《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 21 ]
Advertisement
နန်းတော်ထဲမှာ လူအများ အပြေးအလွှားနဲ့ သတင်းထူးနေသော အကြောင်းကား မိဖုရားလီရှင်းယန် မူးလဲသွားရသော သတင်း။
ရှောင်းကျန့်အပါအဝင် အခြားအဆောင်တော်မှ ကိုယ်လုပ်တော်များနှင့် မိဖုရားအငယ်လေးများလည်း မိဖုရားလီရှင်းယန် အဆောင်သို့ သတင်းစကား အမေးပါးရန် ကူးလျှောက်သွားသည်။
ရှောင်းကျန့်တို့ ရောက်ပြီး မကြာမီမှာပဲ နိုင်ငံရဲ့ ဧကရာဇ်ပြည့်ရှင်ဟာ ဝတ်ရုံကို အသာမလို့ ပြေးမတက်ဖြင့် မျက်နှာတော်က ပူပန်နေစွာ အဆောင်တော် အတွင်းသို့ ဝင်တော်မူလာသည်။
"ရှင်းယန် ဘယ်လိုဖြစ်တာလဲ သမားတော်"
အရှင် ဝမ်ရိပေါ်က မေးကြားတော်မူသော်ကြောင့် သမားတော်ဖြစ်သူက အရင်ဆုံး ဦးညွှတ်ကာ အရိုအသေ ပေးလိုက်သည်။
"ဂုဏ်ယူပါတယ် အရှင်…
မိဖုရားမှာ အရှင့်သွေးသားလေး ဖြစ်တည်နေပါပြီ။"
"တကယ်ပြောတာလား သမားတော်…"
"တကယ်ပါ အရှင်။"
ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေမှာ ဝမ်းသာသော အရိပ်အမြွတ်များ ဖြတ်သန်းသွားသည်ကို ရှောင်းကျန့် တွေ့ သည်။
ချစ်ရသူရဲ့နန်းသွေးကို လွယ်ထားသည်ဆိုသော မိဖုရားရှင်းယန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နာကျင်နေသော စိတ်အစုံကို ဖုံးကွယ်ကာ ထိုနေရာမှ အပြေးထွက်လာမိသည်။
ရှောင်းကျန့်သည်လည်း ကိုယ်ဝန်ဆောင်နိုင်သော သူတစ်ယောက်ဖြစ်ပေမယ့်လည်း အရှင်နှင့်တစ်ခါမှ အိပ်ဆောင်မဝင်ခဲ့ဖူးတာကြောင့် သူ စိတ်ကူးတွေဟာ လက်တွေ့ မဖြစ်လာနိုင်ခဲ့ပါ။
တစ်ခုတည်းသော ဖြည့်ဆည်းပေးချင်သော အရာကို အခြားတစ်ယောက်က လုပ်ပေးသည့်အခါ သူက အရှင့်အတွက် ဘယ်နေရာမှာ အသုံးကျသူ ဖြစ်လာတော့မှာလဲ။
ပထမဆုံးအနေဖြင့် သူ့ ကိုယ်သူ စိတ်ပျက်စရာ လူတစ်ယောက်အဖြစ် မြင်နေမိသည်။
***********
"ကျန့်!"
အနားသို့ ရောက်လာသည့် ဝမ်ဟန်ကို မကြည်ဟန်စွာဖြင့် ကြည့်လိုက်သည်။
"ဘာလဲ…"
"ဟိုလေ…ဟိုတစ်နေ့က ကိစ္စကို ကိုယ် တောင်းပန်ပါတယ်။ ဒီအတိုင်း ကိုယ် သတိလက်လွတ် ဖြစ်သွားမိတာပါ ကျန့်ရယ်"
"ထားလိုက်တော့!"
"အခု ကျန့် ဘာဖြစ်နေတာလဲ။မျက်နှာက မရွှင်ပါလား"
"ဘာမှမဖြစ်ပါဘူး"
"မျက်နှာမှာ ဒီလောက်ပေါ်နေတာကို ဘာမှမဖြစ်ဘူးတဲ့လား။ ကျန့်မျက်နှာကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ ကိုယ်က သိပါတယ်"
ရှောင်းကျန့်က ဝမ်ဟန့်ဘက်ကို တစ်ဖန် လှည့်ကြည့်လို့လာသည်။
"ဝမ်ဟန်…။မင်းဘာတွေကြံစည်နေပြန်ပြီလဲ..။ဘာလို့ငါ့ကိုအတင်းလာပတ်သက်နေတာလဲ..။"
ဝမ်ဟန်က ခပ်ဆိုးဆိုး ရယ်သံတစ်ခုကို ပြုရင်း ခေါင်းငြိမ့်ပြသည်။
"ကျန့်က သိပ်ပါးနပ်တာပဲ"
"မင်းက မင်းအတွက်မပါဘဲ ဒီလို ဘယ်လုပ်ပါ့မလဲ"
"ဒီတစ်ခါ ကိုယ့်အတွက်ချည်း မဟုတ်ဘူး။
ကျန့်အတွက်လည်း ပါတယ်"
"ဘာကိုလဲ"
"မိဖုရားလီရှင်းယန်ဆီမှာ နန်းသွေးရှိတာ ကျန့် သိတယ်မလား"
"အင်း"
"အဲ့ဒီ့ရှင်းယန်အစား ကျန့်က ဝမ်ရိပေါ်အတွက် နန်းသွေးလွယ်ပေးချင်နေတယ်မလား"
"ဘယ်လို!!"
"မအံ့သြပါနဲ့။
ကိုယ်က ကျန့်မျက်နှာကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ ကောင်ပါဆို ဒီလောက်တော့ သိပါတယ်။
ကျန့် အရှင် ဝမ်ရိပေါ်ကို ချစ်ခင်မြတ်နိုးနေတယ်မလား"
"မဟုတ်…"
"မညာပါနဲ့ ကျန့်ရယ်…
ဒီနန်းတော်အတွင်း ကျန့်အရင်းအနှီးဆုံးသူဆိုလို့ ကိုယ်ရယ် ဝမ်ရိပေါ် ရယ်ပဲ ရှိတာကို။ကျန့်က ကိုယ့်ကိုမှ သဘောမကျတာ။ကျိန်းသေပေါက် ဝမ်ရိပေါ်ကို သဘောကျနေလို့ပေါ့။ ပြီးတော့ ကျန့်က ဝမ်ရိပေါ်ရဲ့ ကြင်ယာတော်ပဲကို။ဖြစ်နိုင်ချေ အများဆုံးကို ရှိတယ်။ကျန့်က ဝမ်ရိပေါ်ကို သဘောကျနေတာ…။"
"ဟင့်အင်း…မဟုတ်ဘူး။
ငါက ဘယ်တုန်းကမှ ဝမ်ရိပေါ်ကို မချစ်ဘူး!"
"ဒါဆို ဘာလို့ ဒီနေရာမှာ လာဝမ်းနည်းနေတာလဲ။
အခုတလော ဝမ်းနည်းစရာအကြောင်းလည်း ဘာမှမရှိဘဲနဲ့။ ဝမ်းတောင်သာနေရမှာလေ။ပထမဆုံး နန်းသွေးရှိလာတာကို"
"ဝမ်းမနည်းသလို ဝမ်းလည်း မသာပါဘူး။
ဒီအတိုင်း ကိုယ့်ဘဝကို နည်းနည်းငြီးငွေ့ လာလို့ပါ။"
"ဘုရင့် အပယ်ခံထားရလို့လား ကျန့်။"
"မသိဘူး။ယောကျာ်းလေးဖြစ်ပြီး ကြင်ယာတော် တစ်ယောက်လို နေနေရလို့လား။ရှုပ်ခတ်လွန်းတဲ့ ဒီနန်းတော်ထဲက ထွက်သွားချင်လို့လားတောင် ကိုယ့်ကိုကိုယ် မသိတော့ဘူး။ တကယ့်ကိုတော့ ငြီးငွေ့ နေတာ အမှန်ပဲ"
"ကျန့်က ကိုယ့်ကို သူငယ်ချင်းတစ်ယောက်လို သဘောထားပြီး ပြောပြနေတာပဲ"
"ကျွန်တော် အမြဲတမ်း မင်းသားဝမ်ဟန်ကို သူငယ်ချင်းလို
သဘောထားခဲ့ပါတယ်"
"ဒါဆို ကိုယ့်ကို ထောက်ပံ့ပေးန်ိုင်လား"
"ဘာကိုလဲ မင်းသား ဝမ်ဟန်"
"ကြင်ယာတော်တွေ မိဖုရားတွေ များလွန်းတဲ့ အရှင် ဝမ်ရိပေါ်ကို မချစ်ပါနဲ့!"
"ဒါက ကျွန်တော့် ကိုယ်ရေးကိုယ်တာပါ မင်းသား…"
"အဲ့ဒီ့အစား သူငယ်ချင်းကိုယ့်ကိုပဲ ကူညီပေးပါလား။
ကိုယ် မင်းကို ဘယ်တော့မှ ပစ်ပယ်မထားပါဘူး"
"……"
"ကျန့်က အချစ်ခံချင်တယ်ဆိုတာ ကိုယ် သိတယ်။
ဒါကို နန်းသွေးဆောင်ထားတဲ့ မိဖုရားကို ဂရုစိုက်နေတဲ့ အရှင် ဝမ်ရိပေါ်က သိမှာမဟုတ်ဘူး။ကိုယ့်ကို ပြန်မချစ်လည်း ရပါတယ်။ကိုယ်ကပဲ ကျန့်ကို အမြဲတမ်းချစ်ပေးပြီး အမြဲတမ်း ဂရုစိုက်ပေးမယ်…"
"ဟင့်အင်း…
အရှင် ရိပေါ်က ကျွန်တော့်ကို ချစ်တယ်။အခုမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ချစ်တာ။"
"ဒါဆို သူ တကယ်ချစ်ရင် အခုလို ကျန့်ကို ပစ်ထားပြီး အခြားမိဖုရားတစ်ယောက်ကို ဂရုစိုက်နေပါ့မလား"
ဝမ်ဟန်က ကျောပေးထားတဲ့ ရှောင်းကျန့် အနောက်ကို မေးအနည်းငယ် ငေါ့ပြရင်း မေးသည်။
Advertisement
ရှောင်းကျန့် မြင်ကွင်းထဲ ရောက်လာတာက အရှင် ဝမ်ရိပေါ်က ပထမဆုံး နန်းသွေးဆောင်ထားသော မိဖုရားရှင်းယန်အား တွဲကာ သူတို့ မတ်တပ်ရပ်နေသော နေရာသို့ လျှောက်လာနေပုံ။
ရိပေါ်က သူ့ ကို မြင်သည့်ပုံမပေါ်ပါ။အနားသို့ တဖြည်းဖြည်းရောက်လာတော့မှ ရှောင်းကျန့်က ခေါင်းကို အမြန်ညွှတ်ချလိုက်ကာ အရိုအသေပေးလိုက်သည်။
"အရှင်မင်းကြီး…
မိဖုရား…"
ခေါင်းငုံ့နေရင်း လက်ကြီးကြီးတစ်ဖက်က လက်သွယ်သွယ်လေးတစ်ဖက်ကို ဆုပ်ကိုင်ထားသည်ကို မြင်ရသည့်အခါ ချစ်တတ်စ နှလုံးသားလေးက တစစ နာကျင်လာပြန်သည်။
"ကြင်ယာတော် ရှောင်း…
အကိုတော် ဝမ်ဟန်"
"မှန်လှပါ အရှင်"
"အကိုတော် အုပ်ချုပ်ရတဲ့ နယ်မြေတွေ အဆင်ပြေတော်မူရဲ့လား"
ဝမ်ရိပေါ်ရဲ့အမေးစကားကို ဝမ်ဟန့်ကို ဖြစ်ပေမယ့်လည်း
အကြည့်တွေကတော့ ခေါင်းငုံ့ကာ နှုတ်ခမ်းသားနုနုကို ဖိကိုက်နေသော တစ်စုံတစ်ယောက်ဆီမှာ။
"ပြေပါတယ် အရှင်မင်းကြီး။
အရင်လို သူပုန်တွေလည်း မရှိတော့တာမို့ အေးအေးချမ်းချမ်းကို ရှိနေပါတယ်"
"အော်…ကောင်းပါပြီ"
"အကိုရှောင်း"
မိဖုရား လီရှင်းယန်က သူ့ ကို ခေါ်လာတာကြောင့် ခေါင်းကို အသာမော့ကြည့်လိုက်သည်။
"အခုတလော မတွေ့ တာတောင် ကြာနေပြီ။"
"ဟုတ်ကဲ့။
မိဖုရား အဆင်မပြေဖြစ်မှာစိုးတာကြောင့် ကျွန်တော်မျိုး လာမတွေ့ တာပါ မိဖုရား"
"လာပါ အကိုရှောင်းရဲ့…
ရှင်းယန် အဆင်ပြေပါတယ်"
"ဟုတ်ကဲ့ ကျွန်တော်မျိုး အားတဲ့အခါ မိဖုရားဆီ လာလည်ပါ့မယ်"
"ဒါဆို ကျွန်တော်မျိုးတို့ကို ခွင့်ပြုပါဦး…
အရှင်တို့ လွတ်လွတ်လပ်လပ်ပင် လမ်းလျှောက်တော် မူပါ"
ဝမ်ဟန်က ရှေ့ကနေ သွားတော့ ရှောင်းကျန့်လည်း အနောက်ကနေ ခပ်မြန်မြန်ပဲ လိုက်သွားမိသည်။
ဒါကို မြင်နေရသည့် အရှင်ဝမ်ရိပေါ်ကလည်း မျက်ဝန်းထဲမှာ မျက်ရည်ဝိုင်းလျက်ပင် ငေးကြည့်နေခဲ့မိသည်။
သူ ချစ်တဲ့သူကို အခြားတစ်ယောက်ပိုင်နေသည်ဆိုသော အသိ။သူ ချစ်တဲ့သူဟာ သူမဟုတ်တဲ့ အခြားတစ်ယောက်ကို
ချစ်မြတ်နိုးနေသည်ဆိုသော အသိ။
သူ့ ရင်ကို မီးစနဲ့ ထိုးသလို တဆစ်ဆစ်နဲ့ တမြေ့မြေ့လောင်ကျွမ်းနေသလို ခံစားရပါသည်။သို့ပေမယ့်လည်း သူဟာ ထိူသူ့ ကို အချစ်မပျက်ပြယ်ခဲ့ပေ။ဘယ်သောအခါမှ……
**********
မိဖုရား လီရှင်းယန် အဆောင်တော်ထဲမှာ အဆိပ်မိလျက် သေဆုံးနေကြောင်း……
သတင်းတစ်ခုဟာ ရှောင်းကျန့်နားထဲသို့ ကန့်လန့်ဖြတ်စွာပင် တိုးဝင်လာသည်။ဘုရင့်သွေးသားကို လွယ်ထားတဲ့ မိဖုရားတစ်ပါးဟာ ဘယ်နည်းနဲ့မှ ကိုယ့်ကိုကိုယ် သတ်သေခဲ့ခြင်း မဖြစ်နိုင်။
တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိကို လုပ်ကြံထားတာ။
အဆိပ်…အဆိပ်…။
ဝမ်ဟန်!!!
ရှောင်းကျန့် ဝုန်းဒိုင်းကျဲလျက်ပင် ဝမ်ဟန်အဆောင်တော်ကို တွန်းဖွင့်လိုက်ပြီး အတွင်းသို့ မြန်မြန်ဝင်လာသည်။
"ဝမ်ဟန်!!"
အမြည်းပေါင်းစုံဖြင့် သေရည်ပုလင်းနှင့် ပြုံးပျော်နေသည့်သူက ထိုမိဖုရားကို သတ်တဲ့သူ ဖြစ်တာ ကျိန်းသေတာပဲ!
"လူတစ်ယောက်ကို သတ်လိုက်ရလို့ သိပ်ပျော်နေတယ်ပေါ့!
အခု မင်း သတ်လိုက်တာ တစ်ယောက် မဟုတ်ဘူး နှစ်ယောက်နော်!"
ဒေါသအလွန်ထွက်နေသော ကြင်ယာတော် ရှောင်းကျန့်က မင်းသား ဝမ်ဟန်ကို ခပ်ကြမ်းကြမ်းပင် ပြောဆိုလိုက်သည်။
"ငါ သတ်တယ်လို့ ဘယ်သူပြောလဲ!"
"ဒီလို အောင်ပွဲခံနေတာ မြင်တဲ့ ငါက မင်းမဟုတ်လို့ ဘယ်သူ့ ကို ထင်မြင်ရမှာလဲ"
"ငါ ရှင်းယန်ကို မသတ်ဘူး!!"
"လူလိမ်…လူယုတ်မာ!!
မင်းသားလို့ ပြောရမှာတောင် ပါးစပ်သနဖို့ ကောင်တဲ့အကောင်!"
ဝမ်ဟန်က ရှောင်းကျန့်စကားကြောင့် စိတ်ဆိုးသွားပြီး သောက်နေသော သေရည်ခွက်ကို ပစ်ချကာ ရှောင်းကျန့်ကို နံရံ၌ ဖိကပ်လိုက်ပြီး လည်ပင်းအား ညှစ်လိုက်သည်။
"မင်းက ဘာကောင်မို့လို့ ငါ့ကို စွပ်စွဲနေတာလဲ ရှောင်းကျန့်! ငါ မဟုတ်ဘူးလို့ ပြောနေတာကို ဘာလို့ မယုံတာလဲ ရှောင်းကျန့် ဟမ်!"
"အစ်!…ငါ…"
ရှောင်းကျန့် အသက်ရှူကြပ်ကာ မျက်ဝန်းတွေနီရဲလာတာကြောင့် ဝမ်ဟန်လွှတ်ပေးလိုက်ပြီး ပါးနှစ်ဖက်ကို ဖျစ်ကိုင်လိုက်သည်။
လက်ကို ရိုက်ပုတ်ကာ ရုန်းနေသည့် လူကြောင့် ဝမ်ဟန် ထက်မံပင် လွှတ်ပေးလိုက်ပြီး နီရဲနေသည့် မျက်ဝန်းလှတွေကို အကြောင်းမဲ့ စိုက်ကြည့်လိုက်သည်။
"မင်းက ဘုရင်ဖြစ်ချင်နေတာလေ!
ဘုရင့်ကလေး ကိုယ်ဝန်ဆောင်ထားတဲ့ မိဖုရားကို မင်းသတ်လိုက်တယ်ဆိုတာ မွေးကင်းစ ကလေးကို သွားမေးကြည့်ရင်တောင် သိတယ်! မင်းလက်ချက်ဆိုတာလည်း ငါ ကျိန်းသေသိတယ်။မင်း ငါ့ကို ညာလို့မရဘူး"
"ဟားဟား…ဟား…ဟား!
ကျန့်က ကိုယ့်ကို လူဆိုးကြီးလို့ အမြဲတမ်းမြင်နေတယ်ပေါ့…ဟား…ဟား!"
"မင်းက အာဏာရူးလေ!
ဘုရင့်အာဏာရဖို့အတွက် ဘာမဆို လုပ်နေမှာပဲလေ!"
ဝမ်ဟန်က ချက်ချင်းပင် ရုပ်ပြန်တည်သွားပြီး ရှောင်းကျန့်အနား ပြန်ကပ်လာပြန်သည်။
"ဒီမှာ ကျန့် ကိုယ် ပြောပြမယ် သေချာနားထောင်!
ကိုယ် လီရှင်းယန်ကို မသတ်ခဲ့ဘူး။ဘယ်သူသတ်တာလဲဆိုတာတော့ ကိုယ့်သိတယ်!"
ရှောင်းကျန့်က အကြည့်ချင်းစုံလာတော့ ဝမ်ဟန်က ထပ်ပြောလာတယ်။
"လီရှင်းယန် ဗိုက်ထဲက ကလေးက ဝမ်ရိပေါ် ကလေး မဟုတ်ဘူး! ဒါကို အစက ဝမ်ရိပေါ်က မသိဘူး။သူ့ ကလေးလို့ ထင်နေတာ!"
Advertisement
"ဒါဆို ဘယ်သူ့ ကလေးလဲ"
"ကျန့်လည်း ဘယ်သူ့ ကလေးလို့ ထင်လဲ တွေးကြည့်!"
"ငါ…ငါ မသိဘူး"
"ဒါတွေအကုန်လုံး စီစဉ်ထားတာ ကိုယ်ပဲ။
ဘုရင့်အချစ်တော် ရှင်းယန်ကို စည်းရုံးဖို့ ကိုယ်လုပ်တာ မအောင်မြင်ဘူး။ဒါပေမဲ့ အမြတ်စွန်းလေး တစ်ခု ရခဲ့တယ်။အဲ့တာ ကိုယ်ဝန်ပဲ!"
"……"
"အဲ့ကိုယ်ဝန်ကိုသာ မွေးပြီး သားတော်လေးသာဆို ကျိန်းသေပေါက် ဘုရင်ဖြစ်မှာပဲ။ကိုယ်က ကိုယ့်သွေးသားမို့ အသာလေး နေလိုက်တယ်!"
"……"
"ဒါပေမဲ့ ညီတော် ငတုံးက ဘယ်လိုသိသွားလဲ မသိဘူး!
ကိုယ့်ရဲ့ ရည်မှန်းချက်ကို သိနေပုံရတယ်။အခု သူ့ ကိုချစ်တဲ့
မိဖုရားကိုတောင် သတ်ပစ်လိုက်တယ်!"
"……"
"ဒါကို ကျိန်းသေပေါက် လက်တုန့်ပြန်မှာ…
ငါ့သွေးသားကို သတ်ခဲ့တဲ့ ဝမ်ရိပေါ်! မင်းလည်း တစ်နေ့ ငါလြက်ထဲမှာ သေရမယ်!!"
"……"
အမြဲဘုရင့်နေရာကို တောင်းတနေတဲ့ ဝမ်ဟန်က သွေးသားကို ဆုံးရှုံးလိုက်တာကြောင့် တင်းမာနေတဲ့ပုံစံက တကယ်ပဲ ဖခင်စိတ်အပြည့်ရှိတဲ့ပုံ။
"ဒါဆို မိဖုရားရှင်းယန်ကို သတ်တာ အရှင်ပေါ့!"
"ဟုတ်တယ်လေ။ကျန့်သိပ်ချစ်တဲ့ အရှင် ဝမ်ရိပေါ်!!"
ဧကရာဇ် ဝမ်ရိပေါ်က ငတုံးတစ်ယောက် မဟုတ်ခဲ့ဘူး။
ရှောင်းကျန့်ကိုမို့ မသိယောင်ဆောင်ပြီး လျစ်လျူရှုပေးခဲ့တာ။ ဒါပေမဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ငတုံးလို့ ထင်နေတုန်း။
**************************************
"ဂုဏ်ယူပါတယ် အရှင်
"တကယ်ပါ အရှင်။"
***********
"ကျန့်!"
"ဘာလဲ"
"ထားလိုက်တော့!"
"ဘာမှမဖြစ်ပါဘူး"
ကျန့်အတွက်လည်း ပါတယ်"
"ဘာကိုလဲ"
"အင်း"
"ဘယ်လို!!"
"မအံ့သြပါနဲ့။
"မဟုတ်"
"မညာပါနဲ့ ကျန့်ရယ်
"ဟင့်အင်းမဟုတ်ဘူး။
သဘောထားခဲ့ပါတယ်"
"ဒါဆို ကိုယ့္ကို ထောက်ပံ့ပေးန်ိုင်လား"
""
"ဟင့်အင်း
"အရှင်မင်းကြီး
မိဖုရား"
"ကြင်ယာတော် ရှောင်း
အကိုတော် ဝမ်ဟန်"
"မှန်လှပါ အရှင်"
"အော်ကောင်းပါပြီ"
"အကိုရှောင်း"
"ဟုတ်ကဲ့။
"လာပါ အကိုရှောင်းရဲ့
**********
အဆိပ်အဆိပ်။
ဝမ်ဟန်!!!
"ဝမ်ဟန်!!"
"လူလိမ်လူယုတ်မာ!!
"အစ်!ငါ"
"ဟားဟားဟားဟား!
"မင်းက အာဏာရူးလေ!
"ဒါဆို ဘယ်သူ့ ကလေးလဲ"
"ငါငါ မသိဘူး"
""
""
""
""
**************************************
Advertisement
- In Serial63 Chapters
Instrumental
Anne was happily ignorant of boys, and girls, until a comment from her sister got under her skin. Now she's just confused. - a lesbian love story, a bit fluffy This novel is complete.
8 214 - In Serial45 Chapters
Rabh Ne Banade Jodi✔️ completed
Rabh has made the jodi of:Dr. Kabir Singh Romana who is a handsome dentist and a billionaire business man. He has everything you name - wealth, fame, fortune, luck, looks.However he lacks love,Craves affection and wants careTo change that comes in Sahiba Kaur Khurana a preety, soft woman dispite being a billionaire's daughter and the apple of eye of the whole family she is down to earth. A preschool teacher by profession, she loves teaching kids and is full of care affection and love but has insecurities due to her past... Let us how this jodi made in heaven by RABH works out?!?!!?!
8 169 - In Serial40 Chapters
You wish you knew me now (editing)
Mariah was raped, bullied, abused and rejected by her own mate. Her own flesh and blood never cared about her, made her life hell. But once she gets kicked out of her own pack, she starts a new life. With her little baby by her side. But she has nothing, no family or a job. When a generous offer is given she accepts it. She moves in with James who gives her a new beginning. But when she comes back to her hometown were all the tragedy struck, the people who once hurt her wants a fresh start. But she's not willing to give in that easily.Watch the incredible journey of a broken women.
8 280 - In Serial137 Chapters
Sunflower Book Club
In the Sunflower Book Club, members and their books are randomly assigned weekly pairings to read two chapters a week. New assignments are posted Sundays EST. All books and people are welcome, apply inside!
8 193 - In Serial57 Chapters
His Unknown Child
Charlie Grace had a perfect life. She wasn't popular, but did have a boyfriend. They say one night can ruin everything. Well, that's what happened to Charlie. Charlie found out she was pregnant with her boyfriend's child. Her boyfriend, Ashton Burns, was caught cheating the day Charlie was gonna tell him. I guess Ashton never found out. Charlie moved schools, and never wanted Ashton to know about his child. When Charlie finally graduates, her son is three years old.Charlie ran into Ashton one day, and she just happened to have her son with her. Ashton was pretty confused but soon enough he was terrified.Will Ashton ever figure out the real reason behind all of this? Can Charlie really keep a secret from the father of her son? (Sorry if the description is confusing or very boring. Read and you'll be surprised.)
8 133 - In Serial10 Chapters
Hoshigaki Kisame's love
Sasuke is gone. He despises the person he once loved the most, his brother. Knowing this, Itachi's heart is shattered to pieces. He would do anything to get his little brother back, while Kisame would do anything for Itachi, his love interest. It's time for Sasuke to know the truth.Itachi and Sasuke's story [kind of], but in the modern era. +Kisame's one-sided love.
8 168