《Untamed Flower( ပန်းရိုင်း)》အပိုင်း၆၆
Advertisement
ေရွှငယ့် စကားကြောင့် ဝေယံပိုင် ထိုစားပွဲပေါ်တွင် ထောင်ထားသော ဓာတ်ပုံကို အမြန်သိမ်းယူရန် လက်လှမ်းလိုက်သည်။ သို့သော် နောက်ကျသွားလေပြီ။ ရွှေငယ်က မှန်ထောင်ဓာတ်ပုံလေးကို အရင်ဦးစွာ ယူလိုက်နိုင်ပြီဖြစ်၏။
"ကိုယ့်ကို..ပြန်ပေးပါ..ငယ်..ကိုယ်ရှင်းပြပါ့မယ်..”
ရွှေငယ်က အနိုင်ရသည့် မျက်နှာနှင့်..
"အခုမှ ရှင်ကရှင်းပြမယ် လုပ်နေသေးတာလား..နောက်ကျသွားပြီ”
"အာ..ငယ်ကိုယ့်ကို ပြန်ပေးပါကွာ..ကိုယ့်မှာ အဲတစ်ပုံတည်းပဲ ရှိလို့ပါနော်..နော်”
သူမက ဓာတ်ပုံကို ကျောဘက်တွင် ဖွက်ထား၍ ဝေယံက သူမဆီမှ ဓာတ်ပုံယူဖို့ တစ်လှမ်းချင်း နီးကပ်စွာလျှောက်လာသည်ကို သတိမထားမိပေ။ ကျောနှင့် မှန်နံရံကြီး ကပ်သွားတော့မှ လွတ်လမ်းမရှိတော့မှန်းသိကာ အမြန်ရှောင်ထွက်ဖို့ ကြိုးစားပေမယ့် လွတ်လမ်းမရှိတော့။ အနှီအရပ်ထောင်ထောင်မောင်းမောင်း ယောက်ျားကြီးက သူမကို အုပ်မိုးထားလေပြီ။
"ပြန်ပေးမှာလား..မပေးဘူးလား..”
"မပေးဘူး..!”
လွတ်လမ်းပိတ်ဆို့ ခြင်းခံနေရတာတောင် သူမက ခေါင်းမာနေမိတုန်း။
"ပြန်မပေးရင် ကိုယ်နမ်းမှာနော်....”
".......”
ပြောစရာ စကားမဲ့။
"ပေးမှာလား..မပေးဘူးလား..ဟမ်..ငယ်”
သူက စိတ်မရှည် တော့သလို ပုံစံနှင့် သူမ နှုတ်ခမ်းဆီ တိုးကပ်လာလျှင် သူမက လက်တစ်ဖက်ဖြင့် နှုတ်ခမ်းကို အမြန်ပိတ်ကာ...
"ကျွန်မ ပြန်ပေးရင် ရှင်ကျွန်မကို ဘာလုပ်ပေးမှာလဲ”
သူမထိုသို့ ပြောလာလျှင် ဝေယံတွေဝေသွား၏။ သူမက လုံးဝလုံးဝ သူ့ကုမ္ပဏီဆီကို မသွားနိုင်ဘူးလို့ မနက်ကမှ သေသေချာချာကြီး ပြောခဲ့သော်လည်း အခုသူ့ကုမ္ပဏီဆီကို ရောက်လာခဲ့သည်သာမက သူ့ကိုပါ နေ့လည်စာ ယူလာပေးနေသည်။ သူမတစ်ခုခုကို ပူဆာတော့မလို့လား.. တစ်ခုခုတော့ ဖြစ်ရမယ်ဟု သူတွေးမိနေသော်လည်း သူမလေးအတွက်ဆို သူမလေးဖြစ်ချင်တာဆို သူဘယ်တော့မှ ကန့်ကွက်မည်မဟုတ်။ ဒါပေမယ့်လည်း သူဂျယ်လီနင်ရမည့် အရာမျိုးတော့ လုံးဝကို ကန့်ကွက်မည်ဖြစ်ကာ..
"အမ်...အရမ်းကြီးခက်တာ မျိုးတော့ ကိုယ်မလုပ်ပေးနိုင်ဘူး..ငယ်က ဘာရချင်လဲဟင် လာကတည်းက ပိုပြနေတာ...”
ရွှေငယ်တစ်ယောက် သူရိပ်မိလိမ့်မည်ဟု ဘယ်တော့မှ မထင်ခဲ့ပေ။ သို့သော် ဆရာကြီးက သူမမပြောခင်တောင် သိနေလေရဲ့.. မပြောလည်း မထူးတော့သည်မို့..
"ကျွန်မအတွက် အရမ်းခက်ပေမယ့် ရှင်ကအာဏာကြိီးတဲ့လူ ဆိုတော့ ခက်မှာမဟုတ်ပါဘူး...”
သူမထိုသို့ပြောလာလျှင် သူကစိတ်ဝင်တစားနှင့်
"ဟမ်...ဘာများလဲ ငယ်အဲလိုကြီးပြောတော့ ကိုယ်တောင် ရင်ခုန်လို့လာပြီ..”
သူက ရင်ဘတ်ကို လက်ဖြင့်သပ်ရင်း ပြောသဖြင့် ရွှေငယ်လည်း မပြုံးဘဲ မနေနိုင်တော့ပေ။ သူမပြပွဲကို သွားရဖို့ ငါးဆယ်ရာခိုင်နှုန်းလောက် သေချာနေပြီ။
"အော်..ကျွန်မ ပြပွဲတစ်ခုကို သွားချင်နေလို့.. ဒါပေမယ့် အဲဒီပြပွဲသွားရဖို့ လက်မှတ်တွေက ရောင်းကုန်သွားပြီတဲ့ ဘယ်မှာမှ ထပ်ဝယ်လို့မရတော့ဘူး.. ကျွန်မကို ရှင်ကူညီပေးလို့ရမလားဟင်.. ကျွန်မရှင့်ကို ဒီပုံပြန်ပေးမယ်....”
"ဒါဆို ကိုယ့်ဆိီကို ထမင်းလာပို့တာလည်း ဒီကိစ္စကြောင့်ပေါ့..ဟုတ်လား မရွှေငယ်...”
သူမကို မရွှေငယ်လို့ ခေါ်တော့ ဘာပြန်ပြောရမလဲမသိ။ ဒါက လက်ခံတာလား..ငြင်းလိုက်တာလား...
"အာ..အင်း.. ကူညီပါနော်..နော်လို့”
သူမက ကလေးလို သူ၏ရှပ်အင်္ကျီ လက်မောင်းကို ဆွဲကာ ပြောလာလျှင်
"ဘာပြပွဲလဲ..”
ဟုတ်သည်။ သူဘာပြပွဲမှန်း မသိသေးဘဲနဲ့တော့ လက်မခံနိုင်။
"ကျွန်မရဲ့ အိုင်ဒေါ ”
"ဘာ!!”
သူတကယ်ကြီး ဂျယ်လီနင်ရတော့မှာလား.. သူမက သူမရဲ့ အိုင်ဒေါကို တွေ့ရဖို့အတွက်နဲ့ သူ့ကို ထမင်းလာပို့တာပေါ့.. ဒါက သူ့ကို အသုံးချတာနှင့် တူလို့နေပြီ...
"ဘယ်သူလဲ..ဘယ်ကကောင်လဲ...ဘာပြပွဲလုပ်မလို့လဲ.ငယ်ပြောတော့ ယောက်ျားတွေကို မုန်းတယ်ဆို..ဘာလို့အခု အိုင်ဒေါတောင် ရှိနေပြီလဲ.. ဟမ်..”
"အိုင်ဒေါဆိုတာတော့ ကျွန်မသိတယ်..ဒါပေမယ့် သူက မိန်းကလေးလား ယောက်ျားလေးဆိုတာတော့ ကျွန်မမသိဘူး..အာ..ဒါကိုဘာလို့ သူ့ကို ကောင် လို့ သုံးနှုန်းခေါ်ရတာလဲ ”
အော်..ဒီကလေးမက ကျားလား မလားတောင် မသိတဲ့လူကို အိုင်ဒေါ သွားတော်ထားတာပေါ့လေ..
"အင်း..အင်း..ဟုတ်ပြီ..ကိုယ် ကောင် လို့မခေါ်တော့ဘူး..အဲဒီလူပေါ့..အင်း..အဲဒီလူ ကဘယ်သူလဲ ကိုယ်မေးတာကို အရင်ဖြေအုံးလေ..ဒါမှ ငယ်တောင်းဆိုတာကို လက်ခံသင့် လက်မခံသင့် ဆုံးဖြတ်လို့ရမှာပေါ့....”
သူက လက်ခံ လက်မခံကို မရေရာသေးသဖြင့် သူမက မျက်နှာဆူပုတ် ပြလေတော့၏။ ပြီးတော့မှ
"သူက ပန်းချီဆရာ... နာမည်က မသိဘူး.. အားလုံးကလည်း သူ့ကို anonymous လို့ပဲခေါ်တယ် မနက်ဖြန်သူ့ ပန်းချီပြပွဲကို ဒီတာချီလိတ်မှာပဲ ပြုလုပ်မှာတဲ့ အိမွန်က မနက်ကမှ ဖုန်းဆက်ပြောလာတာ.. ကျွန်မ ပြပွဲလက်မှတ််ဝယ်လို့ မမှီတော့ဘူး ကျွန်မကျောင်းတက် ကတည်းက သူက ကျွန်မရဲ့ တစ်ဦးတည်းသော စံပြပဲ သူ့ဆွဲတဲ့ ပန်းချီတွေကို မြင်တိုင်း ကျွန်မ ထခုန်ချင်တဲ့အထိ ကျွန်မကြိုက်ခဲ့တာ ကျွန်မဝမ်းနည်းတိုင်းလည်း သူ့ပန်ချီကားတွေမြင်တိုင်း အလိုလို ပြုံးလာတတ်တယ်.. ပြီးတော့သူက နှစ်နှစ်လောက် အရိပ်အယောင်တောင် မပြပဲ ပျောက်သွားတာ.. ကျွန်မက မနက်ဖြန်တစ်ရက်လေးပဲ သူနဲ့တွေ့ဖို့ အခွင့်အရေးကြီးကို လက်မလွှတ်ချင်ဘူး ရှင်ကူညီပေးနော်..နော်လို့..”
Advertisement
"........”
အား..ဘယ်လို..ဘယ်လို..သူအိပ်မက်မက်နေတာလား..ဝေယံပိုင် မယုံနိုင်ပေ။ သူမပြောဆိုသမျှ ရှင်းပြသမျှသော စကားတွဲရှည်ကြီးကို မှင်သက်ရင်းသာ နားထောင်နေမိပြီး စကားတစ်ခွန်းလေးတောင် ပြောမထွက်တော့ပေ။
သူမပြောသော ထိုထို anonymous ပန်းချီဆရာမှာ တစ်ခြားသူမဟုတ်။ ဝေယံပိုင်ပင်။ ဝေယံ ဘန်ကောက်မြို့တွင် ပညာသင်ယူနေချိန် မိသားစုစီးပွားရေးထဲတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရသေးချိန် ဝေယံစိတ်ပါကိုယ်နှစ် ပြုလုပ်ခဲ့သော အလုပ်မှာတော့ ပုံဆွဲခြင်း... အဖေနှင့် အဘွားဆီမှ ငွေတွေနှင့်အားကိုးပြီး ကျောင်းမတက်ချင်သောသူက ပုံဆွဲပြီး ရောင်းရသော ငွေနှင့် ဘဝတက်လမ်းကို အကောင်အထည် ဖော်ခဲ့သည်။
သို့သော် ထိုအလုပ်ကို သူတမ်းတမ်းစွဲဖြစ်နေသော်လည်း ဖခင်၏ ရုတ်တရက် ဆုံးပါးသွားမှုကြောင့် လက်လွှတ်ခဲ့ရသည်။ နှစ်နှစ်သာ ကာလအတွင်း ကောင်မလေးတစ်ယောက်၏ ပုံတူပန်းချီကို ဆွဲယူခြင်းမှလွဲ၍ သူထိုအလုပ်ကို လျစ်လျူရှု နေခဲ့၏။
သူမလေးပြောသော မနက်ဖြန်ပြပွဲမှာ သူစီစဥ်တာမဟုတ်ပေ။ ဖြစ်နိုင်တာက သူ၏ ဘန်ကောက်မြို့က ဆရာသမားတစ်ဦးဦး စီစဥ်တာဖြစ်လိမ့်မည်။ လွန်ခဲ့သော နှစ်နှစ်ခန့် သူထိုအလုပ်ကို မစွန့်လွှတ်မီ သူဆွဲထားသမျှသော ပန်းချီကားများကိုသူ့ဆရာသမားဆီအား ကြိုက်သလိုလုပ်ဆိုပြီး အပ်ထားခဲ့ခြင်းဖြစ်၏။ အရင်ပတ်က သူမဖြေလိုက်မိသော သူ့ဆရာဖုန်းမှာလည်း ထိုကိစ္စအတွက် အကြောင်းကြားခြင်းဖြစ်လိမ့်မည်။
ဘယ်လိုပဲဖြစ်ဖြစ် သူသေမတတ်ကို ပျော်ရွင်ရသည် မဟုတ်လား... သူသေမတတ်ချစ်ရပါသော သူ၏ဇနီးလေးမှာ ကျောင်းတက်နေစဥ်ကတည်းက သူ့ကိုစံပြအိုင်ဒေါအဖြစ် သတ်မှတ်ထားခဲ့သည်တဲ့.. ဒါက ဘယ်လိုကံကောင်းမှူမျိုးကြိီးလဲ....
ရွှေငယ်တစ်ယောက် သူမအမေးကို ပြန်မဖြေဘဲ သူမကိုသာ တွေဝေစွာကြည့်နေသော သူကြောင့် စိတ်မရှည်နိုင်တော့။ သူမကို အုပ်မိုးထားသော သူကို နောက်သို့ နည်းနည်းတွန်းလိုက်ပြီး..
"ဘာသဘောလဲ.. အဲဒီမျက်နှာထားက ကူညီမှာလား..မကူညီဘူးလား...”
"ဟင်..ဟမ်...သဘောတူတယ်..သဘောတူတယ်...ကူညီကို ကူညီမယ် ငယ်က ကိုယ့်ရဲ့ ဇနီးလေးပဲ...”
ရွှေငယ် သူသဘောတူကြောင်း သိရ၍ အပျော်လွန်ပြီး သူ့ကို သူမဆီ ပြန်ဆွဲလိုက်မိကာ သူ့ပုခုံးကို လက်နှစ်ဖက်ဖြင့်ချိတ်ပြီး ဖက်လိုက်မိသည်။ ဝေယံကလည်း ရုတ်တရက်ဆိုတော့ ဘာပြောရမှန်းမသိ။ ရွှေငယ် သတိထားမိချိန်မှာတော့ အလျင်အမြန်ပြန်ဆုတ်လိုက်မိသည်။ သို့သော် သူမကျောက မှန်နံရံနှင့် ပိတ်ကာခြင်း ခံရပြန်၏။
"ဘာလဲ...အပျော်လွန်လို့လား ဒါမှမဟုတ်...”
ပြောရင်း သူမနှုတ်ခမ်းတွေကို ဝေယံ သိမ်းပိုက်လိုက်၏။ သူမက ကြောင်အမ်းနေတုန်းမို့ တွန်းမထုတ်နိုင်ခဲ့။ အချိန်အတော်ကြာ သူမနှုတ်ခမ်းတွေကို ဖိကပ်ထားသော ထိုလူကြောင့် သူမအသက်ရှူနှုန်းပါ မြန်လာသည်။ ပျားရေဆမ်း ခရီးကပြန်လာကတည်း သူမကို လွတ်ထားပေးသော ထိုလူမှာ အခုကျမှ ထူးထူးဆန်းဆန်း စိတ်ထဖောက် လာပြန်၏။ ဘာကြောင့်လဲ..wae? wae?
"ချပ်..!”
ဖိုင်တွဲ ပြုတ်ကျသံနှင့်အတူ ဝေယံရော ရွှေငယ် ရော အမြန်အချင်းချင်း နမ်းရှိုက်နေသည်ကို ရပ်ကာ လှည့်ကြည့်တော့ မျက်လုံးမျက်ဆံပြူးပြီး သူတို့ကို ငေးနေသည့် ရဲနိုင်...။
ရဲနိုင် သူအချိန်မှားပြီး လာတာကို ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။သူထင်ထားတာက နှစ်ယောက်စလုံး ထမင်းစားပြီး ရိုးရိုးသားသား စကားပြောနေကြမည်လို့.. ထို့ကြောင့် သူ့အကျင့်အတိုင်း တံခါးမခေါက်ဘဲ ဝင်လာခဲ့ခြင်းဖြစ်၏။ အပေါ်ဆုံးထပ်ကို သူနှင့် သူ့သူဌေး မိသားစုမှ လွှဲလျှင် အဘယ်ဝန်ထမ်းမှ တက်ရောက်ခြင်းမပြု ကန့်ကွက်ထားသောကြောင့် တံခါးမခေါက်သည့် အကျင့်က ပါလို့နေပြီ။
"ဟမ်..မင်းဘယ်ကတည်းက ရောက်နေတာလဲ...”
ဝေယံက ခပ်တည်တည်နှင့် ပြန်မေးလိုက်နိုင်သော်လည်း ရွှေငယ့်ခမျာ လင်နောက်လိုက်ပြေးပြီး ရှက်ကြောက်နေသကဲ့သို့ ဝေယံ့ကျောနောက်တွင် ပုန်းနေမိ၏။
သူ့သူဌေး အမေးကြောင့် ရဲနိုင်ချက်ချင်းပင် သတိပြန်လည်လာပြီး..
"အော်..ဟုတ်..ဟုတ်..ကျွန်တော်က ဆရာအတွက် နေ့လည်စာ သွားဝယ်ရအုံးမလားလို့ လာ..လာမေးမလို့ပါ...”
ပြောရင်းပင် သူချွေးတွေ ထွက်လို့လာနေပြီ။
"ဝယ်လာခဲ့ ပြီးတော့ နောက်ဆိုဝင်လာရင် တံခါးအရင်ခေါက်”
ဝေယံက အောင်နိုင်သူအပြုံးပြုံးကာ သူ့နောက်ဘက်တွင် ပုန်းနေသော ဇနီးအားမေးငေါ့ပြပြီး ပြောလိုက်သည်။
"ရှင်က ကျွန်မထမင်းယူလာပေးတာကို မစားပဲ ဝယ်စားအုံးမလို့လား...”
မထင်မှတ်ထားသော သူမမေးခွန်းကြောင့် ဝေယံ အပြုံးပြတ်တောက်သွားသည်။ သူမဆီ မျက်နှာလှည့်လာပြီး..
"ကိုယ်က အဲထမင်းတွေစားမှာတော့ ဟုတ်တယ် ဒါပေမယ့် ငယ်က နေ့လည်စာ မစားတော့ဘူးလား..”
"အာ..ဟုတ်သားပဲ ကျွန်မမေ့နေတာ..သွားဝယ်စရာ မလိုပါဘူး.. အောက်က ကန်တင်းမှာ ကျွေးတဲ့ ဝန်ထမ်းထမင်းဘဲ ကျွန်မစားလိုက်မယ်လေ...”
"မစားရဘူး..”
ဝေယံက ခပ်ပြတ်ပြတ် ငြင်းလိုက်လျှင်
"ကျွန်မ ခုနတုန်းကြည့်ရတာ စားကောင်းမဲ့ပုံပါပဲ ရှင်က တခြားလူကို အပင်ပန်းခံပြီး သွားဝယ်ခိုင်းအုံးမလို့လား..ကျွန်မမစားဘူးနော် အဲလိုဆို..”
သူမက လက်ပိုက်ပြီး သူ့အဆိုကို ငြင်းလိုက်ပြန်၏။
"ဟိုး...ကိုယ့်ရဲ့ ငယ်လေးက သူများ ပင်ပန်းမှာကို တွေးပေးတတ်သေးတာလား.. ကိုယ်က ဘာလို့မသိရတာလဲဟမ်...”
ခုနကမှ ချစ်ကြိုက်နမ်းရှိုက်ပြပြီး အခုမှလာငြင်းခုံပြနေသော စုံတွဲကို ရဲနိုင် သည်းမခံနိုင်တော့။
"ဆရာ..ဆရာကတော် သွားဝယ်ရမလား မဝယ်ဘူးလား..”
"ဝယ်ခဲ့”
"မဝယ်နဲ့”
.............
မြေညီထပ် ကန်တင်းတွင် ထူးထူးခြားခြား ထမင်းဟင်းလာယူနေသော ဥက္ကဌ အတွင်းရေးမှူး ရဲနိုင်ကို ကြည့်ပြီး စားဖိုမှူးက မေးမြန်းချင်စိတ်ကို သည်းမခံနိုင်ဘဲ မေးလိုက်သည်။
Advertisement
"သူဌေးက ဒီအစာတွေ စားမှာ သေချာရဲ့လား...”
ထိုအချိန်တွင် ဟင်းခူးခပ်နေသော ရဲနိုင်က စားဖိုမှုးနားဆီ တိုးပြီး
"သူဌေးကတော်ကို မနိုင်လို့လေ.. မယားကြောက် မယားကြောက်”
"ဟား..ဟား..”
ပြိုင်တူ ရယ်မောလိုက်ကြပြီး စားဖိုမှူးက ရဲနိုင်ကို သေချာကြည့်ကာ
"မင်းလည်း စောင့်ကြည့်နေလိုက် သူဌေးနောက်တကောက်ကောက် လိုက်နေရလို့ မိန်းမယူတဲ့အချိန်ကျ သူဌေးလို ဖြစ်သွားမယ်...”
သို့သော် ရဲနိုင်က ပြန်ပြုံးပြီး
"မဖြစ်နိုင်ပါဘူး.. ကျွန်တော်က ရီးစားတောင် မရှိသေးတာ...”
သို့သော် ဇာတ်ရေးသူကပဲ သိတဲ့ အချက်တစ်ချက်ကို ရဲနိုင်မသိလိုက်နိုင်ပေ။ သူ့ရဲ့ ဖူးစာရှင်က သူ့ဘဝထဲကို ဝင်ရောက်နေပြီးပြီဆိုတာ....
အချစ်က အချိန်မရွေး နေရာမရွေး ဖြစ်ပေါ်တတ်တယ်တဲ့...ဒါသိပ်ကို မှန်တယ်...
.............
24.11.21
"မပေးဘူး..!
".......
ပြောစရာ စကားမဲ့။
"ကျွန်မအတွက် အရမ်းခက်ပေမယ့် ရှငျကအာဏာကွီးတဲ့လူ ဆိုတော့ ခက်မှာမဟုတ်ပါဘူး...
"ဒါဆို ကိုယျ့ဆီကို ထမင်းလာပို့တာလည်း ဒီကိစ္စကြောင့်ပေါ့..ဟုတ်လား မရွှေငယ်...
"ဘာပြပွဲလဲ..
"ကျွန်မရဲ့ အိုင်ဒေါ
"ဘာ!!
"သူက ပန်းချီဆရာ... နာမည်က မသိဘူး.. အားလုံးကလည်း သူ့ကို anonymous လို့ပဲခေါ်တယ် မနက်ဖြန်သူ့ ပန်းချီပြပွဲကို ဒီတာချီလိတ်မှာပဲ ပြုလုပ်မှာတဲ့ အိမွန်က မနက်ကမှ ဖုန်းဆက်ပြောလာတာ.. ကျွန်မ ပြပွဲလက်မှတ်ဝယ်လို့ မမှီတော့ဘူး ကျွန်မကျောင်းတက် ကတည်းက သူက ကျွန်မရဲ့ တစ်ဦးတည်းသော စံပြပဲ သူ့ဆွဲတဲ့ ပန်းချီတွေကို မြင်တိုင်း ကျွန်မ ထခုန်ချင်တဲ့အထိ ကျွန်မကြိုက်ခဲ့တာ ကျွန်မဝမ်းနည်းတိုင်းလည်း သူ့ပန်ချီကားတွေမြင်တိုင်း အလိုလို ပြုံးလာတတ်တယ်.. ပြီးတော့သူက နှစ်နှစ်လောက် အရိပ်အယောင်တောင် မပြပဲ ပျောက်သွားတာ.. ကျွန်မက မနက်ဖြန်တစ်ရက်လေးပဲ သူနဲ့တွေ့ဖို့ အခွင့်အရေးကြီးကို လက်မလွှတ်ချင်ဘူး ရှင်ကူညီပေးနော်..နော်လို့..
"........
"ချပ်..!
"မစားရဘူး..
"ဝယ်ခဲ့
"မဝယ်နဲ့
.............
"ဟား..ဟား..
.............
24.11.21
Advertisement
- In Serial28 Chapters
Price of admission
It hasn't been long since the summer festival yet everything appears to be the same as they were between Nishikata and Takagi. Looks however, can be somewhat deceiving. Maybe a little not so friendly competition between him and some friends can help him realize what his confusing feelings actually mean.(Takes place after season 2 of the anime)
8 97 - In Serial9 Chapters
Broadway Blue
A costume designer named Blue has been working on Broadway for years, but this show is the first one that has the magic to really make an impact on the theater world forever. The creator of the show is a smooth flirt that fills her with an unexpected passion and changes her life forever, both professionally and privately. As she embarks on this creative journey with him, she never would have expected where it would lead her. (Very loosely inspired by the production company of Hamilton on Broadway - all characters are original!)
8 70 - In Serial13 Chapters
Falling in love. NamjoonXreaders
BTS is a famous group Y/n is best friends with Jhope and they have been friends for 5 years . Y/n meets the rest of BTS She will meet so many new friends and meet her first love.Im sorry if this is bad I am not a good writer but i love writing this is my first FF enjoy
8 167 - In Serial47 Chapters
UNSEEN: Undone Realms Book 1
2014 WATTY WINNER!! (Collector's Dream Award for being one of the most want-to-read stories of 2014!). A Wattpad Featured story, and a Summer 2015 #WattpadBlockParty featured book! Undone Realms series: bk. 1Out of countless realms in the multiverse, Clara is trapped in one that won't let her breathe. Her life consists of a hotel in a tiny pocket universe overlapping our own. Population: one. She doesn't know how she came to be there, how she can exist without breathing, or why she can see into the breathing world, but no one can see into hers. Nolan doesn't know any more about parallel worlds or pocket universes than Clara does. Running away from his abusive father, he finds work at the hotel. Depressed, Nolan wants to disappear as much as Clara wishes to be seen. There is little hope that they'll share anything beyond a palpable loneliness until the morning the barrier separating their planes of existence is breached and for the first time, Clara's unseen world is made visible. As Nolan is slowly drawn into Clara's breathless reality, he must decide whether the love of one person is worth crossing into a world that may never let him back into his own.
8 114 - In Serial39 Chapters
Boundless
She - A Woman of background, culture and color. A woman who carries pride in her strides, and triumph on her shoulders. A set of thick lips of velvet , thighs of steel, eyes of molten honey, and skin smooth like butter, and roasted to a sensuous melanin complexion. He - A Man of proudness and honor. An anti-traditionalist, stripped of the ideas that were called righteous. Taboo marks his name, in blood his own blood that he cannot wash. His skin pale as the moon and rosy like petals of the spring, the spring that only SHE, can bring him to. He who finds great euphoria and bliss at the sight of SHE, who captures his bare eyes and stolen his manhood.RANKING:#5 in tradition - 2/20/19#4 in Korean Men - 3/18/19, 11/10/19#2 in No Boundaries- 4/25/19, 11/10/19#3 in Korean Men - 4/25/19, 10/30/19#2 in Asian - 4/29/19, 11/19/19#1 in Korean- 4/30/19, 5/8/19#2 in Korean- 5/6/19, 5/10/19, 5/15/19#3 in Korean- 5/11/19#1 in Korean men - 9/26/19, 11/25/19#1 in no boundaries- 9/26/19, 10/30/19, 11/25/19#1 in Asian - 11/18/19#2 in BrianKang - 11/25/19#3 in Asian - 11/25/19#1 in BrianKang - 11/27/19, 1/31/20#5 in undescribable - 1/27/20#2 in ambw - 5/20/20
8 235 - In Serial39 Chapters
Tum Mile - A Sanam Puri Fanfic
"Death can not add full stop to some Love Stories. Some bonds are beyond the boundaries of birth & death."Meet 'Sanam Puri' the heartthrob and a popular singer from the indie-pop boy band SANAM, who was the most happy nd fun loving guy. He didn't have any complaint to god regarding his life. He believed his life was perfect including Music & with His Girl Khushi.But an accident suddenly brought a twist in his life. The love of his life was gone away from him. He became devastated. ------ "She is a flower beautiful & bright,Delights others, cries alone at night.."Is all you can say about the female protagonist Arpita Arora. A psychologist by profession, she is just the way a guy would admire a girl yet unique in her own way. There's an untold story hidden behind her beautiful smile.Destiny played an alluring game, made these two completely different yet similar souls meet. Arpita who was trying to bring back the lost version of Sanam, finds her missing happiness. Whereas Sanam discovers an enigmatic personality of hers. Both unknowingly mends each others broken hearts.What will happen in this beautiful journey when these two pure souls will fall in love? What will happen when Arpita's past will return back in her life? Will her relation with Sanam break or will this unnamed bond among them will bind them together and forever?The story of finding True Love again...Tum Mile..The story of finding True Love again...Tum Mile..#1 in #sanam nd #sanampuri on 5/08/18#2 in #sanam on 10/05/18
8 204