《Ding-dong(Season 1)(Completed)》(10)ချီးမပါချင်လို့
Advertisement
"သူမ ဘယ်လိုသေသွားတာလဲ"
ထိုမေးခွန်းအတွက် လူတိုင်းမှာ အဖြေမရှိပါချေ။ဘာသရဲတစ္ဆေမှ ပေါ်မလာဘဲ သေသွားတာကတော့ အကြောင်းရှိလိမ့်မည်။
တချို့မိန်းကလေးတွေက ရွံရှာဖွယ်မြင်ကွင်းကြောင့် အော့အန်နေကြသည်။ရှောင်းကျန့်တောင် အန်ချင်စိတ်ကို ထိန်းနေရသည်။အဲ့သွေးတွေနဲ့ ရွံစရာအပုံလိုက်ကြီးကို မကြည့်နဲ့လို့ စိတ်ကအော်ဟစ်နေပါစေ မျက်လုံးကတော့ ရောက်ရောက်သွားသည်။
လူတိုင်း ခဏကြာမှ စိတ်တည်ငြိမ်သွားကြကာ ဒုတိယထပ်ကို သေချာကြည့်တော့သည်။ထို့ပြင် ထိုကျောင်းသူလေး သေဆုံးပုံကို သေချာသိမှ သူတို့လည်း အန္တရာယ်ကို ရှောင်နိုင်မှာဖြစ်သည်။
ဒုတိယအထပ်ဟာ အိမ်ပုံစံပြင်ဆင်ထားပေမဲ့ နန်းတော်ကြီးလို ခမ်းနားလေသည်။အခန်းတွေကလည်း အကျယ်ကြီးဖြစ်ကာ အပေါ်ထပ်အောက်ထပ်ဆိုပြီး နှစ်ထပ်ဖြစ်သည်။
အပေါ်ထပ်မှာက အိပ်ခန်းတွေချည်းဘဲဖြစ်ပြီး အောက်ထပ်မှာသာ ထမင်းစားခန်း၊ဧည့်ခန်းနဲ့ ရေကူးကန်တို့ ရှိလေသည်။
လူတိုင်း ရေကူးကန်ကို မြင်လိုက်တဲ့အချိန်မှာ ချက်ချင်းခုန်ဝင်ချင်စိတ်တွေ ပေါက်လာလေသည်။ရေကူးဝတ်စုံတွေပါ သေချာပြင်ဆင်ထားတာကြောင့် ရေချိုးချင်စိတ်က ထိန်းမရတော့ပေ။
ရှောင်းကျန့် ရေချိုးချင်တာကြောင့် ဝမ်ရိပေါ်ကို ကြည့်လိုက်သည်။ဝမ်ရိပေါ်က ခေါင်းခါပြသဖြင့် နှုတ်ခမ်းဆူလိုက်သည်။
"မင်းက အကျင့်မကောင်းဘူး....ငါရေကူးချင်တာကို....သူများတွေတောင် ရေထဲဆင်းကုန်ပြီ"
ရှောင်းကျန့်အပြောကြောင့် ဝမ်ရိပေါ် ရေကူးကန်ထဲ ကြည့်လိုက်တော့ ကျောင်းသား၅ယောက်ကို ရေကူးကန်ထဲမှာ တွေ့လိုက်ရသည်။
"တစ်ခုခု မူမမှန်ဘူး"
"ဘာလဲ....သူတို့တောင် ဘာမှမဖြစ်...."
ရှောင်းကျန့်စကားတောင် မဆုံးသေးခင် ခေါင်းလောင်းသံ ထွက်ပေါ်လာလေသည်။
Ding-dong
အသံထွက်ပြီးတာနဲ့ ရေကူးကန်ထဲက ကျောင်းသားငါးယောက်ဟာ ကြိတ်စက်နဲ့အကြိတ်ခံလိုက်ရသလို ရေထဲမှာလည်နေပြီး ရေကူးကန်က သွေးကန်လုံးလုံး ဖြစ်သွားတော့သည်။
တစ်စစီ ဖြစ်နေတဲ့ အသားတွေက မြင်မကောင်းရှု့မကောင်းပင်။ရှောင်းကျန့် ချက်ချင်းငိုချင်စိတ်တောင် ပေါက်လာလေသည်။ဝမ်ရိပေါ်သာ မတားပါက အဲ့သေမဲ့အထဲမှာ သူပါ ပါသွားမည်ဖြစ်သည်။
ဖန်မုဟန်တို့တောင် ဝမ်ရိပေါ်ကို လေးစားတဲ့အကြည့်တွေနဲ့ ကြည့်နေကြသည်။
"ရိပေါ်.....ငါ....ငါနောက်ဆို မင်းရဲ့စကား နားထောင်ပါ့မယ်...အီးဟီး"
"မငိုပါနဲ့....မင်းအန္တရာယ်မဖြစ်ရင် အဆင်ပြေပါပြီ"
"ရိပေါ်.....မင်းဘာလို့ အရမ်းmanlyဆန်နေရတာလဲ"
"ဘာဖြစ်လို့ မေးတာလဲ"
"ဟိုမိန်းမကြီးကြောင့်မသေခင် မင်းကို ကြွေလွန်းလို့ သေသွားမှာဆိုးလို့"
ရိပေါ်ဟာ ပြုံးလာပြီး ရှောင်းကျန့်ပါးလေးအား ခပ်ဖွဖွ ဆွဲညှစ်လေသည်။
"ကိုယ်ကသာ မင်းက ချစ်စရာကောင်းလွန်းလို့ နှစ်ခါပြန်သေသွားမှာ"
"ဟင်....ဘာလို့နှစ်ခါပြန်လဲ"
"ကိုယ်က သေပြီးသားမို့လို့လေ"
"ဟားဟား....ကျွန်တော့်ရဲ့ ချောမောမှုကြောင့် ပထမတစ်ခါက သေသွားတာနေမှာ"
"မဟုတ်ပါဘူး....လုပ်ကြံခံရတာ"
"ဟွန့်....ကျွန်တော်က တမင်တကာ လုပ်ကြံတာ မဟုတ်ပါဘူး... မတော်တဆပါနော်"
ဝမ်ရိပေါ် "......"
'ငါ့ကို လုပ်ကြံတာက ငါ့အချစ်လေး မဟုတ်ပါဘူး....အမတ်ချုပ်ကြီးဟာကို....အချစ်လေးက ငါ့ကို ချစ်လွန်းလို့ ရူးများသွားတာလားမသိဘူး'
ရှောင်းကျန့်တို့က နှစ်ယောက်တစ်ကမ္ဘာတည်နေပေမဲ့ အခြားလူတွေကတော့ ခုနက အဖြစ်အပျက်ကြောင့် ကြောက်လန့်နေဆဲပင်။
ထို့ကြောင့် ရေကူးကန်နားကနေ အမြန်ထွက်သွားတော့သည်။ပိုင်ယန်စန်းဟာ ရှောင်းကျန့်တို့ကို ဘယ်ဟာမဆို မဆင်မခြင် မထိဖို့ မှာလိုက်ပြီး အခြားသူတွေနဲအတူ သွားလိုက်ကြသည်။
အခု လေ့လာဆန်းစစ်ချက်အရ ဒီဒုတိယအထပ်ကအရာတွေကို ကန့်သတ်ထားတာဖြစ်နိုင်သည်။ထိုကန့်သတ်ထားတာကို ထိကိုင်မိလျှင် အသတ်ခံရလိမ့်မည်ဖြစ်သည်။
သေချာမသိသေးပေမဲ့ သရဲမရှိဘဲ သေတာက ဒီလိုအကြောင်းကြောင့် အများကြီး ဖြစ်နိုင်ချေ ရှိသည်။ထို့ပြင် လှေကားကလည်း ရှာရဦးမည်ဖြစ်သည်။
လူတိုင်းဟာ လူစုမကွဲစေဘဲ အတူစုသွားကြကာ ထမင်းစားခန်းသို့ ရောက်လာကြသည်။ပထမအထပ်မှာထဲက အခုဒုတိယအထပ်အထိ မနားရသေးတာကြောင့် ဒီထမင်းစားခန်းရောက်တော့ လူတိုင်း ထိုင်လိုက်ကြသည်။
ထိုင်ခုံမလောက်ပေမဲ့ ကြမ်းပြင်မှာ ကတ္တီပါကော်ဇောတွေ ခင်းထားတာကြောင့် လွယ်လွယ်ကူကူ ထိုင်လိုက်ကြသည်။
"ငါတို့ ဒီရောက်ထဲက ဗိုက်ဆာသလို မခံစားရဘူးနော်"
အမွှာအငယ် ဖုဖန်ရဲ့စကားကို လူတိုင်းထောက်ခံကြသည်။သူတို့အခေါ်ခံလာရတုန်းက နေ့ခင်းထမင်းစားချိန် မလွှတ်ရသေးသဖြင့် ဘာမှမစားရသေးပေ။
သို့သော် တစ်ယောက်မှ ဗိုက်မဆာကြပါ။ထမင်းစားခန်းထဲမှာ ရေခဲသေတ္တာရှိသဖြင့် လူတိုင်း ထိုရေခဲသေတ္တာအား ကြည့်လိုက်သည်။
ဘယ်သူကမှ သွားမဖွင့်ရဲကြပေ။တစ်ခုခုဖြစ်မှာကို ကြောက်နေကြသည်။ထို့ကြောင့် ကြည့်ရုံသာ ကြည့်လိုက်ကြသည်။
"ကျန့်ကျန့်....ဗိုက်ဆာရင် ကိုယ်သွားဖွင့်ပေးမယ်"
ဝမ်ရိပေါ်က ရှောင်းကျန့် ရေခဲသေတ္တာကို ကြည့်နေတာကြောင့် မေးလိုက်ခြင်းဖြစ်သည်။
"ဟင့်အင်း....ငါဗိုက်မဆာပါဘူး...ဆာလည်း မစားချင်ဘူး"
"ဘာလို့လဲ"
"ချီးမပါချင်လို့"
လူတိုင်း "......"
Part (11)ဆက်ရန်....
Zawgyi
"သူမ ဘယ်လိုသေသွားတာလဲ"
"တစ်ခုခု မူမမှန်ဘူး"
Ding-dong
"ဘာဖြစ်လို့ မေးတာလဲ"
ဝမ်ရိပေါ် "......"
"ဘာလို့လဲ"
"ချီးမပါချင်လို့"
လူတိုင်း "......"
Part (11)ဆက်ရန်....
Advertisement
- In Serial238 Chapters
Memoirs of Your Local Small-time Villainess
An editor at the prime of her life—and with maybe just a little too much free time—finds herself waking up in one of her favorite RPGs with no clue as to what's going on or how to get back home. This might be the part where others rejoice over getting whisked away to a world of wizards and magic, but she certainly doesn't think it's anything to celebrate about. After all, she woke up in the body of a small-time villain with some severe personality issues. [participant in the Royal Road Writathon challenge]
8 134 - In Serial43 Chapters
Little Giant
A Mecha Fan tripped by fate, suddenly isekai'd into a fantasy world with the worst possible start. He is of the grass folk, small tiny bipedal people, with greenish skins and pointy grass hats. They are not fairies, but they are an offshoot. Some corners of the continent, people call them the fair folk, people who never intervenes, never intertwines, never do anything. Now discover the Journey of this Reborn and his struggles and his dreams of achieving to be a mecha pilot or a knight. Author Note #2 Will take couple weeks break after epilogue to backlog chapters for the second installment.
8 1063 - In Serial39 Chapters
Hush | on hold
"Your name?"When I stayed silent, he repeated himself. "Your name?""Jeyri." I let out quietly."And last name?""Rae...""Jeyri Rae..." He crouched down next to me and moved the hair from in front of my face, "I dislike when things get difficult, I end up doing things I'd much rather not do. Do you want to know what happened to the last person who made things difficult for me, hmm?" He asked, leaning into me. Is he talking about me calling the cops? He pressed his gun against my head and frowned, "You get it don't you?"I nodded quickly. "Good... And if you tell anyone what you saw today, I'll know." He pressed his finger against my lips and smiled, "So hush."
8 112 - In Serial14 Chapters
The Angry Birds Movie 2 (rewritten)
The birds and pigs are forced to work together to save their islands from being destroyed. Meanwhile, Aggie is still dealing with her break-up relationship with Red as she tried to control herself from sadness, anger, and jealousy when there's a new bird came to his life. WARNING: SPOILERS!
8 158 - In Serial17 Chapters
Maxing Out From the Start!
Okuma Sho is a NEET who spends all of his time playing an MMORPG, Adventurous. At the ripe age of 21, he locks himself in his bedroom of his parent's house with no job, girlfriend, or life. One day, however, his mother had enough and kicked him out. With no other choice, he slowly makes his way to town when he collapses. He starts coming up with a scheme to take revenge, but he suddenly dies from a crash-landing plane as his plan comes together. He is then met with a God-like voice who decides his fate- a second chance in a whole new world! How will Sho use this second chance? Will he stop his NEET life or finally work like the typical person? Or... something else?
8 192 - In Serial29 Chapters
The Revenge Of A Businessman
Amelia Isabella also known as Mia work as a secretary in the company of Gabriel & Sons which is later bought by Jacob Max the man who she always insults. Would Jacob be able to get revenge from Mia who has always insulted him in the public or not?
8 172