《Ding-dong(Season 1)(Completed)》(50)အားနည်းချက်
Advertisement
ရှင်းရှင်းရဲ့လက်ဝါးက ရှောင်းကျန့်ခေါင်းပေါ်ကို ရောက်ချိန်မှာ ပတ်ဝန်းကျင်ကနေ မီးတွေလင်းလာလေသည်။ထိုမီးတွေကြောင့် ရှင်းရှင်းရဲ့လက်က ရပ်တန့်သွားသည်။
ဝမ်ရိပေါ်က ရှင်းရှင်းရဲ့လက်ရပ်သွားတာနဲ့ ရှောင်းကျန့်ကို ပွေ့ချီကာ ထိုလက်နဲ့ဝေးဝေးကို ရွေ့လိုက်သည်။ခုနက သူ့စိတ်ထဲအရမ်းကိုမှ ပူထူမိသွားသည်။သူ့ရဲ့ခြေလက်တွေကို အမြန်လှုပ်ရှားပြီး ရှောင်းကျန့်ကို သူ့အနောက်ပို့ချင်ပါသော်လည်း ထိတ်လန့်မှုကြောင့် လက်တွေက လှုပ်မရပေ။ရှောင်းကျန့်က သူ့ဆီကို ပြေးလာလိမ့်မယ်လို့ မထင်မိတာကြောင့်လည်း ပါသည်။
ဒါပေမဲ့ သူအကူအညီမဲ့နေပြီး အန္တရာယ်ထဲကျရောက်နေတဲ့အချိန်မှာ ရှောင်းကျန့်က သူ့ဆီကို ပြေးလာခြင်းဟာ သူ့ရင်ထဲမှာ အတိုင်းမသိအောင် နွေးထွေးလွန်းလှသည်။
ထို့နောက် သူတို့ကို အသက်သေတော့မလို ဖြစ်စေသည့်ရှင်းရှင်းကို မုန်းတီးစွာ ကြည့်လိုက်သည်။အခု တုပတစ္ဆေတွေပေါ်လာပြီမို့ သူတို့အတွက် မျှော်လင့်ချက်ရှိလာပြီဖြစ်သည်။
မီးလင်းလာတာနဲ့ ရှောင်းကျန့်တို့ ရောက်တုန်းကထက် များပြားလှတဲ့အုပ်စုကြီးကို တွေ့လိုက်ရသည်။ထိုအုပ်စုကြီးဟာ ရှင်းရှင်းမျက်နှာထက်က မျက်နှာပေါင်းများစွာနီးပါး ရှိလေသည်။
ဖန်မုဟန်က တိုက်ခိုက်တာကိုရပ်ပြီး ရှောင်းကျန့်တို့အနားကို ရောက်လာသည်။ပိုင်ယန်စန်းအတုကလည်း ရှင်းရှင်းဘေးသို့ လျင်မြန်စွာရောက်သွားသည်။အခုက တကယ့်တိုက်ပွဲကြီး တိုက်ရတော့မည်ဖြစ်သည်။
တုပတစ္ဆေတွေဟာ ရှင်းရှင်းကိုမြင်တာနဲ့ ဒေါသတကြီး ဖြစ်သွားကြသည်။ဘာကြောင့်မှန်းဆိုတာ သူတို့မသိပေမဲ့ ရှင်းရှင်းနဲ့တုပတစ္ဆေတွေကြား အငြှိုးတွေ ရှိနေတာကတော့ သေချာလှသည်။
ရှင်းရှင်းက တုပတစ္ဆေတွေကို မြင်တာနဲ့ လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"အခုအချိန်ထိ နင်တို့က ငါ့ကို မသတ်နိုင်သေးဘူး...နင်တို့က သောက်ရမ်းအားနည်းလွန်းတယ်"
ထိုစကားကြောင့် တုပတစ္ဆေတွေက ဒေါသထွက်သွားပြီး သူတို့ထဲက ခေါင်းဆောင်ဖြစ်ဟန်ရသော တစ်ယောက်က ဒေါသတကြီး ပြောလာသည်။
"နင်လည်း အခုငါတို့ကြောင့် အားနည်းနေပါပြီ"
"ဟုတ်တယ်...ငါ့ရဲ့မူလအင်အားထက် ငါအားနည်းသွာပြီ...ဒါပေမဲ့ နင်တို့ငါ့ကို မနိုင်သေးပါဘူး"
သူတို့စကားပြောနေကြစဥ် ဝမ်ရိပေါ်က တစ်ခုခုကို သတိထားမိသွားသည်။အဲ့တာက တုပတစ္ဆေတွေရဲ့မျက်နှာတွေဟာ ရှင်းရှင်းမျက်နှာထက်က မျက်နှာလေးတွေချည်း ဖြစ်နေသည်။ထို့ကြောင့် ရှင်းရှင်းအားနည်းရခြင်းဟာ သူမမျက်နှာနဲ့တူသောမျက်နှာတွေကြောင့် ဖြစ်နိုင်သည်။
"ရှင်းရှင်း...နင်မမေ့နဲ့... နင်က ငါတို့တုပတစ္ဆေမျိုးနွယ်ကဘဲဆိုတာ"
"အခုမှ ငါ့ကို နင်တို့မျိုးနွယ်ကလို့ လာမပြောစမ်းပါနဲ့...နင်တို့ငါ့ကို ဘယ်တုန်းကများ အသိအမှတ်ပြုဖူးလို့လဲ"
ရှင်းရှင်း ရင်ထဲက နာကျည်းချက်တွေ ထွက်ပေါ်လာသည်။တုပတစ္ဆေတွေဆိုတာ မှော်ဆန်တဲ့တည်ရှိမှုဖြစ်သည်။သူတို့တွေ ဘယ်ကနေဘယ်လိုမွေးဖွားလာတယ်ဆိုတာကို မသိရပေ။
ရှင်းရှင်းတစ်ယောက် တုပတစ္ဆေဖြစ်လာချိန်မှာ သူမက အများနဲ့မတူခဲ့ပေ။တုပတစ္ဆေတိုင်းက မျက်နှာတစ်မျိုးထဲကိုသာ တုပလို့ရပြီး သူများတုပပြီးသားကိုလည်း ယူလို့မရပေ။
ရှင်းရှင်းကတော့ ထိုအချက်တွေကို ဆန့်ကျင်နိုင်ခဲ့က သူများတုပပြီးသားတွေကို တုပလို့ရပြီး မျက်နှာတစ်ခုထက် ပိုပြီးတုပလို့ရခဲ့သည်။
ထို့ကြောင့် မျိုးနွယ်ထဲကလူတိုင်းဟာ ရှင်းရှင်းကို မုန်းတီးခဲ့ကြသည်။ထို့ပြင် တုပတစ္ဆေတွေက အသွင်အပြင်ရုပ်ဆိုးတာကြောင့် သူတို့ရဲ့မူလအသွင်အပြင်ကို တုပပြီးနောက် လုံးဝပြသခြင်းမရှိပေ။
သို့သော် ရှင်းရှင်းကတော့ အသွင်အပြင်လှပသည့် တစ်ဦးတည်းသော တုပတစ္ဆေဖြစ်ကာ တုပပြီးနောက် သူမမျက်နှာအစစ်ကိုပါ ဖော်ပြသဖြင့် မနာလိုဖြစ်လာကြသည်။ထို့ကြောင့် ရှင်းရှင်းကို နှင်ထုတ်ရန် စီစဥ်ခဲ့ကြသည်။
တုပတစ္ဆေတိုင်းဟာ မီးကိုထုတ်နိုင်သည့်အစွမ်းရှိကြသည်။သို့သော် ရှင်းရှင်းကတော့ မီးကို မထုတ်နိုင်ခဲ့ပေ။ဒါနဲ့ဘဲ ရှင်းရှင်းကို နှင်ထုတ်လို့ရမည့်အချက်ကြီး ပေါ်လာကာ ရှင်းရှင်းဟာ မီးမထုတ်နိုင်တာကြောင့် တုပတစ္ဆေမစစ်ဘူးဟု ပြောဆိုပြီး နှင်ထုတ်ခဲ့ကြသည်။
ပုံမှန်ဆို ဒီလိုကိစ္စမျိုးက သေးငယ်လှသော်လည်း တုပတစ္ဆေတွေဆိုတာ နဂိုထဲက မနာလိုဝန်တိုစိတ်များသူများဖြစ်သည်။ထို့ကြောင့် ရှင်းရှင်းဟာ မီးမထုတ်နိုင်တာနဲ့ သူတို့က အတင်းအကျပ် နှင်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့မထင်ထားတာက ရှင်းရှင်းဟာ သူတို့ကို မုန်းတီးသွားပြီး သူတို့တုပထားသမျှကို ခိုးယူတုပခဲ့သည်။အစက မျက်နှာဆယ်ခုလောက်သာ ရှင်းရှင်းတတ်နိုင်မည်ဟု ထင်ခဲ့ကြသည်။
သို့သော် ရှင်းရှင်းက တစ်ခါပြီးတစ်ခါ သူတို့မှန်းဆချက်တွေကို ပြောင်းပြန်လှန်ပြီး သူတို့မျိုးနွယ်အကုန် တုပပြီးသည်အထိ တုပနိုင်ခဲ့ကာ စွမ်းအားကလည်း ကြီးမားလာခဲ့သည်။
သူမမှာ အားနည်းချက်ဆိုလို့ ခိုးယူတုပတာကြောင့် မူလတုပသူတွေမျက်နှာကို မြင်ရချိန်မှာ အားနည်းသွားခြင်းသာ ရှိသည်။
ဝမ်ရိပေါ် ရှင်းရှင်းမျက်နှာကို အသေးစိတ်လိုက်ကြည့်ပြီး တုပတစ္ဆေတွေကိုလည်း သေချာကြည့်လိုက်သည်။ထို့နောက် သူ့နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။
ဘယ်သူမဆို အားနည်းချက်ဆိုတာ ရှိပြီးသားဖြစ်သည်။အခုသူ ရှင်းရှင်းအားနည်းချက်ကို ရှာတွေ့သွားပြီ ဖြစ်သည်။
ရှောင်းကျန့်က ဝမ်ရိပေါ်ပြုံးတာကို မြင်လိုက်တော့ သတင်းကောင်းရှိပြီမှန်း သိလိုက်သည်။ခုနကအထိ ထိတ်လန့်မိပေနဲ့ အခုအနည်းငယ်တော့ စိတ်အေးသွားရပြီ။
"ရိပေါ်...ငါတို့အသက်ရှင်ပြီမလား"
"အွန်း...ကိုယ်တို့အသက်ရှင်ပြီ"
နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ပြုံးပြီးကြည့်နေစဥ် ပိုင်ယန်စန်းအတုဟာ ဘယ်သူမှ သတိမထားမိအောင် ချဥ်းကပ်လာသည်။သူတို့ရည်မှန်းချက်က တုပတစ္ဆေတွေမဟုတ်ဘဲ ရှောင်းကျန့်တို့ဖြစ်တာမို့ အခွင့်အရေးကို အရယူခြင်းဖြစ်သည်။
ပိုင်ယန်စန်းအတုဟာ ရှောင်းကျန့်တို့အနား ရောက်တာနဲ့ ရှောင်းကျန့်အား အားနဲ့ရိုက်ချလိုက်သည်။မျက်စိလျင်လှတဲ့ဝမ်ရိပေါ်ဟာ ဒါကိုမြင်တာနဲ့ ရှောင်းကျန့်ကို သူ့နောက်ပို့လိုက်ကာ ရိုက်ချက်ကို ခံယူလိုက်သည်။
သို့သော် ရိုက်ချက်က သူ့ဆီ ရောက်မလာခဲ့ပေ။ဖန်မုဟန်က သူ့အရှေ့ကနေ ဝင်ခံပေးလိုက်ခြင်းဖြစ်သည်။ထိုရိုက်ချက်ကြောင့် ဖန်မုဟန်ရင်ဘတ်ကနေ ဝမ်းဗိုက်အထိ ဟောင်းလောင်းပေါက်ဖြစ်သွားကာ နှလုံး၊အသည်း၊ကျောက်ကပ်နဲ့ အူအခွေလိုက် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ရှောင်းကျန့် နေရာမှာတင် ဆွံ့အနေမိသည်။သူ့သူငယ်ချင်းနောက်ဆုံးတစ်ယောက်ကို သူထပ်ဆုံးရှုံးရတော့မည်ဖြစ်သည်။ဖန်မုဟန်က သူ့အနောက်ဘက်သို့ လှည့်ကြည့်ကာ ရှောင်းကျန့်ကို မျက်ရည်များနဲ့ ပြုံးပြလာသည်။ပြီးနောက် ဝမ်ရိပေါ်ကို နောက်ဆုံးအနေနဲ့ စကားပြောလိုက်သည်။
"ဝမ်ရိပေါ်... ရှောင်းကျန့်ကို ကာကွယ်စောင့်ရှောက်ပေးဖို့က မင်းတစ်ယောက်ဘဲ တတ်နိုင်တာ...ငါမင်းကို ယုံကြည်နေမယ်နော်"
ဒီလိုနဲ့ ဖန်မုဟန်တစ်ယောက် သေဆုံးသွားခဲ့လေပြီ။ရှောင်းကျန့် ဒီတစ်ခါတော့ တကယ်မငိုနိုင်တော့ပေ။သူငိုချင်ပေနဲ့ မျက်ရည်တွေက ကျမလာပေ။နောက်ဆုံးအခိုက်အတန့်က ဒီလိုမျိုး ရုတ်တရက်ရောက်လာခဲ့ကာ သူ့ရဲ့ငယ်ရွယ်မှုအမှတ်တရတွေကို ဖြိုဖျက်ပစ်လိုက်တော့သည်။
Advertisement
Part (51)ဆက်ရန်...
Zawgyi
တုပတစ်ဆေတွေဟာ ရှင်းရှင်းကိုမြင်တာနဲ့ ဒေါသတကြီး ဖြစ်သွားကြသည်။ဘာကြောင့်မှန်းဆိုတာ သူတို့မသိပေမဲ့ ရှင်းရှင်းနဲ့တုပတစ်ဆေတွေကြား အငြှိုးတွေ ရှိနေတာကတော့ သေချာလှသည်။
ရှင်းရှင်းက တုပတစ်ဆေတွေကို မြင်တာနဲ့ လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
ထိုစကားကြောင့် တုပတစ်ဆေတွေက ဒေါသထွက်သွားပြီး သူတို့ထဲက ခေါင်းဆောင်ဖြစ်ဟန်ရသော တစ်ယောက်က ဒေါသတကြီး ပြောလာသည်။
"ရှင်းရှင်း...နင်မမေ့နဲ့... နင်က ငါတို့တုပတစ်ဆေမျိုးနွယ်ကဘဲဆိုတာ"
ရှင်းရှင်းတစ်ယောက် တုပတစ်ဆေဖြစ်လာချိန်မှာ သူမက အများနဲ့မတူခဲ့ပေ။တုပတစ်ဆေတိုင်းက မျက်နှာတစ်မျိုးထဲကိုသာ တုပလို့ရပြီး သူများတုပပြီးသားကိုလည်း ယူလို့မရပေ။
Part (51)ဆက်ရန်...
Advertisement
- In Serial156 Chapters
My Passive Skills Are Invincible!
It was an era taken over by a single online game, the Second World.
8 198 - In Serial21 Chapters
Aegis: Welcome to the End of the Universe
[participant in the Royal Road Writathon challenge] Bernard's life wasn't particularly great. Living on the razor's edge of poverty isn't a fun place to be. Being forced to compete for jobs that you are overqualified for, against others that are often just as overqualified, was almost humiliating. There had been plenty of times where he wished his luck was better, that he could stumble onto an opportunity that would allow him to finally succeed in life. Change and opportunity is rarely easy though, particularly if the change in question is a drastic alteration to the world as he knew it. When his chance finally arrived he learned just how true that old adage could be. Be careful what you wish for. Also, monkeys are evil.
8 208 - In Serial20 Chapters
Meritocracy
Updates Monday-Wednesday-Fridayand sometimes when I feel like it :) For now I'm going to try to post during the weekend The meritocracy is a utopia compared to the rest of the world. The centre of all knowledge. The only reason they are not constantly hounded by warfare is due to their reclusive nature and their supreme defences. But although the world outside is content with leaving the sleeping giant alone, struggles within the meritocracy seek to destroy its very foundation. Along comes Clara, a girl, a prodigy amongst prodigies, and seemingly chosen to be the leader of the next generation.
8 218 - In Serial17 Chapters
We Meet Again
It has been 5 years since Naya fell in Love with Cohen Muse. What happens when the two meet again? Will they fall for eachother all over again? Read and find out:)
8 224 - In Serial18 Chapters
Padding the Grade
High school. New semesters, (hopefully) new classes and new teachers.When a young new English teacher offers his class the chance to decide their final grade on the first day. A 60% that they would thoroughly enjoy, or a 90% for which they would have to suffer. And sign a contract stating their choice. Five students decide to boost their averages.They would soon learn just how much they could despise going to class.
8 103 - In Serial16 Chapters
The Telmarine Princess
Princess Katerina of Telmar is the youngest twin and second in line to the throne. When she is dragged out of bed in the middle of the night. She has no idea of the adventure and destiny that is laid out in front of her
8 184