《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 8 ]
Advertisement
ဝမ်ဘုရင်အုပ်ချုပ်နေသော ဝမ်တိုင်းပြည်ကြီးကား အေးချမ်း၏။အများအားဖြင့် ဆင်းရဲသူများနည်းပါးကာ လူလတ်တန်းစား အများအပြားရှိသည်ဟု စစ်တမ်းများအရ ကြားရသည်။
သို့ပေသိ ဤနေ့တွင် အမတ်တစ်ဦး၏လျှောက်တင်ချက်အရ ဝမ်နိုင်ငံနယ်နိမိတ်နှင့် အခြားမဟာမိတ်နိုင်ငံစပ်ကြားတွင် သူပုန်များထကြွသောင်းကျန်း၍ ပြည်သူများစားဝတ်နေရေး အတော်အခက်တွေ့ နေသည်ဟု ဘုရင်မင်းမြတ် ကြားနာရသည်။
ထိုအရာကိုဖြေရှင်းပေးရန် ဦးနှောက်ထဲတွင် ပထမဆုံးစဉ်းစားမိသူကား အိမ်ရှေ့စံ။ဒါပေမဲ့လည်း အိမ်ရှေ့စံ ထိုနေရာသို့ သွားပြီး ထိခိုက်ဒဏ်ရာရမည်ကိုလည်း မင်းကြီးက စိုးရိမ်ပူပန်တော်မူရသည်။
မိဖုရားခေါင်ကြီး၏သားတော် မင်းသားဝမ်ဟန်ကို စေလွှတ်ရင်လည်း စိတ်မချတော့မူ။မင်းကြီး အစစအရာရာ အားကိုးတော်မူသောသူက ရိပေါ်ဆိုတဲ့ သားငယ်တစ်ပါးတည်း။
ရိပေါ်သည် သိုင်းပညာ ကြွယ်ဝသည်။ဥာဏ်ပညာလည်း ကြီးသည်။စာပေများကို လေ့လာလိုက်စားသော်ကြောင့်လည်း ဗဟုသုတ ကြွယ်ဝသည်။ဖြတ်ထိုးဥာဏ်လည်း ကြွယ်ဝသည်။ မိမိတိုင်းပြည်ကို ထိုသူ့ ထံသို့သာ အပ်နှံနိုင်ခဲ့လိမ့်မည် ဖြစ်သည်။
မိဖုရားခေါင်းကြီးနှင့်အခြားမိဖုရားတွေရဲ့ တားမြစ်မှု့ တွေကြားကပင် ရိပေါ်အား အိမ်ရှေ့စံရာထူးကို ချီးမြှင့်မြှောက်စားခဲ့သည်။
"ခမည်းတော် ကျွန်တော် ရိပေါ်ရောက်ပါပြီ!"
မိမိအရှေ့တွင် ဦးညွှတ်ရိုကျိုးနေသည့် သားတော်အား မင်းကြီးက ပြုံးလျက်ပင် ခေါင်းငြိမ့်သည်။
"သားတော်ရိပေါ်ကို တာဝန်တစ်ခုပေးအပ်မလို့ပါ…သားတော် လုပ်နိုင်ပါ့မလား"
"ခမည်းတော်ပေးအပ်သော တာဝန်ကို ကျွန်တော်ရိပေါ် အကောင်းဆုံးဆောင်ရွက်နိုင်ပါမည်ဟု ယုံကြည်ပါသည်…"
"သားတော်ရဲ့ ယုံကြည်ချက် မြှင့်မားမှု့ ကို ငါကိုယ်တော် သဘောကျတယ်ဝေ့"
မင်းကြီးက အသံခပ်မြှင့်မြှင့်ပြောကာ ရယ်မောလေသည်။
"တစ်နိုင်ငံလုံးအတွင်း အဲ့နေရာမှာပဲ မတည်မငြိမ်ဖြစ်နေတာ သားတော်"
"ကျွန်တော် ကြားသိပြီးပါပြီ"
"ဒါဆို ယုံကြည်ရသော လက်ရွေးစင်ရဲမက်တွေကို ရွေးခေါ်ပြီး သားတော်သွားရောက်ဖြေရှင်းပေးပါ"
"အမိန့်တော်အတိုင်းပါ မင်းကြီး…
သားတော် မနက်ဖြန်မနက်မိုးသောက်ရင် နန်းတော်မှ စတင်ထွက်ခွာပါ့မယ်…"
"ကောင်းပြီ။
အခုပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်တော့ သားတော်
အစစအရာရာ ဂရုစိုက်ပါ"
"စိတ်ချပါ ခမည်းတော်"
---------------------
ရှောင်းကျန့်သည် ခရီးထွက်ခွာရမည့်အရှင့်သားသတင်းကို ကြားသိပြီးသည်နှင့် လိုအပ်တာများ ပြင်ဆင်ထည့်သိုကာ အထုတ်လေးပိုက်ပြီး အရှင့်သားရဲ့အဆောင်တော်ဆီသို့ လာခဲ့သည်။
အရှင့်သားအဆောင်တော်ကို အနောက်ပေါက်က ဝင်ပြီး အထုတ်ကို တစ်နေရာမှာ ချထားလိုက်သည်။
"ရှောင်းကျန့်"
ရုတ်တရက် အရှေ့ကနေ ဘွားကနဲပေါ်လာသည့် အရှင့်သားကြောင့် ခန္ဓာကိုယ်တောင် အနည်းငယ် တုန့်တက်သွားသည်။
"ရှောင်းကျန့် ရှိပါတယ် အရှင့်သား"
"ခိုးကြောင်ခိုးဝှက်နဲ့ ငါ့အဆောင်အနောက်မှာ ဘာလုပ်နေတာလဲ"
"အရှင့်သား ကိုယ်လက်သန့်စင်ဖို့ရာအတွက် ရေဖြည့်နေတာပါ …"
အရှင့်သားက သူ့ အနားကို ပိုတိုးလာပြီး လေဝင်လေထွက်အထိအတွေ့ က ခေါင်းငုံ့ထားသော သူ့ နဖူးကိုပင် လာရောက် ထိတွေ့ နေလေပြီ။
"ငါ့ကို ညာပြန်ပြီလား…"
သွားကို ကြိတ်၍ထွက်လာသော အသံဖြစ်တာကြောင့် နဂိုသြတာထက် အနည်းငယ် ပိုသြနေသည်။
အရှင့်သားဝမ်ရိပေါ်က အရှေ့ကလူရဲ့ လက်မောင်းနှစ်ဖက်ကို ဖျစ်ကိုင်လိုက်သည်။
"အင့်…တောင်းပန်ပါတယ် အရှင့်သား…
အမှန်အတိုင်းပြောပါ့မယ်…ဒီလိုခိုးကြောင်ခိုးဝှက်လုပ်တာက မနက်ဖြန်သွားမယ့် အရှင့်သားခရီးစဉ်ကို လိုက်မလို့ပါ…တကယ်လို့ အရှင့်သားလိုက်ခွင့်မပြုခဲ့ရင် ခိုးလိုက်ဖို့ အခုကတည်းက ပြင်ဆင်ထားတာပါ အရှင့်သား…"
"မလိုက်ရဘူး…အန္တရာယ်များတယ်"
"အရှင့်သားကို ကာကွယ်ပေးချင်မိလို့ပါ…လိုက်ခွင့်ပြုပါ အရှင့်သား"
"ငါ့ကို ဘာကြောင့် အထွန့်ပြန်တက်နေတာလဲ ရှောင်းကျန့်!
အခု ငါကိုယ်လက်သန့်စင်ပြီးရင် ဝတ်ဖို့ ဝတ်ရုံအသစ်တစ်စုံ သွားထုတ်ထား သွား…"
ဘဝနှစ်ခုက အဖြစ်အပျက်တွေက ကွာခြားနေပေမဲ့ အကြောင်းအရာအများစုကိုတော့ လက်ရှိဘဝက အတိတ်ဘဝကို အခြေခံထားသည်ဟု ရိပေါ်ထင်မြင်မိသည်။
ဟိုဘဝက အခုနည်းတူ အဖြစ်အပျက်မျိုးကြုံခဲ့သည်။
အဲ့အချိန်တုန်းက ရှောင်းကျန့်နဲ့သူက ထိမ်းမြှားထားဖြင့် မကြာသေး။ခရီးကို ရှောင်းကျန့်အား လိုက်ခဲ့စေချင်ခဲ့သည်။
ဒါပေမဲ့ ရှောင်းကျန့်က လုံးဝမလိုက်ဘဲ နန်းဆောင်ထဲတွင် ကျန်နေခဲ့သည်။
အခုဘဝက ရှောင်းကျန့်ကတော့ သူတောင်မခေါ်ရသေး။
လိုက်ဖို့ပြင်ထားသည်တဲ့…သူ့ ကို ကာကွယ်ပေးချင်သည်ဟုလည်း ဆိုသည်။အရင်ဘဝက ရှောင်းကျန့်နဲ့ ဒီဘဝက ရှောင်းကျန့်က တစ်ယောက်တည်းရော ဟုတ်ပါရော့လား။ဒါမှမဟုတ် ဘဝနှစ်ခုက ကွာခြားနေလို့များလား။
--------------------------
လမ်းခရီးက အလွန်ကြမ်းသည်။တောတောင်တွေကြား ဖြတ်သန်းသွားလာရသလို မိုးရာသီလည်း ဖြစ်တာကြောင့်
မိုးက ပုံမာန်ထက်လည်း ရွာသွန်းသည်။
ရှောင်းကျန့်အပါအဝင် နောက်လိုက်ဆယ်ယောက်နှင့်အတူ
နှစ်ညဆက်တိုက် ခရီးနှင်လာပြီးနောက် အဆင်ပြေမည့်နေရာတစ်ခုတွင် အနားယူရန် အချက်ပြလိုက်သည်။ရှောင်းကျန့်ပါလာသည်ဆိုတာလည်း မရမက ပြောနေသည့်အပြင် ကျိရန်ကပါ တောင်းဆိုလာတာကြောင့် လိုက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
"ဒီလိုနေရာမျိုးနဲ့ အရှင့်သား အဆင်ပြေမည်လား"
"ရတယ်…ဘာပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့အဲ့နေရာကို အမြန်ရောက်ဖို့လိုတယ်။အဲ့ဘက်က သူပုန်အခြေအနေတွေ ဘာထူးခြားသေးလဲ ကျိရန်"
"သူပုန်ခေါင်းဆောင် စုန့်လန်က ဥာဏ်များကြောင်း…များသောအားဖြင့် သူ့ ကိုမျက်နှာဖုံးဖြင့်သာ တွေ့ နိုင်ပြီး သူ့ မျက်နှာ မမြင်ဖူးသည်ဟု ကြားထားပါတယ် အရှင့်သား"
"ဒါဆို ကျိရန်…
နောက်လူငါးယောက်ကို ခေါ်ပြီး အရင်သွားထားလိုက်ပါ…
ထိုလူ့ အကြောင်းကို အသေးစိတ်စုံစမ်းထားပါ…အမှားအယွင်းမရှိပါစေနေဲ့"
"အမိန့်အတိုင်းပါ အရှင့်သား…"
အမိန့်တစ်ချက်ကို မလွဲမသေနာခံသည့် ကိုယ်ရံတော်ကျိရန်အား ဝမ်ရိပေါ်အတော့်ပင်သဘောကျသည်။
လူလည်းအနည်းငယ်ပန်းနေသလို ခံစားလာရတာကြောင့်
ရေတံခွန် သို့မဟုတ် စမ်းချောင်းကို ရှာဖွေရန် မတ်တပ်ထရပ်လိုက်သည်။သူ ထလိုက်တာကြောင့် လိုက်ရပ်သည့် ရှောင်းကျန့်ကို အကြည့်စူးစူးတစ်ချက် ကြည့်ပေးလိုက်သည်။
"နားနားနေနေ အနားယူကြဦး…
ကိုယ် ကိုယ်လက်သန့်စင်ချင်လို့ ရေရှိမည့်နေရာတစ်ခု ရှာလိုက်ဦးမယ်"
Advertisement
"အရှင့်သားတစ်ယောက်တည်း အဆင်ပြေပါ့မလား"
"ကျွန်တော်ရှောင်းကျန့် လိုက်သွားလိုက်ပါမယ်"
အသံကြားရာကို ဝမ်ရိပေါ် ထပ်မံစိုက်ကြည့်လိုက်တော့
အရမ်းလိုက်ချင်နေသည့် ကိုယ်တော်ချောက ခေါင်းငုံ့သွားသည်။
"လိုက်ခဲ့"
မော့ကြည့်လာတဲ့ မျက်နှာမှာ ကြိတ်မရခဲမရ အပြုံးတွေက
အဆက်မပြတ်ထွက်ပေါ်လာသည်ကို ဝမ်ရိပေါ် လုံးဝမလွတ်ဘဲ ကြည့်နေလိုက်သည်။ဘာလို့အဲ့လိုကြည့်မိနေတာလဲဆိုတော့ အမြင်မကြည်လို့…
"ရေသံကြားတယ်"
ရှောင်းကျန့်က သူ့ ညာဖက်နားရွက်ကို လက်ငါးချောင်းဖြင့်ပင့်ကာ အသေအချာနားထောင်နေသည်။
"ဒီနီးနီးလေးမှာပဲ ရေတံခွန်ရှိနေတယ် အရှင့်သား…
ကျွန်တော်တို့ အဲ့ကို သွားရအောင်"
"အင်း"
သိပ်မကြာခင်မှာပဲ ရေအားသန်သန်နဲ့စီးနေသော ရေတံခွန်ငယ်တစ်ခုကို တွေ့ လေသည်။ရှောင်းကျန့်က ဝမ်ရိပေါ်အနားတိုးလာကာ ဝမ်ရိပေါ်လက်ကို ဆွဲပြီး ခုန်လေသည်။
"ဟေးဟေး နောက်ဆုံးတော့ ရေချိုးရပြီကွ"
လက်ကိုဆွဲကာ အရူးတစ်ယောက်လို ရယ်ပြီး ခုန်စွခုန်စွလုပ်နေပုံက မျက်စိထဲမှာ ထောင့်မကျိုး။လက်ကို ဆွဲဖယ်လိုက်ပြီး အပေါ်ဝတ်ရုံကို ဆွဲချွတ်ပြီး ရေထဲဆင်းစိမ်လိုက်သည်။
အနောက်က ရှောင်းကျန့်သည်လည်း အမြဲတွေ့ ဖူးနေကျ
အရှင့်သားကိုယ်လုံးကိုပင် မမှိတ်မသုန် စိုက်ကြည့်နေမိသည်။အခုဏက ပျော်နေတဲ့အရှိန်လေးတောင် ဘယ်ရောက်သွားမှန်းမသိ ဖြစ်သွားရှာသည်။
ဘယ်ဘက်ရင်ဘတ်ထဲက အဆက်မပြတ်ခုန်လာပြီး ထိုကျောပြင်အား အနောက်ကနေ သိုင်းဖက်ထားချင်လာသည့် စိတ်ကို အတတ်နိုင်ဆုံး ချိုးနှိမ့်နေရသည်။
ကျောကို စိုက်ကြည့်နေတုန်း အနောက်လှည့်လာသည့် အရှင့်သားကြောင့် လူက တောင့်ကနဲဖြစ်သွားသည်။
"အဲ့မှာ ဘာရပ်လုပ်နေတာလဲ…ရေချိုးချင်ရင် အမြန်လာချိုး"
"ရှောင်းကျန့်လာပါပြီ အရှင့်သား"
ခြေထောက်တစ်ဖက် အရင်ဆင်းကြည့်တော့ အေးစိမ့်နေသည့် ရေကြောင့် တုန့်တက်သွားသည်။ဒါကို မတုန့်မလှုပ်ရေထဲ ဆင်းစိမ်နေသည့် အရှင့်သားကို ရှောင်းကျန့်အတော်ပင် အံ့သြသွားသည်။
"ရေကအရမ်းအေးတာပဲ"
"စိမ့်ရေဖြစ်မယ် ထင်တယ်"
ရေထဲဆင်းရန် တွန့်ဆုတ်တွန့်ဆုတ်လုပ်နေသည့် လူကို
ဝမ်ရိပေါ် အကျင့်ယုတ်စွာ ရေထဲသို့ ဆွဲချလိုက်သည်။သိတာပေါ့…ရေတအားအေးလို့ ဒီလူမဆင်းချင်ဖြစ်နေတာကို…
"အား…ပါး…ပါး…အေးလိုက်တာ"
တစ်ကိုယ်လုံးရေရွှဲရွှဲစိုနေသည့် ရှောင်းကျန့်ပုံစံက တကယ့်ကို ရယ်စရာပုံ။ယုန်ညိုလေးကို တစ်ကိုယ်လုံးရေလောင်းထားသလိုပဲ။ဝမ်ရိပေါ် မနေနိုင်စွာပဲ တစ်ဖက်လှည့်ကာ ရယ်မိလိုက်သည်။
"အရှင့်သား…ရယ်တယ်"
"……"
"အရှင့်သား ကျွန်တော့်ကို ကြည့်ပြီး ရယ်တာလား"
"ဟားဟား ရှောင်းကျန့်"
တကယ့်ကိုပင် မထိန်းနိုင်တော့ဘဲ ဝမ်ရိပေါ် အော်ရယ်မိသွားသည်။
ဟန်ဆောင်မှု့ ကင်းကာ ပါးလေးတွေမို့တက်စွာ ရယ်နေသည့် အရှင့်သားကို ရှောင်းကျန့်တစ်ခါမှ မမြင်ဖူးသလိုပင် ကြောင်အစွာပဲ ရပ်ကြည့်နေမိသည်။
အရှင့်သားက သိပ်ချောတာပဲ။အသားအရည်ကလည်း ဖြူအုနေပြီး နှာခေါင်းလေးက လုံးလုံးလေး။မထူမပါး နှုတ်ခမ်းလေးကို ကြည့်ရုံဖြင့် ရှောင်းကျန့် ရုတ်တရက် ရေဆာလာသည်။
"အရှင့်သား…"
ရှောင်းကျန့်ရဲ့ ခပ်တိုတိုခေါ်သံကြားမှ ဝမ်ရိပေါ် အနည်းငယ် သတိပြန်ကပ်သွားသည်။ရုပ်ကို ပြန်တည်လိုက်ပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။အိမ်ရှေ့စံဆိုတဲ့ ဂုဏ်သိက္ခာတွေ ဘယ်များရောက်ကုန်ပြီလဲ။မြန်မြန်ပြန်လာပေးကြပါ…
"အင်း"
"အရှင့်သား တကယ်ချောတယ်"
"မင်းက ငါ့လို အိမ်ရှေ့စံကို သေချာကြည့်တယ်ပေါ့…
အတော်အတင့်ရဲနေသလား ရှောင်းကျန့်"
"ကျွန်တော့်မျက်စိရှေ့မှာ ရှိနေတဲ့ အရှင့်သားကို ကြည့်တာပဲ ကြည့်ရဲပါတယ်…"
"ရှောင်းကျန့်"
"ကျွန်တော် ရှိပါတယ်"
"အပေါ်ဝတ်ရုံကို နေလှန်းထား…သွားတော့"
ရှောင်းကျန့်က ခေါင်းငုံ့ပြီး သူ ခိုင်းတဲ့အတိုင်း ကျောက်တုံးတစ်ခုပေါ် ထိုင်ကာ ဝတ်ရုံကို ဘေးမှာ ဖြန့်ကျဲထားပြီး လှန်းနေသည်။
ဝမ်ရိပေါ် စိတ်ကိုစုစည်းပြီး ရေထဲမှ ပြန်တက်ကာ ရှောင်းကျန့်ဘေးသွားတော့ ရှောင်းကျန့်က မတ်တပ်ရပ်ကာ ဝတ်ရုံကို ဝတ်ပေးရန် ပြင်သည်။
လက်ကို အနည်းငယ်ကားပေးလိုက်ပြီး အဆင်သင့်ပြင်ထားလိုက်သည်။မေးစေ့ကို ရိုက်ခတ်လာသည့် အသက်ရှူသည့် လေနွေးနွေးကြောင့် ရင်ဘတ်ထဲ စည်တီးသလိုဖြစ်လာသည်။
ရှောင်းကျန့်က သူ့ အလုပ်သူ ဆက်လုပ်နေပြီး ခါးစည်းကြိုးချည်နေသည်။ခါးထက်မှာ ရှိနေသည့် ရှောင်းကျန့်လက်နှစ်ဖက်ကို တစ်ဖက်ဖြင့် ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ကို ရှောင်းကျန့်ကို ခါးကို ဆွဲကာ ပိုမိုနီးကပ်စေလိုက်သည်။
"အရှင့်သား…"
ရှောင်းကျန့်စကားပြောသည့် လေဝင်လေထွက်က သူ့ နှုတ်ခမ်းကို လာရောက်ထိကပ်သည်။အနီးကပ်မြင်နေရသည့် ရှောင်းကျန့်နှုတ်ခမ်းထောင့်က အမဲစက်လေးကို လက်မနဲ့ဘေးသို့ ဖိဆွဲလိုက်သည်။
"မှဲ့လား"
"ဟုတ်ပါတယ် အရှင့်သား…"
စကားကို တုန်တုန်ရီရီ ပြန်ပြောနေသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ်က ရယ်သည်။
"မင်း ဘယ်သူနဲ့အကြင်နာပေးပြီးပြီလဲ"
"အခုထိ မည်သူမျှနဲ့မှ မပေးခဲ့ဖူးပါ အရှင့်သား"
"ဟုတ်လို့လား"
"မလိမ်ညာရပါဘူး…အရှင့်သား"
"ငါ မင်းရဲ့ ပထမဆုံးအကြင်နာကိုယူရင် စိတ်ဆိုးမှာလား…"
မထင်မှတ်ထားသော စကားကို အရှင့်သားထံမှ ကြားရသော်ကြောင့် ရှောင်းကျန့်ကြောင်နေမိပြန်သည်။အရှင့်သားက…သူ့ ကိုမုန်းနေသည့် အရှင့်သားက တကယ်ပဲ သူ့ ကို အကြင်နာပေးတော့မှာလား……
**************************************
Zawgyi
Advertisement
"ကောင်းပြီ။
အစစအရာရာ ဂရုစိုက်ပါ"
"စိတ်ချပါ ခမည်းတော်"
---------------------
"ရှောင်းကျန့်"
"ငါ့ကို ညာပြန်ပြီလား"
--------------------------
"ဒါဆို ကျိရန်
"လိုက်ခဲ့"
"ရေသံကြားတယ်"
"အင်း"
"ရေကအရမ်းအေးတာပဲ"
"အားပါးပါးအေးလိုက်တာ"
"အရှင့်သားရယ်တယ်"
""
"ဟားဟား ရှောင်းကျန့်"
"အရှင့်သား"
"အင်း"
"ရှောင်းကျန့်"
"ကျွန်တော် ရှိပါတယ်"
"အရှင့်သား"
"မှဲ့လား"
"ဟုတ်ပါတယ် အရှင့်သား"
"ဟုတ်လို့လား"
**************************************
Advertisement
- In Serial6 Chapters
Lonely Light (Complete)
Arael is an otherworldly being from the upper plane, a place similar to Heaven, full of Light. He now dwells on Earth, touched by Darkness, unable to return. When he rescues Sariel, an innocent angel from the clutches of Dark mages, he is no longer alone for the first time in centuries, but knows that he must return her home before she is also stranded on Earth. The question is, does she wish to go? (Pure fantasy romance) - Cover art credit goes to Cassandra DenHartog (www.cassandradenhartog.com)
8 81 - In Serial8 Chapters
Predating Oleander
Curiosity, one of the most tempting sins. They say that it killed the cat, but didn't satisfaction bring it back? Kim Sora is quite an unusual individual that wears an affable mask. Lim Yunho is a rather strange person that pretends to be normal. Two persons that are anything but normal clash. What can go wrong?
8 71 - In Serial64 Chapters
Masters of Shadow and Light
Book 1 is completely posted and available to read. Masters of Shadow and Light will return for Book 2! When he begins training his body and power, eighteen-year-old Kieran finds himself facing a difficult decision. It's not whether or not he should become a Sivalshi Guardian, a protector of the peace of Sivalshi City, which rests on the back of a giant turtle floating through the ocean. No, when that choice comes, he answers it without hesitation. Kieran's choice is far more difficult than that Lucas is a handsome martial artist with the looks of a god and the ability to manipulate light itself. Kind and caring, Lucas goes above the call of duty to help Kieran with his training. Zane is a charming manager at his father's company and possesses the ability to turn to living stone. Friendly and outgoing, he gives Kieran a change of pace. The choice that Kieran will make is both simple and difficult at the same time. Which boy should he get with? Posting Schedule: Every 3 days.
8 1028 - In Serial70 Chapters
My Brothers Best Friend
Annabelle was your average teenage girl who didn't believe in keeping up appearances or boys. Till one day she comes back from camp and that all changes. Unfound love is exposed and heartbreak is on the cards. With a forbidden love playing at her hand can she keep it under wraps or will she have to give it all up?
8 139 - In Serial36 Chapters
Towards You✔️
Not edited(first draft)Nayab Hasan 22 year old beautiful girl is a journalist.She is bubbly,kind hearted,adventurous andfirm in her decisions.Haroon Samad khan 29 year old handsome is business tycoon.He isarrogant,Cold hearted,ruthless but caring, sweet and possessive for his family. _*_*_*_*_*_*_*_*_*_*_What happens when they were forced for NIKAH? Inspite of accepting each other as husband and wife they were unknown to each other.What happens when after NIKAH they unknowingly cross each hi other path in adverse conditions? And on their way of revenge, hate and ego they discover their relation and love.Join Nayab Hasan and Haroon Samad khan on their way of finding love..............
8 160 - In Serial16 Chapters
With Great Power ( Sword Art Online x Male Reader)
Y/n L/n an ordinary 15 year old kid is trapped in an MMORPG called Sword Art Online follow him on his journey to beat 100 floors and escape. And learn what it means to be your friendly Neighborhood Spider-man.
8 182