《Ding-dong(Season 1)(Completed)》(29)နှင်းဆီကောင်လေး
Advertisement
ရှောင်းကျန့် ဝမ်ရိပေါ်ရင်ခွင်ထဲဝင်ပြီး ငိုမဲ့ငိုမဲ့နဲ့ တိုင်တန်းပြောဆိုလေသည်။
"ပေါ်ပေါ်..... သူက ငါ့မျက်နှာကို ဖျက်ဆီးချင်လို့တဲ့...သူကပြောသေးတယ်...ငါ့မျက်နှာကို ဓားတွေနဲ့တစ်စဆီမွှန်းပစ်ပြီး အစိတ်အစိတ်အမွှာမွှာလည်း လုပ်ပစ်ဦးမယ်တဲ့...ပြီးရင် အဲ့တာကို စွပ်ပြုတ်လုပ်ပြီး စားဦးမှာတဲ့...ပေါ်ပေါ်...ငါအဲ့လိုမဖြစ်ချင်ဘူး"
နှင်းဆီကောင်လေး "....."
'ငါအဲ့လောက်အများကြီး ပြောမိခဲ့လို့လား'
ဝမ်ရိပေါ် ရှောင်းကျန့်ခေါင်းလေးကို ပွတ်ပေးကာ နှင်းဆီကောင်လေးအား အကြည့်စူးစူးနဲ့ ကြည့်လိုက်သည်။
"မင်းက...ငါ့ချစ်သူကို အဲ့လိုလုပ်ချင်တယ်ပေါ့...ဒါပေမဲ့ အခုသူ့နေရာမှာ မင်းဖြစ်သွားပြီ"
ဝမ်ရိပေါ် နှင်းဆီကောင်လေးလည်ပင်းကို ညှစ်လိုက်သည်။လူမဟုတ်သည့် နှင်းဆီကောင်လေးကတော့ မထီမဲ့မြင်ပြုံးကာ
"ဒီလောက်ဘဲလား...ငါကတော့ သေမှာမဟုတ်ဘူး"
"တကယ်လား"
ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းထောင့်လေး တွန့်သွားကာ သူ့လက်ထဲ ဓားသေးသေးလေးတစ်ချောင်း ပေါ်လာသည်။သူက လက်ကိုဝှေ့ရမ်းကာ နှင်းဆီကောင်လေးမျက်နှာအား ထောင့်ဖြတ်ပုံစံ ခြစ်လိုက်သည်။
"အားးး"
တကယ်တမ်းနာကျင်တာက နှင်းဆီကောင်လေးဖြစ်သော်လည်း အော်နေတာကတော့ ရှောင်းကျန့်ဖြစ်သည်။
ကြောက်ရွံ့ထိတ်လန့်စွာနဲ့အော်မည့် နှင်းဆီကောင်လေးခမျာ ရှောင်းကျန့်ရဲ့အော်သံစူးစူးကြောင့် အသံလေးတောင် ပြန်ဝင်သွားရသည်။သူက ဒေါသတကြီးနဲ့ သူ့မျက်နှာသူအုပ်ကိုင်ကာ ဝမ်ရိပေါ်အား စိုက်ကြည့်လိုက်သည်။
"မင်း...မင်း..."
သူ့စကားမဆုံးခင် ဝမ်ရိပေါ်က မျက်နှာပေါ်က သွေးတွေစီးကျနေသည့် အစင်းကြောင်းကနေ မျက်နှာအရေပြားတစ်ခြမ်းကို ဆွဲဖြဲလိုက်သည်။
"အားးး"
ဒီတစ်ခါလည်း အော်တဲ့သူက ရှောင်းကျန့်ဖြစ်သည်။ရှောင်းကျန့်ခမျာ မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်နေရသည်။အရေပြားတစ်ခြမ်းကွာကျသည့် နှင်းဆီကောင်လေးရဲ့ အရေပြားအောက်မှာ ရှိနေတာက တီကောင်တွေလောက်တွေတက်နေသည့် သွေးသံတရဲရဲ့ အသားကြီးဖြစ်သည်။မျက်လုံးအပေါက်မှာတောင် အမဲရောင်တီကောင်တွေနဲ့ ပြည့်နှက်နေသည်။
စောနက လှပခဲ့တဲ့နှင်းဆီကောင်လေးဟာ အခုဆို တစ်ခြမ်းက လှပနေသော်ငြား တစ်ခြမ်းကတော့ ရွံရှာဖွယ်အတိဖြစ်သည်။
နှင်းဆီကောင်လေးဟာ သူ့မျက်နှာတစ်ခြမ်းကြောင့် အတော်လေးဒေါသထွက်ကာ ဝမ်ရိပေါ်အား တိုက်ခိုက်တော့သည်။
သို့သော် ဝမ်ရိပေါ်နဲ့အားချင်းမယှဥ်နိုင်တာမို့ ဝမ်ရိပေါ်ကိုင်ပေါက်တာ ခံလိုက်ရပြီး ကျန်နေသည့် မျက်နှာအရေပြားတစ်ဝက် ဆုတ်ဖြဲခံလိုက်ရသည်။
မျက်နှာအရေပြားတစ်ခုလုံး ခွာချခံရပြီးတာနဲ့ နေရာအနှံ့ကနေ အော်သံတွေထွက်ပေါ်လာပြီး နေရာတိုင်းမှာရှိနေသည့်အလှလေးအားလုံး ပျောက်ကွယ်သွားတော့သည်။
နှင်းဆီကောင်လေးကလည်း နာကျင်စွာ အော်ဟစ်နေကာ သူ့ရဲ့တစ်ကိုယ်လုံးကအရေပြားတွေဟာ လက်ကစပြီး မီးလောင်ကျွမ်းနေသည်။သူ့ရဲ့ ဆိုးရွားလှတဲ့မျက်နှာကြီးဟာလည်း တစ်စဆီ လောင်ကျွမ်းနေခဲ့သည်။
ရှောင်းကျန့် ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တာကြောင့် ဝမ်ရိပေါ်ရင်ခွင်ထဲ တိုးဝင်ကာ မျက်လုံးမှိတ်ထားလိုက်သည်။
ဝမ်ရိပေါ်လည်း ရှောင်းကျန့်ကို အလိုက်တသင့် ပြန်ဖက်လိုက်သည်။သူ့လက်မှာ သွေးတွေပေနေသော်လည်း သူတို့ဟာ Hellမှာထဲက ပေရေနေပြီးသားမို့ ကိစ္စမရှိတော့ပေ။
ရှာလို့ကောင်းတုန်းဖြစ်နေသည့် အဖွဲ့သားတွေကတော့ အိမ်ကြီးပျောက်သွားသည့်တိုင်အောင် ဘာဖြစ်နေမှန်း သေချာမသိပေ။
သူတို့ရှေ့မှာ လှေကားကြီးပေါ်လာမှ ကိစ္စကြီးကို ဖြေရှင်းပြီးသွားမှန်း သိသွားကြသည်။
ရှောင်းကျန့် လှေကားကိုကြည့်လိုက်ပြီး ဝမ်ရိပေါ်ကို မေးလိုက်သည်။
"ရိပေါ်...မင်းဘယ်လိုလုပ် မျက်နှာအရေခွံခွာရမလဲ သိသွားရတာလဲ"
ရှောင်းကျန့်စကားကြောင့် ကျန်တဲ့လူတွေ မျက်လုံးပြူးသွားရသည်။ဒီheavenကို hellလောက်မဆိုးဘူးဟု ထင်နေခဲ့တာမို့ hellထက်ဆိုးမယ်လို့ မထင်ထားခဲ့ပေ။
တစ်ခုရှိတာက hellက အန္တရာယ်ရှိခဲ့သော်လည်း heavenကတော့ သူတို့ သိပ်အန္တရာယ်မရှိခဲ့ပေ။နောက်ဆုံးလုပ်ဆောင်ချက်က လွဲလို့ပေါ့။
"ကိုယ် နှင်းဆီပန်းရနံ့ကို လိုက်ရှာရင်း တစ်ခုခုကို သတိထားမိသွားတာ...အဲ့ဒီကအားလုံးမှာ တစ်ခုမဟုတ်တစ်ခု တူညီနေကြတယ်...တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းကွဲပြားကြပေမဲ့ နှုတ်ခမ်းချင်းတူတာမျိုး မျက်လုံးပုံစံချင်းတူတာမျိုးတို့ပေါ့...နောက်ဆုံး မင်းကိုလာနှောင့်ယှက်တဲ့ အဲ့အကောင်ကိုတွေ့တော့မှ သူ့မှာက တူညီတဲ့မျက်နှာအစိတ်အတိုင်းရှိနေတယ်...အခြားလူတွေက တစ်ခုနှစ်ခုဘဲ ဆင်တူပေမဲ့ သူ့မှာက ဆင်တူတဲ့အပိုင်းတိုင်း ရှိနေတယ်...အဲ့ဒါနဲ့ ကိုယ်ထင်လိုက်တာက သူ့ရဲ့မျက်နှာက သော့ချက်လို့လေ"
"ဒါနဲ့ ဘာလို့ပုံရိပ်ယောင်တွေအများကြီးဖြစ်နေတာလဲ"
"ကိုယ်မသိဘူး...လူတိုင်းမှာ မတူညီတဲ့စိတ်ဆန္ဒတွေ လောဘတွေရှိကြတယ်လေ...ကိုယ်တို့က သူ့ရဲ့ခံစားချက်ကို မသိဘူး...တကယ်လို့ သိခဲ့မယ်ဆိုရင်တောင် သူ့အတွက် သနားဒေါသထွက်ရတာကလွဲပြီး ဘာမှမလုပ်နိုင်ဘူး"
ရှောင်းကျန့် ခေါင်းငြိမ့်လိုက်သည်။ဒီအထပ်အထိ ဒီလိုကိုယ်ပိုင်ဉာဏ်ရည်နဲ့ စကားပြောတဲ့သရဲမျိုးက နှင်းဆီကောင်လေးတစ်ယောက်ထဲသာ ရှိပါသည်။
သို့သော် အခြားသရဲဝတ္ထုဇာတ်လမ်းတွေကလို သရဲတစ်ယောက်ရဲ့ပုံပြင်မျိုးတော့ ရှိမနေခဲ့ပေ။ထို့ကြောင့် သူလည်း လေးလေးနက်နက်မတွေးတော့ဘဲ ဝမ်ရိပေါ်လက်ကိုဆွဲကာ လှေကားပေါ်ကို တက်လိုက်တော့သည်။
ဝမ်ရိပေါ် နောက်ပြန်လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။နှင်းဆီကောင်လေးမျက်နှာအား ဆုတ်ဖြဲနေစဥ် ထိုကောင်လေးရဲ့ ဘဝအကြောင်း သူတွေ့မြင်ခဲ့ရသည်။
နှင်းဆီကောင်လေးအဖေဖြစ်သူဟာ မိန်းမငယ်လေးတွေကို ဖမ်းဆီးသည့် ပြည့်တန်ဆာခေါင်းတစ်ယောက်ဖြစ်သည်။
အလိုတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဖမ်းဆီးကာ သူ့စီးပွားရေးအတွက် အသုံးချသည့်ရွံစရာလူဖြစ်သည်။ဖအေဖြစ်သူရဲ့ မကောင်းမှုတွေကြောင့် နှင်းဆီကောင်လေးဟာ ရုပ်ဆိုးလွန်းတယ်လို့ ခေါ်လို့မရနိုင်အောင် ဆိုးဝါးသည့်ရုပ်ရည်မျိုးနဲ့ မွေးဖွားလာခဲ့ရသည်။
သူ့ရဲ့ဆိုးဝါးလှတဲ့ရုပ်ရည်ကြောင့် အဖေဖြစ်သူကမချစ်သလို အမေဖြစ်သူကလည်း ပြည့်တန်ဆာတစ်ယောက်ဖြစ်တာမို့ သူ့ကိုမွေးပြီးတာနဲ့ အခြားယောကျ်ားတစ်ယောက်နဲ့ လိုက်ပြေးသွားခဲ့သည်။
သူက ငယ်ငယ်ထဲက မျက်နှာကိုဖုံးကွယ်ရင်း ရမ္မက်တွေပြည့်နှက်နေတဲ့အိမ်ကြီးမှာ နေခဲ့ရသည်။ပြည့်တန်ဆာတွေရဲ့ အဆူအဆဲခံရသလို အမြဲအနိုင်ကျင့်လည်း ခံခဲ့ရသည်။
တစ်နေ့ သူတို့မြို့က နာမည်ကြီးလူမိုက်ခေါင်းဆောင်ဟာ သူတို့ပြည့်တန်ဆာအိမ်ကို ရောက်လာပြီး လှပတဲ့ ပြည့်တန်ဆာကောင်လေးတစ်ယောက်ရဲ့ ခေါင်းကိုအစိတ်စိတ်အမွှာမွှာ ရိုက်ခွဲပြီး ပို့ပေးရမယ်လို့ ပြောခဲ့သည်။
နှင်းဆီကောင်လေးဟာ ရုပ်ဆိုးလှသော်လည်း သူ့ခန္ဓာကိုယ်ဟာ လက်ကလေးကအစ လှပလေသည်။ထို့ကြောင့် သူ့အဖေဖြစ်သူနဲ့ ပြည့်တန်ဆာတွေဟာ သူ့ခေါင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ရိုက်ခွဲပြီး အရှင်လတ်လတ် သတ်ဖြတ်ခဲ့ကြသည်။
သူသေသွားတော့ ဘယ်သူ့ကိုမှ ဘာအငြှိုးအတေးမှ မထားခဲ့ပေမဲ့ ရုပ်ဆိုးလှသည့်သူ့ဘဝကို မုန်းတီးတာမို့ လှပတဲ့သူတိုင်းကို ဖျက်ဆီးပစ်ချင်လာခဲ့သည်။
ထို့ကြောင့် အရှင်လတ်လတ် မျက်နှာအရေခွံတွေ ခွာယူပြီး သူ့ကိုယ်သူအလှဆင်ခဲ့သည်။ထို့နောက် သူ့ကမ္ဘာတစ်ခုကို ဖန်တီးပြီး ပုံရိပ်ယောင်တွေ ဖန်းဆင်းခဲ့သည်။သူက လှပသလို လှပတဲ့နေရာမှာဘဲ နေရမယ်လို့ ယူဆပြီး နေထိုင်နေခဲ့တာဖြစ်သည်။
Advertisement
သူ့မှာ အပြစ်ဆို့လို လှပတဲ့မျက်နှာတွေကို ခွာယူခဲ့တာဘဲရှိသော်လည်း သူက အမှားကြီးမှားခဲ့လေသည်။သူ့အပေါ်မှားယွင်းခဲ့တာက သူ့အဖေနဲ့ပြည့်တန်ဆာတွေဖြစ်ပြီး လှပတဲ့သူတွေမဟုတ်ခဲ့ပေ။
သူမုန်းတီးရမှာက သူ့မျက်နှာကိုမဟုတ်ဘဲ ယုတ်မာလွန်းတဲ့နေရာဆီမှာ မွေးဖွားလာရသည့်ကံတရားကိုပင်။ဝမ်ရိပေါ် နှင်းဆီကောင်လေးရဲ့မသေခင်ဘဝကို သနားမိပေမဲ့ သေပြီးသားဘဝကိုတော့ ရွံရှာလေသည်။
ဝမ်ရိပေါ် ရှောင်းကျန့်ကို ဒီလိုစိတ်ပျက်ဖွယ်ကောင်းတာမျိုးတွေကို မပြောချင်သဖြင့် မပြောပြခဲ့ပေ။သူ့ချစ်သူလေးက ဖြူစင်လွန်းလှသဖြင့် ဒီလိုအရာတွေအတွက် ဝမ်းနည်းပေးမှာကို မလိုချင်ပေ။
သူ့ချစ်သူက သူ့အတွက်သာပျော်ရမည်။သူ့အတွက်သာ ဝမ်းနည်းရမည်။အတ္တကြီးတယ်လို့ ပြောရင်လည်း သူခံလိုက်မည်။ရှောင်းကျန့်ဆိုတာ သူနှစ်ပေါင်းများစွာ ကြာပြီးမှ သူပထမဆုံးချစ်ရသည့်သူမို့ သူတို့အခြေအနေချင်းကွာခြားနေရင်တောင် သူကတော့ ဘယ်တော့မှ လက်လွှတ်ပေးမှာမဟုတ်ပေ။အဲ့ဒါက သူ့အနေနဲ့ ရှောင်းကျန့်ကို သတ်ရမယ်ဆိုရင်တောင်မှပေါ့။
(A/N:မီးကနေ့တိုင်းပျက်နေတော့ စာရေးရတာအဆင်မပြေဘူးရယ်...ကျွန်တော်ကမနက်ကနေ နေ့ခင်းအထိ သိပ်မအားတော့ ညနေလောက်မှ ရေးဖြစ်တာ...မီးကလည်း ရေးမဲ့အချိန်တိုင်းရွေးပျက်နေသလိုဘဲ...ဒီနေ့လည်း မိုးလင်းထဲက ပျက်နေတော့ မနည်းရေးရတယ်...အဲ့တာကြောင့် daily မupနိုင်တော့ဘူးလို့ ပြောပါရစေ...တကယ်အားနာပါတယ်နော်...ocနဲ့DDလေးကို တစ်လှည့်စီအချိန်ပေးရမှာကြောင့်လည်း ပါပါတယ်😊Ai ni😘)
Part (30)ဆက်ရန်...
Zawgyi
ေရွာင္းက်န့္ ဝမ္ရိေပၚရင္ခြင္ထဲဝင္ၿပီး ငိုမဲ့ငိုမဲ့နဲ႕ တိုင္တန္းေျပာဆိုေလသည္။
"ေပၚေပၚ..... သူက ငါ့မ်က္ႏွာကို ဖ်က္ဆီးခ်င္လို႔တဲ့...သူကေျပာေသးတယ္...ငါ့မ်က္ႏွာကို ဓားေတြနဲ႕တစ္စဆီမႊန္းပစ္ၿပီး အစိတ္အစိတ္အမႊာမႊာလည္း လုပ္ပစ္ဦးမယ္တဲ့...ၿပီးရင္ အဲ့တာကို စြပ္ျပဳတ္လုပ္ၿပီး စားဦးမွာတဲ့...ေပၚေပၚ...ငါအဲ့လိုမျဖစ္ခ်င္ဘူး"
ႏွင္းဆီေကာင္ေလး "....."
'ငါအဲ့ေလာက္အမ်ားႀကီး ေျပာမိခဲ့လို႔လား'
ဝမ္ရိေပၚ ေရွာင္းက်န့္ေခါင္းေလးကို ပြတ္ေပးကာ ႏွင္းဆီေကာင္ေလးအား အၾကည့္စူးစူးနဲ႕ ၾကည့္လိုက္သည္။
"မင္းက...ငါ့ခ်စ္သူကို အဲ့လိုလုပ္ခ်င္တယ္ေပါ့...ဒါေပမဲ့ အခုသူ႕ေနရာမွာ မင္းျဖစ္သြားၿပီ"
ဝမ္ရိေပၚ ႏွင္းဆီေကာင္ေလးလည္ပင္းကို ညွစ္လိုက္သည္။လူမဟုတ္သည့္ ႏွင္းဆီေကာင္ေလးကေတာ့ မထီမဲ့ျမင္ၿပဳံးကာ
"ဒီေလာက္ဘဲလား...ငါကေတာ့ ေသမွာမဟုတ္ဘူး"
"တကယ္လား"
ဝမ္ရိေပၚရဲ႕ႏႈတ္ခမ္းေထာင့္ေလး တြန့္သြားကာ သူ႕လက္ထဲ ဓားေသးေသးေလးတစ္ေခ်ာင္း ေပၚလာသည္။သူက လက္ကိုေဝွ႕ရမ္းကာ ႏွင္းဆီေကာင္ေလးမ်က္ႏွာအား ေထာင့္ျဖတ္ပုံစံ ျခစ္လိုက္သည္။
"အားးး"
တကယ္တမ္းနာက်င္တာက ႏွင္းဆီေကာင္ေလးျဖစ္ေသာ္လည္း ေအာ္ေနတာကေတာ့ ေရွာင္းက်န့္ျဖစ္သည္။
ေၾကာက္႐ြံ႕ထိတ္လန့္စြာနဲ႕ေအာ္မည့္ ႏွင္းဆီေကာင္ေလးခမ်ာ ေရွာင္းက်န့္ရဲ႕ေအာ္သံစူးစူးေၾကာင့္ အသံေလးေတာင္ ျပန္ဝင္သြားရသည္။သူက ေဒါသတႀကီးနဲ႕ သူ႕မ်က္ႏွာသူအုပ္ကိုင္ကာ ဝမ္ရိေပၚအား စိုက္ၾကည့္လိုက္သည္။
"မင္း...မင္း..."
သူ႕စကားမဆုံးခင္ ဝမ္ရိေပၚက မ်က္ႏွာေပၚက ေသြးေတြစီးက်ေနသည့္ အစင္းေၾကာင္းကေန မ်က္ႏွာအေရျပားတစ္ျခမ္းကို ဆြဲၿဖဲလိုက္သည္။
"အားးး"
ဒီတစ္ခါလည္း ေအာ္တဲ့သူက ေရွာင္းက်န့္ျဖစ္သည္။ေရွာင္းက်န့္ခမ်ာ ျမင္ကြင္းေၾကာင့္ ထိတ္လန့္တုန္လႈပ္ေနရသည္။အေရျပားတစ္ျခမ္းကြာက်သည့္ ႏွင္းဆီေကာင္ေလးရဲ႕ အေရျပားေအာက္မွာ ရွိေနတာက တီေကာင္ေတြေလာက္ေတြတက္ေနသည့္ ေသြးသံတရဲရဲ႕ အသားႀကီးျဖစ္သည္။မ်က္လုံးအေပါက္မွာေတာင္ အမဲေရာင္တီေကာင္ေတြနဲ႕ ျပည့္ႏွက္ေနသည္။
ေစာနက လွပခဲ့တဲ့ႏွင္းဆီေကာင္ေလးဟာ အခုဆို တစ္ျခမ္းက လွပေနေသာ္ျငား တစ္ျခမ္းကေတာ့ ႐ြံရွာဖြယ္အတိျဖစ္သည္။
ႏွင္းဆီေကာင္ေလးဟာ သူ႕မ်က္ႏွာတစ္ျခမ္းေၾကာင့္ အေတာ္ေလးေဒါသထြက္ကာ ဝမ္ရိေပၚအား တိုက္ခိုက္ေတာ့သည္။
သို႔ေသာ္ ဝမ္ရိေပၚနဲ႕အားခ်င္းမယွဥ္နိုင္တာမို႔ ဝမ္ရိေပၚကိုင္ေပါက္တာ ခံလိုက္ရၿပီး က်န္ေနသည့္ မ်က္ႏွာအေရျပားတစ္ဝက္ ဆုတ္ၿဖဲခံလိုက္ရသည္။
မ်က္ႏွာအေရျပားတစ္ခုလုံး ခြာခ်ခံရၿပီးတာနဲ႕ ေနရာအႏွံ႕ကေန ေအာ္သံေတြထြက္ေပၚလာၿပီး ေနရာတိုင္းမွာရွိေနသည့္အလွေလးအားလုံး ေပ်ာက္ကြယ္သြားေတာ့သည္။
ႏွင္းဆီေကာင္ေလးကလည္း နာက်င္စြာ ေအာ္ဟစ္ေနကာ သူ႕ရဲ႕တစ္ကိုယ္လုံးကအေရျပားေတြဟာ လက္ကစၿပီး မီးေလာင္ကြၽမ္းေနသည္။သူ႕ရဲ႕ ဆိုး႐ြားလွတဲ့မ်က္ႏွာႀကီးဟာလည္း တစ္စဆီ ေလာင္ကြၽမ္းေနခဲ့သည္။
ေရွာင္းက်န့္ ထိုျမင္ကြင္းကို ဆက္မၾကည့္နိုင္တာေၾကာင့္ ဝမ္ရိေပၚရင္ခြင္ထဲ တိုးဝင္ကာ မ်က္လုံးမွိတ္ထားလိုက္သည္။
ဝမ္ရိေပၚလည္း ေရွာင္းက်န့္ကို အလိုက္တသင့္ ျပန္ဖက္လိုက္သည္။သူ႕လက္မွာ ေသြးေတြေပေနေသာ္လည္း သူတို႔ဟာ Hellမွာထဲက ေပေရေနၿပီးသားမို႔ ကိစၥမရွိေတာ့ေပ။
ရွာလို႔ေကာင္းတုန္းျဖစ္ေနသည့္ အဖြဲ႕သားေတြကေတာ့ အိမ္ႀကီးေပ်ာက္သြားသည့္တိုင္ေအာင္ ဘာျဖစ္ေနမွန္း ေသခ်ာမသိေပ။
သူတို႔ေရွ႕မွာ ေလွကားႀကီးေပၚလာမွ ကိစၥႀကီးကို ေျဖရွင္းၿပီးသြားမွန္း သိသြားၾကသည္။
ေရွာင္းက်န့္ ေလွကားကိုၾကည့္လိုက္ၿပီး ဝမ္ရိေပၚကို ေမးလိုက္သည္။
"ရိေပၚ...မင္းဘယ္လိုလုပ္ မ်က္ႏွာအေရခြံခြာရမလဲ သိသြားရတာလဲ"
ေရွာင္းက်န့္စကားေၾကာင့္ က်န္တဲ့လူေတြ မ်က္လုံးျပဴးသြားရသည္။ဒီheavenကို hellေလာက္မဆိုးဘူးဟု ထင္ေနခဲ့တာမို႔ hellထက္ဆိုးမယ္လို႔ မထင္ထားခဲ့ေပ။
တစ္ခုရွိတာက hellက အႏၱရာယ္ရွိခဲ့ေသာ္လည္း heavenကေတာ့ သူတို႔ သိပ္အႏၱရာယ္မရွိခဲ့ေပ။ေနာက္ဆုံးလုပ္ေဆာင္ခ်က္က လြဲလို႔ေပါ့။
"ကိုယ္ ႏွင္းဆီပန္းရနံ႕ကို လိုက္ရွာရင္း တစ္ခုခုကို သတိထားမိသြားတာ...အဲ့ဒီကအားလုံးမွာ တစ္ခုမဟုတ္တစ္ခု တူညီေနၾကတယ္...တစ္ေယာက္နဲ႕တစ္ေယာက္ ႐ုပ္ခ်င္းကြဲျပားၾကေပမဲ့ ႏႈတ္ခမ္းခ်င္းတူတာမ်ိဳး မ်က္လုံးပုံစံခ်င္းတူတာမ်ိဳးတို႔ေပါ့...ေနာက္ဆုံး မင္းကိုလာႏွောင့္ယွက္တဲ့ အဲ့အေကာင္ကိုေတြ႕ေတာ့မွ သူ႕မွာက တူညီတဲ့မ်က္ႏွာအစိတ္အတိုင္းရွိေနတယ္...အျခားလူေတြက တစ္ခုႏွစ္ခုဘဲ ဆင္တူေပမဲ့ သူ႕မွာက ဆင္တူတဲ့အပိုင္းတိုင္း ရွိေနတယ္...အဲ့ဒါနဲ႕ ကိုယ္ထင္လိုက္တာက သူ႕ရဲ႕မ်က္ႏွာက ေသာ့ခ်က္လို႔ေလ"
"ဒါနဲ႕ ဘာလို႔ပုံရိပ္ေယာင္ေတြအမ်ားႀကီးျဖစ္ေနတာလဲ"
"ကိုယ္မသိဘူး...လူတိုင္းမွာ မတူညီတဲ့စိတ္ဆႏၵေတြ ေလာဘေတြရွိၾကတယ္ေလ...ကိုယ္တို႔က သူ႕ရဲ႕ခံစားခ်က္ကို မသိဘူး...တကယ္လို႔ သိခဲ့မယ္ဆိုရင္ေတာင္ သူ႕အတြက္ သနားေဒါသထြက္ရတာကလြဲၿပီး ဘာမွမလုပ္နိုင္ဘူး"
ေရွာင္းက်န့္ ေခါင္းၿငိမ့္လိုက္သည္။ဒီအထပ္အထိ ဒီလိုကိုယ္ပိုင္ဉာဏ္ရည္နဲ႕ စကားေျပာတဲ့သရဲမ်ိဳးက ႏွင္းဆီေကာင္ေလးတစ္ေယာက္ထဲသာ ရွိပါသည္။
သို႔ေသာ္ အျခားသရဲဝတၳဳဇာတ္လမ္းေတြကလို သရဲတစ္ေယာက္ရဲ႕ပုံျပင္မ်ိဳးေတာ့ ရွိမေနခဲ့ေပ။ထို႔ေၾကာင့္ သူလည္း ေလးေလးနက္နက္မေတြးေတာ့ဘဲ ဝမ္ရိေပၚလက္ကိုဆြဲကာ ေလွကားေပၚကို တက္လိုက္ေတာ့သည္။
ဝမ္ရိေပၚ ေနာက္ျပန္လွည့္ၾကည့္ကာ သက္ျပင္းခ်လိဳက္သည္။ႏွင္းဆီေကာင္ေလးမ်က္ႏွာအား ဆုတ္ၿဖဲေနစဥ္ ထိုေကာင္ေလးရဲ႕ ဘဝအေၾကာင္း သူေတြ႕ျမင္ခဲ့ရသည္။
ႏွင္းဆီေကာင္ေလးအေဖျဖစ္သူဟာ မိန္းမငယ္ေလးေတြကို ဖမ္းဆီးသည့္ ျပည့္တန္ဆာေခါင္းတစ္ေယာက္ျဖစ္သည္။
အလိုတူသည္ျဖစ္ေစ မတူသည္ျဖစ္ေစ ဖမ္းဆီးကာ သူ႕စီးပြားေရးအတြက္ အသုံးခ်သည့္႐ြံစရာလူျဖစ္သည္။ဖေအျဖစ္သူရဲ႕ မေကာင္းမႈေတြေၾကာင့္ ႏွင္းဆီေကာင္ေလးဟာ ႐ုပ္ဆိုးလြန္းတယ္လို႔ ေခၚလို႔မရနိုင္ေအာင္ ဆိုးဝါးသည့္႐ုပ္ရည္မ်ိဳးနဲ႕ ေမြးဖြားလာခဲ့ရသည္။
သူ႕ရဲ႕ဆိုးဝါးလွတဲ့႐ုပ္ရည္ေၾကာင့္ အေဖျဖစ္သူကမခ်စ္သလို အေမျဖစ္သူကလည္း ျပည့္တန္ဆာတစ္ေယာက္ျဖစ္တာမို႔ သူ႕ကိုေမြးၿပီးတာနဲ႕ အျခားေယာက်္ားတစ္ေယာက္နဲ႕ လိုက္ေျပးသြားခဲ့သည္။
သူက ငယ္ငယ္ထဲက မ်က္ႏွာကိုဖုံးကြယ္ရင္း ရမၼက္ေတြျပည့္ႏွက္ေနတဲ့အိမ္ႀကီးမွာ ေနခဲ့ရသည္။ျပည့္တန္ဆာေတြရဲ႕ အဆူအဆဲခံရသလို အၿမဲအနိုင္က်င့္လည္း ခံခဲ့ရသည္။
တစ္ေန႕ သူတို႔ၿမိဳ႕က နာမည္ႀကီးလူမိုက္ေခါင္းေဆာင္ဟာ သူတို႔ျပည့္တန္ဆာအိမ္ကို ေရာက္လာၿပီး လွပတဲ့ ျပည့္တန္ဆာေကာင္ေလးတစ္ေယာက္ရဲ႕ ေခါင္းကိုအစိတ္စိတ္အမႊာမႊာ ရိုက္ခြဲၿပီး ပို႔ေပးရမယ္လို႔ ေျပာခဲ့သည္။
ႏွင္းဆီေကာင္ေလးဟာ ႐ုပ္ဆိုးလွေသာ္လည္း သူ႕ခႏၶာကိုယ္ဟာ လက္ကေလးကအစ လွပေလသည္။ထို႔ေၾကာင့္ သူ႕အေဖျဖစ္သူနဲ႕ ျပည့္တန္ဆာေတြဟာ သူ႕ေခါင္းကို အစိတ္စိတ္အမႊာမႊာျဖစ္ေအာင္ ရိုက္ခြဲၿပီး အရွင္လတ္လတ္ သတ္ျဖတ္ခဲ့ၾကသည္။
သူေသသြားေတာ့ ဘယ္သူ႕ကိုမွ ဘာအျငႇိုးအေတးမွ မထားခဲ့ေပမဲ့ ႐ုပ္ဆိုးလွသည့္သူ႕ဘဝကို မုန္းတီးတာမို႔ လွပတဲ့သူတိုင္းကို ဖ်က္ဆီးပစ္ခ်င္လာခဲ့သည္။
ထို႔ေၾကာင့္ အရွင္လတ္လတ္ မ်က္ႏွာအေရခြံေတြ ခြာယူၿပီး သူ႕ကိုယ္သူအလွဆင္ခဲ့သည္။ထို႔ေနာက္ သူ႕ကမၻာတစ္ခုကို ဖန္တီးၿပီး ပုံရိပ္ေယာင္ေတြ ဖန္းဆင္းခဲ့သည္။သူက လွပသလို လွပတဲ့ေနရာမွာဘဲ ေနရမယ္လို႔ ယူဆၿပီး ေနထိုင္ေနခဲ့တာျဖစ္သည္။
သူ႕မွာ အျပစ္ဆို႔လို လွပတဲ့မ်က္ႏွာေတြကို ခြာယူခဲ့တာဘဲရွိေသာ္လည္း သူက အမွားႀကီးမွားခဲ့ေလသည္။သူ႕အေပၚမွားယြင္းခဲ့တာက သူ႕အေဖနဲ႕ျပည့္တန္ဆာေတြျဖစ္ၿပီး လွပတဲ့သူေတြမဟုတ္ခဲ့ေပ။
သူမုန္းတီးရမွာက သူ႕မ်က္ႏွာကိုမဟုတ္ဘဲ ယုတ္မာလြန္းတဲ့ေနရာဆီမွာ ေမြးဖြားလာရသည့္ကံတရားကိုပင္။ဝမ္ရိေပၚ ႏွင္းဆီေကာင္ေလးရဲ႕မေသခင္ဘဝကို သနားမိေပမဲ့ ေသၿပီးသားဘဝကိုေတာ့ ႐ြံရွာေလသည္။
ဝမ္ရိေပၚ ေရွာင္းက်န့္ကို ဒီလိုစိတ္ပ်က္ဖြယ္ေကာင္းတာမ်ိဳးေတြကို မေျပာခ်င္သျဖင့္ မေျပာျပခဲ့ေပ။သူ႕ခ်စ္သူေလးက ျဖဴစင္လြန္းလွသျဖင့္ ဒီလိုအရာေတြအတြက္ ဝမ္းနည္းေပးမွာကို မလိုခ်င္ေပ။
သူ႕ခ်စ္သူက သူ႕အတြက္သာေပ်ာ္ရမည္။သူ႕အတြက္သာ ဝမ္းမည္းရမည္။အတၱႀကီးတယ္လို႔ ေျပာရင္လည္း သူခံလိုက္မည္။ေရွာင္းက်န့္ဆိုတာ သူႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးမွ သူပထမဆုံးခ်စ္ရသည့္သူမို႔ သူတို႔အေျခအေနခ်င္းကြာျခားေနရင္ေတာင္ သူကေတာ့ ဘယ္ေတာ့မွ လက္လႊတ္ေပးမွာမဟုတ္ေပ။အဲ့ဒါက သူ႕အေနနဲ႕ ေရွာင္းက်န့္ကို သတ္ရမယ္ဆိုရင္ေတာင္မွေပါ့။
(A/N:မီးကေန႕တိုင္းပ်က္ေနေတာ့ စာေရးရတာအဆင္မေျပဘူးရယ္...ကြၽန္ေတာ္ကမနက္ကေန ေန႕ခင္းအထိ သိပ္မအားေတာ့ ညေနေလာက္မွ ေရးျဖစ္တာ...မီးကလည္း ေရးမဲ့အခ်ိန္တိုင္းေ႐ြးျပတ္ေနသလိုဘဲ...ဒီေန႕လည္း မိုးလင္းထဲက ပ်က္ေနေတာ့ မနည္းေရးရတယ္...အဲ့တာေၾကာင့္ daily မupနိုင္ေတာ့ဘူးလို႔ ေျပာပါရေစ...တကယ္အားနာပါတယ္ေနာ္...ocနဲ႕DDေလးကို တစ္လွည့္စီအခ်ိန္ေပးရမွာေၾကာင့္လည္း ပါပါတယ္😊Ai ni😘)
Part (30)ဆက္ရန္...
Advertisement
- In Serial22 Chapters
Contact Through Voided Lenses
[participant in the Royal Road Writathon challenge] Edit: Fixed some inaccuracies in the synopsis. The void is a vast unexplored ocean filled with various wonders and dangers all waiting to be explored by those brave enough to travel and record. Many souls do find themselves brave enough to face the vast distances, the various risks to personal safety and do the hundreds of task required on a craft. However, at times the void itself can be boring with absolutely nothing to do but as time pass and more and better technology is reached, things got better. The various trips got faster, communications became faster than light and you can be home to see your loved ones after only months now. Through the various planets whether rocky or gaseous, the various stars whether small or giant, the various systems both eerily similar or completely alien. As part of an expeditionary scientific exploratory survey craft, one could see that the void offers no reprieve from all the discoveries and wonders. At times, it can feel empty and silent where no soul can hear you scream and at others it can be overwhelming with sudden phenomenon that can overwhelm the brightest of minds. The void itself is a truly fascinating ocean where one must chart the various islands or drown in its deadly tidal waves. But the question still remained no matter how you try to hide it in of itself… is there truly other intelligent life out there? Are we alone in this ocean? Those very questions still haunt the minds of those on the crafts themselves as they brace for every jump ready for the unknown and the known. Many would try to explain that yes there is other intelligent life out there whilst other still say no after 2 centuries of continuous flight out of the home system. Still, those are questions that bury deep in the minds of the crew and those at home as the voidcraft jumps to a system with a single yellow star orbited by 8 other planets with one crowning blue jewel being the 3rd closest with its 5 oceans and 7 continents, a planet called Dirt which is inhabited by a primitive species called Humanity. Hello, author here and this is my newest dive into writing particularly for the Writathon currently in progress being my first one. I hope you give me story a try but in case you still want more information on what you’re getting into, below are some pointers about the story itself. First Contact: CTVL is a story about a first contact scenario between an advanced alien civilization and a slightly more advanced modern day humanity on their planet called Dirt. Characters: The story will take place mainly on the perspective of the alien visitors themselves though there will be human POV characters who will show how the rest of humanity react through media and forums. Action: It won’t be an actual alien invasion but you have to see for yourself how well first contact went. Sci-Fi: I will be very forward here, I WILL bend the rules of physics in order to add in parts of the plot and there WILL be parts that makes absolutely no sense whatsoever. Theme: It will be a brooding story talking about the futility of pe… Just kidding, it’s mostly wholesome stuff to be honest here. Alien: The aliens themselves will… actually why should I tell you, you have to go and read it to find out what the aliens are though I will draw a few things here and there to aid in the process. Extra tidbit: If you are a grammar nazi or someone who really wants a realistic scifi story... this story is probably not for you at all. Anyways, that’s pretty much all I can say before I spoil something major of the plot itself, the story is slice of life so make sure that type of story is what you like because I am terrible with anything else as I found out, anyways, have a good time everyone and good luck to the other Writathon participants.
8 188 - In Serial83 Chapters
Echoes of the Past
Island Legends Book 2Island Legends is an epic fantasy adventure series set in a galaxy reeling from devastating wars, filled with countless alien species, a rich history of powerful magical forces and the interventions of many gods and dangerous spirits and demons constantly at war.Among its many influences are the grand operatic adventures of the Star Wars universe, the ensemble cast of desperate heroes of a Final Fantasy game, and the long and all-important journey of The Lord of the Rings and The Wheel of Time series. It also has influences of a serial television series, where we learn more of the characters as the progressively complex story develops, with new characters being introduced along the way.________________________James Island has begun his journey away from his hometown, accompanied by the bewildering and troubled Evan Goodheart, and his mysterious ex-colleague Sam Hawkings.Their journey takes them farther across Medropon as they search for clues to a hidden army being formed, made up of abducted people from all over the galaxy. Evan Goodheart continues his mission to restore peace to his troubled homeworld. Sam Hawkings is tasked with training James Island to become the soldier he once was, while revealing more to James about his unknown past. James struggles to be the hero everyone expects him to be, while discovering more about himself and deciding what kind of a person he will be, or if he can ever go back to who he was.#3 in Fantasy #2 in Sciencefiction #4 in Scifi#2 in Adventure
8 227 - In Serial44 Chapters
Mundus Subcavus - or: "Caves are a geomancer's dream, but how do we get back out?"
Havellan is an aspiring mage and architect. On the recommendation of his old commander, he joins the Geomancer Professor Ottegar Scutolith on a journey to a volcanic island to investigate its sudden inaction. Together with the Alchemist Anne-Liese, the wilderness guide Beredalion and the Golem Chrysita, they venture deep underground into the completely drained system of magma tubes and chambers. They soon come across a weird phenomenon and in a desperate situation, decide to take a leap of faith further down than they could have ever imagined. DISCLAIMER: This work is published on RoyalRoad and Inkitt as well as Audiobook on Youtube.
8 250 - In Serial17 Chapters
The Legend Of Rave [ Hiatus ]
Vasyl Raul, a well known gamer of his time was betrayed by his friends and leaved the game. Only to return later on and take revenge against them, but it was not for long as he wasn't able to opose the powerful forces upon him and retired. It have been years since then and it was around the time a new and upcoming virtual reality game was going to be releasedonce a certain chapter have been reached, i will post a poll which you will decide whether to go pursue the """" harem """" route or the only 1 girl route. And that chapter is still far2 away
8 97 - In Serial27 Chapters
Can love burn out? (Kai x reader){Completed}
8 year old y/n bare knew her family, her mother Misako, her father Garmadon, nor her little brother Lloyd. After leaving school, she trained with her uncle, Sensei Wu, with the dangerous path ahead of you, can your love, really burn out with Kai?Started 1/22/17Finished 5/16/18Final chapter coming out soon
8 155 - In Serial14 Chapters
Bear trap (statehumans CalTex)
(This book has nothing to do with furries, otherkins, or irl therianthropes. Both by their own definitions and my own, we have nothing to do with each other. Keep being your weird selves just don't pretend I'm a part of those groups because I wrote this book with animal/human hybrids in it. Any comments trying to talk about furries or otherkins will be deleted because it makes me physically uncomfortable. Therians are ok tho because it's basically the fancy way to say people who have spirit animals)There are two races in this world, humans and therianthropes, which are humans with animal qualities, that can shapeshift into their animal counterpart. The therianthropes, once divided by predator and prey, joined together in hiding after the humans began to hunt therianthropes for sport. California, a young grizzly bear therianthrope, was always curious to see the world beyond the forest he and his people lived within. Texas, a young farmhand, always wanted to catch a therianthrope, believing it would make him the hero of his village after violent massacres and thefts had been performed on it, supposedly by therianthropes.But when these two young men's paths collide, secrets, strange new feelings, and a magical adventure turns everything they thought they knew about the others race upside down.Warnings:- statehumans- countryhumans - the country and statehumans are all kinda just mixed together. There is no obvious separation between state and country, they're all just people - guns- and ships- hunting - idk, vegans?- gay stuff- not super gory, but people do get hurt - maybe death
8 263

