《Our Bad Baby(Season-1 Completed)》💜 part 18 💜
Advertisement
Unicode
ခုံပေါ်က စာလေးကိုကြည့်ပြီး သူတို့လက်သီးကို တင်းတင်းဆုပ်ထားမိသည်....
မျက်ဝန်းအိမ်တို့မှာတော့ မီးတောင်အလား နီရဲနေ၍....
ဘာလို့လဲ....တိတိကျကျ ရေရေရာရာ မရှိတဲ့ အကြောင်းပြချက်နဲ့ သူတို့ကို ထားသွားခဲ့တာ ဘာလို့များလဲ....
သူတို့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေခဲ့ပြီလေ....
လူတွေကြားမှာ ဂုဏ်ယူရတဲ့သူတွေဖြစ်အောင် ကြိုးစားနေထိုင်နေပြီလေ....
သူတို့မှာ ဘာလိုအပ်ချက်တွေများ ရှိနေလို့ပါလဲ....
ဘာတဲ့....ကျွန်တော်မရှိရင် hyungတို့ပိုပျော်ရှွင်ရမှာပါတဲ့လား....
ဟင့်အင်း....ထိုကောင်လေးမရှိတဲ့နေရာမှာ တသက်လုံးမပြောနဲ့.... တစက္ကန့်တောင် မနေလိုပါ....
"ငါတို့ဒီတိုင်းထိုင်နေလို့တော့ မဖြစ်ဘူး....''
ရုတ်တရက်ပြောလိုက်တဲ့ namjoonကြောင့် seokjinကပါဝင်၍....
"လိုက်ရှာကြမလား....သူအဝေးကြီးကိုတော့ မရောက်လောက်သေးဘူး ထင်တယ်....''
"Nono....သူဘယ်သွားတယ်ဆိုတာ ကျွန်တော်တို့သေချာမသိပေမဲ့ သိတဲ့သူတွေတော့ ရှိတယ်....အဲ့တော့ အဲ့ဒီသိတဲ့သူတွေကိုပဲ သွားမေးတာကောင်းမယ်....''
Jungkookရဲ့စကားကြောင့် သူတို့မျက်မှောင်ကြုတ်လိုက်သည်....
"နားမလည်ဘူးလား....သူ့ကိုပို့ခဲ့တာ appaတို့လေ...အဲ့တော့ သူဘယ်သွားတယ်ဆိုတာ appaတို့ သိနိုင်မှာပဲ....''
ထိုအခါမှ သူတို့အားလုံး သဘောပေါက်ကာ သူတို့မသွားချင်ဆုံးသော အိမ်ဆိုသည့်နေရာကို ဦးတည်ရတော့သည်....
"Appaတို့ သိတယ်မဟုတ်လား....''
Seokjinမေးလိုက်တော့ Mr.Jungတို့သုံးယောက် တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြသည်....
"ဘာလဲ....yoonieက မပြောနဲ့လို့ ပြောထားခဲ့လို့လား....တောင်းပန်ပါတယ်ဗျာ...ကျွန်တော်တို့ဘဝမှာ သူ့ကို မရှိမဖြစ် လိုလို့ပါ....ကျေးဇူးပြုပြီး ပြောပြပေးလို့မရဘူးလား....''
စိတ်ရှုပ်ဟန်နဲ့ ခေါင်းကဆံပင်တွေကို ထိုးဖွကာ ပြောလာသော jiminကြောင့် Mt.parkက...
"Appaတို့တကယ်မသိတာသားငယ်....yoonieလေးက appaတို့ကိုလဲ ဘာမှပြောမသွားဘူး.....''
"ဟင်း....''
ထိုစဉ် သက်ပြင်းချလိုက်သူကတော့ Mr.jungပင်....
"ငါတားဖို့လုပ်ခဲ့ပါသေးတယ်....ဒါပေမဲ့ yoonieလေး စကားတွေက ငါ့ရင်ကို တော်တော်လေး မွန်းကျပ်စေတယ်...''
"သူက...သူကဘာပြောလ်ု့ိလဲ....''
သိလိုစိတ်ဖြင့်မေးလာသော hoseokအား Mt.jung မျက်လုံးလှန်ကြည့်လိုက်ကာ....
"မင်းအခုလိုတွေလုပ်နေတာ ပိုက်ဆံကြောင့်လားလို့ မင်းတို့ကလေးကို ပြောခဲ့ကြတယ်ဆို....''
"အဲ့...အဲ့ဒါက...''
ထိုစကားကြောင့် သူတို့ ဘာမှပြန်မပြောနိုင်ပါ...ထိုအချိန်က ဒေါသစိတ်ပဲ ရှိနေတာမို့ ပါးစပ်က လွှတ်ခနဲ ထွက်မိသွားခြင်း....
"အဲ့စကားကြောင့် yoonieက စိတ်မကောင်းဖြစ်နေခဲ့တာ....မင်းတို့အမြင်မှာသူက စိတ်မာတဲ့ ကောင်လေးဖြစ်ချင်ဖြစ်နိုင်တယ်....တကယ်တော့ သူကစိတ်အားအရမ်းငယ်တတ်တဲ့သူ....မိဘတွေမရှိတော့တာကို အခွင့်ကောင်းယူပြီး သူပိုင်ဆိုင်ရမဲ့ ပစ္စည်းဥစ္စာတွေကို အပိုင်းသိမ်းခဲ့တဲ့ သူ့အဒေါ်က ဘယ်လောက်ထိ ယုတ်မာလဲဆိုရင် သူ့ကို တခြားတယောက်ဆီ ရောင်းစားဖို့ထိ လုပ်ခဲ့တာ...အဲ့ဒါကြောင့် ငါကသူ့ကို ကျောင်းဆက်ထားပေးခဲ့တာပါ....''
အဖေဆိုသူပြောနေသော စကားတွေက သူတို့ရင်ကို မီးနဲ့လောင်မြိုက်နေသလို သိပ်ပူလောင်စေပါ၏....
တကယ်ပါ...သူတို့တကယ် ဘာမှမသိခဲ့ရပါ...ထိုအကြောင်းတွေသာ အစကတည်းကသိရင် သူတို့ကောင်ငယ်လေးအပေါ် နွေးနွေးထွေးထွေးလေး ဆက်ဆံပေးခဲ့မိမှာ....
"အဲ့ဒါကြောင့် သူကပြောတယ်....အထက်တန်းပြီးအောင်ထိ ထားပေးတာကို ကျေးဇူးတင်ပါတယ်တဲ့....Uniကိုတော့ သူ့ဘာသာပဲ ဝမ်းကျောင်းပြီး တက်တော့မှာမို့လို့ သူ့ကိုထွက်သွားခွင့်ပြုပါတဲ့လေ....ကဲပြော...ဒီကိစ္စမှာ ဘယ်သူလွန်သလဲဆိုတာ....''
မှားသွားပြီ..သူတို့အရမ်းကိုမှားသွားပြီဖြစ်သည်...ခေါင်းကို မြေကြီးထဲဝင်မတတ် ငုံ့ထားမိရင်း အသံတိတ် ငိုကြွေးနေခဲ့သည်...
"ကျွန်တော်ရအောင်ရှာမယ်...''
ခေါင်းငုံ့ရာကနေ ပြန်မော့ပြီး ခိုင်မာစွာပြောလာသူ jinမှာ မျက်ဝန်းတို့တွင်တော့ မျက်ရည်စများ ပြည့်နေလျက်....
"ကျွန်တော့်အတွက် သူလိုတယ်... ကျွန်တော်သူ့ကိုချစ်တယ် appa....''
"ဟမ်!!!!!"
Jinရဲ့စကားအဆုံး အားလုံးဆီမှ အာမေဍိတ်သံတို့ ထွက်လာရသည်...
"ကျွန်တော်လဲ yoonieကိုချစ်တယ်...''
သည်တခါဝင်ပြောလာသူကတော့ namjoonပင်....
"ကျွန်တော်လဲ yoonieကိုအရမ်းချစ်တယ်...သူ့ကိုလက်မလွှတ်နိုင်ဘူး....''
"ဟာ...မရဘူးနော်...သူ့ကို ကျွန်တော်အရင်ချစ်တာ...''
"ကျွန်တော်လဲချစ်တယ်လေ...''
"ဒါဆို ကျွန်တော်ကရော....''
တယောက်တပေါက်ထွက်လာတဲ့ အချစ်စကားကြီးများနောက်မှာ မျက်လုံးပြူးသွားရသူတို့ကတော့ သူတို့၏အဖေဖြစ်သူများပင်....
"ဘယ်လိုလုပ်မလဲ...yoonieကို EunWooကလဲ သဘောကျနေတာ....''
"ဗျာ!!!!!!"
.
.
.
.
.
Daeguမြို့ရဲ့ နှစ်သက်ဖို့ကောင်းတဲ့ နေရာလေးတွေကို လည်ပတ်ခဲ့ပြီးနောက် ရိုးရှင်းပြီး လေဝင်လေထွက်ကောင်းပုံရတဲ့ Cafeဆိုင်လေးကို တွေ့လိုက်ရတာမို့ သူဝင်ထိုင်ဖို့ ဆုံးဖြတ်လိုက်သည်....
ဒီလိုရိုးရှင်းတာမျိုးပဲ သဘောကျသူမို့ သူ့အတွက် ဒိီဆိုင်လေးကသာ အကောင်းဆုံးဖြစ်မည်ထင်သည်....
"ကြိုဆိုပါတယ်ခင်ဗျ....ဘာများသုံးဆောင်....အဲ...ဦး...ဦးငယ်....''
"ကလေး?!!!"
ရှေ့ကတွေ့လိုက်ရတဲ့ ယူနီဖောင်းနဲ့ ကလေးငယ်ကြောင့် သူ့မျက်ဝန်းတွေ ပြူးကျယ်ကုန်ရတော့သည်....
ကလေးငယ်က ဘယ်လိုဖြစ်ပြီး Daeguကို ရောက်နေပါလိမ့်....
💜💜💜💜💜💜💜💜💜💜💜💜
Hee...ဒီmovementလေးကို အရမ်းချစ်လို့.. ဒါ ဘယ်OTPရဲ့movementလဲဆိုတာ ဖြေခဲ့ကြပါနော်...မှန်ရင်အူးမွပေးပါ့မယ်😝....အူးမွမလိုချင်ရင်တော့ မှန်အောင်မဖြေနဲ့ပေါ့☹Love you all💜
💜💜💜💜💜💜💜💜💜💜💜💜
Zawgicode
Advertisement
ဘာတဲ့....ကျွန်တော်မရှိရင် hyungတို့ပိုပျော်ရွှင်ရမှာပါတဲ့လား....
"ဟင်း....''
"သူက...သူကဘာပြောလ်ို့လဲ....''
"အဲ့...အဲ့ဒါက...''
"ဟမ်!!!!!"
"ဒါဆို ကျွန်တော်ကရော....''
"ဗျာ!!!!!!"
.
.
.
.
.
ဒီလိုရိုးရှင်းတာမျိုးပဲ သဘောကျသူမို့ သူ့အတွက် ဒီဆိုင်လေးကသာ အကောင်းဆုံးဖြစ်မည်ထင်သည်....
"ကလေး?!!!"
💜💜💜💜💜💜💜💜💜💜💜💜
💜💜💜💜💜💜💜💜💜💜💜💜
Advertisement
- In Serial102 Chapters
Conquer the World
The World How much world do you know? What is the meaning of creating the world? The young scientist transfered to another world and successfully entered a vessel but he also encounter a problem! He must inform his success to his original world and then his job will be done.
8 101 - In Serial51 Chapters
The Coach's Daughter
In a town where the high school football team rules the school, Amelia is just another face in the crowd. Sure, her dad is the football coach but Amelia's idea of "Friday night lights" revolves around studying until lights are out. Trying to impress her father who only knows football and her mother's high expectations, Amelia puts her head down and tries her best to satisfy them. After accidentally ending up at a party one night (without her mother's permission of course), Amelia finds herself thrown into the world of the infuriatingly gorgeous yet arrogant Zack Darrington.Zack was never part of a crowd. He's king of the city: the best running back in the state- if not the entire country. Flirtatious, cocky, and a skilled player in all senses, Amelia is not the type of girl he typically surrounds himself with.Everyone knows Zack Darrington. No one knows Amelia Hayes. Football is his world while she wishes it wasn't a part of hers. At first glance, these two couldn't be more different but deep down, they may be more similar than they think.Highest Rankings:#1 in Fiction #10 in Teen Fiction#3 in Sports#10 in DramaBook 1 in THE COACH'S DAUGHTER trilogyCan be read as a standaloneBook 2 OUT NOW
8 88 - In Serial64 Chapters
Tiffany
Some demons yawn at human affairs and others are outright mischievous. And then there’s Tiffany. Out of goodness or maybe just when her interest is piqued, she occasionally interferes in the fate of some poor soul. She usually shows up as a dark-haired woman in her middle 30s. Her eyes are black and blazing and she radiates authority… The world is ours but the sky above has been mysteriously replaced by eye-bending Chaos. A storyteller stumbles onto a secret of the Planners and a fearless little girl named Jasmine explores secret tunnels that lead into the demon world.
8 201 - In Serial6 Chapters
Trollhunters: Journey To NewHeartstone! DISCONTINUED
it's set after the end of season 3.
8 142 - In Serial58 Chapters
The Alpha's Human Mate
Addison Avery's life has been completely flipped upside down when her mother announced that they would be moving from sunny Arizona to the small forest town of Midnight Creek hundreds of miles away. Ruthless alpha, Xavier Black has been searching for his mate for 2 years now and is starting to lose hope. What will happen to other Xavier and Addison meet? Will the two fall in love? Will Addison grow to love Midnight Creek and all that it comes with? Even when she finds herself thrown into a new world. A more detailed description inside. Highest rankings#3 in beta 08.22.21#4 in mate 08.23.21#1 in pack 08.24.21#1 in wolves 08.25.21#3 in supernatural 08.28.21#2 in Luna 08.29.21#1 in human 10.28.21#80 in love 11.05.21#5 in wolf 12.14.21
8 230 - In Serial22 Chapters
Peace keeper of music( Trolls world tour fanfiction)
Natalie and Nathan, the only humans living in the trolls world. Been found by king peppy when they were 4 years old and took them as his own children. Join this twins as they help poppy and her friends to stop Queen barb from collecting six strings and destroy music forever. They migh found love on their journey.
8 167

