《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 23 ]
Advertisement
အာဏာရူးပြီး အတ္တကြီးလွန်းသော ဝမ်ဟန်က ကျိရန်ကို ကွပ်မျက်ပြီးတာနဲ့ နောက်ထပ်ပင် အရှင့်၏မယ်တော် ဖြစ်သူကို တစ်ချက်လေးမျှပင် မငဲ့ညာဘဲ လည်တိုင်ကို ဓားတင်၍ ပြတ်စေခဲ့သည်။
ရှောင်းကျန့် ရင်၌ မခံမရက်နိုင် ဖြစ်လွန်းသော်လည်း သူ ဘာမျှပင် ပြန်မလုပ်နိုင်။သူ့ ကြောင့်ဆိုတဲ့ ခံစားချက်ကြောင့် သတိမေ့နေသော အရှင့်အားကြည့်ကာ ရင်ထဲ၌ အကြိမ်ကြိမ်တောင်းပန်မိသည်။
"ဟားဟား အခု ငါ့ကို ဘယ်သူ ဖီဆန်ရဲသေးလဲ"
သွေးစွန်းနေသော ဓားကြီးကို ကိုင်မြှောက်လျက် ဝမ်ဟန်က သဘောကျစွာ အော်ရယ်နေလေသည်။ပြီးနောက် ရှောင်းကျန့်ဘက်ကို ပြန်လှည့်ကြည့်ကာ အနီးသို့ ရောက်လာပြန်လေသည်။
"အဲ့ရွံရှာနေတဲ့ မျက်ဝန်းတွေနဲ့ ကိုယ့်ကို မကြည့်နဲ့ ကျန့်!
မင်း အခု ကိုယ့်လိုလူတစ်ယောက်နဲ့ ပတ်သတ်ဖူးလို့ နောင်တရနေပြီလား!ဟားဟား ကျန့် အခုချိန် ဒီကောင် သတိရလာလို့ မင်း လုပ်တာ မဟုတ်ကြောင်းပြောမယ်ဆိုရင် ယုံမှာ မဟုတ်တော့ဘူးနော်! ဘာလို့ဆို ကိုယ်က အကွက်ကျကျ စီစဉ်ထားတာလေ"
ရှောင်းကျန့်က နတ်ဆိုးဆန်ဆန် အပြုံးတစ်ခုကို နှုတ်ခမ်းထက်၌ တင်လိုက်သည်။
"ငါက ဘာလို့ သူ့ ကို အဲ့လို ပြောမလဲ ဝမ်ဟန်ရဲ့။
အခု မင်းက နိုင်ငံရဲ့ အရှင်ဖြစ်နေပြီပဲကို။
ငါက ရူးနေလို့ မင်းကို ထားသွားပြီး လုပ်ပါ့မလဲ"
ရှောင်းကျန့်က ချက်ချင်း အခြားလူတစ်ယောက်လို ပြောင်းလဲသွားသည်။ရှောင်းကျန့်ကို ချစ်မြတ်နိုးသည့် ဝမ်ဟန်ကလည်း ရှောင်းကျန့်ရဲ့ ထိုပုံစံကို အမှန်လို့ ယူဆမိသွားသည်။
ရှောင်းကျန့်ကို ချုပ်ထားသော လူများက လွှတ်ပေးလိုက်ပြီး ဝမ်ဟန်က ချက်ချင်းပင် ကျန့်ကို ဖက်သည်။ကျန့်က ပြန်ဖက်ပေးမယ့်လည်း တစ်ဖက်က မျက်နှာကို ဝမ်ဟန် မတွေ့ ရပေ။
မကြာခင်မှာပဲ ဝမ်ဟန့်မယ်တော် မိဖုရားခေါင်ကြီးက အပြုံးကို ချိတ်ဆွဲလျက် ဝမ်ဟန်တို့ဆီ အနားသို့ လျှောက်လာလေသည်။
"မယ်တော် ဖြစ်စေချင်တဲ့ အရာတွေ ဖြစ်လာပြီ မယ်မယ်။
ပြီးတော့ သားတော်လည်း သားချစ်ရသူကို ဘေးနားမှာ တစ်သက်လုံးထားခွင့်ရတော့မယ် မယ်မယ်"
"သားတော် အရမ်းတော်ပါပေတယ်"
ရှောင်းကျန့်ပါ ရောယောင်လို့ ခပ်ဟဟရယ်နေမိသည်။
သူ့ မျက်ဝန်းတွေထဲက မျက်ရည်ကြည်တွေကိုတော့ မည်သူ့ မှ မမြင်လိုက်ပါ။
*****
မြေပြင်ပေါ်သို့ ပစ်ချခံထားရသော အရှင်ဝမ်ရိပေါ်က သတိရလာပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေပုံပေါ်သည်။
ပြီးတော့ မတ်တပ်ရပ်နေသော သူတို့အား မော့ကြည့်လာလေသည်။
"ဝမ်ရိပေါ်!!"
ယုတ်မာကောက်ကျစ်လွန်းသော ဝမ်ဟန်က ခနဲတဲ့တဲ့ဖြင့် အရှင့်နာမည်ကို ခေါ်လေသည်။အရှင်က မော့မကြည့်ဘဲ ဘေးကို အကြည့်လွှဲတော့ မြေခွေးကောင်ဝမ်ဟန်က အရှင့်မျက်နှာကို ခြေထောက်နဲ့ကန်လေသည်။
ရှောင်းကျန့် စိတ်တိုလွန်းလို့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
"ငါခေါ်နေရင် ကြည့်လေ အရှုံးသမားရဲ့
မင်းက အခုဘာမှမဟုတ်တော့ဘူးဆိုတာ နားမလည်သေးဘူးလား!"
"အဟင်း"
"ဘာရယ်တာလဲ ဟေ့ကောင်!
ငါက ကျန့်အလိုကျ မင်းကိုပဲ မသတ်ဘဲထားတာနော်။
ငါ့စိတ်နဲ့သာဆို အခုချိန်အသက်ရှိမှာ မဟုတ်တော့ဘူး"
"ဟုတ်လား။"
ရှောင်းကျန့်က အရှင်ဝမ်ရိပေါ်ရှေ့သွားပြီး အရှင့်မျက်နှာကို တံတွေးဖြင့် ထွေးလိုက်သည်။အရှင့်ရဲ့ ညို့ မှိုင်းသော မျက်ဝန်းတွေဖြင့် သူ့ အား မော့ကြည့်လိုက်သည်နှင့် သူ့ ရင်တွေ အကြိမ်ကြိမ်ကွဲကြေရပါသည်။
ထွီ!
"အဲ့ရွံစရာမျက်လုံးတွေနဲ့ ငါ့ကို မကြည့်နဲ့!"
"ရှောင်းရှောင်း! မင်းမို့ ကိုယ့်ကို လုပ်ရပ်တယ်.."
"လုပ်ရက်တယ် ဟုတ်လား…အရှင်။အာ…မဟုတ်သေးဘူး နန်းကျဘုရင်…အဟက်!"
ခပ်ရွဲ့ ရွဲ့ ခနဲ့တဲ့တဲ့ပြောနေသည့် ရှောင်းကျန့်ကို ချစ်ရသော ဧကရာဇ်က ဘာမှမပြောဘဲသာ စိုက်ကြည့်နေခဲ့သည်။
"ဘာကြောင့် ဒီလိုလုပ်လည်းဆိုတာ ဘဝမကူးခင်လည်း ပြောပြလိုက်မယ် အဟင်း…။မင်းရဲ့ခမည်းတော် မင်းကြီးက ငါ့အဖေစစ်သူကြီးကိုသတ် ငါ့အမေကိုကျ သားရဲဘီလူးစီးနေတဲ့ရဲမက်တွေဆီကိုထိုးကြွေးပြီး ငါ့ကိုကျ လည်ဖြတ်သတ်ဖို့ အမိန့်ပေးခဲ့တာလေ။ငါက ကံကောင်းပြီး မင်းလိုသဘောကောင်းတဲ့ မင်းသားလေးနဲ့တွေ့ တော့ အခုလို လက်စားချေခွင့်ရတာ။မင်းကြီးက ငါ့ကိုမမှတ်မိတော့တာတော့ ပိုကံကောင်းတာပေါ့။မင်းခမည်းတော်ကိုလည်း ငါ့ဒီလက်နဲ့ပဲ သတ်ပစ်ခဲ့တာ!! ဟား…"
ရှောင်းကျန့် ထိုစကားတွေကို ပြောမှသာ အရှင်ဝမ်ရိပေါ်က သူ့ ကို မုန်းသွားမှာ။ချစ်ရသူ၏ အမုန်းကို မလိုချင်ပေမယ့် သူ လုပ်ခဲ့သော အမှားများအတွက် အမုန်းထက်တောင် ပိုသော ပြစ်ဒဏ်ရှိမည်ဆိုလျှင် သူ ခံယူမည်ဟု ဆုံးဖြတ်ထားလေသည်။
"ကိုယ့်ကျန့်က တော်တယ်!"
ဝမ်ဟန်က သူ့ ပါးအား နမ်းရင်း အရှင် ဝမ်ရိပေါ်အား ကြည့်ရင်း ပြောလာသည်။ဘယ်လိုကံတရားကြောင့် ဒီလုက်ရက်တွေကို ချစ်ရသူရှေ့မှာ ခံနေရတာလဲ။
အကြည့်လွှဲသွားသော အရှင်က ဝမ်ဟန်လက်ထဲက ဓားကို ဆွဲထုတ်လို့ သူ့ ရင်ဘတ်ပေါ် တင်လိုက်လေသည်။
"ငါ မင်းကို ချစ်ခဲ့တယ် ရှောင်းကျန့်။"
* ကျွန်တော်လည်း အရှင့်ကို သိပ်ချစ်တယ်*
"တောထဲမှာ ယုန်လေးတွေနဲ့ ပြေးလွှားနေတဲ့ မင်းကို တွေ့ ကတည်းက ငါ ချစ်ခဲ့မိတာ။"
Advertisement
*အရှင် မိဖုရားရှင်းယန်နဲ့ လက်ဆက်ပြီးမှ ကျွန်တော် အရှင့်ကို စချစ်မိခဲ့တာပါ*
"ဒါပေမဲ့ အခုလို မာယာများတဲ့မြေခွေးလိုပုံစံမျိုးကို ငါ မချစ်ဘူး။"
*အရှင့်ရဲ့ ဒီလိုပုံစံမျိုးကို မြင်ရတာ ကျွန်တော့်နှလုံးသားကို အပ်နဲ့အထပ်ထပ်ထိုးလို့ နင်းချေနေသော ခံစားချက်အတိုင်း ခံစားနေရပါတယ်*
"မင်းတို့လုပ်ရပ်တွေကို သိရဲ့သားနဲ့ နှုတ်ဆိတ်နေခဲ့တာ
ငါ နုံလို့မဟုတ်ဘူး။ငါ ချစ်တဲ့မင်း စိတ်ချမ်းသာတာ မြင်ချင်လို့!"
*ကျွန်တော် မိုက်မဲမိလွန်းခဲ့ပါတယ် အရှင်။
ကျွန်တော့်ရဲ့အပြစ်ကြွေးတွေကို အရှင့်ဆီမှာ သေချာပေါက်ပြန်လာ ဆပ်မှာပါ။အရှင် ကျွန်တော့်က အရှင့်ကို ချစ်မြတ်နိုးတယ်ပြောပြီး အရှင့်ကို စိတ်ဆင်းရဲအောင်သာ ပြုမူခဲ့ပါတယ်*
"အခု တစ်ခုတော့ပြောခဲ့မယ်။မင်းကို ချစ်ခဲ့တဲ့အချစ်က အခုဒီမှာတင်ပဲ အဆုံးသတ်သွားပြီ။နောက်ဘဝတွေ ရှိလာခဲ့ရင် မင်းဆိုတာနဲ့ ငါ မုန်းနေမှာ။နှုတ်ဆက်ခဲ့ပါတယ် မင်းတို့ ပျော်ပျော်ရွှင်ရွှင်နေခဲ့ပါ!"
*ကျွန်တော့်ကို မုန်းလိုက်ပါ။နာကျည်းလိုက်ပါ အရှင်။
နောက်ဘဝတွေရှိလာခဲ့ရင် ကျွန်တော်ကပဲ အရှင့်ကို ချစ်မြတ်နိုးပါ့မယ်။နှုတ်ဆက်ပါတယ် ချစ်ရတဲ့ အရှင်…*
အရှင့် နှလုံးသားထဲ စိုက်ဝင်သွားတဲ့ ဓားအသွားက အရှင့်ကိုလည်း နာကျင်စေသလို ရှောင်းကျန့်ကိုလည်း ထပ်တူနာကျင်စေသည်။
အရှင်လဲကျသွားတာကို တဟားဟားအော်ရယ်နေသည့် ဝမ်ဟန်က ရှောင်းကျန့်ကို သတိမပြုမိ။ဒါကို အခွင့်ကောင်းယူပြီး ရှောင်းကျန့်ကို အရှင့်ဆီ ပြေးသွားလို့ အရှင့် ရင်ဘတ်က ဓားကို ဆွဲထုတ်လိုက်ပြီး အရှင်နှင့်အတူ ဘယ်ဘက်ရင်အုံကို ဓားနဲ့ နက်နက်ထိုးချလိုက်သည်။
တဆစ်ဆစ်နာကျင်မှုကြောင့် အရှင်လည်း ဒီလိုမျိုးခံစားသွားရမည် ဖြစ်သည်။ကျွန်တော်လည်း အရှင့်နဲ့ထပ်တူ နာကျင်မှုကို ခံစားရလိုက်ပါပြီ။
တကယ်လို့များ ဒီနာကျင်မှုတွေ ပြီးသွားခဲ့ရင်များ အရှင်က
ကျွန်တော့်အား နောက်တစ်ဖန် ပြန်လည် ချစ်လာလိမ့်မလား။ သေးသိမ်သော မျှော်လင့်ချက်လေးကို တမ်းတရင်း သူ့ ခန္ဓာကိုယ်က မြေပြင်သို့ လဲကျသွားလေသည်။
သူ့ စိတ်အလုံးစုံကလည်း အမှောင်အတိကျသွားလေသည်။
ပြန်သတိရလာတော့ သူက တစ်စုံတစ်ယောက် ခန္ဓာကိုယ်ပေါ် ရောက်ရှိနေလေသည်။သူ ရောက်နေသော ရင်ခွင်က သူ့ မာမားလိုပဲ နွေးထွေးမှုအပြည့်ရှိနေသလို သူနဲ့ရင်းနှီးသလိုလည်း ခံစားနေရလေသည်။
"ထတော့လေ။ဖိထားတာ အောက်ကလူ ကျိုးကြေတော့မယ်!"
"မင်းကိုယ်က ငါ့မာမားလိုပဲ နွေးလို့ပါ!"
ဒီအသံ…ဒီအသံ!
ဒါ အရှင့်ရဲ့ အသံ။
သူ့ ကိုယ်သူ ပြန်ငုံ့ကြည့်တော့ သာမာန်ဝတ်စုံလေးနဲ့ လူတစ်ယောက်။အောက်ကလူကို ကြည့်မိတော့ အရှင့်ရဲ့ ငယ်ငယ်ပုံစံလေး။
သူဟာ အရှင့်အပေါ် အကြွေးတွေကြောင့် တကယ်ပဲ ပြန်ဆပ်ရဖို့ နောက်တစ်ဖန် မွေးဖွားလို့လာလေသလား……
*******************
( လက်ရှိဘဝ )
ကောင်းကင်မှ အရှိန်ပြင်းစွာ ကျနေသော မိုးရေများနှင့် အပြိုင် ရှောင်းကျန့်မျက်ဝန်းတွေမှာလည်း မျက်ရည်များ စိုစွတ်လို့နေသည်။
လက်တစ်ဖက်က မျက်ရည်ကို သုတ်လို့ ကျန်လက်တစ်ဖက်က ဖောင်းနေသာ ဗိုက်လေးအား ပွတ်သပ်လိုက်သည်။ မကြာခင် သူ့ ဗိုက်ကလေးမှ ကလေးလေး ထွက်လာတော့မည် ဖြစ်သည်။
"ကျန့်ရေ…"
"……"
"အလှလေး ခင်ဗျာ!"
တစ်စုံတစ်ခု တွေးတောနေသော ရှောင်းကျန့်ကို စုန့်လန်က ကြည့်ရင်း ခပ်ဖြည်းဖြည်းပြုံးလိုက်လေသည်။
"ဘာတွေတွေးနေလို့ ကျွန်တော်မျိုးခေါ်တာတောင် မကြားရတာလဲခင်ဗျာ"
"ဟာ…ဘာမှ မတွေးပါဘူး အကို စုန့်လန်ကလည်း"
ရှောင်းကျန့်က အခုဏ ဝမ်းနည်းနေသော စိတ်ကို ဖုံးဖိလို့
စုန့်လန်အား ပြုံးပြလိုက်သည်။
"ငါ့အလှလေးကလေ အမြဲတမ်းချစ်ဖို့ကောင်းနေတော့တာပဲ!"
စုန့်လန်က ရှောင်းကျန့် ခေါင်းကို ပုတ်ကာ ပြောလာလေသည်။
"ကဲ ကိုယ်တို့ ညစာ စားကြရအောင်!
ပြီးရင် ကိုယ်တို့ ရွာထဲက ပွဲတော်ဆီ သွားကြရအောင်…
ဒီနေ့က လပြည့်နေ့ဆိုတော့ ပွဲတော်တစ်ခုခုရှိမှာ သေချာတယ်"
"ဟုတ် သွားကြမယ်လေ အကို စုန့်လန်"
ရှောင်းကျန့်က အကိုစုန့်လန်ကို ကျေးဇူးအရမ်းတင်သည်။
အရင်တုန်းက သူပုန်ခေါင်းဆောင်မို့ အမြင်မကြည်သော်လည်း အခုတွင် သူ့ ကိုပါ ကယ်တင်ထားရုံမက ညီလေးတစ်ယောက်လို သေသေချာချာစောင့်ရှောက်ပေးလေသည်။
အကျဉ်းထောင်က ထွက်ပြေးလာသော အကိုစုန့်လန်က
ဦးတည်ရာမရှိ လျှောက်သွားနေလို့ လမ်းမှာ တဏှာလူတွေနဲ့ တွေ့ နေတဲ့ သူ့ ကို ကယ်တင်ပေးခဲ့သည်။
နှစ်ယောက်သား နေရာတစ်ခုရှာလို့ အကိုစုန့်လန်က ရသမျှ အလုပ်ကို ရှာဖွေကာ သူ့ အား စောင့်ရှောက်ထားလေသည်။ သူပုန်အလုပ်တော့ မလုပ်တော့ဘူးဟု ဆိုသည်။
သူ့ ဗိုက်ကလေး စပူတုန်းကဆို အကိုစုန့်လန် အံ့သြသွားပြီး
စကားတောင် တော်တော်ဆွံအသွားသေးသည်။
ရှောင်းကျန့် အသေအချာရှင်းပြတော့မှပဲ သက်ပြင်းအကြီးကြီးချကာ ယုံသွားလေတော့သည်။
နန်းတော်က ထွက်လာပြီး သူ စိတ်အေးသလို ခံစားရသည်။
သိုပေမဲ့ အရှင့်အပေါ်အကြွေးတွေကိုတော့ အကုန်ပြန်မဆပ်ရသေးဘူး ထင်နေမိသည်။
ဒါကို တစ်ချိန်ကျ အပြီးဆပ်ပါ့မယ် အရှင်။
အရှင် အခုချိန်မှာ ချစ်ရသော မိဖုရားရှင်းယန်နဲ့ ပျော်ရွှင်ကြည်နူးနေမှာလား…။
**************************************
အာဏာ႐ူးၿပီး အတၱႀကီးလြန္းေသာ ဝမ္ဟန္က က်ိရန္ကို ကြပ္မ်က္ၿပီးတာနဲ႕ ေနာက္ထပ္ပင္ အရွင့္၏မယ္ေတာ္ ျဖစ္သူကို တစ္ခ်က္ေလးမွ်ပင္ မငဲ့ညာဘဲ လည္တိုင္ကို ဓားတင္၍ ျပတ္ေစခဲ့သည္။
Advertisement
ေရွာင္းက်န႔္ ရင္၌ မခံမရက္နိုင္ ျဖစ္လြန္းေသာ္လည္း သူ ဘာမွ်ပင္ ျပန္မလုပ္နိုင္။သူ႕ ေၾကာင့္ဆိုတဲ့ ခံစားခ်က္ေၾကာင့္ သတိေမ့ေနေသာ အရွင့္အားၾကည့္ကာ ရင္ထဲ၌ အႀကိမ္ႀကိမ္ေတာင္းပန္မိသည္။
"ဟားဟား အခု ငါ့ကို ဘယ္သူ ဖီဆန္ရဲေသးလဲ"
ေသြးစြန္းေနေသာ ဓားႀကီးကို ကိုင္ျမႇောက္လ်က္ ဝမ္ဟန္က သေဘာက်စြာ ေအာ္ရယ္ေနေလသည္။ၿပီးေနာက္ ေရွာင္းက်န႔္ဘက္ကို ျပန္လွည့္ၾကည့္ကာ အနီးသို႔ ေရာက္လာျပန္ေလသည္။
"အဲ့႐ြံရွာေနတဲ့ မ်က္ဝန္းေတြနဲ႕ ကိုယ့္ကို မၾကည့္နဲ႕ က်န႔္!
မင္း အခု ကိုယ့္လိုလူတစ္ေယာက္နဲ႕ ပတ္သတ္ဖူးလို႔ ေနာင္တရေနၿပီလား!ဟားဟား က်န႔္ အခုခ်ိန္ ဒီေကာင္ သတိရလာလို႔ မင္း လုပ္တာ မဟုတ္ေၾကာင္းေျပာမယ္ဆိုရင္ ယုံမွာ မဟုတ္ေတာ့ဘူးေနာ္! ဘာလို႔ဆို ကိုယ္က အကြက္က်က် စီစဥ္ထားတာေလ"
ေရွာင္းက်န႔္က နတ္ဆိုးဆန္ဆန္ အၿပဳံးတစ္ခုကို ႏႈတ္ခမ္းထက္၌ တင္လိုက္သည္။
"ငါက ဘာလို႔ သူ႕ ကို အဲ့လို ေျပာမလဲ ဝမ္ဟန္ရဲ႕။
အခု မင္းက နိုင္ငံရဲ႕ အရွင္ျဖစ္ေနၿပီပဲကို။
ငါက ႐ူးေနလို႔ မင္းကို ထားသြားၿပီး လုပ္ပါ့မလဲ"
ေရွာင္းက်န႔္က ခ်က္ခ်င္း အျခားလူတစ္ေယာက္လို ေျပာင္းလဲသြားသည္။ေရွာင္းက်န႔္ကို ခ်စ္ျမတ္နိုးသည့္ ဝမ္ဟန္ကလည္း ေရွာင္းက်န႔္ရဲ႕ ထိုပုံစံကို အမွန္လို႔ ယူဆမိသြားသည္။
ေရွာင္းက်န႔္ကို ခ်ဳပ္ထားေသာ လူမ်ားက လႊတ္ေပးလိုက္ၿပီး ဝမ္ဟန္က ခ်က္ခ်င္းပင္ က်န႔္ကို ဖက္သည္။က်န႔္က ျပန္ဖက္ေပးမယ့္လည္း တစ္ဖက္က မ်က္ႏွာကို ဝမ္ဟန္ မေတြ႕ ရေပ။
မၾကာခင္မွာပဲ ဝမ္ဟန႔္မယ္ေတာ္ မိဖုရားေခါင္ႀကီးက အၿပဳံးကို ခ်ိတ္ဆြဲလ်က္ ဝမ္ဟန္တို႔ဆီ အနားသို႔ ေလွ်ာက္လာေလသည္။
"မယ္ေတာ္ ျဖစ္ေစခ်င္တဲ့ အရာေတြ ျဖစ္လာၿပီ မယ္မယ္။
ၿပီးေတာ့ သားေတာ္လည္း သားခ်စ္ရသူကို ေဘးနားမွာ တစ္သက္လုံးထားခြင့္ရေတာ့မယ္ မယ္မယ္"
"သားေတာ္ အရမ္းေတာ္ပါေပတယ္"
ေရွာင္းက်န႔္ပါ ေရာေယာင္လို႔ ခပ္ဟဟရယ္ေနမိသည္။
သူ႕ မ်က္ဝန္းေတြထဲက မ်က္ရည္ၾကည္ေတြကိုေတာ့ မည္သူ႕ မွ မျမင္လိုက္ပါ။
*****
ေျမျပင္ေပၚသို႔ ပစ္ခ်ခံထားရေသာ အရွင္ဝမ္ရိေပၚက သတိရလာၿပီး ေဘးပတ္ဝန္းက်င္ကို စူးစမ္းေနပုံေပၚသည္။
ၿပီးေတာ့ မတ္တပ္ရပ္ေနေသာ သူတို႔အား ေမာ့ၾကည့္လာေလသည္။
"ဝမ္ရိေပၚ!!"
ယုတ္မာေကာက္က်စ္လြန္းေသာ ဝမ္ဟန္က ခနဲတဲ့တဲ့ျဖင့္ အရွင့္နာမည္ကို ေခၚေလသည္။အရွင္က ေမာ့မၾကည့္ဘဲ ေဘးကို အၾကည့္လႊဲေတာ့ ေျမေခြးေကာင္ဝမ္ဟန္က အရွင့္မ်က္ႏွာကို ေျခေထာက္နဲ႕ကန္ေလသည္။
ေရွာင္းက်န႔္ စိတ္တိုလြန္းလို႔ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။
"ငါေခၚေနရင္ ၾကည့္ေလ အရႈံးသမားရဲ႕
မင္းက အခုဘာမွမဟုတ္ေတာ့ဘူးဆိုတာ နားမလည္ေသးဘူးလား!"
"အဟင္း"
"ဘာရယ္တာလဲ ေဟ့ေကာင္!
ငါက က်န႔္အလိုက် မင္းကိုပဲ မသတ္ဘဲထားတာေနာ္။
ငါ့စိတ္နဲ႕သာဆို အခုခ်ိန္အသက္ရွိမွာ မဟုတ္ေတာ့ဘူး"
"ဟုတ္လား။"
ေရွာင္းက်န႔္က အရွင္ဝမ္ရိေပၚေရွ႕သြားၿပီး အရွင့္မ်က္ႏွာကို တံေတြးျဖင့္ ေထြးလိုက္သည္။အရွင့္ရဲ႕ ညို႔ မွိုင္းေသာ မ်က္ဝန္းေတြျဖင့္ သူ႕ အား ေမာ့ၾကည့္လိုက္သည္ႏွင့္ သူ႕ ရင္ေတြ အႀကိမ္ႀကိမ္ကြဲေၾကရပါသည္။
ထြီ!
"အဲ့႐ြံစရာမ်က္လုံးေတြနဲ႕ ငါ့ကို မၾကည့္နဲ႕!"
"ေရွာင္းေရွာင္း! မင္းမို႔ ကိုယ့္ကို လုပ္ရပ္တယ္.."
"လုပ္ရက္တယ္ ဟုတ္လားအရွင္။အာမဟုတ္ေသးဘူး နန္းက်ဘဳရင္အဟက္!"
ခပ္႐ြဲ႕ ႐ြဲ႕ ခနဲ႕တဲ့တဲ့ေျပာေနသည့္ ေရွာင္းက်န႔္ကို ခ်စ္ရေသာ ဧကရာဇ္က ဘာမွမေျပာဘဲသာ စိုက္ၾကည့္ေနခဲ့သည္။
"ဘာေၾကာင့္ ဒီလိုလုပ္လည္းဆိုတာ ဘဝမကူးခင္လည္း ေျပာျပလိုက္မယ္ အဟင္း။မင္းရဲ႕ခမည္းေတာ္ မင္းႀကီးက ငါ့အေဖစစ္သူႀကီးကိုသတ္ ငါ့အေမကိုက် သားရဲဘီလူးစီးေနတဲ့ရဲမက္ေတြဆီကိုထိုးေႂကြးၿပီး ငါ့ကိုက် လည္ျဖတ္သတ္ဖို႔ အမိန႔္ေပးခဲ့တာေလ။ငါက ကံေကာင္းၿပီး မင္းလိုသေဘာေကာင္းတဲ့ မင္းသားေလးနဲ႕ေတြ႕ ေတာ့ အခုလို လက္စားေခ်ခြင့္ရတာ။မင္းႀကီးက ငါ့ကိုမမွတ္မိေတာ့တာေတာ့ ပိုကံေကာင္းတာေပါ့။မင္းခမည္းေတာ္ကိုလည္း ငါ့ဒီလက္နဲ႕ပဲ သတ္ပစ္ခဲ့တာ!! ဟား"
ေရွာင္းက်န႔္ ထိုစကားေတြကို ေျပာမွသာ အရွင္ဝမ္ရိေပၚက သူ႕ ကို မုန္းသြားမွာ။ခ်စ္ရသူ၏ အမုန္းကို မလိုခ်င္ေပမယ့္ သူ လုပ္ခဲ့ေသာ အမွားမ်ားအတြက္ အမုန္းထက္ေတာင္ ပိုေသာ ျပစ္ဒဏ္ရွိမည္ဆိုလွ်င္ သူ ခံယူမည္ဟု ဆုံးျဖတ္ထားေလသည္။
"ကိုယ့္က်န႔္က ေတာ္တယ္!"
ဝမ္ဟန္က သူ႕ ပါးအား နမ္းရင္း အရွင္ ဝမ္ရိေပၚအား ၾကည့္ရင္း ေျပာလာသည္။ဘယ္လိုကံတရားေၾကာင့္ ဒီလုက္ရက္ေတြကို ခ်စ္ရသူေရွ႕မွာ ခံေနရတာလဲ။
အၾကည့္လႊဲသြားေသာ အရွင္က ဝမ္ဟန္လက္ထဲက ဓားကို ဆြဲထုတ္လို႔ သူ႕ ရင္ဘတ္ေပၚ တင္လိုက္ေလသည္။
"ငါ မင္းကို ခ်စ္ခဲ့တယ္ ေရွာင္းက်န႔္။"
* ကြၽန္ေတာ္လည္း အရွင့္ကို သိပ္ခ်စ္တယ္*
"ေတာထဲမွာ ယုန္ေလးေတြနဲ႕ ေျပးလႊားေနတဲ့ မင္းကို ေတြ႕ ကတည္းက ငါ ခ်စ္ခဲ့မိတာ။"
*အရွင္ မိဖုရားရွင္းယန္နဲ႕ လက္ဆက္ၿပီးမွ ကြၽန္ေတာ္ အရွင့္ကို စခ်စ္မိခဲ့တာပါ*
"ဒါေပမဲ့ အခုလို မာယာမ်ားတဲ့ေျမေခြးလိုပုံစံမ်ိဳးကို ငါ မခ်စ္ဘူး။"
*အရွင့္ရဲ႕ ဒီလိုပုံစံမ်ိဳးကို ျမင္ရတာ ကြၽန္ေတာ့္ႏွလုံးသားကို အပ္နဲ႕အထပ္ထပ္ထိုးလို႔ နင္းေခ်ေနေသာ ခံစားခ်က္အတိုင္း ခံစားေနရပါတယ္*
"မင္းတို႔လုပ္ရပ္ေတြကို သိရဲ႕သားနဲ႕ ႏႈတ္ဆိတ္ေနခဲ့တာ
ငါ ႏုံလို႔မဟုတ္ဘူး။ငါ ခ်စ္တဲ့မင္း စိတ္ခ်မ္းသာတာ ျမင္ခ်င္လို႔!"
*ကြၽန္ေတာ္ မိုက္မဲမိလြန္းခဲ့ပါတယ္ အရွင္။
ကြၽန္ေတာ့္ရဲ႕အျပစ္ေႂကြးေတြကို အရွင့္ဆီမွာ ေသခ်ာေပါက္ျပန္လာ ဆပ္မွာပါ။အရွင္ ကြၽန္ေတာ့္က အရွင့္ကို ခ်စ္ျမတ္နိုးတယ္ေျပာၿပီး အရွင့္ကို စိတ္ဆင္းရဲေအာင္သာ ျပဳမူခဲ့ပါတယ္*
"အခု တစ္ခုေတာ့ေျပာခဲ့မယ္။မင္းကို ခ်စ္ခဲ့တဲ့အခ်စ္က အခုဒီမွာတင္ပဲ အဆုံးသတ္သြားၿပီ။ေနာက္ဘဝေတြ ရွိလာခဲ့ရင္ မင္းဆိုတာနဲ႕ ငါ မုန္းေနမွာ။ႏႈတ္ဆက္ခဲ့ပါတယ္ မင္းတို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနခဲ့ပါ!"
*ကြၽန္ေတာ့္ကို မုန္းလိုက္ပါ။နာက်ည္းလိုက္ပါ အရွင္။
ေနာက္ဘဝေတြရွိလာခဲ့ရင္ ကြၽန္ေတာ္ကပဲ အရွင့္ကို ခ်စ္ျမတ္နိုးပါ့မယ္။ႏႈတ္ဆက္ပါတယ္ ခ်စ္ရတဲ့ အရွင္*
အရွင့္ ႏွလုံးသားထဲ စိုက္ဝင္သြားတဲ့ ဓားအသြားက အရွင့္ကိုလည္း နာက်င္ေစသလို ေရွာင္းက်န႔္ကိုလည္း ထပ္တူနာက်င္ေစသည္။
အရွင္လဲက်သြားတာကို တဟားဟားေအာ္ရယ္ေနသည့္ ဝမ္ဟန္က ေရွာင္းက်န႔္ကို သတိမျပဳမိ။ဒါကို အခြင့္ေကာင္းယူၿပီး ေရွာင္းက်န႔္ကို အရွင့္ဆီ ေျပးသြားလို႔ အရွင့္ ရင္ဘတ္က ဓားကို ဆြဲထုတ္လိုက္ၿပီး အရွင္ႏွင့္အတူ ဘယ္ဘက္ရင္အုံကို ဓားနဲ႕ နက္နက္ထိုးခ်လိဳက္သည္။
တဆစ္ဆစ္နာက်င္မႈေၾကာင့္ အရွင္လည္း ဒီလိုမ်ိဳးခံစားသြားရမည္ ျဖစ္သည္။ကြၽန္ေတာ္လည္း အရွင့္နဲ႕ထပ္တူ နာက်င္မႈကို ခံစားရလိုက္ပါၿပီ။
တကယ္လို႔မ်ား ဒီနာက်င္မႈေတြ ၿပီးသြားခဲ့ရင္မ်ား အရွင္က
ကြၽန္ေတာ့္အား ေနာက္တစ္ဖန္ ျပန္လည္ ခ်စ္လာလိမ့္မလား။ ေသးသိမ္ေသာ ေမွ်ာ္လင့္ခ်က္ေလးကို တမ္းတရင္း သူ႕ ခႏၶာကိုယ္က ေျမျပင္သို႔ လဲက်သြားေလသည္။
သူ႕ စိတ္အလုံးစုံကလည္း အေမွာင္အတိက်သြားေလသည္။
ျပန္သတိရလာေတာ့ သူက တစ္စုံတစ္ေယာက္ ခႏၶာကိုယ္ေပၚ ေရာက္ရွိေနေလသည္။သူ ေရာက္ေနေသာ ရင္ခြင္က သူ႕ မာမားလိုပဲ ႏြေးေထြးမႈအျပည့္ရွိေနသလို သူနဲ႕ရင္းႏွီးသလိုလည္း ခံစားေနရေလသည္။
"ထေတာ့ေလ။ဖိထားတာ ေအာက္ကလူ က်ိဳးေၾကေတာ့မယ္!"
"မင္းကိုယ္က ငါ့မာမားလိုပဲ ႏြေးလို႔ပါ!"
ဒီအသံဒီအသံ!
ဒါ အရွင့္ရဲ႕ အသံ။
သူ႕ ကိုယ္သူ ျပန္ငုံ႕ၾကည့္ေတာ့ သာမာန္ဝတ္စုံေလးနဲ႕ လူတစ္ေယာက္။ေအာက္ကလူကို ၾကည့္မိေတာ့ အရွင့္ရဲ႕ ငယ္ငယ္ပုံစံေလး။
သူဟာ အရွင့္အေပၚ အေႂကြးေတြေၾကာင့္ တကယ္ပဲ ျပန္ဆပ္ရဖို႔ ေနာက္တစ္ဖန္ ေမြးဖြားလို႔လာေလသလား
*******************
( လက္ရွိဘဝ )
ေကာင္းကင္မွ အရွိန္ျပင္းစြာ က်ေနေသာ မိုးေရမ်ားႏွင့္ အၿပိဳင္ ေရွာင္းက်န႔္မ်က္ဝန္းေတြမွာလည္း မ်က္ရည္မ်ား စိုစြတ္လို႔ေနသည္။
လက္တစ္ဖက္က မ်က္ရည္ကို သုတ္လို႔ က်န္လက္တစ္ဖက္က ေဖာင္းေနသာ ဗိုက္ေလးအား ပြတ္သပ္လိုက္သည္။ မၾကာခင္ သူ႕ ဗိုက္ကေလးမွ ကေလးေလး ထြက္လာေတာ့မည္ ျဖစ္သည္။
"က်န႔္ေရ"
""
"အလွေလး ခင္ဗ်ာ!"
တစ္စုံတစ္ခု ေတြးေတာေနေသာ ေရွာင္းက်န႔္ကို စုန႔္လန္က ၾကည့္ရင္း ခပ္ျဖည္းျဖည္းၿပဳံးလိုက္ေလသည္။
"ဘာေတြေတြးေနလို႔ ကြၽန္ေတာ္မ်ိဳးေခၚတာေတာင္ မၾကားရတာလဲခင္ဗ်ာ"
"ဟာဘာမွ မေတြးပါဘူး အကို စုန႔္လန္ကလည္း"
ေရွာင္းက်န႔္က အခုဏ ဝမ္းနည္းေနေသာ စိတ္ကို ဖုံးဖိလို႔
စုန႔္လန္အား ၿပဳံးျပလိုက္သည္။
"ငါ့အလွေလးကေလ အၿမဲတမ္းခ်စ္ဖို႔ေကာင္းေနေတာ့တာပဲ!"
စုန႔္လန္က ေရွာင္းက်န႔္ ေခါင္းကို ပုတ္ကာ ေျပာလာေလသည္။
"ကဲ ကိုယ္တို႔ ညစာ စားၾကရေအာင္!
ၿပီးရင္ ကိုယ္တို႔ ႐ြာထဲက ပြဲေတာ္ဆီ သြားၾကရေအာင္
ဒီေန႕က လျပည့္ေန႕ဆိုေတာ့ ပြဲေတာ္တစ္ခုခုရွိမွာ ေသခ်ာတယ္"
"ဟုတ္ သြားၾကမယ္ေလ အကို စုန႔္လန္"
ေရွာင္းက်န႔္က အကိုစုန႔္လန္ကို ေက်းဇူးအရမ္းတင္သည္။
အရင္တုန္းက သူပုန္ေခါင္းေဆာင္မို႔ အျမင္မၾကည္ေသာ္လည္း အခုတြင္ သူ႕ ကိုပါ ကယ္တင္ထား႐ုံမက ညီေလးတစ္ေယာက္လို ေသေသခ်ာခ်ာေစာင့္ေရွာက္ေပးေလသည္။
အက်ဥ္းေထာင္က ထြက္ေျပးလာေသာ အကိုစုန႔္လန္က
ဦးတည္ရာမရွိ ေလွ်ာက္သြားေနလို႔ လမ္းမွာ တဏွာလူေတြနဲ႕ ေတြ႕ ေနတဲ့ သူ႕ ကို ကယ္တင္ေပးခဲ့သည္။
ႏွစ္ေယာက္သား ေနရာတစ္ခုရွာလို႔ အကိုစုန႔္လန္က ရသမွ် အလုပ္ကို ရွာေဖြကာ သူ႕ အား ေစာင့္ေရွာက္ထားေလသည္။ သူပုန္အလုပ္ေတာ့ မလုပ္ေတာ့ဘူးဟု ဆိုသည္။
သူ႕ ဗိုက္ကေလး စပူတုန္းကဆို အကိုစုန႔္လန္ အံ့ၾသသြားၿပီး
စကားေတာင္ ေတာ္ေတာ္ဆြံအသြားေသးသည္။
ေရွာင္းက်န႔္ အေသအခ်ာရွင္းျပေတာ့မွပဲ သက္ျပင္းအႀကီးႀကီးခ်ကာ ယုံသြားေလေတာ့သည္။
နန္းေတာ္က ထြက္လာၿပီး သူ စိတ္ေအးသလို ခံစားရသည္။
သိုေပမဲ့ အရွင့္အေပၚအေႂကြးေတြကိုေတာ့ အကုန္ျပန္မဆပ္ရေသးဘူး ထင္ေနမိသည္။
ဒါကို တစ္ခ်ိန္က် အၿပီးဆပ္ပါ့မယ္ အရွင္။
အရွင္ အခုခ်ိန္မွာ ခ်စ္ရေသာ မိဖုရားရွင္းယန္နဲ႕ ေပ်ာ္႐ႊင္ၾကည္ႏူးေနမွာလား။
**************************************
Advertisement
- End2166 Chapters
Full Marks Hidden Marriage: Pick Up a Son, Get a Free Husband
“You saved me, I’ll let my daddy repay you with his body!” Ning Xi accidentally saved a little bun, and ended up being given a big bun. After marriage, Lu Tingxiao spoiled his wife to high heaven, agreeing to her every wish. When it came to piercing the eyes of bachelor dogs with sweet displays of affection, even his own son wasn’t spared. “Boss, you’re really giving the company to Madam to play with? You won’t bother even if Madam wants to sell the company?” “Is it your family’s company being sold?” “Eldest young master, this isn’t good! Madam wants to tear the roof down!” “Well, why aren’t you going to get a ladder for Madam?” “Daddy, thank you for the big bear you gave to Xiao Bao!” “I bought that for your mother.” “Husband, I really like this script, but there may be a few bed scenes, can I take this?” Lu Tingxiao looked calm: “Sure.” That evening, Ning Xi clutched her aching waist as she climbed out of bed. Lu Tingxiao!! Sure your uncle!!
8 9080 - In Serial6 Chapters
Rescued - Jungkook X Reader - COMPLETED
an abusive father. a broken past. you take a risk and escape from it all but you land yourself in a worse positionone night, everything changes when one of the worlds most feared mafia leaders Jeon Jungkook rescues you. how will you cope? have you really been RESCUED?a story of love, suspense and sadnessStarted - 16/10/18Completed - 06/12/18highest rankings : #1 - Rescued#2 - Jungkook#1 - New Beginnings#2 - Pregnancy#2 - Fluff
8 186 - In Serial25 Chapters
My Unwanted Child
Mia just turned 21 and is about to graduate from Columbia in 2 months when she finds out she is pregnant by her long term boyfriend, Nathan, of two years. It was not planned but she is happy. But her world is crushed when he rejects their unborn child and dumps her as well.
8 221 - In Serial43 Chapters
Please Love Me (Shy! Yandere! Male x Reader)
You thought he was cute. At first. But he soon became more clingy towards you, more obsessive. A phone call a day turned into multiple and he has to know where you are at all times. He was afraid. Afraid you'll leave him."Y/N... you love me and only me right?""I love you more than anything...""Please don't leave me... Or I'll have to force you to stay."(Original Story on Quotev)
8 101 - In Serial42 Chapters
Daphne Greengrass and the Importance of Intent
This is the story of how Voldemort and the tools he created to defy death were destroyed by Harry Potter and me while sitting in an empty Hogwarts classroom using Harry's idea, my design, and most importantly, our intent. Set during 6th Year.
8 111 - In Serial33 Chapters
Falling For Juliet
Growing up for Naomi Warner was nothing less than a nightmare. She was bullied by her peers, and her home life wasn’t the best. On top of that, Naomi was very different from other human beings. In fact, she wasn’t human at all. She was a shapeshifter. Despite all of her struggles, Naomi made it through, and now she was heading off to college. She ends up living in a dorm with her cousin Calinida, who decides that she wants to join a sorority. This sorority plans to throw a party that Calinida hears about, and wants to go, but she doesn't want to go alone. So she recruits Naomi as her plus one to the party. During the party, Naomi happens to run into a girl named Juliet, who she recognizes from class. Naomi and Juliet spend all their time at the party together, right up until the party spins out of control, and gets shut down. A few weeks later, Naomi finds herself infatuated with Juliet and eventually the two of them dive head first into a heated romance. They become consumed with each other. How does Naomi deal with these new experiences? Will the relationship between Juliet and Naomi work out? Naomi can only hope that everything ends up okay as she stumbles through her first semester as a freshman in college.
8 216

