《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 4 ]
Advertisement
Unicode
-4- ( ပြင်ဆင်ပြီး )
ဝမ်ဟန် သူ၏မယ်တော်ဆီက ပြန်လာပြီး တစ်စုံတစ်ယောက်ကို တွေ့ ချင်လာတာကြောင့် ထိုသူရှိရာသို့ အပြေးလေးလာခဲ့မိသည်။
ထိုသူလေးက အဆောင်တွေသွားရာ လမ်းလေးမှာပဲ ပန်းပင်ပေါ်မှာနားနေသည့် လိပ်ပြာလေးတွေနဲ့ဆော့ကစားနေသည်။သဘောကျတဲ့အခါ ပြုံးလိုက်တိုင်း ကွေးတက်သွားတဲ့ မျက်လုံးထောင့်လေးက ချစ်စရာ။
သူ့ နှလုံးသားက သဘာဝကြီးနဲ့ဆန့်ကျင်ပြီး ထိုကောင်လေးကို ဘာကြောင့် ချစ်မိလာရသလဲဆိုတဲ့ အချက်က မျက်ဝါးထင်ထင်ပင်။ခါးသိမ်သိမ်လေးကို လေထဲတွင် ဝှေ့ယမ်းချင်စိတ်တွေပေါ်လာတာကြောင့် အနားသို့ တိုးကပ်သွားလိုက်သည်။
လက်လေးကို လှမ်းကိုင်လိုက်ပြီး ခါးကနေဆွဲကာ ရင်ခွင်ထဲ ထည့်သွင်းလိုက်သည်။တစ်ခဏငြိမ်သွားတဲ့ကိုယ်လေးက သတိဝင်လာတာနဲ့ ချက်ချင်းပင်ရုန်းထွက်သွားသည်။
"ကျန့်...."
"မင်းသား ဝမ်ဟန်!"
"ကိုယ်ပြောစရာရှိတယ်"
တုန့်ပြန်သံကို နားမထောင်တော့ဘဲ လက်ကိုဆွဲကာ အဆောင်နှစ်ဆောင်ကြားက လမ်းကြားလေးကို ဆွဲခေါ်လိုက်သည်။ သေးသွယ်တဲ့ကိုယ်လေးကို နံရံမှာ ကပ်စေလိုက်ပြီး မျက်နှာတစ်ဖက်တစ်ချက်ချင်းစီမှာ လက်ကိုထောက်ထားလိုက်သည်။
"ကျန့်!"
"ပြောစရာက ဒီလိုပုံစံပြောမှ ဖြစ်မှာလား?"
ရန်လိုနေတဲ့မျက်လုံးလေးက တစ်ဝင့်ဝင့်နဲ့ရယ်။အနည်းငယ်ပြူးထွက်လာတဲ့ သွားလေးနှစ်ချောင်းကတော့ ခပ်ကြီးကြီး။
"ကျန့်....ကိုယ်ပြောမယ် သေချာနားထောင်ပါ။
ကိုယ်လေ ကျန့်ကို မြတ်နိုးတယ်။စတွေ့ တွေ့ ချင်း အရွယ်မှာကတည်းက မင်းကို ပိုင်ဆိုင်ချင်တယ်။အမြဲတမ်းတစ်ယောက်တည်းအပိုင်အဖြစ် သိမ်းထားချင်တယ်။မင်းပြောမဲ့ စကားတွေကို အမြဲတမ်းနားထောင်ချင်တယ်။မင်းအသံလေးကို မြတ်နိုးတယ်။မင်းမျက်နှာလေးကို ချစ်တယ်။မင်းနှုတ်ခမ်းလေးတွေကို နမ်းချင်တယ်!"
"အခု ငါ့ကို မိန်းကလေးတစ်ယောက်လို သဘောထားပြီး ဖွင့်ပြောနေတာလား?
မျက်စိတွေ မှုန်နေတာလား ဝမ်ဟန်!
ငါ မင်းသူငယ်ချင်း ရှောင်းကျန့်နော်။ ပြီးတော့ ငါက ယောကျာ်းလေးပါ။ အသိနည်းနည်းရှိပါဦး ဝမ်ဟန်!!"
ရှောင်းကျန့်ရဲ့ လှုပ်ခါသွားတဲ့နှုတ်ခမ်းလေးတွေကို ကြည့်ပြီး ဝမ်ဟန်ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ငါ အဲ့တာတွေ အကုန်သိတယ် ကျန့်!
ဒါပေမဲ့ ငါ မင်းကို ချစ်မိသွားတယ်။ငါ့ ကြင်ယာတော်အဖြစ် မင်းကို ပိုင်ဆိုင်ချင်တယ် ငါ့ကို လက်ခံပေးပါ ကျန့်...."
ရှောင်းကျန့်က ဘာမှထပ်မပြောတော့ဘဲ ခေါင်းငုံ့သွားတာကို ဝမ်ဟန် သိပ်အလိုမကျ။
"ငါ တောင်းပန်ပါတယ် ဝမ်ဟန်။
မင်းပြောတာတွေကို ငါ လက်ခံမပေးနိုင်ဘူး။"
ဝမ်ဟန်က နံရံကို တစ်ချက်ထိုးလိုက်ပြီး ရှောင်းကျန့်ကို မေးဖျားကနေ ဆွဲကိုင်လိုက်သည်။
"ငါ့ကို ဘာလို့လက်ခံမပေးနိုင်ရတာလဲ ကျန့်။
ဘာလဲ မင်းရင်ထဲမှာ တစ်ယောက်သောသူရှိနေတာလား!"
"ဟုတ်တယ်"
မဆိုင်းမတွ ပြန်ဖြေလိုက်တဲ့ ကျန့်ကြောင့် မေးဖျားကို ကိုင်ထားတဲ့လက်ကို လွှတ်လိုက်ပြီး နံရံနှစ်ဖက်ပေါ် ထပ်မံထောက်လိုက်သည်။အံကိုလည်းကြိတ်ထားပြီး အသေအချာကြည့်လျှင် ဝမ်ဟန်ရဲ့ မျက်လုံးတွေထဲမှာ မီးတောက်နေတာကို တွေ့ ရမည်လည်း ဖြစ်သည်။
"သူက ဘယ်သူလဲ ကျန့်!
ငါ့ကို ပြောပြ"
"သူကသူက...."
"......"
"ရိပေါ်...."
ဝမ်ဟန် တစ်ကယ့်ကိုအံ့သြသွားတာ။တစ်စက်တည်း ဒေါသလည်း ထွက်လာသည်။
"ဟက်!"
လမ်းမပေါ်ကနေ လက်ပိုက်ကာ ကြည့်ပြီး ရယ်နေသော ပြိုင်ဖက် ညီတော်အိမ်ရှေ့စံ ဝမ်ရိပေါ်။ဝမ်ရိပေါ်က ဘာမှမပြောဘဲ ကျန့်ကိုတစ်ချက်ကြည့်ပြီး အကြည့်လွှဲသွားသည်။
ကျန့်ကတော့ အတော်ကြာမှ ပြေးထွက်သွားပြီး အခုဏက ဝမ်ရိပေါ် ပြန်လှည့်သွားတဲ့လမ်းသို့ အဆက်မပြတ်ပြေးသွားတော့သည်။
အခုလည်း ထပ်မံ၍နောက်တစ်ခါ သူ့ ရှေ့ကနေ ထွက်သွားပြန်ပြီ။သူ ချစ်ရတဲ့အကောင်လေးတွေ ပြီးတော့ သဘောကျရတဲ့ အရာတွေထက် ဝမ်ရိပေါ်ကို ပိုသဘောကျပါသည်တဲ့။
သဘောကျနိုင်တုန်း ကျထားလိုက်ပါ ကျန့်။
ဒါပေမဲ့ တစ်နေ့မှာတော့ ကိုယ့်ရဲ့ ကြင်ယာတော်က မင်းဘဲဖြစ်စေရမယ်။
******************
ဝမ်ရိပေါ် ထိုင်ရင်း အတိတ်ဘဝက အကြောင်းအရာတစ်ချို့ ကို စဉ်းစားနေမိသည်။ဘာတွေများ လွဲနေမှန်း မသိပေမဲ့ ရှောင်းကျန့် သူ့ အနားကို ချဉ်းကပ်ပုံကတော့ တစ်ထပ်တည်း။နည်းလမ်းလေးပဲ မတူတာ။
ဟိုဘဝမှာတုန်းက ဝမ်ရိပေါ်က ရှောင်းကျန့်နဲ့သူငယ်ချင်း ဖြစ်ချင်ခဲ့တာ။ဒါပေမဲ့ ဒီဘဝမှာတော့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို သူငယ်ချင်းဖြစ်ချင်တာပါတဲ့။
ဘာလဲ အဖြစ်အပျက်တွေက ပြောင်းပြန်ကို ဦးတည်နေတာလား။ဘာတွေဖြစ်လာမှန်း မသိတာချင်းအတူတူ ရှောင်းကျန့်ကို အနားမှာထားပြီး စောင့်ကြည့်တာက အကောင်းဆုံးပဲ။ ဒါမှ သူဘာလုပ်လုပ် သိနေမှာ။
"အရှင့်သား ကျွန်တော်ရှောင်းကျန့်ရောက်ပါပြီ!!"
ဟက်ဟက်ဒီကောင်က လူတစ်ယောက်ကို စကားနဲ့ ဘယ်လိုသိမ်းသွင်းရမလဲ သိနေတာပဲ။အရင် ဝမ်ရိပေါ်သာ ဒီစကားကို ကြားရင် တော်တော်သဘောကျနေမှာ။ပြီးရင် လှုပ်ခတ်သွားတဲ့ နှုတ်ခမ်းပါးလေးနဲ့ ဝိုင်းစက်နေသော မျက်စံလေးတွေကို ချစ်ပြီး မြတ်နိုးနေမှာ။
ဒါပေမဲ့ အခု ဝမ်ရိပေါ်ကတော့ ထိုစကားကို ကြားကောင်းရုံလောက်ပါပဲ။အရှေ့မှာ ကွေးကွေးလေးထိုင်ကာ ဦးညွှတ်နေသည့် သူကို သေချာကြည့်လိုက်သည်။မျက်လုံးတွေက ဘာမှမထူးခြားမှုမရှိသလို နှုတ်ခမ်းတွေရော ဘာထူးလို့လဲ။အားမနာတမ်းပြောရမယ်ဆိုရင် အပျော်မယ်တွေရဲ့ ခြေဖျားလေးတောင် မှီမနေဘူး။
"အထုပ်တွေကို နေရမဲ့နေရာမှာနေရာချပြီးရင် ဒီတစ်ဆောင်လုံး သန့်ရှင်းရေးလုပ်ထား!! ချွင်းချက်အနေနဲ့ မင်းတစ်ယောက်ပဲ လုပ်ရမယ်!"
"ရှောင်းကျန့် လုပ်ဆောင်ထားလိုက်ပါ့မယ် အရှင့်သား"
အိုးတကယ်ကြီးကို နာခံနေတာပဲ။
အရင်ဘဝက ရှောင်းကျန့်သာဆိုရင် သူ့ ကို နည်းနည်းလေးဖိပြောလိုက်တာနဲ့ အတင်းရန်ပြန်တွေ့ တက်တာမျိုး။
အခုတစ်ယောက်က ဘာပြောပြော လက်ခံနေတာချည်းပဲ။
မင်းနည်းလမ်းတွေက ငါရိုးနေပါပြီ ရှောင်းကျန့်ရယ်။
အစပိုင်းမှာ ငါ့အကြိုက်ဆောင်ပြီး နောက်ပိုင်းမှာ ငါ့ဂုတ်ကို ကိုင်ပြီး သွေးစုပ်ချင်နေမလား။လာစမ်းပါတွေ့ ကြသေးတာပေါ့။
Advertisement
--------------------------------
"ကျိရန်!!"
"အမိန့်ရှိပါ အရှင့်သား"
"အခုတလော ခမည်းတော် အနားမှာနေတာ ဘာထူးခြားသေးလဲ။အိပ်ဆောင်ထဲကို တစ်စုံတစ်ယောက် ခိုးဝင်လာတာမျိုးတွေရှိသေးလား!"
"အဲ့လိုမျိုးတော့ မတွေ့ မိပါဘူး အရှင့်သား။
ဒါပေမဲ့ ဘုရင်ကြီးက အရှင့်သားမယ်မယ်နဲ့ ဆွေးနွေးနေတဲ့အကြောင်းအရာတစ်ခုတော့ရှိပါတယ် အရှင့်သား"
"ဘာများလဲ ကျိရန်!
ငါ့ကို အမြန်လျှောက်တင်"
"အရှင့်သားကို လက်ဆက်ပေးဖို့တဲ့။
အမတ်ကြီးလီရဲ့ သမီးတော်နဲ့ဆိုလား"
"လီရှင်းယန်နဲ့လား!"
"အရှင့်သားက သိနေတယ်"
အရှင့်သားက အရင်တုန်းက ဘယ်သူ့ အကြောင်းကိုမှ စိတ်ဝင်စားတာ မဟုတ်တာကြောင့် အခုလိုမျိုးအမတ်တစ်ယောက်ရဲ့ သမီးတော်ကို သိနေရခြင်းကို ကျိရန် အံ့သြနေမိတာ ဖြစ်သည်။
"ငါက ဒီလိုအလှလေးကို မသိစရာလား!"
အရှင့်သားက တကယ်ကြီးကို သိနေတာပဲ။
အရှင့်သားမျက်နှာမှာလည်း သဘောကျတဲ့အရိပ်အယောင်တွေ တွေ့ နေရသည်။အမတ်သမီး ရှင်းယန်လေးက အရှင့်သားတိတ်တခိုးချစ်နေတဲ့ သူများလား။
"ဒါနဲ့ အရှင့်သား ထိုမင်းသမီးလေးကို သဘောကျတယ်ဆိုပါတော့"
"အဟမ်း!! ငါ အဲ့လိုပြောမိလို့လား?"
"မျက်နှာက သိသာပါတယ်"
"ပြောလို့ပြီးပြီမလား သွားတော့!"
"အမိန့်အတိုင်းပါ"
အခုနတင် ပြုံးဖြီးနေသည့် အရှင့်သားက ချက်ချင်းပင်ပြောင်းလဲသွားပြီး သူ့ ကိုအတင်းနှင်ထုတ်နေသည်။မတရားလိုက်တာ!!
------------------------
"ရှောင်းကျန့်!"
"အမိန့်ရှိပါ အရှင့်သား"
ဝတ်ရုံတွေကို လျှော်ဖွတ်ပြီး လှန်းနေရင်း အနောက်က အရှင့်သားဝမ်ရိပေါ်ခေါ်သံကြောင့် ရှောင်းကျန့် ထိတ်ခနဲ ဖြစ်သွားမိသည်။
"ငါ ရေချိုးမလို့။ဂျေးလာတွန်းပေး!!"
"ဟုတ်ကဲ့။ကျွန်တော်ရှောင်းကျန့် အခုပဲ လာပါ့မယ်!"
မော့မကြည့်ဘဲ ဘေးနားကနေ ထွက်သွားဖို့ လုပ်နေသည့် ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်အနည်းငယ်စိတ်မသက်မသာဖြစ်သွားသည်။
ထို့ကြောင့် အရှေ့ကနေ ပိတ်ရပ်ပစ်လိုက်တာကြောင့်ရင်ဘတ်ကို လခေါင်းလုံးလုံးလေးက လာတိုက်သည်။အရှင့်သားရင်ဘတ် အနည်းငယ်တော့ အောင့်မျက်သွားသည်။ဘာသားနဲ့ထုထားလို့ အဲ့ခေါင်းက အဲ့လောက်မာနေရတာလဲ။
ထိုအခါမှ သူ့ ရဲ့မျက်နှာကို မော့ကြည့်လာပြီး အတင်းတောင်းပန်လာတော့သည်။
"တောင်းပန်ပါတယ်တောင်းပန်ပါတယ် အရှင့်သား
ကျွန်တော်မျိုးအမှားပြုမိပါတယ်ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ မင်းသား"
ဝမ်ရိပေါ် ဘာမှပြန်မပြောဘဲ လက်ပိုက်ကာ နှုတ်ခမ်းတစ်ဖက်ကို ရွဲ့ ရင်းကြည့်နေလိုက်သည်။ခေါင်းငုံ့ထားတဲ့အတွက် ပုတ်ခတ်ပုတ်ခတ် လုပ်နေသည့် မျက်တောင်စင်းစင်းလေးကို တွေ့ ရသည်။
လက်နှစ်ဖက်က အရှေ့ကို တွယ်ယှက်ထားပြီး လက်ချောင်းထိပ်တွေအချင်းချင်း တတိတိထိစပ်နေသည်။ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလို့ ဝမ်ရိပေါ်စိုက်ကြည့်နေလဲ သူ့ ကိုယ်သူတောင် မသိဘူး။ဒါပေမဲ့ ကြည့်လို့တော့ကောင်းတယ်။ မျက်နှာလေးကို သေချာမြင်လိုက်ရရင် ပိုကြည့်လို့ကောင်းမယ်ထင်တယ်။
"မျက်နှာမော့လိုက်!"
အနားကို ခြေနှစ်လှမ်းလောက်တိုးကပ်သွားပြီး အကြည့်ချင်းဆုံဖို့ရှောင်နေသည့် မျက်လုံးလေးတွေကို စိုက်ကြည့်လိုက်သည်။မေးဖျားကို လက်နဲ့ဖိကိုင်လိုက်ပြီး ပိုမိုနီးကပ်စေလိုက်သည်။
"အဲ့မျက်လုံးတွေနဲ့ ငါ့ကိုကြည့်!"
မျက်လုံးတွေဆုံကြည့်လာပေမဲ့လည်း နှုတ်ခမ်းတွေက တဆက်ဆက်တုန်လာပြီး မျက်လုံးဝိုင်းဝိုင်းထဲမှာ အရည်ကြည်လေးတွေ ဝေ့တက်လာသည်။ဘာလဲဒီကောင် ငါ့ကို ကြောက်လို့ ငိုတော့မှာတော့ မဟုတ်နိုင်ဘူးမလား။
ဟိုဘဝက ဒီလိုဖြစ်ဖို့နေနေသာသာ ဒီလိုပုံစံမျိုးနဲ့တောင် နှစ်ယောက်သား မနီးကပ်ဖူးဘူး။ဟိုဘဝကတုန်းကတော့ မြတ်နိုးလွန်းလို့ မထိရက် မကိုင်ရက်နဲ့ ဖြစ်ခဲ့တာ။ဒါပေမဲ့ သူကတော့ ကိုယ့်ကို ကလဲ့စားချေဖို့ သက်သက်အတွက်နဲ့ ချဉ်းကပ်ခဲ့တာပဲ။
ကိုယ်ကသာ မင်္ဂလာဦးညမျိုးမှာတောင် စကားလေးတစ်ခွန်းကြောင့် တန်ဖိုးထားလွန်းခဲ့တာ။သူကတော့ ကိုယ်မသိခဲ့တဲ့နောက်ကွယ်မှာ အခြားတစ်ယောက်နဲ့ရက်ရက်ရောရောကို ဆက်ဆံနေခဲ့တာ။
အတွေးတွေက အလိုလိုရောက်လာရင်း လက်ဖြင့်ဖျစ်ကိုင်ထားတဲ့ မေးဖျားကို ပိုမိုဖျစ်ကိုင်လိုက်သည်။မျက်လုံးထောင့်ကနေ စီးကျသွားတဲ့ မျက်ရည်စက်လေးက တစ်ပြိုင်နက်!
"မင်းက ငါ့ကို ကြောက်လို့ ငိုနေတာလား ရှောင်းကျန့်!"
ဘာမှပြန်မပြော။နောက်တစ်ခေါက် အဲ့မျက်လုံးကနေပဲ မျက်ရည်တွေက စီးကျလာပြန်သည်။
"ငါ့ကို စကားပြန်ပြောလေ!
ချက်ချင်းပဲ အ သွားတာလား ဟမ်!!"
ယုန်သွားလို ခပ်ကြီးကြီးသွားနှစ်ချောင်းက မှဲ့ရှိတဲ့ အောက်နှုတ်ခမ်းဖက်ကို ကိုက်လိုက်သည်။ဝမ်ရိပေါ် ရှောင်းကျန့်မျက်နှာရဲ့ အပြုအမူတစ်ချက်ချင်းစီကို အသေအချာလိုက်ကြည့်နေမိသည်။
"ဘာကို အံကြိတ်ခံနေတာလဲ။
ငါ မင်းကို တက်လုပ်နေတာ မဟုတ်ဘူးနော်!"
သူ့ စကားတွေကို ဘယ်အတိုင်းအတာထိ ရောက်သွားလဲ သူမသိ။စကားပြန်မပြောလို့ဆိုတာထက် သူ ဘာမှမလုပ်ဘဲနဲ့ မျက်ရည်ကျနေတဲ့ ထိုအကောင်ကြောင့် ဒေါသတွေ ဖြစ်နေရတာ။
"ရိပေါ်"
"ဟမ်!!"
ခပ်တိုးတိုးအသံကြောင့် ဝမ်ရိပေါ်အနား ပိုကပ်လိုက်သည်။
"ရိပေါ်!"
ဒီတစ်ခါတော့ ရှောင်းကျန့်ဆီက ခေါ်သံတော့မဟုတ်။
နောက်ကအသံကြောင့် ရှောင်းကျန့်ကို လွှတ်ပြီး နောက်လှည့်ကြည့်လိုက်သည်။
"မယ်မယ်..."
"သားတော်လေးက မယ်မယ့်ဆီမလာတွေ့တော့
ကိုယ်တိုင်ပဲ လာရတော့တာပေါ့"
မယ်မယ်က ရိပေါ်အနားကို ရောက်လာပြီး ဆံပင်တွေကို သပ်တင်ပေးသည်။ဝမ်ရိပေါ် သူ့ မျက်နှာမှာ ထိတွေ့ နေသည့် လက်လေးကို ဆုပ်ကိုင်လိုက်သည်။
ဟိုဘဝကတုန်းလို သားတော်ကြောင့် မယ်တော် မဖြစ်စေရပါဘူး။ဒီဘဝမှာ မယ်မယ့်ကို အကောင်းဆုံး စောင့်ရှောက်ပါ့မယ်။ဟိုဘဝက ဝမ်ရိပေါ်ကို ခွင့်လွှတ်ပေးပါ မယ်မယ်
မယ်မယ်က အဆောင်ထိလိုက်လာပြီး ဝမ်ရိပေါ်ခေါင်းကို ပေါင်ပေါ်မှာ တင်အိပ်စေပြီး နဖူးလေးကို ပွတ်ပေးနေသည်။
မယ်မယ်က သူ့ ကိုဒီလောက်ချစ်တာကို ဟိုဘဝက အချစ်ရူးဖြစ်နေလွန်းလို့ သူ မမြင်ခဲ့တာ။အရမ်းမှားခဲ့တယ် ဘဝဟောင်းရယ်။
"ခမည်းတော်က သားတော်ကို လက်ဆက်ပေးဖို့ စီစဉ်နေတယ်ဆို ဟုတ်လား မယ်မယ်"
"ရိပေါ်က ဘယ်လိုသိနေတာတုန်း။ဒီအကြောင်းကို မယ်မယ်တောင် မနေ့ကမှ သိတာ"
"ဒီလိုပါပဲ အဟီး"
Advertisement
"ဟုတ်တယ်။လီအမတ်ကြီးရဲ့ တစ်ဦးတည်းသော သမီးလေးနဲ့လေ။ကလေးမလေးက လှလှလေးမို့ သားတော် သဘောကျမှာပါ"
"သားတော်ရဲ့ ပထမဆုံးမိဖုရားပဲ။သဘောကျရမှာပေါ့"
"ဒါဆို အမြန်ဆုံးစီစဉ်ပေးဖို့ မင်းကြီးကို မယ်မယ်ပြောပေးရမလား""
"မယ်မယ့်သဘောပါဗျာ"
"အမယ်ငါ့သားတော်လေး ရှက်နေတာ ပထမဆုံးပဲဟေ့!"
သားအမိနှစ်ယောက်က ပြုံးရွှင်နေပေမဲ့လည်း နံရံအကွယ်က ကောင်လေးတစ်ယောက်ကတော့ လက်သီးဆုပ်ကို ကိုက်ကာ ကြိတ်ငိုနေသော ကောင်လေးတစ်ယောက်ကို မည်သူ့ ကမှ မမြင်လိုက်။
-----------------------------------------------------------------
Zawgyi
-4- ( ပြင်ဆင်ပြီး )
"ကျန့်...."
"မင်းသား ဝမ်ဟန်!"
"ကိုယ်ပြောစရာရှိတယ်"
"ကျန့်!"
"ဟုတ်တယ်"
"သူက ဘယ်သူလဲ ကျန့်!
ငါ့ကို ပြောပြ"
"သူကသူက...."
"......"
"ရိပေါ်...."
"ဟက်!"
******************
--------------------------------
"ကျိရန်!!"
"ဘာများလဲ ကျိရန်!
"လီရှင်းယန်နဲ့လား!"
"အရှင့်သားက သိနေတယ်"
"မျက်နှာက သိသာပါတယ်"
"အမိန့်အတိုင်းပါ"
------------------------
"ရှောင်းကျန့်!"
"ငါ ရေချိုးမလို့။ဂျေးလာတွန်းပေး!!"
"မျက်နှာမော့လိုက်!"
"ရိပေါ်"
"ဟမ်!!"
"ရိပေါ်!"
"မယ်မယ်..."
Advertisement
-
In Serial43 Chapters
Claiming Her Back (COMPLETED)
Get out of my house. I don't want to see you ever again slut!Those were the exact words he threw at my face. It had been a year now but I still couldn't forget him. My new born baby got his blue eyes.I just didn't know why he called me a slut. I should had been warned by his coldness towards me the week before we got divorce. I never saw it coming.He was David James Miller. Of course, he could always find another woman to replace me. He always had women on his beck and call before I got married to him. He was my first in everything. He was so happy when he learned that I was still a virgin. I waited for the right time and it was worth it, with him.He divorced me without any explanation. Then he suddenly appeared and wanted to get back to my life, to our lives.
8 559 -
In Serial65 Chapters
Surviving His Royal Highnass, Prince Ashton
**COMPLETED AND UNDERGOING EDITING**Note: The title's not a typo.His fingers traced up my arms as I steadily backed away, stopping only when I felt the wall. His feather light touch sent satisfying shudders down my spine. He leaned in and kissed my collarbone and slowly moved up, leaving a trail of kisses behind. I hissed and reached up to stop him."Ash!" I chastised.He looked into my eyes with his own, the blue in his glazed over with desire, "Hm?""We can't. Not now."He let out a low whimper, "Then when?"He'd never been so persistent before.It was the wine.What if your kingdom was on the verge of destruction, and the only thing that you could do to stop it is by marrying an intolerant, rudimentary, blue-blooded man who has never been on your good side from birth? The king of Sedalia has passed away, bringing two kingdoms on the verge of war. Evelyn must marry Prince Ashton in order for him to take over the kingdom as the rightful heir. How will this arrangement work out, if at all? Will Evelyn succeed with all the duties of being Queen, nonetheless being the wife of a highnASS?
8 142 -
In Serial32 Chapters
Aquila. [Uchiha Madara ]
[Edited]Aquila is a carefree and an obnoxious girl. Growing up in the Uchiha Stronghold has been something she wished fate didn't put her through. The Fire Hawk sealed inside her only gave her faith and wisdom for what the future holds. Especially for a certain individual. It was him.The one mistake that got her startled was feeling regret. One cocky move and everything was flipped around. This had put them through many altercations. She despised him; couldn't bear to look at him. He has shown her a side that none other has seen. Madara only has three faces: one for his clan, one for his rival, and the real him that he keeps hidden. Affection towards one another soon follows later on, which surprises her deceiving heart. Could she handle her true feelings? Or will she keep holding back?<><><><>Highest Ranking #51 MadaraTakes place in the Warring States and the beginning of Konoha!- cover made by me! © Copyright 2015
8 177 -
In Serial13 Chapters
Torbellino Rojo (Traducción) (Antigua Versión)
Había cientos de millones de hombres en el mundo de los que ella podría haber elegido enamorarse. Su mayor enemigo y ese idiota Naruto, sin embargo, no era uno de ellos. *Traducción* *Aka Whirlpool* *Antigua Versión*
8 91 -
In Serial68 Chapters
Realm of Love [Short Love Stories]
Realm (noun.) - a kingdom.Where love resides and conquers because it's a Kingdom of Love.❤️An Anthology of Sweet & Short Love Tales 🕊1. Blessed With The Best. ✓『Trope • High school romance & airport romance.』2. Broken Souls. ✓『Trope • Second marriage &process of healing from abusive relationship.』3. Painfull Facade. ✓『Trope • Clowned revenge & childhood friends』4. Blaze Of Tangled Emotions. ✓ (Published in paperback)『Trope • Cousin's love, love triangle & backstory of the parents.』5. Recovering The Ruined Hope. ✓『Trope • Second love & Supporting love』6. Peerless Perfection.『Trope • Grumpy X Sunshine, healing the abused, enemies to lovers』#53 in pakistani [11-03-2021]#01 in sobstory [13-11-2022]#98 in islam [11-03-2021]#49 in broken [16-04-2022]#90 in india [10-01-2022]#2 in short stories [13-11-2022]#14 in spiritual [13-11-2022]
8 188 -
In Serial46 Chapters
JenLisa | ONE DAY [COMPLETED]
*18+ warning"I-I'm your girlfriend!""What!?! How is that possible?!"Jennie Kim goes on a business trip with her company to Yongpyong Ski Resort. Lalisa Manoban, Jennie's colleague and secret admirer is also going on the business trip.Jennie then meets with an unfortunate accident which causes her to have temporary amnesia and lose all her memories. But this condition will only last one day.Will Lisa take this opportunity to finally be with Jennie? Will Jennie remember what happened after the 24 hours runs out?-----------------------------
8 152