《Accidental Blessing[ Completed ]》2
Advertisement
Uni
2
အားဟွေ့ အရမ်းပျော်နေတယ်။ ဒယ်ဒီက Sean Fashionမှာ Modelလုပ်ဖို့ ခွင့်ပြုလိုက်တယ်။ အားဟွေ့ရဲ့ဒယ်ဒီက အားဟွေ့ရမယ့်အခွင့်အရေးတွေအပေါ် တစ်ခါမှ ပိတ်ပင်ခြင်းမရှိခဲ့။ ဒယ်ဒီရဲ့သွေးတွေစီးဆင်းနေတဲ့ အားဟွေ့က အကပညာမှာ ပါရမီပါသလို နာမည်ကျော်ကြားနိုင်တဲ့ ရုပ်ရည်ချောမောမှုလည်းရှိတာမို့ ဒယ်ဒီက သူ့ကို ငယ်စဉ်ကတည်းက မြေတောင်မြောက်ပေးခဲ့တယ်။
အားဟွေ့ အထက်တန်းပြီးတဲ့အခါ အားဟွေ့ဖြစ်ချင်တဲ့ ဝါသနာလမ်းကြောင်းကို ပံ့ပိုးပေးဖို့လည်း ဒယ်ဒီက အဆင်သင့်ဖြစ်နေခဲ့ပြီ။
ဒီနေ့ အားဟွေ့က Sean Fashionနှင့်စာချုပ်ချုပ်ဆိုရမည့်နေ့ ဖြစ်တယ်။ ဒယ်ဒီက သူ့အသင်းသားတွေ ပွဲဦးထွက်ရမယ့်ကိစ္စအတွက်နှင့် ရှန်ဟိုင်းကို ခဏသွားရတယ်။ အားဟွေ့ရဲ့အုပ်ထိန်းသူအဖြစ် အဒေါ်ဝမ်းကွဲဝမ်ချင့်ကို ခေါ်လာခဲ့တယ်။
"မင်္ဂလာပါ.. ကျွန်တော်က Sean Fashionရဲ့ CEO ရှောင်းကျန့်ပါ"
ဝမ့်ချင်က ရှောင်းကျန့်ကိုတွေ့တဲ့အခါ အံ့ဩနေတဲ့သူ့မျက်ဝန်းတွေကို မဖုံးကွယ်နိုင်ဘူး။ ရှောင်းကျန့်ရဲ့မျက်နှာကို ခဏတာငေးမောနေမိသွားတယ်။ အားဟွေ့က သူ့အဒေါ်ရဲ့အဖြစ်သည်းနေပုံကို ခေါင်းရမ်းတယ်။ အဆင်လေးတွေဆို ကြွေတက်တာမှန်းသိပေမယ့် သူ့ CEO ဖြစ်လာမယ့်သူကို သူ့အုပ်ထိန်းသူအနေနှင့် အခုလိုဘူးထနေတာတော့ ကြည့်မကောင်းဘူး။
"ချင်ချင်... ဘယ်လိုဖြစ်လို့ အဲ့လောက်ငေးနေရတာလဲ"
အားဟွေ့က ဝမ်ချင့်ကို တတောင်နှင့်တွတ်လို့ သတိပေးတယ်။ ဝမ်ချင်က ခေါင်းကိုအသာခါရမ်းလို့ သတိပြန်သွင်းတယ်။ လောကကြီးက ဘယ်လိုတွေဖြစ်လာတာလဲ။ ရှေ့ဆက် ဘာတွေဖြစ်လာမှာလဲ။
"မင်္ဂလာပါ ကျွန်မက ဝမ်ချင်ပါ။ အားဟွေ့လေးရဲ့ အဒေါ်ပါ"
အဲ့ဒီနေ့က စာချုပ်ကိစ္စက အောင်မြင်စွာနှင့် ဆွေးနွေးလို့ ပြီးသွားခဲ့တယ်။ အသယ့်ဆယ့်သုံးနှစ်သာရှိသေးတဲ့ အားဟွေ့အတွက် စာချုပ်ပါစည်းမျဉ်းတွေက အဆင်ပြေအောင် အတော်ကို ညှိနှိုငိးဆွေးနွေးရတယ်။ နာမည်ကြီး brandဖြစ်လို့ စာချုပ်ချုပ်ဆိုခဟာလည်း အင်မတန်မှ ဈေးမြောက်တယ်။ ဝမ်ချင်ဟာ နာမည်ကြီး brandနှင့် စာချုပ်ချုပ်ဆိုခဲ့တဲ့ သူ့တူမလေးအတွက် သိပ်ကိုဂုဏ်ယူနေမိတယ်။
ပြီးတော့ သူတွေးနေမိတယ်။ သိပ်ကိုလှတဲ့ အမျိုးသားတစ်ယောက်အကြောင်း သူကောင်းကောင်းမှတ်မိနေတာပေါ့..
ဝမ်ချင်ဟာ စာချုပ်ချုပ်ပြီးအပြန် သူ့အမေရှိတဲ့ ဆေးရုံကို ဝင်လာခဲ့တယ်။
အမေဟာ အစာအိမ်ကင်ဆာနောက်ဆုံးအဆင့်ဖြစ်တယ်။ သူ့ဘဝရဲ့နောက်ဆုံးနေ့ရက်တွေကို လက်ချိုးရေ စောင့်နေသူလည်းဖြစ်တယ်။
"အားဟွေ့လေး အဆင်ပြေခဲ့လား"
အမေက တိုးဖျော့သောအသံနှင့် ဝမ်ချင်ကို မေးလာတယ်။ ဝမ်ချင်က အသာအယာခေါင်းညိတ်တယ်။ ပြီးတော့ အမေရဲ့လက်ကလေးကို အသာဆုပ်ကိုင်ပြီး အမေရဲ့အရောင်ဖျော့နေတဲ့မျက်ဝန်းတွေကို ကြည့်တယ်။
"အမေ... သူ့ကို သမီးတွေ့ခဲ့တယ်"
"ဘယ်သူလဲ..."
~~~~~~~~~~~~~~~~~~~~
Green Max Studio ... အစိမ်းရောင်နှင့်အနက်ရောင်ရောနေတဲ့ Grapic စာလုံးအကြီဒကြီးတွေရေးထားတဲ့ ဆိုင်းပုဒ်ကြီးကို အားကွေ့ ရပ်ကြည့်နေမိတယ်။ ဒီအဆောက်အဦးရှေ့မှာ သူရပ်နေတာကြာပြီ။
ဒါဟာ သူအကသင်တန်းတက်ဖို့ ဒုတိယအကြိမ်ကြိုးစားကြည့်တာဖြစ်တယ်။
ပထမအကြိမ်က သူ့အသက်ရှစ်နှစ်မှာ ဖြစ်တယ်။ အဲ့ဒီအခါတုန်းက TVကလွှင့်တဲ့ Street Danceအစီအစဉ်ကိုကြည့်ပြီး သူကချင်လာတယ်။ ပါပါးက်ု တောင်းဆိုတဲ့အခါ ပါးပါးကပြောတယ်။
"အဲ့လိုကတာက ကောင်းပါတယ်။ အဲ့လိုအကသင်တန်းတက်တာထက် ဘဲလေးအကသင်တန်းတက်တာ ပိုကောင်းတာပေါ့... နူးညံ့ပြီး ခန္ဓာကိုယ်ပိုပျော့ပျောင်းတယ်လေ မိန်းကလေးလည်း ဆန်တယ်..."
ကြည့်ရတာ ပါပါးက Hip Hop Danceကို မသင်ယူစေချင်သလိုပါပဲ။ ဒါနဲ့ပဲ သူဘဲလေးအကကို သင်ဖူးတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်တဲ့အထိ သူဆက်မကြိုးစားခဲ့ဘူး။
အခု သူ Hip Hop Danceကို သင်ယူချင်တယ်။ ပါပါးဆီက ခွင့်ပြုချက်မတောင်းရသေးပေမယ့် သူကြိုးစားကြည့်ချင်တယ်။ Green Max Studioက ဒီနိုင်ငံမှာ အတော်နာမည်ကြီးတဲ့ Studioတစ်ခုဖြစ်တယ်။ မြို့တိုင်းမှာ Studioအခွဲတွေရှိပြီး ချုံချင်းမှာက ပင်မရုံးချုပ်ရှိတယ်။
သူဆုံးဖြတ်ချက်ချလိုက်ပြီး အထဲကို ဝင်လာခဲ့တယ်။
"မင်္ဂလာပါ... Green Max Studioက ကြိုဆိုပါတယ်"
"သင်တန်းတက်ဖို့ စာရင်းသွင်းချင်လို့ပါ"
"ဟုတ်ကဲ့ပါ.. ဘယ်အမျိုးအစားကို သင်ယူချင်ပါသလဲ"
ကောင်တာက ဧည့်ကြိုအစ်မကြီးက ဘယ်အမျိုးအစားတွေသင်ယူမလဲနှင့် အတန်းချိန်တွေကို သေချာရှင်းပြပေးတယ်။ အားကွေ့က ခေါင်းညိတ်လို့ ဧည့်ကြိုအစ်မကြီးကို ရှင်းလင်းစွာ ပြောပြလိုက်တယ်။
"Hip Hop သင်မှာပါ။ Individual Classကို ယူမှာပါ... အချိန်ကတော့ ညနေအချိန်ယူချင်တယ်။ ပြီးတော့ CEOဝမ်ရိပေါိနှင့်ပဲ သင်ချင်တယ်"
ဧည့်ကြိုကောင်မလေးက အပြုံးလေးနှင့် ထပ်မံရှင်းပြတယ်။
"အစ်မတို့ CEO ဝမ်က Entertainment Trainee တွေကိုပဲ သင်ကြားပေးတာပါ...Basic Classတွေအတွက် နာမည်ကြီးဆုတံဆိပ်တွေရထားတဲ့ အကနည်းပြတွေက သင်ပေးပါတယ်။ Hip Hop Classဆိုရင် Street Dance of China မှာပါဝင်ထားတဲ့ အကနည်းပြ BouBooက သင်ကြားပေးမှာပါ..."
"CEO ဝမ်ရိပေါ်နဲ့ပဲ သင်ချင်တာ"
ဧည့်ကြိုလေးလည်း ခေါင်းနည်းနည်းကိုက်သွားတယ်။ ကောင်မလေးကြည့်ရတာ အလယ်တန်းကျောင်းသူလောက်ပဲရှိသေးတာ၊ စကားပြောပုံကအစ အေးစက်စက်နှင့် အရမ်းကိုပြတ်သားလွန်းတယ်။ သူ့ကိုကြည့်နေတဲ့အကြည့်တွေများ စူးရှလွန်းလို့ သူတို့ CEO ဝမ်နှင့တောင် အထင်မှားမိတယ်။
"ဟိုလေ ညီမလေး.. CEO ဝမ်က ချုံချင်းမှာ အမြဲမရှိဘူး။ စာချုပ်ချုပ်ထားတဲ့ entertainment တွေဆီ အမြဲသွားနေရတော့ သင်ကြားရေးအပိုင်းကို လက်ထောက်တွေကိုပဲ လွှဲပေးထားတာ...
ဒါကြောင့်ပါနော်"
"ဒါဆို CEO ဝမ်နှင့် ကျွန်မလည်း စာချုပ်ချုပ်မယ်လေ... သူအားတဲ့အချိန် ကျွန်မကို သင်ပေးလို့မရဘူးလား"
Advertisement
ဟိုတစ်နေ့က သူတို့ Hotel ရဲ့ခေါင်မိုးထပ်က သူ့ကိုဆရာလုပ်သွားတဲ့ဦးလေးကြီးက CEO ဝမ်ဆိုတာ Dance Studioအကြောင်းတွေရှာဖွေရင်း အမှတ်မထင်သိခဲ့လိုက်ရတယ်။ သူမွေးထုတ်ပေးလိုက်တဲ့ သင်တန်းသားမှန်သမျှ အောင်မြင်သွားကြတယ်။ အားကွေ့ကတော့ အောင်မြင်ကျော်ကြားမှုကို မလိုပါဘူး၊ အဓိကက CEO ဝမ်ရဲ့ အရည်အချင်းကို သဘောကျတာဖြစ်တယ်။ ပြီးတော့ အဲ့ဒီနေ့က CEO ဝမ်က သူ့ကို အထင်ကြီးတဲ့မျက်ဝန်းတွေနှင့် ကြည့်ခဲ့တယ်။ သူ အဲ့ဒါကို သိပ်သဘောကျတယ်။
"အယ် အဲ့ဒါကတော့"
"Entertainment တွေနှင့် စာချုပ်ချုပ်သလို ကျွန်မနှင့် စာချုပ်ချုပ်ပေါ့... "
ဧည့်ကြိုကောင်မလေးက ရယ်မိတယ်။ အလယ်တန်းကျောင်းသူတစ်ယောက်က စာချုပ်ချုပ်ဆိုခကို ဘာထင်မှတ်နေလဲမသိဘူး။ ခေါင်းကိုအသာရမ်းလို့ ပျက်ရယ်ပြုတယ်။
"ဒီမှာ ကလေး.. CEO ဝမ်ရဲ့ နည်းပြခက သိပ်ကိုဈေးကြီးတယ်။ အလယ်တန်းကျောင်းသူတစ်ယောက်က ဘယ်လောက်တက်နိုင်မှာမို့လဲ.. အဟက်"
ဧည့်ကြိုအစ်မကြီးပျက်ရယ်ပြုတာကို အားကွေ့က အလိုမကျဘူး။ ဒေါသလည်း အနည်းငယ်ထွက်သွားခဲ့တယ်။ အားကွေ့ဟာ ဧည့်ကြိုကို ပြန်ပြောဖို့ပြင်လိုက်တယ်။
"ရိုင်းတယ်..."
"CEO ဝမ်... မင်္ဂလာပါ CEO ဝမ်"
ဧည့်ကြိုက ပျာပျာသလဲ ရုတ်တရက်ရောက်လာတဲ့ ဝမ်ရိပေါ်ကို နှုတ်ဆက်တယ်။ ဝမ်ရိပေါ်က မျက်နှာထားတည်တင်းစွာနှင့် ဧည့်ကြိုကို ဆုံးမတယ်။
"ရိုင်းတယ်၊ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ကိုယ့်သင်တန်းမှာ ပညာလာယူတဲ့သူကို ပျက်ရယ်မပြုသင့်ဘူး။ ဒီကလေးကို တောင်းပန်လိုက်ပါ"
"ဟုတ်ကဲ့ပါ CEOဝမ်၊ ညီမလေးအပေါ် ရိုင်းပြမိတဲ့အတွက် တောင်းပန်ပါတယ်"
ဝမ်ရိပေါ်ရဲ့စကားကြောင့် ဧည့်ကြိုဟာ ချက်ချင်းပဲ ဦးညွှတ်လို့ အားကွေ့ကို တရိုတသေတောင်းပန်တယ်။ အားကွေ့ဟာ ကျေနပ်စွာနှင့်ပင် ပြုံးမိသွားတယ်။ ဝမ်ရိပေါ်ကိုကြည့်လိုက်တဲ့အခါ ဝမ်ရိပေါ်က အပြုံးလေးနှင့် ဆီးကြိုနေတယ်။
"CEO ဝမ်နှင့် စာချုပ်ချုပ်ဆိုဖို့ ဧည့်ခန်းထဲကို ကြွရောက်ပေးပါ"
ဝမ်ရိပေါ်က အားကွေ့ကို သူ့ရုံးခန်းထဲကို ဖိတ်ခေါ်တယ်။ သူတို့နှစ်ယောက်ထွက်သွားတော့မှ ဧည့်ကြိုကောင်မလေးက ရင်ဘတ်ကိုဖိလို့ အမောဖြေတယ်။
မသိရင် ခုနက ကောင်မလေးနှင့် CEO ဝမ်က သားအဖတွေအတိုင်းပဲ မျက်နှာထားတွေက ကျောချမ်းစရာကောင်းလောက်အောင် တည်တင်းနေတယ်။ တစ်ခုတော့ရှိတယ်၊ သူတို့နှစ်ယောက်လုံးမှာ ချောမောလှပတဲ့မျက်နှာတွေ ရှိကြတယ်။
"မင်္ဂလာပါ ကျွန်မက ရှောင်းကွေ့ပါ၊ အမှတ် ၁၈မှာ အလယ်တန်းနောက်ဆုံးနှစ်တက်နေတာပါ"
"အမှတ် ၁၈ မှာတက်တာလား။ တစ်ခါမှဝမတွေ့ဖူးသလိုပဲ"
အမှတ် ၁၈ ကျောင်းက သူ့သမီးအပါအဝင် ကလေးတွေကို သူနည်းပြလုပ်ပေးခဲ့ဖူးတယ်။ ဒီကလေးကိုတော့ သူမသိ။
"ကျောင်းသူသစ်ပါ... ပြောင်းလာတာမကြာသေးဘူး"
ထိုအခါမှ အားဟွေ့ပြောဖူးတဲ့ အချ်ုးမပြေတဲ့ မာနကြီးသူ ကျောင်းသူသစ်လေးဆိုတာကို သတိရသွားတယ်။ တိုက်ဆိုင်တာမို့ ဝမ်ရိပေါ် ပြုံးလိုက်မိတယ်။
"ဟုတ်ပါပြီ။ ငါမင်းကို သင်ပေးပါမယ် စာချုပ်ချုပ်ဖို့တော့ မလိုပါဘူး...
ရိုးရိုးသင်တန်းကြေးပဲ ပေးဖို့လိုပါမယ်"
"ကျွန်မက Individual Classပဲတက်မှာ... Hip Hopသင်မှာပါ"
"အင်း... မင်းသင်ချင်တဲ့ ဘာသာရပ်ကို သင်ပေးပါမယ်။ အရင်က အကသင်ဖူးလား"
"ဟင့်အင်း မသင်ဖူးဘူး"
ဖြစ်နိုင်ရဲ့လားလို့ ဝမ်ရိပေါ်တွေးမ်တယ်။ ဟိုတစ်နေ့က ကတာများ သေချာင်ယူထားသလိုပဲ။
"ဟိုတစ်နေ့က..."
"Youtubeက Videoကြည့်ပြီး ကထားတာ"
"အော်... ကောင်းပါပြီ။ မသင်ဖူးသေးဘူးဆိုတော့ Basicကနေပဲ စသွားတာပေါ့
ပြီးတော့ ဆရာက အမြဲဒီမှာမရှိဘူး။ အလုပ်တော်တော်များများက ပေကျင်းနှင့် ရှန်ဟိုင်းမှာပဲ... ဆိုတော့ နည်းပြ Boubooနှင့် အခြေခံေလ့လာလိုက်ပါ။
ဆရာလည်း ရံဖန်ရံခါ သင်ပေးပါမယ်..
Ok လား"
အားကွေ့ဟာ အနည်းငယ်စဉ်းစားတယ်။ ပြီးတော့ အသာအယာခေါင်းညိတ်တယ်။ ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေကို စူးစူးစိုက်စိုက်ကြည့်တယ်။
"ဟုတ်ကဲ့ပါ ဆရာ.. ဆရာ့ဆီမှာ တတ်မြောက်တဲ့အထိ တကယ်သင်ချင်ပါတယ်"
~~~~~~~~~~~~~~~~~~~~~
အားကွေ့ဟာ သူကြိုက်တဲ့အမဲသားနှပ်ကို တို့တိတို့တိစားနေတယ်။ သူတို့အိမ်မှာ ဟင်းချက်ရင် အချိုနှင့် အစပ် နှစ်ခွက်ချက်ရတယ်။ ရှောင်းကျန့်က အစပ်ကြိုက်ပြီး အားကွေ့က အစပ်မစားနိုင်။
ရှောင်းကျန့်ဟာ သူ့သမီး အစာနည်းနေတာကြည့်ပြီး ဘဝင်မကျ။ အားကွေ့ရဲ့ပန်းကန်ထဲကို အမဲသားတုံးကို ကတ်ကြေးနှင့်ဖြတ်ကိုက်လို့ ထည့်ပေးလိုက်တယ်။
"ဘာလို့ အစာနည်းနေတာလဲ။ မကြိုက်ဘူးလား... ဒီနေ့ ပါပါးကိုယ်တိုင် ချက်ထားတာပါ"
"စားကောင်းပါတယ်၊ ကျောင်းကနေ ဟမ်ဘာဂါစားလာလို့ ဗိုက်တင်းနေတာ"
"fast foodတွေစားရင် ဝိတ်တက်မယ်နော်"
ဆလပ်ရွက်သုပ်ကို မြိန်ရေရှက်ရေစားပြနေတဲ့ ပါးပါးကိုကြည့်ပြီး အားကွေ့ ရယ်မိတယ်။ သူ့အဖေက သိပ်ကို ဝိတ်ထိန်းတယ်။ လေ့ကျင့်ခန်းလုပ်ရတာပျင်းတဲ့ ပါးပါးက ခန္ဓာကိုယ်ဝိတ်ကို အတက်မခံဘဲ Diet အမြဲလုပ်တယ်။ သူကတော့ စားချင်တာစားပြီး လေ့ကျင့်ခန်းလုပ်ရတာ ပိုနှစ်သက်တယ်။
"အော် ဒါနဲ့ သမီးကို ပြောရဦးမယ်။ သမီးတို့ကျောင်းက ဝမ်ဟွေ့ဟွေ့ကို သိလား"
ဝမ်ဟွေ့ဟွေ့၊ အားကွေ့ စဉ်းစားလိုက်တယ်။ သူကျောင်းစတက်တဲ့နေ့တုန်းက လီရင်မိတ်ဆက်ပေးတဲ့ အပြုံးချ်ုချိုလေးနှင့် ကျောင်းသူဖြစ်မယ်။ သူတို့နှစ်ယောက်က အခန်းမတူတာမို့ အဲ့နေ့ကစ မတွေ့ဖြစ်၊ တစ်ခါတစ်လေ စားသောက်တန်းမှာတွေ့ပေမယ့် ဝမ်ဟွေ့ဟွေ့က သူ့ကို မနှုတ်ဆက်။
အမှန်တော့ သူက အဖော်မက်ပါတယ်၊ ဝမ်ဟွေ့ဟွေ့လို အပြုံးချိုပြီး ချစ်ဖို့ကောင်းတဲ့သူနှင့် ခင်မင်ချင်တယ်။ ဒါပေမယ့် သူက အပြောအဆိုမတက်သလို ဆက်ဆံရေးညံ့တယ်။
Advertisement
"အားကွေ့.. သိလား သူ့ကို"
"အင်း ကြားဖူးပါတယ်၊ သမီးနှင့် တစ်ခါစကားပြောဖူးတယ်။ အခန်းမတူဘူးလေ..."
"အင်း... သူ့ကို ဒီတစ်ခါထွက်မယ့် Collectionမှာ Modelအနေနဲ့ထားဖို့ စာချုပ်ချုပ်ထားတယ်"
"ဟင်..."
"ဟုတ်တယ် ပါးပါးမပြောဖြစ်တာ၊ ဟိုတစ်ခေါက်က shoppingထွက်တော့ တွေ့တာလေ။ သမီးအတွက် ရေမွှေးကို သူရွေးပေးတာ သူက ဖက်ရှင်အမြင်ကျယ်တယ်..."
"အင်း..."
အဲ့ဒါတော့ဟုတ်တယ်။ ဝမ်ဟွေ့ဟွေ့ကို တွေ့လိုက်တိုင်း ဖက်ရှင်ကျပြီး လှတယ်လို့ ခံစားရတယ်။ သူက ဖက်ရှင်ဒီဇိုင်နာရဲ့သမီးဖြစ်နေပေမယ့် တီရှပ်အပွတွေဝတ်ရတာကို ပိုနှစ်သက်တယ်။
"ကောင်းပါတယ် သူက ချစ်ဖို့ကောင်းတယ်... လိုက်ဖက်အောင်လည်း ဝတ်တက်တယ်"
ရှောင်းကျန့်က အံ့ဩမိသွားတယ်။ သူ့သမီး အားကွေ့က တခြားသူတစ်ယောက်ကို ချီးကျူးတာ ရှားတယ်။ ပြီးတော့ သူနှင့်ရွယ်တူမိန်းကလေးကို ချီးကျူးတာမို့ သူပိုအံ့ဩမိသွားတယ်။
"သမီးက အားဟွေ့ကို သဘောကျတယ်လား"
"ဟုတ်... သူက ချစ်ဖို့ကောင်းတယ်လေ"
အားကွေ့ တကယ်ပြောတာ၊ သူ့အနေနှင့် သူစိမ်းတစ်ယောက်ကို သဘောကျဖို့ ခဲယဉ်းလွန်းတယ်။ အမြဲလိုလို တက်ကြွနေပြီး အပြုံးချိုတဲ့ အားဟွေ့က ချစ်ဖို့ကောင်းတယ်လို့ သူခံစားမိတယ်။
"သူ့ကို သဘောကျရင် ပါးပါး မိတ်ဆက်ပေးမယ်လေ... ဒီတစ်ခေါက်ပိတ်ရက်ကျ သူ့ကို ကိုယ်တိုင်းယူရမှာ"
"ဟုတ်"
သူ့သမီးလေးက သဘောကျတော့ ရှောင်းကျန့်က အားဟွေ့နှင့်အားကွေ့ကို သူငယ်ချင်းဖြစ်စေချင်တယ်။ နှစ်ယောက်လုံးက ချစ်စရာကောင်းတဲ့မျက်နှာလေးတွေပိုင်ဆိုင်ထားတာမို့ နှစ်ယောက်သား အတွဲညီရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။
"ပါးပါး... သမီးပြောစရာရှိတယ်"
"အင်း ပြောလေ"
"သမီး Hip Hop Danceသင်မလို့..."
"ဟင်..."
"Green Max Studioမှာ စာရင်းသွင်းထားတယ်။ အားလပ်ရက်မှပါ... သမီးစာသေချာလုပ်မှာပါ"
ရှောင်းကျန့် တိတ်ဆိတ်မိသွားတယ်။ သမီးက HipHop Danceသင်ချင်တယ်။ ဒါက ဒုတိယအကြိမ်ခွင့်တောင်းလာတာဖြစ်တယ်။ သူပြုံးမိသွားတယ်။ ပြီးတော့ ရင်ထဲမှာလည်း တစ်မျိုးကြီး ခံစားမိသွားတယ်။
သူ့သမီးလေးက အကသင်ချင်လာတယ်။ သူက ခွင့်မပြုချင်ဘူး။ သူခွင့်ပြုဖို့ မရဲဘူး။ သူ အောက်နှုတ်ခမ်းလေးကိုဖိကိုက်လို့ ခေတ္တငြိမ်သက်နေမိတယ်။
"Green Max Studioက နာမည်ကြီးပါ၊ ပြီးတော့ သမီးက ဝါသနာအရသင်တာပါ။ အပျော်ပေါ့... သမီး ကရတာကို အရမ်းသဘောကျလို့.. "
"သမီး ကရတာကို အရမ်းသဘောကျလို့"တဲ့လား။ ရှောင်းကျန့်ဟာ ရင်ထဲကဆို့တက်လာတဲ့ ပင်ပန်းတဲ့ခံစားချက်ကြီးကို သည်းခံရင်း ထပ်မံပြုံးလိုက်တယ်။
"အင်းလေ.. သမီးသဘောကျရင် သင်ပေါ့...
ဒါပေမယ့် professionအနေနဲ့တော့ မရွေးချယ်ရဘူး။ သမီးဟာ XPalaceနှင့် Sean Fashionရဲ့ တစ်ဦးတည်းသော ဆက်ခံသူဆိုတာ သိတယ်မလား"
"ဟုတ် ပါးပါး... သမီးလည်း အကသင်တာ ဝါသနာအရပါ။ ကျော်ကြားဖို့ စိတ်မဝင်စားပါဘူး"
"အင်းပါ ကတာကတော့ သွေးလည်ပတ်မှုကောင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်တာပေါ့"
အားကွေ့ သိပါတယ်။ အကသင်တာကို ပါးပါးမကြိုက်ဘူးဆိုတာကို။ ဒါပေမယ့် သူ့ဆယ်ကျော်သက်ဘဝမှာ ဝါသနာပါရာကို သူကြိုးစားကြည့်ချင်ရုံပါ..
အခုတော့ ပါးပါးက ခွင့်ပြုပေးလိုက်ပြီမို့ သူရဲ့အပျော်တွေက တကယ်ပြည့်စုံသွားခဲ့ပါပြီ။
~~~~~~~~~~~~~~~~~~~
"လှတယ်... အဲ့လိုလေးနေနော် ခါးလေးထောက်လိုက်"
ဒီနေ့ အားဟွေ့ရဲ့ကိုယ်တိုင်းယူရမှာဆိုပေမယ့် တစ်လက်စတည်း အရင်နှစ် collectionတွေတုန်းက ဝတ်စုံတွေကို အားဟွေ့ကို ဝတ်ပေးပြီး ပုံတွေရိုက်ကူးခဲ့တယ်။ Photo Shooting လုပ်တာ အားဟွေ့အတွက် ပထမအကြိမ်ဆိုသော်ငြားလည်း အားဟွေ့က အတွေ့အကြုံရှိတဲ့ modelတစ်ယောက်အလား photo shootကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်တယ်။
မီးအလင်းအမှောင်ထိုးလို့ ကင်မရာရိုက်သံတဖြတ်ဖြတ်ကြား အရုပ်မလေးသဖွယ် လှပနေတဲ့ အားဟွေ့ကိုကြည့်ပြီး အားကွေ့ စိတ်ဝင်တစားရှိနေလှတယ်။ ရှောင်းကျန့်က အားကွေ့ရဲ့ သူတစ်ပါးအပေါ် စိတ်ဝင်တစားရှိနေပုံကိုကြည့်ပြီး သဘောကျနေမိပြန်တယ်။
နားချိန်ခဏပေးတဲ့အခါ အားဟွေ့က ရှောင်းကျန့်တို့ထံ ချစ်စဖွယ်လေးပြေးလာတယ်။
"အားဟွေ့လေးက သိပ်တော်တာပဲ.. အတွေ့အကြုံမရှိပေမယ့် တကယ့်ဝါရင့်တွေလိုပဲ"
အားဟွေ့က ချစ်စဖွယ်လေး ပြုံးလိုက်တယ်။
"သူက ရှောင်းကွေ့လေ သမီးတို့ သိကြတယ်မလား"
"ဟုတ်... နိဟောင်နော်"
အားဟွေ့က အရင်နှုတ်ဆက်တော့ အားကွေ့က ပြန်နှုတ်ဆက်တယ်။
"နိေဟာင်..."
"သမီးတို့က ရွယ်တူတွေပဲ ကျောင်းမှာ အချင်းချင်းကူညီပေးကြရမယ်နော်"
"ဟုတ်..."
"ပါးပါး ပုံတွေတစ်ချက်ကြည့်လိုက်ဦးမယ်၊ သမီးတို့ စကားအရင်ပြောနှင့်ကြနော်"
ရှောင်းကျန့်ကထွက်သွားတော့ အားဟွေ့နှငိ့ အားကွေ့က နှစ်ဦးတည်းကျန်ခဲ့ရာ တိတ်ဆိတ်သွားတယ်။ အားဟွေ့က အားကွေ့ရဲ့ပုံစံကို သိပ်သဘောမကျပေမယ့် သူကပင် စကားစပြောလိုက်တယ်။
"ရိုက်ကွင်းကို လိုက်လာတာလား"
"အင်း..."
"နင်ရော ဖက်ရှင်ပိုင်းကို စိတ်ဝင်စားတာလား"
"စိတ်ဝင်စားပါတယ်.. "
"အော်... ငါရောပဲ စိတ်ဝင်စားတယ်လေ။ ဒါနဲ့ ဟိုတစ်ခေါက်က ငါရွေးပေးလိုက်တဲ့ ရေမွှေးလေးကြိုက်လား "
"အင်း... ငါ့အကြိုက်ပဲ။ နင်က အဲ့လိုနေရာတွေမှာ တော်တယ်နော်"
အေးစက်စက်စကားဝိုင်းလေးကနေ တဖြေးဖြေးနွေးထွေးလာတဲ့အခါ အားကွေ့က မာနသိပ်မကြီးလှပါဘူးလို့ အားဟွေ့ ခံစားလာရတယ်။
သူတို့နှစ်ဦး စကားစမြည်ပြောနေတာကို Camera Manနှင့် ရှောင်းကျန့် ကြည့်နေမိတယ်။ နှစ်ဦးသားက သွေးမတော်သားမစပ်ပေမယ့် ရွယ်တူလေးတွေမို့လားမသိ၊ ရုပ်ချင်းဆင်တူပြီး ခန္ဓာကိုယ်အချိုးအစားက တူညီတယ်လို့ ခံစားရတယ်။
အနုပညာခံစားချက်အရ မတိုင်ပင်ပါဘဲ Camera Manနှင့် ရှောင်းကျန့်ဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်လို့ ပြုံးလိုက်ကြတယ်။
"ဟုတ်ပြီ၊ နှစ်ယောက်သား ကျောခိုင်းထားမယ်။
အင်း အားကွေ့က ထိုင်လိုက်၊ အားဟွေ့က မတ်တပ်ရပ်ပြီး အားကွေ့ရဲ့ပုခုံးပေါ် လက်တင်"
ရှောင်းကျန့်ဟာ ကလေးနှစ်ယောက်ရဲ့ photo shot ကိုကြည့်ပြီး သဘောတွေကျနေမိတယ်။ သူတို့နှစ်ယောက်က ညီအစ်မတွေအတိုင်းပဲ... မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီက ကွဲပြားပေမယ့် ခြုံငုံကြည့်တဲ့အခါ တူတယ်လို့ ခံစားမိ
တယ်။ ဒါဟာ ရှောင်းကျန့်တစ်ယောက်တည်းတင်မြင်တာမဟုတ်၊ ရိုက်ကွင်းကသူမှန်သမျှ အဲ့လိုခံစားရတာဖြစ်တယ်။
တိုက်ဆိုင်စွာပဲ နှစ်ဦးသားက opposite fashionနှင့် ကိုက်ညီတယ်။ အားကွေ့က Cool Fashionဆိုရင် အားဟွေ့က Cute Fashionပဲ။ ဒါကြောင့် တစ်လက်စတည်း ကလေးနှစ်ယောက်လုံးကို အမြန်ပြင်ဆင်လို့ photo shotခိုင်းလိုက်တယ်။
ပုံမှန်ဆို selfieတောင်သိပ်မရိုက်တက်တဲ့ အားကွေ့က ကင်မရာရှေ့မှာ အားဟွေ့နှင့် လိုက်ဖက်ညီစွာ modelအဖြစ် ရိုက်ကူးနေတယ်။
ရှောင်းကျန့်ကတော့ သူ့သမီးရဲ့ social skilk တိုးတတ်လာမှုကို သိပ်သဘောကျနေရတယ်။
"နိဟောင်... နိဟောင်ပါဗျ"
Studioထဲကို တစ်စုံတစ်ယောက်ဝင်လာတယ်။ ထိုလူဟာ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး တည်ကြည်ခန့်ညားတယ်။ ဆံပင်ကို တိုကပ်နေအောင်ညပ်ထားပြီး တီရှပ်မီးခိုရောင်အပွနှင့် ဂျင်းဘောင်းဘီအပွကို ဝတ်ထားတယ်။
ထိုချောမောခန့်ညားတဲ့လူရဲ့ အရှိန်အဝါဟာ ရ်ုက်ကွင်းထဲက မိန်းမပျိုတွေအားလုံး လည်ပြန်ငေးရတဲ့အထိ လွှမ်းမိုးကုန်တယ်။
ရှောင်းကျန့်ဟာ ရိုက်ကွင်းထဲကသူတွေအား နှုတ်ဆက်စကားဆိုနေတဲ့ ထိုလူကို ကြည့်လိုက်တယ်။
သူ့ရင်ထဲမှာ ရုတ်တရက် လေဆင်မုန်တိုင်းဝင်နှောက်လို့ ဗြောင်းဆန်သွားသလိုပဲ။ နှစ်အတော်အကြာငြိမ်သက်နေတဲ့ နှလုံးသားက တဒုန်းဒုန်းမြည်တဲ့အထိ ခုန်ပေါက်လာတယ်။ သူ့လက်ဖျားတွေဟာ အလိုအလျောက်အေးစက်လာပြီး သူ့တစ်ကိုယ်လုံး ကတုန်ကယင်ဖြစ်လာတယ်။
ရင်တုန်လာသလိုဖြစ်လာတာကြောင့် ရှောင်းကျန့်ဟာ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း စိတ်ငြိမ်ဖို့ နံပါတ်တွေကို တစ်ကနေပြန်စရေတွက်လိုက်တယ်။
"ဒယ်ဒီ... သမီး ဒီမှာ"
ဓာတ်ပုံအရိုက်ခံနေတဲ့ အားဟွေ့က ချောမော့ခန့်ညားတဲ့ထိုလူကို လက်ကိုဝေ့ရမ်းလို့ နှုတ်ဆက်နေတယ်။ ထိုလူက အေးဆေးတည်ငြိမ်တဲ့အပြုံးလေးနှင့် အားဟွေ့ကို ရယ်ပြတယ်။
အားဟွေ့ရဲ့ ဘေးနားမှာရှိနေတဲ့ အားကွေ့က အံ့ဩစွာနှင့် အားကွေ့ကို မေးတယ်။
"သူက နင့်အဖေလား..."
~~~~~~~~~~~~~~~~~~~~~~
Note>>>
Modern fiction တွေရေးတာ သိပ်မကျွမ်းလှပါဘူး။ စိတ်ကူးပေါက်တုန်း ထရေးလိုက်တာမို့ plot အတည်တကျမသတ်မှတ်ရသေးပါဘူး။
အပိုင်း ၁ ကတည်းက သဘောကျပေးကြလို့ ပျော်ရပါတယ်။
တစ်နေ့ တစ်ပိုင်း up ပေးနိုင်အောင် ကြိုးစားမှာမို့ နောက်အပိုင်းတွေ ဆက်ရေးဖြစ်အောင် commentလေးတွေ ချန်ထားပေးကြပါချင့်😚
ဘယ်သူက အားကွေ့??
ဘယ်သူက အားဟွေ့??
Zawgyi
2
"ဘယ်သူလဲ..."
~~~~~~~~~~~~~~~~~~~~
Advertisement
- In Serial150 Chapters
I Met The Male Lead In Prison
Okay. I get that I transmigrated into an R-19 tragic romantic novel, but why is he like this?
8 1172 - In Serial41 Chapters
Just Me and Spencer Reid ~ Spencer Reid Oneshots
because who doesn't love spencer reid?~ requests being taken! ~~ i don't write smut, it makes me very uncomfortable ~highest rankings :10 in #spencerreid1 in #spence
8 197 - In Serial6 Chapters
(Un)Luckiest Person On Earth?
His black hair falls on his face as he flips open his side bag. He puts his hand into the bag and pulls out a whitemask with a black 'I' on it. He smirks as he pulls it on, once he had put it on he murmured "Ine-Kenos"-----This is a story about a child named Nathan Young, and his journey through the magical side of his world.[A/N- Hello! this is a semi serious series about Nathan Young and Strange Earth! Anyways, I am going to try to write 1k each couple of day, also english is my second language so my english is going to be horrendous.]
8 148 - In Serial28 Chapters
The Demon Alpha (Stryders #1) - PUBLISHED
Meet the best Alpha ever, Lance Stryder. Are you tired of werewolf stories where the Alpha yells out "MINE" and practically kidnaps the main character? Are you tired of Alphas being too possessive and too jealous? Are you tired of seeing all the signs of an abusive relationship glamorized here on Wattpad? Are you tired of the way the main character is shy? Or is always abused and needs a man to help her? Are you tired because of plain life? Well look no further because this werewolf story is probably for you.**************************Overhearing a murder conspiracy between two Alphas, Ava is running for her life. Those Alphas want to kill her for it. That's when she runs into her mate, Lance Stryder. The Demon Alpha. She puts on a fake front of who she is, but can she trust her mate that everyone else seems to fear?Ava discovers things about herself she never knew, and her mate she didn't see coming.Highest ranking: #1 Romance #1 Alpha#1 Luna#1 Supernatural#1 Witches#2 Vampire#5 Werewolf#33 Humor
8 235 - In Serial12 Chapters
Edvin Ryding, Edvin Ryding
𝘉𝘦𝘤𝘢𝘶𝘴𝘦 𝘭𝘪𝘧𝘦 𝘪𝘴 𝘯𝘰𝘵𝘩𝘪𝘯𝘨 𝘣𝘶𝘵 𝘢 𝘴𝘦𝘳𝘪𝘦𝘴 𝘰𝘧 𝘰𝘥𝘥 𝘯𝘶𝘮𝘣𝘦𝘳𝘴.A missed flight. A small town. An upcoming actor. An empty coffee shop. What could possibly go wrong?
8 221 - In Serial96 Chapters
Chasing Bygones
Everything is universally repairable for DR IAN NATHANIEL COLE. With a little bit of push and a lot bit of support. Even when his own heart is broken and shattered at his feet, optimism is the last thing holding him together. But when he stumbles upon a beautiful young lady who is to be his new case of study, Ian is troubled by the inappropriate thoughts clouding his mind at the scent of her presence.MAEVE ADAMS holds secrets she doesn't fancy talking about, a past she is more than ready to move on from. But when she is put face to face with the only pleasant part of her troubled history; Ian, she knows she wouldn't be able to resist him any longer.He can't lose his control with her, she can't let him know about their shared past which only she remembers.Fighting against the obvious attraction sparking between them is so difficult when boundaries are trespassed and new desires bloom.But what will happen when the one truth, which can make or break them, is revealed?Hearts will crush. Secret will unravel.And bygones will no longer be bygones.____________________________________________∆∆∆~~ 𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐩𝐢𝐜𝐭𝐢𝐨𝐧 𝐨𝐟 𝐦𝐚𝐭𝐮𝐫𝐞 𝐭𝐡𝐞𝐦𝐞𝐬; 𝐬𝐞𝐱, 𝐬𝐞𝐥𝐟 𝐡𝐚𝐫𝐦 𝐚𝐧𝐝 𝐬𝐭𝐫𝐨𝐧𝐠 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞. 𝐏𝐥𝐞𝐚𝐬𝐞 𝐜𝐨𝐧𝐬𝐢𝐝𝐞𝐫 𝐛𝐞𝐟𝐨𝐫𝐞 𝐜𝐨𝐧𝐭𝐢𝐧𝐮𝐢𝐧𝐠 𝐭𝐨 𝐭𝐡𝐞 𝐬𝐭𝐨𝐫𝐲.
8 237

