《Ding-dong(Season 1)(Completed)》(24)ငရဲ
Advertisement
ပန်းတွေက ဒူးခေါင်းလောက်သာ ရှိသဖြင့် အလွယ်တကူ ခုန်နိုင်သော်လည်း သရဲခေါင်းတွေ ဖြစ်ချိန်မှာ ဒူးခေါင်းကျော်တာမို့ ခုန်ရတာ အတော်ခက်လိမ့်မည်။
ထို့ပြင် အရောင်တစ်ခုစီ စုပေါက်နေတာ မဟုတ်ဘဲ အရောင်စုံ စုပေါက်နေတာမို့ တစ်ခါခုန်တိုင်း သရဲခေါင်းတစ်ခုလောက်နဲ့ ဆုံရနိုင်သည်။ထို့ကြောင့် လူတိုင်း ကြိုးစားကာ ခုန်ရတော့သည်။အရှိန်လွန်ပြီး သရဲခေါင်းအပေါ်တော့ မကျချင်ပေ။
ဝမ်ရိပေါ် ရှောင်းကျန့်ကို ကုန်းပိုးထားရင်းနဲ့ ပန်းတွေကို ခုန်ကျော်နေသည်။သူက မြန်လွန်းကာ သန်မာတာကြောင့် ငါးမိနစ်မပြည့်ခင် အခြားလူတွေထက် ခြေလှမ်းဆယ်လှမ်းစာ ကျောသွားလေသည်။
အခြားလူတွေကတော့ ရင်တမမနဲ့ ကျော်လွှားနေရသည်။တစ်ခါခုန်ကျော်တိုင်း ပေါ်ပေါ်လာသည့် သရဲခေါင်းတွေကြောင့် ကြောက်လန့်ကာ မလဲကျစေဖို့ဘဲ မျှော်လင့်ရတော့သည်။
ပန်းခင်းတစ်ဝက်လောက်ရောက်တော့ ဟိုမိန်းမကြီးရဲ့ လွယ်တယ်ဆိုတဲ့စကားက မှန်တယ်လို့ ထင်လာကြသည်။
ထိုအတွေးဟာ ဝမ်ရိပေါ်သွားနေတာ မရပ်ခင်အထိပင်။အိပ်ငိုက်နေသည့်ရှောင်းကျန့်တောင် မျက်လုံးက ဧဝရက်တောင်လောက်အထိ ပြူးကျယ်သွားရသည်။
လူတိုင်း ဝမ်ရိပေါ် ဘာကြောင့်ရပ်သွားသလဲဆိုပြီး ကြည့်လိုက်တော့ ထိတ်လန့်လွန်းလို့ နှလုံးတောင် ကျောက်ရုပ်ဖြစ်မတတ်ပင်။
သူတို့ရဲ့အရှေ့မှာ နေရာလွတ်တောင် မရှိရှာသည့် သရဲခေါင်းတွေချည်းဘဲဖြစ်သည်။အခုက တစ်ဝက်လောက် ရောက်နေပြီမို့ တစ်ဖက်ခြမ်းက လမ်းကိုတောင် မြင်နေရလေပြီ။
ဝမ်ရိပေါ်တစ်ယောက် သူယူလာသည့် ဓားကို တင်းတင်းဆုပ်ကိုင်ကာ သရဲခေါင်းတွေအား ဖြတ်လိုက်သည်။သွေးတွေက ဖြန်းခနဲ ထွက်လာပြီး ဝမ်ရိပေါ်ကိုသာမက ကျောပေါ်က ရှောင်းကျန့်ကိုပါ စင်ကုန်သည်။
ဝမ်ရိပေါ်က ခုတ်ဖြတ်နေတာကို မရပ်ဘဲ သူသွားမဲ့တစ်လျှောက်က ခေါင်းတွေအား ခုတ်ဖြတ်ကာ သွားလေသည်။
အခြားလူတွေကလည်း အခုချိန်မှာ ငြိမ်နေလို့မရကြောင်း သိတာမို့ သူတို့ယူလာသည့် လက်နက်တွေနဲ့ သရဲခေါင်းတွေကို ဖယ်ရှားတော့သည်။
ကျောင်းသားတချို့က သရဲခေါင်းတွေကို ဖယ်ရှားလေ သူတို့ကိုယ်ပေါ်မှာ သွေးတွေပိုများလာကာ စိတ်ကလည်း အနည်းငယ်ကြမ်းတမ်းလာလေသည်။
သတ်ဖြတ်ချင်စိတ်က စိုးမိုးသွားကာ မြင်မြင်သမျှ လိုက်ခုတ်တော့သည်။သူတို့မျက်လုံးထဲတွင်လည်း သရဲခေါင်းတွေကိုသာ မြင်နေရသည်။
ကျောင်းသူတွေက ကျောင်းသားတွေနောက်ဘဲ လိုက်ကာ ဘာမှမလုပ်ကြသည်မို့ သူတို့စိတ်တွေကတော့ ရှင်းနေသည်။
ထိုစဥ် ကျောင်းသူတစ်ယောက်က ကျောင်းသားတချို့ ပုံမှန်မဟုတ်တာကို သတိထားမိသဖြင့် သူမအရှေ့က ကျောင်းသားကို လက်ဖြင့်တို့ကာ ခေါ်လိုက်သည်။
"ဟဲ့...ဘာဖြစ်နေကြတာလဲ"
သူမ ပြောလိုက်တဲ့ ကျောင်းသားက သူမအနောက်ကို လှည့်လာပြီး သူ့လက်ထဲက ဓားနဲ့ သူမခေါင်းကို ခုတ်ဖြတ်လိုက်သည်။
"အားးး"
ဘေးနားက ကျောင်းသူတွေက ကြောက်လန့်ကာ အော်ဟစ်တော့သည်။ထိုအသံကြောင့် သတ်ဖြတ်ချင်စိတ်တွေ လွှမ်းမိုးခံနေရသည့် ကျောင်းသားတွေက အနောက်လှည့်လာကြပြီး သူတို့လက်နက်တွေကို ကျောင်းသူတွေဆီ ရွယ်လိုက်ကြသည်။
ဒီလိုနဲ့ ကျောင်းသူငါးယောက်ခြောက်ယောက်လောက် သေကုန်သည်။ပိုင်မုံ့မုံ့ကတော့ သူ့အကို အင်္ကျီကို အတင်းဆုပ်ကိုင်ထားသည်။
ရီချုံးမိုတို့တောင် ထိုမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်ကုန်သည်။ဒါက တကယ့်ငရဲဘဲ။ကိုယ့်အချင်းချင်း ပြန်သတ်တာက ကြောက်ဖို့ကောင်းတဲ့ ငရဲတစ်ခုပင်။
ရှောင်းကျန့် သူလည်း ကြောက်လန့်သွားတာမို့ ဝမ်ရိပေါ်ကို တင်းတင်းလေး ဖက်ထားလိုက်သည်။သူအနည်းငယ်တော့ စိတ်အေးရသည်။အကယ်၍ အဲ့ကျောင်းသားတွေက သူတို့ဆီ ဓားနဲ့လာခုတ်ရင် အရင်အခုတ်ခံရမှာက ရိပေါ်ဖြစ်သည်။
ထို့ကြောင့် သူသေဖို့က မဖြစ်နိုင်ပေ။အကြောင်းကတော့ ရိပေါ်လို တော်တဲ့သူက ဒီလိုဓားချက်လောက်လေးနဲ့တော့ သေမှာမဟုတ်သည့်အတွက် ဖြစ်သည်။
ဝမ်ရိပေါ် လူသတ်နေသည့် ကျောင်းသားတွေကို ကြည့်လိုက်ပြီး အခြားကျောင်းသားတွေအား ညွှန်ကြားလိုက်သည်။
"သူတို့မျက်လုံးတွေကို သွားပိတ်လိုက်"
ကျန်တဲ့ကျောင်းသားတွေက လူပိုများတာမို့ တစ်ယောက်စီကို နှစ်ယောက်လောက်ချုပ်ကာ သူတို့မျက်လုံးကို လက်နဲ့ ပိတ်ထားလိုက်သည်။
ထိုအခါမှ သောင်းကျန်းနေသည့် ကျောင်းသားတွေ ငြိမ်သွားကြသည်။
"သူတို့ဘာဖြစ်သွားကြတာလဲ"
"သရဲခေါင်းတွေကို သတ်ဖြတ်တာများလာပြီး အတွေးစိတ်ရိုင်းမှာ သတ်ဖြတ်ချင်စိတ်တွေပြည့်လာတာ...အဲ့လိုစိတ်တွေကြောင့် မြင်မြင်သမျှကို သရဲခေါင်းတွေလို့ မြင်လာပြီး လိုက်ခုတ်တာ"
"ဘာလို့ သူတို့ဘဲ အဲ့လိုဖြစ်သွားတာလဲ...အခြားလူတွေကကော ဘာလို့ဘာမှမဖြစ်တာလဲ"
"အဲ့တာက သူတို့နှလုံးသားနဲ့သက်ဆိုင်တယ်...ဒီကျောင်းသားတွေနဲ့ နှလုံးသားထဲမှာ မကောင်းတဲ့အရာတွေ ပြည့်နေလို့ဘဲ"
ရှောင်းကျန့် မေးသမျှကို ဝမ်ရိပေါ်က သေချာဖြေပေးလေသည်။ခဏအကြာမှာ ထိုကျောင်းသားတွေ သတိပြန်ဝင်လာသည်။သူတို့ကိုယ်သူတို့ ဘာဖြစ်သွားမှန်း မသိကြပေ။
ထိုစဥ် ထိတ်လန့်စရာတစ်ခု ဖြစ်ပေါ်လာသည်။ခုနက ခုတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ ကျောင်းသူတွေခေါင်းက လှုပ်လာပြီး သူတို့ကို သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားတွေဆီ ရွေ့လျားသွားတော့သည်။
"အားးး"
ထိုခေါင်းတွေက ကျောင်းသားတွေကို ကိုက်စားတော့သည်။အရိုးတွေပါ တကျွတ်ကျွတ်ဝါးသံက လူတိုင်းကို ကျောချမ်းစေသည်။စားပြီးတာနဲ့ ကျောင်းသူခေါင်းတွေဟာ မီးနဲ့ကျိုလိုက်သလို အရည်ပျော်သွားလေသည်။
ငရဲဆိုတာ နောက်ပြောတာမဟုတ်။အချင်းချင်းပြန်သတ်၊အသတ်ခံရသူက သတ်တဲ့သူကို ပြန်စား။တကယ့်ကို ငရဲအစစ် ဖြစ်သည်။
ရှောင်းကျန့်ကတော့ မကြည့်နိုင်လို့ မျက်လုံးမှိတ်ထားလိုက်သည်။ဒီအချိန်မှာ သူဝမ်ရိပေါ်ကို ပြောချင်တာ တစ်ခုရှိသည်။
"ရိပေါ်"
"ဟင်"
"တကယ်လို့ နောက်လာမဲ့အထပ်တွေမှာ ဒီလိုမျိုးမဟုတ်ရင်တောင် မင်းက ငါ့ကိုကိုက်စားဖို့ ဖြစ်လာခဲ့ရင်လေ...အနည်းဆုံးတော့ ငါ့ခေါင်းလေးကို ချန်ခဲ့ပါနော်...တော်ကြာနေ ရှောင်းကျန့်သေသွားတာကို ဘယ်သူမှ မသိဘဲ နေလိမ့်မယ်"
"အွန်း..."
"ခေါင်းကို တစ်ကိုက်လေးတောင် ကိုက်လို့မရဘူးနော်"
"ဟုတ်ပါပြီ...ကိုယ်က အစားမပုတ်ပါဘူး...ခေါင်းအထိ စားရအောင်လည်း မငတ်ဘူးလေ"
"ငါယုံလိုက်မယ်နော်...ငါမင်းကို မကျွေးချင်တာ မဟုတ်ပါဘူး...ငါက ကပ်စီးလည်းမနဲပါဘူး...တကယ်ကို ငါ့မျက်နှာလေးမပျောက်စေချင်ရုံပါ....ငါက အရမ်းချောတော့ ငါ့ရဲ့ခေါင်းပြတ်လေးကို ပြပွဲတွေမှာ ပြရင်ပြမှာပေါ့...အဲ့ကျရင် အဲ့ကရတဲ့ ပိုက်ဆံတွေအကုန်လုံးကို ငါမင်းကို ပေးမယ်နော်"
Advertisement
"ဟုတ်ပါပြီ...အဲ့ကျရင် မင်းပေးတဲ့ပိုက်ဆံတွေကို ကိုယ်သိမ်းထားပြီး မင်းခေါင်းကို ရွှေကွပ်ပေးမယ်"
"မင်းက အကောင်းဆုံးဘဲ"
ဘေးကလူများ"....."
ဒီအချိန်မှာ လူတိုင်းသိလိုက်တာက ဉာဏ်ရည်ထက်မြတ်လှတဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်နဲ့ စကားပြောရင် IQ 100လောက် လျော့ကျသွားတတ်တာကို ဖြစ်သည်။ထို့ကြောင့် ဝမ်ရိပေါ်သာ ဉာဏ်ကောင်းမှန်း သူတို့မသိပါက ဒီအတွဲဟာ ကျပ်မပြည့်တဲ့အတွဲလို့ ထင်မိမှာသာ ဖြစ်တော့သည်။
(A/N:မနေ့က မီးပျက်လို့ မupဖြစ်ဘူး...သောကြာနေ့အစား တနင်္လာမှ နှစ်ပိုင်းupပေးမယ်နော်)
Part (25)ဆက်ရန်....
Zawgyi
"ဟဲ့...ဘာဖြစ်နေကြတာလဲ"
"အားးး"
"အားးး"
"ရိပေါ်"
"ဟင်"
"အွန်း..."
"မင်းက အကောင်းဆုံးဘဲ"
ဘေးကလူများ"....."
(A/N:မနေ့က မီးပျက်လို့ မupဖြစ်ဘူး...သောကြာနေ့အစား တနင်္လာမှ နှစ်ပိုင်uးpပေးမယ်နော်)
Part (25)ဆက်ရန်....
Advertisement
- In Serial54 Chapters
Violet and the Cat
Violet is a lonely young girl living in a small village, surrounded by the uncertain darkness of an endless forest. All her life she has been taught that only evil things come from beyond her village, for the woods are filled with demons...and they are growing hungrier and more powerful all the time. Yet, when she encounters an only slightly devious talking cat, Violet must abandon all she thinks she knows about the world in order to set out on a grand, dangerous journey and try to save her village as best she possibly can.
8 165 - In Serial7 Chapters
The Blunderbuss Chronicles: Jon The Traveler
Book 2 in The Blunderbuss Chronicles Jon has just finished his first major battle. Now, as a savior of his village and newly christened temporary mercenary, Jon hopes to escort Mercy back into the hands of her father in the faraway land that she and the rest of the King's Gaurd mercenary troupe hail from. After making amends with the Farm, he sets off on his first journey. Will he survive the experience? Well, he did last time...
8 181 - In Serial24 Chapters
Set It Off Fanfic
(Warning) i do not know them personally so sorry if i get something wrong.
8 121 - In Serial36 Chapters
Back together Hunter x Hunter (killugon)
What happened after Killua and Gon left each other?What happens if they run into each other?My plot, i don't own any of the characters, except maybe a few add ons.(BOOK is completed. There isn't really an ending)
8 106 - In Serial16 Chapters
KOTLC Theories
I have lots of theories for KOTLC. Enjoy!*CONTAINS LEGACY SPOILERS*
8 116 - In Serial52 Chapters
Learn The Lesson (BNHA x AC)
Class 3-A had been in constant villain and succeed to survive. Dubbed as "Greatest Heroes" after the war, they become Arrogant and cocky.This leads for Nezu to ask for a help to his student, Izuku Midoriya a Gen Ed Students, an Assassin, and a former member of AC Project. A UA civil war was created to fixed their behaviour.
8 179