《Ding-dong(Season 1)(Completed)》(31)မေးခွန်းထုတ်စက်
Advertisement
ရှောင်းကျန့်တို့ ရှေ့ဆက်လျှောက်တော့ အသံအနည်းငယ်ကို ကြားလိုက်ရသည်။အသံက လူတွေပျော်ရွှင်စွာ အော်ဟစ်နေတဲ့အသံမျိုးဖြစ်သည်။
ရှေ့ဆက်လေ အသံကပိုကျယ်လာကာ ပိုလည်းရှင်းလင်းလာသည်။ထို့နောက် သူတို့လေးယောက်ဟာ လူတွေအများကြီးဝိုင်းကာ မီးပုံပွဲ ပြုလုပ်နေတဲ့နေရာနားကို ရောက်သွားကြသည်။
ထိုလူတွေ မမြင်နိုင်အောင် ပုန်းကွယ်ရင်း အခြေအနေတွေကို အကဲခတ်လိုက်သည်။မီးပုံကို အလယ်မှာထားပြီး ဝိုင်းဝန်းထိုင်နေတဲ့သူဟာ အယောက်၂၀လောက်ရှိသည်။ထိုအထဲတွင် သူတို့ရင်းနှီးနေတဲ့မျက်နှာတွေကိုပါ တွေ့လိုက်ရသည်။
ထိုအုပ်စုထဲတွင် ရီချုံးမို၊ပိုင်မုံ့မုံ့နဲ့အမွှာနှစ်ယောက်အပြင် သူတို့သိတဲ့ကျောင်းသားနှစ်ယောက်လည်း ရှိသေးသည်။သူတို့တွေက ထိုလူတွေနဲ့ နှစ်ပေါင်းများစွာ ခင်လာခဲ့သည့်နှယ် ပျော်ရွှင်ရီမောနေကြသည်။
ရှောင်းကျန့်တစ်ယောက် ရီချုံးမိုကိုတွေ့တာနဲ့ ပုန်းနေရာကနေထွက်လိုက်ပြီး အော်ခေါ်လိုက်သည်။ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်ကို တားမနေပါ။
ရှောင်းကျန့်အသံကြောင့် စကားပြောနေတဲ့အုပ်စုဟာ ချက်ချင်းဘဲ တိတ်ဆိတ်သွားပြီး ရှောင်းကျန့်ကို လှည့်ကြည့်လာသည်။သူတို့မျက်လုံးတွေက အသက်ကင်းမဲ့သလို ဖြစ်နေတာကြောင့် ရှောင်းကျန့်လန့်သွားကာ ဝမ်ရိပေါ်အနောက် ဝင်လိုက်သည်။
ထိုအုပ်စုထဲမှ တစ်ယောက်က သူတို့အဖွဲ့အား အေးစက်စွာကြည့်လာပြီး
"မင်းတို့က?"
ရှောင်းကျန့်တစ်ယောက် 'ငါတို့က ဒီကို ပြေးရင်းနဲ့ရောက်လာတာ'လို့ ဖြေမဲ့အချိန်မှာ ဝမ်ရိပေါ်က ဖြေလိုက်သည်။
"ငါတို့က မင်းတို့နဲ့ အတူတူတွေဘဲ"
ဝမ်ရိပေါ်စကားကြောင့် ထိုအုပ်စုတစ်ခုလုံး ပြုံးရွှင်သွားကာ အရင်ကထက် ဖော်ရွေလာကြသည်။
"ဒါဆို လာထိုင်ကြ"
ရှောင်းကျန့်ကတော့ ကြောင်ကြောင်တောင်တောင်နဲ့ဘဲ ဝမ်ရိပေါ်လက်ကိုတွဲကာ ထိုင်လိုက်ရသည်။ထိုင်ပြီးတာနဲ့ ရီချုံးမိုကို ကြည့်လိုက်သည်။ရီချုံးမိုက သူ့ကိုပြုံးပြလာပြီး သူ့လက်ထဲက အသားကို စားမလားလို့ ကိုယ်ဟန်ပြသည်။
ထိုအခါမှ သူလည်း မီးပုံအပေါ်မှာ ကင်ထားသည့် အသားတုံးကြီးကို တွေ့လိုက်ရသည်။ဘယ်အကောင်ကိုကင်ထားသလဲမသိသော်လည်း ပုံစံက လူနဲ့ဆင်တူနေတာကြောင့် ရွံရှာသလိုဖြစ်သွားသည်။
ထို့ကြောင့် သူခေါင်းခါပြလိုက်သည်။ဖန်မုဟန်နဲ့ ပိုင်ယန်စန်းကလည်း သူ့လိုပင်ဖြစ်သည်။ပိုင်ယန်စန်းတစ်ယောက် ညီမဖြစ်သူ ပိုင်မုံ့မုံ့ကိုကြည့်ပြီး တစ်ခုခုလွဲချော်နေမှန်း ရိပ်မိလေသည်။
အခုသူ့ညီမပုံစံက သူတို့ကို မသိတဲ့ပုံစံပေါက်နေကာ သူစထိုင်ထဲက သူ့ကိုကြည့်ပင်ကြည့်မလာပေ။အမွှာနှစ်ယောက်ကလည်း ထိုနည်းတူပင်။
သူတို့အားလုံး တိတ်ဆိတ်နေချိန်မှာ ခုနက သူတို့အား ထမေးလာသူက စကားစလိုက်သည်။
"ငါတို့တွေက အတူတူတွေဆိုတော့ ဘာမှအားမနာနဲ့။ဒါပေမဲ့ လိမ်ဖို့မကြိုးစားနဲ့။အစားတွေကို ခိုးစားဖို့ မကြိုးစားနဲ့"
ဝမ်ရိပေါ် ခေါင်းသာငြိမ့်ပြလိုက်သည်။ရှောင်းကျန့်ကတော့ ထိုသူပြောနေတာတွေကို နားမလည်တာကြောင့် ယောင်တောင်ပေါင်တောင်နဲ့ဘဲ ခေါင်းငြိမ့်လိုက်သည်။
သူတို့ခေါင်းငြိမ့်တော့ ထိုလူတွေက မိတ်ရင်းဆွေရင်းတွေလိုဖြစ်လာပြီး အသားတွေပေးတော့သည်။ရှောင်းကျန့်ငြင်းတော့ သူတို့က စိတ်ဆိုးဒေါသထွက်သွားပုံရသည်။ရှောင်းကျန့်အား သေစေနိုင်တဲ့အကြည့်တွေနဲ့ ကြည့်လာသည်။
ရှောင်းကျန့်တစ်ယောက် ကြောက်လွန်းလို့ တုန်ပါတုန်တက်သွားသည်။ဒီလူတွေက ကြောက်ဖို့ကောင်းလွန်းသည်။ရီချုံးမိုတောင် သူမသိတော့တဲ့သူလို့ ခံစားရစေသည်။
ဒီအထပ်ရောက်ထဲက ဟိုမိန်းမကြီးအသံ မထွက်လာသည်မို့ စိတ်ကအတော်လေးနေသည်။ရှောင်းကျန့်ကြောက်နေတာကြောင့် ဝမ်ရိပေါ်က ရှောင်းကျန့်ကိုဖက်လိုက်ပြီး ထိုလူတွေကို ရှင်းပြလိုက်သည်။
"ငါတို့က လမ်းမှာ စားလာခဲ့တယ်...လေးယောက်စားဖို့လုံလောက်တာမို့ ဗိုက်မဆာသေးဘူး"
ထိုအခါမှ ထိုလူတွေက ခုနက စိတ်ဆိုးဒေါသထွက်တာ သူတို့မဟုတ်သည့်အတိုင်း ပြုံးရွှင်လာကြပြီး သူတို့ဘာသာသူတို့ စားတော့သည်။
ရှောင်းကျန့် ထိုလူတွေကို အရူးတွေဟု ထင်လာမိသည်။သူတစ်ခုခုမပြောလိုက်နှင့်။ပြောလိုက်တာနဲ့ အကြည့်စူးစူးတွေနဲ့ကြည့်ပြီး ရိပေါ်ပြောလိုက်တာနဲ့ ပြုံးရယ်လာကြသည်။သူနဲ့ရိပေါ်ဟာ အတူတူချောပေမဲ့ သူကပိုချောတာကို ထိုလူတွေက ခွဲခြားခွဲခြားလုပ်တာကြောင့် စိတ်မကြည်တော့ပေ။
ကြည့်ရတာ ထိုလူတွေက အနီးမှုန်တွေ ဖြစ်ရမည်။ထို့ကြောင့် သူ့လိုအချောလေးကို ခဏခဏ ရန်လိုနေတာဖြစ်မည်။မနာလိုတာလည်း ပါလိမ့်မည်ဖြစ်သည်။
သူစဥ်းစားနေတုန်း ရီချုံးမိုဆီမှ အသံထွက်လာသည်။အသံကြားကြားချင်း ရှောင်းကျန့်တစ်ယောက် ထခုန်မတတ်ထိတ်လန့်သွားသည်။သူတစ်ယောက်တည်းမဟုတ်ပေ။ဖန်မုဟန်နဲ့ပိုင်ယန်စန်းပါ အစစ်ပါသေးသည်။
ရီချုံမိုအသံဟာ သာမန်ဆန်သော်လည်း သူ့မှာ အသံစူးစူးလေး ရှိသည်။သူစကားကြာကြာပြောလေ နားအူလေဟူသော အသံမျိုးကို ပိုင်ဆိုင်ထားတာဖြစ်သည်။အခုရီချုံးမိုအသံဟာ သြသြကြီးဖြစ်ပြီး လေးလည်းလေးနေသည်။အသံဝင်နေရင်တောင် ထိုသို့ထွက်လာမှာမဟုတ်။
သူတို့ကိုပိုပြီး ထိတ်လန့်စေတာက ရီချုံးမိုပြောလိုက်တဲ့စကားဖြစ်သည်။
"လူအသားက မစားတာကြာလို့လားမသိဘူး...ပိုကောင်းလာတယ်"
သူတို့သုံးယောက် ကင်ထားတဲ့အသားကိုကြည့်လိုက်တော့ ဘယ်ကဆီတွေနဲ့ကင်ထားမှန်းမသိ။အဆီတဝင်းဝင်းနဲ့ ရွံရှာဖွယ်အတိပင်။
ရှောင်းကျန့် မျက်ရည်မကျဘဲ ငိုချင်မိသည်။ဝမ်ရိပေါ်ကိုကြည့်လိုက်တော့ သူ့အား ဖက်လာပြီး တိုးတိုးလေး ပြောလာသည်။
"စိတ်မပူနဲ့...ကိုယ်တို့ ဒီကထွက်နိုင်မှာပါ"
"အွန်း...ရိပေါ်....."
"ဟင်"
"ငါလေ...အဲ့လိုအကင်မခံချင်ဘူး"
"အဲ့လိုအကင်မခံရပါဘူး"
"တကယ်လို့ ကင်ရင်လည်း မျက်နှာတော့ အကင်မခံချင်ဘူး"
"ကိုယ်ကြိုးစားပြီး မျက်နှာအကင်မခံရအောင်လုပ်ပေးမယ်"
"တကယ်လို့ ငါ့အောက်ပိုင်းအကင်ခံရရင် ငါ့ရဲ့ အဓိကဟာလေးကို မင်းကလွဲပြီး ဘယ်သူမှမစားစေနဲ့နော်"
"အွန်းပါ...ကိုယ်ဘဲစားလိုက်ပါ့မယ်"
"ဒါဆို ငါယုံလိုက်ပြီနော်"
ဝမ်ရိပေါ် ခေါင်းသာငြိမ့်ပြလိုက်သည်။ဘယ်တော့များမှ ရှောင်းကျန့်ရဲ့မေးခွန်းတွေ ကုန်ဆုံးမှာလဲ။သူ့စိတ်ထင် ရှောင်းကျန့်က မေးခွန်းထုတ်စက်လေး ဖြစ်နိုင်သည်။ဘာပဲဖြစ်ဖြစ် သူကလည်း အဖြေပေးစက် ဖြစ်ပေးရတာမို့ ကိစ္စမရှိတော့ပါပေ။
Part (32)ဆက်ရန်...
Zawgyi
Advertisement
"မင်းတို့က?"
"ဒါဆို လာထိုင်ကြ"
"အွန်း...ရိပေါ်....."
"ဟင်"
"အဲ့လိုအကင်မခံရပါဘူး"
Part (32)ဆက်ရန်...
Advertisement
- In Serial1492 Chapters
Dragon Prince Yuan
The heavens and earth are furnaces, every living things are charcoal, and the Yin and Yang are fuel. The battle for destiny, fate, and luck between the Serpent and Sacred Saint Dragon arises. When all is said and done, will the Serpent emerge victorious or will the Sacred Saint Dragon rise up above all sentient beings?
8 430 - In Serial46 Chapters
Soul Forging
“At this point, humanity has already lost control over its own destiny.” If even a normal college student like Jayce could say such a thing, then things were obviously pretty bad. In Jayce’s case, by the time he understood this truth, he had already been enslaved by another race and put to work as the subordinate of a noble’s daughter. There, he was given a chance to reflect on a conundrum. Which felt worse? Being summoned to another world as someone else’s gacha prize, or learning that in this world, humans were nothing more than C-Rank trash. Follow one young man’s journey as he struggles from pitiful slavery to reach heights he never could have imagined. Chapters every Wednesday & Saturday.
8 224 - In Serial7 Chapters
Pyramid of Blood
The Pyramid of Blood has existed for longer than any records within the galaxy. It’s viewed upon as a force of nature which no planet can resist or escape from. Its victims, tragic losses to the planets they’re swept from. The Pyramid roams from planet to planet, seemingly at random, each time consuming 5% of the local sapient population. None ever return. Torn from his military life on Earth, Sam is thrust into the Pyramid of Blood. A galactic wide kill or be killed event which sees him battle his way up the floors against other species from across the galaxy to survive. What is at the top? Why does the Pyramid exist? Who made it? AN: First time writing as a bit of fun, I hope you enjoy. No particular release schedule. Please let me know what you think and why, constructive criticism will help me improve. Cover: I do not own the cover image and am unable to find the artist to seek permission. If you are the owner of the image and wish for it to be removed, I will do so immediately.
8 147 - In Serial11 Chapters
god of destruction
A normal guy gets killed and reincarnated as a god of destruction tasked with destroying planets and keeping the balance in the universe he must jug which planet must be destroyed or what he wants to destroy will he rule the universe with an iron fist or will he not interfere with the affairs of mortals
8 111 - In Serial15 Chapters
The Flaming Hero And The Scientist (Izuku x Melissa)
i'll keep it short since i'll make an intro,this will be a Izuku x Melissa story
8 172 - In Serial5 Chapters
SEASON 2 - ZUAPA CHANG TAWH MAHLA
Hei hi Season 2 ani a .. inlo chhiar ve leh vek dawn nia aw
8 115

