《Untamed Flower( ပန်းရိုင်း)》အပိုင်း ၆၁
Advertisement
"ကိုယ်..ကိုယ် တောင်းပန်ပါတယ်နော် ကိုယ်တမင် လုပ်တာမဟုတ်ဘူး..ငယ်ကိုယ့်ကို စိတ်မဆိုးဘူးမို့လား..”
သူ့ကို ကျောပေးအိပ်နေသော ကောင်မလေးအား ချော့မော့ခန်း ဖွင့်ရပြန်သည်။ သူတကယ်ပဲ ရည်ရွယ်ပြီး လုပ်လိုက်တာမဟုတ်ပေ..။ နောက်ပြီး သူမမရှိလျှင် သူအိပ်ပျော်မည် မဟုတ်ဆိုသည်မှာလည်း ဧကန်စင်စစ်။
"ကျွန်မ..စိတ်ဆိုးမနေပါဘူး..ပြီးတော့ စိတ်လဲမဆိုးတတ်ဘူး...”
တိုးတိုးဖွဖွအသံလေးနှင့် သူမကပြောလာလျှင် တကယ်ပြောနေတာလား ရွဲ့ပြောတာလား သူခွဲခြား၍မရဖြစ်ပြန်၏။
"ငယ်..ကိုယ်တစ်ကယ် တောင်းပန်တာပါနော်”
ပြောရင်း လဲလျောင်းရင်းနှင့်ပင် သူ့ကိုကျောခိုင်းထားသော သူမလေးပုခုံးပေါ် လက်တင်လိုက်သည်။ သူမကမရုန်းသလို ဘာမှလည်းမပြော။ ထိုသည်က သူ့ရင်များကို ပို၍ပင် ဗြောင်းဆတ်ခတ်စေသည်။ အချိန်အနည်းငယ်အကြာမှ သူမဆီက အသံသဲ့သဲ့ထွက်လာ၏။
"ရှင်နောက်ဆို ကျွန်မရှေ့မှာ သူများတွေရှေ့ကလို လူကြီးလူကောင်းဆန်ဆန်နေပေးလို့ မရဘူးလား ကျွန်မကိုလည်း ဟိုထိဒီပါး လာလာမကျီစည်နဲ့တော့ မဟုတ်ရင် ကျွန်မတကယ် စိတ်ဆိုးသွားမှာ...”
ထိုစကားက ခြိမ်းခြောက်တာလား သတိပေးတာလား သူစိတ်မဝင်စားတော့ပေ။ အဓိကက သူမလေး စိတ်မဆိုးဖို့ပင်။
"ဖက်ထားလို့တော့ ရတယ်မို့လား..…ငယ်”
ပြောရင်း သူမကို သူ့ဆီမျက်နှာပြန်လှည့်ခိုင်းကာ ရင်ခွင်ထဲထည့်၏။ သူမက မရုန်းသလို ဘာမှလည်းထပ်မပြောပေ။ သူမခေါင်းကို လက်ဖြင့် သပ်ရင်း...
"ငယ်လို့.. ကိုယ်မေးနေတယ်လေ ရလားလို့”
"ကျွန်မက ရုန်းနေလို့လား?”
သူမမရုန်းဘူးဆို သူမလက်ခံသည့် သဘောပင်။ ထိုစကားကြားပြီး ဝေယံက အပြုံးတွေကို ပိုမိုနက်ရှိုင်းစေလိုက်ကာ သူ့ရင်ခွင်ထဲက သူမလေးကို လွတ်မထွက်သွားအောင် ခပ်တင်းတင်းဖက်ထားလေတော့သည်။
........ ....
နှစ်ယောက်စလုံး တာချီလိတ်ရှိအိမ်သို့ ပြန်ရောက်သည့် အတောအတွင်း ဝေယံပိုင်တစ်ယောက် တစ်လကျော်ကျော်ခန့် ပစ်ထားခဲ့သည့် ကုမ္ပဏီအလုပ်များကို ခေါင်းငိုက်စိုက်သည်အထိ အလုပ်တွေနှင့် ဖိနေခဲ့ရသည်။ သို့သော် ဝေယံတို့မှာ အလုပ်ဘယ်လောက်များများ အရင်တုန်းကနှင့်မတူဘဲ အိမ်ကိုအချိန်မှန်ပြန်၏။ ထိုလောက်မကသေး..မနက်ခင်း ထလာပြီးတောင် သူ့ဇနီးလေး တစ်နေ့တာ အစားအစာများအား ပြင်ဆင်ထားပေးသည်။
ရွှေငယ်မှာ အစာမရွေးသည့်သူမို့ ဝေယံချက်ကျွေးသမျှကို စားနေနိုင်သည်။ တစ်ခါတစ်ရံ သူမတွေးမိသည်မှာ သူမလုပ်နေတာ ဆန့်ကျင်ဘက်များ ဖြစ်သွားလေသလား.. ? သူမမိခင်၏ ဆန္ဒက သူမကို အိမ်ထောင်ရှင်မကောင်း တစ်ယောက်ဖြစ်စေဖို့နှင့် ခင်ပွန်းဖြစ်သူ၏ ဝေယျာဝစ္စ အဖြာဖြာကို ဆောင်ရွက် ပေးရမည်ပင်..။သို့သော် အခုမှာ သူ့ယောက်ျားက သူမမထခင် စားစရာတွေ ချက်ပေးထားပြီး သူမထပြီးစားလိုက်ရုံသာ..
ပိုထူးခြားသည်မှာ ဘယ်လိုနဂါးမျိုး သူမကို ဝင်စားလိုက်သည်မသိ။ ငါးနာရီ မနက်တိုင်း အိပ်ယာမှ ထသောသူမမှာ ၇နာရီ ခင်ပွန်းဖြစ်သူ ရုံးသွားဖို့သာ ကျန်တော့သည့် အချိန်လောက်မှ နိုးထလာ၏။ သူ့ရင်ခွင်ကပဲ နွေးထွေးလွန်းတာလား..ဒါမှမဟုတ် ဒါက အိမ်ထောင်ဘဝရဲ့ လျှို့ဝှက်ချက် များလား..?
.....
ဒီနေ့တော့ ရွှေငယ် စောစောအိပ်ထားသည်မို့ အိပ်ယာထမနောက်ကျတော့ပေ။ ဟန်းနီးမွန်းက ပြန်လာတာ တစ်ပတ်လောက်ရှိပြီ ဆိုသော်လည်း ဝေယံကသာ ရုံးသွားရုံးပြန် အလုပ်ရှုပ်နေပြီး ရွှေငယ်မှာတော့ အိမ်မှာပဲ တီဗီကြည့်ရင်း အပျင်းထူနေ၏။
ဝေယံပိုင် ဟင်းချက်နေတုန်း ဧည့်ခန်းထဲမှ အသံကြားရ၍ မီးဖိုခန်း နံရံပေါ်ကပ်ထားသည့် နာရီကို လှမ်းကြည့်လိုက်သည်။ အခုမှ ၅နာရီခွဲ.. သူမနိုးနေပြီလား...
သူမီးဖိုကို ပိတ်လိုက်ပြီး ဧည့်ခန်းဆီ လျှောက်လာလျှင် ရုံးတက် ခခနနအနီရောင် မိန်းကလေးဝတ် ဝတ်စုံနှင့် လှပလွန်းသည့် သူမကိုမြင်ရ၏။ ဘယ်အချိန်တုန်းက နိုးပြီး ပြင်ဆင်ပြီး ဘယ်ကိုသွားမှာလဲ...? ကြောင်အမ်းရင်းသာ သူမကို ကြည့်နေမိ၏။
မီးခိုရောင် အေပရွန်ကို ဝတ်ထားသည့် ခင်ပွန်းဖြစ်သူငေးကြည့်နေသည်ကို မြင်လျှင် ရွှေငယ်က စာရွက်စာတန်းစီနေ၍ မျက်နှာပေါ် ခိုလွှဲနေသည့် ဆံပင်စများကို နားရွက်နောက် သပ်ကာ..
"အော်...ကျွန်မ ကျောင်းကိစ္စနဲ့ ကျိုင်းတုံကို ပြန်ရမှာ ရှင်လိုက်ပို့ဖို့မလိုပါဘူး..ကျွန်မ တက္ကဆီ ငှားထားပြီးပြီ..”
"ဟင်...”
ထိုသို့ ပြောပြီး ဝေယံ မျက်နှာပေါ် အပြုံးတို့ ဝေဖြာလာ၏။
"ရှင်က ဘာကိုရီနေတာလဲ”
"ငယ်...ကျိုင်းတုံကို ကျောင်းကိစ္စနဲ့ ပြန်စရာမလိုတော့ပါဘူး...”
"ရှင်.....”
ရွှေငယ် သူဆိုလိုတာကို နားမလည်ပေ။ ဘာလို့ သူမက မပြန်ရမှာလဲ?
"အော်...ကိုယ်က ငယ့်ကျောင်းကိစ္စအတွက် အကုန်စီစဥ်ပြီးသွားပြီ..ငယ်က လူစိမ်းတွေနဲ့ သိပ်မကပ်ချင်တော့ အွန်လိုင်းဆရာမ တစ်ယောက်ငှားပြီး အိမ်မှာပဲ သင်လို့ရပြီ..”
ဒီတစ်ခါက သူမအတွက် ရှော့ခ်အကြီးကြီးပင်။
"ဘယ်လို...”
"လာ..ကိုယ်ရှင်းပြမယ်...”
အေပရွန်ကို ချွတ်ပြီး သူမလက်ကို ဆွဲကာ ဆိုဖာပေါ် ထိုင်စေ၏။ ပြီးနောက် သူဘာလို့ စီစဥ်ထားကြောင်း...ဘယ်တုန်းက စီစဥ်ထားကြောင်းတွေကို ရှင်းပြလေသော် သူမက အကျင့်တိုင်း နှုတ်ခမ်းကိုက်ပြီး...
"ရှင်...ရှင်က ကျွန်မ အားနည်းချက်ကို သုံးပြီး ကျွန်မ ကို အိမ်ထဲ ပိတ်လှောင်ထား ချင်တာပဲ! ”
Advertisement
ထိုစကားကို ကြားလျှင် ဝေယံက ခပ်သဲ့သဲ့ရယ်လိုက်ပြီး..
"ဟား...ကိုယ်က ငယ့်အားနည်းချက်က ဘာလဲဆိုတာတောင် မသိဘူးနော်.. ကိုယ်က ငယ် သူစိမ်းတွေနဲ့ သိပ်မကပ်ချင်တာကို တွေးပြီး စီစဥ်လိုက်တာလေ ..ငယ်မကြိုက်ဘူးဆိုရင် ကိုယ်ပြန်ပြောင်းပေးမယ်လေ..ဒီမြို့ရဲ့ တက္ကသိုလ်မှာ တက်လိုက် နောက်ပြီး ဒီမြို့က တက္ကသိုလ်က ကျားမ မရွေးတက်နေတဲ့ အပြင် နိုင်ငံခြားက လူတွေပါ တက်နေတာနော်...ဒါက ကိုယ် အသိပေးတာ..ကျန်တာ ငယ့်သဘော...”
သူမကို ကိုယ်တိုင် ဆုံးဖြတ်ခိုင်းသည့်ပုံက သူဘာမှ စိတ်မဝင်စားသည့် မျက်နှာမျိုး...
"ရှင်ကျွန်မအားနည်းချက်ကို အသုံးချနေတာ သိသာနေတာကို ထပ်ငြင်းချင်သေးတယ်...”
သူမက မျက်စောင်းထိုးလျှင် သူက ရင်ကွဲမတတ် ရင်ဘတ်ဖိသည့် ပုံစံမျိုးလုပ်ကာ..
"အိုး..အဲလို မျက်စောင်း မထိုးနဲ့လေ..ကိုယ်မနေတတ်ဘူး..”
ထိုသို့ပြောမှ မျက်စောင်းထိုးမှုတွေက နှစ်ဆတက်လာကာ
"ဟွန့်.. ကျွန်မက အိမ်မှာပဲ တစ်သက်လုံးနေနေရတော့မှာလား ရှင်တွေးကြည့် ရှင်သာ ကျွန်မဆိုရင်လဲ ပျင်းပြီး သေချင်သွားမယ်...”
"ကိုယ်သာ ငယ့်နေရာမှာဆို..အပျင်းဖြေဖို့ ကိုယ့်ခင်ပွန်းရဲ့ ကုမ္ပဏီကိုသွားပြီး ထမင်းဟင်းတွေ သွားပို့မှာ...”
သူရိုးရိုးလေးသာ ပြောခဲ့သော်လည်း ထိုရိုးရိုးလေး စကားလုံးထဲတွင် နက်ရှိုင်းသည့် အကြံများ ပါနေမှန်း သူမသိ၏။
"ရှင့်ကုမ္ပဏီကို သွာမယ့်အစား ကျွန်မ အိမ်မှာပဲ အိပ်နေတာ ပိုကောင်းတယ်..”
.................
15.11.21
reviewလေး မရေးပေးချင် ကြဘူးလားဟင်☹
"ကိုယ္..ကိုယ္ ေတာင္းပန္ပါတယ္ေနာ္ ကိုယ္တမင္ လုပ္တာမဟုတ္ဘူး..ငယ္ကိုယ့္ကို စိတ္မဆိုးဘူးမို႔လား..
သူ႕ကို ေက်ာေပးအိပ္ေနေသာ ေကာင္မေလးအား ေခ်ာ့ေမာ့ခန္း ဖြင့္ရျပန္သည္။ သူတကယ္ပဲ ရည္႐ြယ္ၿပီး လုပ္လိုက္တာမဟုတ္ေပ..။ ေနာက္ၿပီး သူမမရွိလွ်င္ သူအိပ္ေပ်ာ္မည္ မဟုတ္ဆိုသည္မွာလည္း ဧကန္စင္စစ္။
"ကြၽန္မ..စိတ္ဆိုးမေနပါဘူး..ၿပီးေတာ့ စိတ္လဲမဆိုးတတ္ဘူး...
တိုးတိုးဖြဖြအသံေလးႏွင့္ သူမကေျပာလာလွ်င္ တကယ္ေျပာေနတာလား ႐ြဲ႕ေျပာတာလား သူခြဲျခား၍မရျဖစ္ျပန္၏။
"ငယ္..ကိုယ္တစ္ကယ္ ေတာင္းပန္တာပါေနာ္
ေျပာရင္း လဲေလ်ာင္းရင္းႏွင့္ပင္ သူ႕ကိုေက်ာခိုင္းထားေသာ သူမေလးပုခုံးေပၚ လက္တင္လိုက္သည္။ သူမကမ႐ုန္းသလို ဘာမွလည္းမေျပာ။ ထိုသည္က သူ႕ရင္မ်ားကို ပို၍ပင္ ေျဗာင္းဆတ္ခတ္ေစသည္။ အခ်ိန္အနည္းငယ္အၾကာမွ သူမဆီက အသံသဲ့သဲ့ထြက္လာ၏။
"ရွင္ေနာက္ဆို ကြၽန္မေရွ႕မွာ သူမ်ားေတြေရွ႕ကလို လူႀကီးလူေကာင္းဆန္ဆန္ေနေပးလို႔ မရဘူးလား ကြၽန္မကိုလည္း ဟိုထိဒီပါး လာလာမက်ီစည္နဲ႕ေတာ့ မဟုတ္ရင္ ကြၽန္မတကယ္ စိတ္ဆိုးသြားမွာ...
ထိုစကားက ၿခိမ္းေျခာက္တာလား သတိေပးတာလား သူစိတ္မဝင္စားေတာ့ေပ။ အဓိကက သူမေလး စိတ္မဆိုးဖို႔ပင္။
"ဖက္ထားလို႔ေတာ့ ရတယ္မို႔လား..ငယ္
ေျပာရင္း သူမကို သူ႕ဆီမ်က္ႏွာျပန္လွည့္ခိုင္းကာ ရင္ခြင္ထဲထည့္၏။ သူမက မ႐ုန္းသလို ဘာမွလည္းထပ္မေျပာေပ။ သူမေခါင္းကို လက္ျဖင့္ သပ္ရင္း...
"ငယ္လို႔.. ကိုယ္ေမးေနတယ္ေလ ရလားလို႔
"ကြၽန္မက ႐ုန္းေနလို႔လား?
သူမမ႐ုန္းဘူးဆို သူမလက္ခံသည့္ သေဘာပင္။ ထိုစကားၾကားၿပီး ေဝယံက အၿပဳံးေတြကို ပိုမိုနက္ရွိုင္းေစလိုက္ကာ သူ႕ရင္ခြင္ထဲက သူမေလးကို လြတ္မထြက္သြားေအာင္ ခပ္တင္းတင္းဖက္ထားေလေတာ့သည္။
........ ....
ႏွစ္ေယာက္စလုံး တာခ်ီလိတ္ရွိအိမ္သို႔ ျပန္ေရာက္သည့္ အေတာအတြင္း ေဝယံပိုင္တစ္ေယာက္ တစ္လေက်ာ္ေက်ာ္ခန့္ ပစ္ထားခဲ့သည့္ ကုမၸဏီအလုပ္မ်ားကို ေခါင္းငိုက္စိုက္သည္အထိ အလုပ္ေတြႏွင့္ ဖိေနခဲ့ရသည္။ သို႔ေသာ္ ေဝယံတို႔မွာ အလုပ္ဘယ္ေလာက္မ်ားမ်ား အရင္တုန္းကႏွင့္မတူဘဲ အိမ္ကိုအခ်ိန္မွန္ျပန္၏။ ထိုေလာက္မကေသး..မနက္ခင္း ထလာၿပီးေတာင္ သူ႕ဇနီးေလး တစ္ေန႕တာ အစားအစာမ်ားအား ျပင္ဆင္ထားေပးသည္။
ေ႐ႊငယ္မွာ အစာမေ႐ြးသည့္သူမို႔ ေဝယံခ်က္ေကြၽးသမွ်ကို စားေနနိုင္သည္။ တစ္ခါတစ္ရံ သူမေတြးမိသည္မွာ သူမလုပ္ေနတာ ဆန့္က်င္ဘက္မ်ား ျဖစ္သြားေလသလား.. ? သူမမိခင္၏ ဆႏၵက သူမကို အိမ္ေထာင္ရွင္မေကာင္း တစ္ေယာက္ျဖစ္ေစဖို႔ႏွင့္ ခင္ပြန္းျဖစ္သူ၏ ေဝယ်ာဝစၥ အျဖာျဖာကို ေဆာင္႐ြက္ ေပးရမည္ပင္..။သို႔ေသာ္ အခုမွာ သူ႕ေယာက္်ားက သူမမထခင္ စားစရာေတြ ခ်က္ေပးထားၿပီး သူမထၿပီးစားလိုက္႐ုံသာ..
ပိုထူးျခားသည္မွာ ဘယ္လိုနဂါးမ်ိဳး သူမကို ဝင္စားလိုက္သည္မသိ။ ငါးနာရီ မနက္တိုင္း အိပ္ယာမွ ထေသာသူမမွာ ၇နာရီ ခင္ပြန္းျဖစ္သူ ႐ုံးသြားဖို႔သာ က်န္ေတာ့သည့္ အခ်ိန္ေလာက္မွ နိုးထလာ၏။ သူ႕ရင္ခြင္ကပဲ ႏြေးေထြးလြန္းတာလား..ဒါမွမဟုတ္ ဒါက အိမ္ေထာင္ဘဝရဲ႕ လွ်ို႔ဝွက္ခ်က္ မ်ားလား..?
.....
ဒီေန႕ေတာ့ ေ႐ႊငယ္ ေစာေစာအိပ္ထားသည္မို႔ အိပ္ယာထမေနာက္က်ေတာ့ေပ။ ဟန္းနီးမြန္းက ျပန္လာတာ တစ္ပတ္ေလာက္ရွိၿပီ ဆိုေသာ္လည္း ေဝယံကသာ ႐ုံးသြား႐ုံးျပန္ အလုပ္ရႈပ္ေနၿပီး ေ႐ႊငယ္မွာေတာ့ အိမ္မွာပဲ တီဗီၾကည့္ရင္း အပ်င္းထူေန၏။
ေဝယံပိုင္ ဟင္းခ်က္ေနတုန္း ဧည့္ခန္းထဲမွ အသံၾကားရ၍ မီးဖိုခန္း နံရံေပၚကပ္ထားသည့္ နာရီကို လွမ္းၾကည့္လိုက္သည္။ အခုမွ ၅နာရီခြဲ.. သူမနိုးေနၿပီလား...
သူမီးဖိုကို ပိတ္လိုက္ၿပီး ဧည့္ခန္းဆီ ေလွ်ာက္လာလွ်င္ ႐ုံးတက္ ခခနနအနီေရာင္ မိန္းကေလးဝတ္ ဝတ္စုံႏွင့္ လွပလြန္းသည့္ သူမကိုျမင္ရ၏။ ဘယ္အခ်ိန္တုန္းက နိုးၿပီး ျပင္ဆင္ၿပီး ဘယ္ကိုသြားမွာလဲ...? ေၾကာင္အမ္းရင္းသာ သူမကို ၾကည့္ေနမိ၏။
Advertisement
မီးခိုေရာင္ ေအပ႐ြန္ကို ဝတ္ထားသည့္ ခင္ပြန္းျဖစ္သူေငးၾကည့္ေနသည္ကို ျမင္လွ်င္ ေ႐ႊငယ္က စာ႐ြက္စာတန္းစီေန၍ မ်က္ႏွာေပၚ ခိုလႊဲေနသည့္ ဆံပင္စမ်ားကို နား႐ြက္ေနာက္ သပ္ကာ..
"ေအာ္...ကြၽန္မ ေက်ာင္းကိစၥနဲ႕ က်ိဳင္းတုံကို ျပန္ရမွာ ရွင္လိုက္ပို႔ဖို႔မလိုပါဘူး..ကြၽန္မ တကၠဆီ ငွားထားၿပီးၿပီ..
"ဟင္...
ထိုသို႔ ေျပာၿပီး ေဝယံ မ်က္ႏွာေပၚ အၿပဳံးတို႔ ေဝျဖာလာ၏။
"ရွင္က ဘာကိုရီေနတာလဲ
"ငယ္...က်ိဳင္းတုံကို ေက်ာင္းကိစၥနဲ႕ ျပန္စရာမလိုေတာ့ပါဘူး...
"ရွင္.....
ေ႐ႊငယ္ သူဆိုလိုတာကို နားမလည္ေပ။ ဘာလို႔ သူမက မျပန္ရမွာလဲ?
"ေအာ္...ကိုယ္က ငယ့္ေက်ာင္းကိစၥအတြက္ အကုန္စီစဥ္ၿပီးသြားၿပီ..ငယ္က လူစိမ္းေတြနဲ႕ သိပ္မကပ္ခ်င္ေတာ့ အြန္လိုင္းဆရာမ တစ္ေယာက္ငွားၿပီး အိမ္မွာပဲ သင္လို႔ရၿပီ..
ဒီတစ္ခါက သူမအတြက္ ေရွာ့ခ္အႀကီးႀကီးပင္။
"ဘယ္လို...
"လာ..ကိုယ္ရွင္းျပမယ္...
ေအပ႐ြန္ကို ခြၽတ္ၿပီး သူမလက္ကို ဆြဲကာ ဆိုဖာေပၚ ထိုင္ေစ၏။ ၿပီးေနာက္ သူဘာလို႔ စီစဥ္ထားေၾကာင္း...ဘယ္တုန္းက စီစဥ္ထားေၾကာင္းေတြကို ရွင္းျပေလေသာ္ သူမက အက်င့္တိုင္း ႏႈတ္ခမ္းကိုက္ၿပီး...
"ရွင္...ရွင္က ကြၽန္မ အားနည္းခ်က္ကို သုံးၿပီး ကြၽန္မ ကို အိမ္ထဲ ပိတ္ေလွာင္ထား ခ်င္တာပဲ!
ထိုစကားကို ၾကားလွ်င္ ေဝယံက ခပ္သဲ့သဲ့ရယ္လိုက္ၿပီး..
"ဟား...ကိုယ္က ငယ့္အားနည္းခ်က္က ဘာလဲဆိုတာေတာင္ မသိဘူးေနာ္.. ကိုယ္က ငယ္ သူစိမ္းေတြနဲ႕ သိပ္မကပ္ခ်င္တာကို ေတြးၿပီး စီစဥ္လိုက္တာေလ ..ငယ္မႀကိဳက္ဘူးဆိုရင္ ကိုယ္ျပန္ေျပာင္းေပးမယ္ေလ..ဒီၿမိဳ႕ရဲ႕ တကၠသိုလ္မွာ တက္လိုက္ ေနာက္ၿပီး ဒီၿမိဳ႕က တကၠသိုလ္က က်ားမ မေ႐ြးတက္ေနတဲ့ အျပင္ နိုင္ငံျခားက လူေတြပါ တက္ေနတာေနာ္...ဒါက ကိုယ္ အသိေပးတာ..က်န္တာ ငယ့္သေဘာ...
သူမကို ကိုယ္တိုင္ ဆုံးျဖတ္ခိုင္းသည့္ပုံက သူဘာမွ စိတ္မဝင္စားသည့္ မ်က္ႏွာမ်ိဳး...
"ရွင္ကြၽန္မအားနည္းခ်က္ကို အသုံးခ်ေနတာ သိသာေနတာကို ထပ္ျငင္းခ်င္ေသးတယ္...
သူမက မ်က္ေစာင္းထိုးလွ်င္ သူက ရင္ကြဲမတတ္ ရင္ဘတ္ဖိသည့္ ပုံစံမ်ိဳးလုပ္ကာ..
"အိုး..အဲလို မ်က္ေစာင္း မထိုးနဲ႕ေလ..ကိုယ္မေနတတ္ဘူး..
ထိုသို႔ေျပာမွ မ်က္ေစာင္းထိုးမႈေတြက ႏွစ္ဆတက္လာကာ
"ဟြန့္.. ကြၽန္မက အိမ္မွာပဲ တစ္သက္လုံးေနေနရေတာ့မွာလား ရွင္ေတြးၾကည့္ ရွင္သာ ကြၽန္မဆိုရင္လဲ ပ်င္းၿပီး ေသခ်င္သြားမယ္...
"ကိုယ္သာ ငယ့္ေနရာမွာဆို..အပ်င္းေျဖဖို႔ ကိုယ့္ခင္ပြန္းရဲ႕ ကုမၸဏီကိုသြားၿပီး ထမင္းဟင္းေတြ သြားပို႔မွာ...
သူရိုးရိုးေလးသာ ေျပာခဲ့ေသာ္လည္း ထိုရိုးရိုးေလး စကားလုံးထဲတြင္ နက္ရွိုင္းသည့္ အႀကံမ်ား ပါေနမွန္း သူမသိ၏။
"ရွင့္ကုမၸဏီကို သြာမယ့္အစား ကြၽန္မ အိမ္မွာပဲ အိပ္ေနတာ ပိုေကာင္းတယ္..
.................
15.11.21
reviewေလး မေရးေပးခ်င္ ၾကဘူးလားဟင္
Advertisement
- In Serial51 Chapters
Bodyguard's Love
Luana Aubretia is the princess of Auvrovaria, the most powerful empire in the world. Daughter of Emperor Arthur and the deceased Empress Isadora who died giving birth to her.As the princess's 18th birthday approached, the Order of the Imperial Knights who had been sent on a mission three years ago came back victorious, led by their new captain, Lucas Koraxos, who was also known as their hero.During the ceremony of their return, the young captain was appointed by the emperor to the position of the princess's personal bodyguard. A decision that surprised everyone including the princess herself."I will protect you until my last breath, Your Highness."Why did the emperor suddenly decide to appoint the captain of the knights to that position ? And why does Sir Koraxos look at her with such passion in his eyes ?Ranks:🏅2 - Royalty (31/01/2022)🏅2 - Femalelead (31/03/2022)🏅2 - Historical (09/08/2022)🏅3 - Knight (30/03/2022)🏅4 - Bodyguard (07/07/2021)🏅4 - Imperial (19/03/2022)🏅4 - Princess (03/05/2022)🏅4 - Magicalcreatures (20/07/2022)🏅5 - Nobles (18/05/2022)🏅7- Emperor (01/04/2022)🏅8- Magic (05/05/2022)🏅15 - Fantasy-romance (30/07/2021)🏅26 - Empress (01/04/2022)🏅29 - Sweet-romance (30/03/2022)🏅31 - Romance (31/01/2022)Prizes:🥈- 2nd place in the Cappuccino Book Awards 2021 in Romance
8 191 - In Serial25 Chapters
အိမ်မက်မဟုတ်သောအိမ်မက်
Warning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။
8 248 - In Serial27 Chapters
What's wrong with Mr. Kim? [Kim Taehyung FF]
Genre: Romantic ComedyThis story revolves around a perfect boss and his not so perfect secretary. Both of them find each other very annoying and intolerable yet they can't let go of each other. Will their professional life remain totally professional or they're gonna make it spicy with love, lust and jealousy? What's that one thing which doesn't let them get distanced from each other?(Partly inspired from Korean Drama- What's wrong with Secretary Kim?)Are you tired of reading cold, rude and mean boss's stories? Why not give a try to my story?Warning⚠️: Contains smut and mature content!
8 274 - In Serial26 Chapters
Alpha Twins (Completed)
What happens when two twins find out that they have the same mate? Well they fight till the death??? Who knows read the book and you will find out :)
8 125 - In Serial74 Chapters
Greenwood Knight
Lord Erec, Baron of Greenwood. Years of service earned him glory, honor, wealth and even a title or two. While contented, he felt no real joy...until he met her.Resourceful and brave, Gwyndolyn twice escaped death at the hands of treacherous villains. But she found herself quite alone...until she met him.War loomed ominously from Far North. Treachery and treason lurked within. The King and the entire kingdom were in danger.Falsely labeled as traitors and hunted like animals, Erec & Gwyndolyn desperately searched for the real traitor. But how could they possibly beat the odds and win the day before time ran out?*This work has shortened chapters for e-readers. In book form it would have about 34 chapters.
8 131 - In Serial49 Chapters
Eccentric In Apocalypse (Bl)
Time travel.This is unscientific and nobody can tell if it's true or not.But the Boy travel back in time before the whole Zombie Apocalypse occur.His Borther is gay and their parents are against their son's relationship with his gangster's boyfriend but in Apocalypse, he is the first--no,the only one who reach out to help their family.Thanks to him they didn't got eaten when the zombie beseige the capital.But thanks to their domineering parents and his own brother's selfishness.The gangster have fall out with him and find a lover who apparently have a space power and has so many great supplies (who knows where he gets them).In anger, his brother and family didn't follow the Gangster's group despite the gangster promise that even though they broken up he will still protect him.So they leave with pride and died instantly.And him?He is the younger brother.■■My original work■■
8 353

