《A small cloud (Complete )》၉
Advertisement
Unicode
ညက ဦးနဲ့ဖုန်းပြောတာကြာသွားလို့
အခုတော့ အတန်းထဲမှာ အိပ်ငိုက်နေတဲ့ ရှောင်ကျန်းလေး
"ဘုန်း!!! "
"အမလေး ဘုရား ဦး နဲ့ ငါနဲ့ ညား''
ကျိုးချန် ခုံပေါ်မှာ စာအုပ်တွေပစ်ချလိုက်တဲ့အချိန်ကြားလိုက်ရတဲ့
ရှောင်ကျန်း ယောင်တဲ့အသံကြောင့်
အတင်နိူးကာမေးလိုက်သည်။
"ဘာ အားကျန်း ထစမ်း ထ ခုထ ခုနက ဘယ်လိုယောင်လိုက်တာလဲ ပြန်ပြောပါအုံး ''
"အယ် ကျိုးချန် သက်သာသွားပြီလား ငါက မင်းမလာသေးလို့ နေမကောင်းသေးဘူးလို့ထင်နေတာ ''
"အပိုတွေမပြောနဲ့ ဟမ့် စကားလမ်းကြောင်းမလွှဲနဲ့ အားကျန့် ပြော
ဦး ဆိုတာ ဘယ်သူလဲ ''
"ဟင် အာ ဦးဆိုတာက ပါးရဲ့ လုပ်ငန်းပါတနာပါ ဘာလို့လဲ ''
"ဟုတ်လို့လား သေချာလို့လား''
"တကယ်ပြောတာ ''
"ထားပါတော့ ဘာစားပြီးပြီလဲ မနက်စာက အိမ်ကနေစားခဲ့တာလား ''
"အင်း စားခဲ့ပြီ ဒါပေမယ့် မင်းလိုက်ကျွေးရင်ဗိုက်အပြည့်ခံပြီးစားပေးမယ် တကယ်ပြောတာ ''
"ဟမ့် နစ်နာနေအုန်းမယ် ကြွ ကြွ
မသထာရေစာတွေကိုလိုက်မျိုစို့တော်မူပါ ကမ္ဘာ့ကျက်သရေတုန်း
မိတ်ဆွေကြီးရေ ''
"အဟေး ကောင်းလေစွ ကောင်းလေစွ စနိုးဝှိုက်ထဲကစုန်းမလိုသိပ်လှတဲ့
အပျိူကြီး ရေ''
"ဘာကွ မင်းဘိုးအေးကိုစုန်းမအပျိုကြီးပါလား ''
"ဟားဟား သဲလေးစိတ်မဆိုးပါနဲ့
ကိုကို က ချစ်လို့စတာပါ ''
"ဖင်ယားနေလိုက် ''
"ဟားဟား ''
နှစ်ယောက်သား စရင်းနောက်ရင်း
Canteen ကိုရောက်လာကြသည်။
ရှောင်ကျန်း မုန့်စားရင်း နာရီ ကြည့်လိုက်တော့ အတန်းချိန်နီးနေပြီ မို့
"သားကြီး သွားရအောင် အချိန်နီးနေပြီ ''
"အင်း ''
ငွေရှင်းပြီးနောက် အတန်းကိုချီတက်လာခဲ့ကြသည်။
ရှောင်ကျန်း နဲ့ကျိုးချန်နှစ်ယောက်သားက လူချောလေးတွေမို့ ကောင်မလေးတွေက ငေးကြည့်ကြသည်။
သူတို့ နှစ်ယောက် ရှေ့ကနေ ပိတ်ရပ်ကာ စကားပြောလာသည့် ကောင်မလေး.....
သူမက တခြားသူ မဟုတ်
လုကျင်းရွှယ် ဖြစ်သည်။
"ဟိုင်း ရှောင်ကျန်း ''
"အော် မင်းကိုး.. ဘာပြောချင်လို့လဲ "
"တို့က မင်းတို့နှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ချင်လို့ ''
"အမ် ရပါတယ် ငါ့နာမည်က ရှောင်ကျန်း သူက ဝမ်ကျိုးချန် ''
"တွေ့ရတာဝမ်းသာပါတယ် ''
"ကျွန်မလည်း ခင်မင်ခွင့်ရခဲ့တဲ့ အတွက် ဝမ်းသာပါတယ် လုကျင်းရွှယ် ပါ''
"အတန်းနောက်ကျနေပြီ သွားကြရအောင် ''
"အင်း ''
သူငယ်ချင်း သုံးယောက်သား အတန်းထဲရောက်တော့ သူတို့သုံးယောက်ကို အခန်းထဲက လူတွေကကြည့်နေကြသည်။
ကြည့်တာသည် တခြားမဟုတ်။ လူချောလေးနှစ်ယောက် နဲ့ မိန်းမလှလေးဖြစ်နေလို့ပင်။
"အားကျန်း မင်းခုံပေါ်က ''
ရှောင်ကျန်း ကျိုးချန် ပြောလို့ သူ့ရဲ့ ခုံပေါ်ကို ကြည့်လိုက်တော့ ပန်းစည်းတွေ အရုပ်တွေ မုန့်တွေ အအေးဘူးတွေ ချောကလက်တွေ စာတွေစာအုပ်တွေ ပြည့်နေပြီးဖင်ထိုင်စရာခုံပေါ်မှာလည်းအပြည့်အပြင်ဗာကာနဲ့စည်းဝိုင်းပြီးသူ့ခုံတစ်ဝိုက်မှာပြည့်နှက်လျှံပယ်နေသည်။
ရှောင်ကျန်း ဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။ သူအရင်ဘဝကရုပ်ဆိုးလို့ သူ့ကို လှည့်မကြည့်ခဲ့ကြဘဲ နှောင်ယှက်ခဲ့သူတွေ ခုံပေါ်မှာ အမှိုက်စာတွေရေးပြီး ညစ်ပက်အောင်လုပ်ကြတဲ့သူတွေက အခုတော့ ဘာမှ မဟုတ်သလို ။ သိပ်ကို ထူးဆန်းသည်မလား။
"ရှောင်ကျန်းကောကော ဒါလေးလက်ခံပေးပါလား ''
ရှောင်ကျန်း နောက်ကအသံကြောင့်ကြည့်လိုက်တော့ ဝဝတုတ်တုတ်လေးနဲ့ပါးဖောင်းဖောင်းဆံပင်ကောက်ကောက်ဂုတ်ဝဲလေးနဲ့ကောင်မလေးတစ်ယောက်ဖြစ်သည်။လက်ထဲမှာကိုင်ထားတာက စတော်ဘယ်ရီကိတ်လေး ရှောင်ကျန်း လှည့်ကြည့်လိုက်တော့သူမက
ခေါင်းငုံ့ကာ ကိတ်မုန့်လေးကိုလက်နှစ်ဖက်နဲ့လှမ်းပေးနေသည်။
တချို့သော စကားသံတွေကိုလည်းကြားနေရသည်။
ကောင်မလေးကို ဖက်တီးမ ဝက်ပုတ်မဆိုပြီးပြောနေကြပြီး တိုးတိုးတိတ်တိတ်အတင်းပြောနေကြသည် ။
ရှောင်ကျန်း မျက်စိထဲမှာ ထိုမိန်းကလေးက ဖြူစင်ပြီးချစ်ဖို့ကောင်းသည်။
သူ့အနေနဲ့ ကိုယ်ချင်းစာကြည့်မိတော့
ကောင်မလေးကို သနားမိသည်။
သူ့တုန်းက ဝမ်ရိပေါ်ကို ချောကလက်ကိတ်လေးနဲ့ချစ်တယ်လို့ပြောမိတာ
မျက်နှာကို ကိတ်နဲ့နှစ်ပြီး တဟားဟား အော်ရယ်လှောင်ပြောင်သွားခဲ့တာလေ ။ ရုပ်ဆိုးကောင် အရှက်မရှိ
ဆိုပြီး အဲ့ဒီနောက်ပိုင်း နိုပ်စက်ကြတာပဲ ။ ဒီမိန်းကလေးကို သူ့လို အဖြစ်မခံနိုင်ပါ ။ ကျွန်တော်တောင် ယောကျာ်းတစ်ယောက်ဖြစ်ပြီး
ဒဏ်မခံနိုင်လို့ကိုယ့်ကိုယ်ကိုယ်သက်သေခဲ့တာ သူမဆိုရင်ရော
အခြေအနေ ပိုဆိုးသွားနိုင်သည်။
တစ်တန်းလုံးက သူ့အဖြေကို စောင့်နေကြပုံရသည်။ မင်းကို ငါကာကွယ်ပေးမယ် ဝက်ကလေး။
"ဟီး မင်းကိုယ်တိုင် လုပ်လာတာလား''
"ဟင် ''
ရှောင်ကျန်း ပြုံးရယ်ပြီး မေးလိုက်တော့ သူမက အံ့သြစွာ မော့ကြည့်ရင်း ခေါင်းလေးကို တဆတ်ဆတ်ငြိမ့်ပြလာသည်။
"စားကောင်းမဲ့ပုံပဲ ကျေးဇူးပါကွာ ငါ
ကောင်းကောင်းစားပါ့မယ် ''
ရှောင်ကျန်း ကိတ်မုန့်လေးကိုယူပြီးပြောလိုက်တော့ ဝက်ကလေးအပြင်
ကျန်တဲ့သူတွေပါ ဆွံ့အ သွားပုံရသည်။ဝက်ကလေးက မျက်ရည်လည်ရွဲနဲ့ ကျေးဇူးတင်စကားဆိုသည်မို့ ကိတ်မုန့်ကို ကျိုးချန် ကို ပေးလိုက်သည်။
"ဟီး တကယ် ကျေးဇူးပါ ရှောင်ကျန်းကောကော ''
ရှောင်ကျန်း လက်ကိုဆန့်ပေးလိုက်တော့သူမကကြောင်တောင်တောင်လေးကြည့်လာသည်။
မျက်စပစ်ကာ ဝင်ခဲ့ဆိုသည်သဘောနဲ့ပြောလိုက်တော့သူမကရင်ခွင်ထဲဝင်လာသည်။
ဝတုတ်လေးမို့ ရှောင်ကျန်း မှာ အင့်ခနဲ ဖြစ်သွားသည် ။
Advertisement
"ဟီး ကိတ်မုန့်အတွက်ကျေးဇူးပါကွာ''
"ဟုတ် ကျွန်မက လက်ခံပေးလို့ ကျေးဇူးတင်ရမှာပါ ''
"မလိုပါဘူး ကွာ မင်းကငါ့ရဲ့သူငယ်ချင်းဖြစ်သွားပြီ ခဏခဏမျက်ရည်မကျရဘူးနော် ''
"အင်း ''
အတန်းထဲက အားလုံးနဲ့ ကျိုးချန် တို့က အောက်မေးတွေပင်ပြုတ်ကျမတတ် ပြူးကြောင်အံ့သြနေကြသည်။
ရှောင်ကျန်းက ဝက်ကလေးကိုဖက်ထားရမှခွက်လိုက်ပြီး တစ်ခန်းလုံးရှိကျောင်းသူကျောင်းသာများကို
ပြုံးပြကာ
"ဒီခုံပေါ်ကဟာတွေကို ဘယ်သူတွေပေးမှန်းမသိပေမယ့် ကျေးဇူးပါ
နောက်ကို ငါ့ခုံပေါ်မှာလာတင်မယ့်အစား ကိုယ့်ဖာသာကိုယ်စားကြပါ
သုံးကြပါ ငါ့အတွက် အကုန်အကျမခံပါနဲ့ ငါအားနာလို့ပါ အားလုံးကျေးဇူးပါ ကွာ''
ရှောင်ကျန်း စာကောင်းကောင်းမသင်လိုက်ရပေ...အရုပ်တွေမုန့်တွေသိမ်းနေရခြင်းကြောင့်ပင်။
"အမယ်လေး ရှောင်ကျန်း နဲ့ သူငယ်ချင်း လုပ်ရတာ နောင်တရချင်လာပြီ''
ကျင်းရွှယ် က မုန့်ထုပ်တွေအအေးတွေလက်ဆောင်ဘူးတွေသယ်ကူရင်းညည်းတွားနေသည်မို့ရှောင်ကျန်းက တခွီးခွီး ရယ်နေသည် ။
ကျိုးချန်ခမျာ အရုပ်တွေပါဆယ်ပုံးတွေစာတွေသယ်ရင်းမျက်နှာကရှုံ့မဲ့လို့။
"မင်းတို့ကို ငါပေးပါတယ်ကွာ မင်းတို့ကြိုက်တာယူပါ အကုန်လုံးယူချင်လည်းရပါတယ်''
"တကယ်လား ဟဲ့ ကျိုးချန် ငါအဲ့အရုပ်ကြီးယူမှာပေး''
"မပေးနိုင်ဘူး ငါသယ်လာတာငါယူမှာ''
လူတစ်ရပ်စာပန်ဒါဝက်ဝံရုပ်ကို
ကျင်းရွှယ်နဲ့ကျိုးချန်လုနေကြသည်။
ရှောင်ကျန်း ကတော့ ဝေလငါးရုပ်လေးကိုပိုက်ပြီးစတော်ဘယ်ရီကိတ်ကို အေးဆေးစားနေသည်။
ထိုအချင်းအရာကြောင့် ကျေနပ်နေတဲ့သူလေးတစ်ယောက်သည် အကွယ်တစ်ခုကနေကြည့်ရင်းပြုံးနေခဲ့သည်။
.........................................
"သားလေး ဒါတွေက ''
"မေမေလေးအတွက် ''
ပန်းစည်းတွေကို မေမေလေးဆီပေးပြီးမျက်လုံးက လုပိုင် ကိုရှာနေလိုက်သည်။
"Thanks ဘာကို ရှာနေတာလဲ ''
"ကိုလေး ရော''
"နောက်ဘက်က ရေကန်နားမှာစာရေးနေတယ်လေ''
"အဲ့တာဆို သွားလိုက်အုန်းမယ် ''
ရှောင်ကျန်း ချောကလက်တွေ နဲ့ အိမ်နောက်ဘက်ကရေကန်ဘက်ကိုလာခဲ့သည်။
"ကိုလေး..ရော့..ကြိုက်တယ်မလားဟင် ''
"အဟား ချောကလက်တွေ ကျန်းကျန်း.. အများကြီးပါလား ''
"ဟုတ်တယ် ကိုလေး ကျောင်းမှာ ဝိုင်းပေးကြတာ ကိုလေးစားဖို့ယူလာလိုက်တာ''
"ဟုတ်ပါပြီ နောက်တစ်ခါဆို ပေးတိုင်းမယူနဲ့နော် ကိုယ်က မျှော်လင့်ချက်ပေးသလိုကြီး ဖြစ်နေလိမ့်မယ်
အားမနာနဲ့ ငြင်းစရာရှိတာငြင်းပစ်''
"ဟုတ် ကိုလေး''
"အင်း ရေချိုးအဝတ်လဲပြီး ကိုလေးနဲ့လိုက်ခဲ့ ညဈေးပတ်ရအောင်''
"ဟုတ် ''
............................................
ရိပေါ်ဒီနေ့ ပျော်နေသည် ပြောရမည်။
သူ့အတွက် မထင်မှတ်ဘဲ ထိုကောင်လေးအိမ်ကိုသိလိုက်ရသည်။
အခုတော့ ကောင်လေးအိမ်ဘေးက
ခြံမှာ နေနေရသည်။
ဈေးကြီး ပေးပြီး ဝယ်ထားရတာ.ပါးပါးကြီးက ပြဿနာရှာနေသေးသည်။
ဖခင်ကို အတိုက်အခံလုပ်ပြီးဒီခြံကိုဝယ်ရပေမယ့်..ကောင်လေးနဲ့ နီးနီးလေး နေရမှာမို့တန်ပါသည်။
ဝရံတာကနေလှမ်းကြည့်တော့
ကောင်လေးက ခုန်ပေါက်ကာ ပြေးလွှားနေသည် မှာ ကလေးငယ်လေးလို.ချစ်စရာကောင်းသည် ။
"ဘုရားရေ ကံကမျက်နှာသာပေးတာလား..ကောင်လေးက သူ့အခန်းကနေ လှမ်းကြည့်ပြီး တန်းမြင်ရသည့်အခန်းလေးမှာနေသည်တဲ့..''
အခန်းဆီးပုဝါတွေကိုဖွင့်ထားတာမို့
ကောင်လေးကိုသေချာမြင်နေရသည်။
အင်္ကျီ ချွတ်နေသည့်ကောင်လေးက
တကယ်ကို ဖြူဖွေးနုဖပ်ပြီးချစ်စရာလေးပင်။
ထို့နောက် Boxerလေးနှင့်ရေချိူးခန်းဟုထင်ရသည့်အခန်းထဲဝင်သွားလေသည်။
ရိပေါ် တွေးမိသည် သည်ကောင်လေးကံကောင်းသည်ဟု.သူမဟုတ်ဘဲ
တခြားလူသာသည်ခြံကိုဝယ်လိုက်ရင် ကောင်လေးအတွက်ဒုက္ခရောက်နိုင်သည်။
ရိပေါ်ကြည့်နေမိသည် ။
ကောင်လေးထွက်လာတော့မလားလို့
၄၅မိနစ်လောက် အကြာမှာ ရှောင်ကျန်း ထွက်လာသည်။ အောက်ပိုင်းကို တဘတ်ဖြူလေးဖြင့်လျော့တိလျော့ရဲပတ်လို့...ချက်အောက်ကအမွှေးတွေကိုလည်း.ရိပေါ် သေချာမြင်နေရသည်။
"အဟမ်း ငါနဲ့ ညားမှ အဲ့ဒီ အမွှေးတွေကိုရိတ်ပစ်ရမယ်..တစ်ပင်မှမကျန်အောင်ကိုရိတ်ပစ်မယ်''
ကြိုက်ကြလားမသိဘူး
Zawgyi
"ဘုန်း!!! "
အတင်နိုးကာမေးလိုက်သည်။
ဦး ဆိုတာ ဘယ်သူလဲ ''
"တကယ်ပြောတာ ''
မိတ်ဆွေကြီးရေ ''
အပျိုကြီး ရေ''
"ဖင်ယားနေလိုက် ''
"ဟားဟား ''
Advertisement
"အင်း ''
သူမက တခြားသူ မဟုတ်
လုကျင်းရွှယ် ဖြစ်သည်။
"ဟိုင်း ရှောင်ကျန်း ''
"တွေ့ရတာဝမ်းသာပါတယ် ''
"အင်း ''
"ဟင် ''
"အင်း ''
ပြုံးပြကာ
.........................................
"သားလေး ဒါတွေက ''
"မေမေလေးအတွက် ''
"ကိုလေး ရော''
"ဟုတ် ကိုလေး''
"ဟုတ် ''
............................................
ခြံမှာ နေနေရသည်။
ထို့နောက် Boxerလေးနှင့်ရေချိုးခန်းဟုထင်ရသည့်အခန်းထဲဝင်သွားလေသည်။
ရိပေါ်ကြည့်နေမိသည် ။
ကြိုက်ကြလားမသိဘူး
Advertisement
- In Serial12 Chapters
The Good End for the Villainess
That night, she was bored and illegally downloaded and installed "Life is but a Rose", the most cheesy and terribly rated otome game of 2001. Just as promised, it was laughably bad. She heckled the game the entire night, finishing it at dawn. As she fell asleep she thought, "Did monkeys write this? How could they let the characters be so dumb, if it were me I wouldn't be that stupid..." And then she woke up in the body of a child "Camilla Florentine." The dumbest character of them all: the villainess. Bad ends and death flags are all that await the arrogant and proud Daughter of the Duke. But only if she went according to the script! As long as she makes her own "Escape Route", surely nothing could go wrong... "Huh? I activated a hidden route? Who cares about that! Love flags or whatever, I've got a great job lined up and can live how I want, screw the game's fate and capture targets! I'M FREEEEEEE!" Runs out the door. Years later: "Why did a Capture Target follow me to a completely different country??????" *** A sweet, silly story written over three days. Lincensed under: https://creativecommons.org/licenses/by/4.0/
8 196 - In Serial44 Chapters
Witness Protection
Jasmine Wright, 21, was only picking up groceries after work when she was caught in the crossfire of a brutal robbery gone wrong. She had witnessed a murder, and she had seen the faces of the murderers, suddenly putting her in a dangerously vulnerable position. A barrage of threats overtake Jasmine's once peaceful life, violent attempts to silence her. Detective Dawson James, 26, is a decorated officer with many successions under his gun-holstered belt. But his new mission - to protect Jasmine at any cost - is proving to be his most difficult, after all, getting emotionally involved is always a cops biggest distraction.
8 322 - In Serial40 Chapters
Camp Wisahickon
To her parents, Amelia Stevens is the perfect daughter. Excellent grades, a piano prodigy, and her mature nature makes Amelia a good girl. However, when she's at camp, things change. Camp Wisahickon is the one place Amelia is able to be herself.Carter Miller is the exact opposite. Constantly getting in trouble, making reckless decisions, and a stubborn pride has landed Carter a court ordered ultimatum: spend the summer at the Juvenile Delinquent Detention Center or attend a month-long camp. Unfortunately for Amelia, he chose Camp Wisahickon.
8 203 - In Serial17 Chapters
MACARONS,, COMPLETED
"hello, sweet treats bakery at your service. how may i help yo-" "did you know that the first macaron was made in italy?" "uh, no?" "do you have macarons?" "yes, ma'am." "great! i'll order about, 4 dozen. thanks, see you soon." {lower case intended}{highest rank: #159 in short story}© SUNRAYYS
8 210 - In Serial43 Chapters
Sugar Boo
(boyxboy)Two opposite, a sensitive loner - Andrew Landry, and the top athlete, big flirt - Ethan Cushing have been best friends since childhood. Despite being an introvert and used to being by himself, Andrew often finds some comfort in his friendship with Ethan as the star quarterback never leaves him behind and acts as his protector. Everything is perfect until Andrew starts to question his feelings towards Ethan.Start : 4/29/20
8 87 - In Serial62 Chapters
Amiss Prayer (Zawgyi&Unicode) [Completed]
For Zawgyiအဆင့်အတန်းကွာဟမှုရှိတဲ့လူသားနှစ်ဦး...ထိုလူသားနှစ်ဦးကြားဖြစ်တည်လာတဲ့ချစ်ခြင်းတစ်ခုဟာ ခိုင်မြဲပါ့မလားး...ဘယ်ဘဝရောက်ရောက်ချစ်နေပါ့မယ်ဆိုတဲ့ကတိစကားက တည်မြဲပါ့မလားး....ကိုယ်ကပေးဆပ်ချင်ရင်တောင် ကိုယ့်အမှားတွေကြောင့်င့်... သူ..ရယူရဲပါ့မလား...For Unicode အဆင့်အတန်းကွာဟမှုရှိတဲ့လူသားနှစ်ဦး...ထိုလူသားနှစ်ဦးကြားဖြစ်တည်လာတဲ့ချစ်ခြင်းတစ်ခုဟာ ခိုင်မြဲပါ့မလား...ဘယ်ဘဝရောက်ရောက်ချစ်နေပါ့မယ်ဆိုတဲ့ကတိစကားကတည်မြဲပါ့မလား....ကိုယ်ကပေးဆပ်ချင်ရင်တောင် ကိုယ့်အမှားတွေကြောင့်... သူ..ရယူရဲပါ့မလား...
8 93

