《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[88]
Advertisement
[Unicode]
088 : ခမ်းနားကြီးကျယ်သည့် ဖွင့်ပွဲအခမ်းအနား
အကယ်ဒမီကျောင်း၏စားသောက်ခန်းတွင် အသားနှင့် ဟင်းသီးဟင်းရွက် ဟင်းလျာများကို ရောင်းချသော်လည်း အရသာမှာ အလွန်ရိုးစင်းလှသည်။ ဟော်စီရွေ့၊ ချူကျုံးဝမ်နှင့် ပုချင်းယွမ်တို့ကတော့ အနှီအစားအစာများကို အမြဲတမ်း မစားနိုင်ပေ။သို့သော် ချင်မျန် လာပေးပို့သော ဟင်းပွဲများသည် အရသာရှိမည့် ရနံ့များဖြင့် ပြည့်နှက်နေပြီး တစ်ချက်ကြည့်ရုံနဲ့တင် အကယ်ဒမီကျောင်းရှိစားသောက်ခန်းမှ ဟင်းလျာများထက် များစွာသာလွန်ကြောင်း သိသာသည်။ ကျိုးထျန်းဟယ်နှင့် ဝမ်ရှန်းဝမ်တို့သည် သာမန်ငွေကြေးအခြေအနေရှိသော မိသားစုမှ ဖြစ်ကြပြီး တစ်လကို ဟင်းကောင်း သုံးလေးကြိမ်လောက်သာ ဝယ်စားနိုင်လေ၏။ ထို့ကြောင့် ယခုလိုမျိုး ကပ်စားဖြစ်ခြင်းသာ။
လဲ့ယ်ရှန်းကျစ်အား လဲ့ယ်တာချန်နှင့် တုရှီပေးပို့သော လစဉ်ကုန်ကျစရိတ်သည် သေးငယ်သည်မဟုတ်သော်လည်း သူကား လိမ္မာရေးခြားရှိပြီး ခြိုးခြံချွေတာတတ်ကာ အသားဟင်းများကို ဝယ်စားရန်မှာ ရှားပါးလှသည်။
“ဝိုင်ဆိုင်အသစ်အတွက် အရမ်းအလုပ်ရှုပ်နေတာမလား။ လောင်တာ့နဲ့ မရီးက ကျွန်တော့်ကို ဘာလို့များလာတွေ့ဖို့ အချိန်ပေးနေရတာလဲ?" လဲ့ယ်ရှန်းကျစ် မေးလိုက်သည်။သူ အကယ်ဒမီကျောင်းကို ဝင်လာသည်မှာ နှစ်လလောက်ရှိပြီဖြစ်သော်ငြား ဤအခေါက်မှာ ချင်မျန်နဲ့ လဲ့ယ်ထျဲတို့ သူ့ကို တွေ့ဖို့ ပထမဆုံးအကြိမ် လာခဲ့သည်ပင်။
ချင်မျန် ပြောလိုက်သည်။ “မင်းဆီ အလည်လာတဲ့ကိစ္စအပြင် ဝိုင်ဆိုင်နဲ့ပတ်သက်ပြီး မင်းရဲ့အကူအညီကို တောင်းဖို့ ဒီနေ့ရောက်လာတာ။ နောက်မှပြောမယ်။"
စကားအနည်းငယ်ပြောကြရင်း ချူကျုံးဝမ်နှင့် အခြားသူများသည် ထမင်းပန်းကန်များနှင့်အတူ အမြန်ရောက်လာကြသည်။ ဖြတ်သွားသော ကျောင်းသားများကလည်း သူတို့ကို စူးစူးစမ်းစမ်း ကြည့်နေကြသည်။
ချင်မျန်နှင့် လဲ့ယ်ထျဲသည် ထိုင်ခုံနေရာပေးရန် မတ်တပ်ထရပ်ခဲ့သော်လည်း ချူကျုံးဝမ်နှင့် အခြားသူများက လျင်မြန်စွာ ငြင်းဆိုခဲ့သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ?" ချင်မျန် မထင်မှတ်ဘဲ တခစ်ခစ်ရယ်လိုက်ပြီး "မင်းတို့အားလုံး ထိုင်စားတာက ပိုသင့်တော်တယ်လေ။အားထျဲနဲ့ ငါက မင်းတို့ကို ဒုက္ခပေးစရာ တစ်ခုရှိတယ်"
"ဘာများလဲ? အစ်ကိုတို့နှစ်ယောက်က ရှန်းကျစ်ရဲ့ အကြီးဆုံးအစ်ကိုနဲ့ မရီးပဲလေ။တနည်းအားဖြင့် ကျွန်တော်တို့ရဲ့ အစ်ကိုအကြီးဆုံးနဲ့ မရီးပဲပေါ့” ဟော်စီရွေ့ ပြောလိုက်သည်။
လဲ့ယ်ရှန်းကျစ် မိတ်ဆက်ပေးလိုက်သည်။ "လောင်တာ့နဲ့ မရီး...ဒါက သူငယ်ချင်းအသစ် ဟော်စီရွေ့။ သူက ဒီနှစ် စီရင်စုစာမေးပွဲရဲ့ အမှတ်များဆုံးပဲ။”
“......"
ဟော်စီရွေ့နှင့် လဲ့ယ်ရှန်းကျစ်တို့သည် အသက်အရွယ် အားဖြင့် တူညီကြသည်။ သူ့တွင် သြဇာအာဏာကြီးသော မိသားစုမှ သခင်လေးတစ်ယောက်၏ စိတ်နေသဘောထားမျိုးရှိသော်လည်း မာနမကြီးဘဲ သန့်စင်မွန်မြတ်ကာ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ပြန်လည် နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ လဲယ့်တာ့ကော။ မရီးလဲ့ယ့်။”
ချင်မျန်က "တွေ့ရတာဝမ်းသာပါတယ် သခင်လေးဟော်။ မင်းတို့အားလုံး အရင်စားပြီးရင် ငါတို့ စကားပြောကြမယ်လေ"
အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ "ဒါဆို...အစ်ကိုတို့နှစ်ယောက် အကြာကြီးစောင့်နေရလိမ့်မယ် မဟုတ်ဘူးလား?”
လဲ့ယ်ရှန်းကျစ် ပါးစပ်မဖွင့်မီတွင် အခြားလူအနည်းငယ်က ငြင်းဆန်ပြီး ထမင်းမစားတော့ပေ။
"ဒီထဲမှာ ချယ်ရီယိုရှိတယ်။ အချိန်အကြာကြီး သိမ်းထားလို့ မရဘူး။” ချင်မျန်သည် ဝါးပြွန်ကို လဲ့ယ်ရှန်းကျစ်အား ပေးလိုက်သည်။သူတို့ကို စားသောက်ခိုင်းလိုက်ပြီး သူတို့ စားသောက်နေစဉ်တွင် ချင်မျန်နှင့် လဲ့ယ်ထျဲတို့ မဝေးလွန်းသောအရပ်သို့ လျှောက်သွားခဲ့သည်။ ခဏအကြာ လဲ့ယ်ရှန်းကျစ်နှင့် အခြားသူတို့ ထမင်းစားပြီးသည်မှ နှစ်ယောက်သား ပြန်လာကြသည်။ ပန်းကန်ပြားတွေကိုလည်း အစားအသောက်ပုံးထဲသို့ စနစ်တကျ ပြန်လည်ထည့်ထားပေးသည်။
လဲ့ယ်ရှန်းကျစ်နှင့် ပုချင်းယွမ်တို့သည် ချင်မျန်နှင့် လဲ့ယ်ထျဲတို့အတွက် နေရာပေးရန် ထရပ်လိုက်ကြသည်။
ချင်မျန် သူ့လက်စွယ်အိတ်ထဲမှ ခေါက်ထားသော စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ "ဒီကိစ္စနဲ့ ပတ်သက်တာပါ။ အစ်ကိုတို့ရဲ့ဝိုင်ဆိုင်အသစ် ရှန်းရှန်းကို 30 ရက်နေ့မှာ ဖွင့်လှစ်မှာပါ။ 30 ရက်နေ့ နဲ့ 31 ရက်နေ့က ချင်းယွမ် အကယ်ဒမီကျောင်းအတွက် အားလပ်ရက်မလား?ကဗျာ၊ ပန်းချီနှင့် လက်ရေးလှ ပြိုင်ပွဲတွေကို ရှန်းရှန်းအိမ်တော်မှာ စွမ်းရည်ပြိုင်ပွဲငယ်သဘောမျိုး ကျင်းပမလို့ပါ။ ပြိုင်ပွဲတစ်ခုစီမှာ ထိပ်တန်းသုံးနေရာအတွက် ငွေတုံး ၁၂ တုံး ၊ ၅ တုံးနဲ့ ၂ တုံး ဆိုပြီး အသီးသီးချီးမြှင့်သွားမှာပါ။ ပထမဦးဆုံးအနေနဲ့ အစ်ကိုတို့ရဲ့ ဝိုင်ဆိုင်ကို လူသိများသွားစေဖို့ပဲ။ ဒုတိယအချက်ကတော့ အရည်အချင်းပြည့်မီပေမယ့်လည်း ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားအချို့အတွက် ကိုယ့်ကိုယ်ကို မှီခိုအားထားနိုင်မယ့် အခွင့်အလမ်းတစ်ခု ဖန်တီးပေးဖို့ပါပဲ။ကောင်းမွန်တဲ့ ကဗျာ၊ လက်ရေးလှ၊ ပန်းချီတွေကို သူတို့နာမည်ရစေဖို့ ဝိုင်အိမ်ထဲမှာ ချိတ်ဆွဲထားလိမ့်မယ်။”
ဟော်စီရွေ့ လက်ခုပ်တီးပြီး "ဒါ ကောင်းတဲ့အကြံပဲ။ ကျွန်တော့်အဖေကို အကဲဖြတ်ဒိုင်လုပ်ပေးဖို့ ကျွန်တော် ဆွဲဆောင်ပေးနိုင်တယ်။”
ချင်မျန် မေးလိုက်သည်။ "သခင်လေးအဖေက ဘယ်သူလဲဆိုတာ သိလို့ရမလား?"
"......"
ပုချင်းယွမ် အစားဖြေပေးလိုက်သည်။ "စီရွေ့ရဲ့ အဖေက ကျွန်တော်တို့ရဲ့ ကျောင်းအုပ်လေ"
ချင်မျန် မတိုးသာ အယုတ်သာ ပြောလိုက်သည်။ "ကျောင်းအုပ်ဟော်ကို ဖိတ်ကြားခွင့်ရမယ်ဆိုရင် ဂုဏ်ယူစရာပါပဲ။ဒါပေမယ့် ဒီပြိုင်ပွဲရဲ့မူလရည်ရွယ်ချက်က စားသုံးသူတွေကို ဆွဲဆောင်ဖို့ပါ။ အနည်းနှင့်အများ အနုပညာမြတ်နိုးမှုအပိုင်းနဲ့ ရောထွေးနေမှာ။ သခင်လေးအဖေကို ဆွဲဆောင်ဖို့ ခက်မှာ စိုးရိမ်မိပါတယ်။"
ဟော်စီရွေ့ ခေါင်းယမ်းကာ ပြုံးလျက်ပြောလိုက်သည်။ "မရီးလဲ့ယ့်က ကျွန်တော်အဖေက ပညာတတ်၊ သာလွန်တဲ့သူဖြစ်ရမယ် ပြီးတော့... ဟီးဟီး၊ စာအုပ်သမားကြီး ခေတ်နောက်ပြန်ဆွဲတဲ့သူလို့ ထင်နေတာမလား။အဖေက အဲ့လို မဟုတ်ပါဘူး။အဖေ စိတ်ဝင်စားမှာ သေချာပါတယ်"
Advertisement
ထိုအခါမှ ချင်မျန်သည် ဝမ်းသာအားရဖြင့် "သခင်လေးအဖေကို တကယ်ဖိတ်နိုင်ရင် အစ်ကိုတို့ဥယျာဉ်က ဒီနှစ်ထွက်မယ့် အသီးအနှံမျိုးစုံ ၂၀ကျင်းကို ပို့ပေးပါ့မယ်"
လဲ့ယ်ရှန်းကျစ် ဟော်စီရွေ့ကို ပြုံးပြရင်း "မင်း အခုချယ်ရီယိုကို မြည်းစမ်းပြီးပြီ။ ကောင်းတယ်မလား? အစ်ကိုကြီးရဲ့ ခြံက အသီးတွေက အရမ်းကောင်းတယ်၊ အလုံးကြီးတဲ့အပြင် ချိုလည်း ချိုတယ်။"
"ကောင်းပြီ၊ ဒါဆို သဘောတူညီချက် ဖြစ်ပြီ” ဟော်စီရွေ့ ယုံကြည်မှုအပြည့်ဖြင့် ပြောခဲ့သည်။
ချင်မျန် ဆက်လက်ပြီး "ပြီးတော့ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကျောင်းသားတွေအားလုံး ဒီဝိုင်အိမ်မှာ အခမဲ့ စားသောက်နိုင်မယ်။"
ဝမ်ရှန်းဝမ် တုန်လှုပ်အံ့သြသွားပြီး "ဒီလိုဆို အစ်ကိုတို့ရဲ့ ဝိုင်ဆိုင်က အများကြီး ဆုံးရှုံးသွားမှာ မလွဲမသွေပဲ"
ချင်မျန် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "မပြီးသေးဘူးလေ။ လွတ်လွတ်လပ်လပ် လာပြီး စားသောက်တာကို ရှောင်ဖို့ ဒါမှမဟုတ် ကျောင်းသားတစ်ယောက်လို ဟန်ဆောင်တာကို ရှောင်ရှားဖို့အတွက် ကဗျာကို လက်တမ်းဖန်တီးနိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးပါမှသာ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အခမဲ့ စားသောက်ခွင့် ရမှာပါ”
လဲ့ယ်ရှန်းကျစ်နှင့် ချူကျုံးဝမ်တို့ နှစ်ယောက်စလုံး ခေါင်းညိတ်ပြကြသည်။
ဟော်စီရွေ့သည် ချင်မျန်နှင့် လဲ့ယ်ထျဲကို သဘောကျစွာ ကြည့်လိုက်သည်။ ဒီလိုနည်းလမ်းကို ဘယ်သူကများ တီထွင်ခဲ့တာလဲ မသိ။
"အသေးစိတ်အချက်အလက်တွေက ဒီလက်ကမ်းကြော်ငြာမှာ ပါပါတယ်။” ချင်မျန် လဲ့ယ်ရှန်းကျစ်ကို လက်ကမ်းစာစောင် ပေးလိုက်သည်။ "အစ်ကိုတို့အနေနဲ့ကတော့ ညီငယ်လေးနဲ့ လူတိုင်းကို ဒုက္ခပေးချင်တာက ဒါကို အကယ်ဒမီကျောင်းမှာ လူသိရှင်ကြားသိအောင် ကူညီပေးဖို့ပါပဲ။ စိတ်ပါဝင်စားရင် လာရောက်ပါဝင်နိုင်တဲ့အကြောင်းပေါ့။ သိသလောက်ဆိုရင် ကောလိပ်စာမေးပွဲက နောက်လရဲ့ ၁၀ ရက်မြောက်နေ့မလား။
ဒါက မင်းတို့အားလုံးအတွက် ကြိုတင်လေ့ကျင့်မှုတစ်ခုပဲ။”
လဲ့ယ်ရှန်းကျစ် ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပါတယ်။အခု ကျွန်တော်တို့ကိုသာ အားကိုးထားလိုက်ပါ။"
ချင်မျန် နောက်ထပ်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ “ဒါက အစ်ကိုတို့ရဲ့ မှာယူရရှိနိုင်မယ့်ဟင်းလျာစာရင်းစာရွက်ပါ။ မင်းတို့ရဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေကို ညစာ လာစားဖို့ ဖိတ်ခေါ်ပါတယ်။ ဆိုင်ဖွင့်တဲ့ ပထမသုံးရက်မှာ 30% လျော့စျေး ပေးမှာပါ။”
ချူကျုံးဝမ်နှင့် အခြားသူများမှာ တခါမှ မကြားဖူးသော ဟင်းပွဲများစွာရှိသည်ကို တွေ့သောအခါ တိတ်တဆိတ် မျက်ရည်ကျကာ သူတို့၏ဆွေမျိုးများနှင့် သူငယ်ချင်းများကို ထမင်းစားဖိတ်ရန် ဆုံးဖြတ်ထားခဲ့သည်။
ထို့နောက် ချင်မျန် မတ်တပ်ထရပ်လိုက်သည်။ "မင်းတို့ရဲ့ နောက်အတန်းက သိပ်မကြာခင်ပဲ ဟုတ်တယ်မလား? မင်းတို့ရဲ့စာလေ့လာမှုကို မနှောင့်ယှက်တော့ပါဘူး။ အားထျဲနဲ့ အစ်ကိုက လက်ကမ်းစာစောင်တွေ ဝေဖို့ တခြားနေရာတွေကို သွားရမယ်။အစ်ကိုတို့ သွားလိုက်ဦးမယ်။"
"ကျေးဇူးပြုပြီး။"
ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် ချင်းယွမ်အကယ်ဒမီကျောင်းမှ ပိုင်တျန့်လေးနှင့်အတူ ထွက်ခွာသွားခဲ့သည်။ လက်ကမ်းစာစောင်များကို လူကိုယ်တိုင် ဝေမည့်အစား ချင်မျန်နှင့် လဲ့ယ်ထျဲတို့က လမ်းကြားတစ်ခု၏အဝင်ဝတွင် ဆော့ကစားနေသည့် ၁၂ နှစ်အရွယ် ကလေးလေးဦးကို ရှာတွေ့ခဲ့သည်။ ယင်းတို့လေးဦးအား လက်ကမ်းစာစောင် ၂၀၀ ဖြန့်ဝေခိုင်းကာ လမ်းဘေးဆိုင်များမှ ဆိုင်ရှင် သို့မဟုတ် ဆိုင်အကူများထံ ပေးရန် တောင်းဆိုခဲ့သည်။ သူတို့သည် ကလေးများကို စပေါ်ငွေအဖြစ် ဝမ် ၁ဝ ပေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပြီးနောက် ဝမ် ၄၀ စီ ပေးခဲ့သည်။
လက်ကမ်းစာစောင်ကို ကိုင်ဆောင်ထားသူများသည် စူးစူးစိုက်စိုက်ကြည့်နေကြသည်။ ရှန်းရှန်းခန်းမ၏ ဝိုင်နှင့် ဧည့်ခန်း၊ အထူးဟင်းလျာများ၊ ဦးစားပေး လှုပ်ရှားမှုများ၊ စွမ်းရည်ပြိုင်ပွဲများနှင့် အခြားအကြောင်းအရာများအပြင်၊ လက်ကမ်းစာစောင်၏အောက်ခြေရင်းတွင် ထင်ရှားသည့်သတိပေးချက်တစ်ခု ပါရှိလေသည်- ရှန်းရှန်းခန်းမနှင့် အရသာရှိတဲ့ ဟင်းလျာဆိုင်မှာ ပိုင်ရှင်တူ ဖြစ်သည် ဟူ၍ပင်။
ဒီလိုဝါကျမျိုးပါနေသည့်အတွက် အရသာရှိတဲ့ဟင်းလျာဆိုင်အကြောင်း သိတဲ့သူတွေက ရှန်းရှန်းအိမ်တော်ခန်းမရဲ့ အစားအစာတွေက မဆိုးနိုင်ပေဟု အခိုင်အမာ ကောက်ချက်ဆွဲနိုင်သည်။
ခရိုင်မှပြန်လာပြီး ရေပြေးမြို့တော်ကို ဖြတ်သွားသောအခါ ချင်မျန်သည် အိုးကြီးခြောက်လုံးကိုဝယ်ပြီး လူများဖြင့် ပြန်ပို့ခိုင်းလိုက်လေသည်။
အိမ်ပြန်ရောက်တော့ သူနဲ့လဲ့ယ်ထျဲသည် ခြံထဲမှာ အလုပ်လုပ်ပေးရန်အတွက် အလုပ်လုပ်နိုင်တဲ့ လူငယ်လေးယောက်နဲ့ ဖင်ပေါ့သည့် အမျိုးသမီးလေးယောက်ကို ငှားလိုက်သည်။ အမျိုးသားများသည် ချယ်ရီသီးများကို ခူးယူရန် အပင်ပေါ်သို့ တက်ခဲ့ကြပြီး အမျိုးသမီးများကတော့ ချယ်ရီသီး၏အညှာနှင့် အစေ့များကို ဆေးကြောဖယ်ရှားပေးခဲ့သည်။ တူဖြင့် အစေ့ကို ဖယ်ရှားရတာကြောင့် လွယ်လွယ်ကူကူပင်။
ချယ်ရီပင်ခြောက်ပင်ထဲက ၃ ပင်ကို လောလောဆယ် ခူးဆွတ်ထား၏။ ရွာသားများအတွက် အခကြေးငွေပေးဆောင်သည့်အနေဖြင့် ချင်မျန်သည် ၎င်းတို့အား ချယ်ရီသီးတစ်ကျင်းစီ ပေးခဲ့သည်။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် ချယ်ရီဝိုင် ၃ ပုလင်းစာကို လုပ်ထားခဲ့ပြီး ခူးဆွတ်ထားသည့် ချယ်ရီသီးအကျန်များကို အရည်စစ်ထုတ်ထားလိုက်သည်။ ချယ်ရီသီးတွေမှာ အဆုံးထိ မကုန်သေးပေ။ ချင်မျန်သည် ချယ်ရီယိုကို ထပ်မံပြုလုပ်ခဲ့ပြီး ရှန်းရှန်းခန်းမ ဖွင့်ပွဲအတွက် အင်တုံနှစ်ခုထဲသို့ ထည့်လိုက်သည်။
မှောင်လာတော့ ချင်မျန်သည် လတ်ဆတ်နေစေရန် ပုလင်းကြီးများကို နယ်မြေထဲသို့ လွှဲပြောင်းထည့်ထားခဲ့သည်။
၅ လပိုင်း ၃၀ ရက်....ဖွင့်ပွဲနေ့။
မင်္ဂလာရှိသောအခါသမယသို့ ရောက်လာသည်နှင့်အမျှ မီးရှူးမီးပန်းများကို အဆက်မပြတ် ဖောက်ကြတော့သည်။ ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် "ရှန်းနှစ်ထပ်ကွမ်း” ၏ ကြော့ရှင်းပြီး ခမ်းနားသည့် ရွှေရောင်အက္ခရာသုံးလုံးရေးထိုးထားသည့် ကမ္ဗည်းပြားပေါ်ရှိ အနီရောင်အ၀တ်စကို ဖယ်ရှားခဲ့သည်။
Advertisement
သတင်းကြားတဲ့ ဧည့်သည်တွေကတော့ တံခါးဝကနေ ပေါက်ချလာခဲ့ကြသည်။ စာသင်သားဝတ်စုံတွေ ဝတ်ထားပေမယ့်လည်း ပညာရှိစိတ်ဓါတ်မျိုး မပိုင်ဆိုင်ထားသည့် လူအချို့ကဖြင့် "ယှဉ်ပြိုင်ချင်တယ်” ဟု ကြွေးကြော်နေကြသည်။
လဲ့ယ်ရှန်းကျစ်သည် ဝင်ပေါက်တွင် ပိတ်ဆို့ထားပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။ "မင်း ပြိုင်နိုင်ပါတယ်။သို့ပေမယ့် ကျေးဇူးပြုပြီး "နွေဦး" ခေါင်းစဉ်ဖြင့် ကဗျာတစ်ပုဒ်ရေးပေးပါ။ ပြိုင်ပွဲဝင်ဖို့ အရည်အချင်းပြည့်မီသူသာ အနီရောင်ပန်းလေးတစ်ပွင့်ကို ရရှိမှာဖြစ်ပြီး အခမဲ့စားသောက်ခွင့်နှင့် ဖျော်ရည်တွေကို ခံစားခွင့်ရရှိမှာပါ။ကျွန်တော်က အရည်အချင်းရှိတဲ့လူမဟုတ်ပါဘူး၊ လက်ရှိစီရင်စုစာမေးပွဲမှာ ဒုတိယအမှတ်အများဆုံးသူတစ်ဦးသာသာပါ”
နောက်ဆုံးစကားထွက်လာတာနဲ့ ပြိုင်ဆိုင်မှုနာမည်အောက်မှာ လွတ်လွတ်လပ်လပ် ခိုးဝင်စားသောက်ချင်တဲ့သူတွေကတော့ သူတို့ရဲ့ အစီအစဉ်တွေကို ချက်ချင်းစွန့်လွှတ်ပြီး လူအုပ်ထဲကို အရှက်တကွဲဖြင့် ပျောက်ကွယ်သွားကြ၏။ စီရင်စုနယ်စာမေးပွဲတွင် ဒုတိယအမှတ်အများဆုံးရရှိထားသူကို လိမ်ရန်မလွယ်ကူပေ။
သူတို့ ဝင်နိုင်သွားရင်တောင်မှ သူတို့အိတ်ထဲကနေပဲ ထုတ်ပေးရလိမ့်မည်။တကယ့်ပညာရှင်တွေကတော့ ကဗျာတွေသီဖို့ တန်းစီနေကြ၏။
ဆင်တူဝတ်ထားသော စားပွဲထိုးများသည် အခြားဧည့်သည်များကို ဦးဆောင်ကာ အလုပ်များနေကြသည်။
"လူကြီးမင်း...စားသောက်ဖို့လား တည်းခိုဖို့လား?"
"စားဖို့"
“ကောင်းပါပြီ၊ ကျေးဇူးပြုပြီး ဝင်ပါ။” စားပွဲထိုးလေးသည် မျက်နှာပေါ်တွင် နွေးထွေးပြီး သင့်လျော်သော အပြုံးဖြင့် ပန်ဆင်ထား၏။ "ခမ်းနားထည်ဝါတဲ့ ဧည့်ခန်း ဒါမှမဟုတ် ဒုတိယထပ်က ခမ်းနားတဲ့ သီးသန့်ခန်း ဒါမှမဟုတ် တတိယထပ်က သက်တောင့်သက်သာရှိတဲ့ ဧည့်ခန်းတွင် ထိုင်လိုပါသလား?"
"ဧည့်ခန်းမှာပဲ ထိုင်မယ်။ဒါက ရင်ခုန်စရာကောင်းတယ်။”
“ဟုတ်ကဲ့ ဒီလမ်းပါ။လူကြီးမင်း....ဒါက ကျွန်တော်တို့ရဲ့ ဟင်းလျာစာရင်းပါ။ဈေးနှုန်းကို အတိအလင်းဖော်ပြထားပါတယ်။ ဘာသုံးဆောင်ချင်ပါသလဲ။ချို၊ငန်၊ချဉ်၊စပ်။လူကြီးမင်း စားလိုတဲ့အရသာ မှာလို့ရပါတယ်။ ဟင်းလျာစာရင်းကို မဖတ်ချင်ရင် ကျွန်တော် သင့်တော်တာကို ရွေးချယ်ပေးနိုင်ပါတယ်။ ဆိုင်စဖွင့်စ သုံးရက်မှာ 30% လျှော့စျေးသာမက ချယ်ရီယိုအချိုပွဲတစ်ပန်းကန်လည်း ပေးမှာပါ”
“မင်းရဲ့ ဝိုင်အိမ်မှာ ဟင်းတွေအများကြီးရှိသားပဲ။ ကောင်းပြီ...ငါက အစားအသောက်မရွေးဘူး။ ကျေးဇူးပြုပြီး အသားဟင်းသုံးမျိုး၊ ဟင်းရွက်တစ်ခွက်၊ ဟင်းချိုတစ်ပန်းကန် ပေးပါ။"
"ကောင်းပါပြီ။ကျွန်တော် မှာလိုက်ပါ့မယ်။လက်ဖက်ရည်သောက်ပြီး ကျွန်တော်တို့ရဲ့ချယ်ရီယိုအချိုပွဲကို မြည်းစမ်းကြည့်ပါ။ ဒါက ခရိုင်တစ်ခုလုံးမှာ အထူးခြားဆုံးပဲ”
……
"လူကြီးမင်း စားဖို့လား တည်းခိုဖို့လား?"
"နေမယ်။”
"ကောင်းပါပြီ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ ကျွန်တော်တို့ရဲ့ ရူကွေးအဆောက်အဦးမှာ ဧည့်ခန်းအမျိုးအစားသုံးမျိုးရှိပါတယ်။ သာမန်စျေးချိုတဲ့ အခန်းတွေကို တစ်ယောက်အိပ်ခန်းနှင့် နှစ်ယောက်အိပ်ခန်း ဆိုပြီးခွဲခြားထားပါတယ်။ အဲ့အခန်းတွေက သန့်ရှင်းသပ်ရပ်ပြီး ပရိဘောဂအပြည့်အစုံနှင့် သီးသန့်နေရာများပါ,ပါတယ်။ အဆင့်မြင့်အခန်းမှာတော့ သီးခြားရေချိုးခန်းပါရှိပါတယ်။ ဂုဏ်ပြုဧည့်ခန်းကတော့ ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိပြီး ဆွေမျိုးတွေနှင့် သူငယ်ချင်းတွေစုပြီး တည်းခိုဖို့ အသင့်တော်ဆုံးဖြစ်တဲ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ ဖျော်ဖြေရေးအသုံးအဆောင်တွေပါ ရှိပါတယ်။ဒါက စျေးနှုန်းစာရင်းပါ။ စဖွင့်စသုံးရက်အတွင်း 30% လျှော့စျေးရှိပါတယ်။အကယ်၍ ကြည့်ချင်ရင် ကျွန်တော် အခန်းတွေထဲ အရင်ပြပေးလို့ရပါတယ်။"
……
ဧည့်ခန်းထဲတွင် ဧည့်သည်များ ပိုများလာသည်။ရှန်းရှန်းခန်းမဆောင်၏ဝင်ပေါက်သည် လူတွေအတက်ကြွဆုံးစုဝေးရာနေရာပင် ဖြစ်သည်။ တံခါးသည် နှစ်ကျန်း နီးပါးကျယ်၏။ ဘယ်ဘက်တွင် လဲ့ယ်ရှန်းကျစ်သည် ပြိုင်ပွဲတွင်ပါဝင်မည့် ကျောင်းသားများကို စမ်းသပ်စစ်ဆေးခဲ့သည်။ ညာဘက်တွင် ချင်မျန်နှင့် လဲ့ယ်ထျဲတို့က ထမင်းစားသောက်ရန် လာရောက်ကြသော ဧည့်သည်များကို ကြိုဆိုနေကြသည်။
မြင်းရထားတစ်စီးသည် ခန်းမရှေ့ရပ်တန့်သွားသည်။ ချူကျုံးဝမ်သည် ရထားလုံးပေါ်မှ ခုန်ဆင်းကာ လဲ့ယ်ရှန်းကျစ်ထံသို့ လျင်မြန်စွာ လျှောက်သွားပြီး "ငါ မင်းကို ကူညီမယ်"
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နောင်တော်ချူ" လဲ့ယ်ရှန်းကျစ် ကျေးဇူးတင်စွာပြောလိုက်သည်။
ချူကျုံးဝမ်၏အကူအညီဖြင့် ပညာရှိများကို အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ကာ တိုးတက်မှုမှာ ပိုမိုမြန်ဆန်လာသည်။
ပညာရှင်တစ်ဦးက “မကြာခင် နွေဦးတဖန်ပြန်ရောက်လာတော့မယ်ဆိုတာ အပင်တွေထံမှ သိရတယ်။ အနီရောင်နဲ့ ခရမ်းရောင်မျိုးစုံတို့ အလှတရားချင်းမြိုင် ပြိုင်ဆိုင်နေကြတယ်။ ပေါလာပန်းပွင့်နှင့် elm အစေ့တွေက မလှပပေမယ့် ကောင်းကင်ယံထက် နှင်းများသဖွယ် ဖြန့်ကျဲနေတယ်။"
"ကဗျာကောင်းတယ်!” လဲ့ယ်ရှန်းကျစ် ခေါင်းညိတ်ပြပြီး အနီရောင် ပန်းတစ်ပွင့်ကို ပေးကာ "နောင်တော် ကျေးဇူးပြုပြီး ဝင်ပါ"
အနှီနေရာတွင် စိတ်လှုပ်ရှားမှုများစွာ ရှိခဲ့သည်။ထိုနေရာ၌ ချင်မျန်သည် ဧည့်သည်များကို ပြုံးပြုံးရွှင်ရွှင် ကြိုဆိုနေချိန် လဲ့ယ်ထျဲကတော့ အစောင့်လေးဦးဖြင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်စောင့်နေကာ လူများလွန်းချိန် ခါးပိုက်နှိုက်ခံရခြင်းမှ ကာကွယ်ရန်ဖြစ်သည်။
ရုတ်တရက် လူတစ်ယောက်က "ကျိုးယန်ခရိုင်မှာ ရှိတဲ့ အမတသေရည်ခန်းမမှ သူဌေးနျဲက ဝမ်းမြောက်ဝမ်းသာ လက်ဆောင်မွန်အဖြစ် စပျစ်ဝိုင် အိုးရှစ်လုံးကို လက်ဆောင်အဖြစ် ပေးပါတယ်။”
ချင်မျန် မော့ကြည့်လိုက်တော့ ဇိမ်ခံရထားလုံးပေါ်မှ ဆင်းလာသူမှာ အစိမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ချောမောလှပသည့်အဆင်းမျိုးရှိကာ ရထားပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။ သူ ဖြည်းဖြည်းချင်း ရောက်လာပြီး "သူဌေးလဲ့ယ့်နဲ့ သူဌေးချင်... ဂုဏ်ပြုပါတယ်။ကြီးကျယ်ခမ်းနားစွာ စီးပွားလာဘ်လာဘ ကြီးပွားတိုးတက်ကြပါစေ။”
သူတို့အားလုံးသည် အစားအသောက်လုပ်ငန်းကို လုပ်ကိုင်ကြ၏။ နျဲ့ဟန် ပြန်ရောက်လာသည်ကို ချင်မျန်မအံ့သြမိပေ။ ဂုဏ်ပြုလက်ဆောင်တွေ ပို့မယ်လို့တော့ မမျှော်လင့်ထားမိ။ အသက်မွေးလမ်းကြောင်းတစ်ခုတည်းက လူနှစ်ဦး ဘယ်တော့မှ မျက်စုံမကျဆိုတဲ့ စကားမျိုး မရှိလို့လား?
"ကျေးဇူးအများကြီးတင်ပါတယ် သူဌေးနျဲ့။ ကျွန်တော်တို့ရဲ့ဧည့်သည်အဖြစ် လက်ခံရတာ ဂုဏ်ယူမိပါတယ်။ သူဌေးနျဲ့ ကိုယ့်ကိုယ်ကို အပြည့်အဝ ပျော်ရွှင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။အားထျဲ...သူဌေးနျဲ့ကို လိုက်ပို့လိုက်ပါဦး။" ချင်မျန်သည် ဧည့်ခံပွဲကို လဲ့ယ်ထျဲတစ်ယောက်တည်းအား လွှဲပြောင်းပေးရန် ယုံကြည်မှုမရှိပေ။
လဲ့ယ်ထျဲ နျဲ့ဟန်ကို ခေါင်းညိတ်ပြလိုက်ပြီး "သူဌေးနျဲ့.....ဒီဘက်ကို ကျေးဇူးပြုပြီး"
ထိုနေရာအတွက် ရထားလုံးကို ထိန်းဖို့ ဝန်ထမ်းတစ်ယောက်လည်းရှိသေးသည်။
စားပွဲထိုးလေးက တလေးတစား မေးလိုက်သည်။ "သူဌေးနျဲ့...စားသောက်ဖို့အတွက်လား နေဖို့လားဆိုတာ အတင့်ရဲပြီး မေးပါရစေ"
နျဲ့ဟန် ပြုံးပြီး "ဒီမှာတစ်ညနေမယ်"
လဲ့ယ်ထျဲမျက်လုံးထဲတွင် အလင်းရောင်တဖြတ် ဖြတ်ပြေးသွားသည်။
"သူဌေးနျဲ့က ဒုတိယထပ်က ဇိမ်ခံအခန်း ဒါမှမဟုတ် တတိယထပ်မှာ ဂုဏ်ထူးဆောင် ဧည့်ခန်း ဘယ်အခန်းများလိုချင်လဲ သိနိုင်မလား။"
နျဲ့ဟန် မဆိုင်းမတွဖြင့် "ဂုဏ်ပြုဧည့်ခန်း”
"ကောင်းပါပြီ။ ကျွန်တော် ပြင်ဆင်လိုက်ပါမယ်"
အပြင်ဘက်တွင် ချင်မျန်သည် ဧည့်သည်များကို ပြုံးပြရင်း သူ့မျက်နှာမှာ အနည်းငယ် နာကျင်သွားသည်အထိ နှုတ်ဆက်နေရ၏။
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
088 : ခမ္းနားႀကီးက်ယ္သည့္ ဖြင့္ပြဲအခမ္းအနား
အကယ္ဒမီေက်ာင္း၏စားေသာက္ခန္းတြင္ အသားႏွင့္ ဟင္းသီးဟင္း႐ြက္ ဟင္းလ်ာမ်ားကို ေရာင္းခ်ေသာ္လည္း အရသာမွာ အလြန္႐ိုးစင္းလွသည္။ ေဟာ္စီေ႐ြ႕၊ ခ်ဴက်ံဳးဝမ္ႏွင့္ ပုခ်င္းယြမ္တို႔ကေတာ့ အႏွီအစားအစာမ်ားကို အၿမဲတမ္း မစားႏိုင္ေပ။သို႔ေသာ္ ခ်င္မ်န္ လာေပးပို႔ေသာ ဟင္းပြဲမ်ားသည္ အရသာ႐ွိမည့္ ရနံ႔မ်ားျဖင့္ ျပည့္ႏွက္ေနၿပီး တစ္ခ်က္ၾကည့္႐ုံနဲ႔တင္ အကယ္ဒမီေက်ာင္း႐ွိစားေသာက္ခန္းမွ ဟင္းလ်ာမ်ားထက္ မ်ားစြာသာလြန္ေၾကာင္း သိသာသည္။ က်ိဳးထ်န္းဟယ္ႏွင့္ ဝမ္႐ွန္းဝမ္တို႔သည္ သာမန္ေငြေၾကးအေျခအေန႐ွိေသာ မိသားစုမွ ျဖစ္ၾကၿပီး တစ္လကို ဟင္းေကာင္း သုံးေလးႀကိမ္ေလာက္သာ ဝယ္စားႏိုင္ေလ၏။ ထို႔ေၾကာင့္ ယခုလိုမ်ိဳး ကပ္စားျဖစ္ျခင္းသာ။
လဲ့ယ္႐ွန္းက်စ္အား လဲ့ယ္တာခ်န္ႏွင့္ တု႐ွီေပးပို႔ေသာ လစဥ္ကုန္က်စရိတ္သည္ ေသးငယ္သည္မဟုတ္ေသာ္လည္း သူကား လိမၼာေရးျခား႐ွိၿပီး ၿခိဳးျခံေခြၽတာတတ္ကာ အသားဟင္းမ်ားကို ဝယ္စားရန္မွာ ႐ွားပါးလွသည္။
“ဝိုင္ဆိုင္အသစ္အတြက္ အရမ္းအလုပ္႐ႈပ္ေနတာမလား။ ေလာင္တာ့နဲ႔ မရီးက ကြၽန္ေတာ္႕ကို ဘာလို႔မ်ားလာေတြ႕ဖို႔ အခ်ိန္ေပးေနရတာလဲ?" လဲ့ယ္႐ွန္းက်စ္ ေမးလိုက္သည္။သူ အကယ္ဒမီေက်ာင္းကို ဝင္လာသည္မွာ ႏွစ္လေလာက္႐ွိၿပီျဖစ္ေသာ္ျငား ဤအေခါက္မွာ ခ်င္မ်န္နဲ႔ လဲ့ယ္ထ်ဲတို႔ သူ႕ကို ေတြ႕ဖို႔ ပထမဆုံးအႀကိမ္ လာခဲ့သည္ပင္။
ခ်င္မ်န္ ေျပာလိုက္သည္။ “မင္းဆီ အလည္လာတဲ့ကိစၥအျပင္ ဝိုင္ဆိုင္နဲ႔ပတ္သက္ၿပီး မင္းရဲ႕အကူအညီကို ေတာင္းဖို႔ ဒီေန႔ေရာက္လာတာ။ ေနာက္မွေျပာမယ္။"
စကားအနည္းငယ္ေျပာၾကရင္း ခ်ဴက်ံဳးဝမ္ႏွင့္ အျခားသူမ်ားသည္ ထမင္းပန္းကန္မ်ားႏွင့္အတူ အျမန္ေရာက္လာၾကသည္။ ျဖတ္သြားေသာ ေက်ာင္းသားမ်ားကလည္း သူတို႔ကို စူးစူးစမ္းစမ္း ၾကည့္ေနၾကသည္။
ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲသည္ ထိုင္ခုံေနရာေပးရန္ မတ္တပ္ထရပ္ခဲ့ေသာ္လည္း ခ်ဴက်ံဳးဝမ္ႏွင့္ အျခားသူမ်ားက လ်င္ျမန္စြာ ျငင္းဆိုခဲ့သည္။
"ဒါက ဘယ္လိုျဖစ္ရတာလဲ?" ခ်င္မ်န္ မထင္မွတ္ဘဲ တခစ္ခစ္ရယ္လိုက္ၿပီး "မင္းတို႔အားလုံး ထိုင္စားတာက ပိုသင့္ေတာ္တယ္ေလ။အားထ်ဲနဲ႔ ငါက မင္းတို႔ကို ဒုကၡေပးစရာ တစ္ခု႐ွိတယ္"
"ဘာမ်ားလဲ? အစ္ကိုတို႔ႏွစ္ေယာက္က ႐ွန္းက်စ္ရဲ႕ အႀကီးဆုံးအစ္ကိုနဲ႔ မရီးပဲေလ။တနည္းအားျဖင့္ ကြၽန္ေတာ္တို႔ရဲ႕ အစ္ကိုအႀကီးဆုံးနဲ႔ မရီးပဲေပါ့” ေဟာ္စီေ႐ြ႕ ေျပာလိုက္သည္။
လဲ့ယ္႐ွန္းက်စ္ မိတ္ဆက္ေပးလိုက္သည္။ "ေလာင္တာ့နဲ႔ မရီး...ဒါက သူငယ္ခ်င္းအသစ္ ေဟာ္စီေ႐ြ႕။ သူက ဒီႏွစ္ စီရင္စုစာေမးပြဲရဲ႕ အမွတ္မ်ားဆုံးပဲ။”
“......"
ေဟာ္စီေ႐ြ႕ႏွင့္ လဲ့ယ္႐ွန္းက်စ္တို႔သည္ အသက္အ႐ြယ္ အားျဖင့္ တူညီၾကသည္။ သူ႕တြင္ ၾသဇာအာဏာႀကီးေသာ မိသားစုမွ သခင္ေလးတစ္ေယာက္၏ စိတ္ေနသေဘာထားမ်ိဳး႐ွိေသာ္လည္း မာနမႀကီးဘဲ သန္႔စင္မြန္ျမတ္ကာ ယဥ္ေက်းသိမ္ေမြ႕စြာျဖင့္ ျပန္လည္ ႏႈတ္ဆက္လိုက္သည္။ "မဂၤလာပါ လဲယ့္တာ့ေကာ။ မရီးလဲ့ယ့္။”
ခ်င္မ်န္က "ေတြ႕ရတာဝမ္းသာပါတယ္ သခင္ေလးေဟာ္။ မင္းတို႔အားလုံး အရင္စားၿပီးရင္ ငါတို႔ စကားေျပာၾကမယ္ေလ"
အားလုံးက တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ "ဒါဆို...အစ္ကိုတို႔ႏွစ္ေယာက္ အၾကာႀကီးေစာင့္ေနရလိမ့္မယ္ မဟုတ္ဘူးလား?”
လဲ့ယ္႐ွန္းက်စ္ ပါးစပ္မဖြင့္မီတြင္ အျခားလူအနည္းငယ္က ျငင္းဆန္ၿပီး ထမင္းမစားေတာ့ေပ။
"ဒီထဲမွာ ခ်ယ္ရီယို႐ွိတယ္။ အခ်ိန္အၾကာႀကီး သိမ္းထားလို႔ မရဘူး။” ခ်င္မ်န္သည္ ဝါးႁပြန္ကို လဲ့ယ္႐ွန္းက်စ္အား ေပးလိုက္သည္။သူတို႔ကို စားေသာက္ခိုင္းလိုက္ၿပီး သူတို႔ စားေသာက္ေနစဥ္တြင္ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔ မေဝးလြန္းေသာအရပ္သို႔ ေလွ်ာက္သြားခဲ့သည္။ ခဏအၾကာ လဲ့ယ္႐ွန္းက်စ္ႏွင့္ အျခားသူတို႔ ထမင္းစားၿပီးသည္မွ ႏွစ္ေယာက္သား ျပန္လာၾကသည္။ ပန္းကန္ျပားေတြကိုလည္း အစားအေသာက္ပုံးထဲသို႔ စနစ္တက် ျပန္လည္ထည့္ထားေပးသည္။
လဲ့ယ္႐ွန္းက်စ္ႏွင့္ ပုခ်င္းယြမ္တို႔သည္ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔အတြက္ ေနရာေပးရန္ ထရပ္လိုက္ၾကသည္။
ခ်င္မ်န္ သူ႕လက္စြယ္အိတ္ထဲမွ ေခါက္ထားေသာ စာ႐ြက္တစ္႐ြက္ကို ထုတ္ယူလိုက္သည္။ "ဒီကိစၥနဲ႔ ပတ္သက္တာပါ။ အစ္ကိုတို႔ရဲ႕ဝိုင္ဆိုင္အသစ္ ႐ွန္း႐ွန္းကို 30 ရက္ေန႔မွာ ဖြင့္လွစ္မွာပါ။ 30 ရက္ေန႔ နဲ႔ 31 ရက္ေန႔က ခ်င္းယြမ္ အကယ္ဒမီေက်ာင္းအတြက္ အားလပ္ရက္မလား?ကဗ်ာ၊ ပန္းခ်ီႏွင့္ လက္ေရးလွ ၿပိဳင္ပြဲေတြကို ႐ွန္း႐ွန္းအိမ္ေတာ္မွာ စြမ္းရည္ၿပိဳင္ပြဲငယ္သေဘာမ်ိဳး က်င္းပမလို႔ပါ။ ၿပိဳင္ပြဲတစ္ခုစီမွာ ထိပ္တန္းသုံးေနရာအတြက္ ေငြတုံး ၁၂ တုံး ၊ ၅ တုံးနဲ႔ ၂ တုံး ဆိုၿပီး အသီးသီးခ်ီးျမႇင့္သြားမွာပါ။ ပထမဦးဆုံးအေနနဲ႔ အစ္ကိုတို႔ရဲ႕ ဝိုင္ဆိုင္ကို လူသိမ်ားသြားေစဖို႔ပဲ။ ဒုတိယအခ်က္ကေတာ့ အရည္အခ်င္းျပည့္မီေပမယ့္လည္း ဆင္းရဲႏြမ္းပါးတဲ့ ေက်ာင္းသားအခ်ိဳ႕အတြက္ ကိုယ့္ကိုယ္ကို မွီခိုအားထားႏိုင္မယ့္ အခြင့္အလမ္းတစ္ခု ဖန္တီးေပးဖို႔ပါပဲ။ေကာင္းမြန္တဲ့ ကဗ်ာ၊ လက္ေရးလွ၊ ပန္းခ်ီေတြကို သူတို႔နာမည္ရေစဖို႔ ဝိုင္အိမ္ထဲမွာ ခ်ိတ္ဆြဲထားလိမ့္မယ္။”
ေဟာ္စီေ႐ြ႕ လက္ခုပ္တီးၿပီး "ဒါ ေကာင္းတဲ့အၾကံပဲ။ ကြၽန္ေတာ္႕အေဖကို အကဲျဖတ္ဒိုင္လုပ္ေပးဖို႔ ကြၽန္ေတာ္ ဆြဲေဆာင္ေပးႏိုင္တယ္။”
ခ်င္မ်န္ ေမးလိုက္သည္။ "သခင္ေလးအေဖက ဘယ္သူလဲဆိုတာ သိလို႔ရမလား?"
"......"
ပုခ်င္းယြမ္ အစားေျဖေပးလိုက္သည္။ "စီေ႐ြ႕ရဲ႕ အေဖက ကြၽန္ေတာ္တို႔ရဲ႕ ေက်ာင္းအုပ္ေလ"
Advertisement
- In Serial638 Chapters
Konjiki no Moji Tsukai
Five people are summoned to another world to battle the demon lord who threatens that world. However, there were only supposed to be four heroes that were summoned; the other was an innocent bystander. What will the innocent bystander do next?Thank you for reading updated novel Konjiki no Moji Tsukai @ReadWebNovels.net
8 750 - In Serial11 Chapters
Forced Immortality
Guy dies, transmigrates and then dies some more. Contrary to what you might think, this is actually a story about an OP protagonist. ------------------------------------------------------------------------------------------------------------- Things to keep in mind before reading: - I have never written a story before so this will most likely end up being pretty bad. - I have done zero planning for this story. - This is mostly something i wanted to try out in my freetime so updates are going to be sporadic at best. - Chapter length will fluctuate until i figure out this whole writing thing. - I have no idea if there will be romance. Might add it in the future if this story somehow doesn't end up as a failure. - There will be some stuff from the Star Wars Universe but this is NOT a Star Wars fanfiction. - The story will be pretty explicit in the gore department so if your squeamish, beware. - This story will be a slow burn. - If any of the above changes, i'll update the synopsis and i might make a seperate chapter just detailing these points. - Last point, English isn't my native language so have some mercy on my poor soul, ok? If none of the above has scared you away then i invite you to join me on this catastrophic ride. It'll probably be kinda fun.....hopefully... This story is also on Scribblehub and Webnovel.
8 136 - In Serial30 Chapters
Subcutanean
Horror // LGBTQ+ // Novel // COMPLETE! ~*~ Insecure college senior Orion loves music, books, and his best friend Niko. But when the two discover a secret basement much bigger than it should be, they're soon trapped in a mirror-world filled with two-faced doppelgängers and long-buried secrets. Most dangerous of all is Orion's consuming obsession: somewhere down there, is there a Niko who loves him back? Subcutanean is a novel from an award-winning game designer, with a unique twist: each telling of the story is unique. No two versions are ever quite the same. The version shared here on Royal Road is version #01893 of the story: find out how to get your own unique copy. CW: This novel has no explicit sex scenes and only PG-13 level violence, but does touch on themes of depression and suicide, so has been marked "Mature."
8 134 - In Serial1517 Chapters
Test story
Test description
8 223 - In Serial39 Chapters
Young God ϟ Marvel [1]
❝Do you feel like a young god?❞ [across the marvel cinematic universe][thor - age of ultron][book one of ?][CURRENTLY EDITING]
8 240 - In Serial6 Chapters
epiphany || hp au
mirrormirroron the walltell no more liesof who we are started: oct 2, 2020slow updates
8 242

