《Ding-dong(Season 1)(Completed)》(44)Ghost's life is the best
Advertisement
ရှောင်းကျန့် မေ့လဲနေသည့် ဖန်မုဟန်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ဝမ်ရိပေါ်က သူ့ကြောင့် အလျှော့ပေးထားတာမို့ ဖန်မုဟန်ဒီလောက်သာ အခြေအနေဆိုးသွားခြင်း ဖြစ်သည်။မဟုတ်ပါက တစ်ခါတည်းနဲ့ သေသွားမည်ဖြစ်သည်။
သူက ဉာဏ်ကောင်းတဲ့သူမဟုတ်ပေမဲ့ တုံးလွန်းတာလည်း မဟုတ်သည့်အတွက် ရိပေါ်က အခြားလူတွေထက် ထူးခြားနေကြောင့် ရိပ်မိပြီးသားဖြစ်သည်။သူဘာမှမပြောတာကြောင့် မသိဘူးလို့တော့ သတ်မှတ်၍မရပေ။
သူထင်တာကတော့ ဝမ်ရိပေါ်က လူမဖြစ်နိုင်လောက်ပေ။အမှောင်ထဲမှာတောင် ဘာအန္တရာယ်မှမကြုံဘဲ ပြေးနိုင်တာက အမှောင်ထဲမှာ မြင်ရလို့ဖြစ်နိုင်သည်။ထို့ကြောင့် ရိပေါ်က ဝံပုလွေဖြစ်နိုင်ချေရှိသည်။သူ့ရဲ့ခွန်အားကလည်း သာလွန်းသည်မဟုတ်ပါလား။
"ရိပေါ်...ငါတကယ် ထိန်းချုပ်လို့မရတော့လို့...ငါမင်းကိုမေးချင်တာရှိတယ်"
"ဘာများလဲ"
"မင်းက လူမဟုတ်ဘူးမလား"
"အွန်း...ကိုယ်ကလူမဟုတ်ဘူး"
"ငါထင်တာတော့ မင်းက ဝံပုလွေမလား"
"မဟုတ်ပါဘူး"
"မဟုတ်ဘူးလား...ဒါဆို မြေခွေးလား"
"မဟုတ်ဘူး"
"မြွေလူပျိုများလား"
"ဟင့်အင်း"
"နဂါး...နဂါးမလား"
"ဟင့်အင်း"
"ကြောင်လေး ဖြစ်မယ်ထင်တယ်"
"တစ်ခုမှမဟုတ်ဘူး...ကိုယ်က သရဲပါ"
"ဟားဟား...လာနောက်ပြန်ပါပြီ...ငါထပ်ပြီးခန့်မှန်းကြည့်မယ်...သွေးစုပ်ဖုတ်ကောင်တော့ မဟုတ်ဘူးမလား"
"သရဲပါဆို"
"နတ်မျိုးနွယ်ကလား"
"ကိုယ်က သရဲ"
"မှင်စာ...ဟုတ်တယ်မလား"
"သရဲ...ကိုယ်က ရေမရောတဲ့သရဲစစ်စစ်"
"သေမင်းတံမန်များလား"
"ရှောင်းကျန့်...ကိုယ်က သရဲလို့"
ဝမ်ရိပေါ်က အော်လိုက်တာကြောင့် ရှောင်းကျန့် ခဏမျှကြောင်အသွားသည်။ထို့နောက် သူလည်း ပြန်အော်တော့သည်။
"ဝမ်ရိပေါ်...မင်းငါ့ကို မင်းရဲ့ဘဝအမှန် မပြောပြချင်လည်းရတယ်....ဒါပေမဲ့ ငါ့ကို လာမအော်နဲ့...ငါမင်းကိုအတင်းမေးနေတာမဟုတ်ဘူး...အမှန်မဟုတ်တာတွေလည်း လာမပြောနဲ့"
"ကိုယ်က အမှားတွေပြောနေတာမဟုတ်ဘူး...ကိုယ်ကတကယ်ကိုသရဲ"
"လာမလိမ်နဲ့...အရမ်းချောတဲ့သရဲရှိလို့လား"
"ရှိတယ်...ကိုယ်လေ...ကိုယ်ကအရမ်းချောတဲ့သရဲဘဲ"
"လိမ်တယ်....ချောတဲ့သရဲဆိုတာ ဝတ္ထုတွေဇာတ်လမ်းတွေထဲမှာဘဲရှိတာ...အပြင်မှာမရှိဘူး"
"ကိုယ်မင်းကို မလိမ်ဘူး...အမှန်ဘဲပြောနေတာ...ကိုယ်ကဘုရင်ခေတ်ထဲက သရဲဖြစ်နေတာ...မင်းမှတ်မိလား...မင်းရဲ့ရေချိုးခန်းထဲမှာ ပေါ်လာတဲ့သရဲက ကိုယ်လေ...မင်းကို သတိပေးခဲ့တာလည်းကိုယ်ဘဲ...မင်းမှတ်မိတယ်မလား...ကိုယ့်ကိုတွေ့တုန်းက ကိုယ်ကစာသင်သားပုံစံဝတ်ထားတာကိုလေ...ကိုယ်က တကယ်ကို သရဲတစ်ယောက်ပါ"
ဒီရှင်းပြချက်တွေကို နားထောင်ပြီးတဲ့နောက်မှာ ရှောင်းကျန့်တစ်ယောက် အမှန်တရားကို လက်ခံနိုင်ဖို့ ကြိုးစားရတော့သည်။ရှောင်းကျန့်ဟာ သူ့ကိုလက်ခံပေးဖို့ မျှော်လင့်တကြီးကြည့်နေတဲ့ ဝမ်ရိပေါ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
သူ့အကြည့်ကြောင့် ဝမ်ရိပေါ်မျက်နှာဟာ ညှိုးကျသွားသည်။အခုအချိန်မှာ သူအဲ့တာကို အာရုံမစိုက်နိုင်။ဝမ်ရိပေါ်ကလည်း သူပြောလာမှာတွေကို နားထောင်ဖို့ စောင့်ဆိုင်းနေသည်။
"သရဲဖြစ်ပြီး ဘာလို့အရမ်းချောနေရတာလဲလို့"
"...."
"အခုချက်ချင်း အဲ့ဒီအဖြေကို သိချင်တယ်...မဖြေရင် ခင်ဗျားနဲ့လမ်းခွဲပစ်မယ်"
"အဲ့တာကလေ...မွေးကတည်းကချောတော့ သေတော့လည်း ချောတာပေါ့...သရဲဖြစ်တော့လည်း ချောနေဆဲပေါ့"
"ဟုတ်လို့လား...ဘယ်လိုဘဲဖြစ်ဖြစ် မသေခင်ချောရင်တောင် သေပြီးသွားရင် မျက်နှာတွေကဖြူဖျော့သွားပြီး တဖြည်းဖြည်းပုပ်သွားမှာဘဲလေ...အဲ့တော့သရဲဘဝမှာမျက်နှာကလည်း အဲ့လိုရုပ်ဖြစ်နေရမှာပေါ့...မှန်မှန်ပြော...ခင်ဗျားနှစ်ပေါင်းများစွာ skin careလာလို့ ဒီလိုချောနေတာမလား"
"....."
"တကယ်...တကယ်ကို သရဲတစ်ယောက်ကချောမှန်း မသိခဲ့ဘူး...အဲ့ဒီသရဲကလည်း ရည်းစားဖြစ်လာမယ်မှန်း မသိခဲ့ဘူး"
"သိခဲ့ရင်ရော"
"သိခဲ့ရင်တော့............စတွေ့ထဲက သရဲဘဝအထိ ချောမဲ့နည်းလမ်းတွေ မေးမှာပေါ့လို့...အခုလို ဘယ်အချိန်သေမလဲမသိတဲ့အခြေအနေမှာ ဘယ်လိုလုပ်မေးမြန်းလို့ရမှာလဲ"
"ကိုယ်ကသရဲဆိုတော့ မကြောက်ဘူးလား"
"ချောရင် ငရဲမင်းဆိုရင်တောင် ငါမကြောက်ဘူး...ဒါပေမဲ့ ငါတစ်ခုတော့မကျေနပ်ဘူး"
"ဘာကိုလဲ"
"ငါတို့က Sad endingကြီးလေ...မင်းကသရဲ... ငါကလူ...ပေါင်းလို့ရရဲ့လား"
"ကိုယ်တို့ဒီကနေ ထွက်နိုင်ရင် ကိုယ်မင်းသေပြီးသရဲဖြစ်တဲ့အထိ စောင့်နေမယ်...ပြီးရင်အတူတူပြန်ဝင်စားကြမယ်"
"သရဲဘဝဘဲကောင်းပါတယ်...ပြန်မဝင်စားကြရအောင်"
"ဘာလို့လဲ...လူမဖြစ်ချင်ဘူးလား"
"လူမဖြစ်ချင်တာထက် အမှားအယွင်းတစ်ခုကြောင့် အချိန်တွေကွာခြားသွားတာတို့....ဥပမာ ငါကမင်းအဖေဖြစ်ပြီး မင်းက ငါ့သားဖြစ်လာတာတို့...နောက်ပြီး ငါတို့က လူတစ်ယောက်ထဲဆီမှာဘဲဝင်စားရင်ရော...ညီအကိုဘဝဘဲဖြစ်မှာပေါ့...အဆိုးဆုံးက ငါက အကွေးတစ်ယောက်အနေနဲ့မွေးဖွားလာပြီး မင်းကမိန်းကလေးဖြစ်ခဲ့ရင်ရော...အဲ့တာကြောင့် Ghost's life is the best"
"ဟုတ်ပါပြီ...မင်းကိုယ့်ကိုမကြောက်သွားတာနဲ့တင် ကိုယ်ကျေနပ်နေပြီ"
"ငါက အရမ်းချစ်တတ်တဲ့သူပါနော်...မင်းဘာကြီးဘဲဖြစ်ဖြစ် ငါ့အတွက်အဆင်ပြေတယ်...မင်းချောနေရင်ပေါ့"
"ဟားဟား"
ဝမ်ရိပေါ်ရယ်နေတာကိုကြည့်ရင်း ခဏအကြာမှာ ရှောင်းကျန့်တစ်ယောက် အလန့်တကြားထအော်တော့သည်။
"What?ငါက ဒီတစ်ဘဝလုံး အပျိုစင်အဖြစ်နဲ့ဘဲ ရှိသွားတော့မှာလား...ငါ့ရဲ့ပန်းပွင့်လေးက မပွင့်သွားတော့ဘူးပေါ့...လုံးဝလက်မခံနိုင်ဘူး"
ဝမ်ရိပေါ်လည်း အစကလန့်သွားပေမဲ့ ရှောင်းကျန့်စကားကြောင့် ရယ်မိသွားသည်။နှစ်ယောက်စလုံးက ကိုယ့်ကိစ္စကိုဘဲအာရုံထားနေတာမို့ ဖန်မုဟန်တစ်ယောက် နိုးလာတာကို သတိမထားမိလိုက်ပေ။
Part (45)ဆက်ရန်...
Zawgyi
ေရွာင္းက်န့္ ေမ့လဲေနသည့္ ဖန္မုဟန္ကိုၾကည့္ၿပီး သက္ျပင္းခ်လိဳက္သည္။ဝမ္ရိေပၚက သူ႕ေၾကာင့္ အေလွ်ာ့ေပးထားတာမို႔ ဖန္မုဟန္ဒီေလာက္သာ အေျခအေနဆိုးသြားျခင္း ျဖစ္သည္။မဟုတ္ပါက တစ္ခါတည္းနဲ႕ ေသသြားမည္ျဖစ္သည္။
သူက ဉာဏ္ေကာင္းတဲ့သူမဟုတ္ေပမဲ့ တုံးလြန္းတာလည္း မဟုတ္သည့္အတြက္ ရိေပၚက အျခားလူေတြထက္ ထူးျခားေနေၾကာင့္ ရိပ္မိၿပီးသားျဖစ္သည္။သူဘာမွမေျပာတာေၾကာင့္ မသိဘူးလို႔ေတာ့ သတ္မွတ္၍မရေပ။
သူထင္တာကေတာ့ ဝမ္ရိေပၚက လူမျဖစ္နိုင္ေလာက္ေပ။အေမွာင္ထဲမွာေတာင္ ဘာအႏၱရာယ္မွမႀကဳံဘဲ ေျပးနိုင္တာက အေမွာင္ထဲမွာ ျမင္ရလို႔ျဖစ္နိုင္သည္။ထို႔ေၾကာင့္ ရိေပၚက ဝံပုေလြျဖစ္နိုင္ေခ်ရွိသည္။သူ႕ရဲ႕ခြန္အားကလည္း သာလြန္းသည္မဟုတ္ပါလား။
"ရိေပၚ...ငါတကယ္ ထိန္းခ်ဳပ္လို႔မရေတာ့လို႔...ငါမင္းကိုေမးခ်င္တာရွိတယ္"
"ဘာမ်ားလဲ"
"မင္းက လူမဟုတ္ဘူးမလား"
"အြန္း...ကိုယ္ကလူမဟုတ္ဘူး"
Advertisement
"ငါထင္တာေတာ့ မင္းက ဝံပုေလြမလား"
"မဟုတ္ပါဘူး"
"မဟုတ္ဘူးလား...ဒါဆို ေျမေခြးလား"
"မဟုတ္ဘူး"
"ေႁမြလူပ်ိဳမ်ားလား"
"ဟင့္အင္း"
"နဂါး...နဂါးမလား"
"ဟင့္အင္း"
"ေၾကာင္ေလး ျဖစ္မယ္ထင္တယ္"
"တစ္ခုမွမဟုတ္ဘူး...ကိုယ္က သရဲပါ"
"ဟားဟား...လာေနာက္ျပန္ပါၿပီ...ငါထပ္ၿပီးခန့္မွန္းၾကည့္မယ္...ေသြးစုပ္ဖုတ္ေကာင္ေတာ့ မဟုတ္ဘူးမလား"
"သရဲပါဆို"
"နတ္မ်ိဳးႏြယ္ကလား"
"ကိုယ္က သရဲ"
"မွင္စာ...ဟုတ္တယ္မလား"
"သရဲ...ကိုယ္က ေရမေရာတဲ့သရဲစစ္စစ္"
"ေသမင္းတံမန္မ်ားလား"
"ေရွာင္းက်န့္...ကိုယ္က သရဲလို႔"
ဝမ္ရိေပၚက ေအာ္လိုက္တာေၾကာင့္ ေရွာင္းက်န့္ ခဏမွ်ေၾကာင္အသြားသည္။ထို႔ေနာက္ သူလည္း ျပန္ေအာ္ေတာ့သည္။
"ဝမ္ရိေပၚ...မင္းငါ့ကို မင္းရဲ႕ဘဝအမွန္ မေျပာျပခ်င္လည္းရတယ္....ဒါေပမဲ့ ငါ့ကို လာမေအာ္နဲ႕...ငါမင္းကိုအတင္းေမးေနတာမဟုတ္ဘူး...အမွန္မဟုတ္တာေတြလည္း လာမေျပာနဲ႕"
"ကိုယ္က အမွားေတြေျပာေနတာမဟုတ္ဘူး...ကိုယ္ကတကယ္ကိုသရဲ"
"လာမလိမ္နဲ႕...အရမ္းေခ်ာတဲ့သရဲရွိလို႔လား"
"ရွိတယ္...ကိုယ္ေလ...ကိုယ္ကအရမ္းေခ်ာတဲ့သရဲဘဲ"
"လိမ္တယ္....ေခ်ာတဲ့သရဲဆိုတာ ဝတၳဳေတြဇာတ္လမ္းေတြထဲမွာဘဲရွိတာ...အျပင္မွာမရွိဘူး"
"ကိုယ္မင္းကို မလိမ္ဘူး...အမွန္ဘဲေျပာေနတာ...ကိုယ္ကဘုရင္ေခတ္ထဲက သရဲျဖစ္ေနတာ...မင္းမွတ္မိလား...မင္းရဲ႕ေရခ်ိဳးခန္းထဲမွာ ေပၚလာတဲ့သရဲက ကိုယ္ေလ...မင္းကို သတိေပးခဲ့တာလည္းကိုယ္ဘဲ...မင္းမွတ္မိတယ္မလား...ကိုယ့္ကိုေတြ႕တုန္းက ကိုယ္ကစာသင္သားပုံစံဝတ္ထားတာကိုေလ...ကိုယ္က တကယ္ကို သရဲတစ္ေယာက္ပါ"
ဒီရွင္းျပခ်က္ေတြကို နားေထာင္ၿပီးတဲ့ေနာက္မွာ ေရွာင္းက်န့္တစ္ေယာက္ အမွန္တရားကို လက္ခံနိုင္ဖို႔ ႀကိဳးစားရေတာ့သည္။ေရွာင္းက်န့္ဟာ သူ႕ကိုလက္ခံေပးဖို႔ ေမွ်ာ္လင့္တႀကီးၾကည့္ေနတဲ့ ဝမ္ရိေပၚကို ေဒါသတႀကီး စိုက္ၾကည့္လိုက္သည္။
သူ႕အၾကည့္ေၾကာင့္ ဝမ္ရိေပၚမ်က္ႏွာဟာ ညွိုးက်သြားသည္။အခုအခ်ိန္မွာ သူအဲ့တာကို အာ႐ုံမစိုက္နိုင္။ဝမ္ရိေပၚကလည္း သူေျပာလာမွာေတြကို နားေထာင္ဖို႔ ေစာင့္ဆိုင္းေနသည္။
"သရဲျဖစ္ၿပီး ဘာလို႔အရမ္းေခ်ာေနရတာလဲလို႔"
"...."
"အခုခ်က္ခ်င္း အဲ့ဒီအေျဖကို သိခ်င္တယ္...မေျဖရင္ ခင္ဗ်ားနဲ႕လမ္းခြဲပစ္မယ္"
"အဲ့တာကေလ...ေမြးကတည္းကေခ်ာေတာ့ ေသေတာ့လည္း ေခ်ာတာေပါ့...သရဲျဖစ္ေတာ့လည္း ေခ်ာေနဆဲေပါ့"
"ဟုတ္လို႔လား...ဘယ္လိုဘဲျဖစ္ျဖစ္ မေသခင္ေခ်ာရင္ေတာင္ ေသၿပီးသြားရင္ မ်က္ႏွာေတြကျဖဴေဖ်ာ့သြားၿပီး တျဖည္းျဖည္းပုပ္သြားမွာဘဲေလ...အဲ့ေတာ့သရဲဘဝမွာမ်က္ႏွာကလည္း အဲ့လို႐ုပ္ျဖစ္ေနရမွာေပါ့...မွန္မွန္ေျပာ...ခင္ဗ်ားႏွစ္ေပါင္းမ်ားစြာ skin careလာလို႔ ဒီလိုေခ်ာေနတာမလား"
"....."
"တကယ္...တကယ္ကို သရဲတစ္ေယာက္ကေခ်ာမွန္း မသိခဲ့ဘူး...အဲ့ဒီသရဲကလည္း ရည္းစားျဖစ္လာမယ္မွန္း မသိခဲ့ဘူး"
"သိခဲ့ရင္ေရာ"
"သိခဲ့ရင္ေတာ့............စေတြ႕ထဲက သရဲဘဝအထိ ေခ်ာမဲ့နည္းလမ္းေတြ ေမးမွာေပါ့လို႔...အခုလို ဘယ္အခ်ိန္ေသမလဲမသိတဲ့အေျခအေနမွာ ဘယ္လိုလုပ္ေမးျမန္းလို႔ရမွာလဲ"
"ကိုယ္ကသရဲဆိုေတာ့ မေၾကာက္ဘူးလား"
"ေခ်ာရင္ ငရဲမင္းဆိုရင္ေတာင္ ငါမေၾကာက္ဘူး...ဒါေပမဲ့ ငါတစ္ခုေတာ့မေက်နပ္ဘူး"
"ဘာကိုလဲ"
"ငါတို႔က Sad endingႀကီးေလ...မင္းကသရဲ... ငါကလူ...ေပါင္းလို႔ရရဲ႕လား"
"ကိုယ္တို႔ဒီကေန ထြက္နိုင္ရင္ ကိုယ္မင္းေသၿပီးသရဲျဖစ္တဲ့အထိ ေစာင့္ေနမယ္...ၿပီးရင္အတူတူျပန္ဝင္စားၾကမယ္"
"သရဲဘဝဘဲေကာင္းပါတယ္...ျပန္မဝင္စားၾကရေအာင္"
"ဘာလို႔လဲ...လူမျဖစ္ခ်င္ဘူးလား"
"လူမျဖစ္ခ်င္တာထက္ အမွားအယြင္းတစ္ခုေၾကာင့္ အခ်ိန္ေတြကြာျခားသြားတာတို႔....ဥပမာ ငါကမင္းအေဖျဖစ္ၿပီး မင္းက ငါ့သားျဖစ္လာတာတို႔...ေနာက္ၿပီး ငါတို႔က လူတစ္ေယာက္ထဲဆီမွာဘဲဝင္စားရင္ေရာ...ညီအကိုဘဝဘဲျဖစ္မွာေပါ့...အဆိုးဆုံးက ငါက အေကြးတစ္ေယာက္အေနနဲ႕ေမြးဖြားလာၿပီး မင္းကမိန္းကေလးျဖစ္ခဲ့ရင္ေရာ...အဲ့တာေၾကာင့္ Ghost's life is the best"
"ဟုတ္ပါၿပီ...မင္းကိုယ့္ကိုမေၾကာက္သြားတာနဲ႕တင္ ကိုယ္ေက်နပ္ေနၿပီ"
"ငါက အရမ္းခ်စ္တတ္တဲ့သူပါေနာ္...မင္းဘာႀကီးဘဲျဖစ္ျဖစ္ ငါ့အတြက္အဆင္ေျပတယ္...မင္းေခ်ာေနရင္ေပါ့"
"ဟားဟား"
ဝမ္ရိေပၚရယ္ေနတာကိုၾကည့္ရင္း ခဏအၾကာမွာ ေရွာင္းက်န့္တစ္ေယာက္ အလန့္တၾကားထေအာ္ေတာ့သည္။
"What?ငါက ဒီတစ္ဘဝလုံး အပ်ိဳစင္အျဖစ္နဲ႕ဘဲ ရွိသြားေတာ့မွာလား...ငါ့ရဲ႕ပန္းပြင့္ေလးက မပြင့္သြားေတာ့ဘူးေပါ့...လုံးဝလက္မခံနိုင္ဘူး"
ဝမ္ရိေပၚလည္း အစကလန့္သြားေပမဲ့ ေရွာင္းက်န့္စကားေၾကာင့္ ရယ္မိသြားသည္။ႏွစ္ေယာက္စလုံးက ကိုယ့္ကိစၥကိုဘဲအာ႐ုံထားေနတာမို႔ ဖန္မုဟန္တစ္ေယာက္ နိုးလာတာကို သတိမထားမိလိုက္ေပ။
Part (45)ဆက္ရန္...
Advertisement
- In Serial677 Chapters
Ranker's Return
In the early days of the virtual reality game, Arena, meleegod was the strongest ranked player! He deleted his character and suddenly left. In order to restore his bankrupt family, he returned to Arena!"Do you want to create a character?"
8 1719 - In Serial24 Chapters
An Elf in Skyrim
In the far north of Skyrim, Legends and armies are set to collide. Brother fights brother in a blody civil war, creatures of the night hunt in the shadows, and Dragons fill the sky for the first time in an age. In this time of turbulant events, a single Bosmer elf finds herself drawn north, chasing after the shadows of her past.
8 106 - In Serial65 Chapters
Royal Guard (Complete)
I was an ordinary worker ant of the Kingdom, one of the millions populating a spread of land ten kilometers long. I had an ordinary life: I dug, I ate, and I slept; and a dream that was shared by all workers who wanted to live a life of adventure. I was on the last day of my mandatory community service, a day from becoming one of the harvesters --the crown jewel of our society-- when fate played its sick joke on me. I broke my mandible, lost my dream, and was almost forced into slavery as a result. That’s when she came into my life, a princess. She had no wings on her back, but the wings inside her were wider than the fairies that roamed the sky. She took me under her wing and populated my life with adventures and mysteries unreserved for a mere harvester. Life was good until we found termites sneaking into our territory. That’s when the adventures ended. She was mocked for calling the termites a threat. However, she remained determined to protect her kingdom, and I, to protect her. No matter the difficulties I remained by her side. Because we were a pair: a princess and her Royal Guard.
8 180 - In Serial8 Chapters
The Chains of Time
The inhabitants of Damruel have always try to change the world to their liking. Each and every effort, every decision, no matter succeed or fail left behind a chain. A chain that surrounds them, their family, their descendants and Damruel itself. Years past, and every individual struggles on with their life carrying these chains, each has different weight and story behind. While trying to break free from the past, they realize that they have created even more chains on themselves, links after links, never ending. The chains of time never end.
8 191 - In Serial51 Chapters
Known World Series
Raypunk. Adventure, science fiction, fantasy all rolled into one. We begin with the story of Tosh and Bors, a merchant with a secret and a barbarian. There is also the story of Rick Tavish, Space Ranger! Then, a team up in the third part of this series. There are more coming, down the line.
8 97 - In Serial17 Chapters
Velteria: The Thief
(Indefinite Hiatus) Life was fine, if a little harsh, for Liliei, a young thief living in one of the biggest city on the continent. That is, until she stole an old ring, and everything went wrong. One of my goal in writing this is to improve my writing skills, so do tell if you have constructive criticism.
8 173

