《Ding-dong(Season 1)(Completed)》(45)ရိုလာကိုစတာလိုအချစ်
Advertisement
ဖန်မုဟန်ဟာ နိုးလာတာနဲ့ အားနည်းတဲ့ရှောင်းကျန့်ကိုဘဲ ဦးဆုံးတိုက်ခိုက်လိုက်သည်။ဝမ်ရိပေါ်ကြောင့် ရထားသည့် သူ့ရဲ့ဒဏ်ရာတွေကလည်း အလျင်အမြန်ပြန်ကောင်းနေလေပြီ။
ရှောင်းကျန့်က အားနည်းတယ်ဆိုသော်လည်း ဝမ်ရိပေါ်နဲ့ခြေတစ်လှမ်းစာထက် ဘယ်တော့မှ မဝေးသည့်အတွက် ဖန်မုဟန်တိုက်ခိုက်တာကို ဝမ်ရိပေါ်က တားပေးသဖြင့် မခံလိုက်ရပေ။
"ချီးဘဲ....ရှောင်းကျန့် မင်းဘာကြောင့် အမြဲကံကောင်းရတာလဲ"
"ငါက ကံကောင်းတာမဟုတ်ဘူး...မွေးကတည်းက ကောင်းတဲ့ကံပါလာတာ...မုဟန်...ငါတကယ်မထင်ထားခဲ့ဘူး...မင်းကအမြဲအေးဆေးတဲ့သူမို့ ဒီလိုတစ်ကိုယ်ကောင်းသမားဖြစ်မယ်လို့လေ"
"တစ်ကိုယ်ကောင်းသမားလား...မင်းတို့ကို သတ်ဖို့လုပ်တာအတွက်လား"
"မဟုတ်ဘူး...ဒီအထပ်ကနေ လွတ်မြောက်ချင်စိတ်ကြောင့် သူငယ်ချင်းတွေကို စတေးပြီး ကိုယ်လွတ်ရုန်းချင်တဲ့ တစ်ကိုယ်ကောင်းသမား"
"ငါ့သူငယ်ချင်းက ချုံးမိုတစ်ယောက်တည်း...မင်းတို့မပါဘူး"
"ဟုတ်လား...ကိုယ့်သူငယ်ချင်းကို သတ်တဲ့သူအတွက် ငါတို့ကို သတ်ဖို့လုပ်နေတဲ့သူကလား"
ရှောင်းကျန့်က ဖန်မုဟန်အမှန်တရားကို မြင်လာပြီး ထိန်းချုပ်မှုကနေ လွတ်လာစေရန် ရန်စနေပေမဲ့ ဖန်မုဟန်က ဒေါသတွေသာထွက်လာပြီး သည်းကြီးမည်းကြီးတိုက်ခိုက်တော့သည်။ဒီတစ်ခါလည်း ဖန်မုဟန်သာ ရှုံးသွားပြီး သတိမေ့သွားပြန်သည်။
"ဒါက အချိန်ဆွဲနေသလိုဘဲ...အဲ့ဒီသရဲကြီးက တုပတစ္ဆေတွေမလာခင် ငါတို့ကို တိုက်ခိုက်လို့ရတာကို"
"တစ်ခုခုကို ကြံစည်နေတာဖြစ်မယ်"
"ရိပေါ်...ဒီတစ်ခါက ငါတို့သေနိုင်ချေအများကြီးရှိတယ်...အဲ့ဒီသရဲကြီးက မင်းနဲ့တိုက်ခိုက်ပြီး သူထိန်းချုပ်တာခံထားရတဲ့ မုဟန်ကတော့ ငါ့ကို သတ်လိမ့်မယ်"
"ကိုယ်မင်းကို ကာကွယ်ပေးမယ်"
"ဟင့်အင်း...ရိပေါ် ငါက အမြဲတမ်းလှချင်တယ်ပြောနေပေမဲ့.....ဟင်းးး.....ငါက လှနေပြီးသားဘဲလေ"
"....."
"အဲ့တော့ ငါသေရမှာကို မကြောက်ဘူး...ဒီမှာသေရင် ဘယ်သူမှလည်း တွေ့မှာမဟုတ်ဘူးလေ...အဲ့တော့ ရိပေါ်...ငါဒီမှာသေရင်တောင် သရဲအဖြစ်နဲ့ ငါတို့နီးစပ်နေဦးမှာ...သရဲဘဝမှာတော့ ငါ့ရဲ့အနောက်ပေါက်လေးကို ဖွင့်ပေးရမယ်နော်"
"မင်းဘာပြောပြော ကိုယ်နားထောင်မယ်...ပြီးတော့ မင်းကိုလည်း အတတ်နိုင်ဆုံး ကာကွယ်ပေးမယ်...ကိုယ့်ရဲ့ခြေတွေလက်တွေ မရှိတော့ရင်တောင် ကိုယ်မင်းမနာကျင်အောင် ကြိုးစားပေးမယ်"
"ရိပေါ်...ငါတို့က မင်းမသေခင်တုန်းက ဆုံဖူးတယ်မလား"
"အွန်း"
"ဒါဆို မင်းက ဆင်းရဲတဲ့စာသင်သားလေးဖြစ်ပြီး ငါက မင်းသားတစ်ယောက်ဖြစ်လိမ့်မယ်"
"မဟုတ်ဘူး"
"အဲ့တာဆို မင်းက သာမန်အရပ်သားလေးဖြစ်ပြီး ငါက သမားတော်များလား"
"အဲ့တာလည်း မဟုတ်ဘူး"
"ဒါဆိုရင်တော့ ငါက မြင့်မြတ်တဲ့သခင်လေးဖြစ်ပြီး မင်းက ငါတို့အိမ်တော်ကအစေခံကောင်လေးဖြစ်မယ်"
ဝမ်ရိပေါ် သူကျတော့ အကောင်းချည်းဘဲ ယူနေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ပြုံးမိသွားသည်။တကယ်တော့ ဝမ်ရိပေါ်က တိုင်းပြည်ရဲ့စစ်သူကြီးက မွေးစားထားတဲ့ကလေးတစ်ယောက်သာ ဖြစ်သည်။
အရွယ်ရောက်ချိန်မှာ ကျောင်းတော်မှာ စာသင်ပြီး အတော်ဆုံးစာသင်သားဖြစ်တာမို့ တိုင်းပြည်တစ်ခွင်ကျော်ကြားခဲ့သည်။
မကြာခင်မှာ မွေးသားအဖေဖြစ်သူ စစ်သူကြီးက အားနည်းတဲ့ဘုရင်ကို ပုန်ကန်ပြီး ထီးနန်းလုယူခဲ့ကာ သူကလည်း မင်းသားတစ်ပါးဖြစ်လာခဲ့သည်။
သို့သော် ထီးနန်းအမွေပြိုင်ဆိုင်မှုကြောင့် မင်းသားရာထူးကို ပြန်အပ်ခဲ့ပြီး မင်းသားတွေကို စာသင်ပေးသည့် မင်းဆရာသာ လုပ်ခဲ့သည်။
ရှောင်းကျန့်ကတော့ သူတစ်ခါတည်းသာ တွေ့မြင်ဖူးပြီး တစ်ခါတည်းနဲ့ ချစ်မိသွားသည့် ကုချင်းတီးခတ်သူလေးဖြစ်သည်။အဲ့ဒီခေတ်ကာလမှာ အမြဲနှိမ့်ချဆက်ဆံခံရတဲ့ သဘင်သည်တွေဟာ ပုန်ကန်ခဲ့ပြီး မျိုးတုန်းသတ်ဖြတ်ခံခဲ့ရသည်။
သူသေဆုံးတဲ့အထိ ရှောင်းကျန့်ကို ထိုတစ်ကြိမ်လေးသာ မြင်ဖူးခဲ့တာဖြစ်သည်။သရဲအနေနဲ့ အကြာကြီးရှိနေခဲ့တာတောင် အခုမှရှောင်းကျန့်နဲ့ ပြန်ဆုံခြင်းဖြစ်သည်။
ကွာခြားသွားတာတစ်ခုက အရင်က ရှောင်းကျန့်ဟာ ကုချင်းတီးခတ်ရင်တောင် စမ်းရေပမာတည်ငြိမ်အေးချမ်းလွန်းသည်။အခုရှောင်းကျန့်ကတော့ အသွက်လက်လွန်နေကာ တည်ငြိမ်မှုနည်းနည်းလေးတောင် မရှိပေ။ဒါပေမဲ့ ရှောင်းကျန့်ဘယ်လိုဖြစ်ဖြစ် သူကတော့ ချစ်နေဦးမည်သာ ဖြစ်သည်။
ရှောင်းကျန့်တစ်ယောက် သူထင်သည့်အခြေအနေအမျိုးမျိုးကို မနားတမ်းပြောပြီးနောက် မောသွားကာ ခဏနားနေသည်။
"ရိပေါ်...ငါအခု အဲ့တုန်းက ငါတို့အနေအထားက ဘယ်လိုဆိုတာကို မသိချင်တော့ဘူး...ငါသိချင်တာက ငါတို့ချစ်ခဲ့ကြလား"
"ဟင့်အင်း...မင်းက ငါ့ထက် အစောကြီးသေသွားလို့"
"WTF!တကယ်ကြီးလား...မင်းတောင် ဒီအရွယ်နဲ့သေတာဆိုရင် ငါက မင်းထက်ငယ်တဲ့အချိန်မှာ သေသွားတာပေါ့ ဟုတ်လား"
"အွန်း"
"ထားပါတော့...ငါကရောဂါသည်လေးဖြစ်မယ်...ဒါပေမဲ့ ဒီဘဝမှာတော့ ငါက သွက်လက်တဲ့သူလေးပါ...အခု ငါတို့ ဆုံလည်းဆုံခဲ့ပြီ...ချစ်လည်းချစ်ခဲ့ကြပြီ...ရိပေါ်...ငါတို့ပြန်ဆုံကြမယ်...ပြန်ဆုံကြရင် ငါမင်းကိုအလွှတ်မပေးတော့ဘူး"
ဝမ်ရိပေါ် သူ့အရှေ့က အမှန်တကယ်ဝမ်းနည်းပြနေသော ရှောင်းကျန့်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။အခြေအနေတွေကို တက်သွားလိုက် ကျသွားလိုက်ဖြစ်အောင် လုပ်နိုင်သည့် Drama Kingကြီး ရှောင်းကျန့်ကြောင့် သူတို့အချစ်က ရိုလာကိုစတာလိုမျိုး ဖြစ်နေတော့သည်။
Part (46)ဆက်ရန်...
Zawgyi
Advertisement
"ဒါက အချိန်ဆွဲနေသလိုဘဲ...အဲ့ဒီသရဲကြီးက တုပတစ်ဆေတွေမလာခင် ငါတို့ကို တိုက်ခိုက်လို့ရတာကို"
"....."
"အွန်း"
"မဟုတ်ဘူး"
"အဲ့တာလည်း မဟုတ်ဘူး"
"အွန်း"
Part (46)ဆက်ရန်...
Advertisement
- In Serial9 Chapters
Is It Too Late To Move My Lair?
A legendary dragon... It has been told in the stories for hundreds of years. Some say it keeps a mountain of treasure in its cave, some say it is a vicious beast, some say it protects the village nearby, some claim it can grant their wishes, and some just think it's nothing more than a fairytale. He is not. The dragon is very real, although he isn't bothered by what people think of him in the slightest. He also doesn't have a grand treasure, nor does he grant wishes, like a magical genie. He is not interested in eating humans either. And as for protecting them… well. This is the story of the time before the legends, how they came to life and a dragon in the quest of his snooze. In a nutshell, this is a simple, light-hearted story with a dragon in it. What I have in mind is a relatively short one compared to most of the works on this site, but we'll see where it goes. This is my first attempt at writing something like this, so please be patient and kind in pointing out mistakes. As for the posting schedule... let's say it will be sporadic. Hope you enjoy reading, as much as I do while writing it… THE STORY IS NOT DROPPED, JUST SLOW ON THE UPDATES. Cover art by Nane, aka me. (Cross-posted on Scribble Hub.)
8 187 - In Serial44 Chapters
Pagebreak
Jean loved books but the world didn't. Unable to find enough books in her own world, Jean stumbles upon the House of Wisdom - a massive library in the magical world of Illustair. In Illustair, books are the source of magic and now Jean has more books than she could ever hope to read as well as access to magic beyond her wildest dreams! What could possibly go wrong? SEASON TWO WILL COME AFTER A QUICK REWRITE! Like the story? Vote for it on TopWebfiction! If you would like to follow it on my website, please click here. Additional genres: Drama, Tragedy.
8 259 - In Serial10 Chapters
Oh, I'm A God?
Just out of sight from our own, is a fantasy world where gods rule kingdoms and monsters lay outside its walls. Somehow, our normally shut-in protagonist Bell has been transported to this dangerous world, and with that the gift of energy of the archon god of space. Now Bell must learn to use his newfound power to try to make friends, defeat enemies, and navigate this corrupt world from destruction. Authors Note - This story uses a unique writing style called "Stream of consciousness" You get to read the inside of the protagonist's head and truly experience the world as he does.
8 159 - In Serial14 Chapters
The Library's Patron.
A fan fiction of Library of Ruina that only uses the Library and its powers. (ALSO YOU CAN ONLY READ THIS IF YOU HAVE COMPLETED LOR because IT SPOILS THE ENTIRE GAME. Read at your risk!) "May you find your book in this place." 18 year old, Albion 'Lynx' Herrington was an F-Ranked Hunter who died. Now he finds himself in a place known as the Library. Whatever its origins and whatever it is. Albion had to figure things out on his own, and the Library may have the answers to the questions he has.
8 130 - In Serial57 Chapters
Hero? I'm assassin, but that's the same right?
Pyro is quite a notorious assassin on Earth, and was enrolled in the 'Black hands' in the 'Arachne' Division as one of the best assassins at that time, and the most secretive one. He has different set of values and in some cases lacks common sense, but as being the one who get the job done by any means necessary was one of the reasons to his fame, or infamy, depending on who you would ask. It's year 2026, and the third world war will soon commence, but before that Pyro has a target to eliminate... or two. *** As I am new to writing and not a native english speaker, there is bound to be mistakes, not critical though mind you. Oh and comedy is there just bacause I will try to make MC funny... and happy-go-lucky... probably... oh and he will be/is OP... There's no point in weaklings, right?
8 165 - In Serial8 Chapters
JumpForce : nueva vida allá vamos¡
Cuenta la historia de un niño otaku que se encuentra en un problema de dimensiones donde se encuentra con personajes de sus animes, en busca del salto de fuerza un poder infinito
8 222

