《Untamed Flower( ပန်းရိုင်း)》အပိုင်း၆၀
Advertisement
သူတို့နှစ်ယောက် တောင်ပေါ်မှာ တစ်ပတ်တိတိနေခဲ့ပြီး တစ်ပတ်ပြည့်သော နေ့မှာပင် ရွာမှာ ထပ်မနားတော့ပဲ ဟိုပုံးကို တန်းတန်းမတ်မတ် မောင်းလာခဲ့၏။ ဟိုပုံးရောက်တော့လည်း မိနှစ်အနည်းငယ်သာ နေခဲ့ပြီး ကိုစိုင်းမွန်းကို နှုတ်ဆက်ကာ သူမ၏ အဖွားအိမ်ရှိရာ တောင်ကြီးကို တည့်တည့်မောင်းသွားပြန်သည်။
ပင်ပန်းသလားဆိုရင် ပင်ပန်း၏။ သို့သော် သူစိမ်းတွေနှင့် အနေသိပ်မကပ်ချင်သော သူမအတွက်ဆို သူဘယ်လောက်ထိ မောပန်းပါစေ.. အကုန်လက်ခံနိုင်သည်။
ရွှေငယ်က သူမ၏အဖွားအိမ်ကို လမ်းကြုံမဝင်ချင်။ အကြောင်းရင်းမှာ စစ်လားဆေးလား မေးလားမြန်းလား လုပ်မည့် ဒေါ်လေးဖြစ်သူကြောင့်ပင်။ သို့သော်လည်း အဖွားကိုယ်တိုင်က သတိရကြောင်း ဖုန်းနှင့်ဆက်လာသဖြင့် ဝင်လိုက်ရခြင်းဖြစ်၏။
သူတို့ တောင်ကြီးရှိအိမ်ကို ရောက်သည့်အချိန်တွင် ညနေတောင်စောင်းလို့ နေပြီ။ နှစ်ယောက်စလုံးက တောင်ကြီးတွင် တစ်လနီးပါး နေခဲ့သည်မို့ ထိုပတ်ဝန်းကျင်ကို ကျင်လည်လို့နေပြီ။
သူမတို့အိမ်ရောက်တာနှင့် ဒေါ်လေးက အိမ်ရှေ့မှာ ကြိုဖို့စောင့်နေသလို အဖွားကလည်း ဝှီးချဲပေါ်တွင် ချစ်မြေးစုံတွဲအား လည်ပင်းတမျှော်မျှော်နှင့် စောင့်နေကြ၏။ ရွှေငယ် အဖွားဖြစ်သူ အိမ်ပြင်ရောက်နေသည်ကို တွေ့လျှင် ချက်ချင်းပင် ကားပေါ်က ဆင်းပြီး အဖွားဆီသို့ အပြေးပြေးလေသည်။
"ဖွား..ဘာလို့အပြင် ထွက်လာတာလဲ လေအေးတွေ မိလိမ့်မယ်...”
သူမက ဝှီးချဲကို အိမ်ထဲ ဦးတည်တွန်းပြီး ပြောလာလျှင် အဖွားက..
"အို..ရွှေလေးရယ်..အဖွားက မြေးလေးတို့ကို လွမ်းလို့ပေါ့ ပြီးတော့ ရာသီဥတုက တော်တော်ကို ပူနေတာ... အအေးမိစရာ အကြောင်းမရှိပါဘူး..”
"အေး..ဟုတ်သား.ရွှေလေး သမီးအရမ်းအေးနေလို့လား လည်စီးတွေပါ ဝတ်ထားတယ်..နေမကောင်းလို့လားဟင်... တီလေး ခုချက်ချင်း ဆရာဝန်ခေါ်ပေးမယ်..”
ခပ်ထူထူရှပ်လက်ရှည် အနက်ရောင် ဝတ်ထားပြီး လည်စီး အနီရောင်ပါ ဆင်ထားသော သူမကြောင့် ဒေါ်လေးရွှေနုက သူမကိုတစ်လှည့် သူမလေးအိတ်တွေ သယ်လာသော ဝေယံကို တစ်လှည့်ကြည့်ကာ စိုးရိမ်စွာ မေးလာသည်။
"မ..မဟုတ်ပါဘူး တီလေး သမီး.. တောင်ပေါ်က ဆင်းလာချင်းချင်း မချွတ်လိုက်ရလို့ပါ ကားထဲလည်း အဲကွန်းကြောင့် အေးနေတော့လေ..အဲဒါကြောင့် ဝတ်ထားတာ..”
မျက်နှာနီရဲကာ ပြောလိုက်သော သူမကြောင့် ဝေယံ ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ လည်စီးသာ မပတ်ထားပါက......
ပါးစပ်ကို အတင်းစေ့ပိတ်ပြီး မရယ်အောင်ထိန်းနေသော လူနှင့် ရွှေငယ် မျက်နှာချင်းဆိုင် မိလျှင် ဒေါသတွေ လေအဟုန်ဖြင့် ထွက်လာရသည်။ အကုန် ရှင့်ကြောင့်..!
"ဖွား..အထဲသွားကြစို့..._”
ထိုလူကို မျက်စောင်းထိုးပြပြီး ဝှီးချဲကို တွန်းကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။
...........
ညစာ စားပွဲတွင် အဆင်ပြေပြေ ပြောဆိုရယ်မောနေကြသော ကြင်စဦး လင်မယားနှစ်ယောက်ကြောင့် လူကြီးဖြစ်သော အဖွားနှင့် ဒေါ်လေးမှာလည်း ပီတိတွေ ဝေဖြာလျက်။ သူတို့သူမလေးအတွက် ရွေးချယ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက မမှားရှာဘူး..ထိုအတွက်လည်း ကိုယ့်ကိုယ်ကို ဂုဏ်တွေယူမိနေကြ၏။
ညစာ စားပြီးသွားကြတော့ ဝေယံက အဖွားနှင့် စကားပြောနေသလို ရွှေငယ်ကလည်း တီလေးရွှေနုနှင့် စီးပွားရေးအကြောင်း ဆွေးနွေးနေကြ၏။ ထိုမြင်ကွင် ထိုပုံရိပ်မှာ အတော်ကို ပျော်စရာကောင်းကြောင်း သူမရင်ထဲ နက်နက်ရှိုင်းရှိုင်း ခံစားမိ၏။ မိသားစုရဲ့ နွေးထွေးလှသော အရိပ်အမြုံဆိုတာ ဒါလား..ဒီလိုမျိုးသာ တစ်သက်လုံး နေထိုင်သွားရလျှင် မည်မျှထိ ကောင်းလေမည်နည်း..။
ထမင်းစားနေတုန်း စကားစမြည်ပြောနေကြတုန်း အချိန်တွေက အဆင်ပြေခဲ့ပေမယ့် အိပ်ယာဝင်မည့်အချိန်ကျတော့ ရွှေငယ်တစ်ယောက် အခက်ကြီးတွေလေပြီ။ သူမကို ညတိုင်း ကျီစယ်နေသည့် လူကြီးနှင့် အတူမအိပ်ချင်။ ဒီညတော့ သူ့ကို မရရအောင် ရှောင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
"မမလေးနဲ့ အကိုလေးရဲ့ အခန်းကို ပြင်ဆင်ပေးလို့ပြီးပါပြီရှင့် အနားယူချင်ယူလို့ရပါပြီ...”
အစေခံမလေးက ကျိုးကျိုးနွံနွံပြောဆိုလာ၏။ ထိုအချိန်တွင် ဝေယံ၏ ဖြတ်ခနဲအပြုံးရေးရေးကို ရွှေငယ် မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ ဒီလူ..!
"ဟုတ်သား..ရွှေလေးတို့ တောင်ပေါ်က ဆင်းလာတာလေ ပင်ပန်းနေမှာပဲ စောစောနားတော့..သားက မနက်ဖြန် တာချီလိတ်ကို ကားထပ်မောင်းရမှာဆို တော့ စောစောနားသင့်တယ် ကလေး...”
အဖွားဖြစ်သူက မြေးလေးနှစ်ယောက် ပင်ပန်းနွမ်းနယ်မည်စိုး၍ စောစောနားခိုင်းလိုက်ခြင်းဖြစ်၏။ သို့သော် ဒေါ်လေး ရွှေနုက အထင်လွှဲသွားပုံပေါ်ပြီး ရွှေငယ်တို့လင်မယား အဖွားစကားကို တစ်ခွန်းမှ မဖြေရသေးခင်မှာပင်...
"ဒါဆိုလည်း ရွှေလေး တီလေးနဲ့ အိပ်လိုက်လေ...သားက ပင်ပန်းနေမှာ..”
ဒေါ်လေးဖြစ်သူ စကားကို အဖွားနှင့်ဝေယံက ဘာကိုဆိုလိုမှန်း နားလည်သော်လည်း ရွှေငယ်ကတော့ ဘာမှ နားမလည်ပဲ ခေါင်းကိုသာ ငြိမ့်နေမိသည်။ အကြောင်းမှာတော့ သူမဒီည ထိုလူ၏ ကျီစည်ခြင်းမှ လွတ်မြောက်သွားလိုက်ခြင်းပင်..။
"ရွှေနု...ညည်းက သူများကြင်စဦး လင်မယားကို ခွဲနေတာပဲ..ညည်းလည်းကိုယ့်အခန်းကို ပြန်ပြီး သွားအိပ်တော့....”
အဖွားက လောကဝတ် နားမလည်သလိုပုံစံလုပ်နေသော အပျိုကြီးသမီးငယ်ကို အလောတကြီး ဒေါ်လေးကို ဝင်ဆူလိုက်သည်။
Advertisement
"သမီး ဒေါ်လေးနဲ့ အိပ်လိုက်မယ်..ဖွား..”
"ဟေ..”³
သုံးယောက်စလုံး သူမကို ဝိုင်းကြည့်လာကြသည်။ သူမတို့ ဘေးတွင် သန့်ရှင်းရေးလုပ် ပစ္စည်းသိမ်းနေကြသော အစေခံများကလည်း ထိုနည်းတူ အုံကြည့်လာ၏။ သူတို့ရဲ့ မမလေးက လက်ထပ်ထားတာတောင် မကြာသေးပဲ ယောက်ျားနဲ့ ခွဲအိပ်ချင်နေတာလား..
ဒေါ်ရွှေနုက အဖွားအဆူခံရမည့် ကိစ္စမှ လွတ်မြောက်သွား၍ ရွှေငယ့်ပြောတာကို လက်ခံလိုက်သည်။ သို့သော်လည်း သူမတွင် လင်မယားနှစ်ယောက်ကို တစိုးတစိမျှ ခွဲစေချင်သည့် ဆန္ဒမရှိပါဟု ဝန်ခံလေ၏။
မြေးအဘွားတူဝရီးသုံးယောက် စကားများနေသည်ကို ထိုင်ငေးကြည့်ရုံက လွဲပြီး ဝေယံပိုင် ဘာမှမတတ်နိုင်ချေ။ သူတို့ဆုံးဖြတ်တာကိုလည်း သူလက်ခံလိုက်ရ၏။ အဆိုးဆုံးကတော့ သူမလေးနှင့် ခွဲအိပ်ရမှာကိုပင်..
အဒေါ်ဖြစ်သူအခန်းနှင့် သူတို့ကို အစေခံများပြင်ဆင်ပေးထားသည့် အခန်းမှာ ခေါင်မိုးထပ်တွင် တစ်ထပ်တည်းရှိ၏။ သူတို့သုံးယောက် အတူတူတက်လာကြပြီး အခန်းတွေကိုယ်စီ မဝင်မှီ လှေကားထိပ်တွင် ဝေယံပိုင်က ရွှေငယ်၏ လက်ကို ရုတ်တရက် ဆွဲလိုက်သည်။
"ငယ်..ကိုယ်တစ်ယောက်ထဲ မအိပ်ချင်ဘူး!”
"ရှင်..”
ခုနက အဖွားရှေ့မှောက်တွင် သူမအဒေါ်နှင့်အတူ သွားအိပ်မည်ကို လက်ခံသည့်လူကြိီးမှာ ရုတ်တရက် စိတ်ပြောင်းသွား၍ ရွှေငယ် လန့်သွားသည်။
"ရှင် ခုနက လက်ခံလိုက်ပြီလေ..အခုကျမှ ဘာလို့စိတ်ပြောင်း သွားရပြန်တာလဲ?”
ရွှေငယ်က နားမလည်နိုင်သည့် ပုံစံနှင့် မေးလာသလို ဒေါ်ရွှေနုကလည်း ကြောင်အမ်းအမ်းမျက်နှာနှင့် ကြည့်လာ၏။ ဒီလင်မယားက ခွဲအိပ်ဖို့တောင် မခွဲအိပ်ချင်ကြဘူးလား? လက်ထပ်ဖို့ပြောတုန်းက နှစ်ယောက်စလုံး သေမလိုနားချ ခဲ့ရတာ...
"ကိုယ်..လက်ခံမယ်လို့ မပြောခဲ့ပါဘူး..”
"ရှင်...”
အံကိုကြိတ်ကာ ဆဲမိမလိုဖြစ်သွားသည်။ တကယ်တမ်းလည်း သူတကယ်လက်ခံမည်ဟု မပြောခဲ့ပေ။ သူဘာစကားတစ်ခွန်းမှ မဟဘဲ ငြိမ်နားထောင်ခဲ့ခြင်းသာ ဖြစ်၏။ သို့သော် ရွှေငယ်က ငြိမ်နားထောင်ခြင်းကို လက်ခံခြင်းဟု မှားပြီး မှတ်ချက်ချလိုက်မိသည်။
"ဒီတညတည်းပါ...နော်”
သူမက ကလေးပုံစံနှင့် ချွဲလာလျှင် သူက စိတ်ပျက်သွားသည့် ပုံစံနှင့် ပခုံးကို နှိမ့်ချလိုက်ကာ...
"ကိုယ် ငယ်မရှိဘဲ အိပ်ရင်အိပ်ပျော် မှာမဟုတ်ဘူး..”
"ဘယ်လို...!!”
ဒေါ်ရွှေနုက ထိတ်လန့်တကြား ဝင်ပြောလိုက်သည်။ ဒီကလေးတွေက ဘာလို့ ဒီလောက်ထိ ဖြစ်ပျက်နေရတာလဲ လက်ထပ်လို့တောင် မကြာသေးဘူးလေ သံယောဇဥ်ကြိုးတွေက ပိုင်လင်သီကျွင်းရဲ့ လက်နက်ကြိုးထက်တောင် ခိုင်နေကြပြီလား...
"ကျွန်မက ဒေါ်လေးကို လွမ်းနေတာ ဒီညဒေါ်လေးနဲ့ အိပ်မယ်နော် ဒေါ်လေးရေ..ကူပြောပါအုံး”
သနားကမား မျက်လုံးလှုပ်စိလှုပ်စိနှင့် အဒေါ်ဖြစ်သူအား အကူအညီတောင်းနေပုံမှာ မလိုက်လျောပေးလျှင် လူမပီသသည့်ပုံ ပေါက်မည်ကဲ့သို့..။
ဒေါ်ရွှေနု တွေဝေသွားသည်။ သူမကို မချွဲစဖူး တူမလေးက အခုကျ ပျစ်နေအောင် ချွဲပြီး လွမ်းကြောင်း တသသပြောနေလေရဲ့..။ ရွှေငယ့်ရဲ့ ပျစ်ချွဲမှုတွင် ဒေါ်လေးဖြစ်သူက ပျော်ဝင်သွားသော်လည်း မိန်းမဖြစ်သူ၏ မာယာအဖြာဖြာကို သိနေသော ဝေယံမှာတော့ သူ့နားကိုသူတောင် မယုံနိုင်တော့ပေ။ သူ့ဇနီးက ဒီလိုလဲ ဂွင်ဆင်တတ်တာပဲလား....
"သား...ဒီတစ်ညတော့ အန်တီနဲ့ ရွှေလေးကို လွှတ်ပေးလိုက်ပါနော် သူတီလေးကို လွမ်းနေရှာတာ...”
"ဟုတ်တယ်..ရှင် ဒီတစ်ညလေးပဲကို..”
ထောင်ချောက်က လွတ်မည့် အခွင့်အရေးကို ရွှေလေးတို့က လက်လွှတ်မည်မဟုတ်ပေ။
"ငယ်..ဒီည ကိုယ်အိပ်မပျော်ရင် မနက်ဖြန် ကားမောင်းနိုင်မှာ မဟုတ်ဘူး..”
"ကျွန်မ မောင်းနိုင်တယ်..မောင်းပေးမယ်”
ထိုသို့ ပြောပြီး အန်တီလက်ကို ဆွဲကာ အန်တီ့အခန်းဘက်ကို သွားမည်အလုပ် ရွှေငယ့် လည်စီးဟာ ရုတ်တရက် ပြေကျသွားသည်။ ထိုတင်မကသေး ဝေယံက သူမကို ချက်ချင်းသူ့ဘက်ကို ပြန်ဆွဲဖို့ လက်လှမ်းလာကာ သူမလက်မောင်းကို မဆွဲမိဘဲ ရှပ်အင်္ကျီစကို လှမ်းဆွဲလိုက်မိသဖြင့် အပေါ် ကြယ်သီးတစ်လုံး ပြုတ်ထွက်သွား၏။
တစ်ချိန်တည်းမှာပင် လည်ပင်းပေါ်,ညှပ်ရိုးပေါ် အစရှိသည့် နေရာများတွင် ယခင်ညများက ဝေယံကျီစယ်ပြီး ချန်ထားခဲ့သော အနီရောင်အမှတ်အသားများမှာ ပေါ်လွင်လာ၏။
"အို..ဟို..အန်တီ အလောတကြီး လုပ်စရာရှိတယ်..သားတို့ ဆက်ပြောနှင့်ကြပါ..”
ထိုအမှတ်အသားများကို မြင်ပြီး ကြောင်အအနှင့် မခိုင်လုံသော အကြောင်းပြချက်ပေးကာ ဒေါ်ရွှေနု လှေကား အောက်ကို ပြေးဆင်းသွား၏။ သူမ တကယ်ပဲ သူများ စုံတွဲကို သွားနောက်ယှက်နေမိတာ...ထိုအစား အိမ်အောက်ထပ်သွားပြီး အမေဖြစ်သူဆီ အပြစ်ဝန်ခံရမည်..
...........
13.11.21
သူတို႔ႏွစ္ေယာက္ ေတာင္ေပၚမွာ တစ္ပတ္တိတိေနခဲ့ၿပီး တစ္ပတ္ျပည့္ေသာ ေန႕မွာပင္ ႐ြာမွာ ထပ္မနားေတာ့ပဲ ဟိုပုံးကို တန္းတန္းမတ္မတ္ ေမာင္းလာခဲ့၏။ ဟိုပုံးေရာက္ေတာ့လည္း မိႏွစ္အနည္းငယ္သာ ေနခဲ့ၿပီး ကိုစိုင္းမြန္းကို ႏႈတ္ဆက္ကာ သူမ၏ အဖြားအိမ္ရွိရာ ေတာင္ႀကီးကို တည့္တည့္ေမာင္းသြားျပန္သည္။
ပင္ပန္းသလားဆိုရင္ ပင္ပန္း၏။ သို႔ေသာ္ သူစိမ္းေတြႏွင့္ အေနသိပ္မကပ္ခ်င္ေသာ သူမအတြက္ဆို သူဘယ္ေလာက္ထိ ေမာပန္းပါေစ.. အကုန္လက္ခံနိုင္သည္။
Advertisement
ေ႐ႊငယ္က သူမ၏အဖြားအိမ္ကို လမ္းႀကဳံမဝင္ခ်င္။ အေၾကာင္းရင္းမွာ စစ္လားေဆးလား ေမးလားျမန္းလား လုပ္မည့္ ေဒၚေလးျဖစ္သူေၾကာင့္ပင္။ သို႔ေသာ္လည္း အဖြားကိုယ္တိုင္က သတိရေၾကာင္း ဖုန္းႏွင့္ဆက္လာသျဖင့္ ဝင္လိုက္ရျခင္းျဖစ္၏။
သူတို႔ ေတာင္ႀကီးရွိအိမ္ကို ေရာက္သည့္အခ်ိန္တြင္ ညေနေတာင္ေစာင္းလို႔ ေနၿပီ။ ႏွစ္ေယာက္စလုံးက ေတာင္ႀကီးတြင္ တစ္လနီးပါး ေနခဲ့သည္မို႔ ထိုပတ္ဝန္းက်င္ကို က်င္လည္လို႔ေနၿပီ။
သူမတို႔အိမ္ေရာက္တာႏွင့္ ေဒၚေလးက အိမ္ေရွ႕မွာ ႀကိဳဖို႔ေစာင့္ေနသလို အဖြားကလည္း ဝွီးခ်ဲေပၚတြင္ ခ်စ္ေျမးစုံတြဲအား လည္ပင္းတေမွ်ာ္ေမွ်ာ္ႏွင့္ ေစာင့္ေနၾက၏။ ေ႐ႊငယ္ အဖြားျဖစ္သူ အိမ္ျပင္ေရာက္ေနသည္ကို ေတြ႕လွ်င္ ခ်က္ခ်င္းပင္ ကားေပၚက ဆင္းၿပီး အဖြားဆီသို႔ အေျပးေျပးေလသည္။
"ဖြား..ဘာလို႔အျပင္ ထြက္လာတာလဲ ေလေအးေတြ မိလိမ့္မယ္...
သူမက ဝွီးခ်ဲကို အိမ္ထဲ ဦးတည္တြန္းၿပီး ေျပာလာလွ်င္ အဖြားက..
"အို..ေ႐ႊေလးရယ္..အဖြားက ေျမးေလးတို႔ကို လြမ္းလို႔ေပါ့ ၿပီးေတာ့ ရာသီဥတုက ေတာ္ေတာ္ကို ပူေနတာ... အေအးမိစရာ အေၾကာင္းမရွိပါဘူး..
"ေအး..ဟုတ္သား.ေ႐ႊေလး သမီးအရမ္းေအးေနလို႔လား လည္စီးေတြပါ ဝတ္ထားတယ္..ေနမေကာင္းလို႔လားဟင္... တီေလး ခုခ်က္ခ်င္း ဆရာဝန္ေခၚေပးမယ္..
ခပ္ထူထူရွပ္လက္ရွည္ အနက္ေရာင္ ဝတ္ထားၿပီး လည္စီး အနီေရာင္ပါ ဆင္ထားေသာ သူမေၾကာင့္ ေဒၚေလးေ႐ႊႏုက သူမကိုတစ္လွည့္ သူမေလးအိတ္ေတြ သယ္လာေသာ ေဝယံကို တစ္လွည့္ၾကည့္ကာ စိုးရိမ္စြာ ေမးလာသည္။
"မ..မဟုတ္ပါဘူး တီေလး သမီး.. ေတာင္ေပၚက ဆင္းလာခ်င္းခ်င္း မခြၽတ္လိုက္ရလို႔ပါ ကားထဲလည္း အဲကြန္းေၾကာင့္ ေအးေနေတာ့ေလ..အဲဒါေၾကာင့္ ဝတ္ထားတာ..
မ်က္ႏွာနီရဲကာ ေျပာလိုက္ေသာ သူမေၾကာင့္ ေဝယံ ရယ္ခ်င္စိတ္ကို မနည္းထိန္းေနရသည္။ လည္စီးသာ မပတ္ထားပါက......
ပါးစပ္ကို အတင္းေစ့ပိတ္ၿပီး မရယ္ေအာင္ထိန္းေနေသာ လူႏွင့္ ေ႐ႊငယ္ မ်က္ႏွာခ်င္းဆိုင္ မိလွ်င္ ေဒါသေတြ ေလအဟုန္ျဖင့္ ထြက္လာရသည္။ အကုန္ ရွင့္ေၾကာင့္..!
"ဖြား..အထဲသြားၾကစို႔..._
ထိုလူကို မ်က္ေစာင္းထိုးျပၿပီး ဝွီးခ်ဲကို တြန္းကာ အိမ္ထဲသို႔ ဝင္လာခဲ့သည္။
...........
ညစာ စားပြဲတြင္ အဆင္ေျပေျပ ေျပာဆိုရယ္ေမာေနၾကေသာ ၾကင္စဦး လင္မယားႏွစ္ေယာက္ေၾကာင့္ လူႀကီးျဖစ္ေသာ အဖြားႏွင့္ ေဒၚေလးမွာလည္း ပီတိေတြ ေဝျဖာလ်က္။ သူတို႔သူမေလးအတြက္ ေ႐ြးခ်ယ္ေပးခဲ့တဲ့ အိမ္ေထာင္ေရးက မမွားရွာဘူး..ထိုအတြက္လည္း ကိုယ့္ကိုယ္ကို ဂုဏ္ေတြယူမိေနၾက၏။
ညစာ စားၿပီးသြားၾကေတာ့ ေဝယံက အဖြားႏွင့္ စကားေျပာေနသလို ေ႐ႊငယ္ကလည္း တီေလးေ႐ႊႏုႏွင့္ စီးပြားေရးအေၾကာင္း ေဆြးႏြေးေနၾက၏။ ထိုျမင္ကြင္ ထိုပုံရိပ္မွာ အေတာ္ကို ေပ်ာ္စရာေကာင္းေၾကာင္း သူမရင္ထဲ နက္နက္ရွိုင္းရွိုင္း ခံစားမိ၏။ မိသားစုရဲ႕ ႏြေးေထြးလွေသာ အရိပ္အၿမဳံဆိုတာ ဒါလား..ဒီလိုမ်ိဳးသာ တစ္သက္လုံး ေနထိုင္သြားရလွ်င္ မည္မွ်ထိ ေကာင္းေလမည္နည္း..။
ထမင္းစားေနတုန္း စကားစျမည္ေျပာေနၾကတုန္း အခ်ိန္ေတြက အဆင္ေျပခဲ့ေပမယ့္ အိပ္ယာဝင္မည့္အခ်ိန္က်ေတာ့ ေ႐ႊငယ္တစ္ေယာက္ အခက္ႀကီးေတြေလၿပီ။ သူမကို ညတိုင္း က်ီစယ္ေနသည့္ လူႀကီးႏွင့္ အတူမအိပ္ခ်င္။ ဒီညေတာ့ သူ႕ကို မရရေအာင္ ေရွာင္မည္ဟု ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။
"မမေလးနဲ႕ အကိုေလးရဲ႕ အခန္းကို ျပင္ဆင္ေပးလို႔ၿပီးပါၿပီရွင့္ အနားယူခ်င္ယူလို႔ရပါၿပီ...
အေစခံမေလးက က်ိဳးက်ိဳးႏြံႏြံေျပာဆိုလာ၏။ ထိုအခ်ိန္တြင္ ေဝယံ၏ ျဖတ္ခနဲအၿပဳံးေရးေရးကို ေ႐ႊငယ္ ျမင္ျဖစ္ေအာင္ျမင္လိုက္ေသးသည္။ ဒီလူ..!
"ဟုတ္သား..ေ႐ႊေလးတို႔ ေတာင္ေပၚက ဆင္းလာတာေလ ပင္ပန္းေနမွာပဲ ေစာေစာနားေတာ့..သားက မနက္ျဖန္ တာခ်ီလိတ္ကို ကားထပ္ေမာင္းရမွာဆို ေတာ့ ေစာေစာနားသင့္တယ္ ကေလး...
အဖြားျဖစ္သူက ေျမးေလးႏွစ္ေယာက္ ပင္ပန္းႏြမ္းနယ္မည္စိုး၍ ေစာေစာနားခိုင္းလိုက္ျခင္းျဖစ္၏။ သို႔ေသာ္ ေဒၚေလး ေ႐ႊႏုက အထင္လႊဲသြားပုံေပၚၿပီး ေ႐ႊငယ္တို႔လင္မယား အဖြားစကားကို တစ္ခြန္းမွ မေျဖရေသးခင္မွာပင္...
"ဒါဆိုလည္း ေ႐ႊေလး တီေလးနဲ႕ အိပ္လိုက္ေလ...သားက ပင္ပန္းေနမွာ..
ေဒၚေလးျဖစ္သူ စကားကို အဖြားႏွင့္ေဝယံက ဘာကိုဆိုလိုမွန္း နားလည္ေသာ္လည္း ေ႐ႊငယ္ကေတာ့ ဘာမွ နားမလည္ပဲ ေခါင္းကိုသာ ၿငိမ့္ေနမိသည္။ အေၾကာင္းမွာေတာ့ သူမဒီည ထိုလူ၏ က်ီစည္ျခင္းမွ လြတ္ေျမာက္သြားလိုက္ျခင္းပင္..။
"ေ႐ႊႏု...ညည္းက သူမ်ားၾကင္စဦး လင္မယားကို ခြဲေနတာပဲ..ညည္းလည္းကိုယ့္အခန္းကို ျပန္ၿပီး သြားအိပ္ေတာ့....
အဖြားက ေလာကဝတ္ နားမလည္သလိုပုံစံလုပ္ေနေသာ အပ်ိဳႀကီးသမီးငယ္ကို အေလာတႀကီး ေဒၚေလးကို ဝင္ဆူလိုက္သည္။
"သမီး ေဒၚေလးနဲ႕ အိပ္လိုက္မယ္..ဖြား..
"ေဟ..
သုံးေယာက္စလုံး သူမကို ဝိုင္းၾကည့္လာၾကသည္။ သူမတို႔ ေဘးတြင္ သန့္ရွင္းေရးလုပ္ ပစၥည္းသိမ္းေနၾကေသာ အေစခံမ်ားကလည္း ထိုနည္းတူ အုံၾကည့္လာ၏။ သူတို႔ရဲ႕ မမေလးက လက္ထပ္ထားတာေတာင္ မၾကာေသးပဲ ေယာက္်ားနဲ႕ ခြဲအိပ္ခ်င္ေနတာလား..
ေဒၚေ႐ႊႏုက အဖြားအဆူခံရမည့္ ကိစၥမွ လြတ္ေျမာက္သြား၍ ေ႐ႊငယ့္ေျပာတာကို လက္ခံလိုက္သည္။ သို႔ေသာ္လည္း သူမတြင္ လင္မယားႏွစ္ေယာက္ကို တစိုးတစိမွ် ခြဲေစခ်င္သည့္ ဆႏၵမရွိပါဟု ဝန္ခံေလ၏။
ေျမးအဘြားတူဝရီးသုံးေယာက္ စကားမ်ားေနသည္ကို ထိုင္ေငးၾကည့္႐ုံက လြဲၿပီး ေဝယံပိုင္ ဘာမွမတတ္နိုင္ေခ်။ သူတို႔ဆုံးျဖတ္တာကိုလည္း သူလက္ခံလိုက္ရ၏။ အဆိုးဆုံးကေတာ့ သူမေလးႏွင့္ ခြဲအိပ္ရမွာကိုပင္..
အေဒၚျဖစ္သူအခန္းႏွင့္ သူတို႔ကို အေစခံမ်ားျပင္ဆင္ေပးထားသည့္ အခန္းမွာ ေခါင္မိုးထပ္တြင္ တစ္ထပ္တည္းရွိ၏။ သူတို႔သုံးေယာက္ အတူတူတက္လာၾကၿပီး အခန္းေတြကိုယ္စီ မဝင္မွီ ေလွကားထိပ္တြင္ ေဝယံပိုင္က ေ႐ႊငယ္၏ လက္ကို ႐ုတ္တရက္ ဆြဲလိုက္သည္။
"ငယ္..ကိုယ္တစ္ေယာက္ထဲ မအိပ္ခ်င္ဘူး!
"ရွင္..
ခုနက အဖြားေရွ႕ေမွာက္တြင္ သူမအေဒၚႏွင့္အတူ သြားအိပ္မည္ကို လက်ခံသည့်လူကြိီးမှာ ႐ုတ္တရက္ စိတ္ေျပာင္းသြား၍ ေ႐ႊငယ္ လန့္သြားသည္။
"ရွင္ ခုနက လက္ခံလိုက္ၿပီေလ..အခုက်မွ ဘာလို႔စိတ္ေျပာင္း သြားရျပန္တာလဲ?
ေ႐ႊငယ္က နားမလည္နိုင္သည့္ ပုံစံႏွင့္ ေမးလာသလို ေဒၚေ႐ႊႏုကလည္း ေၾကာင္အမ္းအမ္းမ်က္ႏွာႏွင့္ ၾကည့္လာ၏။ ဒီလင္မယားက ခြဲအိပ္ဖို႔ေတာင္ မခြဲအိပ္ခ်င္ၾကဘူးလား? လက္ထပ္ဖို႔ေျပာတုန္းက ႏွစ္ေယာက္စလုံး ေသမလိုနားခ် ခဲ့ရတာ...
"ကိုယ္..လက္ခံမယ္လို႔ မေျပာခဲ့ပါဘူး..
"ရွင္...
အံကိုႀကိတ္ကာ ဆဲမိမလိုျဖစ္သြားသည္။ တကယ္တမ္းလည္း သူတကယ္လက္ခံမည္ဟု မေျပာခဲ့ေပ။ သူဘာစကားတစ္ခြန္းမွ မဟဘဲ ၿငိမ္နားေထာင္ခဲ့ျခင္းသာ ျဖစ္၏။ သို႔ေသာ္ ေ႐ႊငယ္က ၿငိမ္နားေထာင္ျခင္းကို လက္ခံျခင္းဟု မွားၿပီး မွတ္ခ်က္ခ်လိဳက္မိသည္။
"ဒီတညတည္းပါ...ေနာ္
သူမက ကေလးပုံစံႏွင့္ ခြၽဲလာလွ်င္ သူက စိတ္ပ်က္သြားသည့္ ပုံစံႏွင့္ ပခုံးကို ႏွိမ့္ခ်လိဳက္ကာ...
"ကိုယ္ ငယ္မရွိဘဲ အိပ္ရင္အိပ္ေပ်ာ္ မွာမဟုတ္ဘူး..
"ဘယ္လို...!!
ေဒၚေ႐ႊႏုက ထိတ္လန့္တၾကား ဝင္ေျပာလိုက္သည္။ ဒီကေလးေတြက ဘာလို႔ ဒီေလာက္ထိ ျဖစ္ပ်က္ေနရတာလဲ လက္ထပ္လို႔ေတာင္ မၾကာေသးဘူးေလ သံေယာဇဥ္ႀကိဳးေတြက ပိုင္လင္သီကြၽင္းရဲ႕ လက္နက္ႀကိဳးထက္ေတာင္ ခိုင္ေနၾကၿပီလား...
"ကြၽန္မက ေဒၚေလးကို လြမ္းေနတာ ဒီညေဒၚေလးနဲ႕ အိပ္မယ္ေနာ္ ေဒၚေလးေရ..ကူေျပာပါအုံး
သနားကမား မ်က္လုံးလႈပ္စိလႈပ္စိႏွင့္ အေဒၚျဖစ္သူအား အကူအညီေတာင္းေနပုံမွာ မလိုက္ေလ်ာေပးလွ်င္ လူမပီသသည့္ပုံ ေပါက္မည္ကဲ့သို႔..။
ေဒၚေ႐ႊႏု ေတြေဝသြားသည္။ သူမကို မခြၽဲစဖူး တူမေလးက အခုက် ပ်စ္ေနေအာင္ ခြၽဲၿပီး လြမ္းေၾကာင္း တသသေျပာေနေလရဲ႕..။ ေ႐ႊငယ့္ရဲ႕ ပ်စ္ခြၽဲမႈတြင္ ေဒၚေလးျဖစ္သူက ေပ်ာ္ဝင္သြားေသာ္လည္း မိန္းမျဖစ္သူ၏ မာယာအျဖာျဖာကို သိေနေသာ ေဝယံမွာေတာ့ သူ႕နားကိုသူေတာင္ မယုံနိုင္ေတာ့ေပ။ သူ႕ဇနီးက ဒီလိုလဲ ဂြင္ဆင္တတ္တာပဲလား....
"သား...ဒီတစ္ညေတာ့ အန္တီနဲ႕ ေ႐ႊေလးကို လႊတ္ေပးလိုက္ပါေနာ္ သူတီေလးကို လြမ္းေနရွာတာ...
"ဟုတ္တယ္..ရွင္ ဒီတစ္ညေလးပဲကို..
ေထာင္ေခ်ာက္က လြတ္မည့္ အခြင့္အေရးကို ေ႐ႊေလးတို႔က လက္လႊတ္မည္မဟုတ္ေပ။
"ငယ္..ဒီည ကိုယ္အိပ္မေပ်ာ္ရင္ မနက္ျဖန္ ကားေမာင္းနိုင္မွာ မဟုတ္ဘူး..
"ကြၽန္မ ေမာင္းနိုင္တယ္..ေမာင္းေပးမယ္
ထိုသို႔ ေျပာၿပီး အန္တီလက္ကို ဆြဲကာ အန္တီ့အခန္းဘက္ကို သြားမည္အလုပ္ ေ႐ႊငယ့္ လည္စီးဟာ ႐ုတ္တရက္ ေျပက်သြားသည္။ ထိုတင္မကေသး ေဝယံက သူမကို ခ်က္ခ်င္းသူ႕ဘက္ကို ျပန္ဆြဲဖို႔ လက္လွမ္းလာကာ သူမလက္ေမာင္းကို မဆြဲမိဘဲ ရွပ္အကၤ်ီစကို လွမ္းဆြဲလိုက္မိသျဖင့္ အေပၚ ၾကယ္သီးတစ္လုံး ျပဳတ္ထြက္သြား၏။
တစ္ခ်ိန္တည္းမွာပင္ လည္ပင္းေပၚ,ညွပ္ရိုးေပၚ အစရွိသည့္ ေနရာမ်ားတြင္ ယခင္ညမ်ားက ေဝယံက်ီစယ္ၿပီး ခ်န္ထားခဲ့ေသာ အနီေရာင္အမွတ္အသားမ်ားမွာ ေပၚလြင္လာ၏။
"အို..ဟို..အန္တီ အေလာတႀကီး လုပ္စရာရွိတယ္..သားတို႔ ဆက္ေျပာႏွင့္ၾကပါ..
ထိုအမွတ္အသားမ်ားကို ျမင္ၿပီး ေၾကာင္အအႏွင့္ မခိုင္လုံေသာ အေၾကာင္းျပခ်က္ေပးကာ ေဒၚေ႐ႊႏု ေလွကား ေအာက္ကို ေျပးဆင္းသြား၏။ သူမ တကယ္ပဲ သူမ်ား စုံတြဲကို သြားေနာက္ယွက္ေနမိတာ...ထိုအစား အိမ္ေအာက္ထပ္သြားၿပီး အေမျဖစ္သူဆီ အျပစ္ဝန္ခံရမည္..
...........
13.11.21
Advertisement
- In Serial40 Chapters
My Husband's Been Exposed By The Media
"Honey, look. Why does this guy look like you on TV?"
8 929 - In Serial30 Chapters
My Mate The Alpha King
Read the story to find out.This is my first story so bear with me.Amelia the Alpha of the most powerful pack.Xavier the Alpha prince soon to be the Alpha king.Read their love story.The credit for the cover goes to @_navyblueee_
8 273 - In Serial68 Chapters
The Billionaire's Pup
"I won't be able to control it then, Eos. Once I'm inside you, there is no going back."He had secrets.I had mine.All was well until he returned. The dark billionaire who made himself out of nothing, the mysterious handsome man that held deep, evil secrets within himself, and the man who was well-known across the country. KingI wondered who was he and what he was doing here-in a small town, in the outskirts of the country. I learned my answer when he gave me his curse and told me to live with it forever. An eternity of sadness and despair until he became my new addiction. And I became his.
8 536 - In Serial12 Chapters
" It all started with the hate "
so if you cannot take some wet gay erotica you can skippppp/ Madara, the head of his own huge company and Hashirama, a total stranger meet each other at a wrong time and place.But... /
8 171 - In Serial13 Chapters
Kyrie is Crying
TW: Sexual assault, murder, abuse, needles, gore, child death, genocide, cult, fire, self harm, and moreDisclaimer: this story will be very disturbing, but it is something I have wanted to write for a while so I hope you'll enjoy.About: During the winter Kyrie was in his bathroom sitting on the cold toilet seat. The chill seeming to stab the nerves in his bottom. Noticing blood droplets splash into the water below him, he felt a familiar sting reach his eyes and his vision faded like the frost covered window beside him. He saw a dull pair of scissors on the sink to his right and decided to get to work.Update: I deleted some of the extremely detailed descriptions in the first chapter because the goal of the chapter wasn't really to gross people out. It was to show detail to what triggered Kyrie to do what he did.
8 149 - In Serial44 Chapters
The Choice Of Us
After a loss that crumbles Tiana's world, it seemed her path was set on being haunted with a perpetual darkness for the tragedy she's faced. It seemed nothing other than the sudden ache inside her to seek justice for others would appease her. And it seemed nothing would chase away the challenges facing her family but when an unexpected stranger appears carrying a story of their own proving to be more than meets the eye Tiana is faced with another challenge that has her questioning the very walls she built. In the end we all have a choice.A decision to make that determines which way the clock ticks as time unravels till the very day we take our last breath. For Tiana, whether she'll allow the man into her space to not only love but dismantle her fears and finally provide some ounce of light onto her path is truly the choice she'll have to make.
8 236

