《Ding-dong(Season 1)(Completed)》(14)လေဟာနယ်များ
Advertisement
လူတိုင်း ဧည့်ခန်းကို စူးစမ်းလေ့လာပြီး လှေကားပေါ်လာအောင် ပစ္စည်းတွေကို ဖျက်ဆီးဖို့ လုပ်လိုက်ကြသည်။
အင်တိုက်အားတိုက်ဖြင့် အကုန်ဖျက်ဆီးပြီးသွားတောင် လှေကားက ပေါ်မလာသေးပေ။ရှောင်းကျန့် နဝေတိမ်တောင်နဲ့ ဝမ်ရိပေါ်ကို ကြည့်လိုက်သည်။
"မဖျက်ဆီးရသေးတာ ရှိသေးတယ်"
ရှောင်းကျန့်အကြည့်ကို နားလည်တဲ့ဝမ်ရိပေါ်ဟာ အဖြေကို ပြောလိုက်လေသည်။သို့သော် ဘက်စုံတော်သူကြီး ရှောင်းကျန့်ကတော့ ဘာမှန်းမသိပါ။
ဝမ်ရိပေါ် သူ့အား ပြူးကြောင်ကြောင့်ဖြင့် ကြည့်နေသော ရှောင်းကျန့်ရဲ့ ချစ်စရာကောင်းမှုကြောင့် ရီလိုက်ပြီး ကြမ်းပြင်ကို မေးဆတ်ပြလိုက်သည်။
ထိုအခါမှ ရှောင်းကျန့် နားလည်သွားသည်။ထို့နောက် ကြမ်းပြင်ကို ဖြိုချရန် တိုက်တွန်းလိုက်သည်။အချိန်က ၃နာရီကြာသွားပြီမို့ သိပ်အလျင်မလိုသော်လည်း လှေကားအမြန်ရှာတွေ့လျှင် ပိုစိတ်အေးရမည်မို့ မြန်မြန်ဆန်ဆန် ကြမ်းပြင်အား ဖျက်ဆီးလိုက်သည်။
ကြမ်းပြင်ကကြွေပြားတွေမို့ ဖျက်ဆီးလို့ပစ္စည်းတွေရှာတော့ သံထည်ပစ္စည်းတွေသာ တွေ့လေသည်။လူတိုင်း အားစိုက်ထုတ်ကာ ကြမ်းပြင်ကို ထုခွဲဖျက်ဆီးကြသည်။
ကြမ်းပြင်အား ဖျက်ဆီးပြီးနောက် သူတို့မတ်တပ်ရပ်နတာက ထိုအပျက်အစီးပုံပေါ်မှာဘဲဖြစ်ကာ ထူးထူးခြားခြားမဖြစ်သေးပေ။
ရှောင်းကျန့် ဝမ်ရိပေါ်အား မေးရန်ပြင်လိုက်စဥ် ဝမ်ရိပေါ်က ကြမ်းပြင်က အပျက်အစီးတွေကို ဖယ်ပြီး သူ့လက်ကို ဆုပ်ကိုင်ကာ အပျက်အစီးအောက်က ကွန်ကရစ်ခင်းထားသည့်အပေါ် ရပ်လိုက်သည်။
ချက်ချင်းဘဲ ရှောင်းကျန့် မြင်ကွင်းထဲမှာ လှေကားပေါ်လာခဲ့သည်။လှေကားက ပိုင်မုံ့မုံ့အနားတွင်ဖြစ်ပြီး သူတို့နှစ်ယောက်လွဲပြီး ဘယ်သူမှ မမြင်ပါ။
"မြင်တဲ့သူဘဲ လှေကားကို ထိကိုင်လို့ရတယ်...ကျန်တဲ့သူတွေကတော့ မမြင်ရင် လှေကားကို ဖြတ်လျှောက်ရင်တောင် ဘာမှမဖြစ်ဘူး"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ရှင်းပြပြီးနောက် လူတိုင်းကို အပျက်အစီးတွေ ဖယ်ပြီး မတ်တပ်ရပ်ရန် ပြောလိုက်သည်။ထို့ကြောင့် လူတိုင်းလှေကားကို တွေ့လိုက်ကြသည်။
စိတ်တက်ကြွသူ ကျောင်းသားတစ်ယောက်ဟာ လှေကားအား တွေ့တာနဲ့ ပျော်ရွှင်သွားပြီး ပထမတစ်ထစ်ကို တက်လိုက်သည်။
Ding-dong
ထိုတက်လိုက်သည့်ကျောင်းသားရဲ့ခေါင်းဟာ ခေါင်းလောင်းသံထွက်တာနဲ့တစ်ခါတည်း ပြတ်သွားလေသည်။
သွေးတွေက သူ့အနောက်က ကျောင်းသူလေးကို စင်သွားပြီး သူမရဲ့ ကြောက်လန့်တကြား အော်သံ ထွက်ပေါ်လာသည်။
လူတိုင်း လှေကားပေါ်ကို မတက်ရဲကြတော့ပေ။အကုန်လုံးက ဝမ်ရိပေါ်ကို အားကိုးတကြီး ကြည့်လိုက်ကြသည်။ဝမ်ရိပေါ်က ခေါင်းကိုရမ်းပြလိုက်သည်။
သူက အင်အားကြီးတစ္ဆေဖြစ်ပေမဲ့ ဒီထူးဆန်းတဲ့နေရာကြီးရဲ့ အရာအားလုံးကို မသိပေ။ပထမအထပ်ကနေ အခုထိ သူပြောသမျှဟာ သူ့ရဲ့ဉာဏ်ရည်ကိုသာသုံးပြီး ဖြေရှင်းခဲ့တာဖြစ်သည်။
လူတိုင်းမတက်ရဲကြပေမဲ့ မတက်လည်း မရသည်မို့ သတ္တိရှိသူ ဆရာတစ်ယောက်ဟာ ပထမအထစ်ကိုကျော်ပြီး ဒုတိယအထစ်ကို တက်လိုက်သည်။ဘာအသံမှ မကြားတာကြောင့် သူ့အနောက်ကလူတွေကို ခေါင်းညိတ်ပြလိုက်သည်။
ထို့ကြောင့် ကျောင်းသားတစ်ယောက်က ဒုတိယအထစ်ကို တက်လိုက်လေသည်။
Ding-dong
ထိုဆရာနဲ့ကျောင်းသားနှစ်ယောက်စလုံး ခေါင်းပြတ်သွားခဲ့ပြန်ပြီ။ပထမအထပ်မှာထဲက ဆရာအရေအတွက် ကုန်သလောက်ရှိပြီဖြစ်ကာ အခုဆို တစ်ယောက်မှတောင် မရှိတော့ပေ။ကျောင်းသားတွေသာ ကျန်တော့သည်။
ဒုတိယအထစ်မှာ ထပ်ဖြစ်တာကြောင့် လူတိုင်း သတ္တိမရှိကြတော့ပေ။ဝမ်ရိပေါ်ဟာ တစ်ခုခုကို တွေးမိပြီး ရှောင်းကျန့်လက်ကိုတွဲကာ လှေကားအနားသွားလိုက်သည်။
"ကိုယ်စမ်းကြည့်ချင်တာရှိတယ်"
"ဘာလဲ"
"ကိုယ့်ကိုယုံလား"
"အွန်း"
"ဒါဆို ကိုယ်နဲ့အတူလိုက်ခဲ့"
ရှောင်းကျန့်ကို ပြောပြီးတာနဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်နဲ့အတူ ပထမအထစ်ကို တက်လိုက်သည်။ရှောင်းကျန့်ခမျာ နှလုံးက အာကာသအပြင်ရောက်သွားမတတ် ထိတ်လန့်သွားသည်။
သို့သော် သူဘာမှမလုပ်နိုင်သဖြင့် ပထမအထစ်တက်ပြီးတာနဲ့ မျက်လုံးမှတ်လိုက်သည်။ခဏစောင့်ပြီးနောက် ဘာမှဖြစ်မလာပေ။
ဝမ်ရိပေါ်က သူ့ကို ပြုံးပြပြီး သူနဲ့တွဲထားတဲ့လက်အားဖြုတ်ကာ ဒုတိယအထစ်ကိုတက်ကာ ဆက်ပြီး တတိယအထစ်ကို တက်သွားသည်။ဘာမှဖြစ်မလာပေ။
တတိယအထစ်ကနေ ဝမ်ရိပေါ်က ရှောင်းကျန့်ကို တက်လာရန်အချက်ပြသည်။ရှောင်းကျန့်လည်း ကြောက်ကြောက့်လန့်လန့်နဲ့တက်သွားလိုက်သည်။လုံးဝကို အဆင်ပြေနေသေးသည်။
"သူတို့သေသွားတဲ့အဖြေကို သိသွားပြီ"
"ဘာလဲ"
လူတိုင်း ဝမ်ရိပေါ်ပြောမှာကို ဂရုတစိုက် နားထောင်နေကြသည်။
"အရေအတွက်သွားတူလို့...ပထမအထစ်မှာ တစ်ယောက်မရပ်ရသလို ဒုတိယအထစ်မှာ နှစ်ယောက်မရပ်ရဘူး...တတိယအထစ်မှာလည်း သုံးယောက်မရပ်ရဘူး...အဲ့တာကြောင့် ပထမအထစ်ကလွဲပြီး ကျန်တဲ့အထစ်တွေကို တစ်ယောက်ချင်းတက်ရင်တက်...ဒါမှမဟုတ် ကိုယ်အတူသွားမဲ့လူအရေအတွက်အလိုက် အဲ့အထစ်ကိုကျော်ပြီးတက်ပေါ့"
လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး ဂရုတစိုက်လှေကားပေါ် တက်ကြတော့သည်။ဘယ်သူမှဘာမှမဖြစ်မှ စိတ်အေးသွားကြသည်။
ရှောင်းကျန့်နဲ့ရိပေါ်ကတော့ ထိပ်ဆုံးကနေ လှေကားပေါ် တက်နေကြသည်။
"ရိပေါ်....ဒီတစ်ခေါက်လည်း အရင်တစ်ခါကလို ခုန်ချရဦးမလား မသိဘူး"
"မဖြစ်နိုင်ဘူး"
"ဘာလို့လဲ"
"လှေကားတက်ရမဲ့အပိုင်းမှာ အန္တရာယ်ထည့်ထားလို့ ဉာဏ်စမ်းထပ်မပါဘူးထင်တာဘဲ"
"ရိပေါ်....မင်းဉာဏ်နဲ့ငါ့ဉာဏ်လဲရအောင်...မင်းရဲ့ဉာဏ်နဲ့သာဆိုရင် ငါအမြဲတမ်းအဆင့်တစ်ရမှာ"
"ဉာဏ်ကောင်းတိုင်းမကောင်းပါဘူး...ဉာဏ်ကောင်းရင်တောင် တစ်ခုခုသိရဖို့ဆိုရင် ဦးနှောက်ကို ထုတ်သုံးရတာဘဲလေ...အဲ့တော့ ကိုယ့်ဘာသာကို စဥ်းစားနေရတာထက် စဥ်းစားပေးတဲ့သူကိုရတာ ပိုမကောင်းဘူးလား...ကျန့်ပေါင်ပေ့ရဲ့"
"မင်းတော်တယ်...ပေါ်ပေါ်....နောက်တစ်ထပ်ရောက်ရင် ဘောက်ဆူးကောင်းကောင်းပေးရမယ်..."
"အနမ်းလိုချင်တယ်"
"ကောင်းပြီ....အကြီးကြီးပေးမယ်....အနမ်းအကြီးကြီး...မိုးလောက်ကြီးတဲ့အနမ်းကြီးပေးမယ်"
"ဒါဆို နှုတ်ခမ်းကလည်း မိုးလောက်အကြီးကြီးပေါ့"
"ဒါပေါ့....ကောင်းကင်ကြီးလောက်ပေါ့"
"နှုတ်ခမ်းကကြီးလွန်းတော့ ဘေးကလူတွေကိုပါ ထိသွားရင်ကော"
"မထိဘူး...ငါ့ရဲ့ ဒီနှုတ်ခမ်း ဒီအနမ်း ဒီကိုယ်က မင်းတစ်ယောက်ထဲဘဲ ရွေးမိမှာ..."
"တတိယအထပ်ရောက်ရင် ကိုယ်နေရာကောင်းရှာလိုက်မယ်"
"ကောင်းတယ်...ကျန်တဲ့သူတွေကရော"
"သူတို့ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လေဟာနယ်လို့ သဘောထားလိုက်"
"Good job"
အောက်ကနေပြောသမျှကြားနေရသည့်လေဟာနယ်များ"......."
Part (15)ဆက်ရန်.....
Zawgyi
Advertisement
Ding-dong
Ding-dong
"ဘာလဲ"
"ကိုယ့်ကိုယုံလား"
"အွန်း"
"ဘာလဲ"
"မဖြစ်နိုင်ဘူး"
"ဘာလို့လဲ"
"အနမ်းလိုချင်တယ်"
"Good job"
Part (15)ဆက်ရန်.....
Advertisement
- In Serial44 Chapters
I Come From The Water
Mor is a mermaid, but not one of those lovey dovey kinds that you hear about all over the place. No she is a real Mermaid. One that kills and eats people, lures humans to their death, and laughs while watching. Unfortunatly for her, on a much needed day off, she ended up going to another world. (Do to reading one to many LN I have decided to write my own. This is my take on a cléche world transfer novel. Also I have a website with my books on it if you wish to read it there: https://localleaderkaz.wordpress.com/ P.S. All work is copy write of me. Please don’t take it. P.S.S. There is a Yuri character who has a crush on the main... no action though)
8 153 - In Serial13 Chapters
We reincarnated as a two-headed dragon!
Kyle Lewis 25 years old, business man and Amelia Evans 18 years old, high school student otaku don’t know each other. They both died at the same time and reincarnated as a two-headed dragon. They now share the same body and must cooperate to survive in an unknown world. LITRPG story with levels, skills... Note: This is my first novel. Sorry for any mistakes. English is not my native language.
8 379 - In Serial13 Chapters
Tyizor's Shorts (and Poems)
I like shorts! They're comfortable and easy to wear write! These are just a series of shorts that I've written at some point in time. They're just something to distract myself from the struggle of my main story (not posted on here yet). A few poems are mixed in as well. Note: Tags/Genres have been picked, but some stories may be tagged independantly if the content is on the more disturbing side. ^^ Short stories that will be related to my main story will be tagged [EOS] Short stories featuring some of my EOS characters in a story unrelated to the main one entirely will be tagged [eos] Hope you all enjoy :).
8 154 - In Serial25 Chapters
Madagascar 3: Europe's Most Wanted (Vitaly X Y/N)
After Africa, Alex, Marty, Melman, Gloria, and Y/N, Alex's sister, they leave to go get the penguins so they can go back to New York. Once done, they end getting the attention of Captain Chantel Dubois, the head of animal control in Monte Carlo. On their journey, they come across a European circus, where Y/N and the Russian tiger, Vitaly, instantly connect. But they realize that the circus they bought, well, sucks. They make a comeback, but they're still on the run from Dubois. Will they go home or realize the circus is where they need to be?
8 186 - In Serial46 Chapters
Arcana: The Rebel King
A man betrayed by the one he held most dear. A Goddess with a terrible secret. An enemy that threatens the world. Corus only wanted one thing in his life, peace. But when his greatest ally kills him in cold blood he believes that it's the end of his story. It is, however, only the beginning. When the Goddess Vitriss tell's him of a threat that could wipe out the continent, Corus must return from death and do battle once again with the forces of darkness. But first he must gather allies, build alliances and locate the other half of his soul. All in a day's work for The Rebel King. This is my first work on this site and I hope everyone enjoys it! I've planned out the first two books of this story and I have ideas for much more. UPDATE! I've decided to switch posting days to saturday and sunday every week. It will allow me to make each chapter much longer than before and just generally keep the quality up, something I think I was beginning to lack when doing three weekdays. Thank you!
8 220 - In Serial14 Chapters
NCIS:LA Season 7 (Densi)
From The 7th Season Of The Hit Crime Drama In The US Re-Inmagen Every Episode From The Season With Heart-Beating Moments, Jaw Dropping Moments & Emotional Ones Which You May Need Your Tissues For.......This Continues From Moscow 3 Months Back
8 246