《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 10 ]
Advertisement
Unicode
အချိန်အတော်ကြာမှ အရှင့်သားဝမ်ရိပေါ် အသိစိတ်ကပ်လို့လာလေသည်။ သူ ရှောင်းကျန့်ကို နမ်းနေခဲ့တာ..။နှုတ်ခမ်းတွေကို ကွာစေပြီး သက်ပြင်းကြီးကြီးတစ်ခု ချမိလိုက်သည်။သူ့ စိတ်သူ မနိုင်တော့ဘူး။
အရှေ့က ရှောင်းကျန့်ကလည်း မျက်နှာကို လုံးဝမလွှဲသွားဘဲ သူ့ ကိုသာ စိုက်ကြည့်နေသည်။မျက်ဝန်းထဲက မျက်ရည်ကြည်လေးတွေက ဝမ်းနည်းပြီး ဖြစ်တည်လာတာတော့ မဖြစ်နိုင်။
"အရှင့်သား…ကျွန်တော့်ရဲ့ အရှင့်သား"
ခပ်တိုးတိုးဆိုလို့ ရဲရဲတင်းတင်းပင် ရှောင်းကျန့်က အရှင့်သားဝမ်ရိပေါ်ရဲ့အောက်နှုတ်ခမ်းကို လက်ညိုးဖြင့် ထိတွေ့ လာသည်။ရှောင်းကျန့်က အသိစိတ်လွတ်နေသလို ထိုနေရာကိုပဲ စိုက်ကြည့်ပြီး ပြုံးနေသည်။ ထို့အတူ ဝမ်ရိပေါ်ကလည်း လုံးဝရုန်းဖို့ မေ့လျော့နေလေသည်။
"ရှောင်းကျန့်…သွားတော့!"
ထိုအခါမှ ရှောင်းကျန့်က ဆက်ကနဲဖြစ်သွားပြီး အရှင့်သားဝမ်ရိပေါ်ကို တွန်းကာ ပြေးထွက်သွားသည်။အနွေးဓာတ်ရှိနေသည့်နှုတ်ခမ်းကိုကိုင်ကာ ဝမ်ရိပေါ်က သူ့ ကိုယ်သူ မသိလိုက်ခင်မှာပဲ ပြုံးနေမိသည်။
တကယ့်ကို ကိုယ့်ကိုကိုယ် တားနေရင်းပဲ သူ ထပ်မံပြီး စတင်ကာ ကျူးလွန်မိနေလေပြီ…။
-------------------
ရှောင်းကျန့် ကျိရန်ကောပြောပြသော အခန်းတစ်ခုထဲ ဝင်အပြီး ဘေးပတ်ဝန်းကျင်ကို ပဝါအောက်ကနေ အနည်းငယ် စပ်စုကြည့်လိုက်သည်။
လူတစ်ယောက်က သူ့ ကိုကျောပေးထိုင်နေပြီး သေရည်သောက်နေပုံရသည်။ထိုလူရှိရာသို့ သွားကာ ခေါင်းငုံ့ပြီး အရှေ့၌ ထိုင်လိုက်သည်။
"ရောက်လာပြီလား…"
အသံမထွက်ဘဲ ခေါင်းငြိမ့်ပြတော့ ထိုလူရဲ့ ရယ်သံသဲ့သဲ့ကို ကြားရသည်။သူ အခုထိ ထိုလူ့ ကို မော့မကြည့်ရသေး။
"မင်းလေးက ဒီည ငါ့ကို ပြုစုပေးမယ့်သူလေးပေါ့"
ရှောင်းကျန့် ခန္ဓာကိုယ် ဆက်ကနဲတုန့်သွားပြီး ထပ်မံ၍ လေးလေးပင်ပင်ပဲ ခေါင်းငြိမ့်ပြရင်း ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်သည်။
ထိုလူ့ လက်ကလည်း ရှောင်းကျန့်ပဝါစကို လာကိုင်သည်။
ဆွဲချွတ်လိုက်တဲ့ ပဝါလေးကို စိုက်ကြည့်ရင်းပဲ ရှောင်းကျန့်နှုတ်ခမ်းကို ကိုက်ထားမိသည်။
"အိုး…တကယ့်အလှလေးပဲ။
ငါ ဒီညတော့ လာရကျိုးနပ်ပြီဟေ့…"
ရှောင်းကျန့်က ထိုလူ့ မျက်နှာမြင်သည်နှင့် ဝတ်ရုံအောက်က လက်ကို ခပ်တင်းတင်းဆုပ်လိုက်သည်။မျက်နှာဖုံးဝတ်ထားပြီး ကျိရန်ကောပြောသလို အနက်ရောင်နဲ့လူ။ကျိန်းသေ ဒီလူက သူပုန်ခေါင်းဆောင်ပဲ။
"မင်း ဒီည အရမ်းကောင်းအောင် ငါ့ကို ပြုစုပေးမယ်ဆို သုံးဆပိုပေးမယ်…"
ရှောင်းကျန့်ဘာမှပြန်မပြောခင်မှာပဲ ထိုလူက အနားကို တိုးလာကာ ရှောင်းကျန့်ရဲ့ မေးဖျားကို ဆွဲမော့စေသည်။
"ဘာတွေတွေးနေတာလဲ…ကိုယ် ပြောတာတွေလည်း တစ်ခုမှ ပြန်မပြောသလို ထောက်လည်း မထောက်ခံဘူး။
ဘာများဖြစ်နေလို့လဲ အလှလေး"
ရှောင်းကျန့် အကြံအနည်းငယ်ရသွားကာ ဗိုက်ကို လက်နဲ့အသာဖိလိုက်သည်။
"ကျန့်…ကျန့် ဗိုက်အောင့်လို့ပါ…သခင်လေး"
အသံကို တတ်နိုင်သမျှ တိုးပြီး ဖျစ်ညှစ်ကာ ရှောင်းကျန့်ပြောလိုက်သည်။ဘာပဲဖြစ်ဖြစ် အခု သူ အပြင်ကို ထွက်ဖို့ အကြောင်းပြရမယ်လေ။
"နာမည်လေးက ကျန့် တဲ့လား…ရုပ်လေးက တကယ့်ကို စွဲမက်စရာလေး…အရမ်းကို ဖြူစင်နေတဲ့ရုပ်လေးနဲ့ ကျန့်။"
"အာ့…ဗိုက်…ဗိုက်!"
ထိုလူက ရှောင်းကျန့်အနားပိုတိုးလာပြီး ခပ်တိုးတိုးလေသံဖြင့် ပြောသည်။
"ဟန်ဆောင်တာတွေရပ်လိုက်!
မင်းကို ငါ မသိဘူးလို့ ထင်နေတာလား!"
ဖျင်းကနဲဖြစ်သွားတဲ့ ဇက်နဲ့အတူ ရှောင်းကျန့် အမြင်တွေ အမှောင်ကျသွားတော့သည်။
-------------------
"ကျိရန်!"
"အမိန့်ရှိပါ အရှင့်သား…"
"ရှောင်းကျန့် ဝင်သွားတာကြာနေပြီ…အထဲမှာ တစ်ခုခုများ ဖြစ်နေလို့လား"
"ကျွန်တော် အခြေအနေသွားကြည့်လိုက်ပါ့မယ် အရှင့်သား"
ကျိရန် ထိုအခန်းနားသွားကာ နားကပ်ကြည့်တော့ ဘာသံမှ မကြားရ။တစ်ခုခုထူးဆန်းနေပြီမို့ စက္ကူဖြူနဲ့ကာထားသည့် နံရံကို ဓားနဲ့ဖောက်ကာ အထဲကို ဝေ့ဝဲကြည့်လိုက်သည်။
တစ်ခုတည်းသော ပြတင်းပေါက်က ပွင့်လျက်ရှိနေပြီး အခန်းထဲတွင်တော့ မည်သူမျှမရှိတော့။ဒီသူပုန်ခေါင်းဆောင်က ထင်ထားတာထက်ကို ပိုတော်လွန်းသည်။
ကျိရန် အရှင့်သားတို့ဆီ အမြန်ပြန်ပြီး လျှောက်တင်သည်။
"အထဲမှာ ရှောင်းကျန့်ရော အခြားတစ်ယောက်ရော မရှိတော့ပါဘူး အရှင့်သား…"
"ဘာ!!
ဒါဆို…လိုက်ကြမယ်လေ…သူတို့ အဝေးကြီးရောက်မှာ မဟုတ်ဘူး…"
"အမိန့်အတိုင်းပါ အရှင့်သား…"
----------------
တကယ့်ကို ဥာဏ်များလွန်းတဲ့ သူပုန်က ရှောင်းကျန့်ကို ခေါ်သွားတာ ဖြစ်နိုင်သည်။ဝမ်ရိပေါ် ဒေါသထွက်လွန်းလို့ အံကိုလည်း ကြိတ်ထားမိသည်။လေးဘက်လေးလံ လိုက်ရှာနေသော်လည်း တစ်စွန်းတစ်စမျှ မတွေ့ ရှိ။
နောက်ဆုံးခွဲရှာတဲ့သူတွေ အလယ်မှာ ပြန်ဆုံတဲ့အထိ ရှောင်းကျန့်တို့ကို ရှာမတွေ့ သေးပေ။
"ကျိရန်"
"ဟုတ်ကဲ့ အရှင့်သား"
"ဒီမြို့ထဲမှာ သူတို့က အခြေချနေတော့ ကျိန်းသေပေါက် တစ်နေရာရာမှာ ရှိမှာပဲ။အခု ရှောင်းကျန့်ကိုလည်း ငါတို့လူမှန်းသိလို့ ခေါ်သွားတာဖြစ်မယ်!"
"ဟုတ်ကဲ့ အရှင့်သား"
"စုံစမ်းသိရသလောက် သူတို့ပုန်းခိုတဲ့နေရာ မသိနိုင်ဘူးလား"
"သူတို့က တစ်နေရာတည်းမှာ အတည်တကျ မနေနိုင်တာမို့ ခန့်မှန်းလို့ မရနိုင်ပါဘူး အရှင့်သား"
"တောက်စ်!!"
မျက်နှာတွေနီရဲပြီး လက်သီးဆုပ်ကာ တောက်ခေါက်နေသည့် အရှင့်သားက သူပုန်ကို ဖမ်းမိဖို့ထက် ရှောင်းကျန့်ကို ပိုစိတ်ပူနေပုံ ပေါ်လွင်သည်။
"အခု ဒီလူအတိုင်းပဲ ဒီညမှာ လိုက်ရှာကြမယ်…
မနက်ဖြန်မှစဆိုရင် သူတို့တစ်နေရာ ထွက်သွားကုန်ကြလိမ့်မယ်"
"အမိန့်အတိုင်းပါ အရှင့်သား"
ဝမ်ရိပေါ် တစ်ယောက်တည်း ခွဲသွားပြီး အလျှင်အမြန်ပင် ရှာဖွေနေသည်။နောက်လိုက်များကလည်း အရှင့်သားက မြန်လွန်းနေတာကြောင့် လိုက်မမှီတော့ဘဲ တတ်နိုင်သမျှပဲ ရှောင်းကျန့်ကို ရှာဖွေတော့သည်။
Advertisement
-------------------------
ဇက်ရဲ့နာဖျင်းမှုနဲ့အတူ ရှောင်းကျန့်တဖြည်းဖြည်း သတိရလာသည်။မျက်လုံးကို ဖွင့်ကာ ဘေးဘီကို ဝဲကြည့်မိတော့ ဂူတစ်ခုထဲ ရောက်နေမှန်း သိသည်။
လက်တွေကို နောက်ပြန်ကြိုးတုပ်ထားပြီး ဒူးထောက်လျက်အနေအထားမှာ ဖြစ်သည်။အခု သူရှိနေသောနေရာက အချုပ်ခန်းလိုပုံစံမျိုးလည်း ဖြစ်ဟန်ရှိသည်။ဂူတွင်းထဲက အချုပ်ခန်းမျိုး။
"ကောင်လေး သတိရလာပြီလား"
အလှဂေဟာမှာ တွေ့ ခဲ့တဲ့သူပင်။အဲ့လူဘေးနားက လူတွေက တံခါးဖွင့်ကို ဖွင့်ပြီး သူ့ ကို အပြင်သို့ ခေါ်ထုတ်သည်။လက်က ကြိုးတွေကို ထူးဆန်းစွာပင် ဖြည်ပေးနေသည်။
ထိုလူက သူ့ အနားရောက်လာပြီး သူ့ ရဲ့လက်မောင်းကို ဖျစ်ကိုင်သည်။
"မင်းက ယောက်ျားလေးပေမဲ့ သိပ်လှလွန်းတယ်…
ငါက ယောက်ျားတွေကို မကြိုက်ပေမဲ့ မင်းနဲ့တော့ အတူ အိပ်ချင်တယ်။ဘယ်လိုလဲ…မသေခင်လေး မင်းလည်း ငါနဲ့အတူ အိပ်သွားမယ်မလား"
ထိုလူ့ လက်ကြားကနေ လက်ကို ရုန်းထွက်ပြီး မျက်နှာတည့်တည့်ကို ပစ်ထိုးလိုက်သည်။ခပ်ချောချောလူရဲ့ နှုတ်ခမ်းထောင့်ဟာ သွေးစတွေ ထွက်လာသည်။
ထိုလူ့ နောက်လိုက်တွေက ချက်ချင်းပင် သူ့ လက်ပင်းပေါ်သို့ ဓားလာတင်သည်။
"ကျွန်တော်က ရူးနေလို့ ခင်ဗျားနဲ့ အိပ်ရမှာလား…
အဲ့ဒီ့အစား သတ်မယ်ဆို မြန်မြန်သာသတ်လိုက် သူပုန်ကောင်ရဲ့!"
သူပုန်ကောင်က သူ့ ရဲ့လူတွေကို လက်ကာပြလိုက်ပြီး ရှောင်းကျန့်အနားသို့ တိုးကပ်လာပြန်သည်။ရှောင်းကျန့်ရဲ့ အောက်နှုတ်ခမ်းကိုပွတ်ဆွဲရန်ပြုနေတာကြောင့် ထပ်မံ၍သူပုန်ကောင်ကို လက်သီးနဲ့ပစ်ထိုးလိုက်သည်။
ဒီတစ်ခါမှာတော့ မျက်နှာကို မထိဘဲ သူ့ လက်ကို ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။ခပ်ဆိုးဆိုးပြုံးလာတဲ့ သူပုန်ကောင် မျက်နှာကို တံတွေးဖြင့် လှမ်းထွေးလိုက်သည်။
"ဟာ့…ဒီအလှလေးက တကယ့်ကို စွာနေတာပဲ…
ကိုယ်က အဲ့လိုမျိုးမှ ကြိုက်တာ!"
"မင်း ငါ့အသားကို ထိရဲထိကြည့်…"
"ထိရင် ဘာဖြစ်မလဲ"
တကယ့်ကိုမှ သူပုန်ကောင် စုန့်လန်က မျက်နှာပြောင်လွန်းသည်။သူထွေးလိုက်တဲ့ တံတွေးတွေကို လက်နဲ့သုတ်ပြီး သူ့ ကို ခါးကနေပွေ့ ချီတော့သည်။
"အား…ငါ့ကို အခုအောက်ချပေး ခွေးကောင်!!"
ရှောင်းကျန့်ရှိသမျှ အင်အားနဲ့ သူပုန်ကောင်ရဲ့ ကျောပြင်ကို ထုရိုက်သည်။
"ငါ မင်းကို လိုချင်နေပြီ အလှလေး…!"
"နှာဘူးကောင် ငါ မင်းကို သတ်မယ်"
"အခုအခြေအနေနဲ့ သတ်မယ်ပြောနေတာ မမောဘူးလား
အလှလေးရယ်…ဟားဟား!"
ရှောင်းကျန့် ကိုယ်လေးက မနူးညံ့သော အိပ်ယာခင်းပေါ်သို့
ပစ်ချခြင်းခံလိုက်ရသည်။လက်နှစ်ဖက်ကိုလည်း သူပုန်ကောင်က ကုတင်မှာ ပူးတွဲချည်သည်။
ထို့နောက် သူ့ ခန္ဓာကိုယ်ကို စုန်ချီဆန်ချီ ကြည့်ကာ သူပုန်ခေါင်းဆောင်စုန့်လန်က လျှာသပ်သည်။သူ ဒေါသထွက်လွန်းလို့ အောက်နှုတ်ခမ်းကို ဖိကိုက်ကာ လွတ်နေသော ခြေထောက်ဖြင့် ထိုနှာဘူးကောင်ကို ပိတ်ကန်လိုက်သည်။
သူ့ ရဲ့ အဓိကနေရာကို ကန်လိုက်သော ရှောင်းကျန့်ကြောင့်
ဒေါသက ဝုန်းကနဲ ထွက်လာပြီး စွာတေးလန်နေသော ထိုအလှလေးပေါ်သို့ အုံ့မိုးလိုက်သည်။
"သခင်လေး…သခင်လေး!"
အချိန်ကောင်းမှ ဝင်လာသော ကိုယ့်လူကို တစ်ချက်မျှစောင်ကြည့်လိုက်ပြီး အလှလေးပေါ်မှ ဖယ်ခွာလိုက်သည်။
"ဘာလဲ…"
"အပြင်မှာ လူစိမ်းတစ်ယောက်ရောက်နေပါတယ်…
ပြီးတော့ သူက သခင်လေးနဲ့ တွေ့ ချင်ပါတယ် ပြောနေပါတယ်…"
စုန့်လန် တစ်ချက်စဉ်းစားလိုက်ပြီး ဆက်မေးလိုက်သည်။
"အဲ့လူက ဘယ်လိုပုံစံရှိလဲ…"
"ဟို…အသားက မဲနေပြီး အဝတ်အစားတွေကလည်း စုတ်ပြတ်သတ်နေပါတယ် သခင်လေး!"
"အင်း…ဒီကို ခေါ်လာခဲ့လိုက်"
စုန့်လန် ရှောင်းကျန့်အနားကို ပြန်လာပြီး ကြိုးဖြင့် ချည်ထားသော လက်နှစ်ဖက်ကို ဖြည်ပေးလိုက်သည်။
"ဒီမှာ ငြိမ်ငြိမ်ထိုင်နေ…
ပြီးမှ အလှလေးနဲ့ကိုယ်တို့ ဆက်ကြမယ်"
ရှောင်းကျန့် အံကို ကြိတ်ပြီး တင်းခံနေလိုက်သည်။
မကြာခင် အရှင့်သားနဲ့ကျိရန်ကောတို့က သူ့ ကို လာကယ်တော့မှာပါ…။
စုန့်လန်က ဝင်လာတဲ့သူ့ ကို သေချာစူးစိုက်ကြည့်ပြီး လေ့လာနေလိုက်သည်။ဆံပင်အရှည်တွေက ပွကျဲလန်နေပြီး သူဘုန်းစားတို့ ဝတ်သော အဝတ်သာသာ ဝတ်ထားသော ထိုလူက သူ့ ကို အဘယ့်ကြောင့် တွေ့ ချင်နေတာ ဖြစ်နိုင်မလဲ။
ထိုစုတ်ပြတ်နေသော ထိုလူက သူ့ အနားရောက်မှ ခေါင်းကို
မော့ကြည့်ပြီး သူ့ အနောက်က အလှလေးကို အရင်လှမ်းကြည့်သည်။ပြီးမှ သူ့ ဆီအကြည့်ရောက်လာပြီး ခေါင်းကို ဦးညွှတ်လေသည်။
"မင်းက ဘာဖြစ်လို့ ငါ့ကို တွေ့ ချင်တာလဲ…!"
"ကျွန်တော်က သခင်လေးလူ ဖြစ်ချင်နေလို့ပါ"
"အဟက်…ငါ့လူဖြစ်ချင်တယ်?
ဘာလဲ…မင်းက သူလျိုလား"
ထိုညစ်ပတ်နေသောလူက ပြာပြာသလဲ ခေါင်းခါပြလာပြီး
သူ့ ကို မောကြည့်လာသည်။
"မဟုတ်ပါဘူး…
ကျွန်တော်က သာမာန်လူတစ်ယောက်ပါ။ဒီတိုင်း တောင်းစားနေမဲ့အတူတူ လုယက်စားတာက ပိုပျော်ဖို့ကောင်းမယ် ထင်လို့ပါ သခင်လေး"
"မင်းက ပျော်ချင်လို့ ဒီထဲလာတယ်ပေါ့…
မပျော်ရဘဲ သေရမယ်ဆိုရင်ရော!"
"သေမထူး နေမထူးမို့ ဘာမှမထူးဆန်းပါဘူး သခင်လေး"
စုန့်လန်က သဘောကျစွာ ရယ်မောရင်း ထိုလူ့ ပုခုံးကို ပုတမလိုက်သည်။
"ဒါဆို မင်း တိုက်ခိုက်နိုင်လား"
"အခြေခံတော့ တတ်ပါတယ် သခင်လေး"
Advertisement
"ဒီလောက်ဆို မဆိုးဘူး…
မင်းကို ငါ လက်ခံတယ်"
"ဝမ်းသာလိုက်တာ သခင်လေးရယ်…
ကျွန်တော် တကယ်ကျေးဇူးတင်ပါတယ်"
"ရပါတယ်…
ငါတို့တွေက လွတ်လပ်တယ် ဒါပေမဲ့ ဥာဏ်ကောင်းမှရမယ်
နန်းတော်ကလူတွေ ရောက်နေတယ် ကြားတယ်။အခုတောင် ငါလျှင်လွန်းလို့ သူတို့လက်ထဲ ပါမသွားဘဲ သူတို့ထဲက အလှလေး တစ်ယောက်တောင် ရထားသေးတယ်!"
ရှောင်းကျန့်ကို ထပ်မံကြည့်လာတဲ့ မျက်ဝန်းတွေကို လျှင်မြန်စွာပဲ ရိပ်မိလိုက်ပါတယ်။အရှင့်သားက ကျိရန်ကောပြောသလို သူ့ ကို စိုးရိမ်နေခဲ့တာပဲ။အခု ရုပ်ဖျက်ပြီး ဝင်လာတာ
ဥာဏ်ကောင်းလွန်းတဲ့ အရှင့်သားက တစ်ချက်ခုတ်နှစ်ချက်ပြတ် လုပ်မလို့ဆိုတာ ရှောင်းကျန့် အသေအချာပင် သိလိုက်ပါသည်။
**************************************
Zawgyi
-------------------
"ရောက်လာပြီလား"
"အိုးတကယ့်အလှလေးပဲ။
"အာ့ဗိုက်ဗိုက်!"
-------------------
"ကျိရန်!"
"ဘာ!!
----------------
"ကျိရန်"
"ဟုတ်ကဲ့ အရှင့်သား"
"ဟုတ်ကဲ့ အရှင့်သား"
"တောက်စ်!!"
-------------------------
"ထိရင် ဘာဖြစ်မလဲ"
အလှလေးရယ်ဟားဟား!"
"သခင်လေးသခင်လေး!"
"ဘာလဲ"
ဘာလဲမင်းက သူလျိုလား"
သူ့ ကို မောကြည့်လာသည်။
"မဟုတ်ပါဘူး
"ဒီလောက်ဆို မဆိုးဘူး
မင်းကို ငါ လက်ခံတယ်"
"ရပါတယ်
**************************************
Advertisement
- In Serial52 Chapters
Ballet With The Bad Boy
Eliana McCoy.She never spoke a word. Never drew attention to herself. And never caused drama.Her twin brother on the other hand was the complete opposite.Harvey was loud. Loved the attention. And was always in the centre of drama.His friends were constantly at their house, much to Eliana's annoyance, but, everything changes when a new boy is added to the circle.When she tries to focus on her dancing, what will happen when said new boy becomes her ballet partner?***PSAI'm not a trained dancer or know much about ballet (I did some research before writing but not much) and more just wanted the story, pls don't shit on me in the comments on my own book☺️Pictures of actors/actresses are just a base for you to imagine what they can look like☺️Word count: 72,683
8 239 - In Serial31 Chapters
A Demon's Mate
""Ok, I admit it may not be the smartest idea to smile and act all cutesy to some stranger but he seems different, I feel safe with him.Suddenly a tiny whooshing sound can be heard followed by a loud thump. I crane my head to see my best friend unconscious with a tiny dart in the side of their neck. Oh, that isn't good."Sorry beloved," whispers a velvety voice.Slowly everything goes fuzzy and my thoughts become watery. Why does my arm hurt? I turn to my arm to see a dart similar to the one my friend got hit by. Oh... Definitely not good.""**Completed****This is the first story I've put online, it's under edited n has mistakes but I wanted to share it. I'm slowly making changes to the grammar n vocabulary but other than that it's finished**
8 64 - In Serial60 Chapters
Artemis
"Let them go, Dante." I whip my head to see a small boy standing the clearing with blonde hair and a green cloak hanging from shoulders. He isn't very tall however he holds his stance well. He doesn't seem to be more than Cassandra's age. Maybe 12 at most. I abruptly turn my head back hearing the man holding a sword to my throat chuckling with a sinister grin. "Oh, poor boy, what are you go to do about it?" The yellow teeth gleam as he begins stalking towards the boy who does not look the least bit fazed. I look around at the other men who are following the leader. I pull Cassandra tighter to my back as I take small steps back. I keep my eye trained on the men but also fear for the naive boy. "Do you really want to test me Dante?" He asks raising a single eyebrow. For a minute the men stop their movements. I see their hesitation for fear... Fear of what? I take the moment to stick Cassandra behind a nearby tree. She crouches down while I pull my sword out from its place. "How do you know my name?" The scoundrel raises his sword challenging towards the boy before taking a final step towards him. Then the unexpected happens. The young boy chuckles so darkly. It sounded almost... demonic. All the men instinctively raise their swords. "Oh Dante, I didn't know your name... but you know someone dear to me." "Spit it out boy!" The once grinning man is now looking around frantically. I continue my eyes scanning the small boy. He looks directly me and gives me a small nod before saying one word that caused all hell to breaks loose. "Artemis." Artemis is not an ordinary girl. She grew up in the wilderness after being shunned due to unique abilities and her different physical attributes. Blessed with an ability that scared others, she roams the wild with only her guarded one. That is until she stumbles into a situation that brings her in front of a prince.
8 270 - In Serial19 Chapters
Bemanzil Safar
Completed ✓He's the son of a businessman but works as an RJ as he's interested in that and then destiny made him fall for a girl who he don't know but he know her just for her writings and he loved her immensely.She's too the daughter of a businessman but a medical student and writes her feelings, leading her messy life.As we all know then she falls for RJ who gave her courage in tough times.What happens when they too know about their love for each other? Will they unite? Or else separated by the very same destiny who made them meet?
8 129 - In Serial23 Chapters
The Guest
" Do you enjoy reading porn?" Ray asked,not turning around to look at her.She shrugged and held tightly to her blanket. " Do you enjoy stalking girls while they're reading porn?"Ava was a beautiful charismatic girl. She loved having fun and spending time with her brother. Everything in her life could not get any better but it so happens that things do get better but at what cost.Warning ⚠️: this book contains assault, abuse, domestic abuse, mental health abuse, and RAPE.
8 194 - In Serial34 Chapters
Stranded
Becca is a insecure, attractive girl who is an outcast in her high school. Noah is popular, player, hot guy. An unexpected incident occurs and it's up to them to survive together. Slowly they start to fall for each other. Was it chance or was it written in the stars?Mostly in Becca's perspective.
8 283