《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[84]
Advertisement
မြင်းလှည်းမောင်းသမားနှစ်ဦးနှင့် အစောင့်လေးဦးတို့မှာ ဝမ်းသာသွားကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောဖြစ်ခဲ့ကြသည်။ဟင်းအနှစ်အနည်းငယ်မှာ ပမာဏအားဖြင့် သေးနုတ်လှသော်လည်း ရှားပါးလွန်းစွာ တစ်စုံတစ်ယောက်မှ သူ့တို့အား ပါဝင်တွေးတောပေးခြင်းဖြစ်၏။
ထို့နောက် လဲ့ယ့်ရှန်းကျစ်သည် နောက်ဆုံးမှာတော့ သူ့အဖို့ ဇွန်းတစ်ချောင်းကို လှမ်းယူလိုက်သည်။ထို့ကြောင့် အမဲသားဟင်းအနှစ်၏ရနံ့မှာ နေရာအနှံ့ ပျံ့လွင့်သွားလေသည်။
ပုချင်းယွမ်မှာ သူ့ပေါင်မုန့်သားထဲတွင် အမဲသားဟင်းအနှစ်ကို ဆမ်းထည့်ထားပြီး အရသာမြည်းစမ်းရန်အတွက် ပါးစပ်ကိုဖွင့်ကာ ကိုက်ချလိုက်လေသည်။
မြည်းစမ်းကြည့်ပြီးနောက် သူ ချီးကျူးရတော့၏။ "အရသာရှိလိုက်တာ!အထဲမှာလည်း အသားတွေအများကြီးပါတယ်။သေသေသပ်သပ်လှီးဖြတ်ထားတဲ့အပြင် မွှေးကြိုင်ပြီး နူးညံ့လွန်းတယ်။"
တစ်ဖက်တွင်လည်း အစာစားချင်စိတ် ပြင်းပြနေသော လင်းချီယွမ်သည် အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်ရင်း.....
"နောင်တော်လဲ့ယ် နောက်ထပ်တစ်ဇွန်း ထပ်ပေးပါဦး"
ချူကျုံးဝမ်သည် ပြုံးပန်းဝေနေသောအပြုံးလေးဖြင့် လဲ့ယ်ရှန်းကျစ်ထံ ထပ်မံအကြည့်ပို့လိုက်သည်။သူ့လက်ထဲတွင်လည်း အကိုက်ခံထားရသည့် အခြေအနေမျိုး သဲလွန်စ တစိုးတစမှပင် မရှိသည့် ပန်ကိတ်ဝိုင်းဝိုင်းလေး တစ်ချပ်ရှိနေ၏။ဒါ သူ့ရဲ့ ဒုတိယမြောက် ပန်ကိတ်ဖြစ်မှန်း သိသာပါ၏။
လဲ့ယ်ရှန်းကျစ် သူ့လက်ကို ဝှေ့ယမ်းပြလိုက်ပြီး "ဒီမှာလည်း အိုးသေးသေးလေးပဲ ရှိတာ။နောက်နေ့စားဖို့ မချန်ထားချင်တော့ဘူးလား?"
ချူကျုံးဝမ်သည် စိတ်မကောင်းစွာဖြင့် သူ့နှုတ်ခမ်းတွေကို သပ်တင်လိုက်ပြီး မရီးလဲ့ယ့်ထံမှ နောက်ထပ်တစ်အိုး ထပ်တောင်းရင်ကောင်းမလားဟု တွေးနေမိသည်။သို့သော် အစ်ကိုကြီးလဲ့ယ့်ဆိုသူ၏မျက်နှာကို တွေးမိကာ တုန်လှုပ်သွားပြီး အနှီမဖြစ်နိုင်လောက်သော အကြံအစည်ကို စွန့်လွှတ်လိုက်လေသည်။
ဤခရီးမှာ သူတို့၏ပထမဆုံးအကြိမ်အနေဖြင့် ခရီးဝေးသို့ ခရီးထွက်ရခြင်းဖြစ်သောကြောင့် ချင်မျန်သည် သူ့ကိုယ်သူအပြင် လဲ့ယ်ထျဲကိုပါ ချို့ချို့တဲ့တဲ့ မစားစေပေ။ထို့အပြင် သူ့ထံတွင် မှော်ဆန်သည့် နယ်မြေလည်းရှိသေးသည်။လဲ့ယ်ထျဲနှင့် သူ့နေ့လည်စာမှာ ပိုင်းထားသော အလွှာပေါင်းစုံပန်ကိတ်နှင့် အမဲသားဟင်းအနှစ်တို့အပြင် လဲ့ယ်ထျဲ၏ကိုင်ထားသော ဝါးပြွန်အတွင်းမှ ဂျုံခေါက်ဆွဲဟင်းချိုပင်။ယင်းဟင်းချိုကိုဖြင့် နယ်မြေတွင်းမှ ယူခဲ့ခြင်းဖြစ်၏။သူ့ကိုယ်၌ကလည်း အရသာရှိတဲ့ အစားအစာနှင့် eschatology ကို နှစ်သက်သောကြောင့် ဂျုံခေါက်ဆွဲချက်နည်း၊ ထမင်းလိပ်စသည်ဖြင့် အိမ်လုပ်အစားအစာများ ပြုလုပ်နည်းများပါဝင်သည့် စာအုပ်အချို့ကို ဝယ်ယူသိမ်းဆည်းထားခဲ့သည်။အချိန်ရရင် ချက်ပြုတ်ဖြစ်မည်မှာ သေချာလေသည်။
အမဲသားဟင်းအနှစ်၏ရနံ့မှာ ချင်မျန်၏ရထားပေါ်ကနေ စိမ့်ထွက်နေသော်ငြား လူတိုင်းက အနံ့ရှူကြရုံသာရှိကြပြီး အနားမကပ်ကြပေ။
ဆရာကုန်းမှ ဆို၏။ "မွန်းတည့်ပြီ။ငါတို့ရဲ့ခရီးကို အရှိန်မြှင့်သင့်တယ်။မဟုတ်ရင် တည်းခိုခန်းမှာ တည်းနိုင်မှာ မဟုတ်ဘူး။အားလုံး တစ်ညီတည်း မသွားနိုင်ရင်တောင် တစ်ယောက်နဲ့တစ်ယောက် ကြည့်ရှု့ပေးကြပါ။"
"ဟုတ်ကဲ့ ဆရာ!" စာသင်သားလေးများသည် တညီတညွတ်တည်း ပြန်ဖြေလာကြသည်။
အားလုံး နေ့လည်စာစားပြီးသောအခါ ရထားတွဲများဖြင့် ခရီး ဆက်သွားကြသည်။
ချင်မျန်ကတော့ နံနက်ခင်းတွင် ကောင်းမွန်စွာ အိပ်ပျော်ထားတာကြောင့် လဲ့ယ်ထျဲနှင့်အတူ ခုံပေါ်တွင်ထိုင်ကာ နေပူစာလှုံရင်း စကားပြောနေခဲ့သည်။
ညနေပိုင်းတွင် သူတို့ မြို့ငယ်လေးရှိ တည်းခိုခန်းငယ်တစ်ခုတွင် ဝင်ရောက်တည်းခိုခဲ့ကြပြီး မည်သည့်ဆိုးဆိုးရွားရွားကိစ္စမျိုး မဖြစ်ပေါ်လာခဲ့ပေ။ဆရာကုန်းနှင့် အစောင့်လေးယောက်တို့မှာ တိတ်တဆိတ် စိတ်သက်သာရာ ရသွားကြသည်။
နောက်တစ်နေ့တွင် ချင်မျန်သည် ရထားလုံးစီးရသည်မှာ ငြီးငွေ့ဖွယ်ကောင်းသည်ကို သိလိုက်ရပြီမို့ အနီးနားတွင် မြင်းဖြင့် သက်တောင့်သက်သာပတ်စီးနေလိုက်တော့သည်။
လဲ့ယ်ထျဲကတော့ သူ့ရှေ့ မလှမ်းမကမ်းတွင် မြင်းစီးနေသည့်သူ့ဇနီးလေးကို ခဏမျှ စောင့်ကြည့်ပြီး ခဏအကြာတွင် သူ့အနားသို့ ပြန်တိုးဖို့ ရှေ့ဆက်သွားလိုက်သည်။ရှီလကို တစ်ပါတည်းမခေါ်လာမိတာကို သူနောင်တရမိသည်။အကယ်၍ ရှီလသာ ဤနေရာတွင် ရှိနေခဲ့ပါက သူ့အား မြင်းရထားလုံးကို မောင်းခိုင်းထားပြီး သူသည်လည်း သူဇနီးလေးနှင့်အတူ အတူတူမြင်းစီးနေလို့ရသည်။
ချင်မျန်ကတော့ နွေဦးလေညင်းကြား ရွှင်မြူးစွာ ရှေ့သို့ တိုး၍ မောင်းနှင်သွားလေသည်။ရုတ်တရက် သူ့နောက်ဘက်ကနေ တစ်စုံတစ်ခုကို ခံစားလိုက်ရသည့်မို့ သူ နောက်ပြန်လှည့်ကြည့်လိုက်တော့ သူ့နောက်ကလူက သူ့ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ မြင်းခေါင်းကို ပြန်လှည့်ကာ အနားသို့ကပ်သွားပြီး မြင်းစီးနေလိုက်သည်။
ထို့နောက် "ရထားပေါ်မှာ အကြာကြီးထိုင်ရတာ တင်ပါးနာတယ်။" ဟု တိုးတိုးလေးကပ်ပြောလိုက်၏။
လဲ့ယ်ထျဲ ခဏမျှ နှုတ်ဆိတ်နေကာ ပြီးနောက် မကျေမနပ်လေသံဖြင့် "မြင်းကို အကြာကြီးစီးရင်လည်း ခြေထောက်နဲ့ တင်ပါးကို နာကျင်စေတယ်"
"ဟီးဟီးဟီး......" ချင်မျန်၏မျက်ခုံးများသည် ရယ်မောလိုက်တာကြောင့် မြင့်တက်သွားလေသည်။ဒီလူက သူနဲ့ မခွဲနိုင်ဘူးဆိုတာ တဖြည်းဖြည်း သိလာရ၏။ဒီလို တည့်တိုးဆန်တဲ့ စကားမျိုးကိုတောင် သူပြောနိုင်တယ်လေ။
သူ မြင်းဇက်ကြိုးများကို ထိုလူအား ပေးလိုက်ပြီး ရထားလုံးပေါ်သို့ ခုန်တက်လိုက်ရသည်။
လဲ့ယ်ထျဲသည်လည်း သူ့လက်တံရှည်များကို ဆန့်တန်းကာ တစ်ဖက်လူအား အသာအယာ ဖမ်းသွင်းလိုက်ပြီး သူ့အနားတွင် ထားကာ မြင်းဇက်ကြိုးကို ပြန်ချည်နှောင်လိုက်သည်။
ချင်မျန် နယ်မြေလွတ်ထဲမှ ပန်းသီးနှစ်လုံးအား တစ်ယောက်တစ်လုံးခွဲတမ်းကျ ထုတ်ယူလိုက်သည်။
သူ အစိုးရဘဏ္ဍာရေးလမ်း၏တစ်ဖက်တစ်ချက်စီရှိ တောနက်ကြီးအား ပေါ့ပေါ့ဆဆကြည့်ကာ ခပ်မှုန်ဝါးဝါးလေသံဖြင့် ပြောလိုက်သည်။ "အရမ်းတိတ်ဆိတ်နေတယ်နော်"
နှစ်လီခန့်အကွာတွင် တောင်စောင်းနှစ်ခုကြားရှိ လမ်းကျဉ်းလေးကို လှမ်းတွေ့လိုက်ရပြီး လမ်း၏ထောင့်တစ်ကွေ့ကြောင့် အဆုံးကို မမြင်ရပေ။
လဲ့ယ်ထျဲ ပြောလိုက်သည်။ "ရှေ့မှာ တိုက်ပွဲရှိနေတယ်"
ချင်မျန် အံ့အားသင့်သွားပြီး "ဒါ လမ်းမပေါ်တင် ဓားပြတိုက်နေတာလား?ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ?"
"......"
လဲ့ယ်ထျဲ သူ့ပခုံးကို ဖျစ်ညစ်လိုက်ကာ ဇက်ကြိုးကို လှုပ်ရမ်းပြီး အရှိန်မြှင့်ကာ ရှေ့မှ ရထားတွဲသုံးစီးကို ကျော်မောင်းခဲ့သည်။
ပထမရထားလုံးပေါ်တွင် ဆရာကုန်းသည် လေညင်းခံရန် ထွက်လာပြီး ရထားထိန်းနှင့်အတူ အခုံးပေါ်တွင် ထိုင်နေလေသည်။
Advertisement
"သူဌေးလဲ့ယ်နဲ့ သူဌေးကတော်...တစ်ခုခုဖြစ်လို့လား?" ဆရာကုန်းက သံသယနဲ့ မေးလိုက်သည်။
ချင်မျန် လိုရင်းတိုရှင်းသာ ရှင်းပြလိုက်၏။ "ဆရာကုန်း....ရှေ့မြေပြင်က အရမ်းအန္တရာယ်များတယ်။အားထျဲက လမ်းကို အရင်စူးစမ်းချင်လို့ပါ။ကျွန်တော်တို့ကတော့ နောက်ကနေ ဖြည်းဖြည်းချင်း သွားကြတာပေါ့။" လဲ့ယ်ထျဲ၏စွမ်းဆောင်ရည်သည် အဝေးမှ အသံကို ကြားနိုင်လောက်အောင် မြင့်မားကြောင်း လူတို့ကို သိဖို့ခွင့်မပြုနိုင်ပေ။
သူ ခပ်ဝါးဝါးပြောနေပေမယ့်လည်း ဆရာကုန်း နားလည်ပြီး သူ့အမူအရာမှာ လေးနက်သွား၏ - ဒုက္ခ ရောက်စေချင်တဲ့ လူဆိုးတွေသာ ရှိနေမယ်ဆိုရင် ရှေ့မြေပြင်အနေအထားက အကောင်းဆုံးရွေးချယ်မှုပင်။
ရှေ့ရထားတွဲတွေကို ဦးဆောင်ဖို့ ငှားထားတဲ့ မြင်းထိန်းနဲ့ အစောင့်နှစ်ယောက်ရဲ့မျက်နှာတွေမှာလည်း အနည်းငယ် ပြောင်းလဲသွား၏။
"အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေးလဲ့ယ်.." ဆရာကုန်း လဲ့ယ်ထျဲကို လေးနက်စွာ ကျေးဇူးတင်စကားပြောလိုက်သည်။
ချင်မျန် မြင်းရထားအား ထိန်းကျန်ခဲ့ပြီး လဲ့ယ်ထျဲကတော့ စားလို့မကုန်သေးသည့် ပန်းသီးကို ပေးခဲ့ကာ မြင်းလှည်းပေါ်မှ ခုန်ချပြီး ပြေးထွက်သွားလေသည်။
"ဘာဖြစ်နေကြတာလဲ...မရီး?" လဲ့ယ်ရှန်းကျစ်သည် ရထားလုံးပေါ်မှ ခေါင်းထွက်လာကာ မေးလိုက်သည်။
ချင်မျန်သည် 'ပညာတော်သင်များသည် အသုံးဝင်မှုတွင် အနည်းဆုံးဖြစ်သည်' ဆိုတဲ့ စာကြောင်းကို ရှင်းရှင်းလေးပဲ အမှတ်ရလိုက်ပါတော့၏။ယင်းစာသင်သားတွေ အထိတ်တလန့်ဖြစ်သွားမည်ကို စိုးရိမ်တဲ့အတွက် စိတ်သက်သာရာရစေမည့်စကားကိုသာ ပြန်ဖြေပေးလိုက်သည်။ "ဘာမှမဖြစ်ပါဘူး မင်းအစ်ကိုကြီးက ရှေ့သွားမယ့်လမ်းကို စူးစမ်းဖို့ သွားရုံတင်ပါ"
လဲ့ယ်ရှန်းကျစ် ခေါင်းညိတ်ပြလိုက်ပြီး ဒီကိစ္စက အတော်လေး ရှုပ်ထွေးမည်ဖြစ်ကြောင်း သဘောပေါက်သွား၏။သို့သော် သူ့အစ်ကိုအကြီးဆုံးက သူ့မရီးကို ဒီမှာထားခဲ့တာကို မြင်တော့ ဒီကိစ္စက အစ်ကိုအကြီးဆုံးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမယ်မှန်း သိနေ၏။
ချင်မျန် လဲ့ယ်ထျဲ ချန်ထားခဲ့သည့်ပန်းသီးကို ကိုက်လိုက်သည်။သူ ခေါင်းကို မော့ကြည့်လိုက်တော့ လဲယ်ထျဲက မြင်ရခက်သည့်နေရာသို့ ရောက်နေချေ၏။
လူတိုင်းသည် ကျဉ်းမြောင်းသော လမ်းကျဥ်းလေးပေါ်သို့ ဖြည်းညှင်းစွာရောက်ရှိလာကြပြီး မျက်နှာဖုံးစွပ် လူခြောက်ဦးက လဲ့ယ်ထျဲကို ဝိုင်းထားကြသည်ကို တွေ့လိုက်ရသည်။လဲ့ယ်ထျဲ သူတို့ကို သက်တောင့်သက်သာအနေအထားဖြင့် ကိုင်တွယ်နေ၏။
လမ်းဘေးတွင်လည်း ရထားတွဲနှစ်စီးရှိနေပြီး ဆရာတစ်ယောက်နှင့်တူသည့် အသက်ငါးဆယ်ကျော်အရွယ် အဘိုးအိုတစ်ယောက်သည် သူတို့၏မျက်နှာထက်တွင် စိုးရိမ်ကြောင့်ကြမှုတွေရှိနေကြသည့် စာသင်သားများစွာကို သူ့နောက်ကွယ်တွင် အကာအကွယ်ပေးနေသည်ကို တွေ့လိုက်ရသည်။သူတို့ရဲ့ မြင်းမောင်းသမားနှစ်ယောက်သည်လည်း ဒဏ်ရာရနေကြပြီး ဘီးတွေဘေး မြေကြီးပေါ်မှာ ထိုင်ရက်သားရှိနေခဲ့၏။လဲ့ယ်ထျဲ သူ့ဇနီးလေးရောက်လာသည်ကိုမြင်တော့ မျက်နှာဖုံးစွပ်ထားသော လူခြောက်ယောက်ကို လက်သီးချက်ပေါင်းများစွာဖြင့် အနိုင်ပိုင်းခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျစေကာ ဝမ်းဗိုက်ကို ဆုပ်ကိုင်လျက် အော်ဟစ်စေလိုက်သည်။
"အိုး....အား...."
"အားထျဲ....." ချင်မျန် ရထားပေါ်မှ ခုန်ဆင်းလာကာ "အဆင်ပြေရဲ့လား?"
"ပြေတယ်။" လဲ့ယ်ထျဲ ချင်မျန်ပခုံးတွေကို ဖက်ထားလိုက်သည်။ သူ့လက်ထဲတွင် ပန်းသီး၏အူတိုင်သာ ရှိတော့သည်ကို မြင်လိုက်ရသောအခါ သူ့အကြည့်မှာ ပိုမိုနက်ရှိုင်းသွားတော့သည်။
(Eng T/N: သူ မကုန်သေးတဲ့ ပန်းသီးကို ဆက်စားပေးလို့ ပျော်သွားတာပါတဲ့)
အဘိုးအိုသည် သူ့ကိုယ်သူ ပြန်ထိန်းခဲ့ပြီး လဲ့ယ်ထျဲထံ သွားလိုက်သည်။လက်နှစ်ဖက်ကို သွယ်ယှက်ပြီး အရိုအသေပြုရင်း "ဒီရဲရင့်တဲ့လူငယ်လေးကို ကျေးဇူးအများကြီးတင်ပါတယ်။လူငယ်လေးသာ အချိန်မီ လာမကယ်ရင် ဒီတစ်ဖွဲ့လုံး ရက်ရက်စက်စက် သတ်ခံရတော့မှာကို စိုးရိမ်မိတယ်"
"အရမ်းယဉ်ကျေးမနေပါနဲ့" လဲ့ယ်ထျဲ သူ့လက်ကို ဝှေ့ယမ်းပြီး ချင်မျန့်ကို သူ့ရထားပေါ်သို့ ပြန်ဆွဲတင်လိုက်၏။
ဆရာကုန်းကိုယ်တိုင် အဘိုးကြီးထံ သွားခဲ့ပြီး စကားပြောလိုက်၏။ဒီအုပ်စုသည် ချန်လဲ့မြို့နယ်လေးမှ ထွက်လာကြပြီး စာမေးပွဲဖြေဖို့ စီရင်စုဗဟိုဌာနချုပ်သို့ သွားနေခြင်းဖြစ်ကြောင်း သူသိခဲ့ရသည်။အဘိုးကြီးမှာ ဆရာချန်ဆိုသူဖြစ်ပြီး သူတို့ဒီကိုရောက်လာတဲ့အခါမှာတော့ မျက်နှာဖုံးစွပ်ထားသည့်လူများက သူတို့ကို လုယက်ဖို့ ရုတ်တရက် ခုန်ထွက်လာကြသည်။ဓားပြများ၏ အပြင်းအထန်ခြိမ်းခြောက်တွန်းအားပေးခံရမည်ကို စိုးရိမ်သဖြင့် ဆရာချန်က ထပ်မပြောဝံ့တော့ဘဲ သူတို့၏ ပစ္စည်းတစ်ဝက်ကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အစပြုပြောခဲ့သည်။မထင်မှတ်ပဲ ထိုဓါးပြများက အရှုံးမပေးသေးရာ ကျန်ပစ္စည်းများကို လုယက်ရုံသာမက အခြားသူများကိုပါ ထိခိုက်စေခဲ့သည်။နှစ်ဖက်စလုံးအနေဖြင့် တိုက်ပွဲဖြစ်သွားကြပြီး ထိုစာသင်သားအများအပြားကို ကာကွယ်ရန် မြင်းလှည်းမောင်းသမားနှစ်ဦးမှာ ဒဏ်ရာရသွားခဲ့သည်။ကံကောင်းထောက်မစွာဖြင့် လဲ့ယ်ထျဲ အချိန်မီပေါ်လာပြီး သူတို့ကို ကယ်တင်ပေးခဲ့သည်။
ကံကောင်းထောက်မစွာနဲ့ပဲ မြင်းမောင်းသမားနှစ်ယောက်လုံး ဒဏ်ရာပြင်းထန်စွာ မရခဲ့ကြချေ။ခရီးဝေးသွားကြသူများအနေဖြင့် အရေးပေါ်အခြေအနေတွင် အသုံးများသောဆေးဝါးအချို့လည်း ယူဆောင်လာခဲ့ကြရာ ဆရာချန်သည် သူ့တပည့်နှစ်ယောက်အား သူတို့ရဲ့ဒဏ်ရာတွေကို ကူညီပြီးဆေးစည်းပေးဖို့ ပြောလိုက်သည်။
ဆရာကုန်း ဆရာချန်ကို ပြောလိုက်သည်။ "ကျွန်တော်တို့ ဝူဝေ့မြို့နယ်ကို ဖြတ်သွားမယ်။ဒီဓားပြတွေကို ချည်နှောင်သွားပြီး ကျွန်တော်တို့နောက်က လိုက်လာတဲ့သူတွေအပေါ် မကောင်းမှုတွေထပ်မလုပ်မိအောင် ခရိုင်အာဏာပိုင်ဆီ ပို့လိုက်တာက ပိုအဆင်ပြေမယ်။ဆရာချန်ရော ဘယ်လိုထင်လဲ?"
ဆရာချန်၏မျက်နှာသည် တည်ငြိမ်နေပြီး မကောင်းဆိုးဝါးစိတ်ဓါတ်တွေ စုစည်းနေသည့်ရန်သူများကို သေမတတ်မုန်းတီးနေပုံ ရ၏။ "ဒီအကြံက ကောင်းတယ်"
သူ ရထားလုံးတစ်စင်းကို အလွတ်ထားလိုက်ပြီး အစောင့်လေးယောက်အား လူဆိုးခြောက်ယောက်ကို ချည်နှောင်ရန် ကြိုးတစ်ချောင်းကို ယူစေကာ ချည်နှောင်စေလိုက်သည်။ထို့ကြောင့် ဆရာချန်၏ရထားတွဲတွင် နေရာအလုံအလောက်မရှိတော့ပေ။ချင်မျန် နဲ့လဲ့ယ်ထျဲတို့ကလည်း သူစိမ်းတွေကို သူတို့ရဲ့ မြင်းလှည်းပေါ်တွင် တင်ခေါ်ထားဖို့ စိတ်ကူးမရှိချေ။
ဒီလူ ဆရာကုန်းက အတော်လေး စိတ်ဝင်စားစရာပင်။သူ ချင်မျန်ရဲ့ရထားလုံးကို ငှားဖို့ မပြောဘဲ ဆရာချန်ရဲ့ကျောင်းသားတွေနဲ့ သူ့တပည့်တွေကို အတူတူညှပ်ထိုင်ဖို့သာ အစပျိုးပြောခဲ့သည်။
Advertisement
ရှေးပညာရှိတွေက အတော်ကိုနှစ်လိုဖွယ်ပင်။
ဆရာချန်သည် ရထားလုံးတစ်စီးကို မောင်းနှင်နေရပြီး ဆရာကုန်းက တခြားရထားတွဲကို မောင်းနှင်ပေးရန် အစောင့်တစ်ဦးကို ခေါ်ခဲ့ရသည်။လူအုပ်ကြီးသည် အုပ်စုလိုက် သွားလာဖြစ်တော့သည်။
ယခုတစ်ကြိမ်မှာတော့ ဆရာကုန်း၏ရထားတွဲမှာ ရှေ့တွင်ရှိနေပြီး ချင်မျန်နှင့် လဲ့ယ်ထျဲ၏ရထားတွဲမှာတော့ သူ့နောက်တွင်ကပ်ပါလာ၏။
အခြားရထားတွဲများမှ စာသင်သားတို့သည် လဲ့ယ်ထျဲအကြောင်း ပြောဆိုနေကြပြီး သူ့အရည်အချင်းကို မနာလိုဖြစ်နေကြသည်။စာသင်သားနှစ်ယောက်သည် လဲ့ယ်ထျဲနှင့်ရင်းနှီးချင်ပါသော်လည်း တစ်ဖက်လူ၏အေးစက်စက်မျက်နှာထားကြောင့် နာကြည်းစွာ လက်လျှော့လိုက်ရသည်။
ကံကောင်းထောက်မစွာ သူတို့ ချင်းထျန်းစီရင်စုကို ရောက်တဲ့အထိ တခြားဘာမှ မဖြစ်ခဲ့ကြတော့ချေ။
စီရင်စုစာမေးပွဲနီးလာသောကြောင့် ချင်းထျန်းစီရင်စုသည် အလွန်စည်ကားနေသည်။လမ်းမများပေါ်တွင် လူများဖြင့် စည်ကားနေပြီး လူဆယ်ဦးတွင် ရှစ်ဦးခန့်က စာသင်သားတွေချည်းသာ ဖြစ်၏။
ထို့ကြောင့် ချင်းထျန်းစီရင်စုမှ အောက်ဘက်ရုံးတရားသူကြီးသည် အလွန်အမင်း တွေးတောစီမံရချေပြီ။စာမေးပွဲမဖြေမီ လေးရက်အလိုမှ စာမေးပွဲပြီးသည့်နေ့အထိ ကျောင်းသားများကိုသာ လက်ခံနိုင်သည့် တည်းခိုခန်းအများအပြားကို စာရင်းထုတ်ပေးခဲ့သည်။အနှီပိုင်ရှင်များသည် မတွန့်ဆုတ်နေပေ။အကယ်၍ ၎င်းတို့၏တည်းခိုခန်းများတွင် လာရောက်တည်းခိုသွားသော စာသင်သားများသာ စီရင်စုစာမေးပွဲတွင် ပိုမိုကောင်းမွန်သော နေရာတစ်ခု ရခဲ့ပါက ၎င်းတို့၏ တည်းခိုခန်းများအတွက် ပြောစမှတ်ဖြစ်စရာ လူသိရှင်ကြားဖြစ်လာလိမ့်မည်။ထို့အပြင် စာမေးပွဲဖြေဆိုသူများသည် တည်းခိုခန်းတွင် တည်းခိုရန် အခကြေးငွေ မပေးဆောင်ရမည်လည်း မဟုတ်။ထို့ကြောင့် သူတို့ ဆုံးရှုံးနစ်နာမှု လုံးဝမရှိပေ။
ဆရာကုန်းနှင့် ဆရာချန်တို့သည် ကျောင်းသားများကို အခြေချပေးရန် တည်းခိုခန်းသို့ ခေါ်သွားကြသည်။စာမေးပွဲသည် သဘက်ခါမှစတင်မည် ဖြစ်သည်မို့ မနက်ဖြန်တွင် အပြည့်အဝအနားယူရပေမည်။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် လမ်းတစ်ဖက်ခြမ်းရှိ အခြားတည်းခိုခန်းတစ်ခုတွင် ဝင်ရောက်တည်းခိုခဲ့ပြီး အကြောင်းတစ်စုံတစ်ရာရှိလာပါက သူတို့ကို လာရှာနိုင်ကြောင်း ဆရာကုန်းအား အကြောင်းကြားခဲ့သည်။ဆရာကုန်းသည် စာမေးပွဲဖြေဆိုသူများအား အကြိမ်ပေါင်းများစွာ သင်ကြားပေးခဲ့ပြီးဖြစ်သည်မို့ အတွေ့အကြုံများစွာရှိခဲ့ပြီးသားပင်။လဲ့ယ်ရှန်းကျစ်ကို သူနှင့်အတူ စောင့်ရှောက်ပေးရန်မှာ စိတ်ပူစရာမရှိခဲ့။
သူတို့ ရေနွေးပူနဲ့ ရေချိုးပြီးနောက် သန့်ရှင်းတဲ့အ၀တ်အစားတွေဖြင့် လဲလှယ်လိုက်ကာ လမ်းလျှောက်ထွက်ဖြစ်၏။စီရင်စုဗဟိုနယ်မြေသည် ခရိုင်မြို့ထက် ပိုမိုတိုးတက်လျက်ရှိပြီး ပြောင်လက်တောက်ပနေသည့် ကုန်ပစ္စည်းမျိုးစုံဖြင့် ခင်းကျင်းထားသည်။ချင်မျန်နှင့် လဲ့ယ်ထျဲတို့ နှစ်နာရီနီးပါး လှည့်ပတ်လျှောက်ကြည့်နေခဲ့ကြသည်။သူတို့ လက်လေးဖက်လုံး မဆန့်လောက်တော့သည့်အထိ ဒေသထွက်ကုန်နှင့် ပစ္စည်းများစွာကို ဝယ်ယူခဲ့သည်။ချင်းထျန်းစီရင်စုတွင် ငွေ-ပိုးသား ပန်ကိတ်ဟုခေါ်သော နာမည်ကြီးသည့် သရေစာတစ်မျိုးကိုလည်း တွေ့ရှိခဲ့သည်မို့ နှစ်ယောက်သား နှစ်ခုစာသွားဝယ်ပြီး မြည်းစမ်းကြည့်ကြ၏။
အရသာက ထူးခြားလွန်းသည်မို့ ချင်မျန် ထိုမုန့်တွေကို တစ်ဝက်လောက်ထိဝယ်ယူခဲ့ပြီး ဆိုင်အကူလေး၏အကူအညီဖြင့် တည်းခိုခန်းကို ပို့ပေးခိုင်းလိုက်သည်။ထို့နောက် ယင်းတို့ကို နယ်မြေထဲသို့ ပို့ထားလိုက်တော့သည်။
ချင်းထျန်းစီရင်စုသို့ သွားရောက်လည်ပတ်သည့် ဒုတိယမြောက်နေ့တွင် နဂါးဖြူဘုရားကျောင်း၌ တစ်ရက်တာ လည်ပတ်ကြည့်ရှုခဲ့ကြသည်။
သုံးရက်မြောက်သောနေ့ နံနက်တွင် ချင်မျန်နှင့်လဲ့ယ်ထျဲတို့က လဲ့ယ့်ရှန်းကျစ်အား စာမေးပွဲခန်းသို့ လိုက်ပို့ပေးလိုက်ကြသည်။ စီရင်စုစာမေးပွဲတွင် တစ်ရက် တစ်ကြိမ်နှုန်းဖြင့် ကျင်းပရမည့် စာမေးပွဲအမျိုးအစားသုံးမျိုး ပါဝင်လေသည်။
ဤသုံးရက်အတွင်း ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် ပေါ့ပေါ့ပါးပါး လည်ပတ်ကြည့်ရှုနေကြပြီး အချိန်ကို ကုန်ဆုံးနေကြဆဲပင်။
သုံးရက်လောက်ကြာတော့ စာဖြေခန်းများမှ စာသင်သားများ ထွက်လာကြသည်။တစ်ချို့က ပျော်ရွှင်နေကြပြီး အချို့ကတော့ စိတ်ပူနေကြ၏။တူညီသောအချက်မှာ သူတို့အားလုံးသည် ပိုမိုပိန်ပါးလာကြခြင်းပင်။လဲ့ယ်ရှန်းကျစ်သည်လည်း ပိန်လာသော်ငြား သူ့စိတ်အခြေအနေကတော့ ကောင်းမွန်နေပုံရသည်။သူ့မျက်လုံးများသည် ယုံကြည်မှုအပြည့်နဲ့ တောက်ပနေ၏။စာမေးပွဲတွင် ကောင်းကောင်းဖြေနိုင်ခဲ့ပုံပင်။
ဆရာကုန်းမှ ဒီနေ့ နောက်ကျနေပြီမို့ ဒီနေ့ဒီချိန်တွင် ထွက်ခွာမည်ဆိုပါက တောထဲမှာ အိပ်ရမည်ဖြစ်ကြောင်းနှင့် အနှီနေရာတွင်သာ တစ်ညထပ်နေပြီး နောက်နေ့မနက်မှ ထွက်သွားသည်က ပိုကောင်းကြောင်း အကြံပေးလေ၏။ထိုအကြံကို
တခြားမည်သူမှ မကန့်ကွက်ကြပေ။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့ လဲ့ယ်ရှန်းကျစ်တစ်ယောက် စာမေးပွဲမှာ မည်သို့ဖြေခဲ့ကြောင်းမမေးခဲ့။သူတို့ သူ့ကို ဝိုင်အိမ်တော်ကြီးတစ်ခုတွင် ကောင်းကောင်းဧည့်ခံဖို့ ဖိတ်ခေါ်ခဲ့ပြီး စာပေလေ့လာသင်ကြားရေးအတွက် အရည်အသွေးကောင်းတဲ့ ရတနာလေးပါးကို ဝယ်ဖို့ ခေါ်သွားကြသေး၏။ချင်မျန်သည် လူတွေနှင့် ပေါင်းသင်းဆက်ဆံရေးတွင် အတော်လေး အဆင်ပြေ၏။တည်းခိုခန်းသို့ ပြန်လာရာ လမ်းတွင် သူသည် အရည်အသွေးကောင်းသည့် သရေစာအချို့ကို ဝယ်ယူခဲ့ပြီး လဲ့ယ်ရှန်းကျစ်အား သူ့ဆရာနှင့် အခြားကျောင်းနေဖက်များကို ဝေမျှပေးရန် တောင်းဆိုခဲ့သည်။
နောက်တစ်နေ့မှာတော့ မနက်စာစားပြီးနောက် အိမ်ပြန်ခရီးစတင်ကြလေသည်။
အိမ်ပြန်ရောက်ဖို့ သုံးရက်ပင်ကြာမြင့်၏။ဌာနေသို့ရောက်သည်နှင့် ချင်မျန်သည် အိမ်တွင် တစ်ခုခုဖြစ်ခဲ့သေးသလားဟု ဦးလေးဖူကို မေးလိုက်သည်။
ဦးလေးဖူလည်း မည်သည့်ကိစ္စမျှ မရှိကြောင်း ပြန်ဖြေ၏။
တကယ်တော့ ချင်မျန် အတွေးလွန်သွားခဲ့ခြင်းသာ။လဲ့ယ်ရှန်းကျစ်သည် စာမေးပွဲဖြေရန်အတွက် စီရင်စုဗဟိုဌာနသို့သွားရသည်မို့ လဲ့ယ်တာချန်နှင့် တုရှီတို့သည် ကောင်းကောင်းမစားနိုင် အိပ်မပျော်နိုင်လောက်အောင် စိတ်ပူနေခဲ့ခြင်းဖြစ်သည်။သူတို့အိမ်တော်ဆီသို့ ပြသာနာတွေဖန်တီးရန် ဂရုမစိုက်နိုင်အားပေ။
နောက်တစ်ရက်အကြာတွင် စီရင်စုမှ စာမေးပွဲအောင်မြင်သူများ၏စာရင်းကို ထုတ်ပြန်ခဲ့ပြီး စီရင်စုစာမေးပွဲတွင် လဲ့ယ်ရှန်းကျစ်မှ ဒုတိယနေရာရခဲ့သည့် သတင်းကောင်းသည် တောင်စိမ်းရွာသို့ရောက်ရှိခဲ့သည်။
ဝင်ခွင့်အောင်မြင်သည့် စာမေးပွဲဖြေဆိုသူအနေဖြင့် လဲ့ယ်ရှန်းကျစ်သည် နှစ်စဥ်ကျင်းပသည့် ကောလိပ်စာမေးပွဲတွင် ပါဝင်နိုင်ရန်အတွက် ခရိုင်အတွင်းရှိ အကယ်ဒမီကျောင်းသို့ ဝင်ရောက်ခွင့်ရရှိလေသည်။အကယ်၍ သူသာ ကောလိပ်စာမေးပွဲ အောင်ပါက ရှူ့ချိုက်တစ်ယောက် ဖြစ်လာနိုင်သည်။လက်ရှိတွင် လဲ့ယ်ရှန်းကျစ်သည် ရှူ့ချိုက်တစ်ယောက်၏ဂုဏ်ကျက်သရေပြုခံရခြင်းမှ ခြေတစ်လှမ်းစာသာ ကွာဝေးတော့သည်။
လဲ့ယ်တာချန်နှင့် တုရှီတို့သည် အလွန်ပျော်ရွှင်နေကြပြီး နားရွက်ချိတ်မတတ် ပြုံးနေကြတော့သည်။ဆွေမျိုး မိတ်သင်္ဂဟများကလည်း လာ၍ ဂုဏ်ပြုကြသည်ကိုး။လီကျန်းကိုယ်တိုင်တောင်မှ သူတို့ကို ချီးကျူးဂုဏ်ပြုဖို့ တံခါးပေါက်ကနေ ဝင်လာခဲ့၏။လဲ့ယ်ရှန်းကျစ် ကောလိပ်စာမေးပွဲဖြေဆိုချိန်တွင် ခရီးစရိတ်အလုံအလောက်မရှိပါက ရွာသူရွာသားများမှ ကူညီမည်ဟုလည်း သူ ဆိုခဲ့သည်။
တုရှီသည် ဝေရှီရှေ့တွင် အလွန်မာန်မာနထောင်လွှားပြနေပြီး ကျေနပ်နေပုံရသည်။သူမကချည်း ဧည့်သည်တွေကို ဧည့်ခံချင်ရာ လဲ့ယ်ရှန်းကျစ်သည် သူမ၏အကြံအစည်ကို အချိန်နှင့်တပြေးညီ ပယ်ဖျက်လိုက်လေသည်။သူ အရမ်းပျော်နေပေမယ့် ဆင်ခြင်တုံတရားရှိတဲ့သူတစ်ယောက်ပေမို့ ဒီအချိန်က အပန်းဖြေဆော့ကစားဖို့ အချိန်မဟုတ်ပေ။
ချူကျုံးဝမ်၊ ပုချင်းယွမ်၊ဝမ်ရှန်းဝမ်၊ ကျိုးထျဲဟယ်နှင့် လင်းချီယွမ်တို့သည် လဲ့ယ်ရှန်းကျစ်နှင့်အတူ ဝင်ခွင့်အဆင့် အောင်မြင်သည့် ဖြေဆိုသူများ ဖြစ်လာခဲ့သည်။ချူကျုံးဝမ်နှင့် ဝမ်ရှန်းဝမ်တို့၏ရလဒ်များမှာလည်း အတော်လေး ကောင်းမွန်ခဲ့ပြီး အခြားသူများ၏အဆင့်များမှာလည်း အတော်လေး နိမ့်ကျနေသည်။
နှစ်ရက်အကြာတွင် လဲ့ယ်ရှန်းကျစ်နှင့် ချူကျုံးဝမ်၊ ပုချင်းယွမ်၊ ဝမ်ရှန်းဝမ်၊ ကျိုးထျဲဟယ်နှင့် လင်းချီယွမ်တို့သည် ကောလိပ်စာမေးပွဲအတွက် ပြင်ဆင်ရန် ချင်းယွမ်အကယ်ဒမီကျောင်းတွင် ပညာသင်ကြားရေးအတွက် ကျိုးရန်ခရိုင်သို့ သွားရောက်ခဲ့သည်။အကယ်ဒမီကျောင်းသို့ ဝင်ခွင့်ရပြီးသည့် ထိုကျောင်းသားများသည် ထိုအကယ်ဒမီကျောင်းတွင် နေထိုင်ကြရမည်။ပွဲတော်အခါကြီးရက်များမှလွဲ၍ တစ်လလျှင် တစ်ကြိမ်သာ အိမ်ပြန်ခွင့်ရလေ၏ - တစ်လတာ၏နောက်ဆုံးနှစ်ရက်သည် အားလပ်ရက်များပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လဲ့ယ်ရှန်းလီ၊ လဲ့ယ်ရှန်းကျစ်နှင့် လဲ့ယ်ချွင်းထောင်တို့သည် နာမည်ကျော်ကြားလာခဲ့သည်။လဲ့ယ်ရှန်းကျစ်သည် ရှူ့ချိုက်တစ်ယောက် ဖြစ်လာနိုင်ချေရှိသည်ကို တောင်စိမ်းရွာအနီးရှိလူများအားလုံး သိထားကြပြီး လဲ့ယ်ရှန်းကျစ်တစ်ယောက် ရှူ့ချိုက်မဖြစ်လာမီ ထိုလူသုံးဦးကို သူတို့၏မိသားစုဝင်ဖြစ်လာစေရန် မျှော်လင့်နေခဲ့ကြသည်။လဲ့ယ်ရှန်းကျစ်သာ ရှူ့ချိုက်တစ်ယောက်ဖြစ်လာသည်နှင့် လဲ့ယ်မိသားစုသည် သေချာပေါက် မည်သူ့ကိုမျှ ကြည့်စရာ မလိုတော့။
ခရိုင်မြို့လေးအတွင်းရှိ အောင်သွယ်တော်များမှာ တက်ကြွလာကြတော့၏။နေ့တိုင်းလိုလို အောင်သွယ်တော်များသည် လဲ့ယ်အိမ်ဟောင်းထံသို့ ပြေးလွှားသွားကြတော့၏။
သို့သော် ၎င်းအချင်းအရာတို့သည် ချင်မျန်နှင့် လဲယ်ထျဲတို့နှင့် မည်သို့မျှ မသက်ဆိုင်ချေ။သူတို့အနေဖြင့် ဝိုင်ခြံကြီး တည်ဆောက်ရန်သာ စိတ်ကူးပြီး အလုပ်စတင်တော့၏။
Note:
ရတနာလေးပါး: စာရေးတံ၊ စက္ကူ၊ မှင်၊ မှင်ကျောက်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Advertisement
- In Serial16 Chapters
The Academy's Poorest Student
The Reinhart Academy is the most prestigious school when it came to Swordsmanship. Elric, the poorest of the student is here, with the intention to make money by completing requests odd by his schoolmate. From helping their love, or fighting monsters, he will do everything (as long as he can do it) for the sake of money!
8 189 - In Serial27 Chapters
Sins Of The Angels
THE WAR BETWEEN HEAVEN AND HELL STARTS HEREA hard-as-nails cop... Homicide detective Alexandra Jarvis is up against a serial killer unlike any she's ever encountered. She has neither time nor patience for the arrogant new partner assigned to her in the middle of the case, but he seems hellbent on getting in her way-and under her skin-at every turn.An undercover hunter... A millennium ago, Aramael sentenced his own brother to eternal exile. Now the fallen angel is back and wreaking murderous havoc in the mortal realm, and it's up to Aramael to stop him-and to keep the stubborn human police officer out of his path.A world made to pay for the sins of the angels... With tensions flaring between them and Alex's uncanny ability to see him for who he really is, Aramael's mission and his soul are both in serious danger. Can he and Alex work together to capture the fallen one? Or will Aramael end up committing a sin more unspeakable than that of his brother?
8 113 - In Serial4 Chapters
☆Join In☆ | ChanHyunIn
"Their youngest member stood in the door frame, his mouth had fallen open in complete and utter shock and disbelief. "°°°°°°Stray Kids' leader Bang Chan and main dancer Hyunjin have been together in a 'friends with benefits' relationship for a while now. They were always careful to keep their secret hidden. But not careful enough.⚠️WARNING⚠️This book contains a threesome!!!If that makes you uncomfy DO NOT READ :)
8 72 - In Serial24 Chapters
Finding Love In Paradise || Vkook
BTS go to Hawaii for a fanmeet and 1 month vacation. Will Taehyung and Jungkook be able to confess their true feelings for eachother?
8 125 - In Serial45 Chapters
Agribusiness tycoon gets rich in the chronology
In 3080, Jiang Yingchun, Doctor of Agriculture of National Treasure, accidentally wore a book. She became the cannon fodder of the same name in the 70s. In the book, the original owner's parents died early. In order to raise her younger siblings, she was coaxed into pressing a contract with her vicious second uncle. In the end, the family ended up receiving an early lunch. Jiang Yingchun looked at the laboratory that followed him, tore up his contract, and backhanded his second uncle to the police station. The second uncle stole the chicken but failed to eclipse the rice. Want to see my joke, I will make you a joke first. If you plant super seeds, one acre will cover ten acres of land. The clothes are monotonous and not new? Design it as a fashion. Lonely mouth without snacks? The food factory is covered in minutes. The comprehensive industrial park was erected, and the partners rushed to give Jiang Yingchun money. That is, there are too many jobs and not enough people. The whole village: Let's get together! Second Uncle: The clown is myself? Later, Jiang Yingchun with the titles of'Agricultural Expert','Food King','Technology Pioneer' and so on, drove the economy of the whole village to take off, got rid of poverty and became wealthy, and became the richest man by accident. Faced with reporters vying to do interviews, Jiang Yingchun: I decided to dedicate all technology to the country free of charge.
8 152 - In Serial22 Chapters
New Roommate
COMPLETED 😌💛Jake and the boys moved back to the Traphouse and they had one more empty room. Jake asked his childhood friend Y/N to move in. She agreed and moved in right away. Colby: what's the new girls name again?(This will contain screenshots of fake convos and IG posts. This story is already posted and finished on my IG)#1 on Colbybrockfan #2 on colbybrock
8 199