《Ding-dong(Season 1)(Completed)》(28)နှင်းဆီပန်းရနံ့
Advertisement
ဒီတစ်ခေါက်က သူတို့အတွက် အရမ်းစိတ်ရှုပ်ဖို့ကောင်းလေသည်။မိန်းမလှလေးတွေဆီက ချိုအီမွှေးပျံ့နေတဲ့အနံ့တွေကလည်း ခေါင်းကိုက်စေသည်။
ထို့ပြင် သတ်မသတ် ချင့်ချိန်နေရတာက ပိုဆိုးလေသည်။သူတို့ခုနက သတ်ခဲ့တာကြောင့် အခြားမိန်းမလှလေးတွေက သူတို့အနား သိပ်မကပ်တော့ပေ။
ထိုသို့ လာမကပ်တော့လည်း တမင်တကာကြီး လိုက်သတ်လို့ကောင်းမနေပေ။ထို့ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် မသိတော့သည်အထိ ဖြစ်သည်။
နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုသာ ချလိုက်ရသည်။အဲ့တာက လာကပ်မှသတ်ပြီး မကပ်ရင် မသတ်နဲ့ဆိုပြီး ဖြစ်သည်။
တကယ့်အစစ်ကိုတော့ အခြားနည်းလမ်းတွေနဲ့ဘဲ ရှာတော့မည်ဖြစ်သည်။သူတို့အုပ်စုက ဆယ်ယောက်လောက်ဘဲရှိတာမို့ နှစ်ယောက်တစ်ဖွဲ့စီခွဲပြီး သဲလွန်စတွေ လိုက်ရှာတော့သည်။
ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ဟာ အိမ်ကြီးရဲ့အပေါ်ထပ်ကိုတက်ကာ ရှာဖွေလေသည်။အိမ်အပေါ်ထက်က အလှလေးတွေဟာ အောက်ထပ်ကလူတွေထက် အဆပေါင်းများစွာ ပိုလှသည်။မသိရင် သူတို့က နတ်ပြည်ရောက်နေသလိုပင်။
ရှောင်းကျန့်တောင် သူအမြဲသဘောကျခဲ့ရသည့် သူ့မျက်နှာလေးအတွက် depression ဝင်သွားရသည်။ထို့အပြင် ထိုအလှလေးတွေဟာ ခန္ဓာကိုယ်ကအစ ဆွဲဆောင်မှုရှိလွန်းလှသည်။
"ရိပေါ်...ငါနဲ့ သူတို့နဲ့ ဘယ်သူပိုလှလဲ"
"မင်းပေါ့"
"လူလိမ်...အမှန်အတိုင်းဖြေ"
"အဲ့တာဆို... သူတို့က ပိုလှတယ်"
"မင်းက ငါ့ကိုမချစ်ဘူးဘဲ"
"မဟုတ်ပါဘူး"
"အဲ့တာဆို ဘာလို့သူတို့က ပိုလှတယ်လို့ ဖြေတာလဲ"
"မင်းဘဲ လိမ်တယ်ပြောလို့ ကိုယ်ကအဲ့လိုပြောရတာလေ"
"ငါက လူလိမ်လို့ ပြောရင်တောင် မင်းက 'ကိုယ်မလိမ်ပါဘူး'လို့ ပြောရမှာလေ"
"အော်...အွန်းပါ...ကိုယ်မလိမ်ပါဘူး...မင်းက အလှဆုံးဘဲ"
"ဟွန့်...နေရာတကာ လိုက်သင်ပေးနေရတယ်"
"ကိုယ်က မင်းနဲ့ဆို အမြဲတုံးအသွားရော"
ဝမ်ရိပေါ်ရဲ့ စကားချိုချိုလေးထဲမှာ ရှောင်းကျန့်တစ်ယောက် အရည်ပျော်သွားလေသည်။ထို့နောက် ဝမ်ရိပေါ်က ရှောင်းကျန့်နှုတ်ခမ်းလေးအား နမ်းလိုက်သည်။
"ကျန့်...မင်းနှုတ်ခမ်းလေးက ချိုလိုက်တာ"
"ချိုမှာပေါ့...ငါ့ကျောင်းအင်္ကျီအိတ်ကပ်ထဲကနေ ဘယ်နှနှစ် ဘယ်နှမိုး ကြာနေမှန်းမသိတဲ့ သကြားလုံးကို တွေ့လို့ စားထားတာ"
"ဘာအရသာလဲ...ချိုလွန်းတယ်"
"နာနတ်သီးအရသာ"
"....."
ဒီလိုနဲ့ နှစ်ယောက်သား ရှေ့ဆက်လျှောက်ရင်း သဲလွန်စရှာတော့သည်။အလှလေးတွေက သူတို့အနားမကပ်ပေမဲ့ အဝေးကနေတော့ မသိမသာမြှူစွယ်နေသေးသည်။
လမ်းတစ်ဝက်လောက်မှာ ဝမ်ရိပေါ်က ရုတ်တရက်ရပ်သွားသည်။ရှောင်းကျန့်က ဘာကြောင့်လဲဆိုပြီး သိချင်စိတ်နဲ့ မေးလိုက်သည်။
"မတူတဲ့အနံ့တစ်ခု ရလိုက်တယ်...ဒီတစ်လျောက်လုံး အဲ့မိန်းကလေးတွေကောင်လေးတွေဆီမှာ ကြာပန်းအနံ့ဘဲ ရှိတာ...အခု နှင်းဆီပန်းအနံ့ရလိုက်တယ်"
ထိုအခါမှ ရှောင်းကျန့်လည်း အနံ့လိုက်ခံကြည့်ကာ သူလည်း နှင်းဆီပန်းအနံ့ကို သတိထားမိသွားသည်။ထို့ကြောင့် နှင်းဆီပန်းရနံ့ပိုင်ရှင်အား လိုက်ရှာရတော့သည်။သို့သော် ခဏလေးအတွင်းမှာ ထိုအနံ့က ပျောက်သွားတာမို့ ဆက်ရှာလို့ မရလိုက်ပေ။
သူတို့နှစ်ယောက်စလုံး အခုရလာတဲ့သဲလွန်စကို အဖွဲ့ကလူတွေကိုရှာပြီး ပြောပြလိုက်သည်။ဒီလိုနဲ့ သူတို့တစ်ဖွဲ့လုံး နှင်းဆီပန်းရနံ့ပိုင်ရှင်ကိုဘဲ အနံ့ခံကာ လိုက်ရှာတော့သည်။
နေရာတကာ နှာတရှုံ့ရှုံ့နဲ့ အနံ့လိုက်ခံနေရတော့ ခွေးနဲ့တောင် တူလာလေပြီ။ရှောင်းကျန့်ကတော့ အနံ့ခံရလွန်းလို့ နှာချေလာကာ နှာပါစေသွားတော့သည်။
နှာစေးတော့ တစ်ရှုးမရှိသဖြင့် တရှုံ့ရှုံ့နဲ့ ပြန်ပြန်သွင်းနေရသည်။ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ ဒီလိုပုံစံကို မကြည့်ရက်သဖြင့် ဘေးနားက ကောင်ချောလေးတစ်ယောက်ရဲ့ အင်္ကျီအား ဆွဲဖြဲကာ ရှောင်းကျန့်အား ပေးလိုက်သည်။ဒီလိုမှဘဲ ရှောင်းကျန့် အဆင်ပြေသွားတော့သည်။
ရှောင်းကျန့်အဆင်ပြေသွားတော့ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ဆက်မရှာခိုင်းတော့ဘဲ ဒီအိမ်ကြီးထဲက အခန်းတစ်ခုမှာ ထိုင်စောင့်ခိုင်းလိုက်ကာ သူ့ဘာသာဘဲ ရှာဖွေလေသည်။
ထိုအခန်းထဲမှာ သစ်သီးတွေရှိနေတာမို့ ရှောင်းကျန့်တစ်ယောက် ဗိုက်ဆာသွားသညိ။သို့သော် စားလည်းမစားရဲပေ။ဝမ်ရိပေါ်မရှိတာမို့ မစဥ်းစားဘဲ ရမ်းသမ်းမလုပ်တာ အကောင်းဆုံးဖြစ်သည်။
သူထိုင်စောင့်နေတုန်း သူ့အနားမှာ နှင်းဆီပန်းအနံ့ ထွက်ပေါ်လာသည်။သူမော့ကြည့်လိုက်တော့ အရမ်းကိုမှ လှပတဲ့ကောင်လေးတစ်ယောက်ကို မြင်လိုက်ရပြီး ထိုကောင်လေးက သူ့ကိုပြုံးပြနေသည်။
"မင်းရဲ့မျက်နှာလေးကို ငါလိုချင်လိုက်တာ"
ထိုစကားကြောင့် ရှောင်းကျန့် ကြက်သီးတွေတဖြန်းဖြန်း ထသွားသည်။
"မင်းက ငါ့ထက်ပိုလှတယ်လေ"
"ဟားဟားဟား....ဒါပေါ့...ငါက ပိုလှတယ်...ဒါပေမဲ့ ဒါက ငါ့မျက်နှာက အစစ်မဟုတ်ဘူး...အဲ့တာကြောင့် မင်းမျက်နှာလေးကို လိုချင်တာ...ပေးမလားဟင်"
ရှောင်းကျန့် ကြောက်ကြောက်လန့်လန့်နဲ့ ပြောလိုက်သည်။
"ငါ့မျက်နှာက အရမ်းကိုချောတာ....အဲ့တော့ ငါ့မျက်နှာကို လိုချင်ရင် တန်ရာတန်ကြေးက ကြီးလွန်းတယ်...မင်းတတ်နိုင်မှာ မဟုတ်ဘူး"
"ဒါဆို ဘယ်လောက်တန်တာများလဲ"
"ငွေနဲ့ဆို infinityအထိ တန်တယ်...မင်းမတတ်နိုင်ဘူး...ဘယ်သူ့မှလည်း တတ်နိုင်မှာမဟုတ်ဘူး"
"မင်းလုယက်တယ်ဆိုတာ ကြားဖူးလား....မဝယ်နိုင်ရင် လုယက်မှာပေါ့"
"လုယက်လို့လည်း မရဘူး"
"ဘာလို့လဲ"
"လုယက်ရင် မင်းforever ထောင်ကျသွားလိမ့်မယ်"
"ဒါဆို ငါမရရင် ဖျက်ဆီးပစ်မှာ"
"အဲ့လိုလည်း လုပ်လို့မရဘူး"
"ဘာလို့လုပ်လို့မရတာလဲ ပြောပါဦး"
"မင်းသာ သူ့မျက်နှာကို ဖျက်ဆီးလိုက်ရင် ငါက မင်းကို အစပေါင်းများစွာ ဖျက်ဆီးပစ်မှာမို့လို့ဘဲ"
ဝမ်ရိပေါ်အသံကြားတော့ ရှောင်းကျန့်တစ်ယောက် အားတက်သွားကာ အသံလာရာဆီ ပြေးသွားလိုက်တော့သည်။
Part (29)ဆက်ရန်....
Zawgyi
Advertisement
"မင်းပေါ့"
"မဟုတ်ပါဘူး"
"နာနတ်သီးအရသာ"
"....."
"လုယက်လို့လည်း မရဘူး"
"ဘာလို့လဲ"
Part (29)ဆက်ရန်....
Advertisement
- In Serial49 Chapters
Labyrinthia's Maze
I had always found the idea of “Other Worlds” stupid. Magic wasn’t real. Even if it was the chance of someone spiriting away someone form a world without magic to a world with seemed utterly stupid. After all, what good would a tech geek do in a world of Dungeons and Dragons. Well, jokes on me, I guess. As I was about to log out of the NVR game I have been obsessing over for over 8 years, I blacked out. Next thing I know I am now living as my in game avatar in another world. Only I am now back to scratch, no more giant 200 floor dungeon, no more army of minions and traps, just me and a small room in the ground. Luckily, I have all I need to slowly rebuild my dungeon, I only hope I live long enough to do so. Who sent me here, what do they want from me, and can I ever return home? There better be answers to these questions because, while being my avatar is awesome, I also want to go home… I think.
8 144 - In Serial78 Chapters
Dragon Marksman
When a 21-year-old convicted murderer is given a second chance, just how will he put his legendary real-life skills to use in a new world? In a virtual world? How will he find a path of action in a place where magic is commonplace, and where bloodshed reigns? Yi Qiang, a professional sniper at the top of the mercenary world, completed his one and only life goal at 21. Trouble was, that goal got him into jail. However, he was given another chance to hone his skills and put them to use when a mysterious suited man called Mr. Yang approaches him with an offer. An offer of a gateway into worlds yet unknown and into a place chock-filled with the only thing that gave him life. A gateway into Ascend. Release Rate: One chapter every Thursday and Sunday, average length of at least 4 pages.
8 340 - In Serial136 Chapters
The Crimson Mage
Orenda is a ten-year-old orphan who was raised in a colony of the far-reaching Urilian empire. She's the only fire elf she's ever met, and believes herself to be the long-lost princess of the fire elf kingdom, which is said to have fallen in a single day and night under Urillian control two centuries before our story picks up. When her magical powers begin to manifest, Orenda must navigate the world as it is now to discover the secrets of her past and chart her future.
8 175 - In Serial8 Chapters
Epoch
Law was reincarnated into the world of Desolate Era as the twin brother of Ji Ning. Follow him on his misadventure on the three realms. "An Illusion Master? hmmph, bow down to the greatness of I, your father rinne-sharinggan." "A Primaltwin? Accelerated Learning? Boy, take a look at my Tajuu Kagebunshin no Jutsu." "A Secret Technique? I your father can use Super Saiyan Forms." "Ooh a Grand Dao, let me imitate it using my Rinne-sharinggan." "All Seeing Eye? Lets compare it with this emperor Tenseigan." "Hundreds Wives, Thousand Concubines and Millions of Girlfriends? Sensei Oshiete Kudasai!!!" - Updated Once or Twice A Week - - A Fanfiction of Desolate Era, Reading the Original Source is not Necessary to Enjoy this Fiction -
8 81 - In Serial71 Chapters
Modern Deity
[18+] Kyte, a student that is days away from graduating high school, ends up encountering a group of people he despises the most. What Kyte never thought was that miracles can happen at any moment, even if they seem to appear too late. After obtaining something that gives him the power and courage to defend himself and get revenge, Kyte realizes that letting his emotions get the better of him might lead him to his demise. *Rated Mature for: Descriptive gore, sexual content, and language. *This is not a light-hearted story, despite some interactions with characters. My story is a natural plot-reveal over time. It takes more than one chapter to create a story.
8 137 - In Serial6 Chapters
Tales From Mirthland: Dr. Entwhistle Wins a Box
A charlatan by trade, "Doctor" Durbin Entwhistle wins himself a mysterious box from a nervous man in a rigged card game. Though unable to open his new prize, Durbin is certain it contains something truly valuable. He doesn't know how right he is. While the good doctor seeks a way to open his box, numerous parties converge around him hoping to steal it for themselves. Even if it means killing Dr. Entwhistle.
8 199

