《Tomorrow》Tomorrow Part-1 (Z+U)
Advertisement
#Zawgyi
*My Love is on Fire*
Ph ျမည္သံေၾကာင့္ Ros အိပ္ေပ်ာ္ေနရာက ႏုိးလာတယ္
"Ros.....အ႐ူးမေလး နင္ အခုထိ အိပ္ေနတုံးလား.....ငါ အခု နင့္အိမ္ေ႐ွ႕ေတာင္ ေရာက္ေနၿပီ ထေတာ့ ငါတုိ႔ ပထမဆုံး ေက်ာင္းတက္ရက္မွာ ေနာက္က်လုိ႔ မျဖစ္ဘူးေနာ္....."
Ros နာရီကုိ ၾကည့္လုိက္ၿပီး အိပ္ရာက အျမန္ထလုိက္သည္။ ထုိ႔ေနာက္ ေရမခ်ိဳးဘဲ သြားတုိက္မ်က္ႏွာသစ္ကာ အ၀တ္လဲၿပီး အိမ္ျပင္ကို ထြက္လာလုိက္သည္။
Joyမွာ ကားေပၚကေန ဆံပင္ စုတ္ဖြားနဲ႔ အိမ္ထဲက ေျပးထြက္လာတဲ့ Rosကို ၾကည့္ၿပီး ရယ္ေလ၏
Ros ကားေပၚတက္လုိက္ၿပီး မွန္ကုိ ၾကည့္ကာ ေခါင္းဖီးလုိက္သည္။
Joyကေတာ့ ကားေမာင္းရင္း Rosကို ၾကည့္ၿပီး သေဘာက်စြာ ရယ္ေနသည္
"Ash....ငါ့ဆံပင္ေတြကလည္း ဖီးေလ ႐ႈပ္ေလဘဲ...."
"နင့္ဆံပင္က အျမဲ အဲ့လိုဘဲ မဟုတ္လား.....ထားလုိက္ပါ ဒီအတုိင္းလည္း လွပါတယ္....."
"Yah ငါ့ကုိဘဲ ၾကည့္ၿပီး ရယ္မေနနဲ႔ အေ႐ွ႕က လမ္းကုိလည္းၾကည့္အုံး "
"နင္က ခ်စ္ဖုိ႔ေကာင္းလြန္းလုိ႔ ၾကည့္တာပါ....."
Joyရဲ႕ စကားေၾကာင့္ Ros ႐ွက္သြားၿပီး ျပတင္းေပါက္အျပင္ကို မ်က္ႏွာလႊဲလုိက္သည္။
Joy နဲ႔ Ros ခင္လာတာ ငယ္ငယ္ကတည္းကပါ.....အခု တကၠသုိလ္ကုိ တက္ေတာ့လည္းအတူ.....
သုိ႔ေသာ္ တစ္ေန႔တြင္ Joyက Ros ကုိ သေဘာက်ေနေၾကာင္း ၀န္ခံလာသည္။ Rosကေတာ့ အေျဖျပန္မေပးေသးဘဲ ဒီအတိုင္းေလးသာေနေနသည္။
ေက်ာင္းကုိ ေရာက္ေတာ့ သူတုိ႔အခန္းကုိ ၾကည့္ဖုိ႔ ကားေပၚက ဆင္းကာ Board ေထာင္ထားတဲ့ ဘက္ကို သြားလုိက္သည္။
Rosရဲ႕လက္ကုိ Joyကုိင္ၿပီး Board႐ွိရာဘက္ကို ေျပးသြားေတာ့ Ros ရင္ေတြ အရမ္းခုန္လာ၏
Boardဘက္ကို ေရာက္ေတာ့ Jisoo နဲ႔ Lisaလည္း အတန္းစာရင္းၾကည့္ေနတာကုိ ေတြ႔လုိက္ရသည္။
"Ros.....ငါတုိ႔ အတန္းမတူဘူး...."
Jisoo မ်က္ႏွာေလး ႐ႈံ႕မဲ့ၿပီး Rosကုိ ဖက္ကာ ေျပာလုိက္သည္။
Rosနဲ႔ Lisa အၾကည့္ခ်င္းဆုံေတာ့ Lisaရဲ႕ အၾကည့္ကုိ Ros နားမလည္ေပ....သုိ႔ေသာ္ သူနဲ႔ Joy လက္တြဲထားတာကုိ Lisaက စုိက္ၾကည့္ေနတာကိုေတာ့ Ros သတိထားမိသည္။
Lisa မ်က္ေမွာင္ၾကဳတ္ၿပီး ဘာမွမေျပာဘဲ လွည့္ထြက္သြားသည္
"Yah Lalisa.... ငါ့ကုိ ေစာင့္အုံး yah...."
Jisoo တစ္ေယာက္ သူနဲ႔အတန္းတူတဲ့ Lisaေနာက္ကို ေအာ္ၿပီး ေျပးလုိက္သြားတယ္
Joyမွာ Jisoo ကုိၾကည့္ၿပီး ရယ္ေနေပမယ့္ Rosကေတာ့ Lisaရဲ႕ အၾကည့္ေတြကုိ ေမ့ဖုိ႔ႀကိဳးစားေနတယ္....
အတန္းတက္ဖုိ႔ ၾကည့္လုိက္ေတာ့ Joyနဲ႔ သုံးခ်ိန္ေတာင္ အတူတက္ရမည္ကုိ ေတြ႔လုိက္ရသည္
"အတန္းခ်ိန္တူတာ သိပ္မမ်ားေပမယ့္ အနည္းဆုံးေတာ့ ေက်ာင္းဆင္းရင္ အတူျပန္လုိ႔ရတာေပါ့ေနာ္ Ros....."
Lisa ေနာက္ကုိ Jisoo ေျပးလုိက္ၿပီး
"Lisa နင္ ဘာမွ မေျပာဘဲ ဘာလုိ႔ ထြက္သြားလည္းဆုိတာ ငါသိတယ္....."
Lisa ရပ္လုိက္ၿပီး Jisooကို လွည့္ၾကည့္လုိက္သည္
"နင္ သူတုိ႔ အတူ႐ွိေနတာ မျမင္ခ်င္လုိ႔ မဟုတ္လား...."
Jisoo မ်က္ခုံးပင့္ျပၿပီး ေမးလုိက္သည္။
"ေပါက္ကရေတြ ေျပာမေနနဲ႔ ငါ အတန္းေနာက္မက်ခ်င္လုိ႔ "
"Jennieနဲ႔ ငါ အေလာင္းအစားလုပ္ထားတယ္ Rosက ဘယ္သူနဲ႔တြဲမလည္းဆုိတာ......Ireneကေတာ့ နင့္ဘက္ကို ေလာင္းထားတယ္.....နင္နဲ႔တဲ့....."
Lisa ဘာမွမေျပာဘဲ Jisoo ကို စုိက္ၾကည့္လုိက္သည္။
"နင္ ဘယ္ေတာ့မွ သူ႔ကုိ ေျပာမွာလည္း....."
"ဘာကုိလည္း ......"
"သူ႔အေပၚထားတဲ့ နင့္ ခံစားခ်က္ေလ ...."
"ငါ့မွာ ဘာခံစားခ်က္မွ မ႐ွိသလုိ ေျပာစရာလည္းမ႐ွိဘူး...."
Lisa ေသြးေအးေအးနဲ႔ ေျပာလုိက္သည္။
"Rosကို ၾကည့္ေနတဲ့ နင့္အၾကည့္ေတြ ငါသိပါတယ္ဟာ.....ဆံပင္စုတ္ဖြားနဲ႔ မိတ္ကပ္ မပါတာေတာင္ Rosက ခ်စ္ဖုိ႔ေကာင္းေနတုံး မဟုတ္လား....."
Jisoo ေျပာတာ နားေထာင္ရင္း Ros ပုံစံကုိ Lisa မ်က္လုံးထဲ ျမင္လာၿပီး ျပံဳးမိသြားတယ္
"ၾကည့္ ခ်စ္ဖုိ႔ေကာင္းတယ္ဆုိတာ နင္ ၀န္ခံလုိက္ၿပီေနာ္....အခု နင္ျပံဳးသြားတယ္ သူ႔အေၾကာင္းေတြးၿပီး ဟုတ္တယ္မလား....."
"ငါ ဘယ္မွာ ျပံဳးလုိ႔လည္း ေပါက္ကရေျပာတာရပ္ၿပီး အတန္းထဲ၀င္စုိ႔....."
Jisooကို မ်က္ေစာင္းထုိးၿပီး Lisa အတန္းထဲသုိ႔ ၀င္သြားေလသည္။
#TBC
#Unicode
*My Love is on Fire*
Advertisement
Ph မြည်သံကြောင့် Ros အိပ်ပျော်နေရာက နိုးလာတယ်
"Ros.....အရူးမလေး နင် အခုထိ အိပ်နေတုံးလား.....ငါ အခု နင့်အိမ်ရှေ့တောင် ရောက်နေပြီ ထတော့ ငါတို့ ပထမဆုံး ကျောင်းတက်ရက်မှာ နောက်ကျလို့ မဖြစ်ဘူးနော်....."
Ros နာရီကို ကြည့်လိုက်ပြီး အိပ်ရာက အမြန်ထလိုက်သည်။ ထို့နောက် ရေမချိုးဘဲ သွားတိုက်မျက်နှာသစ်ကာ အဝတ်လဲပြီး အိမ်ပြင်ကို ထွက်လာလိုက်သည်။
Joyမှာ ကားပေါ်ကနေ ဆံပင် စုတ်ဖွားနဲ့ အိမ်ထဲက ပြေးထွက်လာတဲ့ Rosကို ကြည့်ပြီး ရယ်လေ၏
Ros ကားပေါ်တက်လိုက်ပြီး မှန်ကို ကြည့်ကာ ခေါင်းဖီးလိုက်သည်။
Joyကတော့ ကားမောင်းရင်း Rosကို ကြည့်ပြီး သဘောကျစွာ ရယ်နေသည်
"Ash....ငါ့ဆံပင်တွေကလည်း ဖီးလေ ရှုပ်လေဘဲ...."
"နင့်ဆံပင်က အမြဲ အဲ့လိုဘဲ မဟုတ်လား.....ထားလိုက်ပါ ဒီအတိုင်းလည်း လှပါတယ်....."
"Yah ငါ့ကိုဘဲ ကြည့်ပြီး ရယ်မနေနဲ့ အရှေ့က လမ်းကိုလည်းကြည့်အုံး "
"နင်က ချစ်ဖို့ကောင်းလွန်းလို့ ကြည့်တာပါ....."
Joyရဲ့ စကားကြောင့် Ros ရှက်သွားပြီး ပြတင်းပေါက်အပြင်ကို မျက်နှာလွှဲလိုက်သည်။
Joy နဲ့ Ros ခင်လာတာ ငယ်ငယ်ကတည်းကပါ.....အခု တက္ကသိုလ်ကို တက်တော့လည်းအတူ.....
သို့သော် တစ်နေ့တွင် Joyက Ros ကို သဘောကျနေကြောင်း ဝန်ခံလာသည်။ Rosကတော့ အဖြေပြန်မပေးသေးဘဲ ဒီအတိုင်းလေးသာနေနေသည်။
ကျောင်းကို ရောက်တော့ သူတို့အခန်းကို ကြည့်ဖို့ ကားပေါ်က ဆင်းကာ Board ထောင်ထားတဲ့ ဘက်ကို သွားလိုက်သည်။
Rosရဲ့လက်ကို Joyကိုင်ပြီး Boardရှိရာဘက်ကို ပြေးသွားတော့ Ros ရင်တွေ အရမ်းခုန်လာ၏
Boardဘက်ကို ရောက်တော့ Jisoo နဲ့ Lisaလည်း အတန်းစာရင်းကြည့်နေတာကို တွေ့လိုက်ရသည်။
"Ros.....ငါတို့ အတန်းမတူဘူး...."
Jisoo မျက်နှာလေး ရှုံ့မဲ့ပြီး Rosကို ဖက်ကာ ပြောလိုက်သည်။
Rosနဲ့ Lisa အကြည့်ချင်းဆုံတော့ Lisaရဲ့ အကြည့်ကို Ros နားမလည်ပေ....သို့သော် သူနဲ့ Joy လက်တွဲထားတာကို Lisaက စိုက်ကြည့်နေတာကိုတော့ Ros သတိထားမိသည်။
Lisa မျက်မှောင်ကြုတ်ပြီး ဘာမှမပြောဘဲ လှည့်ထွက်သွားသည်
"Yah Lalisa.... ငါ့ကို စောင့်အုံး yah...."
Jisoo တစ်ယောက် သူနဲ့အတန်းတူတဲ့ Lisaနောက်ကို အော်ပြီး ပြေးလိုက်သွားတယ်
Joyမှာ Jisoo ကိုကြည့်ပြီး ရယ်နေပေမယ့် Rosကတော့ Lisaရဲ့ အကြည့်တွေကို မေ့ဖို့ကြိုးစားနေတယ်....
အတန်းတက်ဖို့ ကြည့်လိုက်တော့ Joyနဲ့ သုံးချိန်တောင် အတူတက်ရမည်ကို တွေ့လိုက်ရသည်
"အတန်းချိန်တူတာ သိပ်မများပေမယ့် အနည်းဆုံးတော့ ကျောင်းဆင်းရင် အတူပြန်လို့ရတာပေါ့နော် Ros....."
Lisa နောက်ကို Jisoo ပြေးလိုက်ပြီး
"Lisa နင် ဘာမှ မပြောဘဲ ဘာလို့ ထွက်သွားလည်းဆိုတာ ငါသိတယ်....."
Lisa ရပ်လိုက်ပြီး Jisooကို လှည့်ကြည့်လိုက်သည်
"နင် သူတို့ အတူရှိနေတာ မမြင်ချင်လို့ မဟုတ်လား...."
Jisoo မျက်ခုံးပင့်ပြပြီး မေးလိုက်သည်။
"ပေါက်ကရတွေ ပြောမနေနဲ့ ငါ အတန်းနောက်မကျချင်လို့ "
"Jennieနဲ့ ငါ အလောင်းအစားလုပ်ထားတယ် Rosက ဘယ်သူနဲ့တွဲမလည်းဆိုတာ......Ireneကတော့ နင့်ဘက်ကို လောင်းထားတယ်.....နင်နဲ့တဲ့....."
Lisa ဘာမှမပြောဘဲ Jisoo ကို စိုက်ကြည့်လိုက်သည်။
"နင် ဘယ်တော့မှ သူ့ကို ပြောမှာလည်း....."
"ဘာကိုလည်း ......"
"သူ့အပေါ်ထားတဲ့ နင့် ခံစားချက်လေ ...."
"ငါ့မှာ ဘာခံစားချက်မှ မရှိသလို ပြောစရာလည်းမရှိဘူး...."
Lisa သွေးအေးအေးနဲ့ ပြောလိုက်သည်။
"Rosကို ကြည့်နေတဲ့ နင့်အကြည့်တွေ ငါသိပါတယ်ဟာ.....ဆံပင်စုတ်ဖွားနဲ့ မိတ်ကပ် မပါတာတောင် Rosက ချစ်ဖို့ကောင်းနေတုံး မဟုတ်လား....."
Jisoo ပြောတာ နားထောင်ရင်း Ros ပုံစံကို Lisa မျက်လုံးထဲ မြင်လာပြီး ပြုံးမိသွားတယ်
"ကြည့် ချစ်ဖို့ကောင်းတယ်ဆိုတာ နင် ဝန်ခံလိုက်ပြီနော်....အခု နင်ပြုံးသွားတယ် သူ့အကြောင်းတွေးပြီး ဟုတ်တယ်မလား....."
"ငါ ဘယ်မှာ ပြုံးလို့လည်း ပေါက်ကရပြောတာရပ်ပြီး အတန်းထဲဝင်စို့....."
Jisooကို မျက်စောင်းထိုးပြီး Lisa အတန်းထဲသို့ ဝင်သွားလေသည်။
#TBC
Advertisement
- In Serial50 Chapters
Ascension Rebirth [Dropped]
This has been dropped in favor of a rewrite.Wouldn't it be nice to restart your life from the beginning? Better yet, how about restarting from a world filled to brim with fantasy? However as enticing as that may sound, some people may not want such an opportunity. Some people might have actually enjoyed the life that they have right now, but as everyone knows; destiny is a cruel mistress. During the flight to a business meeting our protagonist dies in a plane crash. When all hope seemed lost he finds himself reborn into a different world as the child of a lesser noble. A world filled with monsters and magic. Rules of physics are regularly broken and things almost impossible to exist, exist! Already aged 32, this fantasy life was a little too much for an old man, were he any younger he might have actually even enjoyed it but right now he wants nothing more than to live a quiet and peaceful life. Of course things don't go his way, from finding the secrets of the universe and curious visits ranging from the Demon Lord to the Nation's ruler he finds himself the centerpiece of all sorts of tedious events. With the mind of a fully grown adult and the body of a mere child, life only throws more and more problems at him. How will he deal with the ongoing problem? Find out!Warning - dark and sexual content.
8 242 - In Serial7 Chapters
Reverse Scale: Draconic Rebirth
Inside of the carcas of the Dragon Emperor, there a new life was born. New? Not exactly... More like reincarnated.
8 75 - In Serial13 Chapters
Dipp's Uncertain Adventure
Dipp, a small raccoon-like creature finds himself in a graveyard. Unsure of how he died or who he actually is. but even with all this missing information, he's determined to find out his past and make a new life for himself. All while going an uncertain Adventure along the way.
8 149 - In Serial54 Chapters
ONLYFANS |Chris Brown|
chocolategodde$$ has logged on...
8 181 - In Serial12 Chapters
Imperium
A young fledgling city-state of Etris seeks to make a distinguished name for itself in the chaotic era of human emergence with the Titanomachia only a few decades behind them the ordinary citizens of Etris await the coming of their divine Consul. The one who will lead them to become the prophesied Etrian Empire is yet to be born. In the faraway tribal regions of Gallia a young boy is born to the tribe chief of the Veraxes. The boy is pale and smaller than most young ones in the tribe yet his destiny is to outshine all who came before and shall come after him. In another city-state of Junia the city lord has recently been bestowed a son and a daughter by the Gods and he has begun preparations of an invasion of the tribes that surround his territory. A prelude to an epic begins in 100 C.D. Hey everyone second time writing a story on Royal Road the first time was an experiment that made me learn much but hopefully this time it will be better. As always 3 chaps a week for this one could be in the middle of the week or at the end but 3 will fall definitely. Discord Link: Imperium Discord Have fun reading.
8 96 - In Serial37 Chapters
In Five Years
Seeing an ex again after three years who you thought was going to be the love of your life is awkward enough, but when they bring their new girlfriend to your family's Christmas party? Two words: total. catastrophe. *********Maddie thought she and Cameron had figured out the five-year plan. After they decided to end things back in high school they had made a pact: in five years, they'd try again. Being in different states for college, she didn't think she needed to try and avoid seeing him, but when she's able to get a last-minute flight back home for the holidays, she finds herself in for a rude awakening: not only was Cameron invited to her family Christmas party, but he brought his new girlfriend, too, seeming to have tossed their five-year plan directly out the window. - This is book TWO of the Hidden Attraction series-My Brother's Best FriendIn Five YearsThe Perfect Timing
8 791

