《Untamed Flower( ပန်းရိုင်း)》အပိုင်း၆၄
Advertisement
စပီကာ ဖွင်ထားသည်မို့ ဖုန်းထဲမှ ထွက်လာသောအသံကို ဧည့်ကြိုမလေးအပါအဝင် အနီးအနား ဆယ်ပေဝန်းကျင်ခန့်က ဝန်ထမ်းများလည်း အထင်းသားကြီး ကြားနေရသည်။
တကယ့်ကို သူတို့ ဥက္ကဌကြီး၏ အသံပင်..
ကိုလို့ ခေါ်နေတာ သူမက ဘယ်သူလဲ?
လာနေကျ ဥက္ကဌ ညီမလေး လည်းမဟုတ်ပေ။ ဥက္ကဌ ၏ညီမလေးသာဆို သူတို့အရေးတယူ မှတ်မိနေသည့်အပြင် လာလာချင်းပင် နှုတ်ဆက်ကြိုဆို ကြပေအုံးမည်။
ဒီမိန်းမက တကယ်ပဲ ဘယ်သူများလဲ.. ဧကန္တ ဥက္ကဌရဲ့ ချစ်သူရည်းစားတော့ မဟူတ်ပါဘူးနော်.. ဥက္ကဌ က သူမကို ငယ် လို့ခေါ်နေသဖြင့်လည်း သူတို့အထင်က မလွှဲနိုင်ပေ။ သို့သော် ဥက္ကဌက မိန်းကလေးတွေကို ဝေးဝေးရှောင်သည့်အပြင် ဘယ်အကျော်အမော်အလှပဂေး နှင့်တောင်မှ သတင်းမထွက်ဖူး...။ ဒီလို စုတ်စုတ်ပြတ်ပြတ်ဝတ်ထားသော မိန်းမမျိုးကဆို ပိုဝေးလာဝေးပေါ့...
အတွေးကိုယ်စီ နှင့် ချာချာလည်ကြောင်အမ်းနေကြတုန်းပင် "တင်” ခနဲ အသံနှင့်အတူ ceo တစ်ဦးတည်းအတွက်သာ သုံးဖို့ ထားထားသည့် ဓာတ်လှေကား မြေညီထပ်သို့ ဆိုက်ရောက်ကြောင်း အချက်ပေးသံနှင့်အတူ တံခါးပွင့်လာ၏။
ထိုအချိန်တွင် အရှိန်အဝါဟူသော ဝေယံပိုင်၏ တန်ခိုးများမှာ အင်မတန်စွမ်းမှန်း ရွှေငယ် သေချာသိလိုက်သည်။ လွန်ခဲ့တဲ့မိနစ်ခန့်က သူမကို တီးတိုး ထေ့ငေါ့ပြောနေသော ပါးစပ်ပိုင်ရှင်များမှာ ခုနက သူတို့မဟုတ်သလို ပုံစံပြောင်းကာ ထမင်းစားနေရာမှ ထကြပြီး ဥက္ကဌကို ခေါင်းငြိမ့် အလေးပေးကြ၏။
ဓာတ်လှေကား တံခါးပွင့်ထွက် သွားသည်နှင့်ချက်ချင်းပင် ပြေးထွက်လာသူမှာ ဝေယံပိုင်မဟုတ်ဘဲ ရဲနိုင်ဖြစ်နေ၏။ အကြောင်းမှာက သူ့သူဌေး စိတ်လျှော့လို့ လျှော့ငြား သူဌေးကတော်ကို အပြေးသွားကြိုဖို့ပင်။ ထိုမှသာ ဝန်ထမ်းအနည်းငယ်ပဲ အလုပ်ဖြုတ်ခံရပြိီး သူလည်း အလုပ်စီမံခန့်ခွဲပေးမှုများကို နည်းနည်းပါးပါးသာ လုပ်ဆောင်ရပေမည်။
ရွှေငယ် ပါးစပ်အဟောင်းသားနှင့် ကြက်သေသေနေသော သူမကို ဖြစ်တတ်ကဆန်း ပုံပန်းပျက်သည့်မိန်းမဟူ၍ ဆဲဆိုထားသော ဧည့်ကြိုကို သရော်အပြုံးဖြင့် စောင်းကြည့်လိုက်၏။ ထိုအပြုံးမှာတော့ အောင်နိုင်သူအပြုံးကြီး ဖြစ်ကာ သူမဘယ်တုန်းကမှလည်း တစ်ယောက်ယောက်ကို ထိုကဲ့သို့ ပြန်ချေမိုးနိုင်ခဲ့ပြီး ကျေနပ်ဖူးတာမျိုး မရှိပေ။
"ငယ်..ငယ်ရောက်လာတာ ကြာပြီလား..ဘာလို့ကိုယ့်ကို ကြိုမပြောတာလဲဟင်..”
ကောင်မလေး၏ မျက်နှာပေါ် ရှုပ်ပွနေသော ဆံပင်များကို နားအနောက်ဖက်သို့ သပ်တင်ပေးကာ ခေါင်းကလေးကို ပုတ်နေသည့် မြင်ကွင်းက အကုန်လုံးသော အနီးအနားရှိ သက်ရှိများကို အကြိမ်ကြိမ် သတ်နေသလိုပင်။ ထိုတင်မကသေး စိုးရိမ်ပူပန်သော မျက်နှာအစုံနှင့် ငယ်..ငယ် လို့တကျီကျီခေါ်သံကလည်း ထိုလူတို့ကို အကြိမ်ကြိမ် သေစေပြန်သည်။
ဒါလွဲမှားရာ ထပ်မရှိတော့.. သူမက အမှန်တကယ် ဥက္ကဌ၏ ကောင်မလေး ဖြစ်ရမည်..
"တစ်နာရီလောက် ကြာပြီ ..ကို...ငယ်က ကို့ကို လွမ်းနေတာ..သူတို့က ချိန်းထားတာ မရှိရင် ဝင်လို့မရဘူးတဲ့”
ချွဲနွဲ့ရင်း သူ့ရင်ခွင်ဆီ ခေါင်းလေးတိုးဝှေ့ကာ ပြောဆိုလိုက်သောသူမကြောင့် ဝေယံပိုင် ပို၍ပင် အသည်းခိုက်ရ၏။ သူမဟန်ဆောင်ကာ သူ့ကိုနွဲ့ပြောနေမှန်း သိနေသော်လည်းပဲ ထိုအပြောအဆိုမှာ သူနစ်မြောဝင်နေမိသည်။
"ဘယ်သူက ငါ့မိန်းမကို ဝင်ခွင့်မပေးတာလဲ!!”
အသံကို ကောင်မလေးနှင့်ပြောနေတုန်းထက် ဆယ်ဆမြင့်လိုက်ပြီး ပြောလိုက်သော စကားအပြင် ငါ့မိန်းမ ဟူသော နာမ်ပုဒ်ကြောင့် ဧည့်ကြိုမလေး၏ ကြောင်အမ်းနေသော ဦးနှောက်တွေကို မိုးကြိုးပစ်လိုက်သလိုပင် ဖြစ်သွားစေ၏။
အနီးအနား ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများမှာ လည်း မှင်သက်သွားကာ ကိုယ့်နားကိုယ်တောင် မယုံနိုင်စွာ အနှီလင်မယားကို ကြောင်ကြည့်ကြ ကုန်သည်။ တကယ်ပဲ သူတို့သူဌေးရဲ့ မိန်းမလား..? သူတို့က ကောင်မလေးလို့သာ ထင်ခဲ့ကြပေမယ့် အပြောနည်းသော ဥက္ကဌ ကိုယ်တိုင်က ငါ့မိန်းမ ဆိုပြီး ထင်ထင်ရှားရှား ရှင်းလင်းပြောဆို ခဲ့သည်။
နောက်ပြီး တစ်ယောက်ကို တစ်ယောက် တီးတိုးပြောဆိုကာ..
သူမက တကယ်ပဲ ceoရဲ့ မိန်းမလား..?
သူတို့ ဘယ်တုန်းက လက်ထပ်လိုက်ကြတာလဲ?
ဧကန္တ တစ်လနီးပါးလောက် ceoရုံးမတက်တဲ့ ကိစ္စက သူတို့လက်ထပ်ပွဲကြောင့်လား..?
ဒါဆို ဘာလို့ ငါတို့က ဘာသတင်း တစ်စိုးတစ်စိလေးတောင် မကြားလိုက်ရတာလဲ?
ကောင်မလေးက အသိုင်းအဝိုင်းကြီးကပဲလား?
မိဘတွေ သဘောတူလို့ လက်ထပ်လိုက်ရတာလား?
ဒါမှမဟုတ်.. အချင်းချင်း ချစ်ကြိုက်ပြီးတော့လား..?
စသည်...စသည် မေးခွန်းပေါင်းစုံဖြင့်...
"ငါမေးနေတာကို ဘာလို့ တစ်ယောက်မှ မဖြေကြတာလဲ”
ယခင်မူလ မြင့်နေသည့် အသံထက်ပိုမြင့်တင်ကာ ပြောလိုက်သော ဝေယံပိုင်ကြောင့် ရင်ခွင်ထဲရှိ ရွှေငယ်တောင်မှ တုန်တက်သွားသည်။ တော်တော်ကို အာဏာကြီးတဲ့ ယောက်ျားပဲ...
ထိုအချိန်တွင်မှ တီးတိုးပြောသံများတိတ်ဆိတ် ငြိမ်ကျသွားပြီး အက်ရှရှ ဧည့်ကြိုမလေး၏ အသံတိုးတိုးကပေါ်ထွက် လာသည်။
"ကျွန်မ..ကျွန်မ ceoရဲ့ ဇနီးမှန်း မသိ..မသိလိုက်လို့ပါ..တောင်း..တောင်းပန်ပါတယ်ရှင်..”
အထစ်ထစ်အငေါ့ငေါ့ ဖြင့် ခေါင်းကိုအကြိမ်ပေါင်း များစွာ ငြိမ့်ကာ တောင်းပန်နေသော်လည်း ဝေယံကတုန့်တုန့်မျှ မလှုပ်ပဲ သူမကို လှည့်တောင်မကြည့်ပေ။
Advertisement
"ရဲနိုင်...မင်းကြည့်ရှင်းလိုက်..”
"ဟုတ်ကဲ့ဆရာ...”
ရဲနိုင်က ထိုသို့ပြန်ပြောလိုက်ပြီး သူဌေးကတော် ဆွဲထားသည့် ဟင်းချိုင့်ကို ကူဆွဲပေးရန် လက်ကမ်းလာ၏။ သို့သော်... သူ့ကို သူဌေးကတော်က မပေးခင်မှာပဲ သူဌေးမှာ ဦးစွာပင် ချိုင့်ကို ဆွဲယူလိုက်သည်။ ရဲနိုင်၏ လက်များမှာ လမ်းတစ်ဝက်မှာတင် ရှေ့ဆက်မတိုးနိုင်တော့...
"ငယ်...ကိုယ်တိုင် လုပ်လာတာလားဟင်..လက်တွေ နာကုန်တော့မှာပဲ..”
အသံကို ခုနကခပ်မာမာပြောနေသည့်လူက သူမဟုတ်သကဲ့သို့ နိမ့်ချလိုက်ကာ တိုးလျပြေပြစ်စွာ ပြန်ပြောနေသော ဥက္ကဌကြီး ဝေယံပိုင်ကို ကြည့်ပြီး သတ္တဝါအပေါင်းက စားပြီးထားသမျှကို ပြန်အန်ထုတ်ချင်တော့သည်။
ထိုတင်မကသေး သူမလေး၏ နုဖုဥဖက်နေသော လက်ကလေးများကို ကိုင်လိုက်ပြီး နှုတ်ခမ်းဖြင့် ခပ်ဖွဖွ နမ်းလိုက်သေးသည်။ အခုနက ကိုလို့ တကျီကျီခေါ်နေပြီး ဘာကိုမှ စိတ်မဝင်စားသည့် ရွှေငယ်တောင် ရှက်သွေးဖြာကာ မျက်နှာရဲလာ၏။ ဒီလူက တကယ့်ကို အခွင်အရေးသမားပဲ...
သူမလက်ကို မြောက်ကာ နမ်းလိုက်ခြင်းက သူမလက်ချောင်းပေါ် စွပ်ထားသည့် စိန်လက်စွပ်ကို ပြသသလို ဖြစ်သွား၏။ ထိုလက်စွပ်ကို မြင်ကြ ကုန်သော ဝန်ထမ်းမိန်းကလေး များမှာ..
အား..အဲဒီလက်စွပ်က စျေးကွက်ပေါ်တောင် တင်ပို့ရောင်းချခြင်း မပြုရသေးတဲ့ လက်စွပ်မဟုတ်လား?
ကောင်မလေးက အရမ်းကို ကံကောင်းတာပဲ ငါတောင် ခုနလေးတင် သူမကို စိတ်ထဲကနေ ပြစ်မှားမိပြီ(လင်လုချင်တာကို ပြောတာအေ😶)
တကယ်ပင် ထိုလက်စွပ်မှာ နာမည်ကြီး luxury brand ဖြစ်သည့်အပြင် အရင်လကမှ နောက်နှစ်အတွင်း စျေးကွက်ပေါ် ရောင်းချမည့် စိန်လက်စွပ်ပင်။ ဝန်ထမ်းမိန်းကလေး တွေက သူတို့ တစ်သက်စာ လစာတောင် ထိုလက်စွပ်ကို မရနိုင်မှန်းတွေးပြီး ရွှေငယ့်ကိုသာ အားကျနေကြသည်။
သို့သော် တကယ့်တကယ် မျက်နှာမဖော်ချင်တော့သည့် သူမှာ ရွှေငယ်။ အဘယ်ကြောင့်ဆိုသော် ချိုင့်ထဲရှိဟင်းမယ်ကို သူမ ကိုယ်တိုင်ချက်ထားတာလို့ သူမခင်ပွန်းက ထင်နေသောကြောင့် ။ သူမ ဘယ်လိုကနေ ဘယ်လိုရှင်းပြပြီး ဘယ်လိုမျိုး ပြပွဲကို တက်ရောက်ခွင့်တောင်းရမလဲ.. လမ်းပျောက်လို့နေပြီ...
ဓာတ်လှေကားဆီ ထမင်းချိုင့်တစ်ဖက် သူမလေးကို တစ်ဖက်ဆွဲထားပြီး လျှောက်နေသော ထိုလူနောက် ရွှေငယ် တကောက်ကောက် လိုက်ပါသွားရုံမှလွဲ၍..
ဓာတ်လှေကား တံခါးပိတ်လိုက်သည်နှင့် တိတ်ဆိတ်နေသော မြေညီထပ်တစ်ခုလုံးမှာ ဆူဆူညံညံတွေ ဖြစ်လာတော့၏။သို့သော်...
"အဟမ်း...ဝန်ထမ်းတွေ တစ်ယောက်မကျန် အစည်းအဝေးလုပ်မယ်..”
ရဲနိုင်၏ အမိန့်ပါပါအသံမှာ ဆူညံမှုကို ထပ်မံပိတ်ဆို့လိုက်ပြန်သည်။ အကုန်လုံးကလည်း သူဌေးကတော်ကို သရော်ပြော ပြောခဲ့သော ဧည့်ကြိုကောင်တာက မိန်းမအား လှောင်သလိုတစ်မျိုး သနားသလိုတစ်ဖုံ ကြည့်လာကြ၏။
ရဲနိုင်သည်လည်း ဝန်ထမ်းတွေကို အလုပ်မဖြုတ်ချင်ပေ။ ဝန်ထမ်းသစ်တွေ ပြန်ခေါ်ပြီး အင်တာဗျူးဖြေလိုက် အလုပ်သင်ပေးလိုက်ဖြင့် သူပဲ ခေါင်းရှုပ်ရမည် ဖြစ်၏။ သို့သော် ထိုသို့ မလုပ်ပြန်ရင်လည်း သူကိုယ်တိုင်က သူဌေးဖြစ်သူ၏ မင်းအလုပ်ထွက်လိုက် ဆိုသော အသံကို မကြားချင်ပေ။
............
22.11.21
စပီကာ ဖြင္ထားသည္မို႔ ဖုန္းထဲမွ ထြက္လာေသာအသံကို ဧည့္ႀကိဳမေလးအပါအဝင္ အနီးအနား ဆယ္ေပဝန္းက်င္ခန့္က ဝန္ထမ္းမ်ားလည္း အထင္းသားႀကီး ၾကားေနရသည္။
တကယ့္ကို သူတို႔ ဥကၠဌႀကီး၏ အသံပင္..
ကိုလို႔ ေခၚေနတာ သူမက ဘယ္သူလဲ?
လာေနက် ဥကၠဌ ညီမေလး လည္းမဟုတ္ေပ။ ဥကၠဌ ၏ညီမေလးသာဆို သူတို႔အေရးတယူ မွတ္မိေနသည့္အျပင္ လာလာခ်င္းပင္ ႏႈတ္ဆက္ႀကိဳဆို ၾကေပအုံးမည္။
ဒီမိန္းမက တကယ္ပဲ ဘယ္သူမ်ားလဲ.. ဧကႏၱ ဥကၠဌရဲ႕ ခ်စ္သူရည္းစားေတာ့ မဟူတ္ပါဘူးေနာ္.. ဥကၠဌ က သူမကို ငယ္ လို႔ေခၚေနသျဖင့္လည္း သူတို႔အထင္က မလႊဲနိုင္ေပ။ သို႔ေသာ္ ဥကၠဌက မိန္းကေလးေတြကို ေဝးေဝးေရွာင္သည့္အျပင္ ဘယ္အေက်ာ္အေမာ္အလွပေဂး ႏွင့္ေတာင္မွ သတင္းမထြက္ဖူး...။ ဒီလို စုတ္စုတ္ျပတ္ျပတ္ဝတ္ထားေသာ မိန္းမမ်ိဳးကဆို ပိုေဝးလာေဝးေပါ့...
အေတြးကိုယ္စီ ႏွင့္ ခ်ာခ်ာလည္ေၾကာင္အမ္းေနၾကတုန္းပင္ "တင္ ခနဲ အသံႏွင့္အတူ ceo တစ္ဦးတည္းအတြက္သာ သုံးဖို႔ ထားထားသည့္ ဓာတ္ေလွကား ေျမညီထပ္သို႔ ဆိုက္ေရာက္ေၾကာင္း အခ်က္ေပးသံႏွင့္အတူ တံခါးပြင့္လာ၏။
ထိုအခ်ိန္တြင္ အရွိန္အဝါဟူေသာ ေဝယံပိုင္၏ တန္ခိုးမ်ားမွာ အင္မတန္စြမ္းမွန္း ေ႐ႊငယ္ ေသခ်ာသိလိုက္သည္။ လြန္ခဲ့တဲ့မိနစ္ခန့္က သူမကို တီးတိုး ေထ့ေငါ့ေျပာေနေသာ ပါးစပ္ပိုင္ရွင္မ်ားမွာ ခုနက သူတို႔မဟုတ္သလို ပုံစံေျပာင္းကာ ထမင္းစားေနရာမွ ထၾကၿပီး ဥကၠဌကို ေခါင္းၿငိမ့္ အေလးေပးၾက၏။
ဓာတ္ေလွကား တံခါးပြင့္ထြက္ သြားသည္ႏွင့္ခ်က္ခ်င္းပင္ ေျပးထြက္လာသူမွာ ေဝယံပိုင္မဟုတ္ဘဲ ရဲနိုင္ျဖစ္ေန၏။ အေၾကာင္းမွာက သူ႕သူေဌး စိတ္ေလွ်ာ့လို႔ ေလွ်ာ့ျငား သူေဌးကေတာ္ကို အေျပးသြားႀကိဳဖို႔ပင္။ ထိုမွသာ ဝန္ထမ္းအနည္းငယ္ပဲ အလုပ်ဖြုတ်ခံရပြိီး သူလည္း အလုပ္စီမံခန့္ခြဲေပးမႈမ်ားကို နည္းနည္းပါးပါးသာ လုပ္ေဆာင္ရေပမည္။
ေ႐ႊငယ္ ပါးစပ္အေဟာင္းသားႏွင့္ ၾကက္ေသေသေနေသာ သူမကို ျဖစ္တတ္ကဆန္း ပုံပန္းပ်က္သည့္မိန္းမဟူ၍ ဆဲဆိုထားေသာ ဧည့္ႀကိဳကို သေရာ္အၿပဳံးျဖင့္ ေစာင္းၾကည့္လိုက္၏။ ထိုအၿပဳံးမွာေတာ့ ေအာင္နိုင္သူအၿပဳံးႀကီး ျဖစ္ကာ သူမဘယ္တုန္းကမွလည္း တစ္ေယာက္ေယာက္ကို ထိုကဲ့သို႔ ျပန္ေခ်မိဳးနိုင္ခဲ့ၿပီး ေက်နပ္ဖူးတာမ်ိဳး မရွိေပ။
Advertisement
"ငယ္..ငယ္ေရာက္လာတာ ၾကာၿပီလား..ဘာလို႔ကိုယ့္ကို ႀကိဳမေျပာတာလဲဟင္..
ေကာင္မေလး၏ မ်က္ႏွာေပၚ ရႈပ္ပြေနေသာ ဆံပင္မ်ားကို နားအေနာက္ဖက္သို႔ သပ္တင္ေပးကာ ေခါင္းကေလးကို ပုတ္ေနသည့္ ျမင္ကြင္းက အကုန္လုံးေသာ အနီးအနားရွိ သက္ရွိမ်ားကို အႀကိမ္ႀကိမ္ သတ္ေနသလိုပင္။ ထိုတင္မကေသး စိုးရိမ္ပူပန္ေသာ မ်က္ႏွာအစုံႏွင့္ ငယ္..ငယ္ လို႔တက်ီက်ီေခၚသံကလည္း ထိုလူတို႔ကို အႀကိမ္ႀကိမ္ ေသေစျပန္သည္။
ဒါလြဲမွားရာ ထပ္မရွိေတာ့.. သူမက အမွန္တကယ္ ဥကၠဌ၏ ေကာင္မေလး ျဖစ္ရမည္..
"တစ္နာရီေလာက္ ၾကာၿပီ ..ကို...ငယ္က ကို႔ကို လြမ္းေနတာ..သူတို႔က ခ်ိန္းထားတာ မရွိရင္ ဝင္လို႔မရဘူးတဲ့
ခြၽဲႏြဲ႕ရင္း သူ႕ရင္ခြင္ဆီ ေခါင္းေလးတိုးေဝွ႕ကာ ေျပာဆိုလိုက္ေသာသူမေၾကာင့္ ေဝယံပိုင္ ပို၍ပင္ အသည္းခိုက္ရ၏။ သူမဟန္ေဆာင္ကာ သူ႕ကိုႏြဲ႕ေျပာေနမွန္း သိေနေသာ္လည္းပဲ ထိုအေျပာအဆိုမွာ သူနစ္ေျမာဝင္ေနမိသည္။
"ဘယ္သူက ငါ့မိန္းမကို ဝင္ခြင့္မေပးတာလဲ!!
အသံကို ေကာင္မေလးႏွင့္ေျပာေနတုန္းထက္ ဆယ္ဆျမင့္လိုက္ၿပီး ေျပာလိုက္ေသာ စကားအျပင္ ငါ့မိန္းမ ဟူေသာ နာမ္ပုဒ္ေၾကာင့္ ဧည့္ႀကိဳမေလး၏ ေၾကာင္အမ္းေနေသာ ဦးႏွောက္ေတြကို မိုးႀကိဳးပစ္လိုက္သလိုပင္ ျဖစ္သြားေစ၏။
အနီးအနား ပတ္ဝန္းက်င္ရွိ ဝန္ထမ္းမ်ားမွာ လည္း မွင္သက္သြားကာ ကိုယ့္နားကိုယ္ေတာင္ မယုံနိုင္စြာ အႏွီလင္မယားကို ေၾကာင္ၾကည့္ၾက ကုန္သည္။ တကယ္ပဲ သူတို႔သူေဌးရဲ႕ မိန္းမလား..? သူတို႔က ေကာင္မေလးလို႔သာ ထင္ခဲ့ၾကေပမယ့္ အေျပာနည္းေသာ ဥကၠဌ ကိုယ္တိုင္က ငါ့မိန္းမ ဆိုၿပီး ထင္ထင္ရွားရွား ရွင္းလင္းေျပာဆို ခဲ့သည္။
ေနာက္ၿပီး တစ္ေယာက္ကို တစ္ေယာက္ တီးတိုးေျပာဆိုကာ..
သူမက တကယ္ပဲ ceoရဲ႕ မိန္းမလား..?
သူတို႔ ဘယ္တုန္းက လက္ထပ္လိုက္ၾကတာလဲ?
ဧကႏၱ တစ္လနီးပါးေလာက္ ceo႐ုံးမတက္တဲ့ ကိစၥက သူတို႔လက္ထပ္ပြဲေၾကာင့္လား..?
ဒါဆို ဘာလို႔ ငါတို႔က ဘာသတင္း တစ္စိုးတစ္စိေလးေတာင္ မၾကားလိုက္ရတာလဲ?
ေကာင္မေလးက အသိုင္းအဝိုင္းႀကီးကပဲလား?
မိဘေတြ သေဘာတူလို႔ လက္ထပ္လိုက္ရတာလား?
ဒါမွမဟုတ္.. အခ်င္းခ်င္း ခ်စ္ႀကိဳက္ၿပီးေတာ့လား..?
စသည္...စသည္ ေမးခြန္းေပါင္းစုံျဖင့္...
"ငါေမးေနတာကို ဘာလို႔ တစ္ေယာက္မွ မေျဖၾကတာလဲ
ယခင္မူလ ျမင့္ေနသည့္ အသံထက္ပိုျမင့္တင္ကာ ေျပာလိုက္ေသာ ေဝယံပိုင္ေၾကာင့္ ရင္ခြင္ထဲရွိ ေ႐ႊငယ္ေတာင္မွ တုန္တက္သြားသည္။ ေတာ္ေတာ္ကို အာဏာႀကီးတဲ့ ေယာက္်ားပဲ...
ထိုအခ်ိန္တြင္မွ တီးတိုးေျပာသံမ်ားတိတ္ဆိတ္ ၿငိမ္က်သြားၿပီး အက္ရွရွ ဧည့္ႀကိဳမေလး၏ အသံတိုးတိုးကေပၚထြက္ လာသည္။
"ကြၽန္မ..ကြၽန္မ ceoရဲ႕ ဇနီးမွန္း မသိ..မသိလိုက္လို႔ပါ..ေတာင္း..ေတာင္းပန္ပါတယ္ရွင္..
အထစ္ထစ္အေငါ့ေငါ့ ျဖင့္ ေခါင္းကိုအႀကိမ္ေပါင္း မ်ားစြာ ၿငိမ့္ကာ ေတာင္းပန္ေနေသာ္လည္း ေဝယံကတုန့္တုန့္မွ် မလႈပ္ပဲ သူမကို လွည့္ေတာင္မၾကည့္ေပ။
"ရဲနိုင္...မင္းၾကည့္ရွင္းလိုက္..
"ဟုတ္ကဲ့ဆရာ...
ရဲနိုင္က ထိုသို႔ျပန္ေျပာလိုက္ၿပီး သူေဌးကေတာ္ ဆြဲထားသည့္ ဟင္းခ်ိဳင့္ကို ကူဆြဲေပးရန္ လက္ကမ္းလာ၏။ သို႔ေသာ္... သူ႕ကို သူေဌးကေတာ္က မေပးခင္မွာပဲ သူေဌးမွာ ဦးစြာပင္ ခ်ိဳင့္ကို ဆြဲယူလိုက္သည္။ ရဲနိုင္၏ လက္မ်ားမွာ လမ္းတစ္ဝက္မွာတင္ ေရွ႕ဆက္မတိုးနိုင္ေတာ့...
"ငယ္...ကိုယ္တိုင္ လုပ္လာတာလားဟင္..လက္ေတြ နာကုန္ေတာ့မွာပဲ..
အသံကို ခုနကခပ္မာမာေျပာေနသည့္လူက သူမဟုတ္သကဲ့သို႔ နိမ့္ခ်လိဳက္ကာ တိုးလ်ေျပျပစ္စြာ ျပန္ေျပာေနေသာ ဥကၠဌႀကီး ေဝယံပိုင္ကို ၾကည့္ၿပီး သတၱဝါအေပါင္းက စားၿပီးထားသမွ်ကို ျပန္အန္ထုတ္ခ်င္ေတာ့သည္။
ထိုတင္မကေသး သူမေလး၏ ႏုဖုဥဖက္ေနေသာ လက္ကေလးမ်ားကို ကိုင္လိုက္ၿပီး ႏႈတ္ခမ္းျဖင့္ ခပ္ဖြဖြ နမ္းလိုက္ေသးသည္။ အခုနက ကိုလို႔ တက်ီက်ီေခၚေနၿပီး ဘာကိုမွ စိတ္မဝင္စားသည့္ ေ႐ႊငယ္ေတာင္ ရွက္ေသြးျဖာကာ မ်က္ႏွာရဲလာ၏။ ဒီလူက တကယ့္ကို အခြင္အေရးသမားပဲ...
သူမလက္ကို ေျမာက္ကာ နမ္းလိုက္ျခင္းက သူမလက္ေခ်ာင္းေပၚ စြပ္ထားသည့္ စိန္လက္စြပ္ကို ျပသသလို ျဖစ္သြား၏။ ထိုလက္စြပ္ကို ျမင္ၾက ကုန္ေသာ ဝန္ထမ္းမိန္းကေလး မ်ားမွာ..
အား..အဲဒီလက္စြပ္က ေစ်းကြက္ေပၚေတာင္ တင္ပို႔ေရာင္းခ်ျခင္း မျပဳရေသးတဲ့ လက္စြပ္မဟုတ္လား?
ေကာင္မေလးက အရမ္းကို ကံေကာင္းတာပဲ ငါေတာင္ ခုနေလးတင္ သူမကို စိတ္ထဲကေန ျပစ္မွားမိၿပီ(လင္လုခ်င္တာကို ေျပာတာေအ😶)
တကယ္ပင္ ထိုလက္စြပ္မွာ နာမည္ႀကီး luxury brand ျဖစ္သည့္အျပင္ အရင္လကမွ ေနာက္ႏွစ္အတြင္း ေစ်းကြက္ေပၚ ေရာင္းခ်မည့္ စိန္လက္စြပ္ပင္။ ဝန္ထမ္းမိန္းကေလး ေတြက သူတို႔ တစ္သက္စာ လစာေတာင္ ထိုလက္စြပ္ကို မရနိုင္မွန္းေတြးၿပီး ေ႐ႊငယ့္ကိုသာ အားက်ေနၾကသည္။
သို႔ေသာ္ တကယ့္တကယ္ မ်က္ႏွာမေဖာ္ခ်င္ေတာ့သည့္ သူမွာ ေ႐ႊငယ္။ အဘယ္ေၾကာင့္ဆိုေသာ္ ခ်ိဳင့္ထဲရွိဟင္းမယ္ကို သူမ ကိုယ္တိုင္ခ်က္ထားတာလို႔ သူမခင္ပြန္းက ထင္ေနေသာေၾကာင့္ ။ သူမ ဘယ္လိုကေန ဘယ္လိုရွင္းျပၿပီး ဘယ္လိုမ်ိဳး ျပပြဲကို တက္ေရာက္ခြင့္ေတာင္းရမလဲ.. လမ္းေပ်ာက္လို႔ေနၿပီ...
ဓာတ္ေလွကားဆီ ထမင္းခ်ိဳင့္တစ္ဖက္ သူမေလးကို တစ္ဖက္ဆြဲထားၿပီး ေလွ်ာက္ေနေသာ ထိုလူေနာက္ ေ႐ႊငယ္ တေကာက္ေကာက္ လိုက္ပါသြား႐ုံမွလြဲ၍..
ဓာတ္ေလွကား တံခါးပိတ္လိုက္သည္ႏွင့္ တိတ္ဆိတ္ေနေသာ ေျမညီထပ္တစ္ခုလုံးမွာ ဆူဆူညံညံေတြ ျဖစ္လာေတာ့၏။သို႔ေသာ္...
"အဟမ္း...ဝန္ထမ္းေတြ တစ္ေယာက္မက်န္ အစည္းအေဝးလုပ္မယ္..
ရဲနိုင္၏ အမိန့္ပါပါအသံမွာ ဆူညံမႈကို ထပ္မံပိတ္ဆို႔လိုက္ျပန္သည္။ အကုန္လုံးကလည္း သူေဌးကေတာ္ကို သေရာ္ေျပာ ေျပာခဲ့ေသာ ဧည့္ႀကိဳေကာင္တာက မိန္းမအား ေလွာင္သလိုတစ္မ်ိဳး သနားသလိုတစ္ဖုံ ၾကည့္လာၾက၏။
ရဲနိုင္သည္လည္း ဝန္ထမ္းေတြကို အလုပ္မျဖဳတ္ခ်င္ေပ။ ဝန္ထမ္းသစ္ေတြ ျပန္ေခၚၿပီး အင္တာဗ်ဴးေျဖလိုက္ အလုပ္သင္ေပးလိုက္ျဖင့္ သူပဲ ေခါင္းရႈပ္ရမည္ ျဖစ္၏။ သို႔ေသာ္ ထိုသို႔ မလုပ္ျပန္ရင္လည္း သူကိုယ္တိုင္က သူေဌးျဖစ္သူ၏ မင္းအလုပ္ထြက္လိုက္ ဆိုေသာ အသံကို မၾကားခ်င္ေပ။
............
22.11.21
Advertisement
- In Serial36 Chapters
Ticket to Verona ✔️
{MAFIA ROMANCE}"You, Aria, are like a piece of music that I could listen to, over and over again, and never get tired of hearing." Aria Remington was sitting alone in an empty airport gate waiting for her flight home when she first met Leonardo. Little did she know what she was getting herself into.Leonardo Romano is the Capo of the Italian mafia and never shows any emotion, weakness or care in anyone. Until he met her.But was he selfish enough to bring her into his world?~~~{excerpt}Aria.She was here. Right here.She didn't hear me come through the door, too engrossed in the book she was reading. I could hear her humming along to a song, similar to the way we first met. I walked right up to the desk, a gentle smile on my face. She still hadn't realised that I was there so I cleared my throat. "Oh my goodness, I'm so sorry, how can I help-" she looked up and she froze. Once it had sunk in, she smiled the biggest smile I have ever seen. "Leo!" She leaned over the desk and tried to give me a hug but because I was so tall, she only ended up hugging my torso."Hello, amore."~~~Started- 10/3/22Ended- 29/7/22#1 - loving {12/7/2022}*contains strong language and some violent scenes*
8 245 - In Serial39 Chapters
Life as i Didn't Know it
'you can beg all you want but I'm not going to accept you, there are just better people out there for us, so don’t make a fool of yourself. Keep this quiet till I can figure out a way to cover this up, I Zane Anderson officially reject you Marissa hale as my mate” his voice emotionless but hard, and with hat he took one last look at me, a Brocken shell.' Marissa Hale was a girl with a not so great life but not horrible either. she waits for her mate to come and sweep her away but what if that's all ruined when her mate is her brothers best friend, Marissa now searches for a way to escape the life she has hated for oh so long, she is finally going to take a stand. But what if people stand in her way, what lengths will she go to for the nearest thing she can call a happy ending?
8 220 - In Serial73 Chapters
Inspector Rames
Detective Inspector Amber Rames investigates a series of murder cases in 2185 with the help of her new sergeant. Her attraction to him is hard to ignore, but having a relationship with a subordinate is illegal. *****Four murder mysteries. One epic romance. It's 2185, and British civilization has moved underground after a nuclear war. In a city of bright lights and body-hacking, a wealthy woman is found dead in a dark alleyway, her throat slit. Detective Inspector Amber Rames is given the investigation...and a new partner to work with. Tall, dark, and a technological saviour, Detective Sergeant Alex Sullivan stirs feelings in her that she should ignore. If she falls in love with a subordinate, she'll be sentenced to life imprisonment. But as they work closely over several different murder cases, boundaries start to blur...WATTY AWARDS 2020 WINNERContent warning: This story contains themes of self-harm, suicide, and drug use.
8 203 - In Serial22 Chapters
Surely is a Dream
A girl running a coffee shop is mystified by a mysterious man in a black hoodie.
8 103 - In Serial11 Chapters
The COMPOUND
A weapon shot awry launches the start of World War Three, leaving the nation formerly known as the United States in devastation. From the ashes, a society arises unlike any other. The COMPOUND: a community built on division and silencing opposition. Here, individuals are subject to a highly stratified class system, with the elite politician class ruling the masses living on the outer edges of society. Women are considered dangerous and violent, and are washed of their independence. Profound poverty plagues any outside the highest classes of people.When three young people attempt a dangerous escape, only two survive. Fifteen years pass, and Lessi has raised her young companion, Christian, in the quadrants outside, teaching her all of the necessary tools to survive. Meanwhile, Evrynn, the son a of prominent politician is forced to flee his upper-class society and seek after the rebellion leadership for his own safety. As both of their lives are thrown into chaos, the two much search harder than ever to find the rebellion. But is the rebellion everything they hope? And when danger arises, will they even survive?
8 160 - In Serial198 Chapters
LGBTQIAP+ Milestones: Book 2
This is where the community can share their own personal LGBTQIAP+ Milestones.
8 229

