို ဒူးခေါက်ကွေးကနေပွေ့ချီလို့ ပါတီထဲကနေ ခေါ်လာခဲ့တယ်။
ငါမသိချင်ယောင်ဆောင်နေခဲ့ပါတယ် ရှောင်းကျန့်။ ဒါပေမယ့် ငါ မင်းကို ငါ့မျက်စိရှေ့မှာ ဘယ်သူကမှ ထိတာမကြိုက်ဘူး။
မင်းဟာ ကလေးတစ်ယောက်အဖေဖြစ်နေပါစေဦး၊ ငါ့မျက်စိရှေ့မှာ ဆိုးဆိုးဝါးဝါးဖြစ်ပျက်နေမယ့် မင်းတို့ရဲ့ကလူမြူခြင်းကို ငါလက်မခံနိုင်ဘူး။
ကားထဲက သူ့ရဲ့ဘေးခုံမှာ နေရာချပေးတဲ့အခါ ရှောင်းကျန့်ဟာ ခေါင်းတွေကိုအသာရမ်းလို့ အော်ဟစ်နေရင်း ဝမ်ရိပေါ်ကို ထုရိုက်နေတယ်။
"ဝမ်ရိပေါ်... မင်းကို သိပ်မုန်းတယ်... ဖယ်စမ်း လွှတ် လွှတ်"
ဝမ်ရိပေါ်ဟာ သူ့ကိုထုရိုက်နေတဲ့ ရှောင်းကျန့်ရဲ့လက်တွေကိုဖမ်းဆုပ်လိုက်တော့ ရှောင်းကျန့်က နှုတ်ခမ်းလေးကိုဖိကိုက်လို့ ဝမ်ရိပေါ်ကို ငိုချတော့မလားအောက်မေ့ရတဲ့အထိ ရီဝေဝေမျက်ဝန်းလဲ့လဲ့လေးတွေနှင့် လာကြည့်တယ်။
ရှောင်းကျန့်ရဲ့ အခုပုံစံက တကယ်ကို ဝမ်းနည်းကြေကွဲနေဟန်ရှိတယ်။ အရင်တုန်းကအတိုင်းပဲ ရှောင်းကျန့်ဟာ သူမြင်ဖူးတဲ့ ဆယ်ကျော်သက်အရွယ်ရှောင်းကျန့်လေးလိုပဲ မျက်ရည်လွယ်ပြီး ဝမ်းနည်းတက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရှောင်းကျန့်ဟာ သူတို့တွဲစဉ်တုန်းက နှစ်ယောက်အတူတူ ထိုးခဲ့ဖူးတဲ့ လက်သူကြွယ်က ပိုင်ဆိုင်ကြောင်းတက်တူးလေးကို အခုထိ မဖျက်သေးတာတွေ့တဲ့အခါ ဝမ်ရိပေါ်ရင်ထဲ ခပ်နွေးနွေးဖြစ်မိတယ်။
"ဝေါ့....."
ပြီးတော့ ခုလိုမျိုး အရက်မူးလာရင် ဘယ်နေရာဖြစ်ဖြစ် အန်ချတက်တဲ့အကျင့်ဆိုးလေးဟာလည်း တူညီနေတုန်းပင် ဖြစ်တယ်။
~~~~~~~~~~~~~~~~~~~~~
Note>>>
အားကွေ့က ဘယ်သူ? အားဟွေ့က ဘယ်သူ?ဆိုတာ အချိန်တန်ကျရင် အဖြေပေးပါမယ်နော်။ ခုတော့ ခန့်မှန်းထားကြပါ...
Zawgyi
3
"Green Max Studio..."
"ဟုတ်ကဲ့ စိတ်ချပါ"
~~~~~~~~~~~~~~~~~~~
စိတ်ကူးယဉ်မနေနဲ့"
Advertisement
- In Serial83 Chapters
Always Him.
Will she speak up about loving him? Will he force it out of her? Or will their love story remain untold?WARNING: MATURE LANGUAGE WILL BE USED.
8 202 - In Serial13 Chapters
Living in His Dreams (Ongoing)
It's a new fairytale. Once upon a time, a girl finds herself in a whole new world. She felt like she was acting in a weird drama. She still has a mind to herself, but she just can't control her actions. It doesn't help that she can feel everything, especially the pain. Soon, she figures it all out, she's stuck in someone's dream. But, why is she there? Surely, it wasn't possible. Once upon a time, there was a boy who had a special ability. He could make time stop while he was dreaming and he could control people in his dreams. He found a picture of a girl, then, deciding she was pretty, he dreamt of her. At first, he was just going to play with her heart a little. However, as the dream went on, he began falling in love. Desperate to find her in the real world, he wakes up to find his picture gone. He continues to look for her, but the longer he takes, the faster his memories of her begin to fade... But fairytales don't always have happy endings. He should have learned never to play with her life, her heart. NOTE: This is a short story.
8 190 - In Serial12 Chapters
Have a Little Faith
Faith Cox did not expect to get a divorce for Christmas, but there it is. So instead of taking her second honeymoon with her husband, she finds herself on the beach. Crystal clear water isn't all she finds in the Caribbean. A reverse harem Christmas romp, with three alpha males who want nothing more than to make their mate happy, and steamy bits that are intended for adult audiences only, that ends in a Christmas sized HEA.
8 94 - In Serial48 Chapters
When We Crashed
"You know, you aren't like most girls I have met.""Is that a good thing?""It depends, are you obsessed with shopping?""That involves walking... so no.""Dieting?""Hah, that's funny.""Make up?""I need motivation for that.""Heels?""What have my feet ever done to you?!"After that, he laughs and claps his hands together, "Yes, that is a good thing."~~~~~~~He wanted freedom.She needed freedom.Luke Barrington and Ella Sanders.They thought their lives were bad, living up to a parents' expectation is way harder then it seems, especially when they are filthy rich and claim they only want what is best for you.Just think, one moment you are so busy hating on life, and the next, you are in a coma laying on the hospital bed, clinging onto hope that you will survive.Maybe it just took two cars and a curve in the road for them to see that life isn't so bad after all.Because what's the point of life if you aren't even living?~~~~~~~Book two in the T.B.B.B. (The Bad Boy Boxer) Series
8 141 - In Serial17 Chapters
One Shots || stopped
Hello! This book will be one shots written by Admin Winter and Admin Summer. Please read, comment, vote and follow our account! We hope you enjoy the stories:))Okay actually it isn't one shots. Sometimes it will be stories with real content, other times it will be like a diary entry. Like what you would write in a diary if you saw your crush with another girl, etc.
8 153 - In Serial31 Chapters
Flower Crown | KV ✔
In which god of flowers Kim Taehyung gets stolen by the Lord of the underworld, Jeon Jeongguk TopKook BottomTae
8 119