《Ding-dong(Season 1)(Completed)》(8)ဝင်္ကပါ
Advertisement
ရှောင်းကျန့်က ခဏလေးနဲ့ သတိပြန်ရလာခဲ့သည်။သူသတိရလာတော့ ဝမ်ရိပေါ်က သူ့ကို ပွေ့ဖက်ထားလေသည်။
တကယ်လို့ သူသာ ဒီလိုကြောက်လန့်ဖွယ်အခြေအနေထဲ ရောက်မနေပါက ဝမ်ရိပေါ်လေးကို ဟိုတယ်ခေါ်သွားပစ်မည်။ပြီးရင် သူ့အင်္ကျီတွေကို အားနဲ့ဆွဲဖြဲမည်။ဝမ်းဗိုက်ကြွက်သားတွေကိုလည်း ကိုက်ပစ်မည်။
သို့သော် အခုအခြေအနေအရ pa pa paလို့ရရင်တောင် လုပ်နေရင်းတန်းလန်းကြီးနဲ့ သရဲတွေသတ်တာ ခံလိုက်ရရင် နောက်ဘဝအထိ feelငုတ်နေလိမ့်မည်။
ထို့ကြောင့် သူ့မှာ မျက်စိထဲက အသားတုံးကို ကြည့်နေရုံ ရှုနေရုံကလွဲပြီး မစားနိုင်သေးပေ။
"ရှောင်းကျန့်....မင်းကလည်း အားအားရှိ မေ့လဲရတာနဲ့ ကြောက်လန့်နေရတာနဲ့....မကြာတော့ဘူး....မင်းသေတော့မှာ"
ရှောင်းကျန့် သူ့ကိုပြောနေသည့် ရီချုံးမိုကို ဘုကြည့်ကြည့်လိုက်ပြီး ဝမ်ရိပေါ်ကို သနားစဖွယ် ကြည့်လိုက်သည်။
"ရိပေါ်....ငါက စိတ်ပျက်ဖို့ ကောင်းနေလို့လားဟင်"
"မဟုတ်ပါဘူး....မင်းက နှစ်လိုဖွယ်အကောင်းဆုံးဘဲ"
"ငါက ချောကောချောရဲ့လား"
"အချောဆုံးဘဲ"
"ချစ်ဖို့ကော ကောင်းရဲ့လား"
"တစ်လောကလုံးမှာ ချစ်ဖို့အကောင်းဆုံးဘဲ"
"ရိပေါ်ကောကောကလည်း အကောင်းဆုံးဘဲ"
ဖန်မုဟန်နဲ့ ရီချုံးမိုဟာ ဒီမြင်ကွင်းကြောင့် အန်ချင်သည့်ပုံစံ လုပ်ပြနေကြသည်။ရှောင်းကျန့်ကတော့ သူတို့ကို ဂရုမစိုက်ပါ။သူ့ပါးပါးဆီက အမွေရလာသည့် ချွဲနည်းပေါင်းစုံနဲ့ ရအောင်ချွဲမှာဖြစ်သည်။
"ကဲ....အချိန်က တစ်နာရီပြည့်သွားပြီ....ငါတို့မှာ နောက်ထပ်တစ်နာရီဘဲ ကျန်တော့တာ...ဆက်ရှာရအောင်...မုံ့မုံ့က ကြောက်လန့်နေတုန်းမို့လို့ သူ့အစားပါ ငါတို့ပိုပြီး မြန်မြန်ရှာရအောင်"
အကုန်လုံး ခေါင်းညိတ်သဘောတူလိုက်ကြပြီး လှေကားကို လိုက်ရှာတော့သည်။အခုဆို ပုန်းနေသည့်လူတချို့ပါ လှေကားရှာနေကြသည်။
လှေကားရှာမတွေ့ရင် ဘာဖြစ်လာမလဲဆိုတာကို မပြောထားသည့်အတွက် လှေကားရှာတာက အကောင်းဆုံး ရွေးချယ်မှုမို့လို့ ယူဆထားကြသည်။
ရှောင်းကျန့် ဝမ်ရိပေါ်လက်ကို တွဲထားရင်း လှေကားရှာနေသည်။
"ပေါ်ပေါ်....လှေကားက ဘယ်မှာ ရှိနေတာလဲ"
"ဒီလျှောက်လမ်းအဆုံးမှာ"
"ဟမ်"
"ဒီလျှောက်လမ်းက ဝင်္ကပါလိုဘဲ....အဆုံးရောက်လို့ မရပ်လိုက်ရင် ရှေ့ကို ဆက်သွားလို့ ရနေသေးတာ...အဲ့တာကြောင့် မဆုံးတော့တာ....ကိုယ်တို့ ဒါကိုဘဲ လည်နေတာ အခေါက်၅၀ရှိနေပြီ"
"သိရဲ့သားနဲ့ ဘာလို့မပြောတာလဲ"
"မင်းက မေးမှမမေးတာ"
"......"
ရှောင်းကျန့်ဟာ ဒီဉာဏ်ကြီးရှင်ကြီးကို ဘာပြောရမှန်းတောင် မသိတော့ပေ။စစထဲက ပြောလိုက်ရင် သူတို့အခုဆို ဒုတိယအထပ်ရောက်နေလောက်ပြီ ဖြစ်သည်။
"ပေါ်ပေါ်....နောက်ဆို တစ်ခုခုသိတာနဲ့ ကျန့်ကျန့်ကို ပြောပြရမယ်နော်"
"အွန်း...ကိုယ်မင်းကို ပြောပြမယ်"
နောက်တော့ ရှောင်းကျန့်ဟာ ကျန်တဲ့လူတွေအား ထိုအကြောင်းပြောပြလိုက်ပြီး လျှောက်လမ်းအဆုံးကို ဝမ်ရိပေါ်အား လိုက်ပြခိုင်းတော့သည်။
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်လက်ကို လုံးဝမလွှတ်ဘဲ လူအများကြီးကို ဦးဆောင်လာခဲ့သည်။အခုအချိန်က လူများလေကောင်းလေဘဲမို့ အကုန်လုံးကို ဖြစ်နိုင်သမျှ ကယ်တင်ရမည်ဖြစ်သည်။
"ဟိုစာအုပ်စင်ရှိတဲ့နေရာက အဆုံးဘဲ....အဲ့ရောက်ရင် လူတိုင်း ရပ်လိုက်ရုံဘဲ"
လူတိုင်းမျှော်လင့်ချက်တွေနဲ့ ထိုနေရာကို အမြန်လေး ခြေလှမ်းလိုက်ကြသည်။ထိုနေရာကိုရောက်ရန် ငါးလှမ်းလောက်အလိုမှာ ခေါင်းလောင်းသံ ထွက်ပေါ်လာတော့သည်။
Ding-dong
ဒီတစ်ခါက အချက်နှစ်ဆယ်တိတိ မြည်ခဲ့လေသည်။လူတိုင်း ရပ်နေကြပြီး မလှုပ်ရှားကြသေးပေ။ထိုစဥ် သူတို့ လှေကားရှာနေတဲ့ လျှောက်လမ်းအဆုံးကန ထိုမကောင်းဆိုးဝါးသရဲတွေ ထွက်ပေါ်လာတော့သည်။
ရှောင်းကျန့်တို့အဖွဲ့ဟာ အရှေ့ဆုံးကမို့ သရဲတွေနဲ့ အနီးဆုံးဖြစ်သည်။ရှောင်းကျန့်ဟာ သူ့အရှေ့မှာ မျက်နှာကြီးပုပ်ပဲ့ကာ လောက်တွေတက်နေသည့် ရွံရှာဖွယ်မျက်နှာကြီးနဲ့ ဦးနှောက်ကို တီကောင်တွေ လှိုက်စားနေသည့် ဘီလူးပုံ သရဲကြီးကို မြင်လိုက်ရသည်။
သရဲတွေဟာ သေမဲ့လူနဲ့အရေအတွက်အတူတူဘဲမို့ အယောက်၂၀ဖြစ်လေသည်။ထိုသို့သော အုပ်စုလိုက်ကြီးကြောင့် အကုန်လုံး နောက်ပြန်ပြေးကြတော့သည်။
ဝမ်ရိပေါ်ဟာ ကြောက်လန့်ကာ မလှုပ်တော့သည့် ရှောင်ကျန့်ကို ကုန်းပိုးပြီး ပြေးရပြန်သည်။သူ့အနေနဲ့ ထိုသရဲတွေကို နိုင်ပါသော်လည်း ဒီလိုလူအများကြီးက ကာကွယ်ခိုင်းမှာကို မလိုချင်ပေ။သူက ရှောင်းကျန့်တစ်ယောက်ထဲအတွက် သီးသန့်ကာကွယ်သူဖြစ်သည်။
သို့သော် ရှောင်းကျန့်သူငယ်ချင်းတွေကိုလည်း မသေစေချင်တာမို့ သူ့ရဲ့တစ္ဆေအရှိန်အဝါကို ထုတ်လိုက်သည်။သူတို့က သရဲတွေနဲ့အနီးဆုံးမို့ သူတို့အဖွဲ့အား သရဲတွေမစားစေရန် ဖြစ်သည်။
ဝမ်ရိပေါ်ရဲ့အရှိန်အဝါကြောင့် သရဲတွေဟာ သူတို့ကိုကျော်သွားပြီး အရှေ့ကလူတွေကို သတ်လိုက်ကြသည်။ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကျောပေါ်ကနေ သူ့အရှေ့က လူတစ်ယောက်ရဲ့ခေါင်းကို သရဲက ဖြုတ်သွားတာကို မြင်လိုက်ရပြီး အခြားတစ်ယောက်ကိုကျ ဗိုက်ထဲက အူတွေကလီစာတွေကို ဆွဲထုတ်ပစ်လိုက်သည်။
အခြားမြင်ရတာတွေက ဓားအကြီးကြီးကိုင်ထားသည့်သရဲက သူတို့ကျောင်းကဆရာတစ်ယောက်ကို အစိတ်စိတ်အမွှာမွှာ ခုတ်ထစ်လိုက်တာကိုပင်။နေရာတိုင်းမှာ သွေးတွေချည်းဘဲ ဖြစ်နေကာ ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
သရဲတွေထွက်သွားတော့ တိတ်ဆိတ်နေတဲ့ ဒီလျှောက်လမ်းတစ်ခုလုံးမှာ နာကျည်းဖွယ်အော်ဟစ်သံတွေကို ကြားယောင်းနေမိသည်။
သေသွားတဲ့လူတွေရဲ့ အသားအပိုင်းအစတွေက ရွံရှာဖွယ်ဖြစ်နေပေမဲ့ ဒီအချိန်မှာတော့ သုတို့အားလုံး မရွံရှာနိုင်ပေ။ဘယ်အချိန် ကိုယ်ကလည်း ဒီလိုဖြစ်လာမလဲဆိုပြီး ကြောက်လန့်နေရတာဖြစ်သည်။
ပိုင်မုံ့မုံ့ဟာ ငိုနေပြီး ပိုင်ယန်စန်းတောင် တိတ်ဆိတ်နေသည်။အရင်က သတ်ဖြတ်တာတွေက ဒီလိုအလုံးလိုက်အရင်းလိုက်မဟုတ်သလို သတ်ဖြတ်တာတွေကလည်း အခုအခြေအနေလောက်မဆိုးပေ။
သူတို့အားလုံး အထပ်ပိုမြင့်လေ ပိုပြီးအန္တရာယ်များလာမှာကို သိပေမဲ့ အသက်ရှင်ဖို့ မျှော်လင့်ချက်လေးမို့ ရှေ့ဆက်ရဦးမည်ဖြစ်သည်။
ဝမ်ရိပေါ်ဟာ ကြောက်နေဆဲဖြစ်သည့် ရှောင်းကျန့်ကို ကုန်းပိုးနေရာကနေ ပွေ့ချီလိုက်သည်။
"မကြောက်ပါနဲ့....ကိုယ်ရှိတယ်....မင်းဘာမှမဖြစ်စေရဘူး"
"ဘယ်....ဘယ်လိုလုပ်မလဲ....ငါအဲ့လိုကြီး မသေချင်ဘူး...အနည်းဆုံးတော့ ကိုယ်အင်္ဂါစုံစုံလင်လင်လေးတော့ ဖြစ်ချင်တယ်"
"ဖြစ်စေရမယ်....ကိုယ်ကတိပေးတယ်"
ရှောင်းကျန့်က နှာတရှုံ့ရှုံ့နဲ့ ခေါင်းအဆက်မပြတ် ငြိမ့်လိုက်သည်။ထို့နောက် သူ့လိုဘဲ ထိတ်လန့်နေကြသည့် လူတွေကို စိတ်မကောင်းစွာ ကြည့်လိုက်တော့သည်။
Advertisement
"ရိပေါ်....သူတို့လည်း သနားဖို့ကောင်းတယ်နော်"
"အွန်း"
"မင်းလိုငါ့ကို ပွေ့ဖက်ပေးမဲ့သူတွေ မရှိရှာဘူး"
"......"
လူတိုင်း "......"
ရှောင်းကျန့်စကားကြားလိုက်သည့် လူတိုင်းဟာ သေရမှာမို့လို ငိုရတော့မလိုလို မသေခင်ရည်းစားမရလိုက်လို့ ငိုရတော့မလိုလိုတောင် ဖြစ်သွားတော့သည်။
Part (9)ဆက်ရန်.....
Zawgyi
ေရွာင္းက်န့္က ခဏေလးနဲ႕ သတိျပန္ရလာခဲ့သည္။သူသတိရလာေတာ့ ဝမ္ရိေပၚက သူ႕ကို ေပြ႕ဖက္ထားေလသည္။
တကယ္လို႔ သူသာ ဒီလိုေၾကာက္လန့္ဖြယ္အေျခအေနထဲ ေရာက္မေနပါက ဝမ္ရိေပၚေလးကို ဟိုတယ္ေခၚသြားပစ္မည္။ၿပီးရင္ သူ႕အကၤ်ီေတြကို အားနဲ႕ဆြဲၿဖဲမည္။ဝမ္းဗိုက္ႂကြက္သားေတြကိုလည္း ကိုက္ပစ္မည္။
သို႔ေသာ္ အခုအေျခအေနအရ pa pa paလို႔ရရင္ေတာင္ လုပ္ေနရင္းတန္းလန္းႀကီးနဲ႕ သရဲေတြသတ္တာ ခံလိုက္ရရင္ ေနာက္ဘဝအထိ feelငုတ္ေနလိမ့္မည္။
ထို႔ေၾကာင့္ သူ႕မွာ မ်က္စိထဲက အသားတုံးကို ၾကည့္ေန႐ုံ ရႈေန႐ုံကလြဲၿပီး မစားနိုင္ေသးေပ။
"ေရွာင္းက်န့္....မင္းကလည္း အားအားရွိ ေမ့လဲရတာနဲ႕ ေၾကာက္လန့္ေနရတာနဲ႕....မၾကာေတာ့ဘူး....မင္းေသေတာ့မွာ"
ေရွာင္းက်န့္ သူ႕ကိုေျပာေနသည့္ ရီခ်ဳံးမိုကို ဘုၾကည့္ၾကည့္လိုက္ၿပီး ဝမ္ရိေပၚကို သနားစဖြယ္ ၾကည့္လိုက္သည္။
"ရိေပၚ....ငါက စိတ္ပ်က္ဖို႔ ေကာင္းေနလို႔လားဟင္"
"မဟုတ္ပါဘူး....မင္းက ႏွစ္လိုဖြယ္အေကာင္းဆုံးဘဲ"
"ငါက ေခ်ာေကာေခ်ာရဲ႕လား"
"အေခ်ာဆုံးဘဲ"
"ခ်စ္ဖို႔ေကာ ေကာင္းရဲ႕လား"
"တစ္ေလာကလုံးမွာ ခ်စ္ဖို႔အေကာင္းဆုံးဘဲ"
"ရိေပၚေကာေကာကလည္း အေကာင္းဆုံးဘဲ"
ဖန္မုဟန္နဲ႕ ရီခ်ဳံးမိုဟာ ဒီျမင္ကြင္းေၾကာင့္ အန္ခ်င္သည့္ပုံစံ လုပ္ျပေနၾကသည္။ေရွာင္းက်န့္ကေတာ့ သူတို႔ကို ဂ႐ုမစိုက္ပါ။သူ႕ပါးပါးဆီက အေမြရလာသည့္ ခြၽဲနည္းေပါင္းစုံနဲ႕ ရေအာင္ခြၽဲမွာျဖစ္သည္။
"ကဲ....အခ်ိန္က တစ္နာရီျပည့္သြားၿပီ....ငါတို႔မွာ ေနာက္ထပ္တစ္နာရီဘဲ က်န္ေတာ့တာ...ဆက္ရွာရေအာင္...မုံ႕မုံ႕က ေၾကာက္လန့္ေနတုန္းမို႔လို႔ သူ႕အစားပါ ငါတို႔ပိုၿပီး ျမန္ျမန္ရွာရေအာင္"
အကုန္လုံး ေခါင္းညိတ္သေဘာတူလိုက္ၾကၿပီး ေလွကားကို လိုက္ရွာေတာ့သည္။အခုဆို ပုန္းေနသည့္လူတခ်ိဳ႕ပါ ေလွကားရွာေနၾကသည္။
ေလွကားရွာမေတြ႕ရင္ ဘာျဖစ္လာမလဲဆိုတာကို မေျပာထားသည့္အတြက္ ေလွကားရွာတာက အေကာင္းဆုံး ေ႐ြးခ်ယ္မႈမို႔လို႔ ယူဆထားၾကသည္။
ေရွာင္းက်န့္ ဝမ္ရိေပၚလက္ကို တြဲထားရင္း ေလွကားရွာေနသည္။
"ေပၚေပၚ....ေလွကားက ဘယ္မွာ ရွိေနတာလဲ"
"ဒီေလွ်ာက္လမ္းအဆုံးမွာ"
"ဟမ္"
"ဒီေလွ်ာက္လမ္းက ဝကၤပါလိုဘဲ....အဆုံးေရာက္လို႔ မရပ္လိုက္ရင္ ေရွ႕ကို ဆက္သြားလို႔ ရေနေသးတာ...အဲ့တာေၾကာင့္ မဆုံးေတာ့တာ....ကိုယ္တို႔ ဒါကိုဘဲ လည္ေနတာ အေခါက္၅၀ရွိေနၿပီ"
"သိရဲ႕သားနဲ႕ ဘာလို႔မေျပာတာလဲ"
"မင္းက ေမးမွမေမးတာ"
"......"
ေရွာင္းက်န့္ဟာ ဒီဉာဏ္ႀကီးရွင္ႀကီးကို ဘာေျပာရမွန္းေတာင္ မသိေတာ့ေပ။စစထဲက ေျပာလိုက္ရင္ သူတို႔အခုဆို ဒုတိယအထပ္ေရာက္ေနေလာက္ၿပီ ျဖစ္သည္။
"ေပၚေပၚ....ေနာက္ဆို တစ္ခုခုသိတာနဲ႕ က်န့္က်န့္ကို ေျပာျပရမယ္ေနာ္"
"အြန္း...ကိုယ္မင္းကို ေျပာျပမယ္"
ေနာက္ေတာ့ ေရွာင္းက်န့္ဟာ က်န္တဲ့လူေတြအား ထိုအေၾကာင္းေျပာျပလိုက္ၿပီး ေလွ်ာက္လမ္းအဆုံးကို ဝမ္ရိေပၚအား လိုက္ျပခိုင္းေတာ့သည္။
ဝမ္ရိေပၚဟာ ေရွာင္းက်န့္လက္ကို လုံးဝမလႊတ္ဘဲ လူအမ်ားႀကီးကို ဦးေဆာင္လာခဲ့သည္။အခုအခ်ိန္က လူမ်ားေလေကာင္းေလဘဲမို႔ အကုန္လုံးကို ျဖစ္နိုင္သမွ် ကယ္တင္ရမည္ျဖစ္သည္။
"ဟိုစာအုပ္စင္ရွိတဲ့ေနရာက အဆုံးဘဲ....အဲ့ေရာက္ရင္ လူတိုင္း ရပ္လိုက္႐ုံဘဲ"
လူတိုင္းေမွ်ာ္လင့္ခ်က္ေတြနဲ႕ ထိုေနရာကို အျမန္ေလး ေျခလွမ္းလိုက္ၾကသည္။ထိုေနရာကိုေရာက္ရန္ ငါးလွမ္းေလာက္အလိုမွာ ေခါင္းေလာင္းသံ ထြက္ေပၚလာေတာ့သည္။
Ding-dong
ဒီတစ္ခါက အခ်က္ႏွစ္ဆယ္တိတိ ျမည္ခဲ့ေလသည္။လူတိုင္း ရပ္ေနၾကၿပီး မလႈပ္ရွားၾကေသးေပ။ထိုစဥ္ သူတို႔ ေလွကားရွာေနတဲ့ ေလွ်ာက္လမ္းအဆုံးကန ထိုမေကာင္းဆိုးဝါးသရဲေတြ ထြက္ေပၚလာေတာ့သည္။
ေရွာင္းက်န့္တို႔အဖြဲ႕ဟာ အေရွ႕ဆုံးကမို႔ သရဲေတြနဲ႕ အနီးဆုံးျဖစ္သည္။ေရွာင္းက်န့္ဟာ သူ႕အေရွ႕မွာ မ်က္ႏွာႀကီးပုပ္ပဲ့ကာ ေလာက္ေတြတက္ေနသည့္ ႐ြံရွာဖြယ္မ်က္ႏွာႀကီးနဲ႕ ဦးႏွောက္ကို တီေကာင္ေတြ လွိုက္စားေနသည့္ ဘီလူးပုံ သရဲႀကီးကို ျမင္လိုက္ရသည္။
သရဲေတြဟာ ေသမဲ့လူနဲ႕အေရအတြက္အတူတူဘဲမို႔ အေယာက္၂၀ျဖစ္ေလသည္။ထိုသို႔ေသာ အုပ္စုလိုက္ႀကီးေၾကာင့္ အကုန္လုံး ေနာက္ျပန္ေျပးၾကေတာ့သည္။
ဝမ္ရိေပၚဟာ ေၾကာက္လန့္ကာ မလႈပ္ေတာ့သည့္ ေရွာင္က်န့္ကို ကုန္းပိုးၿပီး ေျပးရျပန္သည္။သူ႕အေနနဲ႕ ထိုသရဲေတြကို နိုင္ပါေသာ္လည္း ဒီလိုလူအမ်ားႀကီးက ကာကြယ္ခိုင္းမွာကို မလိုခ်င္ေပ။သူက ေရွာင္းက်န့္တစ္ေယာက္ထဲအတြက္ သီးသန့္ကာကြယ္သူျဖစ္သည္။
သို႔ေသာ္ ေရွာင္းက်န့္သူငယ္ခ်င္းေတြကိုလည္း မေသေစခ်င္တာမို႔ သူ႕ရဲ႕တစ္ေဆအရွိန္အဝါကို ထုတ္လိုက္သည္။သူတို႔က သရဲေတြနဲ႕အနီးဆုံးမို႔ သူတို႔အဖြဲ႕အား သရဲေတြမစားေစရန္ ျဖစ္သည္။
ဝမ္ရိေပၚရဲ႕အရွိန္အဝါေၾကာင့္ သရဲေတြဟာ သူတို႔ကိုေက်ာ္သြားၿပီး အေရွ႕ကလူေတြကို သတ္လိုက္ၾကသည္။ေရွာင္းက်န့္ဟာ ဝမ္ရိေပၚေက်ာေပၚကေန သူ႕အေရွ႕က လူတစ္ေယာက္ရဲ႕ေခါင္းကို သရဲက ျဖဳတ္သြားတာကို ျမင္လိုက္ရၿပီး အျခားတစ္ေယာက္ကိုက် ဗိုက္ထဲက အူေတြကလီစာေတြကို ဆြဲထုတ္ပစ္လိုက္သည္။
အျခားျမင္ရတာေတြက ဓားအႀကီးႀကီးကိုင္ထားသည့္သရဲက သူတို႔ေက်ာင္းကဆရာတစ္ေယာက္ကို အစိတ္စိတ္အမႊာမႊာ ခုတ္ထစ္လိုက္တာကိုပင္။ေနရာတိုင္းမွာ ေသြးေတြခ်ည္းဘဲ ျဖစ္ေနကာ ေၾကာက္မက္ဖြယ္ေကာင္းေနေတာ့သည္။
သရဲေတြထြက္သြားေတာ့ တိတ္ဆိတ္ေနတဲ့ ဒီေလွ်ာက္လမ္းတစ္ခုလုံးမွာ နာက်ည္းဖြယ္ေအာ္ဟစ္သံေတြကို ၾကားေယာင္းေနမိသည္။
ေသသြားတဲ့လူေတြရဲ႕ အသားအပိုင္းအစေတြက ႐ြံရွာဖြယ္ျဖစ္ေနေပမဲ့ ဒီအခ်ိန္မွာေတာ့ သုတို႔အားလုံး မ႐ြံရွာနိုင္ေပ။ဘယ္အခ်ိန္ ကိုယ္ကလည္း ဒီလိုျဖစ္လာမလဲဆိုၿပီး ေၾကာက္လန့္ေနရတာျဖစ္သည္။
ပိုင္မုံ႕မုံ႕ဟာ ငိုေနၿပီး ပိုင္ယန္စန္းေတာင္ တိတ္ဆိတ္ေနသည္။အရင္က သတ္ျဖတ္တာေတြက ဒီလိုအလုံးလိုက္အရင္းလိုက္မဟုတ္သလို သတ္ျဖတ္တာေတြကလည္း အခုအေျခအေနေလာက္မဆိုးေပ။
သူတို႔အားလုံး အထပ္ပိုျမင့္ေလ ပိုၿပီးအႏၱရာယ္မ်ားလာမွာကို သိေပမဲ့ အသက္ရွင္ဖို႔ ေမွ်ာ္လင့္ခ်က္ေလးမို႔ ေရွ႕ဆက္ရဦးမည္ျဖစ္သည္။
ဝမ္ရိေပၚဟာ ေၾကာက္ေနဆဲျဖစ္သည့္ ေရွာင္းက်န့္ကို ကုန္းပိုးေနရာကေန ေပြ႕ခ်ီလိုက္သည္။
"မေၾကာက္ပါနဲ႕....ကိုယ္ရွိတယ္....မင္းဘာမွမျဖစ္ေစရဘူး"
"ဘယ္....ဘယ္လိုလုပ္မလဲ....ငါအဲ့လိုႀကီး မေသခ်င္ဘူး...အနည္းဆုံးေတာ့ ကိုယ္အဂၤါစုံစုံလင္လင္ေလးေတာ့ ျဖစ္ခ်င္တယ္"
"ျဖစ္ေစရမယ္....ကိုယ္ကတိေပးတယ္"
ေရွာင္းက်န့္က ႏွာတရႈံ႕ရႈံ႕နဲ႕ ေခါင္းအဆက္မျပတ္ ၿငိမ့္လိုက္သည္။ထို႔ေနာက္ သူ႕လိုဘဲ ထိတ္လန့္ေနၾကသည့္ လူေတြကို စိတ္မေကာင္းစြာ ၾကည့္လိုက္ေတာ့သည္။
"ရိေပၚ....သူတို႔လည္း သနားဖို႔ေကာင္းတယ္ေနာ္"
"အြန္း"
"မင္းလိုငါ့ကို ေပြ႕ဖက္ေပးမဲ့သူေတြ မရွိရွာဘူး"
"......"
လူတိုင္း "......"
ေရွာင္းက်န့္စကားၾကားလိုက္သည့္ လူတိုင္းဟာ ေသရမွာမို႔လို ငိုရေတာ့မလိုလို မေသခင္ရည္းစားမရလိုက္လို႔ ငိုရေတာ့မလိုလိုေတာင္ ျဖစ္သြားေတာ့သည္။
Part (9)ဆက္ရန္.....
Advertisement
- In Serial11 Chapters
Starlight Assassin
Set in the city of Valeris, the Starlight Assassin is a fantasy adventure following a young man and his adventures with strange occurrences and people in the city. Dark things lurk around every corner; not everyone is strong enough to survive unscathed. Edit: Short Permanent hiatus. Author's note: Traumatizing content tag exists for creative freedom in future chapters and because I don't know exactly what content is traumatizing. Blood and swearing will be present. No sexual content whatsoever. I really have no idea how to sum up everything properly, and even if I could, I feel I would rather have you dive in without any expectations.
8 159 - In Serial30 Chapters
Emperor's Journey
TIME IS MY AGE, I TRAVEL FOR KNOWLEDGE, WORLDS ARE MY PLAYGROUND, I AM THE DESTROYER, I AM THE EMPEROR. THIS IS MY STORY.
8 203 - In Serial99 Chapters
The Chase (Harry Styles)
What would life be like if you used to date Harry Styles before he famous? How would you act towards him when he comes back for you 3 years later? Meet Angie, a girl who knows the answers to those questions! Angie finds herself on an adventure of a lifetime with One Direction, that is simply her love life. Things go all wrong, but it's never to late for love. Correct? Maybe not...
8 233 - In Serial29 Chapters
Bloodthirsty
Brianna was turned over 1,000 years ago against her will. She had no choice to adapt to the Vampire ways and become the top Assaian and protect her clan. Her father was extremely protective and trained her every day since the tender age of five. He sent her on missions that no child should endure. She learned how to use every weapon that was given to her. She was lethal and deadly. Could this Assassin learn to trust anyone or was she doomed to be alone for the rest of her endless days? Did anyone stand a chance with her? Would anyone win the love of a non-existent heart that no longer beat in her chest? Would she faded away and lose a piece of herself with every assignment she took on?
8 428 - In Serial13 Chapters
Another World With The Skyrim System!
Basically, Grant Chambers was summoned to another world with a system called the Skyrim System... there done, description over, where's my paycheck!?
8 129 - In Serial30 Chapters
The Kanej Story [COMPLETED]
Based off of the Duology 'Six of Crows by Leigh Bardugo'.A Kanej story. Some profanity. (Possibly a lot) Basically Kaz loses his gloves and Inej looks for them. Then they get in a fight and she leaves. How does Kaz deal with it?.....not well. __________________________________________I have atrocious grammar and Spelling. And I do not know why but I just capitalize stuff that doesn't need to be. So beware.Highest ranking: #1 in kanej#1 in jesperfahey#1 in inejghafa
8 229

