《Our Bad Baby(Season-1 Completed)》💜 part 3 💜
Advertisement
Unicode
မနေ့က jiminရဲ့လောင်းကြေးဖြင့် yoongi၏ အခိုင်းကောင်းမှုကြောင့် တကိုယ်လုံးမလှုပ်ချင်ဘဲ နုံးနေပါသော်လည်း စောစောစီးစီး မွှေးလွန်းသော အနံ့တချို့က သတ်နေတာမို့ ဂွီခနဲ ဂွမ်ခနဲ မြည်နေသော ဗိုက်ကြောင့် သူတို့ခြောက်ယောက်လုံး မထချင်ဘဲ ထရလေပြီ.....
Seokjinတယောက် ခြောက်ကပ်နေသော လည်ချောင်းအား စိုစွတ်စေရန်အလို့ငှာ ရေခဲသေတ္တာထဲမှ ရေဘူးကို ယူသောက်နေစဉ်....
"Kim seokjinshi...ကျွန်တော့်ကို အဲ့ထဲက ရှာလကာရည်လေး ယူပေးပါဦး....''
မနေ့က မညှာမတာ ခိုင်းထားမှုအား ဒေါသအရှိန်မပြယ်သေးသည့်သူ့ကို ဒီမနက်မှာလည်း ထပ်ခိုင်းပြန်တာမို့ seokjinမျက်နှာလွဲခဲပစ်လုပ်ကာ ထွက်သွားဖို့ပြင်လိုက်သည်....
"ဟာ...ဘယ်လိုလူလဲဟ...အကူအညီတောင်းတာကို မပေးချင်ဘူး...လူစိတ်မရှိတဲ့ဟာကြီး....''
အနောက်ကနေထွက်လာသော အသံစူးစူးကြောင့် seokjinမျက်မှောင်ကြုတ်လိုက်သည်...ထို့နောက် yoongiဘက်ကို ပြန်လှည့်လိုက်ပြီး....
"မင်းဘယ်သူ့ကို ပြောတာလဲ....''
"ခင်ဗျားကိုလေ....''
"ဘာ!!ငါ့ကို...''
"ဟုတ်တယ်လေ...ရှာလကာရည်လေး ယူခိုင်းတာကို ချီးကျုံးခိုင်းတာကျလို့....''
ထပ်ပြီးပြောလာသော စကားမှာတော့ seokjin ဒေါသမထိန်းနိုင်တော့ဘဲ yoongiလည်ပင်းထက် လက်အစုံကို ရောက်စေလျက် ရေခဲသေတ္တာနဲ့ ဆွဲကပ်ပစ်လိုက်သည်....
"ကိုယ့်အဆင့်နဲ့ကိုယ်နေစမ်း!ငါတို့ကို လာမရှုပ်နဲ့...မင်းအသက်ပျောက်သွားမယ်....''
သူခပ်ကြိတ်ကြိတ်ပြောလိုက်တော့ yoongiက သူ့အား မော့ကြည့်လာသည်....
နီးကပ်နေတဲ့ မျက်နှာအနေအထားကြောင့် yoongiရဲ့ မျက်နှာကို seokjinအသေးစိတ် မြင်နေရသည်....
နဂိုထဲက ဖြူလွန်းသော အသားအရေရှိသူမို့ လည်ပင်းကို ဖျစ်ညှစ်ထားသည့်အခါ မျက်နှာနုနုက နီရဲလာသည်....
တွန့်ချိုးနေတဲ့ မျက်ခုံးတို့အောက်မှာတော့ သူ့အားမော့ကြည့်လာသည့် မျက်ဝန်းအိမ်ကျဉ်းကျဉ်း.....
ထို့နောက် ဖောင်းအိအိပါးနှစ်ဖက်...ဟတတဖြစ်နေသော ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းသားအစုံ.....
တင်းကျပ်စွာ ဖျစ်ညှစ်ထားသော Yoongiလည်တိုင်ထက်က Seokjin၏လက်အစုံမှာ တဖြည်းဖြည်း လျော့ရဲလာသည်...
တဒုန်းဒုန်း ခုန်မြည်နေသော ဘယ်ဘက်ရင်အုံကို seokjinညာဘက်လက်နဲ့ ဖိလိုက်မိသည်....
ထို့နောက် သူ့မျက်ဝန်းတို့ ဝိုင်းစက်လာပြီး ဧည့်ခန်းဘက်ကို ပြေးထွက်သွားတော့သည်....
"အဟွတ်...အဟွတ်....''
မီးဖိုခန်းထဲက yoongiမှာတော့ လိုနေပြီဖြစ်တဲ့ oxygenကို အလုအရက် ရှူနေရတော့သည်....
"Namjoon!!!namjoonရေ!!kim namjoon!!!''
ဧည့်ခန်းထဲမှာ အသံပြဲကြီးနဲ့ namjoonအား အော်ခေါ်နေသူကြောင့် အငယ်ကောင်ငါးယောက် အလန့်တကြား လှမ်းကြည့်လိုက်မိသည်....
"Hyung!ဘာဖြစ်တာလဲ!''
မိမိအား စိုးရိမ်တကြီး မေးလာသော namjoonအား မဖြေအားသေးဘဲ namjoonလက်ကို ဆွဲယူကာ သူ့ရဲ့ဘယ်ဘက်ရင်အုံထက် တင်ပေးလိုက်ရင်း....
"Namjoon...ကြားလား...''
"ဟမ်!...''
ကြောင်တောင်တောင်နိုင်သော မေးခွန်းအား သူလဲ ကြောင်တောင်တောင်ဖြင့် ပြန်ဖြေလိုက်ရသည်...
"ငါ့...ငါ့ရင်ဘတ်ထဲမှာ မြည်နေတဲ့အသံကို ကြားလားလို့...တဒုန်းဒုန်းနဲ့လေ....''
တုန်တုန်ယင်ယင်နဲ့ မေးလာသည်ကို namjoonချက်ခြင်းမဖြေနိုင်ဘဲ ကြောင်ကြည့်နေမိသည်....
အချိန်အနည်းငယ်ကြာ ကြောင်နေပြီးမှ သတိဝင်ကာ seokjinရင်ဘတ်ထက်က လက်ကို ဖြုတ်ချလိုက်ပြီး...
"Hyungကတော့လေ...ကျပ်မပြည့်ဘူးပြောရင်လည်းမကြိုက်ဘူး....နှလုံးပါဆိုမှ တဒုန်းဒုန်း မမြည်လို့ တဒတ်ဒတ်မြည်နေရမှာလား...''
ပြောပြီးခေါင်းတခါခါဖြင့် ထွက်သွားသော namjoonကို seokjinပြူးတူးတူးနဲ့ ကြည့်နေမိသည်....
Namjoonပြောတာလဲ ဟုတ်ပေမဲ့ တကယ်တော့မဟုတ်...သူ့နှလုံးသားက ပုံမှန်ထက် ခုန်မြည်နေသည်လေ....
"ဟူးးးးးး''
Seokjinသက်ပြင်းတချက်ချကာ ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း အပေါ်သို့ တက်သွားတော့သည်....
***********************************
"အားလုံးထမင်းစားလို့ရပါပြီ!!!''
မီးဖိုချောင်ထဲက ပြေးထွက်လာပြီး အသံစူးစူးလေးနဲ့ အော်လိုက်သော yoongiအား သူတို့အားလုံး ဂရုမစိုက်ဘဲ နေလိုက်ကြသည်....
"ဟွန်...ထမင်းစားလို့ ရပြီလို့...''
ဒုတိယတခါ ထပ်ပြောလာသောအခါမှာတော့...
"ငါတို့မဆာသေးဘူး...မင်းဘာသာမင်း စားနှင့်....''
Jiminစကားကြောင့် ထဖို့ပြင်နေတဲ့ ကျန်တဲ့လေးယောက်မှာ ဣနြေ္ဒဆည်ကာ ပြန်ထိုင်လိုက်ရသည်....
အမှန်တော့ jiminမူလိုက်ခြင်းပင်....မနက်ကတည်းက တဂွီဂွီ မြည်နေသော ဗိုက်ဟာ မဆာဘဲ နေနေပါဦးမည်....
"ခင်ဗျားတို့ကလည်း အစားကိုအချိန်မှန်မှန် မစားရင် ဒုက္ခရောက်နိုင်တယ်....အစာအိမ်တွေဘာတွေ ဖြစ်နေမှ ဆေးဖိုးဆိုပြီး ပိုက်ဆံပိုကုန်ရတယ်...အဲ့တော့အချိန်မှန်မှန်စားရပါမယ်....ကဲ...ထကြ...''
နောက်ထပ်ပြောလာတဲ့အခါမှာတော့ သူတို့တယောက်မျက်နှာတယောက် ကြည့်လိုက်ကြသည်....
"စိတ်ရှည်ရှည်နဲ့ ခေါ်နေတာကို ကောင်းကောင်းမွန်မွန် မလာဘူးဆိုရင် ထမင်းတလုတ် တုတ်တချက်ဖြစ်သွားမယ်နော်!....''
ခြိမ်းခြောက်သလို ဆိုလာသူကြောင့် သူတို့ဖင်တွေက ဆိုဖာပေါ်မှ ကြွပြီးသားပင်...
ထိုအကောင်ပေါက်၏ဇက မသေးတာကြောင့် သူတို့အနည်းငယ်တော့ လန့်ရသည်လေ....
"နေဦး!!''
ထမင်းစားခန်းသို့ ရောက်ခါနီးမှ နောက်ကနေ ဟန့်တားလိုက်သော အော်သံလေးကြောင့် သူတို့ တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြသည်....
"Kim seokjinဘယ်မှာလဲ....သူ့ကိုလဲ သွားခေါ်လိုက်ဦးလေ....''
မျက်မှောင်ကြုတ်ပြီး ပြောလာသော စကားအဆုံးမှာတော့....
"ငါသွားခေါ်လိုက်မယ်....''
Namjoonကပဲ seokjinကိုခေါ်ဖို့ တာဝန်ယူလိုက်တော့သည်....
***********************************
"ဟင်းတွေကစားလို့အဆင်ပြေရဲ့လား....''
ခပ်မြူးမြူးလေး မေးလာသော အကောင်ပေါက်က သူတို့ရဲ့replyကို တော်တော်လေး မျှော်လင့်ထားပုံပင်...ထိုစဉ်....
Advertisement
"Omm...ကောင်းတယ်...ဒီလိုမစားရတာတောင်ကြာပြီ....''
ဇွတ်အတင်း ချီးမွန်းခန်းတွေ ထဖွင့်နေသော jungkookအား taehyung အောက်ကနေ ခြေထောက်ကို တက်ဖိလိုက်သည်....
"Ahh''
"Hmm?..ဘာဖြစ်လို့လဲ jungkookshi....''
"အမ်...ဘာ...ဘာမှမဟုတ်ဘူး....ခြင်...ခြင်ကိုက်တာ...ဟုတ်တယ်...ခြင်ကိုက်တာ...''
"ဟွန်...အိမ်ကခြင်နိုင်ဆေးတွေ ဘာတွေမဖြန်းဘူးလား...ဟူး...မဖြစ်သေးပါဘူး... နောက်နေ့ ခြင်ဆေးဖြန်းရမယ်....''
သူတို့လဲ ရှေ့ကနေ ပွစိပွစိ ပြောနေသော အကောင်ပေါက်အား ဂရုစိုက်မနေတော့ဘဲ စားစရာရှိတာသာ စားနေလိုက်တော့သည်...
"Kim seokjinshiရော...စားလို့အဆင်ပြေရဲ့လား...''
"အဟွတ်...အဟွတ်...''
ရုတ်တရက် သူ့အားထမေးလိုက်သည်ကြောင့် seokjinစားနေရင်းပင် သီးသွားရသည်....
"Aww...ခင်ဗျားရယ်...ဒါလေးမေးတာကို...ရော့...ရေသောက်...''
လက်ထဲလှမ်းလာသော ရေခွက်လေးကိုယူပြီး သောက်နေစဉ် ကျောပြင်ကိုပုတ်ပေးလာသော လက်လေးကြောင့်....
"ဖူးးးးး''
"အားးးHyung!!!!''
သောက်နေတဲ့ရေပါ သီးသွားတာကြောင့် မျက်နှာချင်းဆိုင်ထိုင်နေသော jimin,taehyungနဲ့jungkookတို့၏ မျက်နှာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် စင်ကုန်တော့သည်....
ထို့နောက်တွင်တော့ seokjinဆုံးဖြတ်လိုက်သည်က ရင်ဘတ်ထဲက စည်တီးမှုကြီး မဖြစ်ပေါ်စေရန် အကောင်ပေါက်နဲ့ ဝေးဝေးရှောင်ရမည်ဟုပင်.....
💜💜💜💜💜💜💜💜💜💜💜💜💜💜
ကိုယ့်ကိုupတောင်းတဲ့Thiriရေ...မနက်ကရေးနေပြီဆိုပြီး ခုမှupလိုက်ရလို့ sorryပါ...ကိုယ်အလုပ်လေးတခုပေါ်လာလို့ တကယ်တောင်းပန်ပါတယ်နော်...ဟီး.... Love you all💜
💜💜💜💜💜💜💜💜💜💜💜💜💜💜
Zawgicode
မေန႕က jiminရဲ႕ေလာင္းေၾကးျဖင့္ yoongi၏ အခိုင္းေကာင္းမႈေၾကာင့္ တကိုယ္လုံးမလႈပ္ခ်င္ဘဲ ႏုံးေနပါေသာ္လည္း ေစာေစာစီးစီး ေမႊးလြန္းေသာ အနံ႕တခ်ိဳ႕က သတ္ေနတာမို႔ ဂြီခနဲ ဂြမ္ခနဲ ျမည္ေနေသာ ဗိုက္ေၾကာင့္ သူတို႔ေျခာက္ေယာက္လုံး မထခ်င္ဘဲ ထရေလၿပီ.....
Seokjinတေယာက္ ေျခာက္ကပ္ေနေသာ လည္ေခ်ာင္းအား စိုစြတ္ေစရန္အလို႔ငွာ ေရခဲေသတၱာထဲမွ ေရဘူးကို ယူေသာက္ေနစဥ္....
"Kim seokjinshi...ကြၽန္ေတာ့္ကို အဲ့ထဲက ရွာလကာရည္ေလး ယူေပးပါဦး....''
မေန႕က မညွာမတာ ခိုင္းထားမႈအား ေဒါသအရွိန္မျပယ္ေသးသည့္သူ႕ကို ဒီမနက္မွာလည္း ထပ္ခိုင္းျပန္တာမို႔ seokjinမ်က္ႏွာလြဲခဲပစ္လုပ္ကာ ထြက္သြားဖို႔ျပင္လိုက္သည္....
"ဟာ...ဘယ္လိုလူလဲဟ...အကူအညီေတာင္းတာကို မေပးခ်င္ဘူး...လူစိတ္မရွိတဲ့ဟာႀကီး....''
အေနာက္ကေနထြက္လာေသာ အသံစူးစူးေၾကာင့္ seokjinမ်က္ေမွာင္ၾကဳတ္လိုက္သည္...ထို႔ေနာက္ yoongiဘက္ကို ျပန္လွည့္လိုက္ၿပီး....
"မင္းဘယ္သူ႕ကို ေျပာတာလဲ....''
"ခင္ဗ်ားကိုေလ....''
"ဘာ!!ငါ့ကို...''
"ဟုတ္တယ္ေလ...ရွာလကာရည္ေလး ယူခိုင္းတာကို ခ်ီးက်ဳံးခိုင္းတာက်လိဳ႕....''
ထပ္ၿပီးေျပာလာေသာ စကားမွာေတာ့ seokjin ေဒါသမထိန္းနိုင္ေတာ့ဘဲ yoongiလည္ပင္းထက္ လက္အစုံကို ေရာက္ေစလ်က္ ေရခဲေသတၱာနဲ႕ ဆြဲကပ္ပစ္လိုက္သည္....
"ကိုယ့္အဆင့္နဲ႕ကိုယ္ေနစမ္း!ငါတို႔ကို လာမရႈပ္နဲ႕...မင္းအသက္ေပ်ာက္သြားမယ္....''
သူခပ္ႀကိတ္ႀကိတ္ေျပာလိုက္ေတာ့ yoongiက သူ႕အား ေမာ့ၾကည့္လာသည္....
နီးကပ္ေနတဲ့ မ်က္ႏွာအေနအထားေၾကာင့္ yoongiရဲ႕ မ်က္ႏွာကို seokjinအေသးစိတ္ ျမင္ေနရသည္....
နဂိုထဲက ျဖဴလြန္းေသာ အသားအေရရွိသူမို႔ လည္ပင္းကို ဖ်စ္ညွစ္ထားသည့္အခါ မ်က္ႏွာႏုႏုက နီရဲလာသည္....
တြန့္ခ်ိဳးေနတဲ့ မ်က္ခုံးတို႔ေအာက္မွာေတာ့ သူ႕အားေမာ့ၾကည့္လာသည့္ မ်က္ဝန္းအိမ္က်ဥ္းက်ဥ္း.....
ထို႔ေနာက္ ေဖာင္းအိအိပါးႏွစ္ဖက္...ဟတတျဖစ္ေနေသာ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ ႏႈတ္ခမ္းသားအစုံ.....
တင္းက်ပ္စြာ ဖ်စ္ညွစ္ထားေသာ Yoongiလည္တိုင္ထက္က Seokjin၏လက္အစုံမွာ တျဖည္းျဖည္း ေလ်ာ့ရဲလာသည္...
တဒုန္းဒုန္း ခုန္ျမည္ေနေသာ ဘယ္ဘက္ရင္အုံကို seokjinညာဘက္လက္နဲ႕ ဖိလိုက္မိသည္....
ထို႔ေနာက္ သူ႕မ်က္ဝန္းတို႔ ဝိုင္းစက္လာၿပီး ဧည့္ခန္းဘက္ကို ေျပးထြက္သြားေတာ့သည္....
"အဟြတ္...အဟြတ္....''
မီးဖိုခန္းထဲက yoongiမွာေတာ့ လိုေနၿပီျဖစ္တဲ့ oxygenကို အလုအရက္ ရႉေနရေတာ့သည္....
"Namjoon!!!namjoonေရ!!kim namjoon!!!''
ဧည့္ခန္းထဲမွာ အသံၿပဲႀကီးနဲ႕ namjoonအား ေအာ္ေခၚေနသူေၾကာင့္ အငယ္ေကာင္ငါးေယာက္ အလန့္တၾကား လွမ္းၾကည့္လိုက္မိသည္....
"Hyung!ဘာျဖစ္တာလဲ!''
မိမိအား စိုးရိမ္တႀကီး ေမးလာေသာ namjoonအား မေျဖအားေသးဘဲ namjoonလက္ကို ဆြဲယူကာ သူ႕ရဲ႕ဘယ္ဘက္ရင္အုံထက္ တင္ေပးလိုက္ရင္း....
"Namjoon...ၾကားလား...''
"ဟမ္!...''
ေၾကာင္ေတာင္ေတာင္နိုင္ေသာ ေမးခြန္းအား သူလဲ ေၾကာင္ေတာင္ေတာင္ျဖင့္ ျပန္ေျဖလိုက္ရသည္...
"ငါ့...ငါ့ရင္ဘတ္ထဲမွာ ျမည္ေနတဲ့အသံကို ၾကားလားလို႔...တဒုန္းဒုန္းနဲ႕ေလ....''
တုန္တုန္ယင္ယင္နဲ႕ ေမးလာသည္ကို namjoonခ်က္ျခင္းမေျဖနိုင္ဘဲ ေၾကာင္ၾကည့္ေနမိသည္....
အခ်ိန္အနည္းငယ္ၾကာ ေၾကာင္ေနၿပီးမွ သတိဝင္ကာ seokjinရင္ဘတ္ထက္က လက္ကို ျဖဳတ္ခ်လိဳက္ၿပီး...
"Hyungကေတာ့ေလ...က်ပ္မျပည့္ဘူးေျပာရင္လည္းမႀကိဳက္ဘူး....ႏွလုံးပါဆိုမွ တဒုန္းဒုန္း မျမည္လို႔ တဒတ္ဒတ္ျမည္ေနရမွာလား...''
ေျပာၿပီးေခါင္းတခါခါျဖင့္ ထြက္သြားေသာ namjoonကို seokjinျပဴးတူးတူးနဲ႕ ၾကည့္ေနမိသည္....
Namjoonေျပာတာလဲ ဟုတ္ေပမဲ့ တကယ္ေတာ့မဟုတ္...သူ႕ႏွလုံးသားက ပံုမွန္ထက္ ခုန္ျမည္ေနသည္ေလ....
"ဟူးးးးးး''
Seokjinသက္ျပင္းတခ်က္ခ်ကာ ေခါင္းကိုတဗ်င္းဗ်င္းကုတ္ရင္း အေပၚသို႔ တက္သြားေတာ့သည္....
***********************************
"အားလုံးထမင္းစားလို႔ရပါၿပီ!!!''
မီးဖိုေခ်ာင္ထဲက ေျပးထြက္လာၿပီး အသံစူးစူးေလးနဲ႕ ေအာ္လိုက္ေသာ yoongiအား သူတို႔အားလုံး ဂ႐ုမစိုက္ဘဲ ေနလိုက္ၾကသည္....
Advertisement
"ဟြန္...ထမင္းစားလို႔ ရၿပီလို႔...''
ဒုတိယတခါ ထပ္ေျပာလာေသာအခါမွာေတာ့...
"ငါတို႔မဆာေသးဘူး...မင္းဘာသာမင္း စားႏွင့္....''
Jiminစကားေၾကာင့္ ထဖို႔ျပင္ေနတဲ့ က်န္တဲ့ေလးေယာက္မွာ ဣေျႏၵဆည္ကာ ျပန္ထိုင္လိုက္ရသည္....
အမွန္ေတာ့ jiminမူလိုက္ျခင္းပင္....မနက္ကတည္းက တဂြီဂြီ ျမည္ေနေသာ ဗိုက္ဟာ မဆာဘဲ ေနေနပါဦးမည္....
"ခင္ဗ်ားတို႔ကလည္း အစားကိုအခ်ိန္မွန္မွန္ မစားရင္ ဒုကၡေရာက္နိုင္တယ္....အစာအိမ္ေတြဘာေတြ ျဖစ္ေနမွ ေဆးဖိုးဆိုၿပီး ပိုက္ဆံပိုကုန္ရတယ္...အဲ့ေတာ့အခ်ိန္မွန္မွန္စားရပါမယ္....ကဲ...ထၾက...''
ေနာက္ထပ္ေျပာလာတဲ့အခါမွာေတာ့ သူတို႔တေယာက္မ်က္ႏွာတေယာက္ ၾကည့္လိုက္ၾကသည္....
"စိတ္ရွည္ရွည္နဲ႕ ေခၚေနတာကို ေကာင္းေကာင္းမြန္မြန္ မလာဘူးဆိုရင္ ထမင္းတလုတ္ တုတ္တခ်က္ျဖစ္သြားမယ္ေနာ္!....''
ၿခိမ္းေျခာက္သလို ဆိုလာသူေၾကာင့္ သူတို႔ဖင္ေတြက ဆိုဖာေပၚမွ ႂကြၿပီးသားပင္...
ထိုအေကာင္ေပါက္၏ဇက မေသးတာေၾကာင့္ သူတို႔အနည္းငယ္ေတာ့ လန့္ရသည္ေလ....
"ေနဦး!!''
ထမင္းစားခန္းသို႔ ေရာက္ခါနီးမွ ေနာက္ကေန ဟန့္တားလိုက္ေသာ ေအာ္သံေလးေၾကာင့္ သူတို႔ တညီတၫြတ္တည္း လွည့္ၾကည့္လိုက္ၾကသည္....
"Kim seokjinဘယ္မွာလဲ....သူ႕ကိုလဲ သြားေခၚလိုက္ဦးေလ....''
မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာလာေသာ စကားအဆုံးမွာေတာ့....
"ငါသြားေခၚလိုက္မယ္....''
Namjoonကပဲ seokjinကိုေခၚဖို႔ တာဝန္ယူလိုက္ေတာ့သည္....
***********************************
"ဟင္းေတြကစားလို႔အဆင္ေျပရဲ႕လား....''
ခပ္ျမဴးျမဴးေလး ေမးလာေသာ အေကာင္ေပါက္က သူတို႔ရဲ႕replyကို ေတာ္ေတာ္ေလး ေမွ်ာ္လင့္ထားပုံပင္...ထိုစဥ္....
"Omm...ေကာင္းတယ္...ဒီလိုမစားရတာေတာင္ၾကာၿပီ....''
ဇြတ္အတင္း ခ်ီးမြန္းခန္းေတြ ထဖြင့္ေနေသာ jungkookအား taehyung ေအာက္ကေန ေျခေထာက္ကို တက္ဖိလိုက္သည္....
"Ahh''
"Hmm?..ဘာျဖစ္လို႔လဲ jungkookshi....''
"အမ္...ဘာ...ဘာမွမဟုတ္ဘူး....ျခင္...ျခင္ကိုက္တာ...ဟုတ္တယ္...ျခင္ကိုက္တာ...''
"ဟြန္...အိမ္ကျခင္နိုင္ေဆးေတြ ဘာေတြမျဖန္းဘူးလား...ဟူး...မျဖစ္ေသးပါဘူး... ေနာက္ေန႕ ျခင္ေဆးျဖန္းရမယ္....''
သူတို႔လဲ ေရွ႕ကေန ပြစိပြစိ ေျပာေနေသာ အေကာင္ေပါက္အား ဂ႐ုစိုက္မေနေတာ့ဘဲ စားစရာရွိတာသာ စားေနလိဳက္ေတာ့သည္...
"Kim seokjinshiေရာ...စားလို႔အဆင္ေျပရဲ႕လား...''
"အဟြတ္...အဟြတ္...''
႐ုတ္တရက္ သူ႕အားထေမးလိုက္သည္ေၾကာင့္ seokjinစားေနရင္းပင္ သီးသြားရသည္....
"Aww...ခင္ဗ်ားရယ္...ဒါေလးေမးတာကို...ေရာ့...ေရေသာက္...''
လက္ထဲလွမ္းလာေသာ ေရခြက္ေလးကိုယူၿပီး ေသာက္ေနစဥ္ ေက်ာျပင္ကိုပုတ္ေပးလာေသာ လက္ေလးေၾကာင့္....
"ဖူးးးးး''
"အားးးHyung!!!!''
ေသာက္ေနတဲ့ေရပါ သီးသြားတာေၾကာင့္ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနေသာ jimin,taehyungနဲ႕jungkookတို႔၏ မ်က္ႏွာသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ပင္ စင္ကုန္ေတာ့သည္....
ထို႔ေနာက္တြင္ေတာ့ seokjinဆုံးျဖတ္လိုက္သည္က ရင္ဘတ္ထဲက စည္တီးမႈႀကီး မျဖစ္ေပၚေစရန္ အေကာင္ေပါက္နဲ႕ ေဝးေဝးေရွာင္ရမည္ဟုပင္.....
💜💜💜💜💜💜💜💜💜💜💜💜💜💜
ကိုယ့္ကိုupေတာင္းတဲ့Thiriေရ...မနက္ကေရးေနၿပီဆိုၿပီး ခုမွupလိုက္ရလို႔ sorryပါ...ကိုယ္အလုပ္ေလးတခုေပၚလာလို႔ တကယ္ေတာင္းပန္ပါတယ္ေနာ္...ဟီး.... Love you all💜
💜💜💜💜💜💜💜💜💜💜💜💜💜💜
Advertisement
- In Serial1259 Chapters
Yama Rising
The youthful Qin Ye was born almost a century ago, but thanks to immortality granted to him by the ‘fungus of aeons’ he can pass for a high schooler. He planned to live an eternal, reclusive life as a happy otaku, enjoying World of Warcraft and his favorite MOBA games, but Fate had other plans in store. Hell has broken down, and vengeful revenants stalk the mortal realms. With ghosts running amock throughout all of Cathay, Qin Ye must reluctantly adopt the mantle of ‘hero’ and bring peace to both the living and the dead, while rebuilding Hell. But this, of course, isn’t something a mere Netherworld Operative can do. For that, he’ll need to become more. King Yama is dead. Long live King Yama!
8 81 - In Serial30 Chapters
NEET No More
An immature,young,shy and lazy NEET gathers his courage to face the forces of evil but is betrayed and dies.Fearing the afterlife he believes that he's in hell when in fact he's in his new mothers womb.Being born in a world without internet he decides to train albeit halfheartedly to relieve himself of his boredom.Will he become the most deadly of ninjas,the most honorable of samurais,the most chivalrous of all the knights or something else entirely.He will find that being passive and lazy can bring consequences in this new world.*Viewer discretion is advised due to Strong language,violence,and implied sexI've been told my later chapters are way better than the early ones(First draft to get the ball rolling)
8 179 - In Serial6 Chapters
These Reborn NEETs with Rerolled Cheat Builds are Stealing my Limelight!
Higuchi Katsuro is the leading expert on all-things Isekai related. He had seen every piece of media the genre had to offer, but simply consuming content no longer could satisfy his unnatural craving. With his knowledge, Katsuro had carefully architected his entire life so that his death at 30 years of age would lead to an Isekai event. The only oversight was - how many other NEETs have died after living an unfulfilling life? His forceful transmigration had left him without the usual Cheat builds of the average otherworlder. Can he manage to live his dream of being an Isekai MC in a world with thousands of other protagonists?
8 219 - In Serial16 Chapters
The Storytellers
Myra Kahani lives in a world of gods and prayers. People around her constantly reach out to the gods for advice and suggestions at critical times in their life. But Myra has a problem. No matter what she does, she can't talk to the gods. When Myra meets Roam, an old, enigmatic Storyteller, she finally gets some answers. She learns of the origins of the Universe, the divide between mankind and their deities, and the important role that Storytellers play in her world. But the truth for Myra is just the beginning of her story. The Storytellers is a story that I began to develop from a series of shorter stories that I wrote for a mythology and folklore class. As such, they have a strong basis in the myths and folklore of various cultures and religions. Join me as I try my best to integrate these stories into my own and develop the world of the Storytellers and Myra herself. This is my first attempt at any sort of longer-form fiction so helpful advice is greatly appreciated!
8 80 - In Serial13 Chapters
Maker
Humanity ended and animals evolved and took their place, creating a new world and society. This is a new world fill with evolved mammals and mammals that have evolved further and gained supernatural abilities, called Meta-mammals.
8 137 - In Serial25 Chapters
SelfShipping/ My Stories
Personal stories and collection dumpsMostly Self-Inserts or Oc×Cannon Some other stories are sprinkled in. Ones that are NSFW have a warning in the beginning usually but still tread lightly. I will not tolerate any hate for this book, if you don't like stuff like this then don't read it, don't waste both our times by going out of your way to be a prick.
8 215

