《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 18 ]
Advertisement
( အတိတ်ဘဝ )
ဝမ်ရိပေါ်က အပင်ငယ်လေးတွေထက် အကောင်တွေကိုဖမ်းရတာ တော်တော်နှစ်သက်လေသည်။သက်တော်ဆယ့်ရှစ်နှစ်ပြည့်မှသာအမဲလိုက်ခွင့်ပြုမည်ဆိုသောခမည်းတော်၏စကားကြောင့်ရိပေါ်ဟာဒီနေ့ရောက်ဖို့အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရသည်။
"ကျိရန်"
ဝမ်ရိပေါ်ကို ငယ်ငယ်လေးကတည်းက အကိုတစ်ယောက်လိုရော ကိုယ်ရံတော်တစ်ယောက်လိုရော အထိန်းတော်တစ်ယောက်လိုရောဂရုစိုက်ပေးတတ်သည့်ကျိရန်ကသူ့အနားတွင်အမြဲတမ်းရှိနေပေးခဲ့သည်..။
"ဟုတ်ကဲ့ပါ အရှင့်သား"
"တစ်ယောက်တစ်နေရာဆီ ခွဲသွားကြအောင်"
"မလုပ်ပါနဲ့ အရှင့်သားရယ်...
ဒီလို တောနက်ကြီးထဲမှာ အန္တရာယ်ဖြစ်စေနိုင်သည့် အကောင်များ ပေါများပါတယ်။မတော်လို့ အရှင့်သား တစ်ခုခုဖြစ်သွားလို့မရပါဘူး"
"ဒီတစ်နေ့လေးတော့ ခွင့်ပြုပါ အကိုကျိရန်ရယ်...
ကျွန်တော်ဘယ်မှ မသွားပါဘူး ဒီအနားတစ်ဝိုက်လေးတင်။
ယုန်လေးတစ်ကောင်ရတာနဲ့ ပြန်လာမယ်လေ။
ကျိရန်လည်း တစ်ကောင်ကောင်ရှာခဲ့လေနော်။ဒီနေရာက နန်းတော်မှမဟုတ်တာ လွတ်လွတ်လပ်လပ်နေကြရအောင်လေနော်"
လူကြီးမကျ ကလေးမကျ တောင်းဆိုနေသည့် မင်းသားနှစ်
ဝမ်ရိပေါ်ကို ကျိရန် သက်ပြင်း အနည်းငယ်ချကာ ဖြည်းဖြည်းချင်းစီ ခေါင်းငြိမ့်ပြလိုက်သည်။
"အဲ့ဒါတွေကြောင့် ကျိရန်ကို ငါ့ဘေးမှာ အမြဲထားချင်တာ။
ငါ့ကို မယ်မယ်နဲ့ကျိရန်ကပဲ အလိုလိုက်တယ်"
"အရှင့်သားကို အရှင်ကလည်း အလိုလိုက်ပါတယ်"
"ခမည်းတော်က သားတွေအများကြီးကို ငါ့ကို နည်းနည်းလေးပဲ ချစ်ပေးတာပါ"
ခေါင်းလေးငုံ့ကာ ဝမ်းနည်းဟန်ပြုသွားတဲ့ အရှင့်သားက
ကျိရန် မျက်စိထဲမှာတော့ တကယ့်ကလေးလေး။
အရှင့်သားထက် သူက တစ်နှစ်ပဲကြီးပေမဲ့ အရှင့်သားနဲ့ဆို သူက လူကြီးလေးတစ်ယောက်။အရှင့်သားကို ကာကွယ်နှစ်သိမ့်ပေးမယ့် အကိုကြီးတစ်ယောက်။
"အဝေးကြီး မသွားနဲ့နော် အရှင့်သား။
ကျွန်တော်မျိုး ဒီကနေပဲ စောင့်နေမှာမို့ တစ်ခုခုဖြစ်ရင် အချက်ပြလိုက်နော်။ကျွန်တော်မျိုး ချက်ချင်းပြေးလာခဲ့ပါ့မယ်"
"ကောင်းပြီ ကျိရန်"
ဝမ်ရိပေါ်က လက်စွဲတော်ဓားနဲ့အတူ လေးနဲ့မြှားကိုကိုင်ကာ
ကျိရန်နှင့် အဝေးဆုံးနေရာသို့ တဖြည်းဖြည်းသို့ လျှောက်လာခဲ့သည်။
ဖျက်!!
အသံတစ်ခုကြားလိုက်သည်နှင့် ထိုအသံကြားရသည့်နေရာကို ကြည့်မိတော့ သစ်ရွက်ကလေး လှုပ်သွားသည်သာ တွေ့ ရသည်။
လှုပ်သွားတဲ့ သစ်ရွက်တွေအကြား ရွေ့ လျားသွားသည့်အရာတစ်ခုခုသည် အကောင်တစ်ကောင်ကောင်ဖြစ်မည်ဟု ဝမ်ရိပေါ် ကောက်ချက်ချလိုက်သည်။
ထိုအရာက လျှင်မြန်စွာပင် ပြေးသွားတာကြောင့် အနောက်ကနေ သူသည်လည်း ခပ်သုတ်သုတ်ပင် ပြေးလိုက်ခဲ့သည်။
"အဲ့မှာ ရပ်စမ်း"
သူ ထင်ခဲ့တာ အဖြူရောင်လေးမို့ ယုန်လို့ပင်။ဒါပေမဲ့ လူတစ်ယောက်ဖြစ်နေမှန်း သိတော့ သူ တကယ် အံ့သြမိသည်။
ထိုသူသည် အကြည်ရောင်မျက်လုံးတွေနဲ့ ယုန်ကလေးတွေလို သွယ်လျနေသော မျက်ဝန်းလေးတွေ ရှိသည်။
"မင်းက ဘယ်သူလဲ"
ဝမ်ရိပေါ်က လက်ထဲက မြှားကို ချပြီး ထိုသူလေးအနားသွားကာ ထိုင်ကာ နူးနူးညံ့ညံ့လေးသံလေးဖြင့် မေးလိုက်သည်။
"ငါက ဒီက"
"ဒီတောထဲမှာ နေတာလား..
တစ်ယောက်တည်းလား"
"အင်း"
"တစ်ယောက်တည်းဆိုတော့ မိသားစုကရော..."
ဝမ်ရိပေါ်အမေးကြောင့် အရှေ့ကသူလေး၏ ကြည်လင်နေသော မျက်ဝန်းတွေမှာ အရည်ကြည်အချို့ နှင့် အနီရောင်သွေးမျှင်ကြောလေးတွေ ပေါ်လာပြီး တစ်ခုခုကို ကြိတ်ခံထားပုံ ပေါ်သည်။
"သေပြီ"
"အာ...မေးမိသည့်အတွက် တောင်းပန်ပါတယ်။
တစ်ယောက်တည်းနေတယ်ဆိုရင် ငါနဲ့လိုက်မလား...
ငါက နန်းတော်ထဲမှာ နေတာ!"
သူ ထိုသို့ မေးလိုက်တော့ ယုန်နှင့်တူသော လူလေးက ဝမ်ရိပေါ်ကို မျှော်လင့်ချက်တွေ ပြည့်နှက်နေသော မျက်နှာလေးဖြင့် မော့ကြည့်လို့လာသည်။
"ငါ လိုက်လို့ရလား"
"မင်းလိုက်ချင်ရင် လိုက်လို့ရတာပေါ့"
"လိုက်မယ်!"
"ကောင်းပြီ"
ရှောင်းကျန့်က သူ့ လက်သို့ လာဆွဲသည့် သန်မာသည့် လက်တစ်စုံအား ငုံ့ကြည့်ကာ အကြံအောင်မြင်သည့်် အပြုံးလေး တစ်ခု ထိုသူ မမြင်အောင် ပြုံးလိုက်သည်။
သူ ဒီလိုနေ့ကို စောင့်နေတာကြာပြီ။
နန်းတွင်းထဲက မင်းသားနှစ်က ဒီနေရာကို တောကစားထွက်လာမည်ဟုလည်း သူ ကြိုသိထားပြီးသား။
တမင်သက်သက် ဖန်တီးထားတဲ့ ဇာတ်လမ်းလေးထဲ သူက
အလိုက်သင့်ဝင်သွားရုံလေး။မျက်ဝန်းမှိတ်လိုက်တိုင်း ပေါ်လာသည်က အိမ်တော်ထိရောက်လာပြီး ဘုရင့်အမိန့်ကြောင့် ခေါင်းဖြတ်ခံရသည့် အဖေဖြစ်သူ။
လူတကာ စော်ကားခံရပြီး မသေခင်အထိ နာကျင်မှု့ဒဏ်ကို
အလူးအလဲခံရသည့် ချစ်ရသော အမေဖြစ်သူ။နာကျင်မှု့ ကို
ပြင်းထန်စွာ ခံစားနေရသည့်ကြားမှ ပုန်းနေသည့်သူ့ ကို ထွက်မလာရန် မျက်လုံးဖြင့် အကြိမ်ကြိမ်တားနေသည့် အမေ။
သူ မြင်ယောင်လိုက်တိုင်း နာကျင်လွန်းလို့ သူ့ အသားသူ
ကုတ်ဖဲ့မိသည်။သားတစ်ယောက်ဖြစ်ပြီး ထိုသို့အပြစ်ပေးခံခဲ့ရသည့် မကယ်တင်နိုင်ခဲ့တာကြောင့် သူ့ နှလုံးသားတွေ တစ်စစီ ကြေမွရသည်။
အခုတော့ဖြင့် ထိုသို့လုပ်ခဲ့သည့်လူတွေ တစ်နည်း သူတို့မိသားစု ထိုသို့ဖြစ်အောင် ခိုင်းစေတဲ့သူကို လက်စားချေဖို့
သူ ယုန်ငယ်လေးတစ်ကောင်လို ဟန်ဆောင်စွာ ဖြူစင်သည့်
မင်းသားနှစ်ဆိုသည့်သူနောက် လိုက်လာခဲ့ပေသည်။
ငါ့မိသားစု ခံစားရသလို မင်းတို့တွေအကုန်လုံး ပြန်ခံစားစေရမယ်။
***********
"အခုဏက ယုန်လေးတွေနဲ့ ဆော့နေတာလား"
လမ်းသွားနေရင်း ဝမ်ရိပေါ်က ဆွဲထားသောလက်ကို မဖြုတ်ချဘဲ ခေါင်းကို နောက်ကိုလှည့်လို့ မေးသည်။
"ဟုတ်တယ်လေ။
လူသံကြားလို့ သူတို့လည်းပြေး ငါလည်းပြေးတာ...
မင်းက လိုက်လာတော့ သူတို့ကို မမိဘဲ ငါ့ကို မိသွားတာ"
"အေးလေ ငါအစက တွေ့ တာ ယုန်ပါပဲ။
မိတော့မှ လူဖြစ်နေလို့ အံ့သြသွားရသေးတယ်။ဒါပေမဲ့လည်း
မင်းက ယုန်လေးနဲ့ တကယ်တူတယ်"
Advertisement
"ဟုတ်လား"
"အမှန်ပေါ့"
ကျိရန်က အနားသို့ ပြန်ရောက်လာသော တစ်ချိန်လုံးနီးပါးပြုံးနေသည့် အရှင့်သားကို တစ်ချက်ကြည့်ပြီး တစ်ပါတည်း ဘေးက အညိုရောင်မျက်ဝန်းလေးနှင့် ကောင်လေးကို တစ်ချက် ကြည့်လိုက်သည်။
ထိုကောင်လေးက သူ့ ကို ဖော်ရွေစွာ ပြုံးပြလာသည်။အရမ်းကို ချိုသည့်အပြုံးများဟု ထင်ရပေမဲ့ သေချာကြည့်ရင်ဖြင့် တစ်ခုခုကို ဖုံးကွယ်ထားသည့်အပြုံးများ ဖြစ်တာကို ကျိရန် အနည်းငယ် ရိပ်မိပါသည်။
အဘယ်ရည်ရွယ်ချက်ဖြင့် အရှင့်သား ဝမ်ရိပေါ်အနား ရုတ်တရက်ကြီး ရောက်လာတာ မသိပေမယ့် ဒီကောင်လေးအကြောင်း တိတိကျကျစုံစမ်းရန် ကျိရန် မှတ်ထားလိုက်သည်။
"သူ့ ကို နန်းတော်ခေါ်သွားမယ် ကျိရန်"
ကျိရန်က ခေါင်းလည်းမငြိမ့် ခေါင်းလည်းမခါဘဲ အရှင့်သား
လက်ဆွဲထားသည့် ကောင်လေးကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
"နာမည် ဘယ်လိုခေါ်လဲ ကောင်လေး"
"ရှောင်းကျန့်ပါ"
"ငါ့နာမည်က ဝမ်ရိပေါ်"
သူငယ်ချင်းအသစ်လေးကို သဘောကျနေပုံရသည့် အရှင့်သားကြောင့် ကျိရန် ခေါ်လာဖို့ သဘောတူပေးလိုက်သည်။ နန်းတော်သို့ရောက်လျှင် မင်းကြီးက မေးမြန်းလာခဲ့လျှင် ကူပြောပေးရန်အတွက်လည်း ကတိပေးလိုက်သည်။
အဓိကကတော့ စောင့်ရှောက်ပေးရသည့် မင်းသားလေး ပျော်ရွှင်စေရန်အတွက်သာ ရည်ရွယ်ပါသည်။
**********
ရှောင်းကျန့်က နန်းတော်အတွင်းသို့ ရောက်လာကာ သူ့ ကိုခေါ်လာခဲ့သည့် မင်းသားကလည်း သူ့ အပေါ်အရမ်းကောင်းသည်။သူ လုပ်မည့်အရာများသည် တစ်ခါတစ်လေ ထိုမင်းသားကြောင့် တွေဝေမိလာသည်။
ဒါပေမဲ့လည်း ဘဝနှင့်ရင်းပြီး မိဘတွေအတွက် ပြန်လည် တွေးတောမိသည့်အခါ ချက်ချင်းပင် ပုလ္လင်ထက်မှာ ထိုင်နေသည့် မင်းကြီးဖြစ်သူကို လည်ပင်းကို အစိပ်စိပ်မွှန်းကာ သတ်ပစ်ချင်သည်။
"ဟေး"
ဥယျာဉ်ထဲမှာ ပန်းပင်တွေ စိုက်ပျိုးနေရင်း ခေါ်သံကြောင့် အတွေးတွေကို ရပ်ထားလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
မင်းသားတစ် ဝမ်ဟန်ဆိုသည့်သူ။
နန်းတော်ရောက်လာပြီးမှ သိရသောသူ။
ထိုသူက ဟိုမင်းသားထက် လည်သည်။သူ့ မှာ ဟန်ဆောင်မျက်နှာဖုံးမကွာမကျဖို့ ထိုသူ့ ကိုလည်း မနမ်းချင်လည်း အောင့်နမ်းဆိုသလို မျက်နှာလေးဖြီးကာ ဆက်ဆံရသည်။အမှန်အတိုင်းပြောရရင် သူ့ ကို ခေါ်လာသည့် မင်းသားနှစ်လောက် ထိုသူ့ ကို မခင်မင်ပါ။
"အပင်တွေစိုက်နေလား ကျန့်!"
"ဟုတ်တယ်"
"ဒီနေ့သတင်းတစ်ခုကြားလာတယ် သိလား"
"ဘာသတင်းများလဲ"
"ခမည်းတော်လေ ဟိုကောင် ဝမ်ရိပေါ်ကို အိမ်ရှေ့စံချီးမြှောက်မလို့တဲ့ ငါ့လို သားအကြီးကို ကျော်ပြီး အဲ့ကောင်ကိုပေးတာ ငါလုံးဝမကျေနပ်ဘူး!"
"ဒါဆို ဝမ်ဟန်က ဝမ်ရိပေါ်ကို မနာလိုဖြစ်နေတာပေါ့"
"မင်းတွေးကြည့်လေ ကျန့်ရယ်။
ခမည်းတော်လုပ်လိုက်တဲ့အရာက တရားသလား"
ရှောင်းကျန့်က ခပ်မဲ့မဲ့ပြုံးပြီး ဝမ်ဟန်အနားကို တိုးကပ်လိုက်သည်။
"ငါတို့ ပူပေါင်းမလား ဝမ်ဟန်"
ဝမ်ဟန်က ရှောင်းကျန့်ကို မထင်မှတ်ထားသလို ကြည့်လာသည်။
"ကျန့်က ဝမ်ရိပေါ်ကို မုန်းနေလို့လား"
"မဟုတ်ပါဘူး ဒါပေမဲ့ မင်းက အိမ်ရှေ့စံဖြစ်ချင်တာမလား"
"အင်း"
"အိမ်ရှေ့စံထက် ပိုမြင့်တဲ့အရာရော မဖြစ်ချင်ဘူးလား"
"ဒါဆို......"
ထိုနေ့ကစပြီး ဘုရင်ကို သတ်ချင်နေတဲ့ ရှောင်းကျန့်နဲ့ ဘုရင်ဖြစ်ချင်နေတဲ့ မင်းသားတစ် ဝမ်ဟန်တို့ ပူပေါင်းသွားကြသည်။ အမှန်ဆို ရှောင်းကျန့်က မင်းသားနှစ်ဝမ်ရိပေါ်နဲ့ ပူပေါင်းချင်တာ။
သူ့ ကိုပဲ ဂရုစိုက်ပြီး ဆော့ဖို့ပဲ သိနေတဲ့ ငတုံးငအပုံစံမျိုးနဲ့ဆိုတော့ သူနဲ့မဖြစ်။လိုအပ်ရင် အသုံးချခံလုပ်ဖို့ကိုတာ့ ရှောင်းကျန့် တွေးထားလိုက်တယ်။
***********
မင်းသားနှစ်က သူ့ ကို ကြင်ယာတော်အဖြစ် တင်မြှောက်မယ်တဲ့။ထိုစကားက သူ့ ရင်ထဲကို အနည်းငယ် လှုပ်ခတ်သွားစေတယ်။ဒါက သူ့ ဘဝမှာ မထင်မှတ်ထားတဲ့ အရာတစ်ခုလည်း ဖြစ်တယ်။အရမ်းဂရုစိုက် အရေးပေးလွန်းတဲ့
အရှင့်သားရိပေါ်က သူ့ ကို ဒီလိုစိတ်ရှိမယ်လို့ မထင်ခဲ့မိဘူး။ နောက်ထပ် သူ့ လျိုဝှက်ချက်တစ်ခုက သူဟာ "ကော" တစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ဆောင်နိုင်တဲ့ ယောက်ျားလေးတစ်ယောက်လည်း ဖြစ်နေခဲ့တယ်။
"ရှောင်းရှောင်း"
အနားသို့ အပြေးအလွှားရောက်လာသည့် အရှင့်သားရိပေါ်ကို စိတ်ဆိုးနေဟန်ဖြင့် အကြည့်လွှဲလိုက်သည်။
"စိတ်ဆိုးနေတာလားဟင်"
"......"
"တောင်းပန်ပါတယ်။ဒါပေမဲ့ ကိုယ် တကယ် မင်းကို ချစ်တာပါ"
ထိုစကားကြောင့် ရှောင်းကျန့်ရင်ထဲ ထပ်မံလှုပ်ခါသွားပြန်လေသည်။သို့ပေသိ သူ တမင်မသိဟန်ဆောင်ထားလိုက်သည်။
"မင်းက ငါ့လို ယောက်ျားလေးတစ်ယောက်ကို ချစ်တာ သေချာလို့လား"
"နောက်တစ်ယောက်မရှိလောက်အောင်ပဲ"
ရှောင်းကျန့်က ဝမ်ရိပေါ် မျက်ဝန်းကြားထဲ သေချာသလားဆိုသည့် နောက်ထပ်အမေးစကားနှင့်အတူ ခေါင်းလှည့်ကာ ပြန်လည် စိုက်ကြည့်နေသည်။
"ကိုယ် ကတိပေးတယ်။
အခုချိန်မှစပြီး ကိုယ့်အသက် ကုန်ဆုံးသွားတဲ့အထိ မင်းတစ်ယောက်ကိုပဲ နှစ်သက်စွဲလန်းပါ့မယ်လို့..."
ရှောင်းကျန့်က ခပ်ဖွဖွလေးရယ်ပြီး ငတုံးလေး အရှင့်သားကို စဖက်လိုက်သည်။
"အင်း ယုံကြည်နေမယ် ရိပေါ်"
မင်းသားနှစ်ရဲ့ ပထမဆုံးကြင်ယာတော်က ယောကျာ်းလေးတစ်ယောက်။ငေးကြည့်လောက်အောင်ပင် လှပပြီး သိမ်သိမ်မွေ့ မွေ့ လေး။
ချစ်ရသောသူကိုပိုင်ဆိုင်ခွင့်ရတော့မည့်အတွက်အိမ်ရှေ့စံဝမ်ရိပေါ်ဟာအရမ်းပျော်နေခဲ့တယ်..။နာကျည်းမုန်းတီးရသောသူကိုသစ်ဖို့အခွင့်အလမ်းရလာတဲ့အတွင်ကြင်ယာတော်လောင်းရှောင်းကျန့်ဟာလည်းထပ်တူကျေနပ်နေခဲ့တယ်..။
**************************************
( အတိတ္ဘဝ )
"ကျိရန်"
Advertisement
"ဟုတ်ကဲ့ပါ အရှင့်သား"
"ကောင်းပြီ ကျိရန်"
ဖျက်!!
"အဲ့မှာ ရပ်စမ်း"
"မင်းက ဘယ်သူလဲ"
"ငါက ဒီက"
"ဒီတောထဲမှာ နေတာလား..
တစ်ယောက်တည်းလား"
"အင်း"
"သေပြီ"
"ငါ လိုက်လို့ရလား"
"လိုက်မယ်!"
"ကောင်းပြီ"
ရှောင်းကျန့်က သူ့ လက်သို့ လာဆွဲသည့် သန်မာသည့် လက်တစ်စုံအား ငုံ့ကြည့်ကာ အကြံအောင်မြင်သည့် အပြုံးလေး တစ်ခု ထိုသူ မမြင်အောင် ပြုံးလိုက်သည်။
***********
"ဟုတ်တယ်လေ။
"ဟုတ်လား"
"အမှန်ပေါ့"
"ရှောင်းကျန့်ပါ"
"ငါ့နာမည်က ဝမ်ရိပေါ်"
**********
"ဟေး"
"ဟုတ်တယ်"
"ဘာသတင်းများလဲ"
"အင်း"
"ဒါဆို......"
***********
"ရှောင်းရှောင်း"
"စိတ်ဆိုးနေတာလားဟင်"
"......"
"ကိုယ် ကတိပေးတယ်။
**************************************
Advertisement
- In Serial7 Chapters
Sea Glass Eyes
What never was. What they'd always wanted.A detective and a drug lord twisted in a story that echoes the complexity of life.Jax is on a mission to take him and his operation down. Lance on a mission to win back her heart, no matter what it takes. They can't both succeed...can they?
8 142 - In Serial9 Chapters
The Outlaw
Gaara was an outlaw that was sent to prison. Now on a stroke of luck, he's been invited to serve the remaining sentence on Naruto's ranch. Nobody wants to get close to him. The one person who does can send him back to prison in a blink of an eye. GaaXNaru
8 220 - In Serial22 Chapters
CONNECTED.
230917 ㅡ 240917"internet was all that i had to talk to you."© 2017 D0NGHYCK
8 177 - In Serial132 Chapters
Completed - I'll Seduce the Male Lead for My Brother
Description:She possessed into an obsessive tragedy novel that had neither any hopes nor dreams.More precisely, after having an unrequited love with the female lead who had a contract marriage with the male lead, and ended in his death. She possessed Raphine, the youngest little sister of the second male lead!To think it was such a miserable ending for my favorite character and kind eldest brother. No way, never!In order to prevent the female lead's contract marriage, Raphine decided to brainwash the Imperial Crown Prince Zerkan, the male protagonist of the novel. So that when he needs a contract marriage, he'll remember her!"Older Brother Zerkan! Will you marry me?""If you're thankful, you have to marry me next time.""You need a political marriage, you know. At that time, have a contract marriage with me..."And when the brainwashing finally succeeded, Raphine cheered inside."Yeah. For sure, I'll marry you."With a look in his eyes which she couldn't even imagine at all.* * *Yeah, she really didn't know at that time things would become like this."You said you wanted to marry me, and it wasn't long ago when you pestered me at all times...."".......""Now that I've come, are you running away?"
8 279 - In Serial35 Chapters
The Flash Oneshots
A collection of unedited oneshots centered around Barry Allen. Brewing Flair Awards - 1st Place FanfictionAll works are mine. Do not copy and paste. If you find my work somewhere else please message me. ⚠️ I do not own the Flash or any of the CW characters.
8 180 - In Serial174 Chapters
I Became the Wife of The Monstrous Crown Prince
She transmigrated into the body of Ancia, the current wife of the monstrous crown prince, Blake, in an R-19 romance novel. In the original story, Ancia committed suicide on the day of their marriage, leaving Blake with massive trauma. But this time, Ancia wouldnt do such a thing. Blake was the second male lead in the original novel. He was portrayed as a beast that possessed an exquisite facade. Yet, right now, he was behaving just like an innocent rabbit. The only person who can remove the crown princes curse is the heroine, Diana. My role is to just keep this little boy from getting hurt and then step down in time, but.. Ancia, dont leave me!This little rabbit keeps chasing me.DISCLAIMER: This is Not my own story, credits to the respective Korean novel writer/owner (꿈결나무). This is for OFFLINE reading purposes only.
8 269