《Ding-dong(Season 1)(Completed)》(2)First kiss
Advertisement
တစ်ပတ်အကြာမှာ ရှင်းဟွားကျောင်းထဲသို့ ရုပ်ထုတစ်ခု တင်ထားတဲ့ ကားတစ်စီး ဝင်ရောက်လာပါသည်။ကျောင်းသားတွေကလည်း ဘာလဲဆိုပြီး စပ်စုကြသည်။
ကျောင်းအုပ်ကြီးက ထိုရုပ်ထုကို ကျောင်းမှာ အလှဆုံးနဲ့ရှေးအဆန်ဆုံး စာကြည့်တိုက်ရှေ့မှာ နေရာချခိုင်းနေသည်။ ထမင်းစားခန်းမ၊ အားကစားခန်းမတွေက စာသင်ခန်းတွေနဲ့ တစ်ဆောင်ထဲ ဖြစ်သော်လည်း စာကြည့်တိုက်ကမူ သီးခြားနေရာတစ်ခုမှာ ဖြစ်သည်။
ကျောင်းဆောင်ကြီးကနေ စာကြည့်တိုက်ကို ငါးမိနစ်လောက် လမ်းလျှောက်ရပါသည်။ထို့ပြင် စာကြည့်တိုက်က အိမ်ပုံစံမျိုးလေးဖြစ်ကာ အရှေ့မှာ ချောင်းအသေးစားလေးနဲ့ တံတားအသေးလေးတောင် ရှိပါသည်။
စာကြည့်တိုက်က အပြင်ကကြည့်ရင် တစ်ထပ်တည်းလို့ ထင်ရပေမဲ့ အထဲမှာတော့ နှစ်ထပ်ပုံစံဖြစ်သည်။လှေကားကလည်း Y ပုံစံလှေကားဖြစ်ပြီး မိန်းကလေးတွေ ဓာတ်ပုံအရိုက်ဆုံး နေရာလည်းဖြစ်သည်။
ရှင်းဟွားကျောင်းရောက်ပြီဆိုရင် စာကြည့်တိုက်ကတော့ မသွားမဖြစ် နေရာတစ်ခုဖြစ်သည်။အခု ထိုလှပတဲ့ စာကြည့်တိုက်ရှေ့မှာ ဗိုလ်ချုပ်ရုပ်ထုကြီးတစ်ခု ရောက်လာပါတော့သည်။
"ရှောင်းကျန့်......ရုပ်ထုကြီး နေရာချလို့ပြီးရင် ဓာတ်ပုံသွားရိုက်ရအောင်"
ရှောင်းကျန့် သူ့မျက်မှန်သူ ပင့်တင့်ပြီး ဖန်မုဟန်ကို ကြည့်လိုက်သည်။အခု သူတို့က စာကြည့်တိုက်မှာ ဖြစ်သဖြင့် ရုပ်ထုနေရာချနေတာကို မြင်နေရသည်။
"မင်းတို့တွေဟာလေ...စာကျတော့မလုပ်ဘူး....အဲ့လိုကိစ္စတွေဆိုရင် ထိပ်ဆုံးကဘဲ...အဲ့ရုပ်ထုနဲ့ ဓာတ်ပုံရိုက်လို့ ငါတို့က စာမေးပွဲမအောင်နိုင်ဘူးလေ...စာလုပ်မှ အောင်မှာပေါ့"
"ငကျန့်....မင်းကလေ ပြောလိုက်ရင် စကားတွေက မိုးပေါ်ကချည်းဘဲ"
"စာသာလုပ်စမ်းပါ....ချုံးမို ဒီတစ်လမှာ မင်းနေရာကို မင်းဆက်ထိန်းထား"
"ငါက ဘိတ်ဆုံးဘဲဟာကို ငါ့နေရာကို ဘယ်သူက လုမှာမို့လို့လေ"
"မုဟန်လေ...ဒီတစ်လမှာ သူအပျော်တွေ အရမ်းမက်နေတာ"
ရှောင်းကျန့် သူငယ်ချင်းတွေကို သြဝါဒချွေပြီးနောက် ရုပ်ထုကြီးကို ဖြတ်ခနဲ ကြည့်လိုက်သည်။ရုတ်တရက် ရုပ်ထုနဲ့သူနဲ့ မျက်လုံးချင်းဆုံသွားတာကြောင့် လိပ်ပြာလွင့်မတတ် လန့်သွားတော့သည်။
"Fuck..."
"ဘာဖြစ်တာလဲ ရှောင်းကျန့်"
"ငါ...ငါ့ကိုလေ ရုပ်ထုကြီးက ကြည့်သွားတယ်"
"ဟားဟား....ဘယ်လိုလဲ ရင်ခုန်သွားလား"
"ငါ့အထင် မြင်မြင်ချင်း အချစ်ဘဲနေမှာ...ဟားဟား"
"တော်စမ်းပါ...ငါတကယ်လန့်သွားတာ..."
ရှောင်းကျန့် ထပ်မကြည့်ရဲတော့တာကြောင့် စာအုပ်တွေသာ ဖတ်နေလိုက်သည်။စာကြိုးစားတဲ့သူမို့ သူဖတ်နေတာက အချစ်ဝတ္ထုတစ်ခု ဖြစ်သည်။သူ့လိုဘဲ ဖန်မုဟန်နဲ့ ရီချုံးမိုက သိုင်းဝတ္ထုနဲ့ ဟာသဝတ္ထုတွေ ဖတ်နေကြသည်။
ရှောင်းကျန့် မကြည့်တော့သည့်အချိန်မှာ ထိုရုပ်ထုက သူ့ကိုဘဲ စိုက်ကြည့်နေတာကိုတော့ ရှောင်းကျန့် မသိလိုက်ပေ။ထိုရုပ်တုကြောင့် ကျောင်းထဲက သရဲတွေလည်း ပုန်းနေကြကာ အရင်လို ကျောင်းသားတွေအနား ဝေ့သီဝေ့သီတောင် မရှိတော့ပေ။
............
ရှောင်းကျန့်တို့ စာဖတ်ပြီးချိန်မှာ ရုပ်ထုနေရာချတာလည်း ပြီးသွားပြီဖြစ်သည်။နားချိန်ပြီးဖို့ကလည်း နီးနေတာမို့ အကုန်လုံး ကိုယ့်အခန်းကိုယ် ပြန်သွားကြသဖြင့် ရှောင်းကျန့်တို့သာ ကျန်ခဲ့ပါသည်။
ရှောင်းကျန့်တို့ စာကြည့်တိုက်ကနေ ထွက်လာတော့ ထိုရုပ်ထုကြီးကို တန်းမြင်ရသည်။ရုပ်ထုဆိုပေမဲ့ အရှိန်အဝါက အရမ်းကြီးသဖြင့် သေချာတောင် မကြည့်ရဲကြပေ။
"ရှောင်းကျန့်....ကျောင်းတက်ဖို့ ဆယ်မိနစ်လောက် လိုသေးတယ်...ငါတို့ဓာတ်ပုံရိုက်ရအောင်"
"မရိုက်ပါဘူး"
"ငါကြားတာကတော့ ဒီရုပ်ထုမှာ ဓာတ်ပုံရိုက်ပြီး ဆုတောင်းရင် ပြည့်တယ်တဲ့"
"ပေါက်တတ်ကရတွေ"
"တကယ်ပါဆို...အရင်ထဲက ရုပ်ထုတွေဆိုတာ အရှိန်အဝါကြီးတာမို့ ဆုတောင်းရင် ပြည့်တတ်တယ်တဲ့"
"တကယ်လား"
"တကယ်ပေါ့"
ရှောင်းကျန့် ရုပ်ထုတင်ထားတဲ့ အုတ်ခုံပေါ် တက်လိုက်ပြီး ရုပ်ထုကို ကြည့်လိုက်သည်။
"အကြင်နာတရား ကြီးမားတဲ့ ဗိုလ်ချုပ်ရုပ်ထုကြီးခင်ဗျား....ဒီကျောင်းသားလေးက ဆုတစ်ခု တောင်းချင်လို့ ဓာတ်ပုံရိုက်ခွင့် ပြုပါနော်"
ရှောင်းကျန့် ခွင့်တောင်းပြီးတာနဲ့ ရုပ်ထုပခုံးပေါ် လက်တင်ပြီး ပို့စ်ပေးလိုက်သည်။ထို့နောက် ရုပ်ထုကို ဖက်လိုက်ပြန်သည်။
ရီချုံးမိုကလည်း မနားတမ်း ရှောင်းကျန့်လုပ်သမျှကို ရိုက်ပေးလေသည်။
"ဓာတ်ပုံမရိုက်ချင်ရှာလို့ဘဲ"
ဖန်မုဟန်က ရှောင်းကျန့်ကို နှာခေါင်းရှုံ့လိုက်သည်။ရှောင်းကျန့်က ကြားပေးမဲ့ မသိချင်ယောင်ဆောင်ကာ ရုပ်ထုကို အနောက်ကနေဖက်လိုက် အရှေ့ကနေဖက်လိုက်နဲ့ အလုပ်များနေသည်။
သို့သော် မျိုးစုံပို့စ်ပေးနေတာကြောင့် ကိုယ့်ခြေထောက်ကို ခလုတ်တိုက်ကာ လဲကျတော့မလို ဖြစ်သွားသဖြင့် ရုပ်ထုကို လှမ်းဆွဲလိုက်သည်။
သူမသိခင်မှာ အားတစ်ခုက သူ့ကို ဆွဲလိုက်ပြီး အရှိန်လွန်ကာ ရုပ်ထုနှုတ်ခမ်းနဲ့ ထပ်ပြီးသား ဖြစ်သွားသည်။
"အာ့....တောင်းပန်ပါတယ်...ရုပ်ထုကြီးခင်ဗျား...ကျွန်တော့် ခင်ဗျားကို နမ်းဖို့ မရည်ရွယ်ပါဘူး...တကယ်ဆိုရင် ကျွန်တော်ကသာ နစ်နာတာပါ...ဒါက ကျွန်တော့်ရဲ့ first kissပါ...ရုပ်ထုကြီးကတော့ မသေခင်မှာ နမ်းဖူးပြီးသားဖြစ်နေမှာ...အဲ့တာကြောင့် အရှုံးလို့ သဘောမထားဘဲ အမြတ်လို့ တွေးလိုက်တာပါ"
"ရှောင်းကျန့်....ကျောင်းတက်တော့မယ်...ပြန်ဆင်းလားတော့"
"အွန်း....သွားလိုက်ပါဦးမယ်...ရုပ်ထုကြီးရေ"
ရှောင်းကျန့် အမြန်ဆင်းကာ စာသင်ခန်းထဲဆီ ပြေးတော့သည်။ကျန်ခဲ့တဲ့ ရုပ်ထုကြီးရဲ့ အပြုံးကိုတော့ ဘယ်သူမှ မမြင်လိုက်ရတော့ပေ။
Part (3)ဆက်ရန်....
Zawgyi
Advertisement
"Fuck..."
............
"မရိုက်ပါဘူး"
"ပေါက်တတ်ကရတွေ"
"တကယ်လား"
"တကယ်ပေါ့"
Part (3)ဆက်ရန်....
Advertisement
- In Serial47 Chapters
Falling Star of Evolution
In the year 2230, 5 years before a test reactor that destroyed humanity went off, a pair of wealthy scientists both husband and wife believed the reactor would never work and tried to persuade the World Government to cancel the test but were denied due to lack of hard evidence. The pair of scientists predicting the end of the world hastily returned to their lab and poured all of their resources into their field of work creating an experimental drug that could initiate an evolved state of human DNA that would increase a human's biological adaption in hopes of negating radiation poisoning . At the time they only had enough for a single dose and so made a decision. Using the highest technology of the their era which was labelled """"Black technology"""" which was banned to regular civilians and only allowed for military use , they wiped their only son's memories and instead implanted memories of the greatest martial artists and styles of combat that Earth had ever recorded in hopes he would be able to survive the new world that would be created by the exposure of radiation, placed him in a cryogenic stasis craft and sent him out of the Earth's orbit. However, the test reactor went above their expectations and completely and thoroughly destroyed Earth. The cryogenic stasis craft had been blown into a wormhole and after a few hundred years, it's autopilot had been finally once more been engaged.
8 442 - In Serial18 Chapters
Advent
This Novel is currently being overhauled and the better version will be posted soon! (Cover is from the Lord Inquisitor fan film by Erasmus Brosdau) A Future where humanity tries to survive and fend off a parastic alien race.
8 184 - In Serial20 Chapters
Lethal Virtue
Grand Vilstine, the big city that has fallen down into practically anarchistic ruins, 2 detectives attempt to make the city civilians to be in a stabler than the one they are by solving the most important case of their lives, how the city turned into chaos.But within this city, lies powerful men,men with the self-proclaimed powers given upon them by a cooperation with domination in plan and they will get in their way of finding the truth and revealing it to the world about this city. New Name since October 26 2020 is: Lethal Virtue
8 145 - In Serial52 Chapters
The Mathematics of Dynamism
What do you do when every institution in your world is corrupt, and you aren't willing to accept that? Do you work within the system to change it or try to bring it all down and replace it with something better? Julius Paine, who sometimes calls himself the Tripping Prophet, chose to fight. He lost. He kept fighting. He lost some more. Then he got smart and got some help. Of course, winning isn't easy. Sometime having wealth, power, or weapons isn't enough: because, of course, the enemy does as well. Updates at least thrice weekly.
8 196 - In Serial6 Chapters
AMARANTHINE: BEYOND THE EVERLASTING
The world in turmoil. everything out of sense as she is just a plain-looking ordinary girl."This is beyond my capabilities.." Don't worry. 'Death' choose her and that's the end of her 'ordinary' San Roel, a teenage girl living in an ordinary world. she will meet her trials to extend her ability, transmigrated to another world, searching for her answer, meeting another creature and culture beyond her ordinary. who will lose first? her original identity or her purpose?something that lies ahead, keep hidden and untouchable, something that eternal. should she go under or above? is there a situation worse than this? should she failed, what penalties waiting for her?.story original by NIEcover; the original photo was taken by NIE and design by NIE.
8 105 - In Serial14 Chapters
Three Bears - 곰세마리
အိမ်ကလေးထဲမှာ ဝက်ဝံသုံးကောင်ရှိတယ်။ အင်း သိပ်တော့မတည့်ကြဘူး။Highest Rank (14.9.2022)#1 in jikook#8 in kookmin
8 190

