《Ding-dong(Season 1)(Completed)》(21)စုယီ
Advertisement
ခဏအကြာမှာ ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်ကျောမှဆင်းကာ လမ်းလျှောက်တော့သည်။သို့သော် လမ်းလျှောက်တယ်လို့ ပြောလို့မရလောက်အောင် သူ့တစ်ကိုယ်လုံးနီးပါးကို ဝမ်ရိပေါ်အားမှီပြီး လျှောက်နေတာဖြစ်သည်။
အခြားလူတွေကလည်း ဘာမှမပြောကြပေ။သူတို့ဆီမှာ လူကြီးတစ်ယောက်မှမှ မရှိဘဲ ရွယ်တူတွေနဲ့ ငယ်သူတွေသာ ရှိတာကြောင့် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသား ရှောင်းကျန့်ကို ဆူပူလို့မရပေ။
အကယ်၍ ကျောင်းအုပ်ကြီးသာ ဒီအုပ်စုထဲရှိပါက ရှောင်းကျန့်ကို ဆူပစ်နေလောက်သည်။သို့သော် ကျောင်းအုပ်ကြီးက ကံကောင်းလွန်းသည်။သူအစည်းအဝေးသွားတက်တဲ့နေ့မှ သူတို့အားလုံး ဒီထဲအသွင်းခံရတာမို့ မပါလာခြင်းဖြစ်သည်။
ရှောင်းကျန့်တို့ နောက်ပြန်လှည့်တာ တစ်ဝက်လောက်မှာ ခွဲထွက်သွားသည့်အဖွဲ့နဲ့ ပြန်ဆုံလေသည်။ကြည့်ရတာ သူတို့လည်း မှားတယ်ထင်ပြီး နောက်ကြောင်းပြန်လှည့်လာတာ ဖြစ်နိုင်သည်။
သို့သော် ထိုအဖွဲ့ဝင်တွေပုံစံကို တွေ့လိုက်ရမှ မှားလို့နောက်ကြောင်းလှည့်လာတာမဟုတ်ဘဲ သူတို့နဲ့ပြန်ပေါင်းဖို့ သူတို့နောက်လိုက်လာခြင်း ဖြစ်သည်။
"ဝမ်ရိပေါ်...ငါတို့ တောင်းပန်ပါတယ်...ငါတို့မင်းတို့အဖွဲ့နဲ့ ပြန်ပေါင်းပါရစေ"
"ဟုတ်တယ်...ငါတို့သာ ကံမကောင်းရင် အကုန်သေနေလောက်ပြီ...အခုတော့ ကိုးယောက်ဘဲ သေလို့ပေါ့"
ဝမ်ရိပေါ် သူ့ရှေ့က တောင်းပန်နေကြတဲ့လူဆယ့်တစ်ယောက်ကို ပြန်လက်ခံလိုက်သည်။ဘာလို့ဆို ထိုအဖွဲ့ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူကာကွယ်ရမဲ့သူက တစ်ယောက်ထဲသာ။အခြားသူတွေက ကြုံကြိုက်လို့ ကယ်ပေးတာဘဲ ဖြစ်သည်။ရှောင်းကျန့်မဟုတ်တဲ့ ဘယ်သူသေသေ သူဂရုစိုက်နေမှာမဟုတ်ပေ။
သို့သော် သူ့ရဲ့မသိစိတ်ကတော့ ထိုအဖွဲ့က တစ်ခုခု လွဲနေလေသည်။ဒါပေမဲ့ ဘာလည်းဆိုတာကို သူမသိပေ။
ရှောင်းကျန့်ကတော့ ထိုလူတွေကို ကြည့်မရတာမို့ လျစ်လျူရှုထားသည်။သို့သော် သူ့အာရုံကို ဆွဲဆောင်နေတာ တစ်ခုရှိသည်။အဲ့တာကတော့ ဝမ်ရိပေါ်ကို ရန်တွေ့ခဲ့တဲ့ကျောင်းသူလေးဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး ငူငူငေါင်ငေါင်ကြီး ဖြစ်နေလေသည်။
ထိုကျောင်းသူလေးနာမည်ဟာ စုယီဖြစ်သည်။သူမက ဘယ်ကိုမှမကြည့်ဘဲ အရှေ့တစ်ခုတည်းကိုသာ အကြည့်တွေပို့ထားပြီး ရုပ်သေးတစ်ခုလို လမ်းလျှောက်တာတောင် တောင့်နေသည်။ သူမရှေ့ ပိတ်နေတာမှန်သမျှကိုလည်း ဝင်တိုက်သွားသည်။
ဘယ်လိုဖြစ်ရပ်က သူမကို ဒီလောက်ဖြစ်စေတာလည်းဆိုတာ သူစဥ်းစားမရပေ။ရှောင်းကျန့်တစ်ယောက် ထိုအဖွဲ့ထဲက တစ်ယောက်အားမေးတော့ သူမက ပထမဆုံး ညပြောင်းပြီးထဲက ထိုသို့ဖြစ်သွားခဲ့တာလို့ ပြန်ဖြေလေသည်။
ရှောင်းကျန့် ဝမ်ရိပေါ်အနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ရိပေါ်...စုယီက တစ်ခုခု လွဲနေသလိုဘဲ"
"ကိုယ်လည်းထင်တယ်"
"ငါ့ရဲ့ ရှေးဆယ်ဘဝအဆက်ဆက်လောက်က စုံထောက်အရည်အချင်းတွေအရ သူမက စိတ်ရောဂါရသွားပြီဆိုတာ ကျိန်းသေတယ်"
"ဖြစ်နိုင်တယ်"
ဝမ်ရိပေါ် သူထင်တာက ဒါမဟုတ်ပေ။သို့သော် သူ့ရည်းစားလေး စိတ်ချမ်းသာဖို့က အဓိကမို့ ဘာမှထပ်မပြောလိုက်ပေ။
သူတို့တွေ လမ်းတွေဘယ်လောက်လျှောက်လျှောက် ဘာမှမထူးလာပေ။မကြာခင် ညအချိန်လည်း ရောက်လာတော့မှာမို့ လူတိုင်းကြောက်ရွံရပြန်သည်။
ဘယ်နေရာမှာ ပေါ်လာမယ်မှန်း မသိသော အန္တရာယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာတောင် သူတို့မသိပေ။
ညအချိန်ရောက်လာတော့ လူတိုင်းသတိအပြည့်နဲ့ ငြိမ်သက်နေကြသည်။တစ်ယောက်မှ မလှုပ်ကြပေ။ဖုန်းမီးတွေလည်း ဖွင့်ထာယကြသည်။
Ding-dong Ding-dong Ding-dong
ခေါင်းလောင်းသံက သုံးခါသာ မြည်ပြီးရပ်သွားသည်။သေသွားတာက ကျောင်းသားသုံးယောက်ဖြစ်သည်။ဒီတစ်ခါ ဘယ်သူမှ အော်သံမကြားမိတာကြောင့် သေတဲ့သူတွေရဲ့ အနီးကလူတွေမှလွဲရင် ဘယ်သူကမှ မသိကြပေ။
ရှောင်းကျန့်ဘေးကကျောင်းသားဟာ သေဆုံးသွားတဲ့အထဲ ပါတာမို့ ထိုကျောင်းသားသေပုံကို သူက ရှင်းရှင်းလင်း တွေ့လိုက်ရသည်။
ကိုယ်ထည်မပါတဲ့ လက်နှစ်ဖက်ဟာ တစ်ဖက်က ပါးစပ်ကို ပိတ်ထားပြီး ကျန်တစ်ဖက်က ထိုကျောင်းသားရဲ့ နှလုံးတွေကျောက်ကပ်တွေအူတွေကို ဆွဲထုတ်ပစ်လိုက်တာ ဖြစ်သည်။
ထိုကဲ့သို့ ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတာကြောင့် သူအန်ထုတ်ချင်လာသည်။သို့သော် အန်မထွက်ပေ။ဝမ်ရိပေါ်က ရှောင်းကျန့်အခြေအနေကိုသိတာကြောင့် ရင်ခွင်ထဲထည့်ကာ ထိုမြင်ကွင်းကိုမမြင်အောင် လုပ်လိုက်သည်။
ထို့နောက် သူ့အကြည့်က စုယီဆီ ရောက်သွားသည်။ထိုကျောင်းသူလေးက သူ့နေရာမှာ ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေပေမဲ့ တစ်ခုခုက မူမမှန်မှန်း ဝမ်ရိပေါ် သေချာသိသည်။
၁၅မိနစ်လည်းပြည့်တော့ နေ့ဘက်ပြန်ပြောင်းသွားပြီး လူတိုင်းသက်ပြင်းချလိုက်သည်။သို့သော် တချို့က ကလီအစာအပုံတွေနဲ့ အလောင်းသုံးလောင်းကို မြင်ပြီး ထိတ်လန့်သွားသည်။
သူတို့ကို ပိုပြီးထိတ်လန့်စေတာက ဝမ်ရိပေါ်ဖြစ်သည်။နေ့ဘက်ပြောင်းတာနဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို သူ့ရင်ခွင်ထဲက ထုတ်ပြီး စုယီကို သူ့ရဲ့အင်္ကျီထဲမှာ ထည့်ထားသည့် ဓားမြှောင်လေးနဲ့ ထိုးသတ်လိုက်သည်။
လူတိုင်း ထိတ်လန့်သွားရုံသာမက ရှောင်းကျန့်တောင် အံ့သြထိတ်လန့်သွားသည်။ဝမ်ရိပေါ်က စုယီရင်ဘက်တည့်တည့်ကို ဓားနဲ့ထိုးထားကာ ဓားကိုဒေါင်လိုက် ဆွဲချလိုက်သည်။
ပြီးတာနဲ့ သူ့လက်ကို ထည့်လိုက်ပြီး စုယီနှလုံးကို ထုတ်လိုက်ကာ ကားလမ်းမပေါ် ပစ်ချလိုက်သည်။
ချက်ချင်းဘဲ ကားလမ်းမတွေချုံပုတ်တွေ ပျောက်ကွယ်သွားပြီး လှေကားကြီး ပေါ်လာခဲ့သည်။လူတိုင်း အံ့သြမှုကြောင့် ပါးစပ်တွေတောင် ဟကုန်သည်။
နောက်ဆုံးတော့ သူတို့အသည်းအသန် ရှာနေတဲ့ လှေကားကို ရှာတွေ့ခဲ့လေပြီ။တကယ်တော့ စုယီဟာ လှေကားရှာဖို့အတွက် သဲလွန်စဖြစ်နေခဲ့သည်လေ။
ရှောင်းကျန့် ဝမ်ရိပေါ်အနားသွားကာ ဝမ်ရိပေါ်အင်္ကျီအောက်အနားကို ဆွဲဖြဲလိုက်သည်။ပြီးတာနဲ့ ဝမ်ရိပေါ်လက်က သွေးတွေကို သုတ်ပေးလိုက်သည်။
အခြားချစ်သူတွေသာဆိုရင် သူတို့ကိုယ်ပိုင်အဝတ်ကိုသာ ဆွဲဖြဲမှာဖြစ်ပေမဲ့ ရှောင်းကျန့်ကတော့ သူ့အဝတ်ကိုသူ ဆွဲမဖြဲနိုင်ပေ။သူ့လက်ပေရင်လည်း ဝမ်ရိပေါ်အဝတ်ကိုသာ ဆွဲဖြဲမှာမို့ မမျှမတ ဖြစ်မှာမဟုတ်ပေ။
သူက ဝမ်ရိပေါ်လက်ကို သုတ်ပေးရင်း စိတ်ဆင်းရဲစွာ ပြောလိုက်သည်။
"ငါက ညစ်ပတ်တဲ့သူတွေကို မကြိုက်တာ သိတယ်မလား..."
"အွန်း"
"အဲ့တာကြောင့် နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်ခဲ့ရင် လက်အိတ်စွပ်ထားနော်..ဒါမှမဟုတ်ရင်လည်း လက်နဲ့မထုတ်နဲ့...မင်းလက်က ငါ့လက်ကို အချိန်တိုင်ကိုင်ထားရမှာမို့လို့ မင်းလက်က သန့်ရှင်းနေရမယ်"
"နောက်ဆို ကိုယ်သတိထားပါ့မယ်"
"နောက်ပြီးတော့ မင်းရင်ဘက်နေရာတွေကို ရှောင်နော်...တော်ကြာ သူမရဲ့ပေါက်စီကို ထိသွားရင် ဘယ်လိုလုပ်မလဲ...ငါ့ရဲ့ချယ်ရီသီးကိုတောင် မကိုင်ရသေးတာကို သူများပေါက်စီ မထိရဘူး ကြားလား"
Advertisement
"အွန်း"
ရှောင်းကျန့်ပြောတာတွေ ကြားနေရတဲ့လူတိုင်းက ဝမ်ရိပေါ်လုပ်ရပ်ကိုဘဲ ကြောက်လန့်ရမလား လှေကားပေါ်လာလို့ ပျော်ရမလား ဒါမှမဟုတ် ရှောင်းကျန့်စကားကြောင့်ဘဲ ရီရမလားဆိုပြီး ဖြစ်သွားတော့သည်။
Part (22)ဆက်ရန်....
Zawgyi
"ကိုယ်လည်းထင်တယ်"
"ဖြစ်နိုင်တယ်"
"အွန်း"
"အွန်း"
Part (22)ဆက်ရန်....
Advertisement
- In Serial41 Chapters
Long Island
Long Island was not the first virtual reality game or to say a VRMMORPG. Not the one which changed the world and became a legend. No, it was made when there were lots (quite a few) of virtual reality games already on the market. Each game had its own unique AI feature, its own unique adventure, promising everyone a chance to become King, if not a God. In such a time Long Island was made. Just a little different, just a little unique. A normal guy was starting his own adventure, in life and in game.Note - Adding a cover made by someone I connected through wattpad: @DameCarnelian. Just a warning, it is not an accurate representation. The ship is not Raka's ship so avoid any confusion in that regard.
8 171 - In Serial9 Chapters
I'm the bad guy!?
Do you wish you could wake up inside the mind of your favorite anime character? Well, our hero certainly did. From the moment he first laid eyes on (God's Favored Arcanist); An Isekai story centered around the adventures of sixteen-year-old Masato Yamajita as he traveled throughout the world of Echeron. And Masato had it all; He was a once in a millenium genius known as the (SSS-class Arcanist), capable of wielding every element- and using them to their fullest potential- seemingly without effort. He could boil oceans, flip mountains, freeze volcanos, and as his power grew, so did his personal connections. He became a King, an Emperor, a God... And eventually stumbled into a harem of beautiful women who loved him. So, imagine our hero's surprise when he finds himself inside the body of a character from (God's Favored Arcanist). There's just one problem. Our hero isn't Masato Yamajita, he's twelve-year-old Aren (The Devil's Duke) Ulvani: Childhood friend of Masato's first wife, Heir to the Ulvani Dukedom, and the secondary Antagonist of the first season of the anime. Our Hero isn't the Hero. He's the misunderstood Bad Guy with a tragic ending. Armed with only his knowledge of the anime, the body of Aren Ulvani, and six years before the events of the anime begin. Can our hero turn his life around or will the future play out the same way no matter what he does? (Chapters 3-16 of the first book have been removed due to KDP publishing rules. Sorry for the inconvenience.)
8 98 - In Serial24 Chapters
Conquer Everything
An ex-chubby guy tries to sit at the throne of his highschool's life
8 203 - In Serial13 Chapters
Aether Online
This is the story of Katherine Veldorbell, Daughter of the richest and most successful woman in human history. Without any real relationship with her mother, she sets out on making a name for herself in her mother's creation: Aether Online. A game where anything is possible, Where the less than fortunate in life can succeed. Loan Shark? Mass Murderer? Prostitute? It's all yours to enjoy. What to Expect: A bomb ass story with interesting devices, cool enemies and a nice cast of supporting characters.
8 179 - In Serial7 Chapters
The overpowered Tacos, aka the God of Cancers
The concept of Tacos, after coming to life in the form of a little girl, decides to venture outside the Earth and discover for herself the wonders that abound in the universe.
8 283 - In Serial50 Chapters
Tenebrous ↠ Volturi Kings {1} ✓
Rowan Ailes has always taken solace in the comfort of darkness. It was darkness that pulled her into its embrace and concealed her from the drunken rage of her father. It was the darkness that reached for her as a loving parent for their child and shielded her from the monsters that lurked in the light. So it only made sense that Rowan Ailes fell for the beings that made their home in the shadows.Volturi Kings/OC.Cross-posted on fanfiction.net.Rated M for graphic violence and abuse.The sequel, Penance, is available now!Started: 11/11/2018Completed: 3/8/2020Top rankings:#1 in queen#4 in twilight#1 in cullen#1 in alicecullen
8 202