《Untamed Flower( ပန်းရိုင်း)》အပိုင်း၆၇
Advertisement
တနင်္ဂနွေနေ့ မနက်ပိုင်းမို့ လင်မယားနှစ်ယောက်စလုံး အစောကြီးထမလာခဲ့ကြပေ။ မနက်စာကို တူတူစားရင်း ဝေယံက ဇနီးဖြစ်သူ ပြပွဲသွားဖို့ ဝတ်စုံတွေ တစ်ထည်ပြီးတစ်ထည် ရွေးပေးနေလေရဲ့... သူကိုယ်တိုင် လိုက်သွားရမလား မေးသဖြင့် ရွှေငယ်က အလျင်အမြန် ငြင်းလိုက်ရသည်။ သူသာ လိုက်သွားပါက မနေ့တစ်ကုမ္ပဏီလုံး ပြန့်သွားပြီဖြစ်သော သူတို့၏ဆက်ဆံရေး သတင်းမှာ တစ်ကမ္ဘာလုံးပြန့်သွားပေလိမ့်မည်။ သူမထိုကဲ့သို့တော့ အဖြစ်မခံနိုင်ပေ။
ပြပွဲက ညနေ၅နာရီမို့ အိမွန်တစ်ယောက် ပြင်ပြီးဆင်ပြီး ၁၂နာရီလောက်မှသာ တာချီလိတ်ကို ရွှေငယ်အား ကြိုဖို့ အရောက်လာခဲ့၏။ ရွှေငယ်တို့၏ အိမ်ရှေ့သို့ရောက်သော် အနက်ရောင်ကားပေါ်မှ ဆင်းလာသော ထိုထို..သူမ လုံးဝကြီးကို မတွေ့ချင်သည့် လူနှင့်ဆုံလိုက်ရပြန်သည်။
တခြားသူမဟုတ်... ရဲနိုင်ပင်ဖြစ်ကာ ရဲနိုင်သည်လည်း
သူ့သူဌေးက ကုမ္ပဏီမှ ဖိုင်တွဲတစ်ချို့ယူပြီး သူ့အားလာပေးရန် မှာကြားထားသောကြောင့်ပင်။ တွေ့သည်နှင့် ကိုက်ကြသော ထိုနှစ်ဦးမှာ ကြောင်နှင့်ကြွက်ပမာ။ အိမ်ထဲသို့ဝင်ရောက်ဖို့ အချက်ပေးဘဲလ်ကို လုနှိပ်ကြသလို ရွှေငယ်တို့လင်မယား တံခါးဖွင့်ပေးပြီး အိမ်ထဲဝင်ချိန်မှာလည်း လုဝင်ကြပြန်၏။
ရွှေငယ်နှင့်ဝေယံမှာ ထိုကြောင်နှင့်ကြွက် ပြဇာတ်ကို ကြာကြာမကြည့်နိုင်တော့ဘဲ နှစ်ဖက်စလုံး ငြိမ်ကြသွားအောင် လင်တော်မယားတော် လိုက်ကြပါလားလို့ ပြောလိုက်ရသည်။ ထိုတော့မှ နှစ်ဦးစလုံး အကြီးအကျယ် ငြင်းဆိုကာ ငြိမ်ကျသွားကြပြီး တစ်ခန်းရပ်သွားလေ၏။
......
"ငါပြောမယ်..နင်သိလား အငယ် သူကလေ လုံးဝကို ယောက်ျားကောင်း မဟုတ်ဘူး.. ကိုယ်တိုင်ပြောတော့ ရီးစားတောင် မရှိဘူးတဲ့ ဟိုနေ့က ငါ့အဖေကို ဒီမြို့ရဲ့ ဆေးရုံတစ်ရုံမှာ ဆရာဝန်လာပြတာ သူ nurseမလေး တစ်ယောက်ကို ခေါင်းပုတ်ပေးနေတာ တွေ့လိုက်တယ်..နင်တွေးကြည့်ပါလား...”
ကားမောင်းနေရင်း တောင်ပါးစပ်ကို အနားမပေးဘဲ ရဲနိုင်အကြောင်း ပြောနေသော အိမွန်ကြောင့် ရွှေငယ် နားညီးလာပြီဖြစ်၏။ သူမပြောသော nurseမမှာ ရဲနိုင်၏ ညီမလေးမှန်း ရွှေငယ် သိနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကောင်မလေးကြောင့်သာ သူမ ဝေယံပိုင်ကို ကယ်တင်နိုင်ခဲ့သည် မဟုတ်ပါလား..
"အိမွန်..နင်ပြောနေတဲ့ nurse မလေးက ရဲနိုင် ညီမလေး ရဲနိုင်က တကယ်ပဲ ရီးစားတောင် မထားဖူးသေးတဲ့ အင်နိုးစန့်လေးပါ နင့်လို ရီးစားပွေ မဟုတ်ဘူး အိမွန်မ”
ရွှေငယ်က အကြောင်းအရင်းကို ရှင်းပြလိုက်သော်လည်း အိမွန်မှာ မကျေနပ်ဟန်ဖြင့်..
"ဟဲ့ ဟဲ့ နေစမ်းပါအုံး.. နင်က ငါ့သူငယ်ချင်းနော် အခုသူများဖက် ပါနေတာလား.. ပြီးတော့ အဲ nurseမက ငါမြင်ခဲ့တာနော်.. နင်မြင်ဖူးတာ မဟုတ်ဘူး ရုပ်ကအစကိုယ်ကအဆုံး လုံးဝကို သူနဲ့ မတူတာ နင်က ဘယ်လိုဖြစ်လို့ သူ့ညီမလေးလို့ တပ်အပ်ပြောနိုင်ရတာလဲ ငါနားမလည်နိုင်ဘူး အငယ်.. ဒါမှမဟုတ် နင်ယောက်ျားယူပြီး ဂေါက်သွားတာတော့ မဟုတ်ပါဘူးနော်..”
သည်အချိန်မှာတော့ ရွှေငယ် ၏ သည်းခံနိုင်မှုနှုန်း levelမှာ 0 အထိ ရောက်သွားပြီဖြစ်၏။ ဘာတဲ့.. သူမကို လင်ယူပြီး ဂေါက်သွားတာတဲ့လား.. ဒီကောင်မတော့..
ရွှေငယ် ဒေါသဖြေဖျောက်ဖို့ မျက်စိများအား မှိတ်ချလိုက်သည်။ အနည်းငယ်လောက်ကြာတော့..
"ငါဘယ်ကသိသိပေါ့ သူကငါ့ယောက်ျားရဲ့လက်ထောက်အတွင်းရေးမှူးလေ မသိဘဲနေမလား အဲ ရဲနိုင်ဆိုတဲ့ကောင်ကို နင်ဘာလို့ အဲလောက် ဂရုစိုက်နေရတာလဲ မဟုတ်မှလွှဲနင် သူ့ကို စိတ်ဝင်စားနေတာလား..…”
"သေလိုက်ပါတော့လား သူ့ကို စိတ်ဝင်စားရအောင် ငါကအရူးမ မဟုတ်ဘူး ပြီးတော့ ငါ့ရှေ့မှာ ငါ့ယောက်ျား ငါ့ယောက်ျားဆိုပြီး လာလာပြောနေတဲ့ အငယ်က အရင်ကအငယ်နဲ့ လူစားထိုးခံလိုက်ရတာလား..ဟမ်”
အိမွန်ပြောမှသာ သူမသတိထားမိသည်။ ခုနကသူမ ငါ့ယောက်ျားဆိုပြီး သတိလက်လွှတ်ပြောဆို လိုက်မိ၏။ သူမလုံးဝကို ပြောင်းလဲသွားခဲ့တာ အမှန်ပဲလား ။ ဧကန္တ သူ့ကြောင့်လား။ ယောက်ျားတွေကို ပက်ပက်စက်စက်မုန်းခဲ့သော သူမက သူတစ်ဦးတည်းကိုသာ တွယ်ကပ်နေမိပြီ။ ဘာပဲလုပ်နေလုပ်နေ အရာအားလုံးသူ့ကိုချည်းပဲ တွေးနေမိသည်။ အစက ငလျင်လှုပ်ရင်တောင် မတုန်ခဲ့သော သူမနှလုံးသားမှာ သူ့အပြုံးတစ်ချက် စကားတစ်ခွန်းနှင့် တဒိုင်းဒိုင်းခုန်လို့နေပြီ။ သူ့ကို တကယ်ပဲ ချစ်နေမိပါပြီ။ ထိုနည်းတူပဲ သူသူမနှင့် ဝေးသွားမှာကို မလိုလားတော့။ သူ့ကို အမြဲတမ်းသူမဘေးမှာပဲ ဆွဲထားချင်နေမိသည်။
အလှအပမိန်းကလေးနှစ်ဦးမှာ ပွဲစတင်ဖို့ ဆယ်မိနစ်အလိုလောက်မှ ပြပွဲကျင်းပသည့် ဟိုတယ်သို့ ရောက်လာခဲ့ကြ၏။ ကားပါကင်တွင် ကားရပ်ပြီး နှစ်ယောက်သား ဆင်းလာခဲ့ကြရာ အိမွန်က ရုတ်တရက် ရွှေငယ့် လက်ကိုဆွဲထား လိုက်သည်။
"ဘာလဲ..”
ရွှေငယ်က နားမလည်သလို တုန့်ပြန်လျှင်
"ဟိုမှာကြည့် အလှလေး တစ်ယောက်”
"ဟမ်..ဘာဆိုင်လို့လဲ”
ရွှေငယ် အိမွန် ေမးငေါ့ပြရာ ကြည့်လျှင် တကယ်ပဲအပြစ်တင်စရာ မရှိအောင် လှတပတအလှပဂေး လေးတစ်ဦးကို တွေ့လေ၏။ အနီရောင်ဖြစ်သော သူမ အကြိုက်ဆုံးအရောင်များထဲမှ တစ်ခုနှင့် ပြုလုပ်ဖန်တီးထားသော ဝတ်စုံမှာ ထိုအလှပဂေး၏ အဖြူရောင်အသားအရည်ကို ပိုပေါ်လွင်နေစေသည်။
ပေါ်လွင်အောင် ဖော်ထားသော ညှပ်ရိူးများမှာလည်း အပြစ်ပြောစရာမရှိအောင် လှပလွန်းလှပေ၏။
သို့သော်..သို့သော် ထိုအလှပဂေးသည် တိမ်တိုက်ရွှေငယ် ၏မျက်လုံးများနှင့် လုံးဝအပ်စပ်မနေပေ။ အမာရွတ် အဆီဖုတွေကို ဖောင်ဒေးရှင်းများဖြင့် မရမကဖုံးထားပြီး ပလတ်စတစ်ဆာဂျရီ လုပ်ထားသော မျက်နှာမှန်း ရွှေငယ် ဖြတ်ခနဲ ကြည့်ရုံဖြင့် သိနေလေသည်။ သူမက ထိုအလှအပရေးရာတွင် အိမွန်ထက် စီနီယာကျသလောက် ဖြစ်နေသည်မဟုတ်လား.. အပေါ်ယံပဲ မြင်နေသည့် အိမွန်အဖို့တော့ ရွှေငယ် ဘာမှမပြောဘဲ ပြုံးသာပြုံးနေတော့၏။
Advertisement
"အငယ်..နင်သူမကို မသိဘူးလား သူကထိုင်းမြန်မာ မင်းသမီးချော ဝတီပွင့်ရုံ လေ ”
"အာ..ဟုတ်လား ”
"အင်း..ပြီးတော့သူက ငါတို့နိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဆိုလည်း မမှားဘူး”
"အင်း..”
စိတ်မဝင်စားသလို ပြန်ဖြေနေသော ရွှေငယ်ကြောင့် အိမွန် ထူးဆန်းသလိုခံစားနေရပြီး
"နင်သူမနဲ့ မတည့်လို့လား ဒါမှမဟုတ် တွေ့ဖူးကြလို့လား ငါကြည့်တာ နင်သူမကို သိပ်သဘောမကျသလိုပဲ..”
"အာ..အဲလိုပုံ ဖြစ်သွားတာလား ငါလဲသေချာမသိဘူး သူ့မျက်နှာမြင်ပြီး စိတ်ထဲ ကသိကအောက် ဖြစ်နေမိလို့ ဘာကြောင့်လဲတော့ မသိဘူး..”
"ဟင်...”
အိမွန် ဘာမှပြန်မပြောနိုင်။
တကယ်ပင် ရွှေငယ်လည်း နားမလည် ဘယ်အကြောင်းကြောင့် သူမက ထိုမိန်းကလေးကို ဘဝင်မကျ ဖြစ်နေရကြောင်း။
..........
28.11.21
တနဂၤႏြေေန႕ မနက္ပိုင္းမို႔ လင္မယားႏွစ္ေယာက္စလုံး အေစာႀကီးထမလာခဲ့ၾကေပ။ မနက္စာကို တူတူစားရင္း ေဝယံက ဇနီးျဖစ္သူ ျပပြဲသြားဖို႔ ဝတ္စုံေတြ တစ္ထည္ၿပီးတစ္ထည္ ေ႐ြးေပးေနေလရဲ႕... သူကိုယ္တိုင္ လိုက္သြားရမလား ေမးသျဖင့္ ေ႐ႊငယ္က အလ်င္အျမန္ ျငင္းလိုက္ရသည္။ သူသာ လိုက္သြားပါက မေန႕တစ္ကုမၸဏီလုံး ျပန့္သြားၿပီျဖစ္ေသာ သူတို႔၏ဆက္ဆံေရး သတင္းမွာ တစ္ကမၻာလုံးျပန့္သြားေပလိမ့္မည္။ သူမထိုကဲ့သို႔ေတာ့ အျဖစ္မခံနိုင္ေပ။
ျပပြဲက ညေန၅နာရီမို႔ အိမြန္တစ္ေယာက္ ျပင္ၿပီးဆင္ၿပီး ၁၂နာရီေလာက္မွသာ တာခ်ီလိတ္ကို ေ႐ႊငယ္အား ႀကိဳဖို႔ အေရာက္လာခဲ့၏။ ေ႐ႊငယ္တို႔၏ အိမ္ေရွ႕သို႔ေရာက္ေသာ္ အနက္ေရာင္ကားေပၚမွ ဆင္းလာေသာ ထိုထို..သူမ လုံးဝႀကီးကို မေတြ႕ခ်င္သည့္ လူႏွင့္ဆုံလိုက္ရျပန္သည္။
တျခားသူမဟုတ္... ရဲနိုင္ပင္ျဖစ္ကာ ရဲနိုင္သည္လည္း
သူ႕သူေဌးက ကုမၸဏီမွ ဖိုင္တြဲတစ္ခ်ိဳ႕ယူၿပီး သူ႕အားလာေပးရန္ မွာၾကားထားေသာေၾကာင့္ပင္။ ေတြ႕သည္ႏွင့္ ကိုက္ၾကေသာ ထိုႏွစ္ဦးမွာ ေၾကာင္ႏွင့္ႂကြက္ပမာ။ အိမ္ထဲသို႔ဝင္ေရာက္ဖို႔ အခ်က္ေပးဘဲလ္ကို လုႏွိပ္ၾကသလို ေ႐ႊငယ္တို႔လင္မယား တံခါးဖြင့္ေပးၿပီး အိမ္ထဲဝင္ခ်ိန္မွာလည္း လုဝင္ၾကျပန္၏။
ေ႐ႊငယ္ႏွင့္ေဝယံမွာ ထိုေၾကာင္ႏွင့္ႂကြက္ ျပဇာတ္ကို ၾကာၾကာမၾကည့္နိုင္ေတာ့ဘဲ ႏွစ္ဖက္စလုံး ၿငိမ္ၾကသြားေအာင္ လင္ေတာ္မယားေတာ္ လိုက္ၾကပါလားလို႔ ေျပာလိုက္ရသည္။ ထိုေတာ့မွ ႏွစ္ဦးစလုံး အႀကီးအက်ယ္ ျငင္းဆိုကာ ၿငိမ္က်သြားၾကၿပီး တစ္ခန္းရပ္သြားေလ၏။
......
"ငါေျပာမယ္..နင္သိလား အငယ္ သူကေလ လုံးဝကို ေယာက္်ားေကာင္း မဟုတ္ဘူး.. ကိုယ္တိုင္ေျပာေတာ့ ရီးစားေတာင္ မရွိဘူးတဲ့ ဟိုေန႕က ငါ့အေဖကို ဒီၿမိဳ႕ရဲ႕ ေဆး႐ုံတစ္႐ုံမွာ ဆရာဝန္လာျပတာ သူ nurseမေလး တစ္ေယာက္ကို ေခါင္းပုတ္ေပးေနတာ ေတြ႕လိုက္တယ္..နင္ေတြးၾကည့္ပါလား...
ကားေမာင္းေနရင္း ေတာင္ပါးစပ္ကို အနားမေပးဘဲ ရဲနိုင္အေၾကာင္း ေျပာေနေသာ အိမြန္ေၾကာင့္ ေ႐ႊငယ္ နားညီးလာၿပီျဖစ္၏။ သူမေျပာေသာ nurseမမွာ ရဲနိုင္၏ ညီမေလးမွန္း ေ႐ႊငယ္ သိေနသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုေကာင္မေလးေၾကာင့္သာ သူမ ေဝယံပိုင္ကို ကယ္တင္နိုင္ခဲ့သည္ မဟုတ္ပါလား..
"အိမြန္..နင္ေျပာေနတဲ့ nurse မေလးက ရဲနိုင္ ညီမေလး ရဲနိုင္က တကယ္ပဲ ရီးစားေတာင္ မထားဖူးေသးတဲ့ အင္နိုးစန့္ေလးပါ နင့္လို ရီးစားေပြ မဟုတ္ဘူး အိမြန္မ
ေ႐ႊငယ္က အေၾကာင္းအရင္းကို ရွင္းျပလိုက္ေသာ္လည္း အိမြန္မွာ မေက်နပ္ဟန္ျဖင့္..
"ဟဲ့ ဟဲ့ ေနစမ္းပါအုံး.. နင္က ငါ့သူငယ္ခ်င္းေနာ္ အခုသူမ်ားဖက္ ပါေနတာလား.. ၿပီးေတာ့ အဲ nurseမက ငါျမင္ခဲ့တာေနာ္.. နင္ျမင္ဖူးတာ မဟုတ္ဘူး ႐ုပ္ကအစကိုယ္ကအဆုံး လုံးဝကို သူနဲ႕ မတူတာ နင္က ဘယ္လိုျဖစ္လို႔ သူ႕ညီမေလးလို႔ တပ္အပ္ေျပာနိုင္ရတာလဲ ငါနားမလည္နိုင္ဘူး အငယ္.. ဒါမွမဟုတ္ နင္ေယာက္်ားယူၿပီး ေဂါက္သြားတာေတာ့ မဟုတ္ပါဘူးေနာ္..
သည္အခ်ိန္မွာေတာ့ ေ႐ႊငယ္ ၏ သည္းခံနိုင္မႈႏႈန္း levelမွာ 0 အထိ ေရာက္သြားၿပီျဖစ္၏။ ဘာတဲ့.. သူမကို လင္ယူၿပီး ေဂါက္သြားတာတဲ့လား.. ဒီေကာင္မေတာ့..
ေ႐ႊငယ္ ေဒါသေျဖေဖ်ာက္ဖို႔ မ်က္စိမ်ားအား မွိတ္ခ်လိဳက္သည္။ အနည္းငယ္ေလာက္ၾကာေတာ့..
"ငါဘယ္ကသိသိေပါ့ သူကငါ့ေယာက္်ားရဲ႕လက္ေထာက္အတြင္းေရးမႉးေလ မသိဘဲေနမလား အဲ ရဲနိုင္ဆိုတဲ့ေကာင္ကို နင္ဘာလို႔ အဲေလာက္ ဂ႐ုစိုက္ေနရတာလဲ မဟုတ္မွလႊဲနင္ သူ႕ကို စိတ္ဝင္စားေနတာလား..
"ေသလိုက္ပါေတာ့လား သူ႕ကို စိတ္ဝင္စားရေအာင္ ငါကအ႐ူးမ မဟုတ္ဘူး ၿပီးေတာ့ ငါ့ေရွ႕မွာ ငါ့ေယာက္်ား ငါ့ေယာက္်ားဆိုၿပီး လာလာေျပာေနတဲ့ အငယ္က အရင္ကအငယ္နဲ႕ လူစားထိုးခံလိုက္ရတာလား..ဟမ္
အိမြန္ေျပာမွသာ သူမသတိထားမိသည္။ ခုနကသူမ ငါ့ေယာက္်ားဆိုၿပီး သတိလက္လႊတ္ေျပာဆို လိုက္မိ၏။ သူမလုံးဝကို ေျပာင္းလဲသြားခဲ့တာ အမွန္ပဲလား ။ ဧကႏၱ သူ႕ေၾကာင့္လား။ ေယာက္်ားေတြကို ပက္ပက္စက္စက္မုန္းခဲ့ေသာ သူမက သူတစ္ဦးတည္းကိုသာ တြယ္ကပ္ေနမိၿပီ။ ဘာပဲလုပ္ေနလုပ္ေန အရာအားလုံးသူ႕ကိုခ်ည္းပဲ ေတြးေနမိသည္။ အစက ငလ်င္လႈပ္ရင္ေတာင္ မတုန္ခဲ့ေသာ သူမႏွလုံးသားမွာ သူ႕အၿပဳံးတစ္ခ်က္ စကားတစ္ခြန္းႏွင့္ တဒိုင္းဒိုင္းခုန္လို႔ေနၿပီ။ သူ႕ကို တကယ္ပဲ ခ်စ္ေနမိပါၿပီ။ ထိုနည္းတူပဲ သူသူမႏွင့္ ေဝးသြားမွာကို မလိုလားေတာ့။ သူ႕ကို အၿမဲတမ္းသူမေဘးမွာပဲ ဆြဲထားခ်င္ေနမိသည္။
Advertisement
အလွအပမိန္းကေလးႏွစ္ဦးမွာ ပြဲစတင္ဖို႔ ဆယ္မိနစ္အလိုေလာက္မွ ျပပြဲက်င္းပသည့္ ဟိုတယ္သို႔ ေရာက္လာခဲ့ၾက၏။ ကားပါကင္တြင္ ကားရပ္ၿပီး ႏွစ္ေယာက္သား ဆင္းလာခဲ့ၾကရာ အိမြန္က ႐ုတ္တရက္ ေ႐ႊငယ့္ လက္ကိုဆြဲထား လိုက္သည္။
"ဘာလဲ..
ေ႐ႊငယ္က နားမလည္သလို တုန့္ျပန္လွ်င္
"ဟိုမွာၾကည့္ အလွေလး တစ္ေယာက္
"ဟမ္..ဘာဆိုင္လို႔လဲ
ေ႐ႊငယ္ အိမြန္ ေမးငေါ့ပြရာ ၾကည့္လွ်င္ တကယ္ပဲအျပစ္တင္စရာ မရွိေအာင္ လွတပတအလွပေဂး ေလးတစ္ဦးကို ေတြ႕ေလ၏။ အနီေရာင္ျဖစ္ေသာ သူမ အႀကိဳက္ဆုံးအေရာင္မ်ားထဲမွ တစ္ခုႏွင့္ ျပဳလုပ္ဖန္တီးထားေသာ ဝတ္စုံမွာ ထိုအလွပေဂး၏ အျဖဴေရာင္အသားအရည္ကို ပိုေပၚလြင္ေနေစသည္။
ေပၚလြင္ေအာင္ ေဖာ္ထားေသာ ညွပ္ရိူးမ်ားမွာလည္း အျပစ္ေျပာစရာမရွိေအာင္ လွပလြန္းလွေပ၏။
သို႔ေသာ္..သို႔ေသာ္ ထိုအလွပေဂးသည္ တိမ္တိုက္ေ႐ႊငယ္ ၏မ်က္လုံးမ်ားႏွင့္ လုံးဝအပ္စပ္မေနေပ။ အမာ႐ြတ္ အဆီဖုေတြကို ေဖာင္ေဒးရွင္းမ်ားျဖင့္ မရမကဖုံးထားၿပီး ပလတ္စတစ္ဆာဂ်ရီ လုပ္ထားေသာ မ်က္ႏွာမွန္း ေ႐ႊငယ္ ျဖတ္ခနဲ ၾကည့္႐ုံျဖင့္ သိေနေလသည္။ သူမက ထိုအလွအပေရးရာတြင္ အိမြန္ထက္ စီနီယာက်သေလာက္ ျဖစ္ေနသည္မဟုတ္လား.. အေပၚယံပဲ ျမင္ေနသည့္ အိမြန္အဖို႔ေတာ့ ေ႐ႊငယ္ ဘာမွမေျပာဘဲ ၿပဳံးသာၿပဳံးေနေတာ့၏။
"အငယ္..နင္သူမကို မသိဘူးလား သူကထိုင္းျမန္မာ မင္းသမီးေခ်ာ ဝတီပြင့္႐ုံ ေလ
"အာ..ဟုတ္လား
"အင္း..ၿပီးေတာ့သူက ငါတို႔နိုင္ငံရဲ႕ ထိပ္တန္းမင္းသမီးေတြထဲက တစ္ေယာက္ဆိုလည္း မမွားဘူး
"အင္း..
စိတ္မဝင္စားသလို ျပန္ေျဖေနေသာ ေ႐ႊငယ္ေၾကာင့္ အိမြန္ ထူးဆန္းသလိုခံစားေနရၿပီး
"နင္သူမနဲ႕ မတည့္လို႔လား ဒါမွမဟုတ္ ေတြ႕ဖူးၾကလို႔လား ငါၾကည့္တာ နင္သူမကို သိပ္သေဘာမက်သလိုပဲ..
"အာ..အဲလိုပုံ ျဖစ္သြားတာလား ငါလဲေသခ်ာမသိဘူး သူ႕မ်က္ႏွာျမင္ၿပီး စိတ္ထဲ ကသိကေအာက္ ျဖစ္ေနမိလို႔ ဘာေၾကာင့္လဲေတာ့ မသိဘူး..
"ဟင္...
အိမြန္ ဘာမွျပန္မေျပာနိုင္။
တကယ္ပင္ ေ႐ႊငယ္လည္း နားမလည္ ဘယ္အေၾကာင္းေၾကာင့္ သူမက ထိုမိန္းကေလးကို ဘဝင္မက် ျဖစ္ေနရေၾကာင္း။
..........
28.11.21
Advertisement
- In Serial68 Chapters
I'm falling for my Fiancé - (BOOK 1)
Avalana Skylar Valerie is a sweet carrying girl with a good grade and a great sport skills. She's the Daughter of Karl Valerie the CEO of Valerie and co. She is a broken girl inside who's hoping for a perfect Family but always got nothing from her family none other than money.Apollo Arthur Hamilton, Straight A student, Arrogant, Careless, Cold and a The school's football captain. Every girl's crush and the only son of Philip Hamilton one of the Most Popular Billionaire in the US who's the CEO of Hamilton Land. Nobody ever knocked his heart, Girls are dying to date him but can only dreaming.Both of them are forced to be Married with each other because of a single promise that both of their parents made, there's no option other than saying yes and agreed to the Arrangement.They act like they don't know each other at all in school, spending a lot of time inside the house. Keeping the arrangement as a secret until they finally fall for each other and steal a moment between the curtain fall.Will they ended as a marriage couple or will they call it off?
8 207 - In Serial29 Chapters
HIGH //Abhishek Sharma Fanfiction//
"He's gone and I gotta stay high, all the time, to keep him off my mind." >**"She's the kind of high, only a deep soul can get attached to." >
8 211 - In Serial8 Chapters
My best friends younger brother
EDITED "It was always a comfort, it showed silence and hidden warmth, I've always loved silence... it showed me that I can rest without being scared"
8 189 - In Serial15 Chapters
Marriage and Politics
Sasuke has been brought back and Orochimaru is dead. Naruto is broken, yet perseveres. Arranged marriages. Will Naruto find happiness or will he wallow in depression. Naruto x Temari
8 186 - In Serial24 Chapters
His Precious Mate.
{BOOK ONE OF THE WEREWOLF SERIES}Dayanara Arabella Cordero is the daughter of the Alpha and Luna of the Blood Moon Pack. Her parents were murdered and soon, her pack followed. She moved in with her aunt but she passed, leaving her with her abusive step uncle. What happens when she finds her mate? Who happens to be the Alpha of the strongest pack in the country. More importantly, what happens when he finds out about her step uncle?Started: 23-11-2017Finished: 31-12-2017
8 263 - In Serial37 Chapters
Balance(Bakugo x fem! Avatar reader)
The Avatar has vanished from the history of the world.When a girl enters the world containing the powers of this legend.She will be sent out to "fix the world"But no one can do it all on their own.When the responsibility of the world's balance falls on one's shoulders,One tends to forget to maintain the balance within.When she meets another imbalanced individual...They will bring balance to each other.************Started: Jun 9, 2019Ended: (DISCLAIMER: These events will not be 100% accurate. So don't come at me please.)j
8 198

