《Ding-dong(Season 1)(Completed)》(11)ကိုယ့်ကို မင်းပိုင်တယ်
Advertisement
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်စကားကြောင့် ထမင်းစားခန်းကထွက်သွားလေသည်။သူ့အပြုအမူကြောင့် ရှောင်းကျန့်က သူ့ကိုစိတ်ဆိုးသွားပြီဟု ထင်သွားကာ ငိုမဲ့မဲ့ဖြစ်သွားသည်။
"သူ....သူငါ့ကို စိတ်ဆိုးသွားတာလား"
"မဟုတ်ဘူး...စိတ်ပျက်သွားတာ"
ဖန်မုဟန်က ရှောင်းကျန့်မေးတာကို ပြန်ဖြေပြီး ထပ်ပေါင်းပင် ပြောလိုက်သေးသည်။
"ဘာလို့လဲ"
"မင်းက ချီးပါရမှာတောင် ပျင်းတဲ့သူမို့လို့"
"......."
ရှောင်းကျန့် ဖန်မုဟန်ကို မျက်စောင်းထိုးလိုက်ပြီး တခြားသူတွေအား သူတို့ကောအဲ့လိုထင်လားဆိုသည့် အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
လူတိုင်း ပြိုင်တူခေါင်းညိတ်ပြလိုက်ကြသည်။ရှောင်းကျန့် စိတ်ညစ်သွားပြီး သူ့ဘဝကြီးကိုသူ စိတ်ပျက်သွားသည်။
"ချီးပါရမှာကိုတောင် ပျင်းလို့မရဘူးလား"
"မရဘူး...ငါတို့နေ့စဥ်လုပ်နေကြအရာတွေကိုလုပ်ဖို့ မပျင်းရဘူး"
ရှောင်းကျန့် ထိုလူတွေကို တကယ်နားမလည်ပါ။သူတို့ကြည့်ရတာ ချီးပါရတာကို ကြိုက်ပုံရသည်။ထို့ကြောင့် သူဘာသူ ချီးမပါချင်တာကို တရားလာဟောနေတာဖြစ်မည်။
ထိုစဥ် ထမင်းစားခန်းထဲ ဝမ်ရိပေါ် ပြန်ဝင်လာသည်။သူက ရှောင်းကျန့်ကို သေချာစိုက်ကြည့်ပြီး ပြောလိုက်သည်။
"ဒီအထပ်မှာ အိမ်သာရှိတယ်..."
"......"
"အဲ့တာကြောင့် အိမ်သာမရှိဘူးထင်ပြီး အစားမစားဘဲ မနေနဲ့....ဟိုမိန်းမကြီးကြောင့် ဗိုက်မဆာပေမဲ့ ကိုယ်ခံအားကတော့ လျော့လာမှာ...ဒါ့ကြောင့် စားမှရမယ်...ပြီးတော့ အိမ်သာလည်း ရှိတယ်...ကြိုက်တဲ့အချိန် သွားလို့ရတယ်"
"ရိပေါ်....မင်းက သိပ်ကောင်းတာဘဲ"
ရှောင်းကျန့် ဝမ်ရိပေါ်ရင်ခွင်ထဲဝင်ကာ ကြောင်လေးလို လုပ်နေလိုက်သည်။သူချီးမပါချင်တာ ပျင်းလို့ဆိုတာကိုတော့ ဘယ်တော့မှ ပြောမှာမဟုတ်။ဝမ်ရိပေါ် အဲ့လိုမတွေးမိတာကိုဘဲ ကျေးဇူးတင်မိသည်။
ထိုအတွဲကိုမြင်နေရတဲ့ လူတစ်ရာကျော်ကတော့ သူတို့တွေ ဘာကြောင့် faတွေ ဖြစ်နေရတာလဲဆိုပြီး ဝမ်းနည်းနေကြသည်။ဟုတ်ပါသည်။ဒီဒုတိယအထပ်မှာ အတွဲဆိုလို့ ရှောင်းကျန့်နဲ့ဝမ်ရိပေါ်သာ ရှိပါသည်။
ထို့ကြောင့် ထိုအတွဲဘာလုပ်လုပ် လူတိုင်းအကြည့်ကနေ ပြေးမလွတ်ပေ။
ထို့နောက် လူတိုင်းရေခဲသေတ္တာထဲက မုန့်တွေကိုထုတ်ကာ စားကြတော့သည်။အစက အစားစားရင် တစ်ခုခုဖြစ်မည်ဆိုး၍ တွန့်ဆုတ်ခဲ့သော်လည်း ဘာမှမဖြစ်ကြ၍ အသားကုန် စားကြတော့သည်။
ဝမ်ရိပေါ်က ရှောင်းကျန့်စားဖို့ကိုသာ ယူပေးပြီး ရှောင်းကျန့်ကိုဘဲ တစိမ့်စိမ့်ကြည့်နေသည်။ဘေးကလူတွေကတော့ ဒီလိုကြီး roပြနေတာကို စိတ်ပျက်သဖြင့် မမြင်ချင်ယောင်ဆောင်ထားကြသည်။
ရှောင်းကျန့်တစ်ယောက် ပေါင်မုန့်စားနေရင်း ဝမ်ရိပေါ်က သူ့ကိုမျက်တောင်မခတ်ဘဲ ကြည့်နေတာကို တွေ့တာကြောင့် သီးသွားလေသည်။
ထို့ကြောင့် ချောင်းတွေဆိုးကာ ရေတောင်းရတော့သည်။ဝမ်ရိပေါ်က ရေကိုယူလိုက်တဲ့အချိန်မှာ တစ်ခုခုကို ရိပ်မိသွားဟန်ဖြင့် ပြန်ချကာ အချိုရေဘူးကိုဘဲယူပြီး ရှောင်းကျန့်အား တိုက်လိုက်လေသည်။
"လူတိုင်း....ရေသန့်လုံးဝမသောက်ကြပါနဲ့"
ဝမ်ရိပေါ်က အကုန်လုံးကို သတိပေးစကားပြောလိုက်သည်။သို့သော် လူကတစ်ရာကျော်ကာ အချိန်မှီ မတားနိုင်လိုက်ပေ။
Ding-dong
အားးးး
လူဆယ်ယောက်ရဲ့ အော်သံကို ကြားလိုက်ရသည်။ထိုလူတွေဟာ နာကျင်စွာ အော်ဟစ်နေပြီး သူတို့ဝမ်းဗိုက်ကို ဖိထားသည်။ထို့ပြင် သွေးတွေလည်းအန်ကာ သွေးတွေထဲမှာ ငါးရှဥ့်လိုအကောင်တွေ ပါလာသည်
သူတို့တွေ နောက်ဆုံး မအော်နိုင်တော့ဘဲ လဲကျသွားကာ သေဆုံးသွားသည်။သူတို့ သေဆုံးသွားတာနဲ့ သူတို့ဗိုက်ထဲကနေ ထိုအကောင်တွေအများကြီး ထွက်လာလေသည်။
လူတိုင်းထိုမြင်ကွင်းကြောင့် အော်ဟစ်ကုန်သည်။ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်က မျက်လုံးကို ကာပေးထားသဖြင့် အစအဆုံး မမြင်လိုက်ရပေ။
ဝမ်ရိပေါ် ရှောင်းကျန့်ကို အရင်ကတော့မကာပေးဘဲ အခုမှ ကာပေးရတာကတော့ ရှောင်းကျန့်အစားစားလို့ မပြီးသေးတာကြောင့်ပင်။ထိုမြင်ကွင်းကြောင့် ရှောင်းကျန့် မစားဘဲနေမှာကို သူစိုးရိမ်မိသည်။သူက လူမဟုတ်သဖြင့် ဘာမှမဖြစ်သော်လည်း သူ့အချစ်ကလေးကိုတော့ မဆာလောင်စေချင်ပေ။
"ဝမ်ရိပေါ်....ရေမသောက်ဖို့ မင်းသတိပေးလို့ပေါ့....မဟုတ်ရင် ငါတို့အကုန်သေမှာ"
"ဟုတ်တယ်....ဒါနဲ့ ဘယ်လိုသိတာလဲ"
ဝမ်ရိပေါ်က သူတို့ပြောတာကို ပြန်မပြောသေးဘဲ ရှောင်းကျန့်ကို ထိုမြင်ကွင်းနဲ့ဝေးရာကို အရင်ရွေ့ကာ ကျောပေးခိုင်းလိုက်သည်။ပြီးမှ မုန့်တွေယူပေးပြီး စားစေကာ ခုနက ပြောတဲ့သူတွေကို ပြန်ဖြေပေးလိုက်သည်။
"ရေကူးကန်တုန်းကအဖြစ်အပျက်ကြောင့် ရေက အန္တရာယ်ရှိနိုင်တယ်...ဒါပေမဲ့ ရေသန့်ဘဲ...အချိုရည်တွေမပါဘူး...ပြီးတော့ ရေကမသန့်ရင်လည်း အဆင်ပြေတယ်...ရေသန့်ထဲကို မုန့်တစ်ခုထည့် ဒါမှမဟုတ် အမှုန့်တစ်ခုခုထည့်ရင် ရေကမသန့်တော့ဘူး...အဲ့တာက အန္တရာယ်မဖြစ်ဘူး... အဓိကက ရေကြည်ကြည် ရေသန့်ဘဲ"
အကုန်လုံး ဝမ်ရိပေါ်ကို ယုံတာကြောင့် ရေသန့်ထဲ မုန့်တစ်ခုထည့်ရောကာ သောက်ကြည့်လိုက်သည်။ဘာမှမဖြစ်တော့မှ စိတ်သက်သာရာရသွားကာ ရေသန့်ကို မသန့်အောင်လုပ်ပြီးမှ သောက်ကြတော့သည်။
သူတို့အတွက် ဝမ်ရိပေါ်က ကယ်တင်ရှင်ကြီးဖြစ်သည်။အကုန်လုံး ရိပေါ်ကို ယုံကြည်ကြသည်။ရှောင်းကျန့်တောင် ဝမ်ရိပေါ်ကို လေးစားနေသည်။
"ရိပေါ်....မင်းက တော်လိုက်တာ....ဒါပေမဲ့ အတော်ဆုံးတော့ မဟုတ်ဘူး"
"ကိုယ်မဟုတ်ရင် ဘယ်သူလဲ"
"ငါလေ....ငါ"
"မင်းက ဘာလို့အတော်ဆုံး ဖြစ်သွားတာလဲ....မတန်မရာ"
ရီချုံးမိုက ရှောင်းကျန့်ပြောတာကို နားထောင်ပြီး မခံနိုင်သဖြင့် ဝင်ပြောလိုက်သည်။
"ဘာလို့ ငါမဟုတ်ရမှာလဲ....ဒီမှာ အတော်ဆုံးက ဘယ်သူလဲ"
"ဝမ်ရိပေါ်လေ"
"အေး....သူ့ကို ဘယ်သူပိုင်လဲ"
"....."
"ငါပိုင်တယ်လေ....ဒီလိုအတော်ဆုံးကြီးကို ပိုင်တဲ့ငါကမှ အတော်ဆုံးလေ...ဟုတ်တယ်မလား...ပေါ်ပေါ်"
"အွန်း....ကိုယ့်ကိုမင်းပိုင်တယ်"
လူတိုင်း "......"
ပြဇာတ်ငယ်;
ရှောင်းကျန့် "ရိပေါ်....ငါက ချောတယ်မလား"
ရိပေါ် "အွန်း....မင်းက အရမ်းချောတယ်"
ရှောင်းကျန့် "ရိပေါ်....ငါက အတော်ဆုံးမလား"
ရိပေါ် "အွန်း....မင်းက အတော်ဆုံးဘဲ"
Advertisement
ရှောင်းကျန့် "ရိပေါ်....မင်းက ဉာဏ်တုံးလိုက်တာ"
ရိပေါ် "အွန်း....ကိုယ်က ဉာဏ်တုံးတယ်"
ရှောင်းကျန့် "ရိပေါ်....ဒုတိယအထပ်က လူတွေက ရုပ်ဆိုးတယ်နော်"
ရိပေါ် "အွန်း....သူတို့ရုပ်ဆိုးတယ်"
လူတိုင်း "......"
Part (12)ဆက်ရန်...
Zawgyi
"ဘာလို့လဲ"
"......."
"......"
Ding-dong
အားးးး
"ငါလေ....ငါ"
"ဝမ်ရိပေါ်လေ"
"....."
လူတိုင်း "......"
ပြဇာတ်ငယ်;
လူတိုင်း "......"
Part (12)ဆက်ရန်...
Advertisement
Apprentice's Ascension
Geruke is a legendary warrior turned blacksmith apprentice. He is best friends with a girl called Lyrassa. A monster attacked her. She survived, but Geruke found out that the monster poisoned her. His best friend was about to die, and he didn’t know what to do. That was until he found out that there was an antidote that could save her. He wanted to buy it, but it was too expensive. So he took out a loan from a religious order of knights. They were called the Templaga. He didn’t have the money to pay them back. So he went into debt. The interest increased. He had to suffer monthly, and sometimes weekly, beatings from them, demanding that he pay them back. One day, they came to his home. They threatened to arrest him in a week’s time if he didn’t cough up the money he owed. Will Geruke let himself get arrested and killed? Or will Geruke get his hands bloody by fighting for his survival? Find out by checking out Chapter 1, and giving this a follow if you enjoy!
8 124Amygdala Hijack - A Genetic Engineering Sci-Fi Novel of Impending Dystopia
A platinum-gold obelisk crash-lands on a Saskatchewan farm, warning of imminent alien invasion. Peter Scott, a science podcaster with ratings in decline, considers this a gift from heaven. He plans to reinvigorate the show's slumping popularity by interviewing a cast of edgy experts with brazen proposals to defend Earth from the anticipated invaders. But the planet has bigger issues than space marauders. That's because it's 2037, and DNA is just another programming language. Gene editing has vaulted society toward anarchy as humans rapidly hybridize, modifying their bodies with edited DNA, robotics, and computer interfaces. Add to that the constant existential threats from engineered microbes. Alien invasions, social disruptions, and pandemics are not the only concerns for Peter and team. Shadowy forces will stop at nothing to kill the podcast – or them. (episodes 1-28 of 159 in the series)
8 63Need A Bandage For That?, Ukai X Reader
Y/N becomes the new school nurse at Karasuno High school. She soon finds herself being more intermingled with the volleyball team and more specifically their intimidating coach.
8 223Another World: Scientist
This is the story of a scientist in another world filled with magic and everything else fantasy. We shall see how he survives, reacts and explores this world bit by bit for not everything... Shall go right.
8 151The red one | Sam U'ley
River swan. When her parents died she has no where to go; so she goes to her uncle Charlie house. What she didn't expect was to get imprinted on by none other than the possessive Alpha male; Sam U'ley. Nor did she expect the supernatural things that were going to happen to her and the people around her. Twilight fan fiction | Sam U'ley Started: Sunday July 25, 2021 at 10:27 pmI'll update probably once a week :)Or everyday. Whatever I'm feeling. If you have any question on the book feel free to send me a message and I'll answer :)*NO PREGNANCY TROPE!!!!! (I hate them so in case y'all were wondering, no the MC will not get pregnant :) )
8 149The Night Shift (Mike Schmidt x Reader)
My first fanfiction. I'm not too good with this description thing. Who reads these, anyway? (PS I love Steven Universe so it's mentioned quite a bit. Oops.)
8 149