《After Agonising ,Will You Love Again? [ Completed ]》CHAPTER - [ 3 ]
Advertisement
Zawgyi
"ေတာက္!! လံုးဝမေက်နပ္ဘူး"
အေဆာင္ေတာ္ထဲမွာ စားပြဲခံုကို ဆြဲေမွာက္လို့ ေသာင္းက်န္းေနေသာ မိဖုရားေခါင္ႀကီးရဲ့သားေတာ္ မင္းသားဝမ္ဟန္။
သူ ့သားအခုလိုမ်ိဳး ျဖစ္ပ်က္ေနတာကို မိဖုရားေခါင္ႀကီး မေက်နပ္ေသာ္လည္း မင္းႀကီးအမိန့္ျဖစ္ေနတာေႀကာင့္ လြန္ဆန္၍မရ။
"အဲ့ေကာင္က ဘာထူးျခားလို့လဲ။
ႀကင္ယာေတာ္ တစ္ေယာက္ရဲ့သား...အိမ္ေရွ့စံဆိုတာမ်ိဳးက
သားေတာ္လို့ မိဖုရားေခါင္ႀကီးရဲ့ သားပဲ ျဖစ္သင့္တယ္ မဟုတ္ဘူးလား မယ္မယ္!"
ဝမ္ဟန္က သူ ့မယ္ေတာ္ လက္ေမာင္းရင္းနွစ္ဖက္ကို ဆြဲကိုင္လို့ ေျပာေနသည္။မယ္မယ္က ဝမ္ဟန္ကို ဆြဲဖက္လိုက္ျပီး
ေခါင္းေလးကို ပုတ္ေပးလိုက္သည္။
"သားေတာ္က ဘုရင္ ျဖစ္ခ်င္တာလား!"
"တစ္စံုတစ္ေယာက္ကို ပိုင္ဆိုင္ရဖို့ အာဏာလိုခ်င္တာပါ မယ္မယ္"
"ဟက္...ငါ့သားေတာ္ကို ဘယ္အိမ္ေတာ္က သမီးကမ်ား ျငင္းလိုက္လို့လဲ!"
"သားေတာ္ ေျပာျပရင္ မယ္မယ္ စိတ္ဆိုးမွာလား!"
ဝမ္ဟန္က သူ ့မယ္ေတာ္ရင္ခြင္ထဲကေန ေမာ့ႀကည့္ရင္း ထိုစကားကို ဆိုလာသည္။မယ္မယ္က ျပံဳးကာ ေခါင္းခါျပသည္။
"အဲ့ဆို ေျပာမယ္ေနာ္။
သူက ...သူက မိန္းကေလး မဟုတ္ဘူး မယ္မယ္!"
"သားေတာ္!!!"
"......"
"မျဖစ္သင့္ဘူး!"
"လူတစ္ေယာက္က လူတစ္ေယာက္ကို ခ်စ္တာ မျဖစ္သင့္ဘူးဆိုတာ ရွိလို့လား မယ္မယ္"
မယ္မယ္က ဝမ္ဟန့္ေခါင္းေလးကို အသာပုတ္ရင္း သက္ျပင္းအနည္းငယ္ခ်လိုက္သည္။
"အခု သားေတာ္က ငယ္ပါေသးတယ္။
အခ်ိန္အေတာ္ႀကာလို့ သားေတာ္ကိုယ္တိုင္က အဲ့ကေလးကို
သေဘာက်မိေနေသးတယ္ဆိုရင္ မယ္မယ္ကိုယ္တိုင္ လက္ဆက္ေပးပါ့မယ္။အခုေတာ့ သားေတာ္ေျပာတဲ့အာဏာရေအာင္ အရင္ႀကိဳးစား! မယ္မယ္ သေဘာေပါက္လား သားေတာ္!"
ဝမ္ဟန္က ေခါင္းကို အတြင္တြင္ ျငိမ့္ျပျပီး ျပံဳးသည္။
"သားေတာ္ သူ ့ကို တကယ္ပိုင္ဆိုင္ခ်င္တာ မယ္မယ္…"
***********
ဝမ္ရိေပၚ ခမည္းေတာ္က အိမ္ေရွ့စံခ်ီးေျမွာက္တာကို ေက်ေက်နပ္နပ္ပဲ ခံယူခဲ့သည္။ဘုရင္ဆိုတဲ့ အာဏာကို မက္ေမာလို့ဆိုလားဆိုရင္ မဟုတ္ဘူး။ဒါေပမဲ့ သူသာလ်ွင္ ဘုရင္ျဖစ္နိုင္ဖုိ့ သင့္ေတာ္တယ္လို့ ဝမ္ရိေပၚက သူ ့ကိုယ္သူ ယံုႀကည္သည္။
"အရွင့္သား အရွင့္သား!"
တံခါးအျပင္ဘက္က တစ္စံုတစ္ေယာက္ေခၚသံေႀကာင့္ ဖတ္လက္စ စာအုပ္ကို ေဘးခ်ျပီး တံခါးကို ကိုယ္တိုင္ပဲ သြားဖြင့္လိုက္သည္။
အျပင္က သက္ေတာ္ေစာင့္က်ိရန္ဆိုသူက သူ ့ကိုျမင္တာနဲ့ ခ်က္ခ်င္း ခါးကို ညႊန့္ကိုင္းသည္။
"ဘာကိစၥရွိလို့လဲ က်ိရန္!"
ကိုယ္ရံေတာ္ က်ိရန္နဲ့ ငယ္ငယ္ကတည္းက ႀကီးပ်င္းလာသူမို့ ရင္းရင္းနွီးနွီးသာ ဆက္ဆံျဖစ္သည္။အသက္ဆိုရင္ က်ိရန္က သူ ့ထက္တစ္နွစ္ပိုႀကီးသည္။
"အရွင့္သား စံုစမ္းခိုင္းထားတဲ့ အေႀကာင္းအရာ သိရွိရပါျပီ!"
"ဒါဆို အထဲဝင္ေျပာေလ!"
"အမိန့္အတုိင္းပါ အရွင့္သား"
က်ိရန္က ဝင္လာျပီးသည္နွင့္ တံခါးကို ေသခ်ာျပန္ပိတ္လိုက္သည္။
"အရွင့္သား"
"အင္း ေျပာပါ!"
"အဲ့ေကာင္ေလး နာမည္က ေရွာင္းက်န့္ပါ။
သူက စစ္သူႀကီးေရွာင္းရဲ့ သားပါ။စစ္သူႀကီးေရွာင္းက တစ္ျခား ရန္ျပဳလိုသည့္အိမ္နီးခ်င္းနုိင္ငံတစ္ခုနဲ့ တိတ္တဆိတ္ဆက္သြယ္ျပီး ပုန္ကန္ဖို့ ျပဳေနတာေႀကာင့္ ဘုရင္ျမင့္ျမတ္က ထိုအေႀကာင္းအရာကို သိရွိျပီး တစ္အိမ္သားလံုး ေသဒဏ္ခ်မွတ္ခဲ့တာပါ"
"ဒါဆို ေရွာင္းက်န့္က ဘာလို့အသက္ရွင္ေနတာလဲ!"
"အဲ့အခ်ိန္တုန္းက အရမ္းငယ္ေသးတာမို့ ရဲမက္ေတြက သနားျပီး သူ ့ကိုလႊတ္ေပးခဲ့တာပါ"
"အခု ဝမ္ဟန့္အနားဘာလို့ေရာက္ေနတာလဲ!"
ဝမ္ရိေပၚက က်ိရန္ကို အေသအခ်ာစိုက္ႀကည့္ကာ ေမးေနသည့္မို့ သူ နည္းနည္းေတာင္ တံုလွဳပ္ရသည္။အရွင့္သားက ဥယ်ာဥ္ေတာထဲမွာေနတဲ့ ေကာင္ေလးတစ္ေယာက္ကို စံုစမ္းခိုင္းတာကိုေတာင္ သူ ့မွာ အံံႀသေနရတာ။
အခု သိရတဲ့ အေႀကာင္းေတြ ျပန္ေျပာျပေတာ့လည္း အံကို ႀကိတ္ႀကိတ္ျပီး အတိအက် ျပန္ေမးေနတာေႀကာင့္ က်ိရန္ ဒူးပင္ တုန္ခ်င္လာေလျပီ။
"မင္းသား ဝမ္ဟန္က ရဲမက္လက္ထဲကေန ၅နွစ္အရြယ္ ကေလးေလးကို ခ်စ္လို့ဆိုျပီး အတင္းလုထားခဲ့တယ္။ျပီးေတာ့ သူ ့ရဲ့ပန္းဥယ်ာဥ္ထဲမွာ အေသအခ်ာ ႀကည့္ရွဴ ့ေစာင့္ေရွာက္ထားတာ"
"ဟက္...ခ်စ္တတ္လိုက္တာ!"
အရွင့္သားက လက္သီးကို တင္းတင္းဆုပ္ကာ ေတာက္ေခါက္လာသည္မို့ က်ိရန္ တကယ္ပင္ ေႀကာက္လာပါသည္။
သို့ေသာ္ သူက ကိုယ္ရံေတာ္မလား။ဒီေလာက္ေတာ့ ေအးေဆးပါ။
"က်ိရန္!!"
"အမိန့္ရွိပါ မင္းသား"
"ခမည္းေတာ္ကို ေသခ်ာေစာင့္ေရွာက္ေပးပါ။ကိုယ္ရံေတာ္ေတြကိုလည္း ခင္ဗ်ားသိတဲ့လူေတြပဲ ေျပာင္းထားေပးပါ။ခဗ်ားကိုယ္တိုင္လည္း သြားျပီး ေစာင့္ေရွာက္ေပးပါ!"
"ဒါဆို အရွင့္သားကေရာ"
"ငါက အဆင္ေျပတယ္။ငါ့အမိန့္ကို နာခံပါ!
ခမည္းေတာ္ တစ္စံုတစ္ခုျဖစ္လို့ကေတာ့ ခဗ်ားအရင္ ေခါင္းျဖတ္ခံရမယ္။!"
"အမိန့္ေတာ္ျမတ္အတိုင္းပါ"
အရွင့္သားက ေျပာင္းလဲသြားသည္ဟု က်ိရန္ ထင္မိသည္။
အရင္တုန္းက အရွင့္သားပံုစံက သူ ့ဘာသူ တစ္ေယာက္တည္းေနတတ္ျပီး ဒီလို ဘုရင္ျမင့္ျမတ္နဲ့ပတ္သတ္ျပီး ပူပန္တာ မေတြ ့ဖူးေပ။
ျပီးေတာ့ တစ္စံုတစ္ေယာက္ကိုလည္း ေသခ်ာအာရံုစိုက္ျပီး မေမးျမန္းခဲ့ဖူးေပ။အရွင့္သားရဲ့ အရင္တုန္းက မ်က္လံုးေတြက နူးညံ့ေနသေလာက္ အခုပံုစံက အျမဲတမ္း ေတာက္ပေနသည္။တစ္စံုတစ္ခုကို အခဲမေႀကသလိုမ်ိဳး မေက်နပ္သလိုမ်ိဳး…။
Advertisement
မထင္မွတ္ထားေလာက္လည္း နုိင္ငံေတာ္နဲ့ပတ္သတ္တဲ့ စာေပေတြကို ဖတ္လာတာေတြ ့သည္။ဓားေရးကိုလည္း အရင္ကထက္ ပိုေလ့က်င့္ေနတာလည္း ေတြ ့သည္။
က်ိရန္မ်က္စိထဲမွာ အရွင့္သားက တကယ့္ကို ေျပာင္းလဲလာတာပင္။
**************
"ရိေပၚ!"
လမ္းသြားေနတုန္း တစ္စံုတစ္ေယာက္က သူ ့နာမည္ကို ေခၚလိုက္တာေႀကာင့္ ေနာက္ကို ေျခတစ္လွမ္းျပန္ဆုတ္ကာ စူးစမ္းႀကည့္လိုက္သည္။
မယ့္မယ့္ကို ေတြ ့ခ်င္လာတာေႀကာင့္ ကိုယ္ရံေတာ္ေတြကို ေခၚမလာဘဲ တစ္ေယာက္တည္း ထြက္လာေသာ သူ။
သူ ့ျမင္ကြင္းမွာ ေပၚလာတာက သူ ့အကိုေတာ္ျဖစ္ပံုရတဲ့ တစ္ေယာက္က ခပ္ေသးေသးလူတစ္ေယာက္ရဲ့ မ်က္နွာ ေဘးတစ္ဖက္ တစ္ခ်က္စီကို လက္ေထာက္ထားသည္။
အံကိုလည္း ႀကိတ္ထားျပီး ေရွ့ကလူရဲ့ မ်က္လံုးေတြကို ခပ္ရဲရဲကို ႀကည့္ေနတာ။ဟိုတစ္ေယာက္ကေတာ့ မ်က္နွာေလးကို ဇီးရြက္ေလးလို ေသးေသးေလးလုပ္ျပီး သူဖုန္းစားေတြရဲ့ မ်က္လံုးနဲ့ သူ ့အကိုေတာ္ကို ေမာ့ႀကည့္ေနသည္။
ဘာရယ္မဟုတ္ပါဘူး။ထုိျမင္ကြင္းကို လက္ပိုက္လို့ ရပ္ႀကည့္ေနလိုက္သည္။
"ဟက္!!"
သူလည္း ဘာကို ရယ္ခ်င္မွန္း မသိဘူး။ေရွ့က လူနွစ္ေယာက္က သူ ့ကို လွည့္ႀကည့္လာ၏။သူ ့အကိုရဲ့လက္ေတြက ဖယ္သြားျပီး ဟိုလူကေတာ့ ဝမ္ရိေပၚကို ႀကည့္ေနက် အႀကည့္ေတြနဲ့ ျပန္ႀကည့္လာျပန္သည္။
မ်က္လံုးကို ေရႊ ့ျပီး အႀကည့္ကို လႊဲလိုက္သည္။
မုန္းဖို့ေကာင္းတယ္ ေရွာင္းက်န့္။
အဲ့မ်က္လံုးေတြကို ငါ တကယ္ေဖာက္ထုတ္မိလိမ့္မယ္။
စိတ္ထဲမွာ မႀကည့္ေတာ့တာေႀကာင့္ မယ္မယ့္ဆီကိုလည္း မသြားေတာ့ဘဲ ကိုယ့္အေဆာင္ကို ျပန္လာခဲ့သည္။စိတ္ထဲမွာလည္း ေနွာက္ေနသလိုပဲ။
စားပြဲခံုေပၚမွာ ေရေႏြးပန္ကန္လံုးတစ္လံုးကို ေပါက္ခြဲပစ္လိုက္ေတာ့မွ စိတ္နည္းနည္း တည္ျငိမ္လာသည္။
ဘာလို့ ေရွာင္းက်န့္က သူ ့ကိုေတြ ့တိုင္း အဲ့မ်က္လံုးေတြနဲ့ ႀကည့္ေနရတာလဲ။တစ္ခါခံျပီးသားမို့ ငါ မွတ္ေနပါျပီ။
ဘယ္လိုပဲ ငါ့ဆီကို ေရာက္လာပါေစ ငါ ႀကိဳတင္ျပင္ဆင္ထားျပီမို့ မင္းတို့ လုပ္ခ်င္သလို ျဖစ္လာမွာ မဟုတ္ပါဘူး။
"ေဒါက္!! ေဒါက္!!"
ဘယ္သူကမ်ား သူ ့အခန္းကို လက္ရဲဇက္ရဲ လာေခါက္ေနရတာလဲ။
"ဘယ္သူလဲ!"
"က်ြန္ေတာ္ေရွာင္းက်န့္ပါ အရွင့္သား"
ထိုအသံေႀကာင့္ သူ ့ေသြးေႀကာေတြ ေျခသလံုးကေန အေပၚကဆန္တက္လာသလိုပဲ။သူက ဘာျဖစ္လို့ ဒီကိုလာတာလဲ။
ဒါလည္း အႀကံတစ္ခုပဲ ထင္တယ္။အရင္ဘဝနဲ့ အျဖစ္အပ်က္ေတြက သိပ္မတူတာမို့ နည္းနည္းေတာ့ မွန္းရခက္တယ္။
ေရွာင္းက်န့္ရဲ့ သူ ့အနားကို ခ်ည္းကပ္ပံု ခ်ည္းကပ္နည္းေတြက အရင္ဘဝနဲ့အခုဘဝမွာ နည္းနည္းေလးေတာင္ တူမေနဘူး။အင္း...သူ သတိႀကီးႀကီးထားရမယ္။
"ဝင္ခဲ့!"
အခုနက ေတြ ့ခဲ့တဲ့ ဝတ္စံုေလးနဲ့ပဲ။
အသက္ကို အလုအယက္ရွဴေနပံု ေထာက္ရင္ ေျပးလာခဲ့တာပဲ။ဘာလဲ သူ ့ဆီကို ေျပးလာခဲ့တာေပါ့။ဘာအတြက္ေႀကာင့္လဲ။
မ်က္နွာေတြက အနည္းငယ္ရဲေနျပီး ေခါင္းကိုလည္း ငံု့ထားေသးသည္။လက္ဖဝါးနွစ္ဖက္ကို ပြတ္တိုက္ျပီး တစ္ခုခုေျပာဖို့အားတင္းေနပံုရသည္။
"ဘာေျပာစရာရွိလိ့ုလဲ။
ေျပာစရာရွိရေအာင္ ဆိုရင္လည္း မင္းနဲ့ငါက ရင္းနွီးတဲ့သူေတြ မဟုတ္ဘူးလားလို့!"
"ဟိုေလ...ဟိုေလ က်ြန္ေတာ္..."
ဝမ္ရိေပၚ မ်က္ခံုးတစ္ဖက္ကို ပင့္လိုက္ျပီး ဆက္ေျပာဖို့ အခ်က္ျပလိုက္သည္။
"က်ြန္ေတာ္...အရွင့္သားနဲ့ သူငယ္ခ်င္း...သူငယ္ခ်င္း ျဖစ္ခ်င္လို့ပါ"
ဝမ္ရိေပၚက ထိုစကားကို ႀကားေတာ့ တစ္ဖက္လွည့္ျပီး ရယ္လိုက္သည္။ငါ့အနားေနျပီး ငါ့ကို အနီးကပ္လုပ္ႀကံေတာ့မယ္ေပါ့။အျဖစ္အပ်က္ေတြက အနည္းငယ္လြဲသြားလည္း ေရွာင္းက်န့္ရဲ့မူလရည္ရြယ္ခ်က္က ေျပာင္းလဲမသြားဘူးပဲ။
ေကာင္းျပီေလ ေရွာင္းက်န့္။မင္းက လာစေတာ့လည္း ငါက အလိုက္သင့္လည္း ပါေပးရမွာေပါ့။ဒါေပမဲ့ အရင္ဘဝကလို
အခ်စ္မွာ နစ္ေျမာသြားျပီး လွည္းႀကိဳးထမ္းမယ့္ႏြားတစ္ေကာင္ေတာ့ မဟုတ္ဘူး။
"မင္းနဲ့ငါနဲ့က အဆင့္ခ်င္းေတာ့ မတူေပမဲ့ သူငယ္ခ်င္းေတာ့လုပ္လို့ရပါတယ္။ဒါေပမဲ့ အလကားေတာ့ မရဘူး။ဘယ္လိုလဲ!"
"အရွင့္သားက ဘယ္လိုလုပ္ခ်င္လို့ပါလဲ"
"ငါ့အနားမွာ လာေနျပီး ငါ့က်ြန္လုပ္!
အဲ့ဆို မင္းနဲ့သူငယ္ခ်င္း လုပ္မယ္။
အဆင္ေျပမလား!!"
မေတြမေဝ မဆိုင္းမတြဘဲ ေခါင္းျငိမ့္လိုက္တဲ့ ေရွာင္းက်န့္ေႀကာင့္ ဝမ္ရိေပၚ အနည္းငယ္ေတာင္ အံ့ႀသသြားသည္။
တကယ္ႀကီး ငါ့က်ြန္လုပ္မယ္ေပါ့။
"အဆင္ေျပတယ္ဆို မင္း အခုပဲ ငါ့နန္းေဆာင္ကို ေျပာင္းလာခဲ့။ဒီေန့ကစျပီး ငါ့ေဝယ်ာေဝစၥေတြ မင္း တစ္ေယာက္တည္းပဲ လုပ္ရမယ္!"
"အမိန့္အတိုင္းပါ အရွင့္သား
က်ြန္ေတာ္မ်ိဳး အခုပဲ အဝတ္အစားေတြ သြားယူလာခဲ့ပါ့မယ္"
"ေကာင္းျပီ!"
ေရွာင္းက်န့္တစ္ေယာက္ ပန္းဥယ်ာဥ္ထဲက သူ ့အေဆာင္ေလးသိုု့ ျပန္တဲ့တစ္လမ္းေလ်ွာက္လံုး ျပံဳးေနခဲ့သည္။
ရွိသမ်ွ အဝတ္ေလးကို ေသခ်ာထုတ္ျပီး ေက်ာမွာ ပိုးလိုက္သည္။
အခုနကထက္ ပိုျမန္တဲ့ေျခလမ္းေတြနဲ့ သူငယ္ခ်င္းအသစ္ေလးရွိရာသို့ ခ်ီတက္လာခဲ့သည္။
ဘုတ္
"အင့္!!"
တစ္စံုတစ္ေယာက္ရဲ့ရင္ဘတ္နဲ့ တိုက္မိတာေႀကာင့္ သူ ေနာက္ကို အနည္းငယ္လန္က်သြားသည္။ထိုသူက သူ ့လက္ကို လွမ္းဆြဲျပီး ခႏၶာကိုယ္ကို ျပန္မတ္ေပးသည္။မင္းသား ဝမ္ဟန္ပဲ!!
"က်န့္ အထုတ္ေတြနဲ့ ဘယ္သြားမလို့လဲ!"
ဝမ္ဟန္က သူ ့လက္ေမာင္းနွစ္ဖက္ကို ဖ်စ္ညွစ္ျပီး သူ ့ကိုေမးသည္။အဲ့လက္နွစ္ဖက္ကို ပုတ္ခ်လိုက္ျပီး ကိုယ့္ကို ခါလိုက္သည္။
"အိမ္ေရွ့စံမင္းသားဆီ!"
Advertisement
"ဘာ!!!"
"ဟုတ္တယ္ ဝမ္ဟန္
သူက ငါ့ကို သူငယ္ခ်င္းအျဖစ္သတ္မွတ္ေပးမယ္ သူ ့ဆီက်ြန္လာလုပ္ဆိုလို့။ငါ သြားလုပ္မလို့"
"က်န့္!!! မင္း ရူးေနလား။
အဲ့ေကာင္က တမင္သက္သက္မင္းကို အဲ့လိုလုပ္တာ။
သူ မင္းကို တကယ္ခင္တာ မဟုတ္ဘူး!
ငါ သူ ့ထက္သာေအာင္ မင္းကို ထားေပးတယ္ေလကြာ။သူ ့ဆီမသြားပါနဲ့။ငါ့ထားတဲ့ ပန္းဥယ်ာဥ္ေလးမွာပဲ ေနပါလား က်န့္ရယ္။မင္းႀကိဳက္တဲ့ ပန္းေလးေတြလည္း ရွိတယ္။မင္း ခ်စ္တယ့္အေကာင္ေလးေတြလည္း ရွိတယ္ေလကြာ။အဲ့ကိုေတာ့ မသြားပါနဲ့ က်န့္ရယ္…"
ဝမ္ဟန္က တစ္ခါမွ ဒီလိုမေျပာဖူးသူမို့ ေရွာင္းက်န့္တစ္ေမ့တစ္ေမာႀကီး ျပန္ႀကည့္ေနမိသည္။
မွင္သက္ေနတဲ့ ရုပ္ေလးက တကယ့္ယုန္ေပါက္စေလး။
သြားႀကီးႀကီးေလး နွစ္ေခ်ာင္းကလည္း အသာဟထားတဲ့ နွဳတ္ခမ္းေလးနွစ္လႊာႀကား ထင္းလို့။
ခ်စ္ဖို့ေကာင္းလြန္းတာေႀကာင့္ လက္ျဖင့္ ေမးေစ့ေလးကို ဝမ္ဟန္ ဖိကိုင္လိုက္သည္။ထိုအခါမွ ေရွာင္းက်န့္သတိျပန္ဝင္လာျပီး သူေမးေစ့ကို လာကိုင္တဲ့လက္ကို ရိုက္ထုတ္လိုက္ျပန္သည္။
"ငါက အဲ့ဒီ့အရာေတြထက္ ရိေပၚကို ပိုသေဘာက်တယ္။
ဒါ့ေႀကာင့္ ငါ ရိေပၚအနားမွာပဲ ေနမယ္။မင္း ငါ့ကို ဒီ့ထက္ပိတ္ပင္ဖို့ မလုပ္ေတာ့နဲ့ ဝမ္ဟန္!!!"
ေရွာင္းက်န့္က ဝမ္ဟန္ကို ေက်ာ္ျပီး အျခားဖက္ကို လွမ္းကာထြက္သြားသည္။ထိုစကားေတြကို ေရွာင္းက်န့္က အေထ့မေငါ့မရွိေျပာသြားသည္။
ေရွာင္းက်န့္က သူ ့ကို ဝမ္ရိေပၚထက္ ေစာေစာေတြ ့ခဲ့ျပီးတာေတာင္မွဘာလို့မ်ား သေဘာမက်တာရတာလဲ။ထပ္ျပီးေတာ့ ဝမ္ရိေပၚကို ရွံဳးျပန္ျပီလား။
တစ္ေန့ေတာ့ ငါ မင္းကို အပိုင္ျဖစ္ေအာင္လုပ္မယ္ က်န့္။
မင္း ေစာင့္ေန…!
**************************************
Unicode
-
"တောက်!! လုံးဝမကျေနပ်ဘူး"
အဆောင်တော်ထဲမှာ စားပွဲခုံကို ဆွဲမှောက်လို့ သောင်းကျန်းနေသော မိဖုရားခေါင်ကြီးရဲ့သားတော် မင်းသားဝမ်ဟန်။
သူ့ သားအခုလိုမျိုး ဖြစ်ပျက်နေတာကို မိဖုရားခေါင်ကြီး မကျေနပ်သော်လည်း မင်းကြီးအမိန့်ဖြစ်နေတာကြောင့် လွန်ဆန်၍မရ။
"အဲ့ကောင်က ဘာထူးခြားလို့လဲ။
ကြင်ယာတော် တစ်ယောက်ရဲ့သား...အိမ်ရှေ့စံဆိုတာမျိုးက
သားတော်လို့ မိဖုရားခေါင်ကြီးရဲ့ သားပဲ ဖြစ်သင့်တယ် မဟုတ်ဘူးလား မယ်မယ်!"
ဝမ်ဟန်က သူ့ မယ်တော် လက်မောင်းရင်းနှစ်ဖက်ကို ဆွဲကိုင်လို့ ပြောနေသည်။မယ်မယ်က ဝမ်ဟန်ကို ဆွဲဖက်လိုက်ပြီး
ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
"သားတော်က ဘုရင် ဖြစ်ချင်တာလား!"
"တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ရဖို့ အာဏာလိုချင်တာပါ မယ်မယ်"
"ဟက်...ငါ့သားတော်ကို ဘယ်အိမ်တော်က သမီးကများ ငြင်းလိုက်လို့လဲ!"
"သားတော် ပြောပြရင် မယ်မယ် စိတ်ဆိုးမှာလား!"
ဝမ်ဟန်က သူ့ မယ်တော်ရင်ခွင်ထဲကနေ မော့ကြည့်ရင်း ထိုစကားကို ဆိုလာသည်။မယ်မယ်က ပြုံးကာ ခေါင်းခါပြသည်။
"အဲ့ဆို ပြောမယ်နော်။
သူက ...သူက မိန်းကလေး မဟုတ်ဘူး မယ်မယ်!"
"သားတော်!!!"
"......"
"မဖြစ်သင့်ဘူး!"
"လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တာ မဖြစ်သင့်ဘူးဆိုတာ ရှိလို့လား မယ်မယ်"
မယ်မယ်က ဝမ်ဟန့်ခေါင်းလေးကို အသာပုတ်ရင်း သက်ပြင်းအနည်းငယ်ချလိုက်သည်။
"အခု သားတော်က ငယ်ပါသေးတယ်။
အချိန်အတော်ကြာလို့ သားတော်ကိုယ်တိုင်က အဲ့ကလေးကို
သဘောကျမိနေသေးတယ်ဆိုရင် မယ်မယ်ကိုယ်တိုင် လက်ဆက်ပေးပါ့မယ်။အခုတော့ သားတော်ပြောတဲ့အာဏာရအောင် အရင်ကြိုးစား! မယ်မယ် သဘောပေါက်လား သားတော်!"
ဝမ်ဟန်က ခေါင်းကို အတွင်တွင် ငြိမ့်ပြပြီး ပြုံးသည်။
"သားတော် သူ့ ကို တကယ်ပိုင်ဆိုင်ချင်တာ မယ်မယ်…"
***********
ဝမ်ရိပေါ် ခမည်းတော်က အိမ်ရှေ့စံချီးမြှောက်တာကို ကျေကျေနပ်နပ်ပဲ ခံယူခဲ့သည်။ဘုရင်ဆိုတဲ့ အာဏာကို မက်မောလို့ဆိုလားဆိုရင် မဟုတ်ဘူး။ဒါပေမဲ့ သူသာလျှင် ဘုရင်ဖြစ်နိုင်ဖို့ သင့်တော်တယ်လို့ ဝမ်ရိပေါ်က သူ့ ကိုယ်သူ ယုံကြည်သည်။
"အရှင့်သား အရှင့်သား!"
တံခါးအပြင်ဘက်က တစ်စုံတစ်ယောက်ခေါ်သံကြောင့် ဖတ်လက်စ စာအုပ်ကို ဘေးချပြီး တံခါးကို ကိုယ်တိုင်ပဲ သွားဖွင့်လိုက်သည်။
အပြင်က သက်တော်စောင့်ကျိရန်ဆိုသူက သူ့ ကိုမြင်တာနဲ့ ချက်ချင်း ခါးကို ညွှန့်ကိုင်းသည်။
"ဘာကိစ္စရှိလို့လဲ ကျိရန်!"
ကိုယ်ရံတော် ကျိရန်နဲ့ ငယ်ငယ်ကတည်းက ကြီးပျင်းလာသူမို့ ရင်းရင်းနှီးနှီးသာ ဆက်ဆံဖြစ်သည်။အသက်ဆိုရင် ကျိရန်က သူ့ ထက်တစ်နှစ်ပိုကြီးသည်။
"အရှင့်သား စုံစမ်းခိုင်းထားတဲ့ အကြောင်းအရာ သိရှိရပါပြီ!"
"ဒါဆို အထဲဝင်ပြောလေ!"
"အမိန့်အတိုင်းပါ အရှင့်သား"
ကျိရန်က ဝင်လာပြီးသည်နှင့် တံခါးကို သေချာပြန်ပိတ်လိုက်သည်။
"အရှင့်သား"
"အင်း ပြောပါ!"
"အဲ့ကောင်လေး နာမည်က ရှောင်းကျန့်ပါ။
သူက စစ်သူကြီးရှောင်းရဲ့ သားပါ။စစ်သူကြီးရှောင်းက တစ်ခြား ရန်ပြုလိုသည့်အိမ်နီးချင်းနိုင်ငံတစ်ခုနဲ့ တိတ်တဆိတ်ဆက်သွယ်ပြီး ပုန်ကန်ဖို့ ပြုနေတာကြောင့် ဘုရင်မြင့်မြတ်က ထိုအကြောင်းအရာကို သိရှိပြီး တစ်အိမ်သားလုံး သေဒဏ်ချမှတ်ခဲ့တာပါ"
"ဒါဆို ရှောင်းကျန့်က ဘာလို့အသက်ရှင်နေတာလဲ!"
"အဲ့အချိန်တုန်းက အရမ်းငယ်သေးတာမို့ ရဲမက်တွေက သနားပြီး သူ့ ကိုလွှတ်ပေးခဲ့တာပါ"
"အခု ဝမ်ဟန့်အနားဘာလို့ရောက်နေတာလဲ!"
ဝမ်ရိပေါ်က ကျိရန်ကို အသေအချာစိုက်ကြည့်ကာ မေးနေသည့်မို့ သူ နည်းနည်းတောင် တုံလှုပ်ရသည်။အရှင့်သားက ဥယျာဉ်တောထဲမှာနေတဲ့ ကောင်လေးတစ်ယောက်ကို စုံစမ်းခိုင်းတာကိုတောင် သူ့ မှာ အံသြနေရတာ။
အခု သိရတဲ့ အကြောင်းတွေ ပြန်ပြောပြတော့လည်း အံကို ကြိတ်ကြိတ်ပြီး အတိအကျ ပြန်မေးနေတာကြောင့် ကျိရန် ဒူးပင် တုန်ချင်လာလေပြီ။
"မင်းသား ဝမ်ဟန်က ရဲမက်လက်ထဲကနေ ၅နှစ်အရွယ် ကလေးလေးကို ချစ်လို့ဆိုပြီး အတင်းလုထားခဲ့တယ်။ပြီးတော့ သူ့ ရဲ့ပန်းဥယျာဉ်ထဲမှာ အသေအချာ ကြည့်ရှူ့ စောင့်ရှောက်ထားတာ"
"ဟက်...ချစ်တတ်လိုက်တာ!"
အရှင့်သားက လက်သီးကို တင်းတင်းဆုပ်ကာ တောက်ခေါက်လာသည်မို့ ကျိရန် တကယ်ပင် ကြောက်လာပါသည်။
သို့သော် သူက ကိုယ်ရံတော်မလား။ဒီလောက်တော့ အေးဆေးပါ။
"ကျိရန်!!"
"အမိန့်ရှိပါ မင်းသား"
"ခမည်းတော်ကို သေချာစောင့်ရှောက်ပေးပါ။ကိုယ်ရံတော်တွေကိုလည်း ခင်ဗျားသိတဲ့လူတွေပဲ ပြောင်းထားပေးပါ။ခဗျားကိုယ်တိုင်လည်း သွားပြီး စောင့်ရှောက်ပေးပါ!"
"ဒါဆို အရှင့်သားကရော"
"ငါက အဆင်ပြေတယ်။ငါ့အမိန့်ကို နာခံပါ!
ခမည်းတော် တစ်စုံတစ်ခုဖြစ်လို့ကတော့ ခဗျားအရင် ခေါင်းဖြတ်ခံရမယ်။!"
"အမိန့်တော်မြတ်အတိုင်းပါ"
အရှင့်သားက ပြောင်းလဲသွားသည်ဟု ကျိရန် ထင်မိသည်။
အရင်တုန်းက အရှင့်သားပုံစံက သူ့ ဘာသူ တစ်ယောက်တည်းနေတတ်ပြီး ဒီလို ဘုရင်မြင့်မြတ်နဲ့ပတ်သတ်ပြီး ပူပန်တာ မတွေ့ ဖူးပေ။
ပြီးတော့ တစ်စုံတစ်ယောက်ကိုလည်း သေချာအာရုံစိုက်ပြီး မမေးမြန်းခဲ့ဖူးပေ။အရှင့်သားရဲ့ အရင်တုန်းက မျက်လုံးတွေက နူးညံ့နေသလောက် အခုပုံစံက အမြဲတမ်း တောက်ပနေသည်။တစ်စုံတစ်ခုကို အခဲမကြေသလိုမျိုး မကျေနပ်သလိုမျိုး…။
မထင်မှတ်ထားလောက်လည်း နိုင်ငံတော်နဲ့ပတ်သတ်တဲ့ စာပေတွေကို ဖတ်လာတာတွေ့ သည်။ဓားရေးကိုလည်း အရင်ကထက် ပိုလေ့ကျင့်နေတာလည်း တွေ့ သည်။
ကျိရန်မျက်စိထဲမှာ အရှင့်သားက တကယ့်ကို ပြောင်းလဲလာတာပင်။
**************
"ရိပေါ်!"
လမ်းသွားနေတုန်း တစ်စုံတစ်ယောက်က သူ့ နာမည်ကို ခေါ်လိုက်တာကြောင့် နောက်ကို ခြေတစ်လှမ်းပြန်ဆုတ်ကာ စူးစမ်းကြည့်လိုက်သည်။
မယ့်မယ့်ကို တွေ့ ချင်လာတာကြောင့် ကိုယ်ရံတော်တွေကို ခေါ်မလာဘဲ တစ်ယောက်တည်း ထွက်လာသော သူ။
သူ့ မြင်ကွင်းမှာ ပေါ်လာတာက သူ့ အကိုတော်ဖြစ်ပုံရတဲ့ တစ်ယောက်က ခပ်သေးသေးလူတစ်ယောက်ရဲ့ မျက်နှာ ဘေးတစ်ဖက် တစ်ချက်စီကို လက်ထောက်ထားသည်။
အံကိုလည်း ကြိတ်ထားပြီး ရှေ့ကလူရဲ့ မျက်လုံးတွေကို ခပ်ရဲရဲကို ကြည့်နေတာ။ဟိုတစ်ယောက်ကတော့ မျက်နှာလေးကို ဇီးရွက်လေးလို သေးသေးလေးလုပ်ပြီး သူဖုန်းစားတွေရဲ့ မျက်လုံးနဲ့ သူ့ အကိုတော်ကို မော့ကြည့်နေသည်။
ဘာရယ်မဟုတ်ပါဘူး။ထိုမြင်ကွင်းကို လက်ပိုက်လို့ ရပ်ကြည့်နေလိုက်သည်။
"ဟက်!!"
သူလည်း ဘာကို ရယ်ချင်မှန်း မသိဘူး။ရှေ့က လူနှစ်ယောက်က သူ့ ကို လှည့်ကြည့်လာ၏။သူ့ အကိုရဲ့လက်တွေက ဖယ်သွားပြီး ဟိုလူကတော့ ဝမ်ရိပေါ်ကို ကြည့်နေကျ အကြည့်တွေနဲ့ ပြန်ကြည့်လာပြန်သည်။
မျက်လုံးကို ရွှေ့ ပြီး အကြည့်ကို လွှဲလိုက်သည်။
မုန်းဖို့ကောင်းတယ် ရှောင်းကျန့်။
အဲ့မျက်လုံးတွေကို ငါ တကယ်ဖောက်ထုတ်မိလိမ့်မယ်။
စိတ်ထဲမှာ မကြည့်တော့တာကြောင့် မယ်မယ့်ဆီကိုလည်း မသွားတော့ဘဲ ကိုယ့်အဆောင်ကို ပြန်လာခဲ့သည်။စိတ်ထဲမှာလည်း နှောက်နေသလိုပဲ။
စားပွဲခုံပေါ်မှာ ရေနွေးပန်ကန်လုံးတစ်လုံးကို ပေါက်ခွဲပစ်လိုက်တော့မှ စိတ်နည်းနည်း တည်ငြိမ်လာသည်။
ဘာလို့ ရှောင်းကျန့်က သူ့ ကိုတွေ့ တိုင်း အဲ့မျက်လုံးတွေနဲ့ ကြည့်နေရတာလဲ။တစ်ခါခံပြီးသားမို့ ငါ မှတ်နေပါပြီ။
ဘယ်လိုပဲ ငါ့ဆီကို ရောက်လာပါစေ ငါ ကြိုတင်ပြင်ဆင်ထားပြီမို့ မင်းတို့ လုပ်ချင်သလို ဖြစ်လာမှာ မဟုတ်ပါဘူး။
"ဒေါက်!! ဒေါက်!!"
ဘယ်သူကများ သူ့ အခန်းကို လက်ရဲဇက်ရဲ လာခေါက်နေရတာလဲ။
"ဘယ်သူလဲ!"
"ကျွန်တော်ရှောင်းကျန့်ပါ အရှင့်သား"
ထိုအသံကြောင့် သူ့ သွေးကြောတွေ ခြေသလုံးကနေ အပေါ်ကဆန်တက်လာသလိုပဲ။သူက ဘာဖြစ်လို့ ဒီကိုလာတာလဲ။
ဒါလည်း အကြံတစ်ခုပဲ ထင်တယ်။အရင်ဘဝနဲ့ အဖြစ်အပျက်တွေက သိပ်မတူတာမို့ နည်းနည်းတော့ မှန်းရခက်တယ်။
ရှောင်းကျန့်ရဲ့ သူ့ အနားကို ချည်းကပ်ပုံ ချည်းကပ်နည်းတွေက အရင်ဘဝနဲ့အခုဘဝမှာ နည်းနည်းလေးတောင် တူမနေဘူး။အင်း...သူ သတိကြီးကြီးထားရမယ်။
"ဝင်ခဲ့!"
အခုနက တွေ့ ခဲ့တဲ့ ဝတ်စုံလေးနဲ့ပဲ။
အသက်ကို အလုအယက်ရှူနေပုံ ထောက်ရင် ပြေးလာခဲ့တာပဲ။ဘာလဲ သူ့ ဆီကို ပြေးလာခဲ့တာပေါ့။ဘာအတွက်ကြောင့်လဲ။
မျက်နှာတွေက အနည်းငယ်ရဲနေပြီး ခေါင်းကိုလည်း ငုံ့ထားသေးသည်။လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်ပြီး တစ်ခုခုပြောဖို့အားတင်းနေပုံရသည်။
"ဘာပြောစရာရှိလို့လဲ။
ပြောစရာရှိရအောင် ဆိုရင်လည်း မင်းနဲ့ငါက ရင်းနှီးတဲ့သူတွေ မဟုတ်ဘူးလားလို့!"
"ဟိုလေ...ဟိုလေ ကျွန်တော်..."
ဝမ်ရိပေါ် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ဆက်ပြောဖို့ အချက်ပြလိုက်သည်။
"ကျွန်တော်...အရှင့်သားနဲ့ သူငယ်ချင်း...သူငယ်ချင်း ဖြစ်ချင်လို့ပါ"
ဝမ်ရိပေါ်က ထိုစကားကို ကြားတော့ တစ်ဖက်လှည့်ပြီး ရယ်လိုက်သည်။ငါ့အနားနေပြီး ငါ့ကို အနီးကပ်လုပ်ကြံတော့မယ်ပေါ့။အဖြစ်အပျက်တွေက အနည်းငယ်လွဲသွားလည်း ရှောင်းကျန့်ရဲ့မူလရည်ရွယ်ချက်က ပြောင်းလဲမသွားဘူးပဲ။
ကောင်းပြီလေ ရှောင်းကျန့်။မင်းက လာစတော့လည်း ငါက အလိုက်သင့်လည်း ပါပေးရမှာပေါ့။ဒါပေမဲ့ အရင်ဘဝကလို
အချစ်မှာ နစ်မြောသွားပြီး လှည်းကြိုးထမ်းမယ့်နွားတစ်ကောင်တော့ မဟုတ်ဘူး။
"မင်းနဲ့ငါနဲ့က အဆင့်ချင်းတော့ မတူပေမဲ့ သူငယ်ချင်းတော့လုပ်လို့ရပါတယ်။ဒါပေမဲ့ အလကားတော့ မရဘူး။ဘယ်လိုလဲ!"
"အရှင့်သားက ဘယ်လိုလုပ်ချင်လို့ပါလဲ"
"ငါ့အနားမှာ လာနေပြီး ငါ့ကျွန်လုပ်!
အဲ့ဆို မင်းနဲ့သူငယ်ချင်း လုပ်မယ်။
အဆင်ပြေမလား!!"
မတွေမဝေ မဆိုင်းမတွဘဲ ခေါင်းငြိမ့်လိုက်တဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် အနည်းငယ်တောင် အံ့သြသွားသည်။
တကယ်ကြီး ငါ့ကျွန်လုပ်မယ်ပေါ့။
"အဆင်ပြေတယ်ဆို မင်း အခုပဲ ငါ့နန်းဆောင်ကို ပြောင်းလာခဲ့။ဒီနေ့ကစပြီး ငါ့ဝေယျာဝေစ္စတွေ မင်း တစ်ယောက်တည်းပဲ လုပ်ရမယ်!"
"အမိန့်အတိုင်းပါ အရှင့်သား
ကျွန်တော်မျိုး အခုပဲ အဝတ်အစားတွေ သွားယူလာခဲ့ပါ့မယ်"
"ကောင်းပြီ!"
ရှောင်းကျန့်တစ်ယောက် ပန်းဥယျာဉ်ထဲက သူ့ အဆောင်လေးသို့ ပြန်တဲ့တစ်လမ်းလျှောက်လုံး ပြုံးနေခဲ့သည်။
ရှိသမျှ အဝတ်လေးကို သေချာထုတ်ပြီး ကျောမှာ ပိုးလိုက်သည်။
အခုနကထက် ပိုမြန်တဲ့ခြေလမ်းတွေနဲ့ သူငယ်ချင်းအသစ်လေးရှိရာသို့ ချီတက်လာခဲ့သည်။
ဘုတ်
"အင့်!!"
တစ်စုံတစ်ယောက်ရဲ့ရင်ဘတ်နဲ့ တိုက်မိတာကြောင့် သူ နောက်ကို အနည်းငယ်လန်ကျသွားသည်။ထိုသူက သူ့ လက်ကို လှမ်းဆွဲပြီး ခန္ဓာကိုယ်ကို ပြန်မတ်ပေးသည်။မင်းသား ဝမ်ဟန်ပဲ!!
"ကျန့် အထုတ်တွေနဲ့ ဘယ်သွားမလို့လဲ!"
ဝမ်ဟန်က သူ့ လက်မောင်းနှစ်ဖက်ကို ဖျစ်ညှစ်ပြီး သူ့ ကိုမေးသည်။အဲ့လက်နှစ်ဖက်ကို ပုတ်ချလိုက်ပြီး ကိုယ့်ကို ခါလိုက်သည်။
"အိမ်ရှေ့စံမင်းသားဆီ!"
"ဘာ!!!"
"ဟုတ်တယ် ဝမ်ဟန်
သူက ငါ့ကို သူငယ်ချင်းအဖြစ်သတ်မှတ်ပေးမယ် သူ့ ဆီကျွန်လာလုပ်ဆိုလို့။ငါ သွားလုပ်မလို့"
"ကျန့်!!! မင်း ရူးနေလား။
အဲ့ကောင်က တမင်သက်သက်မင်းကို အဲ့လိုလုပ်တာ။
သူ မင်းကို တကယ်ခင်တာ မဟုတ်ဘူး!
ငါ သူ့ ထက်သာအောင် မင်းကို ထားပေးတယ်လေကွာ။သူ့ ဆီမသွားပါနဲ့။ငါ့ထားတဲ့ ပန်းဥယျာဉ်လေးမှာပဲ နေပါလား ကျန့်ရယ်။မင်းကြိုက်တဲ့ ပန်းလေးတွေလည်း ရှိတယ်။မင်း ချစ်တယ့်အကောင်လေးတွေလည်း ရှိတယ်လေကွာ။အဲ့ကိုတော့ မသွားပါနဲ့ ကျန့်ရယ်…"
ဝမ်ဟန်က တစ်ခါမှ ဒီလိုမပြောဖူးသူမို့ ရှောင်းကျန့်တစ်မေ့တစ်မောကြီး ပြန်ကြည့်နေမိသည်။
မှင်သက်နေတဲ့ ရုပ်လေးက တကယ့်ယုန်ပေါက်စလေး။
သွားကြီးကြီးလေး နှစ်ချောင်းကလည်း အသာဟထားတဲ့ နှုတ်ခမ်းလေးနှစ်လွှာကြား ထင်းလို့။
ချစ်ဖို့ကောင်းလွန်းတာကြောင့် လက်ဖြင့် မေးစေ့လေးကို ဝမ်ဟန် ဖိကိုင်လိုက်သည်။ထိုအခါမှ ရှောင်းကျန့်သတိပြန်ဝင်လာပြီး သူမေးစေ့ကို လာကိုင်တဲ့လက်ကို ရိုက်ထုတ်လိုက်ပြန်သည်။
"ငါက အဲ့ဒီ့အရာတွေထက် ရိပေါ်ကို ပိုသဘောကျတယ်။
ဒါ့ကြောင့် ငါ ရိပေါ်အနားမှာပဲ နေမယ်။မင်း ငါ့ကို ဒီ့ထက်ပိတ်ပင်ဖို့ မလုပ်တော့နဲ့ ဝမ်ဟန်!!!"
ရှောင်းကျန့်က ဝမ်ဟန်ကို ကျော်ပြီး အခြားဖက်ကို လှမ်းကာထွက်သွားသည်။ထိုစကားတွေကို ရှောင်းကျန့်က အထေ့မငေါ့မရှိပြောသွားသည်။
ရှောင်းကျန့်က သူ့ ကို ဝမ်ရိပေါ်ထက် စောစောတွေ့ ခဲ့ပြီးတာတောင်မှဘာလို့များ သဘောမကျတာရတာလဲ။ထပ်ပြီးတော့ ဝမ်ရိပေါ်ကို ရှုံးပြန်ပြီလား။
တစ်နေ့တော့ ငါ မင်းကို အပိုင်ဖြစ်အောင်လုပ်မယ် ကျန့်။
မင်း စောင့်နေ…!
**************************************
Advertisement
- End401 Chapters
Demoness's Art of Vengeance
Jun Xiaomo, notoriously known as “Lady Demoness”, finds herself chained and bound in a dungeon. Her hard-earned cultivation has been completely crippled, and she has no means of escape. Qin Shanshan, a lady she used to called her “close friend”, mocks Jun Xiaomo, revealing that Jun Xiaomo had been used by the people around her. Even her lover, Qin Lingyu was one of the masterminds scheming against her. Jun Xiaomo watches her life flash before her eyes and realizes that she had indeed blindly placed her trust in people. Her naivety had led to her current predicament. Jun Xiaomo wanted to end it all. However, she is determined to deliver a swan song. Over the hundreds of days tormented in that very dungeon, Jun Xiaomo had painstakingly painted a complicated formation array with her own blood. With a determined look, Jun Xiaomo burns her life force to activate the array. Her sole intent? To bring with her as many schemers to the gates of hell as she could. The bright red light from thearray intensified, and the end was nigh.…or was it? Jun Xiaomo opens her eyes and finds herself alive again; time had rewound right back to when she was sixteen years of age, albeit only at the eighth level of Qi Cultivation. Armed with the knowledge and memories of her previous lifetime, Jun Xiaomo is determined to learn from her mistakes and bring retribution to those who so deserve…
8 379 - In Serial54 Chapters
I Stole the Badboy's Phone | ✓
• 5-17-18 •In every normal cliché story, the bad boy messes with the good girl, but Brynn's type of cliché is different. She's not a bad girl, but she's definitely not a good girl either. She calls herself a bomb ass mix of all them powers. Brynn Meyers has the good grades and the sassy attitude. Zane Lancaster is the town's bad boy. Tattoos that cover his entire body, always with a cigarette in hand, breaking the rules and causing trouble every time he gets the chance. When Brynn has no choice but to move to California, she finds herself living next door the bad boy. She wants to know what is it like to be a bad boy. What's better than stealing his phone and getting to know his dirty secrets?⋅⋅⋅ Highest ranking: #11 in Teen Fiction | #2 in Humor Story might contain strong language. Read under your own risk. You've been warned. Cover made by @saaamayra Copyright©2017☞nashracxa12 - All Rights Reserved
8 210 - In Serial69 Chapters
For His Pleasure
"How much for an hour?" He dug through his wallet, fiercely dark gaze avoiding mine like the plague. I backed away from him, panic rising, "I'm not a prostitute." "Yes, you are. Screw the hour. How much for the whole night?"--Sofia had felt safe working as a seducer for the most powerful family of organised crime until a new leader took over, replacing the man she held as a saviour and father figure. The new boss is smug and an utter asshole, but it doesn't take long until Sofia no longer seduces competitors for the advantage of the family she had vowed herself to, and instead seduces the man tormenting every aspect of her existence. --✘ Contains sexual content and content unsuitable for people under the age of 18 (prostitution, drugs, violence).✘ This is an unedited first draft of this story, there are a lot of mistakes and it's pretty cringe.✘ Both MCs are incredibly toxic. You have been warned.
8 361 - In Serial57 Chapters
Hearts Of Glass #AdultFiction
WATTPAD FEATURED STORY It's the summer of 1976. Sarah has lived in the small lakeside town of Breezewood all her life, growing up with her two best friends, Midgie and Pete. This is their last summer together before they separate in the fall to start their last year of college. Next summer, they would be adults, chasing careers, most likely in other cities. They want one more summer of great memories. But Sarah's memories aren't quite what she expected. She meets Sam.....a lead singer in a rock band that is at the cusp of stardom. Sam's life is so different from Sarah's, yet she feels the attraction between them is too strong to turn away from. Sam's past is hard to shake and his future with Sarah depends on how much her fragile heart can take.
8 384 - In Serial47 Chapters
Love & Football
Emma Cahill is the proud, single mother of Noah, a 5 year old football loving little boy at the center of her world. At 25 years old Emma has stopped looking for love in order to focus on being the best mother she can be to Noah and to being the owner of Belle Amie, one of the most popular boutiques in Houston. But what happens when love finds her?JJ Watt is the star defensive end for the Houston Texans and at just 25 years old he's one of the best to ever play the game. He vowed to put his love life on hold until football was no longer the center of his world, the only thing JJ cared about was chasing greatness. But what happens when he starts chasing love?Whether you're a JJ Watt fan, a Texans fan, a football fan or just a fan of love... Read more to find out what happens in this playful tale of Love & Football.
8 68 - In Serial24 Chapters
in my dreams - han seojun
Bae Yeeun, who quietly sits in the back of the classroom, randomly befriends one of the toughest guys at school, Han Seojun. She begins to dream about him every night after they spend more and more time together. 𝙞𝙣 𝙝𝙚𝙧 𝙙𝙧𝙚𝙖𝙢𝙨 𝙝𝙚 𝙡𝙤𝙫𝙚𝙨 𝙝𝙚𝙧 𝙗𝙖𝙘𝙠.#1 - koreandrama [9/27/2022]#1 - koreanfanfic [10/4/2022]#1 - suho [11/9/2022]
8 286

