《Ding-dong(Season 1)(Completed)》(42)အော့ အော့ဘဲရမယ်
Advertisement
ဒီတောကြီးရဲ့အချိန်ဟာ ကမ္ဘာကြီးရဲ့အချိန်ထက် ပိုမြန်သောနှုန်းနဲ့ ရွေ့လျားနေတာမို့ ရှောင်းကျန့်တို့ စကားများနေချိန်မှာ ညဘက်သို့ အမြန်ရောက်ရှိသွားတာဖြစ်သည်။
ရှောင်းကျန့် ထိတ်လန့်သွားပြီး ဖန်မုဟန်တို့အတွက်လည်း စိုးရိမ်သွားသည်။
"ဘယ်လိုလုပ်ကြမလဲဟင်"
"ဘယ်လိုလုပ်ရမှာလဲ...ငြိမ်ငြိမ်လေးနေရုံကလွဲပြီး ဘာမှမရှိဘူးလေ"
"မုဟန်နဲ့ယန်စန်းတို့ကရော..."
"အဲ့တာကတော့ သူတို့ကံတရားပေါ့...ကိုယ်တို့ဘာမှမတတ်နိုင်ဘူး"
သူတို့ပြောနေတုန်း အမှောင်ထဲကနေ ပြေးလာတဲ့အသံအချို့ကို ကြားလိုက်ရသည်။ဝမ်ရိပေါ်က မြင်နေရတာမို့ ဖန်မုဟန်နဲ့ပိုင်ယန်စန်းမှန်း သိလိုက်သည်။
"သူတို့ပြန်ရောက်လာပြီ"
ရှောင်းကျန့် ပျော်ရွှင်သွားပြီး ဖန်မုဟန်တို့ကို အလောတကြီးမေးလိုက်သည်။မဟုတ်လျှင် ဘာမှမမြင်ရတာမို့ သူတို့ကို ကျော်သွားနိုင်သည်လေ။
"မုဟန်...မင်းတို့အဆင်ပြေတယ်မလား"
ရှောင်းကျန့်အသံကြားတော့ ဖန်မုဟန်တို့ရပ်သွားကြပြီး ရှောင်းကျန့်တို့အနားကို လျှောက်လာသည်။ဖန်မုဟန်ကအမောတကောနဲ့ ရှောင်းကျန့်ကို သူတို့ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလေသည်။
"ရှောင်းကျန့်...ငါတို့သေပြီမှတ်နေတာ...ငါတို့လေ ကြောက်စရာကောင်းတဲ့အရာကြီးနဲ့ တွေ့ခဲ့တယ်...အဲ့ဒီအရာကြီးက အမဲရောင်အရိပ်ကြီးလိုဖြစ်ပေမဲ့ သူ့ရဲ့မျက်နှာကြီးက ကြောက်စရာကြီး...ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုရင် သူ့ရဲ့မျက်နှာကြီးမှာ မျက်နှာပေါင်းများစွာရှိနေတာ...အဲ့မျက်နှာတွေထဲမှာ ရီချုံးမိုတို့မျက်နှာတွေကိုလည်း ငါမြင်ခဲ့သေးတယ်"
ရှောင်းကျန့် ဖန်မုဟန်ပြောတာကို နားထောင်ပြီး ကြောက်လန့်သွားသည်။သူက သရဲဆိုရင်သေအောင်ကြောက်သူမို့ ထိုမျက်နှာမျိုးကို သူမြင်လို့မရပေ။မဟုတ်လျှင် သရဲမသတ်ခင် လိပ်ပြာလွင့်ပြီး အရင်သေသွားလိမ့်မည်။
"သူက မင်းတို့ကို ဘာမှမလုပ်ဘူးလား"
"သူ့မှာ ငါတို့ဝိဉာဥ်ကို ထုတ်လို့ရမဲ့သူမပါတော့ ဘာမှလုပ်လို့မရဘူးလေ...အဲ့တာကြောင့် ငါတို့လည်း သူ့ကိုမြင်တာနဲ့ ပြေးလာတာ"
ရှောင်းကျန့် ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေလိုက်သည်။တုပတစ္ဆေတွေက အခုထိ မီးမထွန်းလာသေးတာကြောင့် သူတို့ ဘာမှမမြင်ရသေးပေ။
ထိုစဥ် ထပ်ပြီးမေ့သွားပြန်တဲ့ အိတ်ကပ်ထဲက ဖုန်းကိုရုတ်တရက်သတိရမိသွားကာ ထုတ်လိုက်သည်။ရုတ်တရက်လက်ကချော်သွားပြီး ဖုန်းက အောက်သို့ပြုတ်ကျသွားသည်။
ရှောင်းကျန့် ကောက်ရန်ပြင်လိုက်စဥ် ဖန်မုဟန်က ဖုန်းကိုကောက်ပေးလာသည်။အခုအချိန်ထိ ငြိမ်နေတဲ့ဝမ်ရိပေါ်ဟာ ရှောင်းကျန့်အစား ဖုန်းကိုယူလိုက်ပြီး ဖန်မုဟန်အနားမှာ ကျောက်ရုပ်သဖွယ်ဖြစ်နေသောပိုင်ယန်စန်းကို ကြည့်လိုက်သည်။
"ပိုင်ယန်စန်းက ဘာလို့ငြိမ်နေတာလဲ"
"သူအရမ်းကြောက်သွားလို့ဖြစ်မယ်"
ဖန်မုဟန်က အပြုံးမပျက် ပြန်ဖြေလေသည်။ရှောင်းကျန့်ကတော့ သူတို့ပြောနေတာကို အာရုံမထားဘဲ ဖုန်းမီးကိုသာ ဖွင့်လိုက်သည်။ဖုန်းမီးလင်းတာနဲ့ သူက ဖန်မုဟန်နဲ့ပိုင်ယန်စန်းတို့ကို မြင်နိုင်ရန် သူတို့ဘက်ကို ရွေ့လိုက်သည်။
ရှောင်းကျန့်က ဖန်မုဟန်တို့ကို ရှင်းရှင်းလင်းလင်းမြင်ရချိန်မှာ ပြုံးလိုက်သည်။ဖန်မုဟန်တို့က ဘာဒဏ်ရာမှ ရမလာခဲ့ကြတာကြောင့် ဖြစ်သည်။
သို့သော် အားကောင်းလှတဲ့မျက်လုံးကြောင့် ဖန်မုဟန်ရဲ့လက်ညိုးမှာ အမာရွတ်မရှိတော့တာကိုလည်း မြင်လိုက်ရသည်။သူတို့အလယ်တန်းတုန်းက ဖန်မုဟန်ဟာ ရီချုံးမိုနဲ့ဆော့ရင်း လက်ညိုးမှာဒဏ်ရာရဖူးလေသည်။ဒဏ်ရာက နက်တာမို့ အမာရွတ်သေးသေးလေးတော့ ကျန်ခဲ့သည်။
အခု ဖန်မုဟန်မှာ အမာရွတ်မရှိတော့ ဒါက ဖန်မုဟန်အစစ်မဟုတ်ဘူးလို့ ဆိုလိုတာမလား။ရှောင်းကျန့် ဝမ်ရိပေါ်ကို စိုးရိမ်တကြီးကြည့်မိတော့ ဝမ်ရိပေါ်က သူ့ကိုပြုံးပြလာသဖြင့် စိတ်အေးအေးထားဖို့ပြောနေကြောင်း နားလည်လိုက်သည်။
"ရှောင်းကျန်...မင်းဘာဖြစ်တာလဲ...မင်းကြည့်ရတာ အဆင်မပြေဖြစ်နေသလိုဘဲ"
"အာ...အဲ့တာကလေ...ငါစဥ်းစားနေတာ....ငါဘယ်အချိန်မှ ဝမ်ရိပေါ်နဲ့ လက်ထပ်မှတ်ပုံတင်နိုင်မှာလဲလို့"
"လက်ထပ်မှတ်ပုံတင်?ဒီကနေတောင် ငါတို့မထွက်နိုင်သေးတာ...လက်ထပ်မှတ်ပုံတင်ဖို့က ပိုဆိုးတာပေါ့"
"ဟုတ်တော့ဟုတ်ပါတယ်...ဒါပေမဲ့ ငါက ဝမ်ရိပေါ်နဲ့အတူနေချင်နေပြီ"
"အခုလည်း မင်းတို့အတူရှိနေတာဘဲလေ"
"အတူရှိနေပေမဲ့ အတူမနေရသေးဘူးလေ"
"အတူနေချင်ရင် နေလို့ရပါတယ်ကွ"
"ဒါဆို မင်းတို့က မျက်စိမှိတ်ထားပေးမှာမို့လို့လား"
ထိုအခါမှ ရှောင်းကျန့်ရဲ့အတူနေတယ်ဆိုတာကို ဖန်မုဟန်နားလည်သွားကာ ရယ်တော့သည်။
"မင်းက မှိတ်စေချင်ရင် ရပါတယ်...ဘယ်လိုဘဲဖြစ်ဖြစ် ကြားနေရမှာကို"
"အခုမှောင်နေတုန်း ငါတို့လုပ်မလို့...မင်းတို့ဟိုဘက်လှည့်နေ...လှည့်မကြည့်နဲ့နော်"
"အခုချက်ချင်းကြီးလား"
"ဟုတ်တယ်... ချက်ချင်းဘဲ"
ဖန်မုဟန်ရှေ့မှာတင် ရှောင်းကျန့် ဝမ်ရိပေါ်နှုတ်ခမ်းအား နမ်းလိုက်တော့သည်။သူက ပြင်းပြင်းပြပြကို နမ်းပြနေပြီး ရိပေါ်ကလည်း သူ့ခါးကို ဖက်ထားတာမို့ ဖန်မုဟန်တို့က လှည့်သွားကြသည်။
ဖန်မုဟန်တို့လှည့်သွားတာနဲ့ ဝမ်ရိပေါ်ဟာ ချက်ချင်းဘဲ သူ့ရဲ့ဓားမြှောင်လေးနဲ့ ဖန်မုဟန်ကို တိုက်ခိုက်လိုက်သည်။ဖန်မုဟန်က ကြိုသိနေသည့်အလား ပြန်ခုခံပြီး သရော်ပြုံး ပြုံးပြလေသည်။
"အားနည်းလိုက်တာကွာ...သရုပ်ဆောင်လည်းမကောင်းကြဘူး...ညံ့ဖျင်းချက်က လွန်လွန်းတယ်"
ရှောင်းကျန့် ဖန်မုဟန်ကို စိုက်ကြည့်လိုက်သည်။သူ့ရဲ့အရည်အချင်းက စော်ကားခံရတာကြောင့် စိတ်တိုသွားကာ အော်ဟစ်ပါတော့သည်။
"ချီးကနေလူဖြစ်လာတဲ့အကောင်...လောက်ကောင်...သေနာကောင်...မင်းရဲ့အရည်အချင်းကမှ တက်နင်းစရာမရှိအောင် အမှိုက်ဆန်လွန်းတာ...ဘာတဲ့အားနည်းတယ်လား...ဒါက ရိပေါ် အီးပေါက်တာလောက်တောင် အားမထုတ်ထားဘူးကွ...မင်းရဲ့ညံ့ဖျင်းချက်က အဝီစိအထိဘဲ...ဖွီး...အော့ အော့ဘဲရမယ်"
ရှောင်းကျန့်ရဲ့ ရိုင်းလှတဲ့စကားတွေကြား ထွက်လာတဲ့တံတွေထဲမှာ ဖန်မုဟန်တစ်ယောက် ပြန်မပြောနိုင်လောက်အောင် နစ်မြောသွားတော့သည်။
(A/N:မနက်ဖြန်မှ ၃ပိုင်းတင်ပေးမယ်နော်😘)
Part (43)ဆက်ရန်...
Zawgyi
"ဘယ်လိုလုပ်ကြမလဲဟင်"
Advertisement
"အခုချက်ချင်းကြီးလား"
"ဟုတ်တယ်... ချက်ချင်းဘဲ"
Part (43)ဆက်ရန်...
Advertisement
- In Serial1780 Chapters
Heaven’s Devourer
The Yanhuang Ancient Domain, vast without end, gave birth to many Celestials and Demons of antiquity tore Heaven and Earth apart and surpassed the control of the 3 Realms and 5 Elements over the endless years it has existed. Numerous Gods, more than ten thousand races, and humans born with a God class body have also come out from the Domain, traveling through the nether, warping Yin and Yang, omnipotent.
8 1416 - In Serial10 Chapters
Pursuit of Eternal
This Story is about Dev's pursuit of Eternal. We follow Dev as he passes hurdles, one after another to Grab Immortality and control Time. What If you lose everything, but you still have a chance to reclaim everything back. Dev got the same chance after losing everything and left with nothing. This is Dev's journey from nothing to everything. How will Dev achieve his Goal? Join me and we will all walk through this journey of his struggle to the peak. ************************************************ [I'm writing for the first time, so there'll be issues with my way of writing, but as I learn I'll also edit the changes which could be done to the chapter. Please don't give up on me and my book. Please read the chapters, and tell me what I can do to make it better. If people don't like the story then what's the point of writing it.] [Sorry for Grammatical mistakes. English is not my main language. There will be some problems with punctuation. I can assure you that there won't be any problems in understanding what I'm trying to say.]
8 169 - In Serial18 Chapters
The Journey of a God: Book 1
When a young man suddenly becomes one of the strongest beings in existence, his life takes a drastic turn. He must learn the true essence of right and wrong in this epic tale of adventure, heartbreak, and action across dimensions. Will he find his place in the world or will it be chosen for him?
8 187 - In Serial9 Chapters
Derek-Derek goes to hell
Join Derek-Derek, gap-year knight, and Hardhat, handyman, on their quest to escape hell and get revenge on the demon who put them there. There's just one problem--to get out, they have to go to the bottom layer. Updated daily.
8 174 - In Serial77 Chapters
The Song of Swords by InsaneMoonCake
In a world where Songs are Power, Jia Yuan is a young slave with simple yet big dreams. With his goal being to join his elder slave brother in the army watch as his actual fate blows up into striving to become the strongest when he wanders upon """"The Song of Swords"""" (Synopsis is by TheLeecher very sorry for my horrible synopsis) Author is InsaneMoonCake/MoonCake I have gained his permission to post this on RoyalRoadlPower Levels:Absorption (Level 1-10), Manipulation (Level 1-10), True Disciple (Level 1-10), Demi-God of Song (Early, Middle, Late),God of Song (Early, Middle, Late), Emperor of Song (False, Adept, True)Also found on insanemooncakewrites.com and http://forum.wuxiaworld.com/discussion/575
8 189 - In Serial14 Chapters
|Anioł| Sułtanka Melek
"Jestem aniołem! Jestem twoim aniołem!"Anna - Pierworodna córka Króla Polski i księcia Litewskiego , Zygmunta Augusta. Zostaje wysłana do pałacu Topkapı, gdzie okazuje się ze ma wyjść za jedno z synów Sulejmana. Za kogo wyjdzie?Matka szóstki dzieci:Fulane Sultan Osman IIAhmed IMahpeyker Sultan Ayse SultanSehzade Mahmud Okładka: @AmelyaOffical
8 134