《Ding-dong(Season 1)(Completed)》(35)Mission
Advertisement
ရီချုံးမိုတို့ ငါးထပ်မြောက်ကို ရောက်ချိန်မှာ အမှောင်ထုကြီးကို ရင်ဆိုင်လိုက်ရသည်။ဝမ်ရိပေါ်လိုလူတစ်ယောက် မပါသည့်အတွက် ကြောက်စရာသတ္တဝါကြီးပေါ်လာတာကိုလည်း သတိမထားမိခဲ့ကြပေ။
ဘေးနားက ကျောင်းသားတစ်ယောက်ရဲ့ အော်သံကြားမှ ကြောက်လန့်တကြား ထွက်ပြေးရတော့သည်။မမြင်ရတဲ့တောကြီးထဲကို ပြေးရသည်မှာ လူသားတွေအနေနဲ့ မလွယ်မကူပေ။
အကြောက်တရားကြောင့် တကွဲတပြားစီ ပြေးထွက်ချိန်မှာ အဖော်မပါတစ်ယောက်တည်းဖြစ်နေသည့် ခံစားချက်က သေရသည်ထက် ပိုတောင်ကြောက်ဖို့ကောင်းပါသည်။
ဘာမှန်းမသိသည့်အရာကြီးကြောင့် သေခြင်းအငွေ့အသက်တွေ နီးကပ်လာပေမဲ့ အသက်ရှင်ချင်စိတ်ကြောင့် တတ်နိုင်သလောက် ပြေးကြပါသည်။
ပိုင်မုံ့မုံ့ဟာ အခြားသူတွေနဲ့ ကွဲသွားချိန်မှာ ဆက်ပြေးခဲ့ပေမဲ့ အချိန်အကြာကြီး မပြေးခဲ့ပါပေ။သူမ ခဏလေးနဲ့ ရပ်တန့်ခဲ့သည်။သူမက မိန်းကလေးတစ်ယောက်။သူမအသက်ဟာ ၁၈နှစ်တောင် မပြည့်သေးပေ။သူမအနေနဲ့ နောက်ကြုံလာရမဲ့အရာတွေထက် သေခြင်းတရားက ပိုကောင်းတယ်လို့ ထင်မြင်မိခဲ့သည်။ထို့ကြောင့် ပြေးနေတာကို ရပ်လိုက်တာနဲ့ မျက်လုံးမှိတ်ကာ သေခြင်းကို စောင့်ကြိုလိုက်ပါသည်။
မျက်ရည်တွေက သူမပါးပေါ်ကနေ ကျဆင်းလာခဲ့သည်။သူမရဲ့မိဘတွေ အဖိုးအဖွားတွေထက် သူမက အရင်ဆုံး သေဆုံးရပါတော့မည်။
ကြောက်စရာအရာကြီးက ချက်ချင်းဘဲ သူမရဲ့ဝိဉာဥ်ကို နှုတ်ယူလိုက်ပါတော့သည်။သူမကိုယ်ကတော့ အကောင်းတိုင်ပင် တောကြီးထဲမှာ လဲကျသွားခဲ့သည်။
သူမတစ်ယောက်သာ ထိုသို့ဖြစ်သည်မဟုတ်ပေ။အခြားကျောင်းသားတွေလည်း သူမလိုပင်။သူတို့က ပြေးသည့်အချိန်မှာ သစ်ပင်တွေနဲ့ ဝင်တိုက်မိတာကြောင့် ဆက်မပြေးနိုင်တော့ဘဲ ဝိဉာဥ်အနှုတ်ခံရခြင်း ဖြစ်သည်။
ဖုရိနဲ့ဖုဖန်တို့ ညီအကိုနှစ်ယောက်က အမွှာတွေပီပီ လူစုမကွဲသွားဘဲ အတူတူပြေးကြသည်။သူတို့မှာ အသက်ရှင်ချင်စိတ်လည်း ရှိတာကြောင့် အစွမ်းကုန်ကြိုးစားပြေးပါသည်။
ဖုရိဟာ ဖုဖန်လက်ကိုတွဲထားကာ ပြေးနေသည်။ပြေးနေရင်းနဲ့ ဖုဖန်ဟာ သစ်ပင်တစ်ပင်နဲ့ စောင့်မိသွားသည်။ပြင်းထန်တဲ့အရှိန်ကြောင့် အတော်လေးနာကျင်သွားရသည်။
အနောက်ကအရာကြီးက ဝေးနေသော်လည်း တဖြည်းဖြည်းနီးကပ်လာတာမို့ ဖုရိက ဖုဖန်ကို တွဲကူလေသည်။သို့သော် ဘာမှမမြင်ရတာမို့ ဖုဖန်ခြေထောက်ဒဏ်ရာရတာကို သူမသိပေ။
ဖုဖန်က သူဆက်မပြေးနိုင်တာကို သိသောကြောင့် ဖုရိကို ပြောလိုက်သည်။
"အကိုကြီး ....မင်းဆက်ပြေးတော့...ငါ့ကိုထားခဲ့...ငါမပြေးနိုင်တော့ဘူး"
"ငါမင်းကို သယ်သွားမယ်"
ဖုရိက အရမ်းကို ခေါင်းမာလေသည်။သူ့ညီကို လုံးဝမထားခဲ့နိုင်ပေ။
"သွားပါတော့...တစ်ယောက်တော့ အသက်ရှင်ရမယ်လေ"
"မရဘူး...ငါတို့အတူတူအသက်ရှင်မှရမှာ"
"အကိုကြီး...သွားပါတော့"
ဖုဖန်က ငိုကာ ပြောလိုက်သည်။ဖုရိက သူညီမမြင်ရတာကို သိသော်လည်း ခေါင်းကိုခါရမ်းနေသည်။သူက လဲကျနေသည့်သူ့ညီကို စမ်းတဝါးဝါး ပွေ့ဖက်ရင်း ပြောလိုက်သည်။
"ငါက အကြီးလေ...ငါ့မှာမင်းကို ကာကွယ်ရမဲ့ တာဝန်ရှိတယ်"
"မိနစ်ပိုင်းလေးဘဲ ကြီးတာကို"
"ဟားဟား...ဘယ်လိုဘဲဖြစ်ဖြစ် ငါက အကြီးဘဲလေ"
သူတို့အမွှာညီအကိုနှစ်ယောက်ဟာ အနောက်ကလူတွေကို သတ်ရင်းကြာနေသည့် အနောက်ကကြောက်မက်ဖွယ်ကြီး အနားရောက်လာချိန်မှာ တစ်ယောက်နဲ့တစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း အတူတူသေဆုံးခဲ့ကြပါသည်။
နောက်ဆုံး ထွက်ပြေးနေသူထဲမှာ ရီချုံးမိုတစ်ယောက်ထဲသာ ကျန်ခဲ့ပါသည်။သူလည်း သစ်ပင်တွေနဲ့တစ်ခါတစ်ရံတိုက်မိပေမဲ့ အခြေအနေမဆိုးပေ။ထို့ကြောင့် အံကြိတ်ရင်း ရှေ့ဆက်ပြေးပါသည်။
သို့သော် ကျောင်းသားတွေရဲ့ ဝိဉာဥ်စုပ်ယူထားတဲ့ အရာကြီးရဲ့စွမ်းအားက ပိုပြီးကြောက်မက်ဖွယ်ကောင်းလာပြီး ခဏလေးနဲ့ ရီချုံးမိုကို မှီလာခဲ့ပါသည်။
သေခြင်းနဲ့နီးကပ်လာချိန်မှာ ရီချုံးမိုပထမဆုံး စဥ်းစားမိတာကတော့ သူ့ရဲ့ဆန္ဒပြည့်ဝသွားခြင်းကိုပင်။သူက သူ့သူငယ်ချင်းနှစ်ယောက်ထက် အရင်သေဆုံးရတော့မည်။
သူ့မှာမိဘတွေရှိပေမဲ့ သူ့မိဘတွေက အိမ်ထောင်ကိုယ်စီရှိကြသည်။ထို့ကြောင့် သူငယ်ငယ်ထဲက သူ့မှာ ရှောင်းကျန့်နဲ့ဖန်မုဟန်တို့ကိုသာ မိသားစုသဖွယ် သတ်မှတ်ထားခဲ့သည်။
အခုတော့ သူက ထိုနှစ်ယောက်ကို မနှုတ်ဆက်နိုင်ခဲ့ဘဲ ထားသွားရတော့မည်။ရီချုံးမို ပြေးရင်းနဲ့ မျက်ရည်ကျမိသည်။သေခြင်းကို ကြောက်ရွံခြင်းထက် ခွဲခွာရခြင်းကို ကြောက်ရွံ့လို့ ဖြစ်သည်။ထိုအရာကြီး သူ့ထံကို နီးကပ်လာချိန်မှာ သူက မမြင်ရတဲ့အမှောင်ထုကြီးကို အော်ပြောလိုက်သည်။
"ရှောင်းကျန့်နဲ့ မုဟန်.....ငါသွားပြီ...ငါနှုတ်ဆက်ခဲ့တယ်"
သူ့စကားလည်းဆုံး သူလည်းသေဆုံးခဲ့ရသည်။သူတို့ရဲ့ ဝိဉာဥ်တွေကိုတော့ ထိုအရာကြီးက စုပ်ယူသွားလေသည်။
ထိုကြောက်စရာကောင်းတဲ့အရာကြီးဟာ ရီချုံးမိုတို့ကို စုပ်ယူထားတာကြောင့် ရှောင်းကျန့်တို့အလှည့်မှာ အင်အားကြီးမားလာတာဖြစ်သည်။
အခုရှောင်းကျန့်တို့ကတော့ ရင်ထဲက ဝမ်းနည်းမှုတွေကြောင့် ငြိမ်နေကြသည်။ဖန်မုဟန်က ရီချုံးမိုရဲ့ သော့ချိတ်လေးကို ရှောင်းကျန့်ဆီကနေတောင်းပြီး တိတ်တဆိတ်ကြည့်နေသည်။
ပိုင်ယန်စန်းကလည်း သူတို့နဲ့ မနီးမဝေးမှာ ငေးမောနေသည်။ရှောင်းကျန့်မှာ နှစ်သိမ့်ကာ ပွေ့ဖက်ပေးမည့် ဝမ်ရိပေါ်ရှိသော်လည်း သူတစ်ယောက်တည်း အချိန်ယူနေလေသည်။
ဝမ်ရိပေါ် စိတ်ထိခိုက်နေကြသည့် လူသုံးယောက်ကိုကြည့်ပြီး ဘာမှမပြောနိုင်ပေ။ဘယ်လိုနှစ်သိမ့်ရမလဲလည်း မသိပေ။
သူကိုယ်တိုင်တောင် ထိုသူတွေအပေါ် သံယောဇဥ်မရှိပေမဲ့ စိတ်မကောင်းတော့ ဖြစ်မိပါသည်။ဒီကမ္ဘာကြီးက သူတောင် လွတ်မြောက်ဖို့ အခွင့်အရေးနည်းသည့်နေရာမျိုး ဖြစ်လေသည်။
သူတို့တွေ စိတ်ထိခိုက်နေကြစဥ် ပျောက်နေသော မိန်းမကြီးအသံ ထွက်ပေါ်လာပါသည်။
"ပဉ္စမထပ်က သိပ်ခက်ခဲတာဘဲ...အခုဆို လေးယောက်ဘဲ ကျန်တော့တယ်...ကဲ...ကဲ...အသက်ရှင်ချင်ရင်တော့ ထိုင်နေလို့မရဘူး...မင်းတို့ရဲ့ missionက အမှောင်ထဲက အဲ့ဒီအရာကြီးဘဲ...သူ့ကိုသာ ပျောက်အောင်လုပ်နိုင်ရင် လှေကားက ပေါ်လာလိမ့်မယ်...အချိန်သတ်မှတ်ချက်က တစ်ပတ်...ကံကောင်းကြပါစေကွယ်"
Missionကိုကြားထဲက သူတို့က သေမှာဘဲဆိုတာကို သိလိုက်ကြပါသည်။ရှောင်းကျန့်က ဒေါသတကြီး အော်ဟစ်တော့သည်။
"Missionကြောင့် သေမှာဘဲကို ဘာလို့ အခုသတ်မသွားတာလဲ"
သူ ထိုမိန်းမကြီးကို သိပ်မုန်းပါသည်။သူမကြောင့်သာ မဟုတ်ရင် ဒီနေရာကို သူတို့ရောက်မလာပေ။သူတို့ရောက်မလာခဲ့ရင် ရီချုံးမိုတို့လည်း မသေနိုင်ပေ။အရာအားလုံးက သူမကြောင့်သာ။
ရှောင်းကျန့် ဘယ်လောက်အော်ဟစ်နေပါစေ။ဘာအသံမှ ထွက်မလာတော့ပါ။ဒီလိုနဲ့ သူတို့ရဲ့ Missionက စတင်ခဲ့ပါပြီ။
(A/N:ဒီရက်ပိုင်း မီးက မနက်ထဲကပျက်ပြီး ညကျမှလာတယ်...မီးလာတော့ ဖုန်းကအားမရှိတော့ဘူး...အဲ့တာကြောင့် မရေးဖြစ်တော့ မupဖြစ်တာပါ...စောင့်ရတဲ့အတွက် တောင်းပန်ပါတယ်နော်😘)
Advertisement
Part (36)ဆက်ရန်...
Zawgyi
ရီခ်ဳံးမိုတို႔ ငါးထပ္ေျမာက္ကို ေရာက္ခ်ိန္မွာ အေမွာင္ထုႀကီးကို ရင္ဆိုင္လိုက္ရသည္။ဝမ္ရိေပၚလိုလူတစ္ေယာက္ မပါသည့္အတြက္ ေၾကာက္စရာသတၱဝါႀကီးေပၚလာတာကိုလည္း သတိမထားမိခဲ့ၾကေပ။
ေဘးနားက ေက်ာင္းသားတစ္ေယာက္ရဲ႕ ေအာ္သံၾကားမွ ေၾကာက္လန့္တၾကား ထြက္ေျပးရေတာ့သည္။မျမင္ရတဲ့ေတာႀကီးထဲကို ေျပးရသည္မွာ လူသားေတြအေနနဲ႕ မလြယ္မကူေပ။
အေၾကာက္တရားေၾကာင့္ တကြဲတျပားစီ ေျပးထြက္ခ်ိန္မွာ အေဖာ္မပါတစ္ေယာက္တည္းျဖစ္ေနသည့္ ခံစားခ်က္က ေသရသည္ထက္ ပိုေတာင္ေၾကာက္ဖို႔ေကာင္းပါသည္။
ဘာမွန္းမသိသည့္အရာႀကီးေၾကာင့္ ေသျခင္းအေငြ႕အသက္ေတြ နီးကပ္လာေပမဲ့ အသက္ရွင္ခ်င္စိတ္ေၾကာင့္ တတ္နိုင္သေလာက္ ေျပးၾကပါသည္။
ပိုင္မုံ႕မုံ႕ဟာ အျခားသူေတြနဲ႕ ကြဲသြားခ်ိန္မွာ ဆက္ေျပးခဲ့ေပမဲ့ အခ်ိန္အၾကာႀကီး မေျပးခဲ့ပါေပ။သူမ ခဏေလးနဲ႕ ရပ္တန့္ခဲ့သည္။သူမက မိန္းကေလးတစ္ေယာက္။သူမအသက္ဟာ ၁၈ႏွစ္ေတာင္ မျပည့္ေသးေပ။သူမအေနနဲ႕ ေနာက္ႀကဳံလာရမဲ့အရာေတြထက္ ေသျခင္းတရားက ပိုေကာင္းတယ္လို႔ ထင္ျမင္မိခဲ့သည္။ထို႔ေၾကာင့္ ေျပးေနတာကို ရပ္လိုက္တာနဲ႕ မ်က္လုံးမွိတ္ကာ ေသျခင္းကို ေစာင့္ႀကိဳလိုက္ပါသည္။
မ်က္ရည္ေတြက သူမပါးေပၚကေန က်ဆင္းလာခဲ့သည္။သူမရဲ႕မိဘေတြ အဖိုးအဖြားေတြထက္ သူမက အရင္ဆုံး ေသဆုံးရပါေတာ့မည္။
ေၾကာက္စရာအရာႀကီးက ခ်က္ခ်င္းဘဲ သူမရဲ႕ဝိဉာဥ္ကို ႏႈတ္ယူလိုက္ပါေတာ့သည္။သူမကိုယ္ကေတာ့ အေကာင္းတိုင္ပင္ ေတာႀကီးထဲမွာ လဲက်သြားခဲ့သည္။
သူမတစ္ေယာက္သာ ထိုသို႔ျဖစ္သည္မဟုတ္ေပ။အျခားေက်ာင္းသားေတြလည္း သူမလိုပင္။သူတို႔က ေျပးသည့္အခ်ိန္မွာ သစ္ပင္ေတြနဲ႕ ဝင္တိုက္မိတာေၾကာင့္ ဆက္မေျပးနိုင္ေတာ့ဘဲ ဝိဉာဥ္အႏႈတ္ခံရျခင္း ျဖစ္သည္။
ဖုရိနဲ႕ဖုဖန္တို႔ ညီအကိုႏွစ္ေယာက္က အမႊာေတြပီပီ လူစုမကြဲသြားဘဲ အတူတူေျပးၾကသည္။သူတို႔မွာ အသက္ရွင္ခ်င္စိတ္လည္း ရွိတာေၾကာင့္ အစြမ္းကုန္ႀကိဳးစားေျပးပါသည္။
ဖုရိဟာ ဖုဖန္လက္ကိုတြဲထားကာ ေျပးေနသည္။ေျပးေနရင္းနဲ႕ ဖုဖန္ဟာ သစ္ပင္တစ္ပင္နဲ႕ ေစာင့္မိသြားသည္။ျပင္းထန္တဲ့အရွိန္ေၾကာင့္ အေတာ္ေလးနာက်င္သြားရသည္။
အေနာက္ကအရာႀကီးက ေဝးေနေသာ္လည္း တျဖည္းျဖည္းနီးကပ္လာတာမို႔ ဖုရိက ဖုဖန္ကို တြဲကူေလသည္။သို႔ေသာ္ ဘာမွမျမင္ရတာမို႔ ဖုဖန္ေျခေထာက္ဒဏ္ရာရတာကို သူမသိေပ။
ဖုဖန္က သူဆက္မေျပးနိုင္တာကို သိေသာေၾကာင့္ ဖုရိကို ေျပာလိုက္သည္။
"အကိုႀကီး ....မင္းဆက္ေျပးေတာ့...ငါ့ကိုထားခဲ့...ငါမေျပးနိုင္ေတာ့ဘူး"
"ငါမင္းကို သယ္သြားမယ္"
ဖုရိက အရမ္းကို ေခါင္းမာေလသည္။သူ႕ညီကို လုံးဝမထားခဲ့နိုင္ေပ။
"သြားပါေတာ့...တစ္ေယာက္ေတာ့ အသက္ရွင္ရမယ္ေလ"
"မရဘူး...ငါတို႔အတူတူအသက္ရွင္မွရမွာ"
"အကိုႀကီး...သြားပါေတာ့"
ဖုဖန္က ငိုကာ ေျပာလိုက္သည္။ဖုရိက သူညီမျမင္ရတာကို သိေသာ္လည္း ေခါင္းကိုခါရမ္းေနသည္။သူက လဲက်ေနသည့္သူ႕ညီကို စမ္းတဝါးဝါး ေပြ႕ဖက္ရင္း ေျပာလိုက္သည္။
"ငါက အႀကီးေလ...ငါ့မွာမင္းကို ကာကြယ္ရမဲ့ တာဝန္ရွိတယ္"
"မိနစ္ပိုင္းေလးဘဲ ႀကီးတာကို"
"ဟားဟား...ဘယ္လိုဘဲျဖစ္ျဖစ္ ငါက အႀကီးဘဲေလ"
သူတို႔အမႊာညီအကိုႏွစ္ေယာက္ဟာ အေနာက္ကလူေတြကို သတ္ရင္းၾကာေနသည့္ အေနာက္ကေၾကာက္မက္ဖြယ္ႀကီး အနားေရာက္လာခ်ိန္မွာ တစ္ေယာက္နဲ႕တစ္ေယာက္ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားရင္း အတူတူေသဆုံးခဲ့ၾကပါသည္။
ေနာက္ဆုံး ထြက္ေျပးေနသူထဲမွာ ရီခ်ဳံးမိုတစ္ေယာက္ထဲသာ က်န္ခဲ့ပါသည္။သူလည္း သစ္ပင္ေတြနဲ႕တစ္ခါတစ္ရံတိုက္မိေပမဲ့ အေျခအေနမဆိုးေပ။ထို႔ေၾကာင့္ အံႀကိတ္ရင္း ေရွ႕ဆက္ေျပးပါသည္။
သို႔ေသာ္ ေက်ာင္းသားေတြရဲ႕ ဝိဉာဥ္စုပ္ယူထားတဲ့ အရာႀကီးရဲ႕စြမ္းအားက ပိုၿပီးေၾကာက္မက္ဖြယ္ေကာင္းလာၿပီး ခဏေလးနဲ႕ ရီခ်ဳံးမိုကို မွီလာခဲ့ပါသည္။
ေသျခင္းနဲ႕နီးကပ္လာခ်ိန္မွာ ရီခ်ဳံးမိုပထမဆုံး စဥ္းစားမိတာကေတာ့ သူ႕ရဲ႕ဆႏၵျပည့္ဝသြားျခင္းကိုပင္။သူက သူ႕သူငယ္ခ်င္းႏွစ္ေယာက္ထက္ အရင္ေသဆုံးရေတာ့မည္။
သူ႕မွာမိဘေတြရွိေပမဲ့ သူ႕မိဘေတြက အိမ္ေထာင္ကိုယ္စီရွိၾကသည္။ထို႔ေၾကာင့္ သူငယ္ငယ္ထဲက သူ႕မွာ ေရွာင္းက်န့္နဲ႕ဖန္မုဟန္တို႔ကိုသာ မိသားစုသဖြယ္ သတ္မွတ္ထားခဲ့သည္။
အခုေတာ့ သူက ထိုႏွစ္ေယာက္ကို မႏႈတ္ဆက္နိုင္ခဲ့ဘဲ ထားသြားရေတာ့မည္။ရီခ်ဳံးမို ေျပးရင္းနဲ႕ မ်က္ရည္က်မိသည္။ေသျခင္းကို ေၾကာက္႐ြံျခင္းထက္ ခြဲခြာရျခင္းကို ေၾကာက္႐ြံ႕လို႔ ျဖစ္သည္။ထိုအရာႀကီး သူ႕ထံကို နီးကပ္လာခ်ိန္မွာ သူက မျမင္ရတဲ့အေမွာင္ထုႀကီးကို ေအာ္ေျပာလိုက္သည္။
"ေရွာင္းက်န့္နဲ႕ မုဟန္.....ငါသြားၿပီ...ငါႏႈတ္ဆက္ခဲ့တယ္"
သူ႕စကားလည္းဆုံး သူလည္းေသဆုံးခဲ့ရသည္။သူတို႔ရဲ႕ ဝိဉာဥ္ေတြကိုေတာ့ ထိုအရာႀကီးက စုပ္ယူသြားေလသည္။
ထိုေၾကာက္စရာေကာင္းတဲ့အရာႀကီးဟာ ရီခ်ဳံးမိုတို႔ကို စုပ္ယူထားတာေၾကာင့္ ေရွာင္းက်န့္တို႔အလွည့္မွာ အင္အားႀကီးမားလာတာျဖစ္သည္။
အခုေရွာင္းက်န့္တို႔ကေတာ့ ရင္ထဲက ဝမ္းနည္းမႈေတြေၾကာင့္ ၿငိမ္ေနၾကသည္။ဖန္မုဟန္က ရီခ်ဳံးမိုရဲ႕ ေသာ့ခ်ိတ္ေလးကို ေရွာင္းက်န့္ဆီကေနေတာင္းၿပီး တိတ္တဆိတ္ၾကည့္ေနသည္။
ပိုင္ယန္စန္းကလည္း သူတို႔နဲ႕ မနီးမေဝးမွာ ေငးေမာေနသည္။ေရွာင္းက်န့္မွာ ႏွစ္သိမ့္ကာ ေပြ႕ဖက္ေပးမည့္ ဝမ္ရိေပၚရွိေသာ္လည္း သူတစ္ေယာက္တည္း အခ်ိန္ယူေနေလသည္။
ဝမ္ရိေပၚ စိတ္ထိခိုက္ေနၾကသည့္ လူသုံးေယာက္ကိုၾကည့္ၿပီး ဘာမွမေျပာနိုင္ေပ။ဘယ္လိုႏွစ္သိမ့္ရမလဲလည္း မသိေပ။
သူကိုယ္တိုင္ေတာင္ ထိုသူေတြအေပၚ သံေယာဇဥ္မရွိေပမဲ့ စိတ္မေကာင္းေတာ့ ျဖစ္မိပါသည္။ဒီကမၻာႀကီးက သူေတာင္ လြတ္ေျမာက္ဖို႔ အခြင့္အေရးနည္းသည့္ေနရာမ်ိဳး ျဖစ္ေလသည္။
သူတို႔ေတြ စိတ္ထိခိုက္ေနၾကစဥ္ ေပ်ာက္ေနေသာ မိန္းမႀကီးအသံ ထြက္ေပၚလာပါသည္။
"ပၪၥမထပ္က သိပ္ခက္ခဲတာဘဲ...အခုဆို ေလးေယာက္ဘဲ က်န္ေတာ့တယ္...ကဲ...ကဲ...အသက္ရွင္ခ်င္ရင္ေတာ့ ထိုင္ေနလို႔မရဘူး...မင္းတို႔ရဲ႕ missionက အေမွာင္ထဲက အဲ့ဒီအရာႀကီးဘဲ...သူ႕ကိုသာ ေပ်ာက္ေအာင္လုပ္နိုင္ရင္ ေလွကားက ေပၚလာလိမ့္မယ္...အခ်ိန္သတ္မွတ္ခ်က္က တစ္ပတ္...ကံေကာင္းၾကပါေစကြယ္"
Missionကိုၾကားထဲက သူတို႔က ေသမွာဘဲဆိုတာကို သိလိုက္ၾကပါသည္။ေရွာင္းက်န့္က ေဒါသတႀကီး ေအာ္ဟစ္ေတာ့သည္။
"Missionေၾကာင့္ ေသမွာဘဲကို ဘာလို႔ အခုသတ္မသြားတာလဲ"
သူ ထိုမိန္းမႀကီးကို သိပ္မုန္းပါသည္။သူမေၾကာင့္သာ မဟုတ္ရင္ ဒီေနရာကို သူတို႔ေရာက္မလာေပ။သူတို႔ေရာက္မလာခဲ့ရင္ ရီခ်ဳံးမိုတို႔လည္း မေသနိုင္ေပ။အရာအားလုံးက သူမေၾကာင့္သာ။
ေရွာင္းက်န့္ ဘယ္ေလာက္ေအာ္ဟစ္ေနပါေစ။ဘာအသံမွ ထြက္မလာေတာ့ပါ။ဒီလိုနဲ႕ သူတို႔ရဲ႕ Missionက စတင္ခဲ့ပါၿပီ။
(A/N:ဒီရက္ပိုင္း မီးက မနက္ထဲကပ်က္ၿပီး ညက်မွလာတယ္...မီးလာေတာ့ ဖုန္းကအားမရွိေတာ့ဘူး...အဲ့တာေၾကာင့္ မေရးျဖစ္ေတာ့ မupျဖစ္တာပါ...ေစာင့္ရတဲ့အတြက္ ေတာင္းပန္ပါတယ္ေနာ္😘)
Part (36)ဆက္ရန္...
Advertisement
- In Serial150 Chapters
Hidden Beacons (Magical Transformation Progression Fantasy LitRPG)
Miwah is out for revenge. And it’s going to take a bit of teamwork and more than a few magical transformations to get it. After her village is ravaged by a band of pillagers, Miwah comes across an ancient ghost on the boat of the very clan that destroyed her home. Being one of the few in the world born with Potential, she is given a necklace that allows her to activate her Purifier form that grants her enhanced abilities, a powerful weapon and a magical ensemble. Now stranded in a busy port town on an island, she must team up with others with Potential to fend off the local gang, ravenous beasts and other threats that endanger the populace. Hidden Beacons is a progression fantasy LitRPG. Art is done by whoareuu. Expect daily updates (for now). [Participant in the Royal Road Writathon challenge]
8 406 - In Serial11 Chapters
House of Wolves
“The forest grew still as the bastard sword took its' last life that night. The beast's shirt was saturated with blood and sweat, clinging to his skin after the heat of battle. The demons that drove him insane were dead, but his broken sanity failed to mend. Left standing in a pool of scarlet, his mind shrouded in the ecstasy of massacre, only one thought remained—more.†-Ch.9Dead to the world and the property of insanity, a former death row inmate is thrown into a new world, thrown to the wolves with two goals: send those running the experiment to hell, and enjoy whatever blood spills along the way. This is the third iteration of my fiction. The earlier titles are Imperator which revised to become Reaper which became this original web novel. House of Wolves is still a work in progress so any suggestions and comments are welcome. I write volumes at a time and then upload on a regular schedule once completed.Mature tag for language, gore and adult content.
8 95 - In Serial8 Chapters
The Girl Named Rachel
The evolution of man has never witnessed a stop but there are many things that science still can't explain. One of them is paranormal activities. Join Thomas along with his sister who embarks into the unknown to solve such mysteries and bring light to them. This is one of the cases he solved.
8 120 - In Serial19 Chapters
The Forsaken America
The year is 3007. Earth has been divided into two super continents; Beauland, and The Forsaken America. Beauland was formed by the users of Xenopram; a drug that makes one immortal, but impotent. These people call themselves 'Eternals', and have deemed all mortal as 'The Rotten Evil', condeming them all to death and exile. The Forsaken America is a nuclear wasteland home to foul raiders, murderous cannibals, and an evergrowing presence of Beauland's government, The Eternal Protectors. This is a tale of two perspectives. The first is of KC Homstov, a Rotten Evil women who must escape the tyrannical Beauland due to an unwanted pregnancy. The second is of an immortal man with no name wandering the barren wastes of The Forsaken America in a strenuos fight for survival.
8 231 - In Serial26 Chapters
Huh....... neat. (Apocalyptic Realm x male "Latino" reader)
This will be my second story so far. But don't expect to get chapter every week.
8 102 - In Serial20 Chapters
The Bet | Pietro x Reader
An Avenger's High School AUPietro and Tony have made a bet. Who can keep a girlfriend longer? Pietro searches for a girl, and when he finally finds y/n, will he win the bet or fall in love?Reached Number 1 in:#pietro#pietromaximoffxreader #pietroxreader#tonystark
8 123

