《Ding-dong(Season 1)(Completed)》(13)ဒုတိယနေရာ
Advertisement
လူတိုင်း အခန်းအားလုံး ရှာပြီးကြပေမဲ့ လှေကားကိုတော့ မတွေ့ကြပေ။ရှောင်းကျန့်တောင် ရှာရတာမောလို့ဆိုပြီး ဝမ်ရိပေါ်က ကုန်းပိုးထားရသည်။
အားလုံးက လှေကားရှာရတာကော ရှာမတွေ့တာကော ကြောင့် စိတ်မောလူမော ဖြစ်နေစဥ် ထိုမြင်ကွင်းက သူတို့ကို တစ်ခါထဲသေအောင် သတ်လိုက်သလိုပင်။သူတို့မှာကော ဘာကြောင့် ဝမ်ရိပေါ်လိုကောင်လေး မရှိရတာလဲဆိုပြီး ညီးညူးနေကြသည်။
အချိန်က နှစ်နာရီကျော်သွားပြီဖြစ်ကာ လူတိုင်းမနားနိုင်ဘဲ ဆက်ရှာနေရဆဲပင်။အခန်းတွေက တစ်ခန်းနဲ့တစ်ခန်း မတူကွဲပြားတာတောင် သူတို့မှာ သဲလွန်စမရကြပေ။
Ding-dong
ထိုအသံထွက်ပေါ်လာတာနဲ့ လူတိုင်းငြိမ်သွားကြသည်။ဒီတစ်ခါ သေတာကတော့ ကျောင်းသူလေးနှစ်ယောက် ဖြစ်သည်။သူတို့နှစ်ယောက်က ဝမ်ရိပေါ်ကို ခဏခဏခိုးကြည့်တဲ့ကောင်မလေးတွေ ဖြစ်တာကြောင့် သူတို့က ရှောင်းကျန့်တို့အနားမှာ ဖြစ်သည်။
ကျောင်းသူလေးနှစ်ယောက်ဟာ အသံထွက်လာတာနဲ့ ပါးစပ်အပြည့်သွေးတွေအန်လေသည်။ထိုထဲတွင် အသည်းတွေကျောက်ကပ်တွေ အူတွေပါ ပါလေသည်။သူမတို့က ကလီစာတွေအကုန်အန်ထုတ်ပြီးတာနဲ့ သေဆုံးသွားကြသည်။
ရှောင်းကျန့်ကတော့ ဝမ်ရိပေည်ကျောပေါ်မှာတင် ဆွံ့အနေလေသည်။ထိုမြင်ကွင်းက သူ့ရဲ့အစားစားချင်စိတ်ကို လုံးဝကို ဖျက်ဆီးသွားပြီဖြစ်သည်။
ထို့ပြင် ကျောင်းသူလေး သေဆုံးတဲ့ပုံဟာ သူတို့အနားက ပန်းချီကားနဲ့ဆင်နေလေသည်။ပန်းချီကားထဲမှာ ရေတံခွန်တစ်ခုရှိနေပြီး ထိုရေတံခွန်ရဲ့ ရေကျဆင်းနေချိန်မှာ အမည်မသိအရာတွေ ပါဝင်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။
"ရိပေါ်.....ပန်းချီကားထဲက ရေကိုတောင် ရှောင်ရမှာလားဟင်"
"မဟုတ်ပါဘူး"
"ဒါဆို သူတို့ဘာလို့သေတာလဲ"
"ပန်းချီဘောင်ကြောင့်"
"ဟမ်...."
"အဲ့ပန်းချီကားကို သစ်သားနဲ့ဘောင်ခတ်ထားတာ....ဒီအိမ်ထဲမှာ တစ်ခုတည်းဖြစ်တည်နေတဲ့အရာမှန်သမျှက အန္တရာယ်တွေချည်းဘဲ....အဲယားကွန်းရှိနေတဲ့အခန်းလိုဘဲ..."
"အော်... ဒါဆို ငါတို့စစရောက်ချင်းက အရည်ပျော်ကျသွားတဲ့ ကျောင်းသူလေးကကော"
"သူမဘေးနားက နံရံစင်မှာ ဖယောင်းတိုင်တစ်ခုရှိတယ်...သူမအဲ့တာကို ထိလိုက်လို့ သူမက ဖယောင်းတိုင်လို အရည်ပျော်ကျတာလို့ ကိုယ်ထင်တယ်"
သူတို့အားလုံး ဝမ်ရိပေါ်ရှင်းပြတာ ဘယ်လောက်နားထောင်ထောင် ဝမ်ရိပေါ်ကိုလေးစားတာကတော့ ပိုပိုပြီးသာ တိုးလာခဲ့သည်။
ရှောင်းကျန့်တောင် နေရာတကာ ဆရာလုပ်ချင်တတ်တဲ့သူ့အတွက် ဘုရားသခင်က ဝမ်ရိပေါ်ကို ပို့ပေးလိုက်တာလားဟု ထင်မိလာသည်။
အခု ဒီရောက်ထဲက သူတစ်ခါမှ ဆရာမလုပ်ရသေးပေ။ထို့ကြောင့် ဒီတစ်ခေါက် လှေကားမှာ အစွမ်းပြမည်ဟုဆုံးဖြတ်ကာ ဝမ်ရိပေါ်ကို တိုးတိုးလေးမေးလိုက်သည်။
"ရိပေါ်.....မင်းလှေကားနဲ့ပက်သက်ပြီး သဲလွန်စရပြီလား"
"အွန်း...."
"ဘာလဲဟင်....ငါလည်းလူလေးစားတာ ခံချင်လို့"
"အဲ့တာက အောက်ထပ်က ဧည့်ခန်းဘဲ.... ဒီကအခန်းတိုင်းက တစ်ခုနဲ့တစ်ခု အပြင်အဆင် အရောင်တွေမတူကြဘူး....လုံးဝကို ကွဲထွက်နေတာ....ဒါပေမဲ့ တစ်ခန်းကတော့ အောက်ထပ်က ဧည့်ခန်းနဲ့ သွားတူနေတယ်...အပြင်အဆင်ကအစ....ပစ္စည်းတွေထားပုံကပါ တစ်ပုံစံတည်းဘဲ...ဒီနှစ်ခန်းထဲက တစ်ခန်းက လှေကားရှိတဲ့နေရာဘဲ....အရမ်းကို လွယ်ကူစေတာက သွားတူနေတဲ့အခန်းက အဲယားကွန်းဖွင့်ထားတဲ့အခန်းဘဲ...ဒါ့ကြောင် လှေကားက အောက်ထပ်ကဧည့်ခန်းမှာဆိုတာ သေချာသွားတယ်...ဧည့်ခန်းကို ဖျက်ဆီးလိုက်ရင် ပေါ်လာလိမ့်မယ်ထင်တယ်"
ရှောင်းကျန့် ဝမ်ရိပေါ်ပါးကိုအုပ်ကိုင်ကာ နှုတ်ခမ်းကို ဆက်တိုက်နမ်းပစ်လိုက်သည်။တော်လွန်းတဲ့သူ့ရည်းစားကို အနမ်းလေးနဲ့ ဆုချရမည်လေ။
"ငါသူတို့ကို ဆရာကြီးလုပ်လိုက်ဦးမယ်"
ဒီလိုနဲ့ ရှောင်းကျန့်ဟာ လူမြင်ကောင်းအောင် အဲယာကွန်းအခန်းကို အကဲခတ်ရင်း အောက်ထပ်က ဧည့်ခန်းကိုလည်း သွားစပ်စုလိုက်သည်။ထို့နောက် လူများသည့်နေရာ၌ အသံမကျယ်တကျယ်နဲ့ အော်ပြောလိုက်သည်။
"ငါ့စိတ်ထင် လှေကားက အောက်ထပ်က ဧည့်ခန်းမှာ"
လူတိုင်း ရှောင်းကျန့်ကို ကြည့်လိုက်ကြသည်။သို့သော် တစ်ယောက်မှ ယုံပုံမရပေ။ရှောင်းကျန့်ဟာ သူတို့ဘယ်လိုတွေးတွေး သူကတော့ ဆက်ပြောနေသည်။
"အခန်းတိုင်းက တစ်ခုနဲ့တစ်ခုမတူဘူး....ဒါပေမဲ့ ဧည့်ခန်းကတော့ အဲယားကွန်းအခန်းနဲ့ သွားတူနေတယ်...ပစ္စည်းတွေကအစ တစ်ပုံစံတည်းဘဲ"
ထိုအခါမှ သူတို့တွေ ရှောင်းကျန့်ကို ယုံလာသည်။ရှောင်းကျန့်ဟာ ချက်ချင်းဘဲ ယုံကြည်မှုတွေရလာကာ သူ့မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်သည်။
"မင်းတို့သိလား.....ဒီလိုအခြေအနေမျိုးမှာ တစ်ခုနဲ့တစ်ခု တူသလား...ဘာတွေတူသလဲဆိုတာကို လူတိုင်းအာရုံမစိုက်နိုင်ကြဘူး....ဒါပေမဲ့ စုံထောက်တို့ရဲ့အရှင်သခင် ငါကတော့ စတွေ့ထဲက သတိထားမိတာ...ငါ့ကို ပိုပြီးသေချာစေတာက အဲယားကွန်းအခန်းဘဲ...အဲ့အခန်းကို ငါတို့မဝင်နိုင်မှတော့ ဧည့်ခန်းက သေချာတယ်....ဟူး....အရာရာမှာ တော်လွန်းတာက သူများတွေထက် ပိုပင်ပန်းရတယ်...ဟုတ်တယ်မလား...ရိပေါ်"
ဝမ်ရိပေါ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။အခြားလူတွေရဲ့အမြင်မှာ ရှောင်းကျန့်ဟာ အမြင်ကပ်စရာကောင်းနေပေမဲ့ သူ့မျက်လုံးထဲမှာတော့ ချစ်စရာကောင်းနေသည်။ကလေးပုစိလေးက လူကြီးအယောင်ဆောင်ထားသလိုပင် ဖြစ်နေသည်။
"ရှောင်းကျန့်....မင်းဘယ်တုန်းက အဲ့လောက်ထိ တော်သွားတာလဲ...ငါဘာလို့မသိရတာလဲ"
ဖန်မုဟန်က 'ငါမယုံဘူး'ဆိုတဲ့အကြည့်ဖြင့် ပြောလာသည်။
"ငါက မွေးကတည်းက တော်လာတာ...သူများတွေ မနာလိုမှာဆိုးလို့ လျှော့လိုက်တာ...မဟုတ်ရင် ငါ့ရဲ့ တစ်ရာမှာတစ်ယောက်မရှိတဲ့ ပြိုင်စံရှားရုပ်ရည်လေးနဲ့ တော်လွန်းတဲ့ ဂုဏ်ပုဒ်ကို ပေါင်းထည့်လိုက်ရင် တစ်ကမ္ဘာလုံးက အမျိုးသမီးအုပ်ကြီးက ငါ့နောက်တကောက်ကောက် လိုက်နေရလိမ့်မယ်...မင်းတို့လိုလူတွေကတော့ ငါ့လို အရာအားလုံး perfectဖြစ်နေတဲ့သူကို ဘယ်နားလည်ပါ့မလဲ..."
"......"
"အာ....တစ်ခုကျန်ခဲ့တယ်...ပြန်ပြောမယ်နော်...မင်းတို့လိုလူတွေကတော့ ငါ့လို အရာအာလုံး perfectဖြစ်နေတဲ့သူ...ရည်းစားကပါ perfectဖြစ်နေတာမျိုးကို ဘယ်နားလည်ပါ့မလဲ"
"......"
ရှောင်းကျန့် ခပ်တည်တည်နဲ့ ဖန်မုဟန်ကို နှိပ်ကွပ်ပစ်ပြီးနောက် ဝမ်ရိပေါ်ကို ချစ်ဖို့ကောင်းစွာ ပြောလိုက်သည်။
"ပေါ်ပေါ်....မင်းကော ငါ့ကို နားလည်ရဲ့လား"
"အွန်း....နားလည်တာပေါ့"
"ဘယ်လိုနားလည်တာလဲ"
Advertisement
"မင်းက အချောဆုံး အတော်ဆုံး အကောင်းဆုံးဘဲ"
"ဒါဆို မင်းကကော"
"ကိုယ်က ဒုတိယအချောဆုံး အတော်ဆုံး အကောင်းဆုံးဘဲ"
"မင်းဘဲ ငါ့ကို နားလည်တယ်"
ရှောင်းကျန့် ဝမ်ရိပေါ်အပေါ်ကို ပျော်ရွှင်စွာ ခုန်တက်လိုက်ပြီး တင်းနေအောင်ဖက်ထားလိုက်သည်။ဝမ်ရိပေါ်ကလည်း သူပြုတ်မကျအောင် ဖက်ထားပေးသည်။
"မင်းအတွက်ဆိုရင် ကိုယ်က ဒုတိယနေရာဆင်းပေးဖို့ အသင့်ဖြစ်နေပြီးသား"
"ငါကလည်း မင်းအတွက်ဆိုရင် အမြဲဒုတိယနေရာ ပေးပြီးသားဘဲ"
ဘယ်နေရာမှပေးစရာမရှိသော Faတစ်သိုက် "......"
Part (14)ဆက်ရန်....
Zawgyi
Ding-dong
"မဟုတ်ပါဘူး"
"ပန်းချီဘောင်ကြောင့်"
"ဟမ်...."
"အွန်း...."
"......"
"......"
"အွန်း....နားလည်တာပေါ့"
"ဘယ်လိုနားလည်တာလဲ"
"ဒါဆို မင်းကကော"
Part (14)ဆက်ရန်....
Advertisement
- In Serial218 Chapters
The Armorer and the Infinite Dungeon
Ukrainian urban explorer Yulia Ishenko makes a wish upon the heart of Chernobyl to make a difference in the world. Upon touching Chernobylite she is pulled into the world of magic and is reborn in a chimera village on the Edge of the Infinite Dungeon also known as the Bottomless Chasm.What are these odd, crystalline-organic chimera? What is the System? Can Yulia macgyver her litrpg System to get ahead in an alien culture, return her humanity and regain what she lost without becoming a monster herself? Read to find out! A progression litrpg with wholesome characters & plentiful adventures of doom!
8 238 - In Serial22 Chapters
Psycho Space
At the Academy they teach us how to fight. How to adapt and survive in the society. And how to kill when necessary, to protect our brothers and sisters. I have always found the last part most enjoyable. But now we are lost. Is there a way for us to go Home? There must be. God help whoever tries to stop us. For the glory of our Lord! For the Brotherhood! SLAUGHTER THEM! In short: cold bloded killers + aliens = space opera (mostly)
8 225 - In Serial19 Chapters
Star Trek: Horizon
The Dominioon War has been over for three years, but the after-effects are still being felt. Starfleet lost a number of ships and personnel, and many of the member worlds of the Federation are becoming dissatisfied with the state of affairs. Some are even considering secession. In addition to this, the enemies of the Federation are seeking to exploit these signs of weakness. The Horizon is a newly launched Sovereign class starship led by Captain Sean Sheppard, their mission is to rise to the challenges presented in this post-war era and help the United Federation of Planets re-establish themselves as a force of stability, compassion, and freedom. In addition to this, the Horizon still maintains Starfleet’s standard mission of exploration and boldly going where no one has gone before. Dramatis personae Captain Sean Sheppard (Human) First Officer Kevia Turner (Human) Chief Medical Officer Julian Bashir (Human, genetically enhanced, canon character) Science Officer Ch’Qahrok (Andorian) Security Chief Ipesh Nod (Bajoran) Tactical Officer Tavika (Romulan) Chief Engineer Adriana Cunha (Human).
8 113 - In Serial62 Chapters
The Chiefess
!Moved from the old account! A world of savage barbarians, cannibalistic tribes, demi-humans, corrupt lords and monstrous creatures plague the Sothern Realm. This is now the world for a merchant. After being attacked by monsters, and saved by the mysterious but terrifying queen of one of the tribes, Charlie is thrust into a world he was not expecting. Can he help the realm, prove himself to his family, and above all survive the horrid horrors and brutal barbarians of the desert? Always editing and making the story more coherent, so if there are any grammar mistakes just know I'll get to them eventually. ps. also originally uploaded onto Scribble Hub: https://www.scribblehub.com/series/366916/the-chieftess/
8 83 - In Serial16 Chapters
Safe with You - Jurassic World Fan-Fiction
Book 1Carly Grant is the daughter of Alan Grant. When she is offered an internship at Jurassic World, she takes the job. She meets Owen Grady, the famous raptor trainer. Owen looks out for Carly, taking care of her. When the Indominus Rex breaks out of captivity, things become dangerous around the park. Owen protects Carly, keeping her and him safe. What will happen between Owen and Carly?(Link for the pic in the cover: http://images6.fanpop.com/image/photos/39900000/Owen-Grady-New-Still-Jurassic-World-2-jurassic-world-39996427-444-500.jpg)
8 130 - In Serial23 Chapters
SEVENTEEN, duncan shepherd
❝ I WAS A DAISY-FRESH GIRL AND LOOK WHAT YOU'VE DONE TO ME.❞Duncan Shepherd x OC / House of Cards Season 6 AU© offallenangels[ON HOLD]AWARDS:#7 in codyfern tag (4/8/19)#109 in agegap tag (4/21/19)#6 in codyfern tag (4/24/19)#149 in lolita tag (5/10/19)#2 in codyfern tag (5/15/19)#1 in houseofcards tag (5/17/19)#1 in duncanshepherd tag (6/9/19)#1 in codyfern tag (7/28/19$
8 100

