《Untamed Flower( ပန်းရိုင်း)》အပိုင်း၆၃
Advertisement
သူမတွင် အဆောက်အဦးထဲသို့ ဝင်ရောက်ဖို့ရန် အရင်ရက်တွေကတည်းက ဝေယံပိုင်ပေးအပ်ထားသော ဝင်ခွင့်ကဒ်ရှိနေသဖြင့် ပထမဂိတ်ပေါက်ကြီးကို ဖြတ်ပြီး လွယ်ကူစွာ ဝင်ရောက်လာနိုင်၏။ သို့သော်.....
သူမအထဲကို ရောက်သည်နှင့် မြန်မာနိုင်ငံရှိအလုပ်ဝန်ထမ်းများနှင့်တောင်မတူဘဲ သပ်ရပ်ခမ်းနားစွာ ဝတ်ဆင်ထားသည့် ဝန်ထမ်းများမှာ lunch သုံးဆောင် နေကြသည်။ သူ့ခင်ပွန်းရဲ့ ကုမ္ပဏီက ဝန်ထမ်းအတွက် အစားအစာတွေတောင် စီစဥ်ပေးနေလေရဲ့..။ သူကတော့ရော ဒီထမင်းဟင်းတွေပဲ စားတာလား..ဒါဆို သူမယူလာပေးတဲ့ ဟင်းတွေကိုရော ဘာလုပ်ရတော့မလဲ...ဟင်းပို့ဖို့ ပြင်းပြနေသော ဆန္ဒများမှာမူ ပျက်စီးသွားရလေပြီ..
အဆောက်အဦးထဲမှ ပြန်ထွက်ရန် တွေးမိသော်လည်း မြေညီထပ်ရှိ ဝန်ထမ်းပုဂ္ဂိုလ် အားလုံး၏ အကြည့်များမှာ ခပ်ရိုးရိုးအိမ်နေဝတ်စုံ ဝတ်ထားသော သူမဆီကျရောက်လို့ လာကုန်ပြီ။ ဒီအချိန်ရောက်မှ မိနစ်ပိုင်းလောက်က သူမတွေးထားခဲ့သော "ငါကဒီကုမ္ပဏီသူဌေးရဲ့ မိန်းမဘဲ ဘာမှသိပ်ပြင်ဆင်စရာမလိုဘူး..”
ဆိုသည့်အတွေးကို နောင်တရနေမိ၏။ အခုတော့ သူမရဲ့ မာနတွေ မြေခသွားရလေပြီ..
ပြန်လှည့်ထွက်လည်း မထူးတော့တာမို့ ခပ်စိမ်းစိမ်းအကြည့်တွေကြား မာန်ထောင်ပြီး ခေါင်းမော့ကာ အရှိန်အဝါဖြင့် ဧည့်ကြိုကောင်တာဆီ လျှောက်လာခဲ့၏။
"ရှင်တို့ ဥက္ကဌ ရုံးခန်းက ဘယ်မှာလဲ? ”
ဖြစ်ကဆန်းအဝတ်တွေ ဝတ်ထားပြီး လက်တွင် ထမင်းချိုင့်တစ်လုံးနှင့် ဖုန်းတစ်လုံးကို တစ်ဖက်တစ်ချက်စီကိုင်ထားသော မိန်းကလေးတစ်ဦးက ကိုယ်ဘယ်သူလို့တောင် မမိတ်ဆက်တော့ဘဲ ခပ်မာမာအသံဖြင့် ဥက္ကဌ ရုံးခန်းတည်ရှိရာကို တိုက်ရိုက်မေးလာ၍ ဧည့်ကောင်တာရှိ ဧည့်ကြိုမလေး၏ မျက်နှာတွင် နက်မှောင်မှုများ ဖမ်းစားသွား၏။ အနီးအနားရှိ သူမစကားကို ကြားလိုက်သော ဝန်ထမ်းများမှာလည်း ပါးစပ်အဟောင်းသားဖြင့် ကြောင်အမ်းကုန်ကြသည်။
ဒီကောင်မလေး ဘယ်လိုတောင် အတင့်ရဲပြီး အရှက်မရှိတာလဲ ဆိုပြီး လူတိုင်း၏ အတွေးမှာ ထပ်တူကြနေကြ၏။
ဧည့်ကြိုမလေးမှာ တာဝန်အရ နက်မှောင်နေသော မျက်နှာကို အပြုံးဖို့လိုက်ပြီး...
"ဘာကိစ္စရှိလို့လဲရှင့် ချိန်းဆိုထားတာရှိလို့လား..”
ချိုသာလွန်းသော စကားနောက်တွင် သည်းခံအံကြိတ်ပြီးနေရသော ခက်ထန်လှသည့် အမူအရာများက ရွှေငယ်အဖို့ ထင်သာမြင်သာလွန်းလှပေသည်။ သူမကိုယ်တိုင်ကလည်း ထိုကဲ့သို့ အကြိမ်ပေါင်းမြောက်မြားစွာ ယောက်ျားတွေကို ပြောဆိုဆက်ဆံခဲ့သည် မဟုတ်ပါလား..?
"ချိန်းထားတာတော့ မရှိဘူး..”
သူမစကားအဆုံးတွင် ဧည့်ကြိုမလေးက ခနဲ့အပြုံးဖြင့်
"ချိန်းထားတာ မရှိရင် တွေ့လို့မရပါဘူး အားနာပါတယ် ”
ရွှေငယ့် ဒေါသများပွင့်ထွက်လာမတတ်။ ဘယ်လိုတောင် သူမကို ပြောရဲဆိုရဲ နေတာလဲ ။ မိန်းမတွေကို မိန်းမသားချင်းချင်းနားလည်တာက မှန်ပေမယ့် ဒီမိန်းမကတော့ လွန်လွန်းနေပြီ။ သူမသည်းမခံနိုင်တော့ပေ။ သို့သော်လည်းပဲ ပထဆုံးအကြိမ် ခင်ပွန်းဖြစ်သူ၏ ရုံးကိုလာချိန် ပြသာနာတက်တာမျိုးတွေကိုလည်း သူမမလိုလားပြန်။ အတတ်နိုင်ဆုံး ပြုံးကာ..
"သူ့ကို အခုတွေ့မှဖြစ်မလို့ပါ...”
သူမစကားအဆုံးမှာတော့ ဧည့်ကြိုကောင်မလေး၏ ဟန်ဆောင်အပြုံးများမှာလည်း လွင့်စင်လို့ကုန်ပြီ။ ဘယ်လိုတောင် သိက္ခာမဲ့တဲ့ မိန်းမမျိုးလဲ....
"အစ်မ..ကျွန်မအကောင်းပြောနေတုန်း အစ်မပြန်သင့်ပြီလို့ထင်တယ်...ဥက္ကဌက အခုမအားပါဘူး..ပြီးတော့ ဥက္ကဠက အစ်မလိုမိန်းမမျိုးနဲ့ တွေ့မှာမဟုတ်ပါဘူး..တစ်ပတ်ကို အစ်မထက် ဝတ်ကောင်းစားလှနဲ့ ကောင်မလေးတွေ ဆယ်ယောက်လောက် ဥက္ကဌ ကို လာလာရှာနေကြတာ အကုန်လုံးက လက်ဖျားကနေ ခါချခံနေရတယ်.. အစ်မလို ပုံစံမျိုးဆိုတော့ ဥက္ကဌက မြေညီထပ် သန့်ရှင်းရေး ပြန်လုပ်ဖို့ သန့်ရှင်းရေးအဒေါ်ကြီးကို ဒုက္ခထပ်ပေးတော့မှာပဲ....”
ဒါက လူကိုစကားပြောနေတဲ့ ပုံစံလား....? ဒီဝေယံပိုင် ကတော့ ဧည့်ကြိုကို ဘယ်မှာကေနများ ရှာလာတာလဲ ချေပုံမိုးပုံကအစ တစ်ရုံးလုံး သူ့သူဌေးအတိုင်းပဲ လိုက်ဖက်ညီပါပေတယ်. ..သူ့ကို အစ်မတဲ့လား..သူမက အသက်နှစ်ဆယ်တောင် မပြည့်သေး။ ဒါကို တင်းတိတ်ပြည့်နေပြီး foundation တွေနဲ့ ထူထူကြီးဖုံးထားရသည့် အသက်၃၀ခန့်ရှိ ကောင်မက အစ်မလို့ လာခေါ်လို့နေသည်။
ချေမိုးသည်ကို သူမမပြောလိုတော့သော်လည်း အခုဟာက သူမသာ ဒီနေ့ဝေယံပိုင်ကို မတွေ့ရလျှင် ပြပွဲရော လွှတ်သွားမည့်အပြင် မာနတွေလည်း သာကူကျိုခံရတော့မည်။သူမဖုန်းကို ထုတ်ကာ ဝေယံပိုင် ဆိုသည့် ခပ်စိမ်းစိမ်း contact name ကို နှိပ်လိုက်၏။
ကောင်တာအနီးအနားရှိ လူများကလည်း အဲသလောက်တောင် အပြောအဆိုခံေနရတာကို မပြန်သေးပဲ ဖုန်းထုတ်ဆက်နေနိုင်သည့် အနှီမိန်းမသားကို ထူးဆန်းစွာ ကြည့်လာကြ၏။ ဧည့်ကြိုကောင်မလေးမှာတော့ စိတ်မရှည်စွာ ဂိတ်ဝင်ပေါက်ကို လှည့်ကြည့်ပြီး..
"ဒီက အစောင့်တွေကလည်း ဘာလုပ်နေကြတာလဲ ဘယ်ကမှန်းမသိတဲ့ တောသူမကိုမှ ဝင်ခွင့်ပေးနေတယ်”
သူမက ပြောသာပြောနေသော်လည်း ရွှေငယ်မှာတော့ နည်းနည်းလေးမှ ဂရုစိုက်ဟန်မပြခဲ့ပေ။ ဖုန်းကိုသာ ဆက်နေရှာ၏။
...........
ဝေယံ ထမင်းသုံးဆောင်ဖို့ ဘာဝယ်ပေးရမလဲလို့ မေးလာသည့် ရဲနိုင်မေးခွန်းကို ဖြေမည့်ဆဲဆဲ သူ့လက်ကိုင်ဖုန်းက မြည်လာသည်။ သူ့လက်ကိုင်ဖုန်းနံပါတ်ကို အဘွား၊ ညီမလေး၊ အာကာထက်နှင့် သူ့ဇနီးချောလေး ငယ်ကလွှဲလျှင် တခြားလူ မသိပေ။
ထို့ကြောင့်..
"ခဏလေး....”
ရဲနိုင်ကို စောင့်ဆိုင်းစေလိုက်ပြီး ဖုန်းကိုကြည့်လိုက်သည်။ သူ၏ ဇနီးချောလေးမှန်းတွေ့လျှင် စားပွဲပေါ်က ဖိုင်တွဲတွေ ပြုတ်ကျသည်အထိ ဖုန်းကိုအမြန် ကောက်ကိုင်ကာ ဖြေလိုက်သည်။
"ဟယ်..ဟယ်လို ငယ်..ငယ်ဘာလိုလို့လဲဟင် ”
Advertisement
သူတန်းပြီး ဘာလိုလဲလို့ မေးနေသည်မှာ တစ်ဖက်လူကို ကြောင်အမ်းသွားစေသော်လည်း သူ့အတွက်တော့ သူမထူးထူးဆန်းဆန်းကြီး ဖုန်းအရင်ခေါ်လာသည်မို့ ကိစ္စတစ်ခုခု ရှိလို့မှန်း သူသေချာနေ၏။
တစ်ဖက်မှ ဖုန်းသံမှာ ဆယ်စက္ကန့်ကြာအောင် ငြိမ်ကျသွားပြီးမှ သူဘယ်တော့ လုံးဝလုံးဝ မထင်ထားခဲ့သော အသံပေါ်ထွက်လာ၏။
"ကို...ကို့ဆီကို ငယ် ဟင်းလာပို့တာ...ဧည့်ကြိုက ဝင်ခွင့်မပေးဘူး..သူပြောတာ ကို အလုပ်များနေတာတဲ့ ဒါဆိုလည်း ငယ်ပြန်တော့မယ်နော်....”
".......”
စိတ်မကောင်းသလို အပြစ်ရှိသလိုလို အသံနှင့် ချွဲနွဲ့ပျစ်အစ်နေသော "ကို ”ဟူသည့် သူ့ကိုခေါ်သော နာမ်စား.. "ငယ်”ဆိုကာ သူခေါ်သလိုမျိုး သူမကိုယ်သူမ ပြန်ခေါ်လိုက်သော ပုံစံမျိုးကြောင့် ဝေယံပိုင် ထိုစကားတွင် အကြိမ်ကြိမ်သေသွား၏။ သူမတကယ်ပဲ သူ့ကို ကို ..လို့ခေါ်လိုက်တာလား..
စပီကာမဖွင့်ထားပေမယ့်လည်း တိတ်ဆိတ်နေသော အဲယားကွန်းလေအေးအေးခန်းထဲမို့ ဖုန်းထဲက အသံကို မလှမ်းမကမ်းတွင် ဖိုင်တွဲကို လက်ပိုက်ကာ သူ့သူဌေး နေ့လည်စာ စာရင်းကို စောင့်နေသော ရဲနိုင်လည်း ရှင်းလင်းစွာ ကြားလိုက်သည်။ သူတို့နှစ်ယောက် လက်ထပ်ထားသည့် စုံတွဲတွေ ဆိုပေမယ့် သူဌေးကတော်က သူဌေးကို ကို လို့ တစ်ခါမှ မခေါ်ဖူးမှန်း သူသိနေ၏။ သို့သော် ဒီတစ်ကြိမ်ကျ ဘာကြောင့်လဲ...
ဖုန်းထဲမှ ကောင်မလေးအသံအဆုံး ဝေယံရော ရဲနိုင်ပါ သူမလေး ဘာအဓိပ္ပါယ်နှင့် ပြောနေမှန်း ခန့်မှန်းမိလိုက်သည်။ သေချာပေါက် ဧည့်ကြိုဝန်ထမ်းက မတော်မရာတွေ ပြောနေလို့ ဖြစ်မည်..။ ရဲနိုင်ကလည်း လျင်မြန်စွာပင် သူဌေးဖြစ်သူအား...
"ဆရာ...ကျွန်တော် ဆရာ့ကတော်ကို ဆင်းကြိုပေးလိုက်မယ်...”
သို့သော် သူဌေးဖြစ်သူက
ဖုန်းကို ခပ်ကြမ်း"ချကာ ပြုံးနေတာလား မဲနေတာလား မသိမခွဲခြားနိုင်သော မျက်နှာ ဖြင့်..
"ငါကိုယ်တိုင်ဆင်းသွားမယ်..မင်းလည်း လိုက်ဆင်းလာခဲ့”
အပေါ်ဆုံးထပ်၂၀ကနေ အောက်ဆုံးထပ်ထိ မြန်မြန် ရောက်ဖို့ ရဲနိုင် ဓာတ်လှေကားထဲတွင် ကြိတ်ဆုတောင်းနေမိသည်။ ခက်ထန်လှပြီး အအေးဓာတ်တွေ လွှင့်နေသော ထိုလူကြီးအနား ကပ်လိုက်လာရသည်မှာ အကျင့်ပါနေပြီ ဖြစ်သော်လည်း ဒီတစ်ခေါက်တော့ ဓာတ်လှေကား အပူချိန်မှာ ၀ ဒီဂရီအောက် ကျနေသလိုပင်..။
ဝန်ထမ်းတွေ ဘယ်နှစ်ယောက်ထိ အလုပ်ဖြုတ်ခံရအုံးမလဲ.....
...............
21.11.21
ဒီနေ့အစောကြီးပဲနော်.. ဒါဒါလေးတစ်ယောက်က fb accထိ လာပူဆာထားလို့😘
Advertisement
...........
ထို့ကြောင့်..
"ခဏလေး....
".......
...............
21.11.21
Advertisement
- In Serial109 Chapters
Billionaire's Cut
Book 1 of Morello SeriesWhen a kind and talented Doctor, Savanah accidentally cuts the billionaire's hand and refuses to meet his eyes. What happens when a girl who has always seen conditional love, falls hopelessly in love with a boy who isn't afraid to turn the world upside down just to see her smile.Dr Savanah M. Rodriguez, a young thriving 3rd-year resident surgeon is everything a girl could wish for but pulling herself out of the slump of childhood trauma is weakening her. In addition to a young gentleman, who makes her see things beautifully and stirs things up in her heart.Leonardo Morello, cold as ice but heart of gold. He has a perfect life, a perfect family and a perfectly running billion-dollar business. The only thing he wants is true love, the one his parents share.The closer these two get, the more strong and more vulnerable they evolve.In the end, some things will be found.Word limit- [80,000 - 90,000]Cover by~ @Just_SparkleBlue
8 184 - In Serial65 Chapters
ʟᴏꜱᴛ ʟᴏᴠᴇ
Why are you doing this?" I whispered, my head dropped to the floor as the floor began to blur with my tears. "Pardon?" "Please stop, Khyson." "Ms. Kingston, if this is some sort of joke you are not very amusing." "How can you just sit here! Sit here and pretend like we never had something! Like we're-we're complete strangers! Why don't you remember!" •They were friends, best friends. But then they weren't. Funny how a relationship could disappear in the matter of seconds. She never wanted to see him again, she carried a piece of him that he could never know about. She was in a stable relationship, happy. He was running his own empire and had just gotten out of an relationship. Now after all these years he comes back, back into her twisted life.After all, she did have his son. Their son that he had no living idea about. Their love was lost. - This book contains mature themes.All content belongs to moi.With help from: bestie KayleannFinished - 20/3/2022
8 267 - In Serial71 Chapters
Untamed Flower( ပန်းရိုင်း)
(unicode+zawgyi)ယောက်ျားမုန်းဝါဒကို လက်ခံထားသော သူမ၊သူမကို မြင်မြင်ချင်း ချစ်မိသွားသော သူနှစ်ယောက်စလုံး မိဘသဘောတူမှုဖြင့် လက်ထပ်လိုက်ရသည့်အခါ...သူမကရော ယောက်ျားမုန်းဝါဒကို စွန့်ပယ်ပြီး သူ့ကို ချစ်နိုင်မလား..?သူကရော ခပ်ချေချေ ဇနီးဆိုးလေးကို ချစ်လာအောင် လုပ်နိုင်မလား ?လာပါ စာရေးသူနှင့် အတူတူongoing ကြရအောင်😚own creationauthor-အငဲး(Mee Mee)ယောက်ျားမုန်းဝါဒကို လက်ခံထားသော သူမ၊သူမကို မြင်မြင်ချင်း ချစ်မိသွားသော သူနှစ်ယောက်စလုံး မိဘသဘောတူမှုဖြင့် လက်ထပ်လိုက်ရသည့်အခါ...သူမကရော ယောက်ျားမုန်းဝါဒကို စွန့်ပယ်ပြီး သူ့ကို ချစ်နိုင်မလား..?သူကရော ခပ်ချေချေ ဇနီးဆိုးလေးကို ချစ်လာအောင် လုပ်နိုင်မလား ?လာပါ စာရေးသူနှင့် အတူတူongoing ကြရအောင်😚own creationauthor-အငဲး(Mee Mee)
8 147 - In Serial45 Chapters
The Matrimony
Diana Prichard learned early on about how much of a bitch life could be. Forced to abandon the one she loves and marry a monster to save her father from his debt and keep his business afloat, She believes her life to be a hell hole. Her only consolation being her 5 year old boy Benjy. She believes her luck is finally starting to change when her abusive husband gets jailed for fraud, but only finds herself being sold to appease her father's debts, again! So she finds herself walking down the aisle towards a total stranger, or so she thought. ................. Alejandro Delmanti has been hurt before. Left by the love of his life for a seemingly better and richer man, he knows nothing but anger and bitterness. He worked his ass off to be the billion dollar success he is now. He left America to rid himself of the heartache and now he is back to take revenge on her, to make her suffer as she did to him ............Diana isn't sure how this is going to turn out and neither is Alejandro. Both try their best to ignore each other, but what happens when the old sparks start igniting, and old feelings start coming back?. ................. "You still love me Diana, you know you do", he breathed down her neckShe shivered, " I... ""You still love me and you still want me. And I'm gonna prove it to you", with that, he claimed her lips.
8 140 - In Serial60 Chapters
Artemis
"Let them go, Dante." I whip my head to see a small boy standing the clearing with blonde hair and a green cloak hanging from shoulders. He isn't very tall however he holds his stance well. He doesn't seem to be more than Cassandra's age. Maybe 12 at most. I abruptly turn my head back hearing the man holding a sword to my throat chuckling with a sinister grin. "Oh, poor boy, what are you go to do about it?" The yellow teeth gleam as he begins stalking towards the boy who does not look the least bit fazed. I look around at the other men who are following the leader. I pull Cassandra tighter to my back as I take small steps back. I keep my eye trained on the men but also fear for the naive boy. "Do you really want to test me Dante?" He asks raising a single eyebrow. For a minute the men stop their movements. I see their hesitation for fear... Fear of what? I take the moment to stick Cassandra behind a nearby tree. She crouches down while I pull my sword out from its place. "How do you know my name?" The scoundrel raises his sword challenging towards the boy before taking a final step towards him. Then the unexpected happens. The young boy chuckles so darkly. It sounded almost... demonic. All the men instinctively raise their swords. "Oh Dante, I didn't know your name... but you know someone dear to me." "Spit it out boy!" The once grinning man is now looking around frantically. I continue my eyes scanning the small boy. He looks directly me and gives me a small nod before saying one word that caused all hell to breaks loose. "Artemis." Artemis is not an ordinary girl. She grew up in the wilderness after being shunned due to unique abilities and her different physical attributes. Blessed with an ability that scared others, she roams the wild with only her guarded one. That is until she stumbles into a situation that brings her in front of a prince.
8 270 - In Serial52 Chapters
Unexpectedly Married To You
- THE UNEXPECTED SERIES : BOOK I -Devastated by the sudden confession from her boyfriend, Park Edlyn decided to go to the rooftop to clear her mind. That is until she met Sim Jake, a handsome neurosurgeon who worked at her father's hospital. They both decided to get drunk and tell each other life stories. It was going so well until they both woke up sober in the same hotel room with marriage documents on the table. They realised they got married due to a drunken mistake but both of their families didn't want them to get an annulment because it would ruin their reputation. Can Edlyn and Jake live together without having the urge to kill each other?
8 118