《Ding-dong(Season 1)(Completed)》(3)ငါ့ကို သရဲက ချစ်သွားပြီ
Advertisement
ရှောင်းကျန့် ကျောင်းဆင်းတော့ ပင်ပန်းနေလေပြီ။အကြောင်းကတော့ နေရာတကာ ပါလေသူကြီးပီပီ အတန်းခေါင်းဆောင်ဖြစ်နေသဖြင့် ဆရာမတွေအခန်းကို ခေါက်တုံ့ခေါက်ပြန် သွားနေရလို့ ဖြစ်သည်။
သူတို့အတန်းက အပေါ်ထပ်မှာမို့ လှေကားကနေ ဆင်းနေချိန်မှာ ခြေချော်ကာ ပြုတ်ကျမလို ဖြစ်သွားလေသည်။
ဖန်မုဟန်နဲ့ ရီချုံမိုလည်း အလန့်တကြား ဖြစ်သွားသည်။သူတို့က ရှောင်းကျန့်ထက် လှေကားဆင့်ငါးဆင့်စာ နောက်ကျနေသည်မို့ လှမ်းဆွဲလို့ မရပေ။
ရှောင်းကျန့်တစ်ယောက် သူပြုတ်ကျတော့မယ်လို့ ထင်လိုက်စဥ် တစ်ယောက်ယောက်က သူ့ခါးကို ပွေ့လိုက်သလို ခံစားရသည်။
ထို့နောက် ကိုယ်က တစ်ပတ်လည်သွားပြီး ဟန်ချက်ထိန်းနိုင်သွားသည်။ဖန်မုဟန်တို့တောင် မျက်လုံးမှောက်သလို ခံစားလိုက်ရသည်။
"ရှောင်းကျန့်.....မိုက်လှချည်လားကွ"
ရှောင်းကျန့် အထိတ်တလန့်နဲ့ တစ်ခုခု မူမမှန်သလို ခံစားနေရသော်လည်း သူ့ကို မြှောက်ပြောနေတဲ့စကားကြောင့် မျက်နှာကို မော့လိုက်လေသည်။
"ဒါပေါ့....ငါ့လို အရာရာမှာ ပြီးပြည့်စုံတဲ့သူတစ်ယောက်က လှေကားကနေ ပြုတ်ကျပါ့မလား...ပြီးတော့ ငါက မင်းတို့လို ငပျော့တွေမဟုတ်တော့ ဟန်ချက်ကို အသာလေး ထိန်းလိုက်နိုင်တယ်လေ"
"ကံကောင်းသွားလို့ပါ....မင်းလို မီတာ၁၀၀ကို နောက်ဆုံးမှ ပန်းဝင်တဲ့သူကများ လေကြီးနေတယ်"
"ဟုတ်တယ်....အားကစားပွဲတိုင်း ပါပေမဲ့ ဘယ်နှခါများ ဆုရဖူးလို့လဲ"
ရှောင်းကျန့် သူ့ကို ဘေးပြောနေတဲ့ ထိုနှစ်ယောက်အား မျက်မှန်ကြီးနဲ့ မျက်စောင်းထိုးရင်း အဆောင်ကိုသာ ပြန်တော့သည်။
လမ်းတစ်လျှောက်မှာ ရှိနေသည့် ဝိဉာဥ်သရဲတွေကတော့ ရှောင်းကျန့်အနောက်က အရိပ်မဲတစ်ခုကြောင့် ရှောင်းကျန့်တို့ကို ဝေးဝေးကသာ ရှောင်ကြတော့သည်။
............
အဆောင်ပြန်ရောက်တော့ လန်းဆန်းအောင် ရေချိုးခန်းထဲကို ရှောင်းကျန့်တစ်ယောက် မျက်မှန်ချွတ်ပြီး ဝင်တော့သည်။ရေပန်းကရေတွေ သူ့ခေါင်းကို ကျချိန်မှာ စိတ်လည်းလန်းဆန်းသွားသည်။
ထို့နောက် ခုနက ကိစ္စကို ပြန်တွေးမိသည်။သူ့လို လူပျော့လေးက ပြုတ်မကျအောင် ဟန်ချက်ထိန်းနိုင်တာက မဖြစ်နိုင်ပေ။
စဥ်းစားရင်း လက်ကအကျင့်ပါနေသည့် မျက်မှန်ကို ပင့်တင်ချင်ပေမဲ့ မျက်မှန်မပါတာကြောင့် တင်ပါးကိုသာ ကုတ်နေလိုက်သည်။
ရေချိုးပြီးတော့ တဘက်ဖြင့် ကိုယ်ကိုသုတ်ကာ ယူလာတဲ့ ညအိပ်ဝတ်စုံကို ဝတ်လိုက်သည်။မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်း စိတ်ချမ်းသာမိသည်။
သူမျက်မှန်တပ်ရတာဟာ မျက်စိမှုန်နေလို့ မဟုတ်ပါ။သူ့မျက်မှန်မှာ ဘာပါဝါမှ မပါပေ။တကယ်က သူက ရုပ်ချောလွန်းတာကြောင့် ရုပ်နည်းနည်းလေးဘဲ ချောအောင် မျက်မှန်နဲ့ ရုပ်ဖျက်လိုက်တာ ဖြစ်သည်။
"ရုပ်ချောတာလည်း ကောင်းတာပါလား....ကျောင်းကို စောင့်ရှောက်တဲ့ နတ်သမီးတွေက ငါ့ကို ကြွေသွားလို့ လှေကားပေါ်က လှမ်းဆွဲလိုက်တာနေမယ်"
သူစကားပြောပြီးနဲ့ သူ့လည်ပင်းက စူးခနဲ နာကျင်သွားပြီး စကားသံတိုးတိုးတစ်ခုကို ကြားလိုက်ရသည်။
"ကိုယ်က နတ်သမီးမဟုတ်ပါဘူး"
"......"
ရှောင်းကျန့် ကြောင်အသွားပြီး ဘေးဘီကို ဝေ့ကြည့်တော့သည်။ဘယ်သူ့ကိုမှ မတွေ့ရပေ။ထို့နောက် သူ့လည်ပင်းမှာ ရဲနေသည့် ကိုက်ရာကြီးကို မြင်လိုက်ချိန်မှာ ငယ်သံပါအောင် အော်တော့သည်။
"အားးး......သရဲ....သရဲ....သရဲ"
ဖန်မုဟန်နဲ့ ရီချုံးမိုတို့ဟာ အမြန်ပင် ရေချိုးခန်းထဲ ဝင်လာကြသည်။
"ရှောင်းကျန့်....ဘာဖြစ်တာလဲ"
"ဘာကိုတွေ့လို့လဲ"
"ငါ....ငါလေ...."
"အွန်း"
"ငါ့ကိုလေ"
"အွန်း"
"သရဲက ချစ်သွားပြီထင်တယ်...မကြာခင်မှာ ငါ့ကို မဒိန်းကျင့်ပြီး သတ်တော့မယ်တဲ့တူတယ်"
"......"
"ရှောင်းကျန့်....မင်းလန့်ပြီးတော့ ရူးသွားတာလား"
"မဟုတ်ပါဘူး...တကယ်ပါဆို...ငါ့လည်ပင်းကို လာကိုက်သွားတယ်...ပထမဆုံးကိုတောင် လည်ပင်းကိုက်ရင် နောက်တစ်ခါကျရင် ရင်ဘတ်လား တင်ပါးလား ဘယ်သူသိမလဲ"
"ပြကြည့်..... "
"ဘာကိုလဲ... ငါ့တင်ပါးဖွေးဖွေးလေးကိုလား....မပြနိုင်ပါဘူးနော် ....ငါ့အနာဂတ်ယောကျ်ားအတွက်"
"ငါထုထည့်လိုက်ရ....ချုံးမိုက မင်းရဲ့ကိုက်ရာကို ပြခိုင်းနေတာ"
"အော်....ဒီမှာလေ...ငါ့ကို ကိုက်သွားတာ"
ရှောင်းကျန့် သူ့ရဲ့ကိုက်ရာကြီးကို ပြလိုက်သည်။
"တွေ့တယ်မလား...အဲ့သရဲ ငါ့ကို ဘယ်လောက်တောင် ချစ်လဲဆိုတာ...သွေးထွက်အောင်တောင် မကိုက်သွားဘူး"
"ကိုက်ရာကို ကြည့်လိုက်တော့....လူကိုက်ထားတာဘဲ...ဘယ်လိုမှ သရဲမဖြစ်နိုင်ဘူး"
"ဖန်မုဟန်....မင်းမျက်လုံးကန်းနေတာလား .....သရဲမကိုက်ရင် ဘယ်သူကိုက်မှာလဲလို့"
"မင်းဘာသာမင်း ကိုက်ထားတာနေမှာပေါ့"
"ငါက ငါ့ဇတ်ကိုငါချိုးပြီး ငါ့လည်ပင်းကို ကိုက်ရမှာလား...တုံးလိုက်တာ...တုံးတယ်ပြောရင်လည်း ဘဝင်မြင့်ဦးမယ်...ချီးဦးနှောက်နဲ့ငါ့ကို လာပြောနေတယ်"
"မသိဘူးကွာ...မင်းဘာသာ ဘာဖြစ်ဖြစ် ငါတို့နဲ့မဆိုင်ဘူး"
ရှောင်းကျန့် ထိုနှစ်ယောက်ကို ခြေထောက်နဲ့ ကန်လိုက်ပြီး ရေချိုးခန်းထဲက ထွက်တော့သည်။တစ်ခန်းမှာ လေးယောက်နေလို့ရသော်လည်း ရှောင်းကျန့်တို့အခန်းမှာက သုံးယောက်သာ ရှိသည်။
"ရှောင်းကျန့်.....မင်းကိုကိုက်တာ သရဲထီးလို့ မင်းထင်နေတာမလား... သရဲမဆိုရင်ကော"
"သရဲမဆိုရင် ပိုဆိုးသွားပြီ...သရဲထီးကမှ တော်သေးတယ်"
"ဘာလို့လဲ"
"ငါက မွေးကတည်းက ကွေးနေတာလေ"
ဖန်မုဟန်နဲ့ ရီချုံမိုတို့ နှစ်ယောက်ဟာ ကိုယ့်ရင်ဘက်ကိုယ် လက်ယှက်ပြီး ရှောင်းကျန့်ကို သတိထားကာ ကြည့်နေကြသည်။
"မင်းတို့နှစ်ယောက်ကို အရှင်မပြောနဲ့ သေရင်တောင် လှည့်မကြည့်ဘူးရှင်းလား"
"ငါတို့လည်း ချောပါတယ်နော်"
"ချောတာ ဘာလုပ်လို့ရလို့လဲ....ငါ့ပါးပါးက ငါ့ကို သူမသေခင်မှာခဲ့တယ်....ကျန့်ကျန့်....ဘယ်တော့မှ ကိုယ်က လုပ်ကျွေးရမဲ့ မိန်းမကို မယူနဲ့တဲ့... ကိုယ့်ကို လုပ်ကျွေးမဲ့ယောကျ်ားသာ ရှာပါတဲ့"
Advertisement
"မင်းပါးပါးက ဘာလို့အဲ့လိုပြောခဲ့တာလဲ"
"သူလည်း ကွေးနေလို့လေ...ငါ့ကို အငှားကိုယ်ဝန်နဲ့ မွေးထားတာ...ငါ့မှာ မားမရှိဘူး....ပါးပါးနှစ်ယောက်ဘဲရှိတာ...အခုတော့ ပါးပါးတစ်ယောက်ဘဲ ရှိတော့တာပေါ့"
"တောင်းပန်ပါတယ်...မင်းကို ဝမ်နည်းစရာတွေကို တွေးစေမိပြီ"
"မဟုတ်ပါဘူး...ငါတွေးနေတာက ငါဒီလောက်ရုပ်ချောတာတောင် ရည်းစားမရသေးတာကိုဘဲ"
"......"
"ချောလွန်းလို့ မကပ်ရဲကြတာများလား"
"....."
"ဒါမှမဟုတ် မင်းတို့နှစ်ကောင်က ငါ့ကိုကြိုက်နေလို့ ငါ့ကို ကြိုက်တဲ့သူတွေကို အဝေးပို့နေတာလား"
နောက်ဆုံးတော့ ရှောင်းကျန့်တစ်ယောက် ဖန်မုဟန်နဲ့ ရီချုံမိုတို့ရဲ့ ထုထောင်းတာကို ခံလိုက်ရပါတော့သည်။
Part (4)ဆက်ရန်....
Zawgyi
ေရွာင္းက်န့္ ေက်ာင္းဆင္းေတာ့ ပင္ပန္းေနေလၿပီ။အေၾကာင္းကေတာ့ ေနရာတကာ ပါေလသူႀကီးပီပီ အတန္းေခါင္းေဆာင္ျဖစ္ေနသျဖင့္ ဆရာမေတြအခန္းကို ေခါက္တုံ႕ေခါက္ျပန္ သြားေနရလို႔ ျဖစ္သည္။
သူတို႔အတန္းက အေပၚထပ္မွာမို႔ ေလွကားကေန ဆင္းေနခ်ိန္မွာ ေျခေခ်ာ္ကာ ျပဳတ္က်မလို ျဖစ္သြားေလသည္။
ဖန္မုဟန္နဲ႕ ရီခ်ဳံမိုလည္း အလန့္တၾကား ျဖစ္သြားသည္။သူတို႔က ေရွာင္းက်န့္ထက္ ေလွကားဆင့္ငါးဆင့္စာ ေနာက္က်ေနသည္မို႔ လွမ္းဆြဲလို႔ မရေပ။
ေရွာင္းက်န့္တစ္ေယာက္ သူျပဳတ္က်ေတာ့မယ္လို႔ ထင္လိုက္စဥ္ တစ္ေယာက္ေယာက္က သူ႕ခါးကို ေပြ႕လိုက္သလို ခံစားရသည္။
ထို႔ေနာက္ ကိုယ္က တစ္ပတ္လည္သြားၿပီး ဟန္ခ်က္ထိန္းနိုင္သြားသည္။ဖန္မုဟန္တို႔ေတာင္ မ်က္လုံးေမွာက္သလို ခံစားလိုက္ရသည္။
"ေရွာင္းက်န့္.....မိုက္လွခ်ည္လားကြ"
ေရွာင္းက်န့္ အထိတ္တလန့္နဲ႕ တစ္ခုခု မူမမွန္သလို ခံစားေနရေသာ္လည္း သူ႕ကို ျမႇောက္ေျပာေနတဲ့စကားေၾကာင့္ မ်က္ႏွာကို ေမာ့လိုက္ေလသည္။
"ဒါေပါ့....ငါ့လို အရာရာမွာ ၿပီးျပည့္စုံတဲ့သူတစ္ေယာက္က ေလွကားကေန ျပဳတ္က်ပါ့မလား...ၿပီးေတာ့ ငါက မင္းတို႔လို ငေပ်ာ့ေတြမဟုတ္ေတာ့ ဟန္ခ်က္ကို အသာေလး ထိန္းလိုက္နိုင္တယ္ေလ"
"ကံေကာင္းသြားလို႔ပါ....မင္းလို မီတာ၁၀၀ကို ေနာက္ဆုံးမွ ပန္းဝင္တဲ့သူကမ်ား ေလႀကီးေနတယ္"
"ဟုတ္တယ္....အားကစားပြဲတိုင္း ပါေပမဲ့ ဘယ္ႏွခါမ်ား ဆုရဖူးလို႔လဲ"
ေရွာင္းက်န့္ သူ႕ကို ေဘးေျပာေနတဲ့ ထိုႏွစ္ေယာက္အား မ်က္မွန္ႀကီးနဲ႕ မ်က္ေစာင္းထိုးရင္း အေဆာင္ကိုသာ ျပန္ေတာ့သည္။
လမ္းတစ္ေလွ်ာက္မွာ ရွိေနသည့္ ဝိဉာဥ္သရဲေတြကေတာ့ ေရွာင္းက်န့္အေနာက္က အရိပ္မဲတစ္ခုေၾကာင့္ ေရွာင္းက်န့္တို႔ကို ေဝးေဝးကသာ ေရွာင္ၾကေတာ့သည္။
............
အေဆာင္ျပန္ေရာက္ေတာ့ လန္းဆန္းေအာင္ ေရခ်ိဳးခန္းထဲကို ေရွာင္းက်န့္တစ္ေယာက္ မ်က္မွန္ခြၽတ္ၿပီး ဝင္ေတာ့သည္။ေရပန္းကေရေတြ သူ႕ေခါင္းကို က်ခ်ိန္မွာ စိတ္လည္းလန္းဆန္းသြားသည္။
ထို႔ေနာက္ ခုနက ကိစၥကို ျပန္ေတြးမိသည္။သူ႕လို လူေပ်ာ့ေလးက ျပဳတ္မက်ေအာင္ ဟန္ခ်က္ထိန္းနိုင္တာက မျဖစ္နိုင္ေပ။
စဥ္းစားရင္း လက္ကအက်င့္ပါေနသည့္ မ်က္မွန္ကို ပင့္တင္ခ်င္ေပမဲ့ မ်က္မွန္မပါတာေၾကာင့္ တင္ပါးကိုသာ ကုတ္ေနလိုက္သည္။
ေရခ်ိဳးၿပီးေတာ့ တဘက္ျဖင့္ ကိုယ္ကိုသုတ္ကာ ယူလာတဲ့ ညအိပ္ဝတ္စုံကို ဝတ္လိုက္သည္။မွန္ေရွ႕မွာ ကိုယ့္ကိုယ္ကို ျပန္ၾကည့္ရင္း စိတ္ခ်မ္းသာမိသည္။
သူမ်က္မွန္တပ္ရတာဟာ မ်က္စိမႈန္ေနလို႔ မဟုတ္ပါ။သူ႕မ်က္မွန္မွာ ဘာပါဝါမွ မပါေပ။တကယ္က သူက ႐ုပ္ေခ်ာလြန္းတာေၾကာင့္ ႐ုပ္နည္းနည္းေလးဘဲ ေခ်ာေအာင္ မ်က္မွန္နဲ႕ ႐ုပ္ဖ်က္လိုက္တာ ျဖစ္သည္။
"႐ုပ္ေခ်ာတာလည္း ေကာင္းတာပါလား....ေက်ာင္းကို ေစာင့္ေရွာက္တဲ့ နတ္သမီးေတြက ငါ့ကို ေႂကြသြားလို႔ ေလွကားေပၚက လွမ္းဆြဲလိုက္တာေနမယ္"
သူစကားေျပာၿပီးနဲ႕ သူ႕လည္ပင္းက စူးခနဲ နာက်င္သြားၿပီး စကားသံတိုးတိုးတစ္ခုကို ၾကားလိုက္ရသည္။
"ကိုယ္က နတ္သမီးမဟုတ္ပါဘူး"
"......"
ေရွာင္းက်န့္ ေၾကာင္အသြားၿပီး ေဘးဘီကို ေဝ့ၾကည့္ေတာ့သည္။ဘယ္သူ႕ကိုမွ မေတြ႕ရေပ။ထို႔ေနာက္ သူ႕လည္ပင္းမွာ ရဲေနသည့္ ကိုက္ရာႀကီးကို ျမင္လိုက္ခ်ိန္မွာ ငယ္သံပါေအာင္ ေအာ္ေတာ့သည္။
"အားးး......သရဲ....သရဲ....သရဲ"
ဖန္မုဟန္နဲ႕ ရီခ်ဳံးမိုတို႔ဟာ အျမန္ပင္ ေရခ်ိဳးခန္းထဲ ဝင္လာၾကသည္။
"ေရွာင္းက်န့္....ဘာျဖစ္တာလဲ"
"ဘာကိုေတြ႕လို႔လဲ"
"ငါ....ငါေလ...."
"အြန္း"
"ငါ့ကိုေလ"
"အြန္း"
"သရဲက ခ်စ္သြားၿပီထင္တယ္...မၾကာခင္မွာ ငါ့ကို မဒိန္းက်င့္ၿပီး သတ္ေတာ့မယ္တဲ့တူတယ္"
"......"
"ေရွာင္းက်န့္....မင္းလန့္ၿပီးေတာ့ ႐ူးသြားတာလား"
"မဟုတ္ပါဘူး...တကယ္ပါဆို...ငါ့လည္ပင္ကို လာကိုက္သြားတယ္...ပထမဆုံးကိုေတာင္ လည္ပင္ကိုက္ရင္ ေနာက္တစ္ခါက်ရင္ ရင္ဘတ္လား တင္ပါးလား ဘယ္သူသိမလဲ"
"ျပၾကည့္..... "
"ဘာကိုလဲ... ငါ့တင္ပါးေဖြးေဖြးေလးကိုလား....မျပနိုင္ပါဘူးေနာ္ ....ငါ့အနာဂတ္ေယာက်္ားအတြက္"
"ငါထုထည့္လိုက္ရ....ခ်ဳံးမိုက မင္းရဲ႕ကိုက္ရာကို ျပခိုင္းေနတာ"
"ေအာ္....ဒီမွာေလ...ငါ့ကို ကိုက္သြားတာ"
ေရွာင္းက်န့္ သူ႕ရဲ႕ကိုက္ရာႀကီးကို ျပလိုက္သည္။
"ေတြ႕တယ္မလား...အဲ့သရဲ ငါ့ကို ဘယ္ေလာက္ေတာင္ ခ်စ္လဲဆိုတာ...ေသြးထြက္ေအာင္ေတာင္ မကိုက္သြားဘူး"
"ကိုက္ရာကို ၾကည့္လိုက္ေတာ့....လူကိုက္ထားတာဘဲ...ဘယ္လိုမွ သရဲမျဖစ္နိုင္ဘူး"
"ဖန္မုဟန္....မင္းမ်က္လုံးကန္းေနတာလား .....သရဲမကိုက္ရင္ ဘယ္သူကိုက္မွာလဲလို႔"
"မင္းဘာသာမင္း ကိုက္ထားတာေနမွာေပါ့"
"ငါက ငါ့ဇတ္ကိုငါခ်ိဳးၿပီး ငါ့လည္ပင္းကို ကိုက္ရမွာလား...တုံးလိုက္တာ...တုံးတယ္ေျပာရင္လည္း ဘဝင္ျမင့္ဦးမယ္...ခ်ီးဦးႏွောက္နဲ႕ငါ့ကို လာေျပာေနတယ္"
"မသိဘူးကြာ...မင္းဘာသာ ဘာျဖစ္ျဖစ္ ငါတို႔နဲ႕မဆိုင္ဘူး"
ေရွာင္းက်န့္ ထိုႏွစ္ေယာက္ကို ေျခေထာက္နဲ႕ ကန္လိုက္ၿပီး ေရခ်ိဳးခန္းထဲက ထြက္ေတာ့သည္။တစ္ခန္းမွာ ေလးေယာက္ေနလို႔ရေသာ္လည္း ေရွာင္းက်န့္တို႔အခန္းမွာက သုံးေယာက္သာ ရွိသည္။
"ေရွာင္းက်န့္.....မင္းကိုကိုက္တာ သရဲထီးလို႔ မင္းထင္ေနတာမလား... သရဲမဆိုရင္ေကာ"
"သရဲမဆိုရင္ ပိုဆိုးသြားၿပီ...သရဲထီးကမွ ေတာ္ေသးတယ္"
"ဘာလို႔လဲ"
"ငါက ေမြးကတည္းက ေကြးေနတာေလ"
ဖန္မုဟန္နဲ႕ ရီခ်ဳံမိုတို႔ ႏွစ္ေယာက္ဟာ ကိုယ့္ရင္ဘက္ကိုယ္ လက္ယွက္ၿပီး ေရွာင္းက်န့္ကို သတိထားကာ ၾကည့္ေနၾကသည္။
"မင္းတို႔ႏွစ္ေယာက္ကို အရွင္မေျပာနဲ႕ ေသရင္ေတာင္ လွည့္မၾကည့္ဘူးရွင္းလား"
"ငါတို႔လည္း ေခ်ာပါတယ္ေနာ္"
"ေခ်ာတာ ဘာလုပ္လို႔ရလို႔လဲ....ငါ့ပါးပါးက ငါ့ကို သူမေသခင္မွာခဲ့တယ္....က်န့္က်န့္....ဘယ္ေတာ့မွ ကိုယ္က လုပ္ေကြၽးရမဲ့ မိန္းမကို မယူနဲ႕တဲ့... ကိုယ့္ကို လုပ္ေကြၽးမဲ့ေယာက်္ားသာ ရွာပါတဲ့"
"မင္းပါးပါးက ဘာလို႔အဲ့လိုေျပာခဲ့တာလဲ"
"သူလည္း ေကြးေနလို႔ေလ...ငါ့ကို အငွားကိုယ္ဝန္နဲ႕ ေမြးထားတာ...ငါ့မွာ မားမရွိဘူး....ပါးပါးႏွစ္ေယာက္ဘဲရွိတာ...အခုေတာ့ ပါးပါးတစ္ေယာက္ဘဲ ရွိေတာ့တာေပါ့"
"ေတာင္းပန္ပါတယ္...မင္းကို ဝမ္နည္းစရာေတြကို ေတြးေစမိၿပီ"
"မဟုတ္ပါဘူး...ငါေတြးေနတာက ငါဒီေလာက္႐ုပ္ေခ်ာတာေတာင္ ရည္းစားမရေသးတာကိုဘဲ"
"......"
"ေခ်ာလြန္းလို႔ မကပ္ရဲၾကတာမ်ားလား"
"....."
"ဒါမွမဟုတ္ မင္းတို႔ႏွစ္ေကာင္က ငါ့ကိုႀကိဳက္ေနလို႔ ငါ့ကို ႀကိဳက္တဲ့သူေတြကို အေဝးပို႔ေနတာလား"
ေနာက္ဆုံးေတာ့ ေရွာင္းက်န့္တစ္ေယာက္ ဖန္မုဟန္နဲ႕ ရီခ်ဳံမိုတို႔ရဲ႕ ထုေထာင္းတာကို ခံလိုက္ရပါေတာ့သည္။
Part (4)ဆက္ရန္....
Advertisement
- In Serial7 Chapters
My Football System
The story is set in a planet that is a replica of the earth in the author's imagination. All characters and events in the story are purely fictional and do not reflect historical facts.The story combines martial arts football and Romance.
8 182 - In Serial30 Chapters
The Gatekeeper
Quick Synopsis:This is the story of Reylor, a god-like existence who lost a great portion of his strength when accidentally sent from his “home” to another world. Making friends and learning to harness to power of magic, he maintains his commitment to his prior duty and proceeds to fight against corruption, both on a political front and against what is known as the shade.(Note, this story focuses on action and adventure, so politics are not in depth) This has been my first novel, which was primarilly inteded as a learning experience, and so it may be a bit rough in regards, but it should definitely be readable and it is a full story. I may make some adjustments to it later on, but there's no guarantee... anyhow, it's free to read, so give it a go! Also, feel free to check out my new website: aretornovels.wordpress.com
8 227 - In Serial6 Chapters
Marked (The Crystal Saga series book 2)
Will she be dominated and forced into submission or will she choose her own path?Durango, Old Colorado 3648Zoree is one of the lucky ones who live in the safety of the West Needle Mountain. Due to the extreme global devastation, the surviving humans had no choice but to move to higher grounds. When an alien ship unexpectedly descends over the town, Zoree's simple life would drastically change from being a hunter to a protector of souls. By duty and requisition, Rogan is required to capture and collect humans and deliver them to his home planet. Upon delivery, the humans are sold to the cyborgs. As Captain, his highly respected position gives him the best life he can ask for. Still, there's something missing from his perfect life, something he wants the most. By meeting Zoree, an old bittersweet memory resurfaces within Rogan. The green-eyed beauty with her unpredictable attitude will capture his heart, which comes with an ultimate price when his long time nemesis set his sights on Zoree.
8 200 - In Serial29 Chapters
Questers, a litRPG tale
Follow our youngsters as they learn what it means to become true gamers in this post apocalyptic era. Democracy was long lost to the AI who now rules over the world. Humans have already settled in to this new reality but still seeing an elf, a dwarf and a skeleton walking out of a bar might be troubling. The story takes place in a future time, 4300s to be precise. Most of the nations had already fallen. There are a few that survived but they too are on the verge of destruction. ***No action tag. This is an adventure gamelit, litrpg.*** ***This series WILL turn dark.*** ***I plan on updating four chapters a week. Unless life forks over.*** ***Very very very slow progression. You have been warned***
8 89 - In Serial25 Chapters
Evolution to GOD
["So miss System, how can I become awesome""Host you cannot become awesome"]Success was surrounding me all the time, I was Rich, Handsome, and a Playboy. And you know what, I was always surrounded by beauties.Then one day, my life took a nightmarish turn."What the fuck" I shouted with all I can.I was in a body of a monkey. Bloody GOD had me incarnated in a body of Monkey!!! Where is my Handsomeness and...At least he should have me incarnated in a body of Fox or a Peacock. I should have shown my awesomeness, a cute Panda is also fine.Follow the journey of a self-centered narcissist man, who wanted to become awesome but became a GOD.
8 101 - In Serial15 Chapters
The Blood Mage
The fiction is about a person with no conscience whatsoever, he only does what he wants. With no rights and wrongs telling him what to do, how far can he take it before having to face the consequences of his past actions? Ah, forgot to mention, there would be some disturbing things done by the MC. Also, updates are irregular.
8 146

