《Untamed Flower( ပန်းရိုင်း)》အပိုင်း၅၉
Advertisement
ဝေယံပိုင် သူ့ရှေ့တွင် သူချက်ပေးသော ခေါက်ဆွဲပြုတ်ကို မရပ်မနားပလုတ်ပလောင်းစားနေသည့် မိန်းမဖြစ်သူကို ကြည့်ကာ အပြုံးများမျက်နှာမှ ခွာမရတော့ချေ။
"ကောင်းလား...ငယ်”
".....အင်း”
ပါးစပ်ထဲ ပြည့်သိပ်နေသော ခေါက်ဆွဲများကို အမြန်မြိုချကာ ရွှေငယ် ဖြေလိုက်၏။ နောက်ထပ်ဘာမှ မပြောပဲ အစာတွေသာ ထပ်၍ ပါးစပ်ထဲ ထိုးထည့်နေကာ ချက်ပေးတဲ့လူကြီးကို ကျေးဇူးမသိတတ်စွာ လျစ်လျူရှု လိုက်မိ၏။
ဝေယံ စိတ်ရှုပ်လာပြီး အလျစ်လျူရှုထပ်မခံနိုင်တော့။ သူမစားနေတဲ့ ပန်းကန်ကို လှမ်းဆွဲလိုက်၏။
"ဟင်း...ရှင်ဘာသဘောလဲ စားချင်ရင် ကိုယ့်ဟာကိုယ်ခူးစားပါလား..”
တူကိုကိုင်ပြီး ပန်းကန်မဲ့နေသော သူမရှေ့က ဖျာခင်းကိုတစ်လှည့် သူကိုင်ထားသော ပန်းကန်လုံးကို တစ်လှည့်ကြည့်ကာ ပလုတ်ပလောင်းအသံဖြင့် ပြောလိုက်၏။
"ကိုယ်မဆာဘူး..”
"ဘာ..ဒါဆိုဘာလို့ ပန်းကန်လာလုနေရတာလဲ ပြန်ပေး..”
သူမက ရှေ့တိုးပြီး ပန်းကန်လုံးကိုပြန်ယူဖို့လုပ်လျှင် သူလည်း အနောက်သို့ နဲနဲဆုတ်လိုက်၏။
"ဒီခေါက်ဆွဲကို ဘယ်သူချက်ထားတာလဲ..”
"ရှင်လေ..”
သူချက်ထားတာကို ဘယ်သူချက်တာလဲလို့ လာမေးရတဲ့ထိ ရူးကြောင်သွားတာ တော့မဟုတ်ပါဘူးနော်..
"ဒါဆို ငယ်ကဘာလို့ ချက်ပေးတဲ့ လူကိုလျစ်လျူရှုနေရတာလဲ”
"ဟင်..”
ဟာ..ဘာလဲ ဒီလူ ကလေးဆန်လာပြန်ပြီလား?
"ကျွန်မက စားနေတဲ့အချိန်ဆို သိန်းထီပေါက်တောင် စိတ်မဝင်စားဘူး အမှန်တိုင်းပြောရရင် အစားထဲမှာပဲ အာရုံထားတယ်”
"အိုး...”
တချက်သာ ပြောပြီး ပန်းကန်လေးကို ပြန်ချပေးလိုက်လျှင်သူမက အမြန်ယူလိုက်ကာ လည်ချောင်းပြင်ရင်း..
"ရှင်ချက်ထားတာ အရမ်းစားကောင်းပါတယ် ပြိီးတော့ ကျွန်မစားနေကျခေါက်ဆွဲ ဖြစ်ပေမယ့် အရသာကနဲနဲထူးဆန်းနေသလိုပဲ ရှင်ဘာအရသာ ထပ်ဖြည့်လိုက်တာလဲ”
သူမက စိတ်ပါပါဖြင့် မေးလာ၍ ဝေယံလည်း ချက်ချင်းပင် စိတ်ပျော်သွားကာ ခပ်မြန်မြန်ပင်..
"ငယ်..တကယ်သိချင်တာလား..”
သူမ သိပ်စိတ်မဝင်စားသော်လည်း သူနောက်ထပ်တစ်ကြိမ် ပန်းကန်လုံး လာလုတာကိုတော့ မခံနိုင်။
"အင်း..တကယ်”
"ကိုယ့်အချစ်တွေနဲ့ ရောချက်ထားတာလေ”
"....”
သွားသေလိုက်ပါတော့ လို့ပြောချင်သော်လည်း ပြောမထွက်။ သူတီတီတာတာတွေ လာပြောနေပြန်ပြီလား..
"အော်..အဟွတ်..အဟွတ်”
သူမ အာထဲတွင် အစာမရှိသော်လည်း ထူးဆန်းစွာပင် အစာသီးနေ၏။
"တစ်ရှူး တစ်ရှူး ပေး..ကျွန်မကို.. အဟွတ်..ဟွတ်”
ဝေယံကလည်း ကပြာကယာတွေ ဖြစ်ကုန်၏။ တစ်ရှူး ဘယ်မှာလဲ တစ်ရှူး? ယူမလာခဲ့မိဘူး!
"တစ်ရှူး မပါလာခဲ့ဘူး ကိုယ်မေ့သွားတာ”
သူမလည်း ကြံရာမရ။ ရုတ်တရက် လက်ဆွဲအိတ်ထဲက ဆောင်နေကျ တစ်ရှူးထုပ်လေးကို သတိရသွားပြီး
"ဟင်..အဟွတ် ကျွန်မ လက်ဆွဲအိတ်ထဲမှာ အထုတ်လေးတစ်ထုတ် ထည့်ပါလာတယ် သွားယူပေးလို့ရမလား..”
"အေးအေး..ရေအရင်သောက်ထားလိုက်နော် ရော့..ကိုယ်သွားယူပေးမယ်..”
သူမကို ရေခွက်လှမ်းပေးကာ တဲထဲအပြေး ဝင်လာခဲ့၏။ သူတို့အိပ်ယာဘေးတွင် ချထားသော အနီရောင် Dior handbagကြီးကို မြင်တော့ ဝေယံသက်ပြင်းချလိုက်မိသည်။
တောင်ပေါ်တက်လာတာ ဒီလိုစျေးကြီးတဲ့ brand အိတ်တွေယူလာစရာလား ကောင်မလေးရေ..
တကယ်တမ်း ဝေယံမသိလိုက်သည်မှာ ရွှေငယ့်အဒေါ်က သူမရဲ့တူမလေး၏ အပေါစား လက်ဆွဲအိတ်ဟူသမျှကို သိမ်းဆည်းလိုက်သည်ကိုပင်။
ဝေယံအိတ်ကို ဖွင့်ကြည့်တော့ အပန်းရောင် တစ်ရှူးထုတ်ကို ယူနေတုန်း အပြင်က ချောင်းဟွတ်သံမကြားရတော့သည်ကို သတိပြုလိုက်မိ၏။ သူအိတ်ကို ပြန်ပိတ်လိုက်မည့်အချိန်တွင် ရုတ်တရက် ခေါက်ထားသည့် အဖြူရောင်စာရွက်ကို မြင်လျှင် စူးစမ်းချင်စိတ်ကထိန်းမရပြန်။
သူစာရွက်ကို ဖွင့်ဖောက်ကြည့်သည့်အချိန်....
သူ့လက်တွေ တုန်ရီနေပြီး ရင်ဘတ်ကြီးထဲတွင် လေပြင်းမုန်တိုင်းတို့ စတင်တိုက်ခတ်လာတော့၏။
စာရွက်ပေါ်က မှင်ရောင်များအနည်းငယ် ချို့ယွင်းနေသည်ကိုကြည့်ပြီး သူမလေးထိုစာကို ငိုယိုပြီး ဖတ်ခဲ့ကြောင်း သိရှိနိုင်၏။
သူစာရွက်ကို နေရာတကျ ပြန်သိမ်းလိုက်ပြီး အိတ်ကိုပြန်ပိတ်ကာ တစ်ရှူးထုတ်ကို ဆွဲပြီး တဲပြင်ကို အပြေးထွက်လာခဲ့၏။
သူထင်ထားသည့်အတိုင်းပင် သူမလေးက ဝိုင်းစက်နေသည့်မျက်လုံးများဖြင့် သူ့ကိုကြောင်ကြည့်နေ၏။
"ရှင်..ဘာတွေလုပ်နေလို့ အဲလောက်ကြာနေတာလဲ ကျွန်မသာ ရှင်ကိုစောင့်ပြီး ရေမသောက်လိုက်ရင် သေနေလောက်..ဟင်!”
တိမ်တိုက်ရွှေငယ်လေး ရုတ်တရက် ဝေယံ၏ လွှားဖက်ခြင်းကို ခံလိုက်ရ၍ ကြောင်အသွားသည်။
"ကိုယ်တောင်းပန်ပါတယ် ငယ်..ကိုယ်ငယ့်ဘဝထဲကို စောစောဝင်လာခဲ့သင့်တာ..”
"ရှင်..”
ဒီလူ ဘာလို့ ထူးထူးဆန်းဆန်းတွေပြောနေတာလဲ ။ သူမလုံးဝနားမလည်ပေ။
"အရင်နှစ်တွေ ငယ်တစ်ယောက်တည်း အရမ်းခံစားခဲ့ရမှာ ကိုယ်တောင်းပန်ပါတယ်ငယ်...”
သူဖတ်ခဲ့မိသည့် စာရွက်မှာတော့ သူမလေးအမေ ချန်ထားခဲ့သည့် နောက်ဆုံးစာ(သေတမ်းစာ)ပင်ဖြစ်၏။ သူကြားခဲ့ရသမျှ အားလုံးမှာ သူမလေးအမေဆုံးသွားပြီး သူမလေးတစ်ယောက် ပိုကြံ့ခိုင် သန်မာပြီး ထက်မြက်လာကြောင်း ချည်း။ သို့သော် ဒီစာရွက်ကစာကို ကြည့်ခြင်းအားဖြင့် သူမဘယ်လောက် ခံစားခဲ့ရလဲ? အမှောင်ညတွေမှာ သူမတစ်ယောက်တည်း ဘယ်လောက်ကြောက်ရွံ့အားငယ်နေ မလဲ?
သူမကျခဲ့ရသည့် မျက်ရည်တွေက ဂါလံပေါင်းဘယ်လောက် ကျော်နေပြီလဲ ဆိုတာကို စာရွက်ပေါ်ကပျက်ယွင်းနေသည့် မှင်ရေများဖြင့် သူသိနိုင်သည်။
Advertisement
ဒီလိုမျိုး အတိတ်ဆိုးကြီးတစ်ရပ်ကြောင့် ယောက်ျားတွေကို သိပ်မုန်းလာခဲ့တာ.. သူ့ကို ရုတ်တရက်ကြီး လက်ထပ်လိုက်ရတော့ သူမဘယ်လောက်ထိ ဝမ်းနည်းခဲ့မလဲ သူ့ကိုရော ပိုလို့တောင် မုန်းသွားပြီလား....
ဝေယံ ဆက်မတွေးနိုင်တော့ပေ။
"ရှင်..ဘာဖြစ်တာလဲ လူကို လန့်အောင်နော်..”
ရွှေငယ်က သူမကို လွှားဖက်ထားသည့် အနှီခင်ပွန်း၏ လက်မောင်းများကို သူမပခုံးမှ ဖယ်လိုက်ပြီး နားမလည်မှုများစွာသော မျက်နှာနှင့် သူနှင့် မျက်လုံးချင်းဆုံ လိုက်သည်။ အမြဲအတူရှိနေတာ လက်မထပ်ခင်ကတည်းက ဆိုရင် တစ်လလောက်ရှိပြီ ဆိုပေမယ့် သူ၏ ထိုမျက်ဝန်းသဏ္ဍာန်က ထူးခြားလွန်းကြောင်း ရွှေငယ် သတိထားမိ၏။ တစ်စုံတစ်ရာကို ဆုံးရှုံးဖို့ ကြောက်ရွံ့နေသလိုမျိုး..
"ကိုယ်...ဖတ်လိုက်မိတယ်..ငယ့်ကို ခွင့်မတောင်းပဲ တောင်းပန်ပါတယ်..”
ခေါင်းငိုက်ကျကာ ပြောလာသောသူကြောင့်
"ရှင်...ဘာကို ခွင့်မတောင်းတာလဲ ရှင်းအောင်ပြော ကျွန်မစိတ်မရှည်ဘူးနော်..”
"ဟို..ဟိုစာရွက်လေ..ငယ်..ကိုယ်”
"ဟင်.... ”
ဧကန္တ သူမ ညတိုင်း သူအိပ်ပျော်သွားလျှင် သူမသိအောင် ခိုးခိုးဖတ်တဲ့ အမေ့စာ များလား? အဲစာထဲက အကြောင်းအရာတွေကို သူအခု မသိလည်း တစ်နေ့နေ့ကြ သိမှာပဲ။ လောကမှာ ဘယ်အရာမှ ဖုံးကွယ်ထားလို့မှ မရကြောင်း သူမ ကောင်းကောင်းသိနေ၏။
"ကိုယ့် ကို မုန်းလား..ငယ်”
"ရှင်!”
တကယ်တော့ ဒီလူက သူမမုန်းသွားမှာကို ကြောက်နေတာလား...?
"ရှင် ကျွန်မရဲ့ အားနည်းချက်ကို သိသွားပြီပဲ_”
သူမ စိတ်ပျက်သွားသလို ပုံစံမျိုးလုပ်လာ၍ သူ့နှလုံးတွေ မွမွကြေသွားသလိုပင်။
"ကိုယ်..တောင်းပန်တယ်လို့”
သူဘာမှ မတတ်နိုင် တောင်းပန်စကားကိုသာ အကြိမ်ကြိမ်ရေရွတ်နေမိသည်။ သေမိန့်ကျ အကျဥ်းသားလိုမျိုး..
"ကျွန်မ ရှင့်ကို မမုန်းပါဘူး..ရှင်ကျွန်မကို မထားသွားမချင်းပေါ့!”
"ဟင်...”
သူ..သူမ တကယ်ပြောနေတာလား သူများနားကြားလွှဲ သွားတာလား အား...ဒါအိပ်မက်လား..
"ငယ်..ငယ်တကယ် ပြောနေတာလား ဟင် ကိုယ် ထပ်ကြားချင်တယ်”
သူမပခုံးနှစ်ဖက်ကို သူ့လက်တစ်ဖက်စီ ကိုင်ထားပြီး သတိလက်လွှတ်စွာ ခါနေမိသည်။
အတင်းကြီး ဖြစ်ပျက်နေသော ခင်ပွန်းဖြစ်သူကို ရွှေငယ် အောက်နှုတ်ခမ်းကိုက်ကာ..
"ရှင် ကျွန်မ ထပ်ပြောတာ မကြားခင် ရှင့်လုပ်ပုံနဲ့ ကျွန်မသေတော့မယ်..လွှတ်”
"ဟမ်…”
သူမပြောမှ သတိရပြီး ပခုံးလေးကို လွှတ်ပေး၏။
........
"ရှင် ခင်ပွန်းတာဝန် ကျေနေသ၍ ကျွန်မကရှင့်အပေါ် ဇနီးကောင်း အဖြစ်ရှိနေမယ်.. ရှင် မဖောက်ပြန်သ၍ လိမ်မပြောသ၍ ကျွန်မကို မလှည့်စားသ၍ ရေခဲတောင်ပဲဖြစ်ဖြစ် မီးတောင်ပဲ ဖြစ်ဖြစ် ကျွန်မရှင့်နဲ့ မခွာတမ်း မခွဲတမ်း အတူရှိနေမယ် ရှင်ကျွန်မကို လုံးဝထားမသွားပါနဲ့ သေကွဲနဲ့ပဲ ဖြစ်ဖြစ် ရှင်ကွဲနဲ့ပဲဖြစ်ဖြစ်.. တကယ်လို့ သေကွဲကွဲရမယ် ဆိုရင်တောင် ကျွန်မကပဲ ရှင့်ကို အရင်ထားသွားတဲ့လူ ဖြစ်ပါစေ...”
သူမလေး၏ နေ့လည်က တုန်တုန်ရီရီအသံဖြင့် ပြောခဲ့သောစကားလုံးများကို သူအခုထိ နားထဲ ပဲ့တင်ထပ်အောင် ကြားနေရတုန်းပင်။
အပြင်မှာ လေအေးတွေ တိုက်နေတယ်...
ကောင်းကင်က ဒီညကြယ်တွေကို
တာဝန်မပေးပေမယ့် လမင်းကြီးကိုတော့
အရောင်မွဲမွဲ လင်းလက်နေစေတယ်..
နွေဦးမှာ မိုးကြီးတော့မှာလား..
မင်းလေးကတော့ အရာအားလုံးကို ဂရုမစိုက်ဘဲ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့နေပေမယ့်
ကိုယ်ကတော့ မင်းလေးရဲ့
ကော့ညွှန့်နေသော မျက်တောင်အစုံ ကို
ငေးမောပြီး ညတာရှည်ကြီးကို
ဖြတ်သန်းနေရတယ်..
ငယ်..ကိုယ်မင်းကိုချစ်တယ်...
သူစိတ်ထဲမှ ကာရံမညီသော ကဗျာကို ရွတ်ဆိုကာ သူ့လက်မောင်းပေါ် နှစ်ခြိုက်စွာအိပ်ပျော်နေသော လူသားမလေး၏ နူးညံ့နေသည့် နဖူးပြင်ကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွ ထိလိုက်သည်။
..........
11.11.21
double eleven dayမှာ ပျော်ရွင်မှု တွေနဲ့ဖြတ်သန်း နိုင်ကြပါစေရှင်💜
အငဲး တစ်ခုလောက် အကူအညီတောင်းစရာရှိလို့ပါ အငဲးက ဒီ ficကို unicodeရော zawgyiရော version နှစ်မျိုးနဲ့ ထည့်တင်ထားပါတယ်
ဒါကို ဒါဒါလေးတစ်ယောက်က zawgyiနဲ့ ဖတ်လို့မရဘူး ပြောနေလို့..
အငဲးရဲ့ ဇော်ဂျီ ဗားရှင်းကပဲ ပေါ်မလာတာလား
မေးပါရစေရှင်..
တကယ်လို့ ဇော်ဂျီဗားရှင်းက ပေါ်လာခဲ့ရင် အငဲးရဲ့ wp acc conversation မှာ ဇော်ဂျီဗားရှင်း လာတောင်းနေတဲ့ ဒါဒါလေးကို ရှင်းပြကူကြပါအုံးရှင်
တကယ်လို့ ပေါ်မလာဘူးဆိုရင် အငဲး အမှားပါ💗
ေဝယံပိုင္ သူ႕ေရွ႕တြင္ သူခ်က္ေပးေသာ ေခါက္ဆြဲျပဳတ္ကို မရပ္မနားပလုတ္ပေလာင္းစားေနသည့္ မိန္းမျဖစ္သူကို ၾကည့္ကာ အၿပဳံးမ်ားမ်က္ႏွာမွ ခြာမရေတာ့ေခ်။
"ေကာင္းလား...ငယ္
".....အင္း
ပါးစပ္ထဲ ျပည့္သိပ္ေနေသာ ေခါက္ဆြဲမ်ားကို အျမန္ၿမိဳခ်ကာ ေ႐ႊငယ္ ေျဖလိုက္၏။ ေနာက္ထပ္ဘာမွ မေျပာပဲ အစာေတြသာ ထပ္၍ ပါးစပ္ထဲ ထိုးထည့္ေနကာ ခ်က္ေပးတဲ့လူႀကီးကို ေက်းဇူးမသိတတ္စြာ လ်စ္လ်ဴရႈ လိုက္မိ၏။
Advertisement
ေဝယံ စိတ္ရႈပ္လာၿပီး အလ်စ္လ်ဴရႈထပ္မခံနိုင္ေတာ့။ သူမစားေနတဲ့ ပန္းကန္ကို လွမ္းဆြဲလိုက္၏။
"ဟင္း...ရွင္ဘာသေဘာလဲ စားခ်င္ရင္ ကိုယ့္ဟာကိုယ္ခူးစားပါလား..
တူကိုကိုင္ၿပီး ပန္းကန္မဲ့ေနေသာ သူမေရွ႕က ဖ်ာခင္းကိုတစ္လွည့္ သူကိုင္ထားေသာ ပန္းကန္လုံးကို တစ္လွည့္ၾကည့္ကာ ပလုတ္ပေလာင္းအသံျဖင့္ ေျပာလိုက္၏။
"ကိုယ္မဆာဘူး..
"ဘာ..ဒါဆိုဘာလို႔ ပန္းကန္လာလုေနရတာလဲ ျပန္ေပး..
သူမက ေရွ႕တိုးၿပီး ပန္းကန္လုံးကိုျပန္ယူဖို႔လုပ္လွ်င္ သူလည္း အေနာက္သို႔ နဲနဲဆုတ္လိုက္၏။
"ဒီေခါက္ဆြဲကို ဘယ္သူခ်က္ထားတာလဲ..
"ရွင္ေလ..
သူခ်က္ထားတာကို ဘယ္သူခ်က္တာလဲလို႔ လာေမးရတဲ့ထိ ႐ူးေၾကာင္သြားတာ ေတာ့မဟုတ္ပါဘူးေနာ္..
"ဒါဆို ငယ္ကဘာလို႔ ခ်က္ေပးတဲ့ လူကိုလ်စ္လ်ဴရႈေနရတာလဲ
"ဟင္..
ဟာ..ဘာလဲ ဒီလူ ကေလးဆန္လာျပန္ၿပီလား?
"ကြၽန္မက စားေနတဲ့အခ်ိန္ဆို သိန္းထီေပါက္ေတာင္ စိတ္မဝင္စားဘူး အမွန္တိုင္းေျပာရရင္ အစားထဲမွာပဲ အာ႐ုံထားတယ္
"အိုး...
တခ်က္သာ ေျပာၿပီး ပန္းကန္ေလးကို ျပန္ခ်ေပးလိုက္လွ်င္သူမက အျမန္ယူလိုက္ကာ လည္ေခ်ာင္းျပင္ရင္း..
"ရွင္ခ်က္ထားတာ အရမ္းစားေကာင္းပါတယ္ ပြိီးတော့ ကြၽန္မစားေနက်ေခါက္ဆြဲ ျဖစ္ေပမယ့္ အရသာကနဲနဲထူးဆန္းေနသလိုပဲ ရွင္ဘာအရသာ ထပ္ျဖည့္လိုက္တာလဲ
သူမက စိတ္ပါပါျဖင့္ ေမးလာ၍ ေဝယံလည္း ခ်က္ခ်င္းပင္ စိတ္ေပ်ာ္သြားကာ ခပ္ျမန္ျမန္ပင္..
"ငယ္..တကယ္သိခ်င္တာလား..
သူမ သိပ္စိတ္မဝင္စားေသာ္လည္း သူေနာက္ထပ္တစ္ႀကိမ္ ပန္းကန္လုံး လာလုတာကိုေတာ့ မခံနိုင္။
"အင္း..တကယ္
"ကိုယ့္အခ်စ္ေတြနဲ႕ ေရာခ်က္ထားတာေလ
"....
သြားေသလိုက္ပါေတာ့ လို႔ေျပာခ်င္ေသာ္လည္း ေျပာမထြက္။ သူတီတီတာတာေတြ လာေျပာေနျပန္ၿပီလား..
"ေအာ္..အဟြတ္..အဟြတ္
သူမ အာထဲတြင္ အစာမရွိေသာ္လည္း ထူးဆန္းစြာပင္ အစာသီးေန၏။
"တစ္ရႉး တစ္ရႉး ေပး..ကြၽန္မကို.. အဟြတ္..ဟြတ္
ေဝယံကလည္း ကျပာကယာေတြ ျဖစ္ကုန္၏။ တစ္ရႉး ဘယ္မွာလဲ တစ္ရႉး? ယူမလာခဲ့မိဘူး!
"တစ္ရႉး မပါလာခဲ့ဘူး ကိုယ္ေမ့သြားတာ
သူမလည္း ႀကံရာမရ။ ႐ုတ္တရက္ လက္ဆြဲအိတ္ထဲက ေဆာင္ေနက် တစ္ရႉးထုပ္ေလးကို သတိရသြားၿပီး
"ဟင္..အဟြတ္ ကြၽန္မ လက္ဆြဲအိတ္ထဲမွာ အထုတ္ေလးတစ္ထုတ္ ထည့္ပါလာတယ္ သြားယူေပးလို႔ရမလား..
"ေအးေအး..ေရအရင္ေသာက္ထားလိုက္ေနာ္ ေရာ့..ကိုယ္သြားယူေပးမယ္..
သူမကို ေရခြက္လွမ္းေပးကာ တဲထဲအေျပး ဝင္လာခဲ့၏။ သူတို႔အိပ္ယာေဘးတြင္ ခ်ထားေသာ အနီေရာင္ Dior handbagႀကီးကို ျမင္ေတာ့ ေဝယံသက္ျပင္းခ်လိဳက္မိသည္။
ေတာင္ေပၚတက္လာတာ ဒီလိုေစ်းႀကီးတဲ့ brand အိတ္ေတြယူလာစရာလား ေကာင္မေလးေရ..
တကယ္တမ္း ေဝယံမသိလိုက္သည္မွာ ေ႐ႊငယ့္အေဒၚက သူမရဲ႕တူမေလး၏ အေပါစား လက္ဆြဲအိတ္ဟူသမွ်ကို သိမ္းဆည္းလိုက္သည္ကိုပင္။
ေဝယံအိတ္ကို ဖြင့္ၾကည့္ေတာ့ အပန္းေရာင္ တစ္ရႉးထုတ္ကို ယူေနတုန္း အျပင္က ေခ်ာင္းဟြတ္သံမၾကားရေတာ့သည္ကို သတိျပဳလိုက္မိ၏။ သူအိတ္ကို ျပန္ပိတ္လိုက္မည့္အခ်ိန္တြင္ ႐ုတ္တရက္ ေခါက္ထားသည့္ အျဖဴေရာင္စာ႐ြက္ကို ျမင္လွ်င္ စူးစမ္းခ်င္စိတ္ကထိန္းမရျပန္။
သူစာ႐ြက္ကို ဖြင့္ေဖာက္ၾကည့္သည့္အခ်ိန္....
သူ႕လက္ေတြ တုန္ရီေနၿပီး ရင္ဘတ္ႀကီးထဲတြင္ ေလျပင္းမုန္တိုင္းတို႔ စတင္တိုက္ခတ္လာေတာ့၏။
စာ႐ြက္ေပၚက မွင္ေရာင္မ်ားအနည္းငယ္ ခ်ိဳ႕ယြင္းေနသည္ကိုၾကည့္ၿပီး သူမေလးထိုစာကို ငိုယိုၿပီး ဖတ္ခဲ့ေၾကာင္း သိရွိနိုင္၏။
သူစာ႐ြက္ကို ေနရာတက် ျပန္သိမ္းလိုက္ၿပီး အိတ္ကိုျပန္ပိတ္ကာ တစ္ရႉးထုတ္ကို ဆြဲၿပီး တဲျပင္ကို အေျပးထြက္လာခဲ့၏။
သူထင္ထားသည့္အတိုင္းပင္ သူမေလးက ဝိုင္းစက္ေနသည့္မ်က္လုံးမ်ားျဖင့္ သူ႕ကိုေၾကာင္ၾကည့္ေန၏။
"ရွင္..ဘာေတြလုပ္ေနလို႔ အဲေလာက္ၾကာေနတာလဲ ကြၽန္မသာ ရွင္ကိုေစာင့္ၿပီး ေရမေသာက္လိုက္ရင္ ေသေနေလာက္..ဟင္!
တိမ္တိုက္ေ႐ႊငယ္ေလး ႐ုတ္တရက္ ေဝယံ၏ လႊားဖက္ျခင္းကို ခံလိုက္ရ၍ ေၾကာင္အသြားသည္။
"ကိုယ္ေတာင္းပန္ပါတယ္ ငယ္..ကိုယ္ငယ့္ဘဝထဲကို ေစာေစာဝင္လာခဲ့သင့္တာ..
"ရွင္..
ဒီလူ ဘာလို႔ ထူးထူးဆန္းဆန္းေတြေျပာေနတာလဲ ။ သူမလုံးဝနားမလည္ေပ။
"အရင္ႏွစ္ေတြ ငယ္တစ္ေယာက္တည္း အရမ္းခံစားခဲ့ရမွာ ကိုယ္ေတာင္းပန္ပါတယ္ငယ္...
သူဖတ္ခဲ့မိသည့္ စာ႐ြက္မွာေတာ့ သူမေလးအေမ ခ်န္ထားခဲ့သည့္ ေနာက္ဆုံးစာ(ေသတမ္းစာ)ပင္ျဖစ္၏။ သူၾကားခဲ့ရသမွ် အားလုံးမွာ သူမေလးအေမဆုံးသြားၿပီး သူမေလးတစ္ေယာက္ ပိုႀကံ့ခိုင္ သန္မာၿပီး ထက္ျမက္လာေၾကာင္း ခ်ည္း။ သို႔ေသာ္ ဒီစာ႐ြက္ကစာကို ၾကည့္ျခင္းအားျဖင့္ သူမဘယ္ေလာက္ ခံစားခဲ့ရလဲ? အေမွာင္ညေတြမွာ သူမတစ္ေယာက္တည္း ဘယ္ေလာက္ေၾကာက္႐ြံ႕အားငယ္ေန မလဲ?
သူမက်ခဲ့ရသည့္ မ်က္ရည္ေတြက ဂါလံေပါင္းဘယ္ေလာက္ ေက်ာ္ေနၿပီလဲ ဆိုတာကို စာ႐ြက္ေပၚကပ်က္ယြင္းေနသည့္ မွင္ေရမ်ားျဖင့္ သူသိနိုင္သည္။
ဒီလိုမ်ိဳး အတိတ္ဆိုးႀကီးတစ္ရပ္ေၾကာင့္ ေယာက္်ားေတြကို သိပ္မုန္းလာခဲ့တာ.. သူ႕ကို ႐ုတ္တရက္ႀကီး လက္ထပ္လိုက္ရေတာ့ သူမဘယ္ေလာက္ထိ ဝမ္းနည္းခဲ့မလဲ သူ႕ကိုေရာ ပိုလို႔ေတာင္ မုန္းသြားၿပီလား....
ေဝယံ ဆက္မေတြးနိုင္ေတာ့ေပ။
"ရွင္..ဘာျဖစ္တာလဲ လူကို လန့္ေအာင္ေနာ္..
ေ႐ႊငယ္က သူမကို လႊားဖက္ထားသည့္ အႏွီခင္ပြန္း၏ လက္ေမာင္းမ်ားကို သူမပခုံးမွ ဖယ္လိုက္ၿပီး နားမလည္မႈမ်ားစြာေသာ မ်က္ႏွာႏွင့္ သူႏွင့္ မ်က္လုံးခ်င္းဆုံ လိုက္သည္။ အၿမဲအတူရွိေနတာ လက္မထပ္ခင္ကတည္းက ဆိုရင္ တစ္လေလာက္ရွိၿပီ ဆိုေပမယ့္ သူ၏ ထိုမ်က္ဝန္းသ႑ာန္က ထူးျခားလြန္းေၾကာင္း ေ႐ႊငယ္ သတိထားမိ၏။ တစ္စုံတစ္ရာကို ဆုံးရႈံးဖို႔ ေၾကာက္႐ြံ႕ေနသလိုမ်ိဳး..
"ကိုယ္...ဖတ္လိုက္မိတယ္..ငယ့္ကို ခြင့္မေတာင္းပဲ ေတာင္းပန္ပါတယ္..
ေခါင္းငိုက္က်ကာ ေျပာလာေသာသူေၾကာင့္
"ရွင္...ဘာကို ခြင့္မေတာင္းတာလဲ ရွင္းေအာင္ေျပာ ကြၽန္မစိတ္မရွည္ဘူးေနာ္..
"ဟို..ဟိုစာ႐ြက္ေလ..ငယ္..ကိုယ္
"ဟင္....
ဧကႏၱ သူမ ညတိုင္း သူအိပ္ေပ်ာ္သြားလွ်င္ သူမသိေအာင္ ခိုးခိုးဖတ္တဲ့ အေမ့စာ မ်ားလား? အဲစာထဲက အေၾကာင္းအရာေတြကို သူအခု မသိလည္း တစ္ေန႕ေန႕ၾက သိမွာပဲ။ ေလာကမွာ ဘယ္အရာမွ ဖုံးကြယ္ထားလို႔မွ မရေၾကာင္း သူမ ေကာင္းေကာင္းသိေန၏။
"ကိုယ့္ ကို မုန္းလား..ငယ္
"ရွင္!
တကယ္ေတာ့ ဒီလူက သူမမုန္းသြားမွာကို ေၾကာက္ေနတာလား...?
"ရွင္ ကြၽန္မရဲ႕ အားနည္းခ်က္ကို သိသြားၿပီပဲ_
သူမ စိတ္ပ်က္သြားသလို ပုံစံမ်ိဳးလုပ္လာ၍ သူ႕ႏွလုံးေတြ မြမြေၾကသြားသလိုပင္။
"ကိုယ္..ေတာင္းပန္တယ္လို႔
သူဘာမွ မတတ္နိုင္ ေတာင္းပန္စကားကိုသာ အႀကိမ္ႀကိမ္ေရ႐ြတ္ေနမိသည္။ ေသမိန့္က် အက်ဥ္းသားလိုမ်ိဳး..
"ကြၽန္မ ရွင့္ကို မမုန္းပါဘူး..ရွင္ကြၽန္မကို မထားသြားမခ်င္းေပါ့!
"ဟင္...
သူ..သူမ တကယ္ေျပာေနတာလား သူမ်ားနားၾကားလႊဲ သြားတာလား အား...ဒါအိပ္မက္လား..
"ငယ္..ငယ္တကယ္ ေျပာေနတာလား ဟင္ ကိုယ္ ထပ္ၾကားခ်င္တယ္
သူမပခုံးႏွစ္ဖက္ကို သူ႕လက္တစ္ဖက္စီ ကိုင္ထားၿပီး သတိလက္လႊတ္စြာ ခါေနမိသည္။
အတင္းႀကီး ျဖစ္ပ်က္ေနေသာ ခင္ပြန္းျဖစ္သူကို ေ႐ႊငယ္ ေအာက္ႏႈတ္ခမ္းကိုက္ကာ..
"ရွင္ ကြၽန္မ ထပ္ေျပာတာ မၾကားခင္ ရွင့္လုပ္ပုံနဲ႕ ကြၽန္မေသေတာ့မယ္..လႊတ္
"ဟမ္
သူမေျပာမွ သတိရၿပီး ပခုံးေလးကို လႊတ္ေပး၏။
........
"ရွင္ ခင္ပြန္းတာဝန္ ေက်ေနသ၍ ကြၽန္မကရွင့္အေပၚ ဇနီးေကာင္း အျဖစ္ရွိေနမယ္.. ရွင္ မေဖာက္ျပန္သ၍ လိမ္မေျပာသ၍ ကြၽန္မကို မလွည့္စားသ၍ ေရခဲေတာင္ပဲျဖစ္ျဖစ္ မီးေတာင္ပဲ ျဖစ္ျဖစ္ ကြၽန္မရွင့္နဲ႕ မခြာတမ္း မခြဲတမ္း အတူရွိေနမယ္ ရွင္ကြၽန္မကို လုံးဝထားမသြားပါနဲ႕ ေသကြဲနဲ႕ပဲ ျဖစ္ျဖစ္ ရွင္ကြဲနဲ႕ပဲျဖစ္ျဖစ္.. တကယ္လို႔ ေသကြဲကြဲရမယ္ ဆိုရင္ေတာင္ ကြၽန္မကပဲ ရွင့္ကို အရင္ထားသြားတဲ့လူ ျဖစ္ပါေစ...
သူမေလး၏ ေန႕လည္က တုန္တုန္ရီရီအသံျဖင့္ ေျပာခဲ့ေသာစကားလုံးမ်ားကို သူအခုထိ နားထဲ ပဲ့တင္ထပ္ေအာင္ ၾကားေနရတုန္းပင္။
အျပင္မွာ ေလေအးေတြ တိုက္ေနတယ္...
ေကာင္းကင္က ဒီညၾကယ္ေတြကို
တာဝန္မေပးေပမယ့္ လမင္းႀကီးကိုေတာ့
အေရာင္မြဲမြဲ လင္းလက္ေနေစတယ္..
ႏြေဦးမွာ မိုးႀကီးေတာ့မွာလား..
မင္းေလးကေတာ့ အရာအားလုံးကို ဂ႐ုမစိုက္ဘဲ
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္လို႔ေနေပမယ့္
ကိုယ္ကေတာ့ မင္းေလးရဲ႕
ေကာ့ၫႊန့္ေနေသာ မ်က္ေတာင္အစုံ ကို
ေငးေမာၿပီး ညတာရွည္ႀကီးကို
ျဖတ္သန္းေနရတယ္..
ငယ္..ကိုယ္မင္းကိုခ်စ္တယ္...
သူစိတ္ထဲမွ ကာရံမညီေသာ ကဗ်ာကို ႐ြတ္ဆိုကာ သူ႕လက္ေမာင္းေပၚ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနေသာ လူသားမေလး၏ ႏူးညံ့ေနသည့္ နဖူးျပင္ကို ႏႈတ္ခမ္းျဖင့္ ခပ္ဖြဖြ ထိလိုက္သည္။
..........
11.11.21
double eleven dayမွာ ေပ်ာ္႐ြင္မႈ ေတြနဲ႕ျဖတ္သန္း နိုင္ၾကပါေစရွင္
အငဲး တစ္ခုေလာက္ အကူအညီေတာင္းစရာရွိလို႔ပါ အငဲးက ဒီ ficကို unicodeေရာ zawgyiေရာ version ႏွစ္မ်ိဳးနဲ႕ ထည့္တင္ထားပါတယ္
ဒါကို ဒါဒါေလးတစ္ေယာက္က zawgyiနဲ႕ ဖတ္လို႔မရဘူး ေျပာေနလို႔..
အငဲးရဲ႕ ေဇာ္ဂ်ီ ဗားရွင္းကပဲ ေပၚမလာတာလား
ေမးပါရေစရွင္..
တကယ္လို႔ ေဇာ္ဂ်ီဗားရွင္းက ေပၚလာခဲ့ရင္ အငဲးရဲ႕ wp acc conversation မွာ ေဇာ္ဂ်ီဗားရွင္း လာေတာင္းေနတဲ့ ဒါဒါေလးကို ရွင္းျပကူၾကပါအုံးရွင္
တကယ္လို႔ ေပၚမလာဘူးဆိုရင္ အငဲး အမွားပါ
Advertisement
- In Serial583 Chapters
Unpredictable Marriage.
Chen Lihua our female lead is one of a kind. she's lead to an arranged marriage to our male lead Liu Longwei, the CEO of Liu Group by her mother. She didn't even get to meet her husband to be physically till the day of the collection of their marriage certificate.
8 759 - In Serial19 Chapters
Umbrella | Yandere x reader
One day you were just about to walk home- though sadly it starts to rain."Here, use my umbrella." A boy with the same school uniform offers you, his oddly coloured yellow eyes seemingly shining against the rain.You accept his offer and start to walk home; umbrella in hand, not noticing the horrible look in the boys eyes... "Oh? Too bad you don't remember (y/n)~ because you are mine~" Cover made by @Sophiec321The final chapters were written by @Magicalgirlizumi1 ** thank you! **WARNING THIS STORY IS A JOKE**
8 170 - In Serial118 Chapters
Reborn into The Beast World
Ever heard of the woman who suddenly appeared in a world filled with beastmen? You know, the place of walking hunky men showing off their bodies, ears, tails, blood, and ooops, yeahh, um, blood.In fact it's blood and fur everywhere. You gotta hunt for your food and fight for your territory. No, I'm not talking about a simple yap and spray of urine. There you gotta show you're strong or you'll end up someone else's food. So, if you're not strong, then the quickest (if not easiest) survival guide is to belong to a strong family. My story begins with me snot crying into this beast world. Meaning you got a bonafide bred and born female showing you the ends and outs of this overpopulated male world. Follow my story as I search for beastmen to join my family while on the way receiving a surprise... She's HERE?!* MC starts out as a cub...© 2021 Leyendoyamar. All rights reserved.** Cover updated due to respecting copyrights. Great place to look for free images are canvas and pixels *** COMPLETE. Undergoing editing.
8 183 - In Serial24 Chapters
Chasing the Colemans (ON HOLD)
"Congratulations tersoro. Mio piccolo genio." I said in a low whisper, making me sound more husky than usual. (My little genius.)****Kara Coleman was 21 years old when she adopted a little girl, who completely changed her world. On top of that, she was a young genius, making a name for herself before the age of 25. What more could attract a billionaire and ceo like Alessandro De Luca who admires a strong, independent, intelligent woman like herself.How much trouble can two harmless girls give a billionaire? A lifetime.Stay tuned to find out how Alessandro De Luca keeps up with the Colemans.******start date: 16/06/20******#1 in troublemaker - 28/06/20#3 in innocent - 28/06/20#1 in godfather - 03/07/20#3 in piccolo - 09/07/20#2 in genius -19/07/20#1 in single mum -26/07/20#2 in baby - 12/07/20#1 in humor - 03/08/20
8 226 - In Serial8 Chapters
ROSILLA ONE-SHOTS
Annalise Villa and Beaumont Rosewood Jr took a loooong time toact on their feelings for one another. These chapters are mostlyalternate universe with some canon mixed in. Chapters withadult language or 'smut' are clearly marked.
8 180 - In Serial47 Chapters
Shattered | Paul Lahote
AmazonA group of warrior women said to have been the daughters of Ares and Harmonia. They were aggressive and honorable women who were destined to protect those around them. The war between the tribe of Man and the Gods became too great and the Amazons sent their prized possession to America to live amongst the humans.Copyright © kbrylow 2020 anything pertaining to the twilight saga ie characters, places, names, belong to Stephanie MeyerAnything else is obviously mineRated 18+ for mature themes and swearing
8 149

