《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 26 ]
Advertisement
"ဗိုက်က အရမ်းနာတယ်…ဟင်း!"
ပိတ်စတစ်ခုကို အာဖြင့်ခဲခံနည်း နှုတ်မှ အော်ညီးလိုက်သည့် ကြင်ယာတော်ရှောင်းအသံဟာ အဆောင်ရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေလေသည့် အရှင့်ရိပေါ်အား စိုးရိမ်စေလေသည်။
"ကျိရန်…"
မျက်နှာတော်တွေပျက်ကာ ခြေမကိုင်လက်မကိုင်ဖြစ်နေသည့် အရှင်က ဘေးနားမှာရှိနေသည့် ကျိရန်အား ခေါ်လေသည်။
"မိန့်ပါ အရှင်"
"အထဲမှာ…ရှောင်း…အဆင်ပြေပါ့မလား"
"အရမ်းကြီး မစိုးရိမ်ပါနဲ့…
ဒါက သဘာဝပါ"
"အင်း…ရှောင်းခံစားနေရတာတွေ…ကိုယ်တော်…မကြားဝံ့ဘူး"
"ကျွန်တော်မျိုး အရှင့်ကို ပြောပြစရာရှိတယ်"
အရှင် ရိပေါ်ကို ကြင်ယာတော်ရှောင်းအော်သံဆီ အာရုံမစိုက်နိုင်လေအောင် ကျိရန်က စကားလမ်းကြောင်းလွှဲဖို့ ပြင်လေသည်။
ဘယ်ရှင်ဘုရင်မှ ဒီလို ကြင်ယာတော်တစ်ပါး ကလေးမီးဖွားတာကို ပြာပြာသလဲ မဖြစ်ခဲ့ဖူးပါ။ဧကရာဇ်ဝမ်ရိပေါ်ကျမှ ဖင်မထိုင်နိုင်ဖြစ်ကာ ခေါင်းမီးထွက်မတက်ဖြစ်နေတာကြောင့် အစောင့်အရှောက် ရဲမက်များသည်လည်း အရှင့်အတိုင်းပင် လှုပ်လှုပ်ရွရွ ဖြစ်နေလေသည်။
"ဘာအကြောင်းများလဲ ကျိရန်"
"ဒီနေ့က လပြည့်ညလား အရှင်"
အရှင်ရိပေါ်က ကောင်းကင်က လကို လှမ်းကြည့်သည်။
"မဟုတ်ဘူး"
"အော်"
"မင်းကို ငါ့ကို ဒါတွေလာမေးနေရအောင် မသိဘူးလား ဟမ်"
"အော် မသိလို့ပါ အရှင်ရယ်"
"ဒီမှာ ရှောင်းရှောင်းကို စိတ်ပူနေရကြားထဲ!"
ရိပေါ်က တစ်ဖန် အဆောင်တော်အတွင်းထဲ တအင်းအင်း အော်သံတွေဘက် ခေါင်းလှည့်လို့ အာရုံစိုက်ပြန်လေသည်။
"အရှင်"
"အင်း…မွေးတာ ကြားလိုက်တာ"
"ကျွန်တော် မေးစရာရှိလို့ အရှင်ရဲ့"
"အခုနလည်း ပြောစရာရှိတယ်ဆို…
ပြောမှဖြင့် မြန်မြန်ပြော"
အရှင်ရိပေါ်က ကျိရန်ကို စိုက်ကြည့်လို့ ဆက်ပြောမည့်စကားတွေကို သေချာအာရုံစိုက်ပြန်လေသည်။
"ကျွန်တော် မေးမယ်နော် အရှင်"
"အင်း…မေးလို့!"
"ဒီကမ္ဘာပေါ်မှာ ငှက်အမျိုးပေါင်း ဘယ်လောက်ရှိလဲဟင်"
"နေဦး…ကိုယ်တော် တောထဲသွားပြီး တစ်ကောင်တွေ့ ရင်
နာမည်တစ်မျိုး မှတ်လာပြီး ပြောပြမယ် သိလား"
"မှန်လှပါ"
"ကျိရန်!"
"ဗျာ"
အရှင့်အော်သံကြီးက ကျိရန်အား ကြက်သီးမွှေးညင်းတွေတောင် ထစေလေသည်။
"အဲ့အနားမှာ ပါးစပ်ကလေးကို ပိတ်ပြီး ငြိမ်ငြိမ်နေနော်…
စကားသံတစ်ခွန်းကြားရင် ငါ မင်းရဲ့လည်ပင်းကို အပိုင်းလိုက် ဖြတ်ပစ်မယ်!"
"မှန်လှပါ အရှင်"
ကိုယ်ရံတော် ကျိရန်ဟာ စိတ်ဆိုးလာသော အရှင့်အား နည်းနည်းလန့်လာတာကြောင့် အမိန့်စကားအတိုင်းပင် နောက်ခပ်လှမ်းလှမ်းဆုတ်လို့ ခပ်တိတ်တိတ်လေးသာ နေလိုက်လေသည်။
သေရင်တောင် လည်ပင်းအပြတ်ပြတ်ဖြစ်ပြီး တကယ်မသေချင်လို့ပါ။ဒါပေမယ့် သူ့ လိုလူဟာ အရှင်ရိပေါ်ကို ကြောက်တာ မဟုတ်ဘူးဆိုတာကိုတော့ ယုံစေ….။
"အူဝဲ…အူဝဲ"
"ကျိရန်…ကျိရန်!!"
"……"
အသံပြန်မလာတဲ့ ကိုယ်ရံတော်ကြောင့် အရှင်က သေချာပြူးကြည့်မိသည်။သူ့ လို တေမိများ ဖြစ်သွားသလားလို့ပေါ့။
"ကျိရန်!!"
"……"
အသံတော့ ပြန်မလာပေမယ့် အကြည့်လေးဖြင့်တော့ တုန့်ပြန်လေသည်။
"ငါ ကိုယ်တော် ခေါ်နေတာကို ပြန်မထူးဘဲ နေရဲတယ်ပေါ့!"
ဝမ်ရိပေါ်ဟာ ကိုင်ဆောင်နေကျ လက်ဆွဲတော် ဓားကို ဆွဲထုတ်လိုက်သည်။
"အဲ့လို…မဟုတ်ရပါဘူး အရှင်…
အရှင်က စကားပြောရင် လည်ပင်းကို အပိုင်းပိုင်းဖြစ်အောင် ခုတ်တော်မူမယ်လို့ မိန့်ထားတာကြောင့် ကျွန်တော်မျိုး အသံမထွက်ဘဲ နေရတာပါ အရှင်"
ထိုသို့ပြောလိုက်တော့မှ အရှင်ရိပေါ်ရဲ့ မျက်နှာတော်ဟာ အနည်းငယ် ပြေလျော့သွားပြီး လက်ဆွဲတော် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်လေသည်။
ထိုအခါမှလည်း ကျိရန်တစ်ယောက် ရင်ထဲ၌တစ်နေသော
အလုံးကြီးတစ်လုံး ကျဆင်းသွားလေသည်။
******
"ကြင်ယာတော် ရှောင်းက သားတော်လေး ဖွားမြင်ပါတယ်
မင်းသား ဝမ်ဟန်"
ဝမ်ဟန်က တန်ဖိုးကြီးသော သေရည်ခွက်အား ပင့်သောက်လိုက်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။
"ကျန့်ရော ကျန်းမာရဲ့လား"
"မှန်လှပါ။
အရှင် ကိုယ်တိုင် ဝင်ရောက် ကြည့်ရှူနေတယ်လို့ သိရပါတယ် မင်းသား"
"ကောင်းပြီ။
မင်း သွားလို့ရပြီ"
သတင်းပေးသူ ထွက်သွားသွားချင်း ဝမ်ဟန်က သေရည်အား အိုးလိုက် မော့ချကာ သောက်ပစ်လိုက်သည်။
ရင်ထဲမှာ နာကျင်ရတာတွေ ထိုသေရည်နဲ့အတူ မျှောပါသွားရင် ကောင်းမယ်ဆိုသော အတွေးတစ်ချို့ တွေ ရောယှက်နေလေသည်။
လုံးဝလက်လျှော့လိုက်ရပြီဆိုတဲ့ အသိတစ်ခုနဲ့တင် သူ့ နှလုံးသားဟာ စကာပေါက်တစ်ခုကို အပ်ရာ အထပ်ထပ်ဖြစ်နေလေပြီ။
ထပ်ပြီး ချုပ်နှောင်ထားပစ်မည့် သံယောဇဉ်အမျှင်လေးတစ်ခု တိုးလာတဲ့အခါ သူ ဘယ်လိုများ ရှေ့ဆက်တိုးရတော့မှာလဲ။
မည်သူမဆို ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်မိမှာ အသေအချာ။မင်းသား ဝမ်ဟန်က သိပ်ချစ်ရသည့် သူ့ ကိုလည်း ပိုင်ဆိုင်ချင်ခဲ့ပါသည်။
သို့ပေမယ့် သူဆိုသော ချစ်ရသူလေးက ပိုင်ရှင်သာမက နောင်ထပ် အရစ်လေးတစ်နွယ်ပါ ထပ်တိုးလို့ သူမျှော်လင့်ချက်တွေအား ရိုက်ချိုးပစ်ခဲ့ပါလေသည်။
ဒီအချစ်တွေ ဒီဘဝရယ်ပဲ ရှိပါစေတော့လို့ အခါခါ တောင်းဆုပြုရင်း ဒီတစ်ညမှာလည်း အဖော်မဲ့တဲ့ သူ့ အတွက် သေရည်အိုးတွေကသာ အဖော်ပြုပါလိမ့်မည်။
*******
"ရှောင်း"
"အ…ရှင်"
အော်ရလွန်းလို့ အသံတွေ ဝင်နေသည့် ကြင်ယာတော်ဟာ
ဖြူလျော့လျော့မျက်နှာလေးဖြင့် ဘေးနားက အရှင်အား ကြည့်လေသည်။
"အရမ်းပင်ပန်းနေလား…
ကိုယ်တော် ဘာလုပ်ပေးရမလဲ…"
Advertisement
"ရပါတယ်…အရှင်။
နည်းနည်းအားလျော့နေတာလေးကလွဲလို့ ကျွန်တော် အဆင်ပြေပါတယ်"
"ကိုယ်တို့ သားတော်လေးကို ကြည့်ရအောင်"
နွေးထွေးစွာ ထွေးပွေ့ ခံထားရသော သားတော်လေးက နီတာရဲလေး။အရှင် ရိပေါ်ဟာ သားတော်လေး၏ နဖူးပြင်လေးအား
မြတ်နိုးစွာ နမ်းရှိုက်လိုက်လေသည်။
"ကိုယ့်ကြင်ယာတော်နဲ့တူလို့ ထင်တယ်…သိပ်ပြီး ချစ်စရာကောင်းတာပဲ"
"အာ…အရှင်ကလည်း"
အရှင်က သဘောကျစွာပင် ကြင်ယာတော်၏ နဖူးပြင်အား နမ်းရှိုက်လိုက်ပြန်လေသည်။
"ကိုယ့်အတွက် ပင်ပန်းပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"
"ကျွန်တော်တို့နှစ်ယောက်ကြားမှာ ကျေးဇူးတင်တယ်ဆိုတဲ့စကား ပြောဖို့လိုသေးလို့လား အရှင်ရယ်…"
အရှင်ရိပေါ်ဟာ ကြင်ယာတော်ဖြစ်သူလေးအား ရင်ခွင်ထဲသို့
ခပ်ဖွဖွဆွဲထည့်လိုက်ရင်း နွေးထွေးစွာ ပွေ့ ဖက်လိုက်သည်။
"ကိုယ် နာကျင်ခဲ့တာတွေကို မေ့ပစ်ပြီး နောက်ဘဝအဆက်ဆက် မင်းတစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးပါ့မယ် ရှောင်းရှောင်း"
"ကျွန်တော်ကလည်း ဟိုမှားခဲ့တဲ့ ဘဝကစလို့ နောက်ဘဝတွေအထိ အရှင့်အနားမှာပဲ နေကာ အရှင့်တစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးပါတော့မည်ဟု သစ္စာဆိုခဲ့ပြီးသားပါ အရှင်"
မိသားစုလေးတစ်ခုဖြစ်တည်လာမှုကို အဆောင်တော်နားတစ်နေရာကို ရပ်ကြည့်နေသော တစ်စုံတစ်ယောက်ဟာလည်း မနာလို ဝန်တိုမှုတွေဖြစ်ကာ အံကိုကြိတ်လို့ လက်သီးကို ဆုပ်မိသည်။
"ဘယ်တော့မှ မပျော်ရွှင်စေရဘူး ရှောင်းကျန့်!"
*******
လသားအရွယ်ရောက်လာသည့် သားတော်လေး ဝမ်ရှောင်းယွမ်က နည်းနည်းဂျစ်ကျလာသည်။မိခင်နို့မစို့ရသည့် ကလေးငယ်လေးဟာ နို့ဆာချိန်တိုင်း မိခင်နို့ကိုသာ ရှာဖွေနေလေသည်။
ကြင်ယာတော်ရှောင်းက မိန်းကလေးမဟုတ်တာကြောင့်
လိုအပ်သည့် နို့ရည် မထွက်ခဲ့ပေ။အထိန်းတော်ကြီးက မင်းသားလေးအတွက် နွားနို့ကိုသာ ရှာဖွေပြီး တိုက်ကျွေးခဲ့ရလေသည်။
"အထိန်းတော်ကြီးရယ်…သားတော်လေးကိုကြည့်ရတာ ကျွန်တော် စိတ်မသက်မသာ ဖြစ်လိုက်တာ ဟင်း"
ရှောင်းကျန့်က သက်ပြင်းတွေ အခါခါချလို့ သားတော်လေးအား ကြည့်နေလေသည်။
"မတတ်နိုင်ဘူးလေ ကြင်ယာတော်ရှောင်းရယ်…
သူက မိခင်နို့စို့ချင်ရှာပေမယ့် ကြင်ယာတော်မှ မတတ်နိုင်ရှာတာ"
"ဒီနန်းတော်ထဲမှာလေ နို့တိုက်မိခင် တစ်ဦးဦးများ ရှိလေမလား အထိန်းတော်ကြီး!"
"ရှိတော့ ရှိနိုင်ပေမယ့် မင်းသားလေးဟာ ဘုရင်မျိုးရိုးဖြစ်တာကြောင့် အခြားအဆင့်အတန်းတစ်ယောက်ရဲ့ နို့ရည်ကို
သောက်သုံးလို့ မဖြစ်ပါဘူး ကြင်ယာတော်…"
"ဘာဖြစ်လို့လဲ"
"အခြားသူတစ်ယောက်ရဲ့ နိမ့်ကျသော စိတ်ဓာတ်တွေ ရောက်လာမှာ စိုးလို့ပါ။ဒါကိုလည်း အရှင်က လွယ်လွယ်ခွင့်ပြုမှာ မဟုတ်ဘူး"
ရှောင်းကျန့်က ပေါင်ပေါ်တင်ထားတဲ့ သားတော်လေးကို ညိုးနွမ်းသော မျက်နှာဖြင့်သာ ငုံ့ကြည့်နေမိသည်။
"မယ်မယ် ဘယ်လိုလုပ်ရမလဲ သားတော်လေးရယ်…"
*******
"မင်းသား"
"……"
"တစ်ခါလောက်ဖြစ်ဖြစ် ကိုယ့်ရဲ့သမီးတော်လေးကို ကြည့်တော်မူပါလား"
"မကြည့်ချင်ဘူး"
ဝမ်ဟန်က ခပ်တင်းတင်းပြောဆိုလာတာကြောင့် မိဖုရားဖြစ်သူက ရင်ခွင်ထဲကနေ ပြုံးပြနေသည့် ရင်သွေးလေး၏ ကိုယ်လုံးလေးအား ခပ်ဖွဖွ ပုတ်ပေးမိသည်။
အရှင်ဝမ်ရိပေါ်၏ သားတော်လေးနှင့် ရှစ်ပတ်ငယ်သော သမီးတော်လေးဟာ ဖခင်မေတ္တာကို ကံဆိုးစွာ မရရှိခဲ့ပေ။ ဘုရင်မြင့်မြတ်နှင့်ကြင်ယာတော်ရှောင်းတို့ရဲ့ သားတော် ဝမ်ရှောင်းယွမ်ကျတော့ မိဘတွေရဲ့ မေတ္တာကို သာမက မိခင်နို့ မသောက်ရတာကြောင့် နန်းတော်တစ်ခုလုံးရဲ့ ချစ်ခင်သနားစိတ်ကိုလည်း လက်ခံရရှိထားလေသည်။
"တကယ်ပဲ မင်းသားက ကိုယ့်သွေးသားရင်းကို မကြည့်ချင်တာလား"
ဝမ်ဟန်က မိဖုရားရဲ့စကားကြောင့် သောက်နေသည့် ခွက်အား နံရံဖက် ပစ်ပေါက်လိုက်လေသည်။
ခွမ်း!!
အသံကျယ်ကျယ် အော်မြည်သွားတာကြောင့် မိဖုရားက သမီးတော်လေး၏ နားနှစ်ဖက်အား ပိတ်ထားလေသည်။
"အခု ငါ့အနားက ထွက်သွားစမ်း!!"
မိဖုရားက မျက်ရည်တွေဝေ့သီလာပြီး မင်းသားဝမ်ဟန်အား
ခပ်စူးစူးကြည့်လို့ အဆောင်အပြင်ဘက်သို့ ပြန်ထွက်သွားလေသည်။
သိပ်ရက်စက်လိုက်တာ။
ကိုယ့်သွေးသားရင်းကိုကျ တစ်စက်ကလေးရယ်မျှ မကြည့်ဘဲ တစ်စုံတစ်ယောက်နှင့်အတူ သူ၏ကလေးကိုတော့ မျက်ကွယ်ရာကနေ ခိုးခိုးကြည့်လို့ရယ်…။
ဘဝတွေက ဆိုးလိုက်တာ သမီးတော်လေးရယ်။
**************************************
"ကျိရန်"
"မိန့်ပါ အရှင်"
ဒါက သဘာဝပါ"
"မဟုတ်ဘူး"
"အော်"
"အရှင်"
Advertisement
"အင်းမေးလို့!"
"မှန်လှပါ"
"ကျိရန်!"
"ဗျာ"
"မှန်လှပါ အရှင်"
"အူဝဲအူဝဲ"
"ကျိရန်ကျိရန်!!"
""
"ကျိရန်!!"
""
******
မင်းသား ဝမ်ဟန်"
"မှန်လှပါ။
"ကောင်းပြီ။
မင်း သွားလို့ရပြီ"
*******
"ရှောင်း"
"အရှင်"
"အရမ်းပင်ပန်းနေလား
"ရပါတယ်အရှင်။
"အာအရှင်ကလည်း"
*******
"ဘာဖြစ်လို့လဲ"
*******
"မင်းသား"
""
"မကြည့်ချင်ဘူး"
ခွမ်း!!
သိပ်ရက်စက်လိုက်တာ။
**************************************
Advertisement
- In Serial71 Chapters
To New York
Amanda Gaffley is a beautiful Xhosa girl from South Africa .She is well known for her generous heart and beautiful dimple smile, quite an eye catcher.From the dusty streets of Khayelitsha, she goes to New York seeking for success. She always believed that she was destined for more than what she was given, with an ambitious mind she dared to strive for what she wanted. She thought settling down in New York would be all cookies and cream but eh !Leonardo Reigns is a well known billionaire bachelor in New York. His family own hotels all around the world ! not to mention that he also owns dozens of Restaurants, his name held so much worth that men envy him and woman drop to their knees . Leonardo does not believe in love but what happens when he gets hot Coffee spilled on his Amarni blazer by a drool-worthy "black" girl? Read to find out.
8 137 - In Serial31 Chapters
Pixie Dust {ManxBoy}
*PARTIALLY EDITED*Being the new kid is extremely hard, especially when you go to a school just for the supernatural. Leon is a pixie- and the new kid. Moving from his old home for better opportunities for his large but poor family, he's thrown into a whole new world, especially with one possessive and hot alpha. Can he survive this new school, drama, mates, and a possible baby?!Welcome to SNH High! Where the drama never stops!*WILL BE EDITED AFTER STORY IS COMPLETED*
8 204 - In Serial13 Chapters
See Me ➳ one
❝ i looked at you with loveyou saw me with mutual feelingsyet,why did you change?❞▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬《this is the first book out of the trilogy. second is Avoid Me while the third one is being written》【gakuen alice belongs to higuchi tachibana】
8 146 - In Serial44 Chapters
Third Mate #Wattys2018 (Completed)
Highest Ranks: #1 in Original Story 10/8/18 #5 in Second Chance Mate 30/7/18 #1 in Hurting 24/7/18In the werewolf world mates are commonSecond chance mates are rareBut third mates have never been heard of until now........Liam Roberts is now 22 after his first mate died, and rejecting his second chance mate, Bella, he is living his life solo. Layla King, Bella's bestie, has been in many relationships but can't seem to hold onto the men. She is slowly losing hope in everything.On the fateful day that Bella invites Liam to her wedding, Layla and Liam's lives are transformed, without them even knowing. ~~~~~~She is still shaking and naked and my wolf and I are very turned on, but I push all of my dirty thoughts away and move towards her slowly. I rip off the handcuffs and she crawls into a corner of the bed, curling up in a ball. "Layla you don't need to be scared of me" I say quietly"Please don't come near me" she whimpers~~~~~~Started: 7/7/18Finished: 19/1/19
8 273 - In Serial73 Chapters
Oneshot Per Day
A one shot a day keeps writers block away! This book will be filled with weird shit and fluff and angst and pure CrAcK. Some of your favorite ships and others that you didn't know existed.I will take requests but I don't write smut or lemon or anything in betweenI'm a liar, updates have become irregular/not every dayRANKINGS 🏆#15 in Knickle#9 in Silvercandle#21 in Fantube #222 in Lightbrush (used to be 25 😭🔫)#18 in onehfj#72 in Payjay#4 in Salter#7 in Salt x pepper#1 in knifebrush#7 in Suitloon
8 73 - In Serial28 Chapters
The Nanny
Archie is a success business man and a single father of twins. He tries to spend as much time with them as possible but his work does not always allow that. The four year old kids are always the last in kindergarten when he picks them up or they are already asleep when he picks them up from his parents' house. He hires a Nanny for help and when the pretty, raven haired woman moves in, all of their lives change.
8 174

