《Ding-dong(Season 1)(Completed)》(25)Heaven
Advertisement
ဒီကိစ္စလည်းဖြစ်ကော လူတိုင်း သတိနဲ့သာ လုပ်ကိုင်ကြတော့သည်။သရဲခေါင်းတွေအား ဖယ်ရှားနေစဥ် စိတ်နဲ့ကိုယ်ကပ်ထားကြပြီး သတိမလွတ်စေပေ။
ဒီလိုနဲ့ အရမ်းကိုခက်ခဲမယ်ထင်ခဲ့တဲ့ ဒီပန်းခင်းကြီးကို ကျော်ဖြတ်နိုင်သွားပြီး တစ်ဖက်လမ်းကို ရောက်သွားလေသည်။
ထိုအခါမှ အကုန်လုံး သက်ပြင်းချလိုက်ကြပြီး ပေါ်လာသည့်လှေကားကို ကြည့်လိုက်ကြသည်။ဒီစတုတ္ထအထပ်က ခက်ခဲပေမဲ့ အရှေ့သုံးထပ်ထက်စာရင်တော့ ပိုလွယ်တယ်လို့ ပြောလို့ရနိုင်သည်။
တစ်ခုရှိတာက အခုဆို သူတို့အားလုံးက သွေးတွေနဲ့ ညစ်ပတ်ပေရေနေလေပြီ။ဝမ်ရိပေါ်ကျောပေါ်က ရှောင်းကျန့်တောင် အနည်းငယ်တော့ ပေကျံနေသည်။
လူတိုင်း အချိန်မဆွဲကြဘဲ လှေကားပေါ်သို့ တက်ကြလေသည်။အနည်းဆုံးတော့နောက်တစ်ထပ်ရောက်ရင် သူတို့ပေကျံနေတာကို သန့်ရှင်းလို့ရချင်ရနေမှာ ဖြစ်သည်။
အပေါ်ဆုံးကို ရောက်တာနဲ့ အရင်တစ်ခါလိုပင် တံခါးနှစ်ချပ်ကို တွေ့လိုက်ရသည်။ဝမ်ရိပေါ်ကျောပေါ်က ရှောင်းကျန့်ကလည်း တံခါးရွေးချယ်ဖို့ ကျောပေါ်က ဆင်းလိုက်သည်။
ရှောင်းကျန့် သူရွေးတာမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူတိုင်းက သူ့ကိုဘဲ ရွေးခိုင်းမှာကို ကြိုသိလေသည်။သူမှားရင်တောင် ဝမ်ရိပေါ်ရှိနေတာမို့ သူဘာရွေးရွေး ဘယ်သူကမှ မကျေမနပ်ပြောနေမှာမဟုတ်။
ဒီတစ်ခါတော့ တံခါးက အဖြူနဲ့အနက်ဖြစ်သည်။သူတို့တံခါးကို ကြည့်နေတုန်း ဟိုမိန်းမကြီးအသံ ထွက်ပေါ်လာသည်။
"Flower hellကို ကျော်ဖြတ်နိုင်လို့ ဂုဏ်ယူပါတယ်...ပြောပါတယ်...လွယ်လွယ်လေးပါလို့...ဒါပေမဲ့ တံခါးရွေးချယ်မှုကျန်ပါသေးတယ်...စိတ်ကြိုက်ရွေးချယ်ပါ...ဒီတံခါးနှစ်ခုမှာ အစွမ်းရှိတယ်...မင်းတို့က တစ်စုံတစ်ယောက်ကြောင့် အဲ့တံခါးထဲကို လိုက်ဝင်ရင်တောင် မင်းတို့ရဲ့မသိစိတ်က ဝင်ချင်နေတဲ့ တံခါးရှိရာဆီကိုဘဲ ရောက်မှာပါ...ဒါကြောင့် ကိုယ်ရွေးချယ်ချင်တာကိုဘဲ ရွေးပါလို့"
သူမစကားကြောင့် ဝမ်ရိပေါ်ဘယ်သွားသွားလိုက်မည့် လူတစ်သိုက်ဟာ သူတို့ရွေးချင်နေသည့် တံခါးရှိရာကိုဘဲ ဝင်သွားလိုက်ကြသည်။
ရှောင်းကျန့်ကတော့ အဖြူဘဲ ရွေးရမလိုလို အနက်ဘဲရွေးရမလိုလိုနဲ့ သူဘာရွေးရမလဲဆိုတာကိုတောင် သူသေချာမသိပေ။
ထို့ကြောင့် ဝမ်ရိပေါ်ကို ကြည့်လိုက်တော့ ဝမ်ရိပေါ်က သူ့ကို အဖြူရောင်တံခါးထဲ ဆွဲသွင်းသွားသည်။ဘယ်ထဲဘဲဝင်ဝင် သူ့မသိစိတ်က ရွေးထားတဲ့တံခါးရှိရာကိုဘဲမို့လို့ စိတ်ထဲထားမနေတော့ပေ။
တံခါးထဲဝင်လိုက်တာနဲ့ သူ့အရှေ့ကမြင်ကွင်းမှာ တဖြည်းဖြည်းရှင်းလင်းလာခဲ့သည်။ဝမ်ရိပေါ်များ သူနဲ့လူချင်းကွဲသွားလားဟု ကြည့်လိုက်တော့ ဝမ်ရိပေါ်က သူ့ဘေးမှာ ရှိနေလေသည်။
ထိုအခါမှ သက်ပြင်းချလိုက်သည်။ဘေးဘီကို ကြည့်လိုက်တော့ ဖန်မုဟန်၊ပိုင်ယန်စန်းလည်း သူတို့အနားမှာ ရှိနေသည်။အမွှာနှစ်ယောက်၊ရီချုံးမိုနဲ့ ပိုင်မုံ့မုံ့ကတော့ အခြားတံခါးကို ရွေးချယ်သွားတာ ဖြစ်နိုင်လေသည်။
"ကဲ...ကဲ...အနက်ရောင်တံခါးကို ရွေးချယ်ခဲ့ကြတဲ့ သူတွေရေ...စိတ်မကောင်းစရာပါဘဲ...မင်းတို့က စတုတ္ထအထပ်ကနေ မလွတ်သေးပါဘူး...မင်းတို့က အပိုဆုလေးအနေနဲ့ Heavenကိုပါ ဖြေရှင်းရမှာပါ...အချိန်ကတော့ အကန့်အသတ်မရှိပါဘူး...ဒီHeavenက တကယ်ပျော်ဖို့ကောင်းတယ်"
ရုတ်တရက်ဆိုသလို ထွက်လာတဲ့ ဟိုမိန်းမကြီးစကားကြောင့် သူတို့အားလုံး စိတ်ဓာတ်ကျသွားသည်။ရှောင်းကျန့်ကတော့ ပဟေဋ္ဌိကို စဥ်းစားနေလေသည်။
သူတို့ဝင်လာတာက အဖြူရောင်တံခါးကိုဖြစ်ပြီး အနက်ရောင်တံခါးကို ရောက်လာသည်။ထို့ကြောင့် သူ့ရဲ့မသိစိတ်မှာ အနက်ရောင်တံခါးကို ရွေးချယ်ထားတာ ဖြစ်နိုင်သည်။ဒါပေမဲ့လည်း အဖြူရောင်တံခါးထဲ ခေါ်သွင်းခဲ့တဲ့ ဝမ်ရိပေါ်ကျတော့ ဘာကြောင့်သူနဲ့အတူ ဒီကိုပါလာခဲ့တာပါလိမ့်။
"ရိပေါ်...မင်းလည်း မသိစိတ်ထဲကနေ အနက်ရောင်တံခါးကို ရွေးလိုက်တာလား"
"မဟုတ်ပါဘူး"
"ဒါဆိုဘာလို့ ငါနဲ့အတူ ပါလာတာလဲ"
"အဲ့တာက ကိုယ့်ရဲ့စိတ်က မင်းမှမင်း ဖြစ်နေတာလေ...အဲ့တာကြောင့် မင်းသွားချင်တဲ့ နေရာတိုင်းက ကိုယ်ရှိရမယ့်နေရာဘဲ...အဲ့လိုတွေးထားလို့ မင်းနဲ့အတူ ဒီကိုရောက်လာတာဖြစ်မယ်"
"မင်းက အရမ်းချစ်တတ်တာဘဲ"
ရှောင်းကျန့် ဝမ်ရိပေါ်ပါးကို ထပ်ခါထပ်ခါ နမ်းလိုက်သည်။ဘေးကလူတွေကတော့ စိတ်ဆင်းရဲစွာနဲ့ဘဲ အကြည့်လွှဲထားကြသည်။ဒီကိုရောက်လို့ ဝမ်းနည်းနေချိန်မှာ ခွေးစာထပ်မစားချင်ပေ။
သူတို့ရဲ့ စိတ်ဓာတ်ကျဖွယ်ရာအခြေအနေကို အသံတစ်ခုက ဖျက်ဆီးသွားသည်။အသံက ကုချင်းတီးသံဖြစ်သည်။ထိုအသံကြားမှ သူတို့အားလုံး အရှေ့ကို ကြည့်လိုက်ကြသည်။
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။သူတို့အရှေ့မှာ လှပစွာ တည်ဆောက်ထားသောအိမ်များရှိနေသည်။
ထိုအိမ်အရှေ့တွင် ထိန်လင်းနေသော မီးပုံးများ ချိတ်ဆွဲထားပြီး တောက်ပသောညခင်းသဖွယ်ဖြစ်နေသည်။သူတို့အားလုံး ကောင်းကင်ကို မော့ကြည့်လိုက်တော့ အလင်းရှိသေးသော်လည်း ညရောက်နေပြီဖြစ်သည်။
အစက လင်းနေတာကြောင့် နေ့ခင်းဘက်လို့ သူတို့ထင်နေတာဖြစ်သည်။အခုမှ ညရောက်နေမှန်း သိလိုက်ရတာဖြစ်သည်။
သူတို့အားလုံး သတိလက်လွတ်ဖြစ်နေစဥ် အိမ်တံခါးတွေ ပွင့်လာလေသည်။ဘာအကောင်ကြီးများ ထွက်လာမလဲဆိုပြီး ကြောက်ရွံတုန်ရီနေကြသည်။သို့သော် သူတို့ထင်ထားသလို ရုပ်ဆိုးဆိုးသရဲတွေ ထွက်မလာဘဲ ဝတ်လစ်စလစ်မိန်းမလှလေးတွေ ထွက်လာတာဖြစ်သည်။
ထိုအခါမှ ဘာကြောင့် Heavenလို့ခေါ်မှန်း သဘောပေါက်သွားကြသည်။ရှောင်းကျန့်ကတော့ ထိုမိန်းကလေးတွေကိုတွေ့တာနဲ့ ဝမ်ရိပေါ်မျက်လုံးတွေအား လက်နဲ့ပိတ်လိုက်သည်။
"မကြည့်နဲ့...ငါ့လောက်မလှသလို...ငါ့လောက်လည်း မကိတ်ဘူး"
"ဟုတ်တယ်...မင်းလောက်လည်း မလှသလို မင်းလောက်လည်း မကိတ်ဘူး"
ရှောင်းကျန့် လက်မအားသဖြင့် ဝမ်ရိပေါ်ကို ခြေထောက်နဲ့ ကန်လိုက်သည်။
"မင်း...အဲ့ဟာတွေကို ကြည့်လိုက်တယ်ပေါ့လေ"
"မကြည့်ပါဘူး"
"ဒါဆို ဘာလို့ ငါ့လောက်မလှဘူးဆိုတာကို သိနေတာလဲ"
"ကိုယ့်အတွက်တော့ အမြဲတမ်းမင်းကအလှဆုံးမို့လို့လေ"
ရှောင်းကျန့် ပြုံးသွားကာ ဝမ်ရိပေါ်ပါးကို နမ်းလိုက်ပြန်သည်။ပြီးနောက် ထိုမိန်းမလှလေးတွေကို ငမ်းနေသည့် ဘေးကတစ်သိုက်အား နှာခေါင်းရှုံ့လိုက်တော့သည်။
(A/N:မီးက မိုးလင်းထဲက ပျက်နေတာ အခုထက်ထိပါဘဲ😒ကျွန်တော်က မိုးလင်းထဲက ဖုန်းအားမသွင်းထားတော့ အခုဆို 10%ဘဲ ရှိတော့တယ်😇အဲ့တာကြောင့် သောကြာနေ့ကအကြွေးကို မနက်ဖြန်မှ ဆပ်ပါ့မယ်လို့😂Ai ni😘😘)
Part (26)ဆက်ရန်...
Zawgyi
Advertisement
"မဟုတ်ပါဘူး"
"မကြည့်ပါဘူး"
Part (26)ဆက်ရန်...
Advertisement
- In Serial18 Chapters
SOLARR: The world after
Tired of being an exile, and desperate for something new, Ex is ready to move on. The world of Mars is small, but there has to be more. After a lifetime of fighting overdeveloped creatures from earth and training to survive this dying civilisation. He’s ready to find something, even without knowing what it is. But things never go as planned. After a chance encounter with a bizarre stranger leads him to questions he didn’t know to ask, and even more terrifying answers, he’ll have to decide where his loyalties lie. Using the relics of the past to push through the danger, he just might find what he’s looking for. But can he survive it?
8 65 - In Serial10 Chapters
Star Academy - Year One
Far in the future, when humanity has spread itself across half the known universe, a single academy attracts the greatest minds. That school is Star Academy. Run by a mysterious headmistress, filled with oddities, training humanity's best and brightest for an unknown purpose. Part military training, part science curriculum Star Academy trains leaders for humanities many disparate factions. Our story follows three 7-year-olds torn from their families and their former lives. Thrust into the heart of an epic space opera they have no inkling yet of. Auberje, Riley, and Helos are bound by age and united by training, yet apart by faction. Should they come together and fulfill their purpose, hope might still be had. For now, they must train and learn. Students at Star Academy are always pushed to their limits during the mysterious Greathing competitions.
8 116 - In Serial6 Chapters
Changing Monster
A skeleton wakes up inside a dungeon. Armed with only a sword and a single memory, it must make decisions on what it should do. Each choice it makes will have a profound impact on itself.
8 140 - In Serial54 Chapters
Title Pending Adventures of Jackson and Barbara in another world!
Jackson Ripper is transported with his class to another world. As one would expect, they are asked to fight in a pending war, much to Jackson's distain. But, a month after arriving he is separated from the rest of his classmates and loses an arm and a leg. Worse yet, the person who mutilated him clings to his side. Now, he begins travelling with this walking natural disaster in a strange new world. Author notes: This is a story I started writing roughly two years ago (roughly 2017) on a whim and started using it to improve my writing skills. As such, it's mostly wish fulfillment based loosely on anime, light/web novels and comics. But wait, why post my strange, gruesome dream world on the internet? Because, I have a goal of one day writing something worth publishing. But to reach that goal, I need criticism, suggestion and advice. Plus it feels like a waste to keep this beauty all to myself. I currently plan to release one chapter a week, on Saturday afternoon or evening.
8 65 - In Serial10 Chapters
MUTE BUT CUTE ✓
A short story in which 𝗝𝗲𝗼𝗻 𝗝𝘂𝗻𝗴𝗸𝗼𝗼𝗸 falls in love with a 𝘤𝘶𝘵𝘦 𝘣𝘶𝘵 𝘮𝘶𝘵𝘦 boy.❌ DO NOT PLAGIARISE MY BOOK ❌Started:- 17 January 2021Ended:- 20 January 2021STORY © BTS7KINGS/NAM-SHI
8 157 - In Serial11 Chapters
DreamNotFound One Shots
One shotsWill include swearing, fluff, possibly smut?70K WHATTTTTT YOU ARE POGGERS!!
8 151

