《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[85]
Advertisement
[Unicode]
085 : ဟင်းလျာချက်နည်းအား ရောင်းချခြင်း
အထူးတလည်ဖြင့် ချင်မျန်သည် လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့ကို ဟင်းလျာအမျိုးမျိုး စမ်းချက်ထားဖို့ စဉ်းစားထားသင့်ကြောင်း သတိပေးခဲ့သည်။သူ့ဆွေမျိုးတွေကို သူ့ရဲ့ဝိုင်ဆိုင်တွင် မပါဝင်စေချင်။သူ လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့ကို ဤနည်းဖြင့်သာ ဆွဲထုတ်ထားခဲ့သည်။တုရှီကို ပြန်ပြောပြမလားဆိုတာကတော့ သူ့အတွက် အရေးမကြီးပေ။
ဝိုင်အိမ်ကိုဆောက်ဖို့ဆိုရာဝယ် တစ်စုံတစ်ယောက်ကတော့ အိမ်ဆောက်ပစ္စည်းတွေဝယ်ရမယ်၊ ပစ္စည်းတွေကိုစောင့်ကြပ်ပေးရမယ်၊ အလုပ်ကိုလည်း ကြီးကြပ်ပေးရမယ်။ဒါ့အပြင် အလုပ်သမားတွေအတွက် စားနပ်ရိက္ခာကို ပြင်ဆင်ပေးရမယ်—သေချာသည်မှာ ကြီးကြီးမားမား ပရောဂျက်တစ်ခုပင်။
ချင်မျန်သည် ရွာရှိ မည်သို့သောလူများကို အလုပ်ခန့်ရမည်ကို ရှာဖွေခဲ့ပြီး ယင်းတို့၏အရည်အချင်းနှင့် အဆင့်အလိုက် အလုပ်ခန့်ထားရေးအတွက် လူသုံးဆယ်ကို စာရင်းပြုစုခဲ့သည်။ဦးလေးကျိုးဝမ်ကျုံးသည် စာတတ်မြောက်ထားပြီး စီးပွားရေးတွင် ဆယ်နှစ်နီးပါး လုပ်ကိုင်ခဲ့ဖူးသူပင်။ဒါ့ကြောင့် ချင်မျန် သူ့အား နေ့စဥ်အသုံးစရိတ်များကို တာဝန်ယူစာရင်းပြုစုပေးထားရန် စာရင်းကိုင်တစ်ဦးအဖြစ် လုပ်ကိုင်ဖို့ အထူးတလည်ဖိတ်ကြားခဲ့သည်။ဆောက်လုပ်ရေးတာဝန်ခံ အလုပ်သမားများသည်ကား ခရိုင်မြို့မှ လဲ့ယ့်ထျဲကိုယ်တိုင် ငှားရမ်းထားသော ကျွမ်းကျင်လက်သမားဆရာများ ဖြစ်၏။
ဤအချိန်တွင် အနှီစီမံကိန်းသည် အလွန်အရေးတကြီးဖြစ်နေပြီး စပါးမရိတ်သိမ်းမီ ပြီးစီးဖို့ လိုအပ်သည်။လယ်ယာလုပ်ငန်းကိစ္စများ စတင်ဝင်ရောက်လာပါက လုပ်သားအင်အား ပြတ်တောက်မှု ပြင်းထန်လာပေမည်။အလုပ်အားလုံးကို စီစဉ်ပြီးသောအခါ ချင်မျန်နှင့် လဲ့ယ့်ထျဲတို့က အလုပ်ကို ကြီးကြပ်ရန်သာ တာဝန်ရှိတော့သည်။သူတို့လက်ထဲမှာရှိတဲ့ ပိုက်ဆံတွေကတော့ တဖြည်းဖြည်းနည်းလာပြီး ဝိုင်ဆိုင်ကြီး တဖြည်းဖြည်း ပြောင်းလဲလာတာကို ကြည့်ကာ နှစ်ယောက်လုံး အရမ်းကျေနပ်သွားကြ၏။နေ့တိုင်း အရမ်းပင်ပန်းနေရရင်တောင် ထိုက်တန်လွန်းတယ်လို့ ခံစားမိ၏။
ကျိုးရန်မှ ရေးပြေးမြို့တော်သို့သွားရာလမ်းတွင် ဇိမ်ခံရထားလုံးတစ်စင်းသည် တိတ်တိတ်ဆိတ်ဆိတ် မောင်းနှင်လာပြီး ရေးပြေးမြို့တော်နှင့် ပိုမိုနီးကပ်လာသည်။
မြို့အဝင်ဝနားရောက်တော့ လက်တစ်ဖက်က ကန့်လန့်ကာကို ရုတ်တင်လိုက်သည်။လက်ပိုင်ရှင်သည် ပေါ့ပေါ့တန်တန် လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှေ့သို့ အငွေ့အသက်အပြည့်ဖြင့် လှမ်းကြည့်နေမြဲ။
သူ သိပ်တော့ အလောမကြီးနေပေ။အကြည့်တွေကို ရုတ်သိမ်းခါနီးမှာ ရင်းနှီးတဲ့ပုံပန်းနှစ်သွယ်ကို ရုတ်တရက် တွေ့လိုက်ရ၏။
သူ အပြင်ဘက်ရှိ ရထားထိန်းကို အမြန်ပြောလိုက်သည်။
"ချွန်းရှန်း....ရထားလုံးကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ တိုက်ရိုက်မောင်းသွားလိုက်"
"ဟုတ်ကဲ့...သခင်လေး" ချွန်းရှန်းက အမိန့်ကိုနာခံခဲ့ပေမယ့် အကြောင်းအရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိပေ။ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ၌ လူနှစ်ယောက်စကားပြောနေသည်ကို အမှတ်မထင်တွေ့လိုက်ရတဲ့အခါမှာတော့ သူနားလည်သွား၏။
“မိုးနတ်မင်းကြီးက ကျွန်တော်တို့ကို လွယ်ကူစေအောင် မစပေးလိုက်တာပဲနော်” ချင်မျန် လဲ့ယ်ထျဲအား ပျော်ရွှင်မြူထူးနေသော အပြုံးလေးဖြင့် ပြောလိုက်သည်။ "ဒီရက်ပိုင်း မိုးမရွာဘူး၊ မဟုတ်ရင် ဆောက်လုပ်ရေးမှာ တိုးတက်မှု နှောင့်နှေးနေမှာ"
လဲ့ယ်ထျဲ သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ “အလျင်လိုနေစရာ မလိုပါဘူး။အလုပ်များတဲ့ ရာသီဖြစ်နေရင်တောင် ဆွဲထုတ်ပြီး လူတွေကို ငှားလို့ရတယ်။ပိုက်ဆံပိုသုံးလိုက်ရတာထက် ဘာမှမဖြစ်သွားဘူး။”
ချင်မျန် ထိုစကားကိုကြားတော့ နှာမှုတ်လိုက်၏။ "ခင်ဗျားတို့အားလုံးက စကားပြောတာတော့ လွယ်တယ်။ရေတိုပဲ ကြည့်တတ်တယ်။အိမ်ရဲ့ အိမ်ထောင်ဦးစီးက ထင်းနဲ့ ဆန်ဖိုးကိုတော့ သိရမှာပေါ့”
လဲ့ယ်ထျဲ သူလက်ထဲတွင် ရှိနေသည့် ဂေါ်ဖီထုပ်နဲ့ နှင်းမှိုဟင်းချိုပါရှိတဲ့ ဝါးဘူးလေးကို ပေးလိုက်ပြီး “အင်း....ဇနီးလေးက အလုပ်ကြိုးစားတယ်"
ချင်မျန် ပူတက်လာသည့် နားရွက်တွေကို ကိုင်ကာ ဘူးကိုယူ၍ ဟင်းရည်ကို မော့သောက်ချလိုက်သည်။
နျဲ့ဟန် ရထားလုံးပေါ်မှ ဆင်းကာ ခြေထောက်ပေါ်ရှိ အဖြူရောင် ဘရိုကိတ်ဘောင်းဘီကို ကြည့်၍ တခဏမျှ တုံ့ဆိုင်းသွားသည်။သူ မြေပြင်ပေါ်ရှိအုတ်ခဲများနှင့် ကျောက်စရစ်များကို ဂရုတစိုက်ရှောင်ရင်း ကျော်သွားကာ ချင်မျန်နှင့် လဲ့ယ်ထျဲရှေ့တွင် ရပ်လိုက်သည်။သူ လက်ခုပ်မိုးပြီး ပြုံးပြလျက် နှုတ်ဆက်လိုက်သည်။
"သူဌေးချင်နဲ့ သူဌေးလဲ့ယ် မတွေ့ရတာကြာပြီ"
ချင်မျန် ပါးစပ်ထောင့်နားကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်၏။သူ သံသယစိတ်ဖြင့် သူ့ရှေ့တွင်ရှိနေသည့် သခင်လေးကို ကြည့်လိုက်၏။
သူ ဒီလူကို မသိတာ သေချာ၏။သူ လဲ့ယ်ထျဲကို ကြည့်လိုက်ပြန်တော့လည်း လဲ့ယ်ထျဲ၏အမူအရာမှာ သူလည်း မသိကြောင်း ပြောပြနေသယောင်။
ချင်မျန် အဆင်မပြေသလို ခံစားလိုက်ရပေမယ့် သူ့မျက်နှာပေါ်မှာဖြင့် မည်သည့် အရိပ်အယောင်မှ မပြပေ။သူ ယဉ်ယဉ်ကျေးကျေးမေးလိုက်၏။ "ဘယ်သူလဲလို့ မေးလို့ရမလား?”
နျဲ့ဟန် သူ့ကိုယ်သူ မိတ်ဆက်ရပြန်၏။ “ကျွန်တော်က နျဲ့ဟန်ပါ။မနှစ်တုန်းက စားသောက်ဆိုင်ကနေ ဟင်းလျာချက်နည်းကို ဝယ်ချင်တယ်လို့ သူဌေးချင်ကို ပြောခဲ့ဖူးပါတယ်။”
ချင်မျန် သတိရသွား၏။သူ လဲ့ယ်ထျဲထံ ဝါးဘူးလေးကို ပြန်ပေးလိုက်ပြီး လက်ခုပ်အုပ်ကာ နှုတ်ဆက်လိုက်သည်။ "သခင်လေးကိုး....ကျွန်တော် မယဉ်ကျေးဖြစ်သွားခဲ့တာပါ။"
လဲ့ယ်ထျဲလည်း ခေါင်းညိတ်ပြလိုက်သည်။
"သူဌေးချင်နဲ့ သူဌေးလဲ့ယ်တို့က မေ့လွယ်တဲ့သူတွေပဲ"
နျဲ့ဟန်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး “နှစ်သစ်ကူးပြီးရင် ဟင်းလျာချက်နည်းရောင်းဖို့ ရည်ရွယ်ထားတယ်လို့ သူဌေးချင် ပြောခဲ့ဖူးတာကို မှတ်မိသေးလားမသိဘူး။ဒီကိစ္စအတွက် ကျွန်တော် ဒီနေ့ လာခဲ့တာပါ။သူဌေးလဲ့ယ် နဲ့ သူဌေးချင်က အသေးစိတ်ပြောဖို့ အချိန်ရှိပါ့မလား?"
ချင်မျန် အနီးနားရှိ ဆိတ်ငြိမ်သောနေရာသို့သွားကာ "နျဲ့သခင်လေး....ဒီမှာ စကားပြောရအောင်"
“ဒါ....” နျဲ့ဟန် ဆူညံနေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။
ချင်မျန် လိုရင်းကိုသာ ပြောလိုက်သည်။ "ဒီကိစ္စက ဆွေးနွေးစရာသိပ်မရှိပါဘူး။ကျွန်တော် လိုရင်းကိုသာ ပြောပါ့မယ်။ကျွန်တော်တို့ရဲ့ဟင်းလျာမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ပါဝင်ပစ္စည်း ဆယ့်ရှစ်မျိုးရှိပေမယ့်လည်း သူ့တို့ထဲကမှ ဆယ့်ခြောက်မျိုးကိုသာ ရောင်းချဖို့ စီစဉ်ထားပါတယ်။နျဲ့သခင်လေး စိတ်ဝင်စားမယ်ဆိုရင် ငွေတုံး 500 ပေးပြီး ကျွန်တော်ကလည်း ချက်လုပ်နည်းကို ချက်ခြင်း ရေးပေးလိုက်ပါ့မယ်။"
Advertisement
နျဲ့ဟန် အံ့သြသွားသည်။ဟင်းချက်နည်းရောင်းဖို့အတွက် တစ်ဖက်လူကို စည်းရုံးဖို့ ဆွေးနွေးမှုတွေ အများကြီးလုပ်ရဦးမယ်လို့ သူထင်ခဲ့၏။
"ဘာလို့ ဆယ့်ခြောက်မျိုးပဲ ရှိရတာလဲ?"
"ဆယ့်ခုနစ်ခုမြောက် ပါဝင်ပစ္စည်းက ရှာရခက်တယ်။ကျွန်တော် သခင်လေးကိုပြောပြရင်တောင် သိမှာမဟုတ်ဘူး”
နျဲ့ဟန် မယုံပေ။ "အိုး?အဲဒါက ဘာများလဲ?"
ချင်မျန် ဆို၏။ “စီချွမ်းငရုတ်ကောင်း...အနက်ရောင်အသီးတစ်မျိုးပဲ။"
ထိုအကြောင်းကို တစ်ခါမှ မကြားဖူးသော နျဲ့ဟန်အနေဖြင့် တမင်လှည့်ဖြားနေခြင်းမဟုတ်ဟု ယုံကြည်ခဲ့သည်။
ချင်မျန် ထပ်ပြောလိုက်သေးသည်။ "ရိုးရိုးသားသားပြောရရင် ဒီပါဝင်ပစ္စည်းကို နောက်နှစ်မှာ ထုတ်လုပ်နိုင်ဖို့ စီစဉ်နေပါတယ်။နျဲ့သခင်လေးက ထူးချွန်တဲ့ စီးပွားရေးသမားယောက် ဖြစ်လာနိုင်ပါတယ်။အနာဂတ်မှာ လိုအပ်ချက်များရှိလာမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပူးပေါင်းလုပ်ဆောင်ခွင့်ရရင် ပိုပြီးဝမ်းသာမိမှာပါ"
နျဲ့ဟန် သူ့ကို ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။သူ ဒီလူငယ်ကို လျှော့တွက်မိခဲ့၏။သူနှင့် စီးပွားရေး ဆွေးနွေးနေချိန်တွင် ချာတိတ်လေးသည် အခြားလုပ်ငန်းတစ်ခုကို ဆွဲခေါ်၍ပြောပြရန်လည်း မမေ့ခဲ့ပေ။
"ဒါဆို ဆယ့်ရှစ်ခုမြောက် ပါဝင်ပစ္စည်းကရော။ပါဝင်ပစ္စည်း နှစ်မျိုးလုံးက အရမ်းရှားပါးတယ်ဆိုရင် ဟင်းခတ်ရဲ့အရသာက ဈေးကြီးတဲ့ စားသောက်ဆိုင်တွေနဲ့ အရမ်းကွာခြားသွားလိမ့်မယ်”
နျဲ့ဟန်သည် စီးပွားရေးသမားဖြစ်ထိုက်သူပင်။ပြသနာဖြစ်လာမည်ကို တိတိကျကျပင် ထောက်ပြလိုက်၏။
ချင်မျန် မျက်တောင်မခတ်ဘဲ ခေါင်းခါလိုက်ပြီး “သခင်လေးရဲ့ ဒီစကားတွေက မှားနေပါတယ်။ဒါဆိုရင် ဘာလို့များ ကျွန်တော်တို့ရဲ့ဟင်းလျာမှာ ပါဝင်ပစ္စည်းတွေအများကြီးကို ထည့်သုံးနေမှာလဲ?နောက်ဆုံးကျန်တဲ့ နှစ်မျိုးဘဲ မသုံးရတာလဲ?"
ချင်မျန် ပြောသည်ကလည်း ကျိုးကြောင်းဆီလျော်၏။ ခဏတာ စကားမပြောဖြစ်တော့ဘဲ တိတ်ဆိတ်စွာ ငြိမ်သွားကြသည်။
ချင်မျန် သူ့ကို အလောတကြီး မတိုက်တွန်းပေ။ “မကြာသေးမီက လူအချို့ ကျွန်တော်တို့ရဲ့စားသောက်ဆိုင်ကို ခဏခဏ လာပြီးပြဿနာရှာကြတာမို့ ဒါမျိုးကို သည်းမခံနိုင်တော့ဘူး။ကျွန်တော်တို့က အင်အားနည်းပါတယ်။ဘယ်ပြဿနာကိုမျှ အဖြစ်မခံနိုင်ပါဘူး။ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်တွေကို ဆက်ပြီးလျှို့ဝှက်ချက်အနေနဲ့ ထိန်းထားလို့မရဘူး။ဝိုင်ဆိုင်အဆင်သင့်ဖြစ်သွားတဲ့အခါကျရင် ဟင်းချက်နည်းကို ရောင်းချတော့မယ်ဆိုတဲ့အကြောင်း ကြော်ငြာတော့မှာပါ။အခုဝယ်မယ်ဆိုရင်တော့ ငွေတုံး 500 ပဲပေးရပါမယ်။ကျွန်တော်တို့ဘက်ကလည်း 20 ယောက်သာရောင်းပေးပါမည်။သခင်လေး အဲဒါကို သေသေချာချာ စဉ်းစားကြည့်နိုင်ပါတယ်။နောက်မှဝယ်လေ အားသာချက်တွေ နည်းသွားမယ်ဆိုတာတော့ သိထားရပါမယ်။"
နျဲ့ဟန်၏မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်ကာ "သူဌေးချင်...ဒီလိုလုပ်တာ မသင့်တော်ဘူးလား?ကျွန်တော်က ကျွန်တော့်တစ်ယောက်တည်းကို ငွေတုံး 500 နဲ့ ရောင်းမယ်လို့ ထင်ခဲ့တာ။လူတိုင်းမှာသာ ဒီဟင်းချက်နည်းရှိနေရင် ရှိတဲ့သူနဲ့ မရှိတဲ့သူကြားက ဘာများကွာခြားသွားမှာလဲ?"
ချင်မျန် ပြောလိုက်သည်။ “ကျွန်တော်တို့ စားသောက်ဆိုင်လေးရဲ့ လစဉ် အသားတင်ဝင်ငွေကို သိပါသလား။ငွေတုံး ၂၀၀ ထက်မနည်းဘူး။နျဲ့သခင်လေးကို ကြည်ရတာ သေးနုတ်တဲ့စီးပွားရေးသမားနှင့် မတူပါဘူး။ကျွန်တော်သိသလောက်တော့ ခရိုင်မြို့က ဝိုင်အိမ်ကြီးတွေက တစ်လကို အနည်းဆုံး ငွေတုံး ၁၀၀၀ ရတယ်မလား။သူတို့မှာ ဟင်းခတ်အမွှေးအကြိုင်လုပ်နည်းတွေသာရှိရင် အနည်းဆုံး အမြတ်ငွေငါးဆလောက် တိုးလာနိုင်ပါတယ်။နျဲ့သခင်လေးက ဟင်းချက်နည်းကိုဝယ်ပြီး ပထမလမှာတင် အမြတ်ငွေရခဲ့သော်ငြား ငွေတုံး 5000 ရရှိနိုင်ပါသေးတယ်။အဲ့ထဲကမှ ငွေတုံး500 သုံးရတာ မတန်ဘူးလား။နျဲ့သခင်လေး ဒီအကြောင်းကို ဖြည်းဖြည်းချင်း အချိန်ယူပြီး တွေးနိုင်ပါတယ်၊ အလျင်မလိုပါနဲ့။ ကျွန်တော်တို့မှာ တခြားလုပ်စရာလေးတွေရှိသေးလို့ စိတ်မရှိပါနဲ့"
ထို့နောက် ချင်မျန် လဲ့ယ်ထျဲနှင့်အတူ ထွက်သွားခဲ့သည်။
"..........."
နျဲ့ဟန် သူတို့နောက်ကျောတွေကို အေးစက်စွာ ကြည့်လိုက်သည်။အမြတ်ကြီးစားသူတစ်ယောက်အနေဖြင့် သူ သူတို့ကို "အမြတ်ထုတ်သမားတွေ" ဟု စိတ်နှလုံးထဲတွင် ကြိမ်းမောင်းမပြောဆိုဘဲမနေနိုင်ခဲ့။
"သခင်လေး...သူတို့က အရမ်းလွန်လွန်းတယ်"
ချွန်းရှန်း မထိန်းနိုင်ဘဲ ပြောလိုက်မိသည်။
နျဲ့ဟန် ခေါင်းခါပြလိုက်၏။တကယ်တော့ ဒီဟင်းချက်နည်းကို ဝယ်ဖို့ ငွေတုံး 500 ဆိုသည်မှာ ထိုက်တန်၏။အကြောင်းရင်းက အမြတ်မှာ သူဌေးလေးရဲ့ ပြောစကားထက် ပိုသည်။ထိုသူဌေးလေးက တကယ့်ကိုတော်လွန်း၏။သူမြင်နိုင်တဲ့အရာကို သူဌေးလေးလည်း မြင်နိုင်တယ်။သူနဲ့ ဈေးဆစ်ရတာ တကယ်ခက်တာပဲ။
"ချွန်းရှန်း..."
ချွန်းရှန်း တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချလိုက်ပြီး ချင်မျန်ထံသို့ ပြေးသွားလိုက်သည်။စီးပွားရေးကိစ္စဆွေးနွေးရင်း သူ့သခင်လေးတစ်ယောက် အင်အားလျော့ယုတ်သွားတဲ့ အနေအထားမျိုးကို သူ ပထမဆုံးအကြိမ်တွေ့ခဲ့ရတာပင်။
"ကောင်းပြီ...မိတ်ဆွေဖွဲ့တယ်လို့ပဲ တွေးလိုက်တာပေါ့။" နျဲ့ဟန် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ချင်မျန်နှင့်လဲ့ယ်ထျဲတို့ အတူတူပြန်လျှောက်လာနေသည်ကို ကြည့်ရင်း သူ့အမူအရာမှာ ပုံမှန်ပြန်ဖြစ်သွားသည်။
နျဲ့ဟန် ချင်မျန်ကို ငွေတုံး 500 ပေးလိုက်ဖို့ ချွန်းရှန်း ကို အချက်ပြခဲ့ပြီး ပြောလိုက်သည်။ "မင်းရဲ့ဝိုင်အိမ်တိုးတက်မှု နှေးကွေးမယ်လို့ မျှော်လင့်ပါတယ်"
ချင်မျန် ငွေစက္ကူကို လက်ခံရရှိပြီး ရယ်လျက်သာ တုံ့ပြန်လိုက်သည်။ “ဟီးဟီး”
ထို့နောက် စစ်ဆေးဖို့အတွက် ငွေစက္ကူကို လဲ့ယ်ထျဲထံ ပေးလိုက်သည်။လဲ့ယ်ထျဲ ငွေစက္ကူကို ကြည့်ကာ ခေါင်းညိတ်ပြပြီး သူ့ဆီ ပြန်ပေးလိုက်သည်။
နျဲ့ဟန် မျက်လုံးမှေးစင်းကာ ကြည့်လိုက်၏။အနှီလူနှစ်ယောက်မှာ စစ်မှန်တဲ့ အိမ်ထောင်သည် စုံတွဲဖြစ်နိုင်သည်ကို သူ့စိတ်ထဲကနေ မှန်းဆမိလိုက်သည်။
ချင်မျန် ငွေစက္ကူကို သိမ်းလိုက်ပြီး မေးလိုက်၏။ "မင်းမှာ စာရေးစုတ်တံနဲ့ စာရွက်ရှိလား?”
နျဲ့ဟန်က "ရှိတယ်"
ချွန်းရှန်းသည် အမိန့်ကိုပင် မစောင့်တော့ဘဲ ရထားပေါ်ရှိ စာပေရတနာလေးပါးကို ထုတ်ယူလိုက်သည်။
ချင်မျန်က စုတ်တံနဲ့ စာရေးသည့်နေရာတွင် သိပ်မကောင်းပေ။သူ စုတ်တံကို လဲ့ယ့်ထျဲကို ပေးလိုက်၏။
Advertisement
ထို့နောက် ချွန်းရှန်းသည် စားပွဲတစ်ခုအဖြစ် လုပ်ဆောင်ပေးရန် ကိုယ်ကို ကွေးညွတ်လိုက်သည်။
ချင်မျန် လဲ့ယ်ထျဲကို စာရေးခိုင်းလိုက်သည်။ "လိမ္မော်ခွံ၊ သစ်ကြံပိုးခေါက်၊ စမုန်နက်တစ်တောင့်..."
နင်းဟန်၏မျက်လုံးများ တောက်ပလာသည်။ဟင်းခတ်အမွှေးအကြိုင်တွင် ဆေးဖက်ဝင်အပင်များစွာပါရှိ၏။သူနောက်ဆုံးခေါ်လာခဲ့တဲ့ စားဖိုမှူးက ဟင်းထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို အရသာမခံနိုင်တာ အံ့သြစရာမရှိပေ။
ချင်မျန် အသေးစိတ်ရှင်းပြလိုက်သည်။ "လိမ္မော်ခွံက 1 ကျင်းစာ ဆိုရင် သစ်ကြံပိုးခေါက်က 2 ကျင်းထည့်ရပါမယ်... အတိုချုပ်ပြောရရင် အချိုးအစားကို ပြောင်းလဲလို့မရပါဘူး၊ မဟုတ်ရင် အရသာက ပြောင်းသွားပါလိမ့်မယိ။ဟမ်... နျဲ့သခင်လေးက ကျွန်တော်တို့အပေါ် အကြမ်းနည်းလမ်းတွေကို မသုံးခဲ့တာကြောင့် သခင်လေးအတွက် နောက်ထပ် ဟင်းချက်နည်း နှစ်ခုကို ကျွန်တော် ထုတ်ပေးလိုက်ပါ့မယ်။”
နျဲ့ဟန် အနည်းငယ် စိတ်သက်သာရာရသွားသလို “ဒါဆို ကျေးဇူးအများကြီးတင်ပါတယ်။သူဌေးချင်ပေးတာဆိုတော့ တခြားဟင်းလျာတွေထက် ထူးခြားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
သူ သာမာန်ဟင်းချက်နည်းပေးလိုက်မည်ကို ရှောင်လွှဲရန် စကားစခြင်းသာ။
လဲ့ယ်ထျဲ သူ့ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ချင်မျန်ကတော့ နျဲ့ဟန်ကို အားတင်းပြုံးကာ စိုက်ကြည့်နေသည်။
ငါ့လိုမျိုး ရိုးသားတဲ့လူကို သူ့လို ယုတ်မာတတ်တဲ့စိတ်ထားနဲ့များ နှိုင်းရတယ်လို့။ငါသာ တကယ်ကြီး မင်းကို လှည့်စားဖို့ ရည်ရွယ်ထားရင် ဘာလို့များ အလုပ်ရှုပ်ခံပြီး မင်းကို ဟင်းချက်နည်းတွေပေးရမှာလဲ?
“အားထျဲ....ရေးလိုက်။ပထမဆုံး ဟင်းကတော့ ကြက်ဟင်းမွှေး ။နှမ်းဝါတဲ့အထိ ကြော်ပြီး ဂျုံမှုန့်ကို မနုမကြမ်းဖြစ်အောင် နယ်ထားရမယ်... ဒုတိယကတော့ ကဏန်းအသားနဲ့ ဝက်သားလုံးပြုတ်။ကြက်သွန်နီနဲ့ ဂျင်းကို ရေဆေးပြီး ပိတ်စနဲ့ ထုပ်ပြီး ညှစ်ထားရမယ်…”
နျဲ့ဟန်သည် တည်ငြိမ်စွာ နေ,နေသော်လည်း သူ့မျက်လုံးများက ပို၍တောက်ပလာသည်။အနှီဟင်းနှစ်မျိုးက တကယ်ကို ထူးခြား၏။ဤဆန်းသစ်သောဟင်းလျာနှစ်မျိုးတည်းဖြင့်တောင် သူ၏ဝိုင်အိမ်သို့ဖောက်သည်များစွာကို ဆွဲဆောင်နိုင်မည်။ဒီတစ်ကြိမ်မှာတော့ သူ လိုလိုလားလား ကျေးဇူးတင်လိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ် သူဌေးချင်နဲ့ သူဌေးလဲ့ယ်"
“မလိုဘူး၊ မလိုပါဘူး။ဝမ်းသာစရာ ပူးပေါင်းဆောင်ရွက်မှုပါပဲ။” ချင်မျန် ဝမ်းသာအားရ ပြုံးလိုက်သည်။
လဲ့ယ်ထျဲလည်း ပြီးတာနဲ့ စာရွက်တွေကို နျဲ့ဟန်ထံ ပေးလိုက်၏။
“ကျွန်တော်တို့ အလုပ်ရှုပ်နေလို့ သွားခွင့်ပြုပါ။” လဲ့ယ်ထျဲ ချင်မျန်ကို ဆွဲခေါ်သွားလိုက်သည်။
နျဲ့ဟန် သတိပြုမိလိုက်သည်မှာ လဲ့ယ်ထျဲ၏အရေးအသားပင်။သူ အံ့သြသွားရ၏။
ဒီလို ယုံကြည်မှုအပြည့်နဲ့ လိုသလိုပုံသွင်းနိုင်တဲ့ စုတ်ချက်ဟန်ပန်မှာ တောင်သူလယ်သမားတစ်ယောက်၏လက်ရာ မဖြစ်သင့်ပေ။
သူ မှင်ခြောက်အောင် မှုတ်လိုက်ပြီးနောက် စာရွက်တွေကို ခေါက်ကာ သူ့ရင်ခွင်ထဲကို ဂရုတစိုက်ထည့်လိုက်သည်။
"ချွန်းရှန်း.....ပြန်ကြမယ်"
ချွန်းရှန်းတစ်ယောက် ရထားလုံးကို မောင်းနေစဥ် မေးလိုက်သည်။"သခင်လေး ကျွန်တော် မေးစရာရှိလို့”
“မေး” နျဲ့ဟန်သည် အတော်လေး စိတ်အခြေအနေကောင်းနေ၏။သူ့ရဲ့ကိုယ်ရေးကိုယ်တာ အစေခံနှင့် စကားပြောရန်ပင် စိတ်အားထက်သန်နေသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
085 : ဟင္းလ်ာခ်က္နည္းအား ေရာင္းခ်ျခင္း
အထူးတလည္ျဖင့္ ခ်င္မ်န္သည္ လဲ့ယ္႐ွန္းရီႏွင့္ လဲ့ယ္႐ွန္းလီတို႔ကို ဟင္းလ်ာအမ်ိဳးမ်ိဳး စမ္းခ်က္ထားဖို႔ စဥ္းစားထားသင့္ေၾကာင္း သတိေပးခဲ့သည္။သူ႕ေဆြမ်ိဳးေတြကို သူ႕ရဲ႕ဝိုင္ဆိုင္တြင္ မပါဝင္ေစခ်င္။သူ လဲ့ယ္႐ွန္းရီႏွင့္ လဲ့ယ္႐ွန္းလီတို႔ကို ဤနည္းျဖင့္သာ ဆြဲထုတ္ထားခဲ့သည္။တု႐ွီကို ျပန္ေျပာျပမလားဆိုတာကေတာ့ သူ႕အတြက္ အေရးမႀကီးေပ။
ဝိုင္အိမ္ကိုေဆာက္ဖို႔ဆိုရာဝယ္ တစ္စုံတစ္ေယာက္ကေတာ့ အိမ္ေဆာက္ပစၥည္းေတြဝယ္ရမယ္၊ ပစၥည္းေတြကိုေစာင့္ၾကပ္ေပးရမယ္၊ အလုပ္ကိုလည္း ႀကီးၾကပ္ေပးရမယ္။ဒါ့အျပင္ အလုပ္သမားေတြအတြက္ စားနပ္ရိကၡာကို ျပင္ဆင္ေပးရမယ္—ေသခ်ာသည္မွာ ႀကီးႀကီးမားမား ပေရာဂ်က္တစ္ခုပင္။
ခ်င္မ်န္သည္ ႐ြာ႐ွိ မည္သို႔ေသာလူမ်ားကို အလုပ္ခန္႔ရမည္ကို ႐ွာေဖြခဲ့ၿပီး ယင္းတို႔၏အရည္အခ်င္းႏွင့္ အဆင့္အလိုက္ အလုပ္ခန္႔ထားေရးအတြက္ လူသုံးဆယ္ကို စာရင္းျပဳစုခဲ့သည္။ဦးေလးက်ိဳးဝမ္က်ံဳးသည္ စာတတ္ေျမာက္ထားၿပီး စီးပြားေရးတြင္ ဆယ္ႏွစ္နီးပါး လုပ္ကိုင္ခဲ့ဖူးသူပင္။ဒါ့ေၾကာင့္ ခ်င္မ်န္ သူ႕အား ေန႔စဥ္အသုံးစရိတ္မ်ားကို တာဝန္ယူစာရင္းျပဳစုေပးထားရန္ စာရင္းကိုင္တစ္ဦးအျဖစ္ လုပ္ကိုင္ဖို႔ အထူးတလည္ဖိတ္ၾကားခဲ့သည္။ေဆာက္လုပ္ေရးတာဝန္ခံ အလုပ္သမားမ်ားသည္ကား ခ႐ိုင္ၿမိဳ႕မွ လဲ့ယ့္ထ်ဲကိုယ္တိုင္ ငွားရမ္းထားေသာ ကြၽမ္းက်င္လက္သမားဆရာမ်ား ျဖစ္၏။
ဤအခ်ိန္တြင္ အႏွီစီမံကိန္းသည္ အလြန္အေရးတႀကီးျဖစ္ေနၿပီး စပါးမရိတ္သိမ္းမီ ၿပီးစီးဖို႔ လိုအပ္သည္။လယ္ယာလုပ္ငန္းကိစၥမ်ား စတင္ဝင္ေရာက္လာပါက လုပ္သားအင္အား ျပတ္ေတာက္မႈ ျပင္းထန္လာေပမည္။အလုပ္အားလုံးကို စီစဥ္ၿပီးေသာအခါ ခ်င္မ်န္ႏွင့္ လဲ့ယ့္ထ်ဲတို႔က အလုပ္ကို ႀကီးၾကပ္ရန္သာ တာဝန္႐ွိေတာ့သည္။သူတို႔လက္ထဲမွာ႐ွိတဲ့ ပိုက္ဆံေတြကေတာ့ တျဖည္းျဖည္းနည္းလာၿပီး ဝိုင္ဆိုင္ႀကီး တျဖည္းျဖည္း ေျပာင္းလဲလာတာကို ၾကည့္ကာ ႏွစ္ေယာက္လုံး အရမ္းေက်နပ္သြားၾက၏။ေန႔တိုင္း အရမ္းပင္ပန္းေနရရင္ေတာင္ ထိုက္တန္လြန္းတယ္လို႔ ခံစားမိ၏။
က်ိဳးရန္မွ ေရးေျပးၿမိဳ႕ေတာ္သို႔သြားရာလမ္းတြင္ ဇိမ္ခံရထားလုံးတစ္စင္းသည္ တိတ္တိတ္ဆိတ္ဆိတ္ ေမာင္းႏွင္လာၿပီး ေရးေျပးၿမိဳ႕ေတာ္ႏွင့္ ပိုမိုနီးကပ္လာသည္။
ၿမိဳ႕အဝင္ဝနားေရာက္ေတာ့ လက္တစ္ဖက္က ကန္႔လန္႔ကာကို ႐ုတ္တင္လိုက္သည္။လက္ပိုင္႐ွင္သည္ ေပါ့ေပါ့တန္တန္ လွမ္းၾကည့္လိုက္ၿပီး သူ႕မ်က္လုံးမ်ားကေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေ႐ွ႕သို႔ အေငြ႕အသက္အျပည့္ျဖင့္ လွမ္းၾကည့္ေနၿမဲ။
သူ သိပ္ေတာ့ အေလာမႀကီးေနေပ။အၾကည့္ေတြကို ႐ုတ္သိမ္းခါနီးမွာ ရင္းႏွီးတဲ့ပုံပန္းႏွစ္သြယ္ကို ႐ုတ္တရက္ ေတြ႕လိုက္ရ၏။
သူ အျပင္ဘက္႐ွိ ရထားထိန္းကို အျမန္ေျပာလိုက္သည္။
"ခြၽန္း႐ွန္း....ရထားလုံးကို ေဆာက္လုပ္ေရးလုပ္ငန္းခြင္ထဲ တိုက္႐ိုက္ေမာင္းသြားလိုက္"
"ဟုတ္ကဲ့...သခင္ေလး" ခြၽန္း႐ွန္းက အမိန္႔ကိုနာခံခဲ့ေပမယ့္ အေၾကာင္းအရင္းကိုေတာ့ ႐ွင္း႐ွင္းလင္းလင္း မသိေပ။ေဆာက္လုပ္ေရးလုပ္ငန္းခြင္ထဲ၌ လူႏွစ္ေယာက္စကားေျပာေနသည္ကို အမွတ္မထင္ေတြ႕လိုက္ရတဲ့အခါမွာေတာ့ သူနားလည္သြား၏။
“မိုးနတ္မင္းႀကီးက ကြၽန္ေတာ္တို႔ကို လြယ္ကူေစေအာင္ မစေပးလိုက္တာပဲေနာ္” ခ်င္မ်န္ လဲ့ယ္ထ်ဲအား ေပ်ာ္႐ႊင္ျမဴထူးေနေသာ အျပဳံးေလးျဖင့္ ေျပာလိုက္သည္။ "ဒီရက္ပိုင္း မိုးမ႐ြာဘူး၊ မဟုတ္ရင္ ေဆာက္လုပ္ေရးမွာ တိုးတက္မႈ ေႏွာင့္ေႏွးေနမွာ"
လဲ့ယ္ထ်ဲ သူ႕လက္ကို တင္းတင္းဆုပ္ကိုင္ထားသည္။ “အလ်င္လိုေနစရာ မလိုပါဘူး။အလုပ္မ်ားတဲ့ ရာသီျဖစ္ေနရင္ေတာင္ ဆြဲထုတ္ၿပီး လူေတြကို ငွားလို႔ရတယ္။ပိုက္ဆံပိုသုံးလိုက္ရတာထက္ ဘာမွမျဖစ္သြားဘူး။”
ခ်င္မ်န္ ထိုစကားကိုၾကားေတာ့ ႏွာမႈတ္လိုက္၏။ "ခင္ဗ်ားတို႔အားလုံးက စကားေျပာတာေတာ့ လြယ္တယ္။ေရတိုပဲ ၾကည့္တတ္တယ္။အိမ္ရဲ႕ အိမ္ေထာင္ဦးစီးက ထင္းနဲ႔ ဆန္ဖိုးကိုေတာ့ သိရမွာေပါ့”
လဲ့ယ္ထ်ဲ သူလက္ထဲတြင္ ႐ွိေနသည့္ ေဂၚဖီထုပ္နဲ႔ ႏွင္းမိႈဟင္းခ်ိဳပါ႐ွိတဲ့ ဝါးဘူးေလးကို ေပးလိုက္ၿပီး “အင္း....ဇနီးေလးက အလုပ္ႀကိဳးစားတယ္"
ခ်င္မ်န္ ပူတက္လာသည့္ နား႐ြက္ေတြကို ကိုင္ကာ ဘူးကိုယူ၍ ဟင္းရည္ကို ေမာ့ေသာက္ခ်လိုက္သည္။
ႏ်ဲ႕ဟန္ ရထားလုံးေပၚမွ ဆင္းကာ ေျခေထာက္ေပၚ႐ွိ အျဖဴေရာင္ ဘ႐ိုကိတ္ေဘာင္းဘီကို ၾကည့္၍ တခဏမွ် တုံ႔ဆိုင္းသြားသည္။သူ ေျမျပင္ေပၚ႐ွိအုတ္ခဲမ်ားႏွင့္ ေက်ာက္စရစ္မ်ားကို ဂ႐ုတစိုက္ေ႐ွာင္ရင္း ေက်ာ္သြားကာ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲေ႐ွ႕တြင္ ရပ္လိုက္သည္။သူ လက္ခုပ္မိုးၿပီး ျပဳံးျပလ်က္ ႏႈတ္ဆက္လိုက္သည္။
"သူေဌးခ်င္နဲ႔ သူေဌးလဲ့ယ္ မေတြ႕ရတာၾကာၿပီ"
ခ်င္မ်န္ ပါးစပ္ေထာင့္နားကို လက္ကိုင္ပုဝါျဖင့္ သုတ္လိုက္၏။သူ သံသယစိတ္ျဖင့္ သူ႕ေ႐ွ႕တြင္႐ွိေနသည့္ သခင္ေလးကို ၾကည့္လိုက္၏။
သူ ဒီလူကို မသိတာ ေသခ်ာ၏။သူ လဲ့ယ္ထ်ဲကို ၾကည့္လိုက္ျပန္ေတာ့လည္း လဲ့ယ္ထ်ဲ၏အမူအရာမွာ သူလည္း မသိေၾကာင္း ေျပာျပေနသေယာင္။
ခ်င္မ်န္ အဆင္မေျပသလို ခံစားလိုက္ရေပမယ့္ သူ႕မ်က္ႏွာေပၚမွာျဖင့္ မည္သည့္ အရိပ္အေယာင္မွ မျပေပ။သူ ယဥ္ယဥ္ေက်းေက်းေမးလိုက္၏။ "ဘယ္သူလဲလို႔ ေမးလို႔ရမလား?”
ႏ်ဲ႕ဟန္ သူ႕ကိုယ္သူ မိတ္ဆက္ရျပန္၏။ “ကြၽန္ေတာ္က ႏ်ဲ႕ဟန္ပါ။မႏွစ္တုန္းက စားေသာက္ဆိုင္ကေန ဟင္းလ်ာခ်က္နည္းကို ဝယ္ခ်င္တယ္လို႔ သူေဌးခ်င္ကို ေျပာခဲ့ဖူးပါတယ္။”
ခ်င္မ်န္ သတိရသြား၏။သူ လဲ့ယ္ထ်ဲထံ ဝါးဘူးေလးကို ျပန္ေပးလိုက္ၿပီး လက္ခုပ္အုပ္ကာ ႏႈတ္ဆက္လိုက္သည္။ "သခင္ေလးကိုး....ကြၽန္ေတာ္ မယဥ္ေက်းျဖစ္သြားခဲ့တာပါ။"
လဲ့ယ္ထ်ဲလည္း ေခါင္းညိတ္ျပလိုက္သည္။
"သူေဌးခ်င္နဲ႔ သူေဌးလဲ့ယ္တို႔က ေမ့လြယ္တဲ့သူေတြပဲ"
ႏ်ဲ႕ဟန္က ခပ္ေဖ်ာ့ေဖ်ာ့ျပဳံးလိုက္ၿပီး “ႏွစ္သစ္ကူးၿပီးရင္ ဟင္းလ်ာခ်က္နည္းေရာင္းဖို႔ ရည္႐ြယ္ထားတယ္လို႔ သူေဌးခ်င္ ေျပာခဲ့ဖူးတာကို မွတ္မိေသးလားမသိဘူး။ဒီကိစၥအတြက္ ကြၽန္ေတာ္ ဒီေန႔ လာခဲ့တာပါ။သူေဌးလဲ့ယ္ နဲ႔ သူေဌးခ်င္က အေသးစိတ္ေျပာဖို႔ အခ်ိန္႐ွိပါ့မလား?"
ခ်င္မ်န္ အနီးနား႐ွိ ဆိတ္ၿငိမ္ေသာေနရာသို႔သြားကာ "ႏ်ဲ႕သခင္ေလး....ဒီမွာ စကားေျပာရေအာင္"
“ဒါ....” ႏ်ဲ႕ဟန္ ဆူညံေနေသာ ပတ္ဝန္းက်င္ကို ၾကည့္လိုက္မိသည္။
ခ်င္မ်န္ လိုရင္းကိုသာ ေျပာလိုက္သည္။ "ဒီကိစၥက ေဆြးေႏြးစရာသိပ္မ႐ွိပါဘူး။ကြၽန္ေတာ္ လိုရင္းကိုသာ ေျပာပါ့မယ္။ကြၽန္ေတာ္တို႔ရဲ႕ဟင္းလ်ာမွာ ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္ ပါဝင္ပစၥည္း ဆယ့္႐ွစ္မ်ိဳး႐ွိေပမယ့္လည္း သူ႕တို႔ထဲကမွ ဆယ့္ေျခာက္မ်ိဳးကိုသာ ေရာင္းခ်ဖို႔ စီစဥ္ထားပါတယ္။ႏ်ဲ႕သခင္ေလး စိတ္ဝင္စားမယ္ဆိုရင္ ေငြတုံး 500 ေပးၿပီး ကြၽန္ေတာ္ကလည္း ခ်က္လုပ္နည္းကို ခ်က္ျခင္း ေရးေပးလိုက္ပါ့မယ္။"
ႏ်ဲ႕ဟန္ အံ့ၾသသြားသည္။ဟင္းခ်က္နည္းေရာင္းဖို႔အတြက္ တစ္ဖက္လူကို စည္း႐ုံးဖို႔ ေဆြးေႏြးမႈေတြ အမ်ားႀကီးလုပ္ရဦးမယ္လို႔ သူထင္ခဲ့၏။
"ဘာလို႔ ဆယ့္ေျခာက္မ်ိဳးပဲ ႐ွိရတာလဲ?"
"ဆယ့္ခုနစ္ခုေျမာက္ ပါဝင္ပစၥည္းက ႐ွာရခက္တယ္။ကြၽန္ေတာ္ သခင္ေလးကိုေျပာျပရင္ေတာင္ သိမွာမဟုတ္ဘူး”
ႏ်ဲ႕ဟန္ မယုံေပ။ "အိုး?အဲဒါက ဘာမ်ားလဲ?"
ခ်င္မ်န္ ဆို၏။ “စီခြၽမ္းင႐ုတ္ေကာင္း...အနက္ေရာင္အသီးတစ္မ်ိဳးပဲ။"
ထိုအေၾကာင္းကို တစ္ခါမွ မၾကားဖူးေသာ ႏ်ဲ႕ဟန္အေနျဖင့္ တမင္လွည့္ျဖားေနျခင္းမဟုတ္ဟု ယုံၾကည္ခဲ့သည္။
ခ်င္မ်န္ ထပ္ေျပာလိုက္ေသးသည္။ "႐ိုး႐ိုးသားသားေျပာရရင္ ဒီပါဝင္ပစၥည္းကို ေနာက္ႏွစ္မွာ ထုတ္လုပ္ႏိုင္ဖို႔ စီစဥ္ေနပါတယ္။ႏ်ဲ႕သခင္ေလးက ထူးခြၽန္တဲ့ စီးပြားေရးသမားေယာက္ ျဖစ္လာႏိုင္ပါတယ္။အနာဂတ္မွာ လိုအပ္ခ်က္မ်ား႐ွိလာမယ္ဆိုရင္ ကြၽန္ေတာ္တို႔အေနနဲ႔ ပူးေပါင္းလုပ္ေဆာင္ခြင့္ရရင္ ပိုၿပီးဝမ္းသာမိမွာပါ"
ႏ်ဲ႕ဟန္ သူ႕ကို ထူးဆန္းတဲ့ မ်က္လုံးေတြနဲ႔ ၾကည့္လိုက္သည္။သူ ဒီလူငယ္ကို ေလွ်ာ့တြက္မိခဲ့၏။သူႏွင့္ စီးပြားေရး ေဆြးေႏြးေနခ်ိန္တြင္ ခ်ာတိတ္ေလးသည္ အျခားလုပ္ငန္းတစ္ခုကို ဆြဲေခၚ၍ေျပာျပရန္လည္း မေမ့ခဲ့ေပ။
"ဒါဆို ဆယ့္႐ွစ္ခုေျမာက္ ပါဝင္ပစၥည္းကေရာ။ပါဝင္ပစၥည္း ႏွစ္မ်ိဳးလုံးက အရမ္း႐ွားပါးတယ္ဆိုရင္ ဟင္းခတ္ရဲ႕အရသာက ေဈးႀကီးတဲ့ စားေသာက္ဆိုင္ေတြနဲ႔ အရမ္းကြာျခားသြားလိမ့္မယ္”
ႏ်ဲ႕ဟန္သည္ စီးပြားေရးသမားျဖစ္ထိုက္သူပင္။ျပသနာျဖစ္လာမည္ကို တိတိက်က်ပင္ ေထာက္ျပလိုက္၏။
ခ်င္မ်န္ မ်က္ေတာင္မခတ္ဘဲ ေခါင္းခါလိုက္ၿပီး “သခင္ေလးရဲ႕ ဒီစကားေတြက မွားေနပါတယ္။ဒါဆိုရင္ ဘာလို႔မ်ား ကြၽန္ေတာ္တို႔ရဲ႕ဟင္းလ်ာမွာ ပါဝင္ပစၥည္းေတြအမ်ားႀကီးကို ထည့္သုံးေနမွာလဲ?ေနာက္ဆုံးက်န္တဲ့ ႏွစ္မ်ိဳးဘဲ မသုံးရတာလဲ?"
ခ်င္မ်န္ ေျပာသည္ကလည္း က်ိဳးေၾကာင္းဆီေလ်ာ္၏။ ခဏတာ စကားမေျပာျဖစ္ေတာ့ဘဲ တိတ္ဆိတ္စြာ ၿငိမ္သြားၾကသည္။
Advertisement
- In Serial294 Chapters
Dragon's Soul
Synopsis of my story, A young boy faces the end of his life, born a genius, gifted with an incredible memory and a passion for knowledge. As he takes his last breathe his life flashed before his eyes , from an early age he had been like a sponge soaking in all the knowledge around him, science, history, culture, literature, and even military strategy he absorbed it all. But as his life was coming to an end he scorned all his knowledge, what was the point of knowing everything when you weren’t even able to protect yourself or the ones you loved. As the boy closed his eyes for one final time,he laughed at how blinded he had been about the world and people and thought that if there was indeed a next life he would obtain power, power to protect himself and his loved one. And so this marked the end of his life, but for some, the end is only the beginning. My first story so it won't be too great so bare with me as I try to get better.
8 394 - In Serial15 Chapters
A Clone of Arth
I'm just a simple guy and who has had a second life. Dragons fly across the sky, Monsters fill the lands, and I am a grand wizard. Or that's what did not happen. Reincarnation... Not what it is hyped up to be. Magic would have been awesome. No, the laws of nature still exist. Physics, Chemistry, and most hard sciences are still around to haunt me. Guess you will be tabbing out then... no fantasy... but... I COMMAND YOU TO READ.
8 296 - In Serial31 Chapters
Ant Lord: Monsters in the Fog
Marcus was living the good life until the day the fog rolled in. Now he has to battle against impossible odds to save the ones he loves. Can he stand in the face enemies who have a serious leg up-or a few legs up- on him? Or will he lose his humanity to monsters even worse than the creepy crawlies?
8 130 - In Serial8 Chapters
Doors
William wakes up in a dark cubicle with a horrible headache and no memories of his former past. With little to no knowledge to what´s going on and his physical force neutered to nothing he will colaborate with others to break through the prision of enigmatic doors that requiere to solve a puzzle to open.
8 87 - In Serial8 Chapters
The Faen Wrath
Ben is a normal man working at a grocery store, when he meets an abnormal woman who accidentally pulls him into her world. The world of the Fae.
8 140 - In Serial25 Chapters
Glitch — Alpha [Swedish] [Svenska]
Otilia jobbar på förskolan när ett barn försvinner rakt framför ögonen på henne. Sekunder efteråt kommer barnet tillbaka, som att inget hänt. Hon tror att hon är överarbetad, men när försvinnanden börjar hända överallt och de som kommer tillbaka inte är sig själva, förstår Otilia att något, någonstans gått riktigt snett. När hon och hennes pojkvän får en idé om vad som kan vara orsaken gör de allt för att informationen ska komma fram till rätt personer. Detta är en skräck/thriller som innehåller ganska mycket blod och våld. Även mot och med barn. Om detta stör dig råder jag att du håller dig borta. Detta är också den första boken jag någonsin skrev (2015, och knappt rörd sedan dess) och var ämnad att bli en trilogi. Eftersom den bara har legat och skräpat i hårddisken under alla dessa år tänkte jag att jag lika gärna kunde släppa den här. Trevlig läsning! ********* For English readers: (Might as well add this information in English to save the lovely souls looking through our works some time) I probably won't translate this work, but I'm working on another translation within YA, if that's something you'd be interested in. This one's horror/thriller, so.. yeah. Maybe sometime in the future. Otilia works at a daycare when a child disappears. Seconds later, the child reappears, like nothing had happened. She thinks she's worked too much, but when disappearences start to happen all around the globe, she and her boyfriend realize that something has gone really, really wrong. When they get an idea about what could be the cause, no matter how unbelievable, they will do everything in their power to get the information to the right people. This was my first-ever-novel and my first gamelit story (though I had no idea that was a thing/genre at the time). This novel contains a lot of violence and blood and can be uncomfortable to read for some people. There is also some violence from, and off-screen violence to, children.
8 198

