《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[86]
Advertisement
[Unicode]
086 : ရှန်းရှန်း(ရှန်းနှစ်ထပ်ကွမ်း) အဆောက်အဦး
ချွန်းရှန်း မေးလိုက်သည်။ "သခင်လေး.....သူဌေးချင်နဲ့ သူဌေးလဲ့ယ်ကို ငတုံးတွေလို့ မထင်ဘူးလား?မြို့ထဲမှာ ဝိုင်ဆိုင်ဖွင့်ဖို့ သင့်တော်တဲ့နေရာ ရှာလို့မတွေ့ရင် ဘာလို့များ ခရိုင်မြို့ကို မသွားကြတာလဲ?ဒီလိုမြို့ငယ်လေးမှာ ဖောက်သည်ဘယ်နှစ်ယောက်များ ရှိလာမှာမို့လဲ။ဒီမြို့လေးထဲမှာပဲ ဝိုင်ဆိုင်ဆောက်နိုင်ဖို့ကို ဘာကြောင့် အရမ်းကြိုးစားနေကြတာလဲ?ဒီကျွန် တကယ်နားမလည်နိုင်ဘူး"
နျဲ့ဟန်တစ်ယောက် ရထားလုံးပေါ်တွင် အေးအေးဆေးဆေး မှီလှဲချလိုက်ပြီး "ဒါ တကယ်ကိုထူးဆန်းတယ်။သူတို့ရဲ့ မွေးရပ်ဇာတိက ရေပြေးမြို့တော်မှာရှိတဲ့ ရွာတစ်ရွာပဲလေ။အိမ်နဲ့ သိပ်မဝေးချင်လို့ နေမှာပေါ့”
ချင်မျန်ကပဲ အရာရာတိုင်းကို ရိုးရှင်းတဲ့နည်းလမ်းအတိုင်း စဉ်းစားခဲ့တာများလား။အခုလောလောဆယ်တော့ သိရဦးမည်မဟုတ်ပေ။
တစ်လခွဲကြာပြီးနောက်...ဝိုင်ဆိုင်ကြီးသည် ပြီးစီးခဲ့ပြီဖြစ်ကာ ဒီဇိုင်းအသေးစိတ်ပိုင်းမှာဖြင့် အပြီးသတ်ရန်သာ ကျန်တော့သည်။
ချင်မျန်သည် ဟင်းချက်နည်းကို ရောင်းချတော့မည်ဆိုသော သတင်းကို လွှင့်ခဲ့ပြီး စောင်ရေ 20 သာ ရောင်းချမည်ဟုလည်း ဖော်ပြခဲ့သည်။ထိုသတင်းကိုကြားတော့ အနီးနားမြို့များမှ ဝိုင်ဆိုင်ပိုင်ရှင်များနှင့် ခရိုင်မြို့ကငွေကြေးအင်အားတောင့်တင်းသည့် သူဌေးများပင် လာရောက်ကြလေသည်။အစောဆုံးပိုင်ရှင် အယောက်နှစ်ဆယ်သည် ပါဝင်ပစ္စည်းများ ဆယ့်ခြောက်မျိုးပါသော ဟင်းချက်နည်းကို ဝယ်ယူရန်အတွက် ငွေတုံး 500 ကို အသီးသီးသုံးစွဲခဲ့ကြသည်။ချင်မျန်ကား ဟင်းချက်နည်းရောင်းရုံဖြင့် ငွေတုံး 10,500 ကို ရရှိခဲ့သည်။
ထို့နောက်တွင် စည်စည်ကားကားရှိလှသည့် လယ်သိမ်းရာသီမှာ သတ်မှတ်ရက်အတိုင်း ရောက်ရှိလို့လာပြီ။ချင်မျန်၏မြေဧကမှာ သေးငယ်ပြီး မိသားစုတွင် အစေခံသုံးယောက်သည်လည်း ရှိသေးရာ ရိတ်သိမ်းခြွေလှေ့ရန်၊ အခြောက်ခံပြီး ဂိုဒေါင်ထဲသို့ ထည့်ရန် သုံးရက်သာ အချိန်ယူရသည်။
ဤအခွင့်အရေးကို အသုံးချ၍ ချင်မျန်သည် ရွာရှိ အရည်အသွေးအကောင်းဆုံး လယ်မြေ ၁၀ ကွက်ကို ဝယ်ယူခဲ့သည်။သို့မှသာ သူလက်ထဲတွင်ရှိသည့်လယ်မြေအားလုံးမှာ တစ်ဆက်တည်းဖြစ်သွားခဲ့သည်။စပါးပျိုးပင်တွေကို စိုက်ပျိုးခြင်းနှင့် ကောက်ပျိုးပင်များ ရွေ့ပြောင်းစိုက်ပျိုးခြင်းကို ရှီလ၊ ဦးလေးဖူနှင့် ဒေါ်လေးဖူတို့ကို ကိုင်တွယ်စေခဲ့သည်။သူနှင့်လဲ့ယ်ထျဲတို့ကတော့ ဝိုင်ဆိုင်ရှိ အလုပ်တာဝန်များကြောင့် ထိုနေရာမှ ခွာ၍မရသေးပေ။
၅လပိုင်း ၂၀ရက်နေ့မှာတော့ ဝိုင်ဆိုင်ကြီး ဆောက်လုပ်ပြီးစီးသွားခဲ့ပြီ။ချင်မျန်ကတော့ ယင်းဆိုင်ကို "ရှန်းနှစ်ထပ်ကွမ်း(ရှန်းရှန်း)" ဟူ၍ အမည်မှည့်ပေးခဲ့ပြီး လဲ့ယ်ထျဲကို ရေးစေကာ ကမ္ပည်းပြားဖြင့် ထည်ဝါစွာပြုလုပ်စေခဲ့သည်။ "ရှန်း[饗]" ဟူသော စကားလုံးသည် "ဧည့်သည်များကို ဧည့်ခံကျွေးမွေးမည့် စားသောက်ပွဲ" နှင့် နောက်ရှန်းသည် " [享]" "ပျော်ရွှင်မှု" ဟူ၍ အဓိပ္ပါယ်ရသည်။ယင်းအမည်ကို မှည့်တတ်လွန်း၏ ဟူ၍ဆိုရချေမည်။
ပြောရရင် ရေပြေးမြို့တော်ဟု ခေါ်ရခြင်းမှာ ထိုမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်းရှိသောကြောင့် ရေးပြေးမြို့ဟု အမည်တွင်ခြင်းပင်။ဝိုင်ဆိုင်အသစ်သည် ရေပြေးမြို့တော်၏အစွန်းဘက်တွင်တည်ရှိပြီး အတိအကျပင် မြစ်ကိုဖြတ်၍ တည်ရှိနေသည်။ မြစ်ရေမျက်နှာပြင်ပေါ်ရှိ အဆောက်အအုံတစ်ခုမှာ ပင်းကျစ် အမည်ရှိ ဝိုင်ဆိုင်ဖြစ်ပြီး မြစ်အရှေ့ဘက်ရှိ အခြားအဆောက်အအုံမှာ ရူကွေးအမည်ရှိ တည်းခိုခန်းဖြစ်သည်။ အဆောက်အအုံနှစ်ခု၏အပြင်ဘက်တွင် စက်ဝိုင်းပုံစံနံရံများကို မြစ်ကမ်းရိုးတန်းတွင် ဗဟိုဝန်းရိုးအဖြစ် မြစ်ကြောင်းအတိုင်း တည်ဆောက်ထားကာ အပြန်အလှန်အချိုးအစားညီညီ ဖန်တီးထားသည်။နှစ်ဖက်ကို မြစ်လယ်ရှိတံတားကြီးတစ်ခုဖြင့် ဆက်သွယ်ထားသည်။ဤနေရာမှာတော့ တစ်စုံတစ်ဦးမှ နှစ်တွဲဆက်အဆောက်အဦးဆီသို့ ကျူးကျော်ဝင်ရောက်ခြင်းမှ တားဆီးရန် ခုံးတံတားကို အလွန်မြင့်မားစွာ တည်ဆောက်ထားပေသည်။
အဆောက်အအုံနှစ်ခုတွင် သုံးထပ်စီရှိသည်။ဒုတိယထပ်နှင့် တတိယထပ်တို့ကို ကြိုးတံတားဖြင့် ဆက်သွယ်ထားသည်။ချင်မျန်သည် ပင်းကျစ်အဆောက်အဦး၏ဝင်းတံခါးအဖြစ် ရှန်းရှန်း၏ဝင်ပေါက်တစ်ခုကိုသာ တမင်ချန်လှပ်ထားခဲ့သည်။ တစ်နည်းဆိုရသော် ရူကွေးအဆောက်အအုံကို သွားလိုပါက ပင်းကျစ်အဆောက်အအုံထဲမှသာ ဝင်နိုင်သည်။
ပင်းကျစ်အဆောက်အဦး၏ဧည့်ခန်းဖြစ်သော ပထမထပ်ကိုဖြင့် နှစ်ပိုင်းခွဲထားသည်။ ဘယ်ဘက်တွင် လူနှစ်ယောက်ထိုင်ခုံ၊ လေးယောက်ထိုင်ခုံနှင့် ရှစ်ယောက်ထိုင်ခုံများအပြင် သုံးစွဲသူတစ်ဦးချင်းစီအတွက် စတုရန်းထိုင်ခုံများပါသည့် ခုံတန်းလျားများပါရှိသည့် သာမန်ဧည့်ခန်းဖြစ်သည်။ ညာဘက်တွင် လှည့်ပတ်ဘူဖေးတဖြစ် ရှန်းရှန်းဆိုင်၏ထူးခြားဆန်းပြား အသွင်အပြင်တစ်ရပ်ဖြစ်သည့် စားသောက်မှု ပလက်ဖောင်းတစ်ခုပါရှိသည်။ ၎င်းကို ဆူရှီ (စားသောက်ဆိုင်)မှ ကွန့်မြူးယူထားခြင်းဖြစ်သည်။ ဒုတိယထပ်တွင် မတူညီသောလက်ရေးလှများနှင့် ပန်းချီကားများ ပါရှိသည့် သီးသန့်အခန်း ၁၂ ခန်းပါရှိပြီး ၎င်းတို့ထဲတွင် မတူညီသော ကဗျာများကိုလည်း ချိတ်ဆွဲထားသည်။ တတိယထပ်သည် စုစုပေါင်း လေးခန်းသာရှိသည့် အထူးဧည့်ဆောင်ဖြစ်ပြီး ရှုခင်းကိုကြည့်ရှုနိုင်ရုံသာမက စိတ်ဝင်စားစရာကောင်းသော အပန်းဖြေစရာနေရာများပါ,ပါရှိသည်။ တတိယထပ်၏အပေါ်ထပ်တွင်မူ အမိုးကာရံကြီးဖြင့် တပ်ဆင်အုပ်မိုးထားသည့် ခေါင်မိုးထပ်ပါရှိသည်။ ဤနေရာကိုတော့ တစ်ကြိမ်လျှင် ဧည့်သည်တစ်စုကို ဧည့်ခံဖျော်ဖြေပေးရန်သာ အသုံးပြုဖို့ လျာထားသည်။ ထူးခြားပြီး တုနှိုင်းမရတဲ့ နေရာတစ်ခုပင်။
ပင်းကျစ်အဆောက်အဦး၏အနောက်တွင် ခမ်းနားလှပသည့်နေရာ လေးနေရာရှိလေသည်။ ယင်းအပြင်အဆင်လေးနေရာကိုလည်း ဧည့်ခံပွဲတွေမှာ အသုံးပြုနိုင်၏။ ယင်းတို့ကို ကျောက်တုံးတွေ၊ ဘရာဘမ်းဇီးပင်တွေ၊ ပန်းပွင့်ချုံပုတ်များနှင့် စပျစ်သီးပင်များဖြင့် ကန့်ထားလေသည်။ လူတွေက လတ်ဆတ်တဲ့လေကို ရှုရှိုက်နိုင်ပြီး လှပတဲ့ရှုခင်းတွေကို တစ်ချိန်တည်းမှာ ခံစားနိုင်သည်။ ၎င်းသည် လူတွေကို သီးသန့်နေရာ၌ ပျော်ရွှင်စွာမှုရသကို ပေးစွမ်းနေသည်။
ရူကွေးအဆောက်အဦး၏ပထမထပ်သည် ရိုးရိုးဧည့်ခန်းဖြစ်ပြီး ပရိဘောဂအပြည့်အစုံဖြင့် တစ်ယောက်သုံးခန်းနှင့် နှစ်ယောက်ခန်းဟူ၍ခွဲထားသည်။ ဒုတိယထပ်တွင် မိသားစုဝင်များနှင့် သူငယ်ချင်းများ စုနိုင်သည့် ဇိမ်ခံအခန်းလေးခန်းပါရှိသည်။ အခန်းတိုင်းတွင် လက်ရေးလှနှင့် ပန်းချီကားများအပြင် ထူးခြားသော ပရိဘောဂများလည်း ထည့်သွင်းထားသည်။ တတိယထပ်တွင် အထူးဧည့်ခန်းလေးခန်းပါရှိပြီး သုံးခန်းမှာ အများအတွက် ဖွင့်လှစ်ပေးထားသည်။ ကျန်သည့်အခန်းမှာတော့ ချင်မျန်နှင့် လဲ့ယ်ထျဲတို့မှ သီးသန့်ပိုင်ဆိုင်ထားပြီး တတိယထပ်ရှိ တခြားဧည့်သည်များနှင့် မဆုံတွေ့စေရန် ဒုတိယထပ်တွင်ရှိသော သီးသန့်လှေကားဖြင့် တက်နိုင်သည်။ ခေါင်မိုးပေါ်တွင် ရေချိုးကန်ကြီးတစ်ခုပါရှိ၏။ နွေဦးရာသီနှင့် ဆောင်းဦးရာသီတွင် ဝိုင်အရက်လေးသောက်ရင်း ရေနွေးပူပူတွင် စိမ်ကာ နေရောင်အောက်တွင် အပန်းဖြေအနားယူနိုင်၏။
Advertisement
ရူကွေးအဆောက်အဦး၏နောက်ဖေးမှာတော့ သေးငယ်သော တံခါးပေါက်တစ်ခုရှိပြီး အတွင်းပိုင်းဝန်ထမ်းများအတွက် အမှိုက်သယ်ယူရန်၊ ပါဝင်ပစ္စည်းများနှင့် ထင်းများဝယ်ယူခြင်း အစရှိသည်တို့ကို အသုံးပြုရန်အတွက်ပင် ဖြစ်သည်။
ဥယျာဉ်တွေ၊ သီးပင်စားပင်တွေ၊ နွားတင်းကုပ်များနှင့် ဝန်ထမ်းအိမ်ယာများကိုလည်း အသေးစိတ်ဖော်ပြရန် မလိုအပ်တော့ပေ။
၅လပိုင်း ၂၇ရက်နေ့မှာတော့ ဆိုင်တွင် ဝန်ထမ်းအပြည့် ခန့်အပ်ထားလိုက်ပြီဖြစ်သည်။ ဤမျှကြီးမားသော ဝိုင်ဆိုင်ကြီးတွင် ချင်မျန်အတွက် ကိုယ်တိုင်ထမင်းချက်ရန် မဖြစ်နိုင်ပေ။
ဟင်းချက်နည်းတွေကို စားဖိုမှူးတွေထံ အသုတ်လိုက် ခွဲပေးရသည်။ စားဖိုမှူးလေးယောက်ကို ချင်းထျန်းစီရင်စုမှ လဲ့ယ်ထျဲကိုယ်တိုင် ခေါ်ယူခဲ့ပြီး သူတို့အားလုံးသည် ပြန်လည်ရုပ်သိမ်း၍မရသော ခေါင်းစည်းဖြင့် စာချုပ်ကို လက်မှတ်ရေးထိုးထားသည်။ အသက်လေးဆယ်ကျော်အမျိုးသမီး အလုပ်သမားလေးဦးကတော့ ပါဝင်ပစ္စည်းများ စီမံဆောင်ရွက်ပေးခြင်းနှင့် မီးဖိုချောင်သန့်ရှင်းရေးအတွက် တာဝန်ယူဆောင်ရွက်ပေးရမည်။ စားပွဲထိုးရှစ်ဦး၊ ဥယျာဉ်မှူးနှစ်ဦး၊ သန့်ရှင်းရေးသမား ရှစ်ဦး၊ စျေးဝယ်ပေးသူလေးဦး၊ အမြဲဝန်ထမ်းနှစ်ဦးနှင့် အစောင့်ဝန်ထမ်း ရှစ်ဦးတို့ကို အလုပ်မခန့်မီတွင် ပြန်လည်ဖြုတ်ချနိုင်သည့် စာချုပ်စာတမ်းကို လက်မှတ်ရေးထိုးစေသည်။ ယင်းဆိုင်မှာ အနည်းငယ်ကျယ်ဝန်းတဲ့အတွက် ချင်မျန်သည် မန်နေဂျာအတွက် လက်ထောက်လည်း ထားပေးထား၏။
စကားမစပ်ပြောရရင်ဖြင့် ကျန်းလျို ၊ ဝမ်ရွှမ်း ၊ ချန်းစီနှင့် ရှီတိုးတို့က ဆိုင်တွင် ပို၍ အတွေ့အကြုံများသောကြောင့် ချင်မျန်သည် သူတို့အား စားပွဲထိုးများအဖြစ် ဝိုင်ဆိုင်သို့ ပြောင်းရွှေ့စေကာ ဝန်ထမ်းအသစ်လေးယောက်ကို စားသောက်ဆိုင်အဟောင်းဆီသို့ စေလွှတ်လိုက်သည်။ယင်းစားသောက်ဆိုင်ကို တစ်နှစ်သာ ငှားရမ်းထားတာကြောင့် သတ်မှတ်ချိန်ရောက်လျှင် ပိတ်လိုက်မည်ဖြစ်သည်။
"......"
ချင်မျန် သူ့အရင်ဘဝတွင် စီးပွားရေးမလုပ်ဖူးပေ။ ဝိုင်ဆိုင်ကြီးများသည် စားသောက်ဆိုင်ငယ်များကဲ့သို့ စီမံခန့်ခွဲရန် မလွယ်ကူပေ။ အဆင်မပြေတဲ့ အပိုင်းတွေရှိရင် နောက်မှပဲ ပြင်လို့ရမည်။
ဆိုင်မဖွင့်မီ ချင်မျန်သည် ဝန်ထမ်းအစည်းအဝေးကို ဦးစွာပြုလုပ်ခဲ့သည်။ဆုပေးဒဏ်ပေးသည့်စနစ်နှင့် သတင်းပို့သည့်စနစ်ကို အကောင်အထည်ဖော်ခဲ့သည်။
စားဖိုမှူးလေးယောက်က အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အဖွဲ့ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ခဲ့၏။ အမျိုးသမီးအလုပ်သမားလေးဦးကိုလည်း အဖွဲ့လိုက်ဖွဲ့ပေးထားပြီး အဖွဲ့ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ခဲ့သည်။ စားပွဲထိုး ရှစ်ဦးသည် ဧည့်သည်များကို ဧည့်ခံရန် တာဝန်ရှိသော အဖွဲ့ဖြစ်သည်။အစောင့်ရှစ်ဦးက တစ်ဖွဲ့ဖွဲ့ကာ မန်နေဂျာကတော့ ဝယ်ယူသူများနှင့် ပတ်သက်၍ တိုက်ရိုက် တာဝန်ယူထားသည်။
အဖွဲ့ခေါင်းဆောင်၏လစဉ်လစာသည် တခြားအဖွဲ့၀င်များထက် 25% ပိုများသည်....မက်လုံးတစ်ခုပင်။သို့ပေမယ့် ခေါင်းဆောင်ရာထူးကိုတော့ အတည်မသတ်မှတ်ထားပေ။ အလုပ်ကောင်းကောင်းမလုပ်နိုင်ရင် ရာထူးက ဖယ်ရှားခံရပြီး အခြားအရည်အချင်းရှိသူက သိမ်းပိုက်သွားပါလိမ့်မည်။
သို့မှသာ ဝန်ထမ်းအားလုံး တစ်ယောက်နဲ့တစ်ယောက် ထိန်းကျောင်းနိုင်သွားမည် ဖြစ်သည်။ ဝန်ထမ်းတစ်ဦးမှ အလုပ်ပျက်ကွက်သည်ကို တွေ့ရှိပါက အခြားဝန်ထမ်းများက ၎င်းအား အစီရင်ခံစာပုံးသို့ အမည်ဝှက်ဖြင့် တိုင်ကြားနိုင်သည်။ စိစစ်ပြီးပါက အဆင့်အလိုက် ဆုများပေးအပ်သွားမည်ဖြစ်သည်။ အမှားလုပ်မိသူများကို ပထမအကြိမ် နှုတ်ဖြင့်၊ ဒုတိယအကြိမ် ဒဏ်ရိုက်ခြင်း နှင့် တတိယအကြိမ် ထုတ်ပယ်ခြင်းခံရမည်ဖြစ်သည်။ ကြီးကြီးမားမား အမှားလုပ်မိပါက တိုက်ရိုက်ထုတ်ပယ်ခံရမည်ဖြစ်ပြီး ဆိုးရွားသောအခြေအနေရှိသူများကိုတော့ ထောင်သို့ ပို့ဆောင်စေမည်ဖြစ်သည်။
ဤကဲ့သို့ တင်းကျပ်ပြီး စေ့စေ့စပ်စပ် စည်းမျဉ်းများ ထုတ်ပြန်ပြီးသည်နှင့် တပြိုင်နက် ဝန်ထမ်းများအားလုံး စိတ်ထဲကနေ တုန်လှုပ်သွားကြသည်။ အရေးမပါဟုထင်ရသော ဤသူဌေးငယ်လေးကို အံ့ဩမိကြပြီး အနာဂတ်တွင် သတိမလွတ်ဂရုမစိုက် မဖြစ်ရလေရန် လျှို့ဝှက်ဆုံးဖြတ်ခဲ့ကြသည်။
ချင်မျန်ကတော့ မျှမျှတတလည်း ဖြစ်လိုသောကြောင့် ဆက်ပြောလိုက်သည်။ "ဒါပြင် ဝန်ထမ်းအားလုံး လရဲ့ ၁ ရက်၊ ၁၁ ရက်နှင့် ၂၁ ရက်တွေမှာ အားလပ်ရက် ပေးမယ်။ ဆိုင်လည်ပတ်မှုကိုတော့ ရပ်ဆိုင်းလို့မရတာမို့ အားလပ်ရက်ကို အလှည့်ကျစနစ်နဲ့ ခွင့်ပေးသွားပါမယ်”
"ဘာလဲ?လတိုင်းမှာ အားလပ်ရက်တွေရှိသေးတာလား?" လူတိုင်း ဝမ်းသာအားရဖြစ်ကုန်ကြသည်။ဒီလိုမျိုး သူတို့ တစ်ခါမှ မကြားဖူးပေ။
"တိတ်တိတ်နေပေးပါ။ ငါ့စကားကို အရင်နားထောင်။" ချင်မျန် သူ့လက်ဖြင့် အချက်ပြပြီး "စားဖိုမှူးလေးယောက်ကတော့ တစ်ရက်ကို တစ်ယောက်ပဲ ခွင့်ယူနိုင်ပြီး အမျိုးသမီး အလုပ်သမားလေးယောက်လည်း ထို့တူပဲ... စားပွဲထိုး ရှစ်ယောက်အတွက် တစ်ရက်ကို လူနှစ်ယောက် ခွင့်ယူနိုင်ပါတယ်။မန်နေဂျာလည်း အားလပ်ရက်တစ်ရက် ယူခွင့်ရှိတယ်။အဲ့အချိန်ကျရင်တော့ သူဌေးကြီးနဲ့ ငါက မန်နေဂျာနေရာကို ခေတ္တတာဝန်ယူပေးသွားမှာပါ”
"ကျေးဇူးအများကြီးတင်ပါတယ် သူဌေးကြီးနဲ့ သူဌေးလေး" ဆိုင်မန်နေဂျာဆွင်းမော့ရှန်းသည် ကျေးဇူးတင်စကား ပြောလိုက်သည်။ "သခင်လေးနှစ်ယောက်နောက်လိုက်ရတာ ဂုဏ်ယူမိပါတယ်"
"ဝိုင်ဆိုင်မှာ တကယ်အလုပ်များနေတဲ့အချိန်ကျရင် မင်းတို့ရဲ့အားလပ်ရက်တွေကို မယူဘဲ ကူညီပေးဖို့ ဝိုင်ဆိုင်မှာနေချင်တယ်ဆိုရင် အချိန်ပိုလုပ်အားခအဖြစ် နှစ်ဆပိုရနိုင်တယ်။ ဥပမာ မန်နေဂျာရဲ့လစဉ်လုပ်အားခက 200 ဝမ်။ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် 7 ဝမ် ခန့်ရှိတယ်။ဒါဆိုရင် အချိန်ပိုလုပ်အားခကိုပါ ထည့်တွက်ရင် တစ်ရက် 14 ဝမ် ရမယ်။မင်းတို့ရဲ့အားလပ်ရက်သုံးရက်ကို မယူဘူးဆိုရင် လစဉ် 42 Wen ပိုရမယ်။”
လူတိုင်း၏မျက်နှာသည် ပို၍ပင် ပျော်ရွှင်လာ၏။အနှီ 42 ဝမ်ကို ဘယ်တော့မှ လျှော့မတွက်သင့်ပေ။လအနည်းငယ်လောက်တော့ ဆားဝယ်ဖို့ လုံလောက်ပေသည်။
"အားထျဲ.....တစ်ခုခုထပ်ပြောချင်သေးလား?" ချင်မျန် သူ့ဘယ်ဘက်ရှိ လဲ့ယ်ထျဲကို ကြည့်လိုက်သည်။
လဲယ်ထျဲ လက်ဖက်ရည်ခွက်ကို ချလိုက်ကာ သူ၏ထက်မြက်စူးရှသော မျက်လုံးတစ်စုံသည် လူတိုင်း၏မျက်နှာပေါ်သို့ ဖြည်းညှင်းစွာ ဖြတ်ပြေးသွားသည်။ "သစ္စာရှိမှုက အလုပ်လုပ်တဲ့အခါ အရေးကြီးဆုံးပဲ။ ဝိုင်ဆိုင်ရဲ့ လျှို့ဝှက်ချက်ကို တစ်ယောက်ယောက်ကများ ထုတ်ဖော်ပြောရင်.....”
Advertisement
အက်ကွဲသံနဲ့အတူ သူ့လက်ထဲက ခွက်သည် အမှိုက်ပုံကဲ့သို့ ပြောင်းလဲသွားလေသည်။
လူတိုင်း တုန်လှုပ်သွားကြသည်။မတ်တပ်ရပ်လျက်သား မလှုပ်ရဲကြတော့ပေ။အသက်တောင် ရဲရဲမရှူဝံ့ကြ။
ချင်မျန် သူတို့ကို ဖော်ရွေသောအပြုံးလေးနဲ့ ပြုံးပြပြီး "မင်းတို့သာ အမှားမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး မလား။ ကောင်းပြီ....ငါပြောစရာရှိတာ အကုန်ပြောပြီးပြီ။ဒီနှစ်ရက်အတွင်း ဝိုင်ဆိုင်ရဲ့ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင်နေကြ။ 5လပိုင်း 30 ရက်နေ့ စဖွင့်ရင် အရမ်းအလုပ်များမယ်"
“ဟုတ်!”
"မန်နေဂျာဆွင်း....ခင်ဗျားနဲ့အပ်ထားခဲ့မယ်။" ချင်မျန် မန်နေဂျာကို ကြည့်ကာပြောလိုက်သည်။
ဆွင်းမော့ရှန်း သူ့လက်ခုပ်ကို ကိုင်လိုက်ပြီး "စိတ်မပူပါနဲ့ သူဌေးလေး"
ချင်မျန်နှင့် လဲ့ယ်ထျဲတို့ မြင်းလေးစီးရင်း အိမ်ပြန်သွားကြသည်။ရှီလသည် မြင်းဇောင်းကို သန့်ရှင်းရေးလုပ်နေချိန် သခင်နှစ်ယောက် ပြန်လာသည်ကို မြင်သောအခါ ဆီးကြိုရန် ပြေးလာကာ မြင်းကို ဆွဲယူလိုက်သည်။သူ့မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခုလည်း ရှိနေသည်။
"သခင်လေး....ဒီနေ့ အိမ်ဟောင်းမှာ ရန်ပွဲဖြစ်ခဲ့တယ်" ရှီလသည် စိတ်လှုပ်ရှားမှုကို ထိန်းထားသော်လည်း ချင်မျန်ကတော့ သူ့အသံကို နားထောင်ကြည့်ရုံဖြင် သိနိုင်သည်။ရှီလက စကားအများကြီးပြောတတ်ပေမယ့် ပါးစပ်တော့ အရမ်းလုံ၏။အပြင်ဘက်တွင် သူ့တို့ရဲ့ခြံအကြောင်း မပြောဖူးပေ။ထို့ကြောင့် ချင်မျန်သည် ရှီလ၏စူးစူးစမ်းစမ်းဝါသနာကို ရှာတွေ့ပြီးနောက် မျက်လုံးတစ်ဖက်ကို မှိတ်ပေးထားလိုက်သည်။ရှီလ ပြောသည်ကို သူစိတ်ဝင်စားတာကြောင့် သူ ချက်ချင်း မေးလိုက်သည်။ "ဘာဖြစ်တာလဲ?"
ရှီလ ရှင်းပြလိုက်သည်။ "ဒုတိယသခင်လေးက သခင်မကြီးတုရှီကို သူ့သား လဲ့ယ်တာ့ပေါင်းကို အသိညဏ်ကြွယ်ဝလာဖို့ ကျောင်းလွှတ်ချင်ကြောင်း ပြောခဲ့တယ်။ဒါကို သခင်မကြီးတုက နည်းနည်းစောသေးတယ်လို့ ထင်ပြီး ငြင်းလိုက်တယ်။ဒါကို ဒုတိယသခင်လေးက မကျေမနပ်ဖြစ်ပြီး သခင်မကြီးနဲ့ သခင်ကြီးရှေ့မှာ ဇနီးဖြစ်သူနဲ့အတူ ဆူညံပွက်လောရိုက်စေတယ်လေ။ တတိယသခင်လေးကလည်း ဒါကို အခွင့်ကောင်းယူပြီး အိမ်ခွဲနေဖို့လုပ်ပြီး စတုတ္ထသခင်လေးကလည်း လိုက်သွားမယ်ပြောတယ်။ သခင်မကြီးတုက အရမ်းဒေါသဖြစ်သွားခဲ့တယ်လေ။ သခင်မဝေက ကြားထဲကနေ သဘောထားကွဲအောင် လှုံ့ဆော်နေပြီး ဒုတိယသခင်လေးနဲ့ သူ့ဇနီးကလည်း အနှောင့်အယှက်ဖြစ်စေအောင်လို့ နောက်ကနေ လိုက်ပါပြီး လုပ်ကြတယ်။ သခင်မကြီးတုအနေနဲ့ကလည်း သည်းခံနိုင်ရည်က ကန့်သတ်ချက်ထက် ကျော်လွန်သွားတာကြောင့် မောင်းထုတ်ခဲ့ပြီးတော့ ဒုတိယသခင်လေးရဲ့ဇနီးကို ပါးရိုက်ခဲ့တယ်။"
ချင်မျန် ဆက်မေးလိုက်သည်။ "နောက်တော့ ဘာဖြစ်သွားလဲ?"
"သူတို့ တစ်နာရီနီးပါးလောက် ပြဿနာရှာနေကြပြီး နောက်ဆုံး သခင်ကြီးကနေ ဝင်ဟန့်တားလိုက်ရတယ်။လဲ့ယ်တာပေါင်းရဲ့ ကျောင်းတက်ဖို့ အစီအစဥ်က ကျဆုံးသွားပြီး အိမ်ခွဲနေမယ့် ကိစ္စကလည်း ဖြစ်မလာတော့ဘူး။” ရှီလမှ သေသေချာချာပင် ပြောလေသည်။ သူ့သခင်နဲ့ အိမ်ဟောင်းက လူအနည်းငယ်တို့နှင့် မပြေလည်သည်ကို သူ သတိထားမိခဲ့တာ ကြာပြီ။ထို့ကြောင့် အဲဒီဘက်ကလှုပ်ရှားမှုကို အထူးတလည် အာရုံစိုက်ထားခဲ့၏။
“အင်း။” ချင်မျန် သူရလာတဲ့သတင်းကို အရမ်းကျေနပ်နေမိပြီး ရှီလကို ပိုက်ဆံအနည်းငယ်ပေးလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး။" ရှီလသည် ပိုက်ဆံကို ဝမ်းသာအားရ လက်ခံလိုက်၏။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့ သစ်သားတံတားပေါ်တွင် လမ်းလျှောက်နေခဲ့ကြသည်။
"အားထျဲ.....သူတို့တတွေ အိမ်ခွဲနေကြရင် ကျွန်တော်တို့အတွက် ကောင်းမလား ဆိုးမလား?" ချင်မျန် မေးလိုက်သည်။
လဲ့ယ်ထျဲက "ခွဲနေသည်ဖြစ်စေ၊ ခွဲမနေသည်ဖြစ်စေ တုရှီနဲ့ ဝေရှီတို့ကတော့ ကွဲကြမှာမဟုတ်ဘူး။"
ချင်မျန် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "ဟုတ်တယ်။ ဒါဆို သူတို့ကို ဒုက္ခဆက်ရောက်နေအောင် လွှတ်ထားလိုက်ကြတာပေါ့။”
"အာဝူး...အာဝူး...” ပိုင်တျန့်လေးသည် တောအုပ်ထဲမှ ပြေးထွက်လာသည်။ခန္ဓာကိုယ်မှာ မတ်မတ်ရပ်နေလိုက်ပြီး ရှေ့လက်နှစ်ချောင်းက ချင်မျန်၏ရင်ဘတ်ရှေ့တွင် ကပ်လျက် ဦးခေါင်းလေးဖြင့် ပွတ်သပ်နေသည်။ချင်မျန် သူ့ခေါင်းလေးကို ပုတ်လိုက်၏။သူ့ရဲ့ရှေ့ခြေဖဝါးလေးများကို နာခံမှုရှိရှိ အောက်ပြန်ချလိုက်ကာ ချင်မျန်နှင့် လဲ့ယ်ထျဲပတ်ပတ်လည်တွင် ပြေးလွှားနေခဲ့သည်။
လူနှစ်ယောက်နဲ့ ဝံပုလွေတစ်ကောင်သည် ဥယျာဉ်ခြံဝန်းလေးတွင် လမ်းလျှောက်နေကြသည်။ အသီးအနှံပင်များမှာ အလွန်ကောင်းမွန်စွာ စိုက်ပျိုးထားတာကြောင့် ဖြစ်ထွန်းကြသည်။ အလုံးကြီးကြီးဖြင့် အရည်ရွှမ်း၏။ မက်မွန်သီးအချို့မှာ အနီရောင်ပြောင်းသွားပြီဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာပင် ရင့်မှည့်လာမည်ဖြစ်သည်။ ချယ်ရီသီးတွေကတော့ ရင့်နေပြီ။ အကိုင်းအခက်ပေါ်တွင် တွဲလောက်ကျနေသည့် အနီရောင် ချယ်ရီသီးလေးတွေကတော့ Agate နှင့်တူလှသည်။ ချင်မျန်နှင့် လဲ့ယ်ထျဲတို့ လတ်လတ်ဆတ်ဆတ် အရသာခံကြည့်ခဲ့ရာ အလွန်ပင် ချိုအိမွှေးလွန်းလှ၏။
လှုပ်ရှားသံတစ်ချို့ကိုကြားတော့ ဦးလေးဖုန်းသည် ပိုင်တျန့်လေးကို သတိထားကြည့်လိုက်၏။ ပိုင်တျန့်လေးသည် ကြီးလာချေပြီ။ ခြေလက်လေးဖက်လုံး ချရပ်ထားပါက သူ၏အရပ်သည် အရွယ်ရောက်ပြီးသူ၏ဒူးခေါင်းထက် မြင့်လေသောကြောင့် ခွေးမျိုးနှင့် အတော်လေး ကွာခြားသည်။ ပိုင်တျန့်လေးသည် ခွေးမဟုတ်သော်လည်း ဝံပုလွေတစ်ကောင်ဖြစ်ကြောင်း ယခုအခါတွင်တော့ ရွာသားများက သိထားကြပြီဖြစ်ပြီး သူနှင့်ဝေးရာသို့ ထွက်ခွာသွားလေ့ရှိသည်။ ဦးလေးဖုန်းသည်လည်း ခြွင်းချက်မဟုတ်ပေ။
သူ့ရှေ့က ချယ်ရီပင်တွေကို ကြည့်ပြီး သတိပေးလိုက်သည်။ "လဲ့ယ်ထျဲနဲ့ လဲ့ယ့်ထျဲဇနီး....ဒီချယ်ရီသီးတွေကို ခူးရတော့မယ်...ဒါမှမဟုတ်ရင် အမှည့်လွန်သွားလိမ့်မယ်”
ချင်မျန်သည် Agate ကဲ့သို့ ချယ်ရီသီးများဖြင့် ပြည့်နေသော သစ်ပင်တွေကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင် အောင်မြင်မှုတစ်ရပ် တိုးလာသယောင်။ "ခူးဖို့ အချိန်တန်ပြီပဲ။ ချယ်ရီယိုနဲ့ ချယ်ရီဝိုင်အတွက် ဒီချယ်ရီသီးတွေကို အသုံးပြုရမယ်။ ဒါပေမယ့် ဒီရက်တွေမှာ ကျွန်တော်တို့ အရမ်းအလုပ်ရှုပ်နေလိမ့်မယ်။ ဘယ်လိုစီစဉ်ရမလဲ အရင်စဉ်းစားကြည့်လိုက်ဦးမယ်။"
"ချယ်ရီယိုနဲ့ ချယ်ရီဝိုင်?ချယ်ရီယိုဆိုတာ ဘာလဲ?ချယ်ရီသီးကို ဝိုင်အဖြစ်တောင် လုပ်လို့ရလား?”
ချင်မျန် ပြုံးရုံသာပြုံးပြီး ပြန်မဖြေနေတော့ပေ။ "ဦးလေးဖုန်းက မကြာသေးခင်က အလုပ်အရမ်းကြိုးစားထားတာပဲ။ကျွန်တော်တို့ လုပ်ပြီးလို့ အဆင်သင့်ဖြစ်ရင် မြည်းစမ်းကြည့်ခိုင်းပါ့မယ်"
Note:
¤ ချင်မျန် ဆောက်ထားတာ hotel လို ပုံစံမျိုးပါ
The names bīn zhì rú guī mean guests feel at home (in a hotel, guest house, etc)
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎
[Zawgyi]
Advertisement
- In Serial10 Chapters
Returning to a New Era
“You first caught my attention when you stole the Giant’s Sovereignty. “I took note of your ability when you slew the King of Monsters. “And I found myself in awe after seeing you—” “Can you spare me the monologue? Just get me home, you tentacle porn bastard.” “…Okay.” When one leaves, one must also return; but what if the world you left was different from when you left? This is the story of a Returner’s Return to a New Era. It was Earth, but it seemed more foreign than the otherworld he returned from. I do not own the art on the cover. Schedule for upload: Wednesday and Sunday [Days still not specified]
8 194 - In Serial27 Chapters
Pokemon Integration Project
As Gods began their new project, making a new Entertaiment just as they let their last project free of control because it's getting boring as they became more powerful. And they go back to a planet in a universe called earth, most idea of their entertaiment come from here and the player too.So the gods began searching the most interesting one from popular show , movie, anime , comic, manga ,etc. While in earth live a young man called Michael Lu in a country named indonesia full of coruption and poverty.He griefed always beacuse he can't get what he tought he want. But unfortunately even tough he probably could get what he want he will be soon became entertaiment to gods, lest unknow to him. The gods finaly find something interesting idea based on popular anime show called pokemon. The idea is to integrate powers of pokemon in the show into someone they chose using system simliar to their previous few project and they wonder how long will this project will keep them entertained. DISCLAIMER: I don't own pokemon neither the system I am just a beginer writer with non-english as native langauge and school to worry about. So i probably will update once a week or once a month. Thank you for reading
8 162 - In Serial51 Chapters
Unwitting Champion
"In stories this is always easy. There's magic and powers, and quick steps to claiming that power for one's self. This doesn't feel true for me. I'm supposed to be a Champion, whatever that means, and yet I don't feel important. I don't have all the bells and whistles, which honestly feels familiar even in a new world. But what was I expecting? I haven't had the worst life - there are people with worse problems than mine - I've known what it is to struggle, to be pulled down instead of being helped up.This is nothing new."When in great peril, the Kingdom of Althor has no choice but to send a call into the void, beseeching the Fates to bring them a man who would save them from the coming darkness. Unfortunately the path the Fates chart is often unknowable to men and the Champion who appears is not what the kingdom expected.Unwitting Champion is a story of a guy displaced, dealing first and foremost with trying to survive in a world where he is no longer a person but a tool, and - at least from the reaction of those around him - a shoddy one at that. His major goal is to survive long enough that either he can run or find a way home, because as exciting as the possibility of learning magic might be, he would rather have a boring life than a short life.
8 514 - In Serial6 Chapters
Student Council Help Desk
Yuuta Nishimura, a Japanese exchange student studying in the Philippines as he started his life away from his comfort zone, he had a rather 'unwelcoming' beginnings in his few weeks of stay in Ecotec. But his dull life changed when he joined the Student Council Help Desk, a club that is dedicated to helping students on their affairs personal or academic.What shenanigans await in Yuuta's dull and boring life as each request unfolds each day!
8 59 - In Serial12 Chapters
Aim and Fire
Jamie Christiansen is a brave but lovably awkward knight who harbors a crush on the snarky and headstrong Princess Caitlin Faraday. She has always wanted to prove herself to be more than a princess, while he just wants to get from one day to the next. When circumstance brings the two together, they form a grudging partnership that may develop into something greater. Soon enough, they uncover a conspiracy involving mercenaries, mythical creatures, and a connection to Caitlin's family history. As the two get closer, and their feelings deepen, they are forced to make choices that will change their lives, and their world, forever.
8 126 - In Serial8 Chapters
Vent bookig
If only don't read if I somehow know you irl just don't . please . I am begging ,
8 141

