《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 20 ]
Advertisement
ရှောင်းကျန့် ဝမ်ဟန့်ဆီမှ ပြန်အလာ လမ်း၌ တည့်တည့်လမ်းလျှောက်လာသော ဧကရာဇ် ဝမ်ရိပေါ်နှင့် ထိပ်တိုက်တွေ့ လေသည်။
"ကျွန်တော်မျိုးကြင်ယာတော်ရှောင်း အရှင်မင်းကြီးကို ဦးညွှတ်ပါတယ်..."
ဧကရာဇ်က ခပ်ပြုံးပြုံးလေးပြုံးပြီး ကြင်ယာတော်၏လက်မောင်းကို ညင်သာစွာ ကိုင်ကာ မျက်နှာချင်းဆိုင် ကြည့်တော်မူလေသည်။
"ကိုယ့်ကြင်ယာတော်လေးက ချောလိုက်တာ"
ဝမ်ရိပေါ်က အဖြူရောင်ဝတ်စုံလေးနဲ့ ခန့်ညားလှပနေပါသော သူ့ ကြင်ယာတော်အား ကြည့်ကာ နှစ်ချိုက်တော်မူနေလေသည်။
ရှောင်းကျန့်က ခပ်လှမ်းလှမ်းမှ ရပ်နေသော ဧကရာဇ်ရဲ့သက်တော်စောင့်တွေကို တစ်ချက်လှမ်းကြည့်ပြီး ကြည့်မနေမှန်းသိတော့မှ ဝမ်ရိပေါ်ကို မျက်စောင်းထိုးလိုက်သည်။
"ဘုရင်ဖြစ်နေလို့နော်...ငါ မင်းကို ထုလိုက်မယ် ရိပေါ်!"
ထိုစကားကြောင့် ဧကရာဇ်က စိတ်တော်လုံးဝမဆိုးသွားဘဲ
ခပ်ကျယ်ကျယ်ဖြင့်ကာ ရယ်လိုက်သေးသည်။
ရှောင်းကျန့်ကိုယ်လေးကို အနီးသို့ ဆွဲလိုက်ပြီး ရင်ခွင်ထဲ ထည့်လိုက်သည်။
"ကိုယ် မင်းကို မြတ်နိုးလိုက်တာ ရှောင်းရှောင်းရာ..."
တစ်ဘဝမှာ နောက်တစ်ယောက်ကို ထပ်မချစ်နိုင်တော့သည်အထိ နှလုံးသားလေးကို တစ်ယောက်သောသူဆီသာ ပုံအပ်ထားမိပါသည်။သို့ပေမဲ့ ဒီအချစ်က မှားယွင်းသွားမယ်လို့တော့ ဧကရာဇ်ရိပေါ်က ဘယ်ထင်ခဲ့ပါလိမ့်မလဲ။
အချစ်က ဧကရာဇ်ဝမ်ရိပေါ်အတွက်တော့ မြတ်နိုးရာလေးတစ်ခုပါပဲ။
************
"ဝမ်ဟန် မင်း ငါ့ကို ဘာလို့ ဒီအချိန်ကြီးခေါ်ရတာလဲ?
ပြောစရာရှိတယ်ဆိုလည်း ဒီလိုမနောက်ကျခင် ပြောလေ။
အခု ငါ့မှာ မနည်းခိုးထွက်လာရတယ် သိလား!"
နှုတ်ခမ်းသေးသေးလေးနဲ့ ခပ်စွာစွာပြောနေသည့် ရှောင်းကျန့်အား ဝမ်ဟန်က အသဲယားစွာပင် ထိုအရာလေးအား လက်ဖြင့် ဖျစ်ညစ်လိုက်လေသည်။
ရှောင်းကျန့်က သူ့ လက်ကို ရိုက်ချပြီး သူ့ နှုတ်ခမ်းအား ပွတ်သပ် သုတ်နေလေသည်။
"ဘာလို့ ငါ့နှုတ်ခမ်းကို လာဖျစ်တာလဲ!
ပြောစရာရှိတာ အမြန်ပြော..."
"ဖြည်းဖြည်းပေါ့ ကျန့်ကလည်း...
ဒီလို မင်းကြိုက်တဲ့ ပန်းဥယျာဉ်လေးမှာ အချိန်မတော် ခိုးတွေ့ ရတာ ပြောစရာကောင်းပါတယ်"
"ဘာမှ ပျော်စရာမကောင်းဘူး။
မင်းသာ ငါ့ကို ပြောစရာ ရှိတာ မြန်မြန်ပြော"
"ကိုယ် ပြောချင်တာ ကျန့်နဲ့ကိုယ့် အကြောင်းပဲ"
ဝမ်ဟန်ရဲ့ စကားပြောဟန်တွေက နှေးသွားသလို ရှောင်းကျန့်ကလည်း မျက်နှာချင်းဆိုင် လှည့်ကြည့်လို့လာသည်။
"ဘာအကြောင်းလဲ"
"ကိုယ် ပြောတာကို ကျန့် မငြင်းရဘူး"
"ဘာ!
မင်း ဘာပြောမှန်းမသိဘဲနဲ့ ငါက လက်ခံရမှာလား"
"ကျန့် လက်ခံရမယ်။
ကျိန်းသေကို လက်ခံရမယ်။လုံးဝကို ငြင်းလို့ မရဘူး"
"ပြောလေ...အဲ့ဒါက ဘာမို့လို့ ငါက ကျိန်းသေလက်ခံရမှာလဲ!"
"ကိုယ်...ကိုယ် ကျန့်ကို ချစ်တယ်...
ကျန့်ကို နှစ်သက်တယ်။ကိုယ့် ကြင်ယာတော်အဖြစ် ဒါမှမဟုတ် မိဖုရားဖြစ်ဖြစ် တင်မြှောက်ချင်တယ်"
ရှောင်းကျန့် အချိန်အတော်ကြာသည်အထိ ဆွံအသွားသည်။ ဒီလို မင်းသားတစ် ဝမ်ဟန်ဆီက တစ်နည်း သူနဲ့အကြံတူအလုပ်လုပ်နေတဲ့သူဆီက ဒီလိုမျိုးကြားရဖို့ တစ်ခါမှ စိတ်ကူးထဲတောင် ထည့်မတွေးမိ။
"ဒီမှာ မင်းသား ဝမ်ဟန်...
စကားတွေကို အရမ်းကို စည်းကျော်လွန်းနေပါပြီ။
ကျွန်တော်က ဧကရာဇ်ဝမ်ရိပေါ်ရဲ့ ကြင်ယာတော် တစ်ယောက်ပါ။ဒီလို စကားတွေသာ အရှင်မင်းကြီးကြားရင် မင်းသား ပစ်ဒဏ်ကျပါလိမ့်မယ်။ဒါ့ကြောင့် ဘာမှမပြောခဲ့သလို ကျွန်တော်မျိုးလည်း မကြားခဲ့သလို နေပါ့မယ်"
ရှောင်းကျန့် စည်းမစောင့်သော ဝမ်ဟန်ကို စိတ်တိုလွန်းစွာ
အံကို ကြိတ်လျက်ပင် အတတ်နိုင်ဆုံးထိန်းကာ ဝမ်ဟန်နားထဲဝင်စေမည့် စကားကို ပြောလိုက်လေသည်။
ဒါပေမဲ့ သူ ထင်ထားသလို မဟုတ်ဘဲ ဝမ်ဟန်က မျက်လုံးတွေ နီရဲလာကာ သူ့ ကိုမော့ကြည့်လာပြီး သူ့ လက်ကောက်ဝတ်နှစ်ဖက်အား သန်မာစွာ ဆုပ်ကိုင်လာလေသည်။
"ကိုယ် ကျန့်ကို ချစ်တာ အမှန်တရားပဲ။
ဒါကို ကျန့်လက်ခံရမယ်။အစကတည်းက မငြင်းရဘူးလို့
ပြောထားပြီးသား...
အခု စကားနားမထောင်ဘဲ ကိုယ့်ကို ငြင်းတယ်"
"ဝမ်ဟန်...ငါ မင်းကို ခင်တယ်။အကိုတစ်ယောက်လိုလည်း ချစ်တယ်။ဒါ့ကြောင့်လည်း အရင်တွေ့ တဲ့ ရိပေါ်ထက် မင်းအနား ပိုနေခဲ့တာပေါ့။ဒါတော့ ငါ့ကို နားလည်ပေးပါ"
ရှောင်းကျန့်က ဝမ်ဟန်စိတ်ပြေစေရန် အတတ်နိုင်ဆုံး မုသားစကားအနည်းငယ်ထည့်၍ ပြောဆိုလိုက်သည်။
"ငါက မင်းရဲ့သူငယ်ချင်းလည်း မဖြစ်ချင်ဘူး။
ပြီးတော့ မင်းရဲ့အကိုလည်း မဖြစ်ချင်ဘူး။"
ဝမ်ဟန်က ပြောပြီးတာနဲ့ ရှောင်းကျန့်ရဲ့ပါးနှစ်ဖက်ကို အုပ်ကိာင်လိုက်ပြီး နှုတ်ခမ်းတွေအား ထိကပ်နမ်းရှိုက်လာလေသည်။ အစက ကြောင်သွားပေမယ့် သတိဝင်သွားတဲ့ အချိန်မှာတော့ ရှောင်းကျန့် အားကုန်ကာ ရုန်းကန်တော့သည်။
သို့သော် ဝမ်ဟန်က လူကောင်းလည်း ပိုကြီးသလို အားလည်း ပိုရှိနေတာမို့ သူ ဘယ်လိုမှ မယှဉ်နိုင်။ဒါပေမဲ့လည်း သူ အတတ်နိုင်ဆုံး ရုန်းကန်နေမိသည်။
သူ့ ရဲ့အနမ်းတွေရော ဘယ်အရာရာ ဖြစ်ဖြစ် သူ ချစ်ရသူကိုသာ ပထမဆုံးပေးမည်ဟူသော စိတ်ကူးများသည် လူယုတ်မာ ဝမ်ဟန်ကြောင့် အကုန်ပျက်စီး လွှင့်စင်သွားရသည်။
အဆက်မပြတ်ရုန်းကန်နေမှုကြောင့် အရှိန်မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လှဲကျသွားရသည်။ရှောင်းကျန့်က ခြေဆစ်လည်ကာ လဲကျသွားခြင်းကြောင့် ဘယ်လိုမှ ပြန်မထနိုင်တော့။
ထိုအခါမှ ဝမ်ဟန်က နမ်းနေတာ ရပ်သွားပြီး နာနေသော သူ့ ခြေဆစ်အား ခပ်ဖွဖွကိုင်ကာ ကြည့်လာသည်။
Advertisement
"ကျန့် အဆင်ပြေရဲ့လား!"
"ဟင့်အင်း နာတယ်
မင်း ငါ့ကို မထိနဲ့ ဖယ်!"
"ကျန့်... ကိုယ် တောင်းပန်ပါတယ် ကိုယ်မှားသွားပါတယ်...
နောက်တစ်ခါ မဖြစ်စေရပါဘူး။ကိုယ် စိတ်မထိန်းနိုင်ဘူး ဖြစ်သွားလို့ပါ ကိုယ် တကယ် တောင်းပန်ပါတယ်"
ချက်ချင်းပဲ အခုဏက ဘီလူးသရဲစီးသလို ဖြစ်နေတဲ့ ဝမ်ဟန်က သူမဟုတ်သလို မျက်နှာပျက်စွာ သူ့ အား တောင်းပန်လာလေသည်။
"လက်ဖယ်တော့!
ငါ ပြန်တော့မယ်"
ရှောင်းကျန့် ကုန်းထလိုက်တော့ မသက်သာသေးတဲ့ခြေထောက်ကြောင့် ပြန်လဲကျသွားပြီး ဝမ်ဟန်ကလည်း ထိုင်လျက်အနေအထားဖြင့် ကျန့်က လဲကျလာတော့ အရှိန်မထိန်းနိုင်ဘဲ ပက်လက်လန်ကျသွားလေသည်။
ရှောင်းကျန့်ကိုယ်လုံးက ဝမ်ဟန့်ရဲ့ ဗိုက်ပေါ်တည့်တည့်ကို
ထိုင်လျက်ကျသွားလေသည်။ယုတ်မာစိတ်လေးရှိသည့် ရှောင်းကျန့်က ဝမ်ဟန့်ကိုယ်ကို ခွလိုက်ပြီး လည်ပင်းကို ညစ်လိုက်သည်။
"အာ့...ကျန့်မလုပ်နဲ့......ကိုယ် အသက်...ရှူကြပ်နေပြီ...အစ်!"
"ငါ့ကို နောက်တစ်ခါ ဘာမှမလုပ်တော့ပါဘူးလို့ ကတိပေး!"
"အင်း...ပေးတယ်...အစ်...ကတိပေးတယ်...ကိုယ်နာနေပြီ!"
ရှောင်းကျန့်က ထပ်မံပင် ဗိုက်ပေါ်မှာ ခုန်ရင်း လည်ပင်းကိုလည်း ညစ်ထားသေးသည်။
"နာတယ်လို့ မအော်နဲ့ ကောင်းတယ်လို့အော်!"
"အင့်...ဟင်း...အာ့...အစ်...ကောင်းလိုက်တာ"
.
.
.
"နောက်တစ်ခါဆို ငါ မင်းကို အသေသတ်ပစ်မယ်"
လည်ပင်းကို ကိုင်ကာ အသက်အလုအယက်ရှူနေသည့်
ဝမ်ဟန်ကို ထားခဲ့ပြီး မိမိအဆောင်သို့ ရှောင်းကျန့် ထော့နင့်နင့်နဲ့ပင် ပြန်လာခဲ့သည်။
တကယ်လို့သာ သူတို့ဆီ ဧကရာဇ်ဝမ်ရိပေါ် ရောက်လာသည်ကိုသာ ရှောင်းကျန့် သိခဲ့မည်ဆိုခဲ့လျှင် ဧကရာဇ်သာ အထက်လွဲသွားသည်ကိုသာ သိခဲ့မည်ဆိုလျှင် ချက်ချင်းပင် အပြေးသွားကာ အရှင်အား ဒူးထောက် တောင်းပန်မည်သာ ဖြစ်ပြီး အဖြစ်မှန် အကုန်လုံးကို ပြောပြမည် ဖြစ်သည်။
ဒါပေမဲ့ လွဲမှားသောကံကြမ္မာကြောင့် အရှင်ဝမ်ရိပေါ်ဟာ
နိုင်ငံအရေးကိုတောင် ဂရုမစိုက်တော့ဘဲ နာကျင်နေသော
နှလုံးသားဖြင့်သာ ပူဆွေးနေခဲ့ရလေသည်။
********
ရှောင်းကျန့် ဝမ်ဟန်နဲ့ ဖြစ်ပျက်ခဲ့ပြီးနောက်ပိုင်း အဆောင်ထဲမှာပဲ နေကာ သူ့ ဘယ်ဘက်ရင်ဘတ်ကို ဖိပြီး အဲ့တစ်ယောက်အကြောင်းတွေးလာသည့် အဓိပ္ပါယ်ကို ရှာဖွေလို့ နေခဲ့သည်။
သုံးရက်မြောက်သောနေ့မှာတော့ သူ အဖြေတစ်ခု ရခဲ့သည်။ သူဟာ ထိုလူ့ ကို ချစ်ခင်နှစ်သက်နေတာ ဖြစ်သည်။
ထိုသူသည် အခြားမဟုတ်။သူ့ ရဲ့ ခင်ပွန်း တစ်နည်း ဧကရာဇ် ဝမ်ရိပေါ်သာ ဖြစ်သည်။
ငါးရက်မြောက်နေ့ ရောက်သော်အခါမှာတော့ သူ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။သူနှင့် ရိပေါ်သည် တစ်ခါမှ အိပ်ယာခန်း မဝင်ဖူးပါ။
ဤအရာသည်လည်း သူ တောင်းဆိုထားတာကြောင့် ဖြစ်သည်။ဒီနေ့ညတွင်ပင် သူ ကိုယ်တိုင်ပင် သူ ချစ်ရသော သူကို ကိုယ်တိုင်သွားရောက်ပြီး အကုန်လုံးဝန်ခံပြီး သူ့ ရဲ့အရာရာကို မြှပ်နှံတော့မည်ဟု ရှောင်းကျန့်တွေးကာ ကြေးမုံရှေ့တွင် ထိုင်ပြီး အလှဆုံး ပြင်ဆင်လိုက်သည်။
သူ့ နှလုံးသားကို လွယ်လွယ်တော့သိခဲ့တာမျိုးတော့ မဟုတ်ပေ။အထူးသဖြင့် ဝမ်ဟန်ကြောင့် သိတာဆို ပိုမှန်သည်။ သူဟာ ကြင်ယာတော်ဖြစ်နေပေမဲ့ အစပိုင်းမှာ ဘယ်လိုမှ မခံစားရပေမဲ့ မင်းသမီးရှင်းယန်နှင့် အရှင် လက်ဆက်လိုက်သည့်အခါမှာတော့ သူကိုယ်တိုင်မသိစွာပင် သူ့ နှလုံးသားက တဆစ်ဆစ်နာကျင်နေသလို ခံစားနေရပြီး ဝန်တိုမှုတွေ ဖြစ်နေခဲ့တာပင်။
ဝမ်ဟန် ဖွင့်ပြောခဲ့တဲ့ညက ပိုလို့တောင် သေချာသွားလေသည်။ထိုသူ့ အတွက် ရည်မှန်းထားသည်များကို အခြားတစ်ယောက်က ယူသည့်အခါ သူတတ်နိုင်သမျှ ငြင်းဆန်ရုန်းကန်ကာ ထိန်းသိမ်းခဲ့လေသည်။
အရှင့်အဆောင်သို့ သွားရာ လမ်းတစ်လျှောက်တွင် ရှောင်းကျန့်မျက်နှာသည် အနည်းငယ်ရဲနေပြီး အပြုံးလှလှလေးတစ်ပွင့် ရှိနေမှာကို ဘေးကနေ ကြည့်လျှင် သေချာမြင်နေရမှာ ဖြစ်သည်။
ရှောင်းကျန့် အနည်းငယ်တော့ ရှက်မိပါသည်။
ဒါပေမဲ့ ဒီလိုသာ သွားပြီး ဝန်မခံရရင် သူ နောက်ကျသွားမည်ကို စိုးရိမ်နေသည်။သူ့ ရင်ထဲ၌ အရှင့်လိုမျိုး ချစ်မြတ်နိုးနေကြောင်းကို လုံးဝကို ဝန်ခံရမည် ဖြစ်သည်။
အဆောင်ရှေ့ရောက်တော့ မတ်တပ်ရပ်လိုက်ပြီး ငေးကြည့်လိုက်သည်။အပေါက်ဝကို အစောင့်အား သူလာသည်ကို အရှင့်အား လျှောက်တင်ခိုင်းလိုက်သည်။
"ကြင်ယာတော်ရှောင်း...
ဒီညမှာတော့ အရှင်မင်းကြီး အဆောင်တော်မှာ အိပ်ဆောင်မဝင်ဘူး"
"ဒါဆို ဘယ်အဆောင်တော်မှာ အိပ်ဆောင်ဝင်မှာသိလား!"
"ကျွန်တော်မျိုးကြားသိတာတော့ အရှင်မင်းကြီးက မိဖုရားလီရှင်းယန်အဆောင်တော်မှာ ညတိုင်းနီးပါး အိပ်ဆောင်ဝင်လေ့ရှိပါသည်။ဒီနေ့မှာလည်း ထိုအဆောင်မှာသာ ဖြစ်နိုင်ပါတယ် ကြင်ယာတော်ရှောင်း"
"အော်...ဟုတ်လား"
ရှောင်းကျန့် ရစ်သိုင်းလာသည့် မျက်ဝန်းမှ အရည်တွေကို
ရဲမက်များမတွေ့ အောင် မျက်တောင် တစ်ချက်ခတ်လိုက်ပြီး
ထိုနေရာမှ လှည့်ပြန်လာခဲ့သည်။
"အရှင် ကျွန်တော့်ကို ညာတယ်။
အရှင်ပြောတော့ ကျွန်တော်မျိုးကို အရမ်းချစ်တယ်ဆို..."
"မင်း ပြောတော့ ငါ့ကို ဖော်မပြတတ်လောက်အောင်ပင် ချစ်တယ်ဆို!
မင်းက ငါ့ကို သိပ်မြတ်နိုးတယ်ဆို။မင်း ညာတယ် ရိပေါ်"
ရှောင်းကျန့် အပြန်လမ်းတွင် အသွားတုန်းကလို မျက်နှာတွေရဲပြီး ရှက်နေတာမျိုး လုံးဝမရှိတော့ပေ။ကိုယ့်အပိုင်ကို အခြားတစ်ယောက်က ပိုင်ဆိုင်သွားသလို ဆုံးရှုံးသွားမျိုး။
Advertisement
သူ့ ရဲ့ချစ်တတ်စ နှလုံးသားလေးကို ခပ်ပြင်းပြင်း ရိုက်ချခံလိုက်ရသလိုမျိုး။
ကောင်းကင်ပေါ်မှာ အပြစ်ကင်းစွာ ထွန်းတောက်နေသောလကိုပင် မော့ကြည့်လိုက်သည်။
"မုန်းတယ်!
နာကျင်ရတာ မုန်းတယ်...
ဟားဟား...ဖြူပြီးပြည့်နေတဲ့ မင်းကိုလည်း မုန်းတယ်။
ငါ အရမ်းမုန်းတယ်။ငါ့ကိုယ်ငါလည်း မုန်းတယ်။
ငါ့နှလုံးသားကိုလည်း မုန်းတယ်။အကုန်လုံးကို မုန်းတယ် အား!!!!"
ကြင်ယာတော်ဟာ ဧကရာဇ်ကို ချစ်ခဲ့ပါတယ်။
ဒါပေမဲ့ ကြင်ယာတော် အချစ်ဟာပိုင်ဆိုင်ခြင်းဆိုသော အတ္တဖြင့်သာ...။
အခြားတစ်ယောက်ပိုင်ဆိုင်မှုကို မလိုလားပေ။
သူတစ်ယောက်တည်းသာ ပိုင်ဆိုင်ချင်တဲ့ အချစ်နဲ့ချစ်ခဲ့တာပါတဲ့။
**************************************
************
"ဘာအကြောင်းလဲ"
"ဘာ!
"ကျန့် လက်ခံရမယ်။
"ဒီမှာ မင်းသား ဝမ်ဟန်...
ပြောထားပြီးသား...
"ကျန့် အဆင်ပြေရဲ့လား!"
"ဟင့်အင်း နာတယ်
မင်း ငါ့ကို မထိနဲ့ ဖယ်!"
"လက်ဖယ်တော့!
ငါ ပြန်တော့မယ်"
.
.
.
********
ရှောင်းကျန့် ဝမ်ဟန်နဲ့ ဖြစ်ပျက်ခဲ့ပြီးနောက်ပိုင်း အဆောင်ထဲမှာပဲ နေကာ သူ့ ဘယ်ဘက်ရင်ဘတ်ကို ဖိပြီး အဲ့တစ်ယောက်အကြောင်းတွေးလာသည့် အဓိပ်ပါယျကို ရှာဖွေလို့ နေခဲ့သည်။
"ကြင်ယာတော်ရှောင်း...
"အော်...ဟုတ်လား"
"မုန်းတယ်!
နာကျင်ရတာ မုန်းတယ်...
**************************************
Advertisement
- In Serial92 Chapters
Letters to Inmate 29901
Lillie's letters are Dimitri's lifeline in prison, but when he gets out and his violent past tries to pull him back in, he might have to let her go. *****Lillie Clarke had everything figured out, until she didn't. Nursing a broken heart, she starts writing to an incarcerated man. It's strictly platonic, but the letters from Dimitri make her feel things she hasn't felt in years: Appreciated. Interesting. Seen. When Dimitri gets out on parole, she agrees to see him, and things don't stay platonic for long. But getting out of prison is only the first step in Dimitri's second chance. His violent past keeps trying to pull him back in, and he'll do anything to keep Lillie safe. Even if that means staying away from her--or trying to.
8 153 - In Serial21 Chapters
Jeff the Killer x reader
//CONTAINS CURSING AND SEXUAL CONTENT// Hope you like (Wasted a lot of time on this)
8 203 - In Serial68 Chapters
A Baby For The Beast
Every 200 years, a virgin is sacrificed to a powerful beast, for breeding.In the previous years passed, no offspring has been produced. It is known that only the mate to the beast can give him a pup.The community always selects the outcast virgin, from intricate fear of the beast.I am Ava Goodchild, one of the selected virgins.[[Word count: 80,000 - 81,000 words]]Book 1 of the Dystopia Series
8 354 - In Serial35 Chapters
Covered Edges
"You're just too much fun to mess with," he jokes, his smile transforming into a glowing smirk.My cheeks heat, but this time with anger. My tolerance has worn completely thin."Would you let me go?" I ask spitefully. I feel like a broken record.He pushes off of the desk and takes a step back. Before I even realize what I'm doing, I slap him square across the cheek. Shock is plastered on his face, and I'm sure it is on mine too. I stand there in awe of what I just did. It was so sudden I'm not even sure I decided to do it but rather my indignation controlling me.Steadily, Damon's face morphs from shocked to entertained. I immediately regret my action, but I'm not completely stupid; I race for the door like there's no tomorrow."You'll regret that!" I hear Damon yell as I'm running away.~Sugar, spice, and everything nice~ A story about drama, sarcasm, love, and twists, with a little bad boy guilty pleasure mixed in between.
8 163 - In Serial25 Chapters
Unknown Worths
Doc Tricia Robredo x Y/N ff.Robredo Series #1A story of Tricia Robredo and Y/N, the journey of unending problems. In order to grow, they have to set each other free. How will they handle a world that always finds it's way to make them run into each other?
8 132 - In Serial39 Chapters
Fix Your Attitude (Kylo Ren x Reader)
!!PLEASE READ WARNINGS BEFORE READING!!You're an engineer, stationed at Starkiller. You're desperate for recognition in your career, but issues with your assignment (spoiler alert: it's the Command Shuttle) end up making you the clean-up crew, instead. Your annoyance with Kylo Ren lands you into some hot water. How many messes is he going to make you responsible for?(Previously posted on Tumblr and AO3, uploaded to Wattpad per request! Cover by @im_an_emo_bitch_13.)Warnings: This is a very smut-heavy fanfic. Please don't read if you're uncomfortable with that.Seriously. There is smut almost every other chapter. I wrote it with the express intention to feature a ton of smut. It is deliberately like this. Do not go in expecting anything different.Tags on AO3 include:Force ChokeDubious ConsentDom!Kylo Rensub!ReaderVerbal HumiliationFace-FuckingSmutDirty TalkMasturbationInappropriate Use of the ForceKeep the Mask OnFingerfuckingUnsanitary Sex LocationWatch me make up a bunch of stuff about engineeringNaked Female Clothed MaleInappropriate use of a LightsaberCum EatingVoyeurismJoin me in my descent to the depths of HellBloodplayChokingViolent SexMy soul's value decreases with every chapterOrgasm Delay/DenialReader-chan makes poor decisionsCome for the fucking--stay for the feelsNow Post-TFA!sub!Kylo RenPraise KinkCrylo Renashgate 2k16Overhyped and CringeworthyThe My Immortal of Generation ZSpecific warnings:Ch 14: dub-con, violence, choking, bloodplay(ish), forced orgasm, lack of aftercare.Ch 26: so much bloodplay, wound stuff, slapping, spitting, humiliation, delayed & ruined orgasm.Ch 31: death, sexual assaultCh 36: violence, choking, ash pit sex
8 187