《Ding-dong(Season 1)(Completed)》(49)ပိုင်ယန်စန်းအတု
Advertisement
ရှောင်းကျန့် ပိုင်ယန်စန်းအတုရဲ့ တီကောင်များစွာကိုကြည့်ပြီး ကြက်သီးတွေတဖြန်းဖြန်းထလာသည်။သူ့အသားကိုသာ အဲ့ဒီတီကောင်တွေလာထိပါက သူတစ်နှစ်လောက် မနားတမ်းရေချိုးပစ်လိမ့်မည်ဖြစ်သည်။
ပိုင်ယန်စန်းအတုဟာ ထိုမျှနဲ့ မပြီးသေးဘဲ သူ့ရဲ့နောက်လက်တစ်ဖက်ကိုပါ ထိုပုံစံအတိုင်း လုပ်ပစ်လိုက်သည်။သူ့ရဲ့မျက်နှာကလည်း ချက်ချင်းဘဲ ရှုံ့တွလာကာ ပါးနှစ်ဖက်မှာ တီကောင်အခွေတွေ ပေါ်လာသည်။
ထိုမျှနဲ့မရပ်သေး။ခြေထောက်နှစ်ဖက်ကိုပါ လက်နှစ်ဖက်လို လုပ်ပစ်လိုက်သည်။ရှောင်းကျန့်မှာ တီကောင်တွေကိုမြင်လေ ခြေထောက်ခွေချင်လေဖြစ်လာသည်။အခုတော့ အဓိကmainအကောင်ကြီးကိုတောင် မသတ်ရသေးတာ နောက်တစ်ကောင်က ပိုလာတော့ သူတို့သေဖို့က ရာခိုင်နှုန်းများလာပြီဖြစ်သည်။
ရှင်းရှင်းက သူတို့အကြံကို ရိပ်မိသဖြင့် သူ့ကိုယ်သူ အားအကုန်မခံဘဲ သူမရဲ့ဝှက်ဖဲကို ထုတ်သုံးခြင်းဖြစ်သည်။သူမက တုပတစ္ဆေတွေကို ကြောက်ရွံတာဟာ သူမကို သတ်နိုင်လို့ဖြစ်သည်။ဒါပေမဲ့ သူမက သူတို့တစ်ချက်ထဲ သတ်ပစ်ရလောက်သည်အထိ အင်အားနည်းမနေပေ။
ထို့ကြောင့် နာရီဝက်ထဲနဲ့ သူမသေမှာမဟုတ်ပေ။
ဝမ်ရိပေါ်ကလည်း ဒါကို ရိပ်မိပါသည်။ထို့ကြောင့် သူတို့အတွက် အသက်ရှင်ဖို့က ပိုတောင်ခက်ခဲလာသည်။သူက ဖန်မုဟန်ကိုကြည့်လိုက်ပြီး အလောတကြီး မေးလေသည်။
"ဖန်မုဟန်...မင်းမှာ အထိန်းချုပ်ခံရတုန်းက ရထားတဲ့ ခွန်အားတွေ ရှိသေးလား"
"ငါမသိဘူး"
"စမ်းကြည့်မယ်"
ပြောပြီးတာနဲ့ ဝမ်ရိပေါ်ဟာ ဖန်မုဟန်ကို လက်သီးနဲ့ထိုးလိုက်သည်။ရုတ်တရက်မို့ ဖန်မုဟန်လည်း ခုခံလိုက်ကာ ဘာမှမဖြစ်လိုက်ပေ။သူက ဝမ်ရိပေါ်ရဲ့လက်သီးကို ဘာမှသိပ်မခံစားလိုက်ပေ။ထို့ကြောင့် သူ့မှာ ရထားတဲ့အစွမ်းနည်းနည်းလောက် ကျန်နေသေးသည်။
"ငါ့မှာ အစွမ်းရှိသေးတယ်"
"ဒါဆို မင်းက ပိုင်ယန်စန်းအတုကို တိုက်ခိုက်ပါ...ငါက ရှင်းရှင်းကို တိုက်ခိုက်မယ်...မကြာခင်သန်းခေါင်ရောက်တော့မှာ...ငါတို့အဆုံးထိ တောင့်ခံထားရမယ်"
ဖန်မုဟန် ခေါင်းငြိမ့်လိုက်ပြီး သူတို့ကို ကြည့်နေတဲ့ ပိုင်ယန်စန်းအတုကို ကြည့်လိုက်သည်။ထို့နောက် သူငယ်ချင်းဖြစ်သူ ရှောင်းကျန့်ကို ပြုံးပြလိုက်သည်။ဒါက သူ့ရဲ့နောက်ဆုံးအပြုံး ဖြစ်နိုင်သည်။
ပြုံးပြပြီးတာနဲ့ ဖန်မုဟန်ဟာ စတင်လှုပ်ရှားတော့သည်။သူက ပိုင်ယန်စန်းအတုအနားကို လျင်မြန်စွာ ချဥ်းကပ်သွားကာ နှစ်ဦးသားအပြင်းအထန် တိုက်ခိုက်တော့သည်။
ဖန်မုဟန်လှုပ်ရှားတာနဲ့ ဝမ်ရိပေါ်လည်း အနားယူနေပုံရသည့်ရှင်းရှင်းကို တိုက်ခိုက်လိုက်သည်။ဝမ်ရိပေါ်တိုက်တာနဲ့ ရှင်းရှင်းဟာ မျက်လုံးဖွင့်လာပြီး ပြန်တိုက်ခိုက်တော့သည်။ခန္ဓာကိုယ်အချိုးအစားနဲ့ခွန်အားအရ ဝမ်ရိပေါ်က အားနည်းသော်လည်း လျင်မြန်မှုကြောင့် ရှင်းရှင်းရဲ့တိုက်ခိုက်မှုတိုင်းကို ပွတ်သီးပွတ်ကာ ရှောင်နိုင်ခဲ့သည်။
ရှောင်းကျန့် သူကအားနည်းတာမို့ ရပ်ကြည့်နေရုံသာ တတ်နိုင်သည်။သူဘာလုပ်ပေးရမယ်မှန်းလည်း သူမသိပေ။ဘယ်သောအခါမှ အားနည်းတာကို သူမခံပြင်းမိပေမဲ့ ဒီတစ်ခါတော့ ခံပြင်မိပါသည်။ချစ်သူနဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူက အသက်သေမတတ်တိုက်ခိုက်နေရပြီး သူကျတော့ ဘာမှမလုပ်ဘဲ ငြိမ်နေရသည်။
ထို့ကြောင့် သူ့ရဲ့ဆိုးရွားလှတဲ့ ဉာဏ်ရည်ကိုသုံးကာ ရှင်းရှင်းရဲ့အားနည်းချက်ရှိမရှိကို စဥ်းစားလိုက်သည်။သူက ရိပေါ်လောက် ဉာဏ်မထက်ပေမဲ့ အနည်းငယ်လောက်တော့ ခန့်မှန်းနိုင်တဲ့အဆင့်ဖြစ်သည်။
သူပထမဆုံး ရှင်းရှင်းဘာကြောင့် တုပတစ္ဆေတွေကို ကြောက်တာလဲဆိုတာကို စဥ်းစားလိုက်သည်။အစက မီးကြောင့်လို့ ထင်ခဲ့သော်လည်း အခုက မဖြစ်နိုင်ပေ။သူမက ကြောက်တယ်ဆိုသော်လည်း သူမကို သတ်နိုင်ဖို့က နာရီဝက်နဲ့မဖြစ်နိုင်ဘူးဆိုထဲက တုပတစ္ဆေတွေဟာ သူမကို အားနည်းသွားရုံသာ ဖြစ်စေနိုင်လိမ့်မည်။
ဒါ့ကြောင့် သူက သူမကိုသတ်နိုင်မည့်အဓိကလက်နက်ကို သေချာပေါက် ရှာရလိမ့်မည်။ဒါပေမဲ့ ဘယ်မှာရှာရမှာလဲ၊ဘယ်လိုရှာရမှာလဲဆိုတာကိုတော့ သူမသိပေ။
စိတ်ညစ်ညစ်နဲ့ ဝမ်ရိပေါ်တို့ကိုကြည့်လိုက်တော့ ထိတ်လန့်မိသွားသည်။ဖန်မုဟန်ရဲ့ လက်တစ်ဖက်ဟာ ပြတ်ထွက်သွားပြီး အရေးနိမ့်နေသည်။ပိုင်ယန်စန်းအတုဟာ သူ့ကို တီကောင်လက်တွေနဲ့ပတ်ကာ ချုပ်ထားသည်။
ခဏအကြာမှာ ဖန်မုဟန်ရဲ့ အရိုးကျိုးသံတွေကို ရှောင်းကျန့်ကြားလိုက်ရသည်။သူအတော်လေး ထိတ်လန့်မိသွားသည်။သူ့ရဲ့ သူငယ်ချင်းကို သူအဆုံးရှုံးမခံနိုင်ပေ။ထို့ကြောင့် ဖန်မုဟန်ရှိရာဆီကို ပြေးသွားလိုက်သည်။
ဒါသာ Dramaတစ်ခုဆိုရင် ကြည့်ရှုသူတွေက သူ့ကိုဆဲကြလိမ့်မည်။သူဝင်ကူညီလိုက်ရင် သူကအရှုပ်ထုပ်တစ်ခုလိုဖြစ်သွားကာ ဖန်မုဟန်အတွက် ပိုပြီးဒုက္ခများစေလိမ့်မည်။ဒါပေမဲ့ ဒီအချိန်မှာ သူ့သူငယ်ချင်းအသက်ကသာ သူ့အတွက် အရေးကြီးဆုံး ဖြစ်သည်။
ရှောင်းကျန့် သူ့ရဲ့ဖုန်းမီးကို ပိုင်ယန်စန်းအတုမျက်လုံးတည့်တည့်ကို ပို့လိုက်သည်။ဒါက ထိရောက်မလားဆိုတာကို သူမသိသော်လည်း စမ်းလုပ်ကြည့်တာက မမှားပေ။ဒါမှမလုပ်ရင် သူ့မှာ ဘာလက်နက်မှမရှိတာမို့ ဘယ်လိုမှကူညီနိုင်မှာ မဟုတ်ပေ။
သူမထင်ထားလောက်အောင် သူ့လုပ်လိုက်တာက ပိုင်ယန်စန်းအတုကို ထိရောက်သွားသည်။သူက သတိလက်လွတ်ဖြစ်သွားကာ သူ့ရဲ့တီကောင်လက်တွေက ပြေလျော့သွားသည်။ထို့ကြောင့် ဖန်မုဟန်လည်း အမြန်ရုန်းထွက်နိုင်ခဲ့သည်။
ထိုအခါမှ ရှောင်းကျန့်လည်း သက်ပြင်းချလိုက်ကာ ဖုန်းမီးကို ရိပေါ်တို့ဘက်ပို့ပြီး ကြည့်လိုက်သည်။ရှင်းရှင်းနဲ့ရိပေါ်က အသည်းအသန်တိုက်ခိုက်နေပြီး ဝမ်ရိပေါ်ရဲ့ ကိုယ်မှာ ဒဏ်ရာတွေကို မြင်နေရသည်။
သူစိုးရိမ်စွာကြည့်နေစဥ် ရှင်းရှင်းရဲ့လက်ကြီးဟာ ရိပေါ်ရင်ဘတ်ကို ရိုက်ထုတ်လိုက်သည်။ဒဏ်ရာအနည်းငယ်ရနေတဲ့ရိပေါ်ဟာ အမြန်မရှောင်နိုင်ဘဲ လက်ဝါးစာမိသွားကာ ကလီစာတစ်ချို့ကို အန်ထုတ်လိုက်ရကာ မတ်တပ်ရပ်ဖို့ပင်အနိုင်နိုင်ဖြစ်သွားသည်။
ရှင်းရှင်းက ချက်ချင်းဘဲ နောက်ထပ်လက်ဝါးတစ်ချက် ထပ်ထုတ်ကာ ရိပေါ်ကို ချိန်ရွယ်လိုက်သည်။ထိုမြင်ကွင်းကြောင့် ရှောင်းကျန့်တစ်ယောက် ရင်ထဲပူလောင်သွားကာ မြန်နိုင်သမျှမြန်မြန် ရိပေါ်ဆီပြေးသွားလိုက်သည်။
သူရိပေါ်ဆီ ရောက်ချိန်မှာတော့ လက်ဝါးက သူ့ခေါင်းအနားအထိ ရောက်လာပြီဖြစ်သည်။သူကကြောက်လန့်စွာနဲ့ မျက်လုံးစုံမှိတ်လိုက်ကာ ရိပေါ်ကို ဖက်ထားလိုက်တော့သည်။
(A/N:မီးကမနက်ထဲကပျက်နေတယ်😞ဖုန်းအားကလည်း ညတုန်းက မသွင်းမိလို့ မရှိဘူးရယ်...အဲ့တာကြောင့် နှစ်ပိုင်းဘဲ ရေးလို့ပြီးတယ်...မနက်ဖြန်မှ ကျန်တဲ့တစ်ပိုင်းကို upပေးမယ်နော်...ပြောထားသလို မတင်ပေးနိုင်လို့ တောင်းပန်ပါတယ်နော်)
Part (50)ဆက်ရန်...
Zawgyi
Advertisement
"ငါမသိဘူး"
"စမ်းကြည့်မယ်"
Part (50)ဆက်ရန်...
Advertisement
- In Serial61 Chapters
The Voice of the World
Jason Elric used to be an ordinary college student living in the heart of San Francisco. He had a part time job, he played online games with friends he got along moderately well with, and he earned reasonably good grades. The worst he really had to worry about in life was turning in his coursework on time and not being late to class. Now, though? Now fighting for his life and running from a horde of giant frogs that want to make him their next meal is just another Tuesday. Thanks to a summoning ritual gone terribly right, Jason has found himself trapped in a world eerily similar to the role playing games games he used to play for fun. Unfortunately for the now ex-college student, everything happening around him is terrifyingly real and if he wants to survive, he’ll have to figure out how to exploit the system for his benefit before it’s too late. The Voice of the World is the first part of what is planned to be a multi-book, Isekai LitRPG story with crafting elements, set in the fantasy world known as Verdania. This is my first time posting online for public consumption, so bear with me as I work to find a style that people like. While I may occasionally write scenes that may deal with heavy concepts, expect this story to be primarily light hearted high fantasy. There will be a lot of common fantasy tropes involved, as this story got its start as a simple practice exercise, rather than any plan to actually post it. However, it’s grown on me, so I felt it’s worth sharing after all. Thus, if you’re looking for more serious/original/unusual stories, you might want to look elsewhere. For the rest of you, feel free to leave suggestions, as well as to point out grammar and spelling mistakes; I’ll do my best to make edits to correct them. I do my own editing currently, and it’s easy to miss things when you know what’s supposed to be there, so such call outs are highly encouraged. Content TLDR: No harems, probably no romance (unless it makes sense for the story later on) (it did, eventually), definitely no sex (keeping this PG-13 or close to it), limited profanity. Does/Will contain mixes of magic and technology (think Warhammer, Final Fantasy); copious amounts of blue tables; race, gender, and sexual equality concepts; crafting sequences; and (slightly, but not overbearingly) strong protagonists. If you don’t like these things, go elsewhere instead of downvoting people for content instead of writing quality. Update Time currently varies, due to personal injury, but the goal is 1/week on Wednesdays, with a possible smaller chapter on weekends if time/health permits.
8 309 - In Serial28 Chapters
Colonize
It was a normal day, until Morgan and every other kid in her high school were sucked aboard an alien spaceship and dumped on an entirely new planet. And human beings aren’t the only new arrivals. Morgan’s never been a team player, and she never imagined facing disaster with a bunch of confused, terrified teenagers. To live she’ll have to make allies—human and otherwise. Because Morgan has no intention of settling down and starting anew somewhere else. Whoever brought her here can bring her back. First, she must survive.
8 159 - In Serial36 Chapters
3 Bodies 1 Soul
Alex Hunter woke up in another world and found himself in control of three different bodies; a timid and weak-willed human guard, a good-for-nothing demon prince, and an elf who wants nothing more than to leave the forest where he lived his whole life, and to go to the outside world to explore and see how the other races were living. How is Alex going to deal with all of this? Especially after realising that 'he' was leading an army to invade the town 'he' lived in.
8 536 - In Serial43 Chapters
Dungeon Park (Funny LitRPG Dungeon Core Romp)
Billy-Bob Bain plays BetterVerse to get away from his problems, but life in-game is not much better than his daily grind - he's broke, unappreciated, and there's no prospect of things getting better. Until he becomes the only player worldwide to receive a seemingly useless skill book... And becomes the world's first - and only - Dungeon Consultant. Dungeon Park is a hilarious tale of creativity, triumph over adversity, and cute skeletons. "It's a real rollercoaster ride of a story!" New chapters as and when they are written.
8 206 - In Serial11 Chapters
Just Admit It // dreamnotfound
Complete :)Dream, George and Sapnap move in together,and a secret ponders through George's mind, but no one knows.no one knows how he feels about his friend, how he feels about Dream,Not even himself, Until one little Dream makes him realize his secret.--just a little story for now, i don't really have any ideas so i'm making this- All them have stated stuff like this doesn't bother them, if this story or others like it make them uncomfortable, I will take this down.-Pfp art from mangdreams on twitter :)
8 208 - In Serial52 Chapters
Nasze Tureckie Imiona
Jak sam tutuł wskazuje, znajdziecie tu Wasze imiona i ich ZNACZENIOWE tureckie odpowiedniki. Serdecznie zapraszam do środka :)
8 233