《Untamed Flower( ပန်းရိုင်း)》အပိုင်း၅၇
Advertisement
နိုးစက်သံမကြားရတာမို့ ရွှေခေတ်နိုးလာသည့်အချိန်မှာ ၇နာရီတောင် ထိုးလို့နေပြီဖြစ်၏။ သူမသေချာကြည့်လိုက်တော့ သူမသူ့ရင်ခွင်ထဲ တစ်ညလုံး အိပ်ခဲ့ပြန်ပြီဟု သေချာတွေးနိုင်၏။ ဘယ်တုန်းက ဘယ်လို အိပ်ပျော်သွားတာလဲ?
သူမ သူ့ရင်ခွင်ထဲမှ နိုးမသွားအောင် ထလာရသည်မှာ ဟောလိဝုဒ် ရုပ်ရှင်တွေထဲက ကမ္ဘာ့တန်ဖိုးအကြီးဆုံးစိန်ကို ခိုးနေသော မဟာသူခိုးလို ထောင်ချောက်ပေါင်းသောင်းချီ ရှောင်လွှားနေရသကဲ့သို့ လှုပ်ရှားနေရ၏။ သူမ သူနိုးလာမှာကို စိုးရွံ့နေရသည့် အကြောင်းမှာတော့ တစ်ညလုံး သူမကို ကျီစယ်နှောင့်ယှက် နေသည့် လူက ဒီမနက် စောစောစီးစီးသူမကြောင့် နိုးလာပြီး ထပ်ပြီးကျီစယ် မှာကိုပင် ။ သူမထိုကဲ့သို့ အဖြစ်မခံနိုင်တော့ပေ။
သူမကို တစ်ညလုံး ကလိထိုးပြီး မရယ်ရယ်အောင် လုပ်ခဲ့သော လူကြီးက အခု လာကိုအိပ်မက်မက်လို့လဲမသိ ပြုံးဖြီးဖြီးကြီး ဖြစ်နေသည်။ ရွှေခေတ် ထိုပြုံးပြီး အိပ်ပျော်နေသော လူကြီး၏ မျက်နှာပေါ်ကို ရေအေးတွေ လောင်းချပစ်ချင်နေ၏။ သို့သော် သူမမလုပ်ရဲ ဘယ်တော့မှ လုပ်မှာလည်း မဟုတ်။
တဲပြင်ဘက်ရောက်တော့ အလှပဆုံးသောမြင်ကွင်းက သူမကို ဆီးကြိုလို့နေ၏။ နေမထွက်သေးဘဲ မြူဆိုင်းနေသည့် ပတ်ဝန်းကျင်မှာ ကဗျာဆန်လှပေတကား..။မနေ့ညနေပိုင်းလောက်က နေရောင်များဖြာထွက်နေသော ချိုင့်ဝှမ်းဒေသကြီးမှာ အခုဘာမှမမြင်ရလောက်အောင်ကို မြူတွေ အတိဖုံးလွှမ်းလျက်။တိမ်တွေပေါ် လမ်းလျှောက်နေသလို ခံစားချက်မျိုးက ဘယ်အရာနှင့်မှ မလဲနိုင်ဟု ရွှေခေတ် အကျယ်ကြီး အော်ပြောလိုက်၏။ သူမ၏ စိတ်ထဲမှာလည်း ကြည်လင်ရှင်းသန့်နေသည်။ ဒါက သူမရှာနေတဲ့ ပျော်ရွင်မှု အစစ်အမှန်လား?
"ကြိုက်လား...”
အသံနှင့်အတူ နောက်မှသိုင်းဖက်လာသော သူကြောင့် ရွှေခေတ်လန့်သွား၏။ သို့သော်လည်း စိတ်ကပတ်ဝန်းကျင်၏ သာယာလှပမှုကြောင့် ကြည်လင်နေ၍ ဘာမှလဲ မပြောသလို ရုန်းလဲမရုန်းမိပေ။
"သဘောကျလားလို့..ကိုယ်မေးနေတယ်လေ ငယ်..”
"အင်း...သဘောကျတယ် အရမ်းလှတာပဲ”
သူမလေးက ပတ်ဝန်းကျင်အလှအပအား နှစ်သက် မနှစ်သက် မေးနေသည်ထင်ပြီး စိတ်ပါပါနှင့် ဖြေလိုက်သည်။ သို့သော်....
"ကိုယ်က ကိုယ့်ကိုပြောနေတာနော်..တကယ်ကြိုက်တာလား..”
မာယာအဖြာဖြာနှင့် ထိုလူကြီးစကားကြောင့် ရွှေခေတ် မျက်နှာတစ်ခုလုံးနီရဲသွားသည်။ တော်သေးသည်မှာ သူနှင့်က ကျောပေးထား၏။
"မဟုတ်ဘူး..ကျွန်..ကျွန်မက ပတ်ဝန်းကျင်ကို ပြောနေတာ..”
သူမအမြန်အဆန် ငြင်းဆိုလိုက်၏။ သို့သော် ဝေယံက အသေးအမွှားစကားစ ပြန်ရှာလို့မတတ်သည့်လူ မဟုတ်ပေ။
"ဒါဆို..ငယ် ကိုယ့်ကို မချစ်ဘူးပေါ့..?
ပြောရင်း သူ့ပါးကို သူမပါးနှင့် ကပ်နေအောင် သူမပခုံးပေါ်မှေးတင်၏။ ပါးသားချင်း ထိကပ်နေ၍သူ့ဆီမှ အပူချိန်ချစ်ချစ်တောက် ကြီးကို သူမခံစားနေရသည်။ အခြေအနေကို သိသွားသော ရွှေခေတ်က ရုတ်တရက်ချက်ချင်းပင် သူ့ဆီမှ ရုန်းလိုက်၏။
ဘာလဲဟ ဒီလူ..
"ရှင် စောစောစီးစီး ဘာတွေထဖြစ်နေတာလဲ ကျွန်မကိုလွှတ်! ”
အားချင်းမတူ၍လည်း ရွှေခေတ်ကသာ လက်မြောက်အရှုံးပေးနေရသည်။ သူက နောက်ဆုတ်မဲ့အစား သူမကိုသာ ပိုတင်းကြပ်စွာ ဖက်တွယ်လာ၏။ ထို့နောက် သူမပါးများကို နှာခေါင်းဖြင့်ထိ၍ နမ်းလာသည်။ ယားကျိကျိအထိအတွေ့က ရွှေခေတ်ကို အနေအထိုင်မတတ်ဖြစ်အောင် လုပ်နေသည်။
ဘယ်ကနေ ဘယ်လိုမျိုးထွက်လာသည်မှန်းမသိသော အားအင်များက သူ့ကို သူမနှင့် နှစ်ပေအကွာထိ ရောက်သွားစေ၏။
"အို..ဘယ်ကနေ အားတွေရနေတာလဲ..မနေ့ညလည်း အစာတွေအများကြီးမစားထားပါဘူး..”
"ရှင်...ကျစ် ပြောစရာစကားကို မရှိတော့ဘူး..”
"ဒါဆို မပြောနဲ့ပေါ့ ကိုယ်ပြောတာပဲ ငြိမ်နားထောင်ပေး..”
သူမကို သူ့ဆီ ပြန်ဆွဲလာကာ ပြောလိုက်၏။
"မနက်စောစောစီးစီး ကျွန်မအချိုတွေ အစားများပြီး ဆီးချိုမဖြစ်ချင်သေးဘူး ငယ်သေးတယ် ရှင်...”
ရွှေခေတ်က တစ်ဖက်သူစိတ်ပျက်သွားအောင် ပြောလိုက်ပေမယ့် တစ်ဖက်သူက စိတ်မပျက်ပဲ ပို၍ပင် အားပါပါပြုံးကာ...
"ကိုယ်ကလည်း ငယ့်ကို အချိုတွေကြီး မကျွေးပါဘူးနော် ကိုယ်ငယ့်ကို မေးစရာရှိတယ်”
သူ၏ မြူနှင်းနှင့်အတူ ရောယှက်နေသော အသံ လေပူပူနွေးနွေးများက သူမနားစပ်ကို နွေးထွေးနေစေ၏။
ခုနက ထွက်လာသော အားဟူသမျှလည်း ပြန်ယိုင်ကျသွားပြီး သူ့ကိုယ်ကို မှီလျက်သား ဖြစ်နေကာ...
"ဘာ မေးမလို့လဲ?”
သူမ၏ ထိုအသံက သူ့ကိုဘယ်လောက်တောက် ဆွဲဆောင်နေကြောင်း သူမကမသိပေမယ့် ဝေယံ၏ ခေါင်းမှာမူ မီးတောက်လောင်လို့နေပြီ။
"တခြားအတွဲတွေ ဟန်းနီးမွန်းထွက်ရင် ဘာတွေလုပ်ကြတာလဲ ငယ်သိလား..?”
"ရှင်!”
ဒီလူက မသိလို့မေးတာလား..တမင်သက်သက်သိလျက်နဲ့ မေးနေတာလား ဘယ်လိုတောင် ဦးနှောက်ခြောက်စေတဲ့ မေးခွန်းမျိုးကို မေးလိုက်တာလဲ..
"ကျွန်..ကျွန်မက လက်ထပ်ဖူးတာမဟုတ်ဘူးလေ ဘာလိုလုပ်သိမလဲ”
"အော..ဟုတ်သား ကိုယ်မေ့နေတာ ဒါဆိုကိုယ်တို့ ဘာလုပ်ရင်ကောင်းမလဲ အရမ်းပျင်းစရာ ကောင်းတယ် ဘာမှလုပ်စရာ မရှိတာလေ”
ထိုမေးခွန်းက ရွှေခေတ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာတစ်လုံးမှမရဘဲ ဖြေနေရသလိုမျိုး ခက်ခဲလှပေ၏။
"ကျွန်မ စာအုပ်တွေလည်း သယ်လာတယ် ရှင်ဖတ်ချင် ဖတ်လို့ရတယ် ...စီးပွားရေး နယ်ပယ်နဲ့ ပတ်သက်တာတွေချည်းပဲ ”
Advertisement
သူမဟင်းချက်နည် စာအုပ်တွေဝယ်လိုက်တုန်းက သူမအဒေါ်ညွှန်းပေးခဲ့သော စီးပွားရေးဆိုင်ရာ စာအုပ်တွေလည်း ဝယ်ယူခဲ့၏။ ယူလာတုန်းကလည်း လိုလိုမယ်မယ် ထည့်လာခဲ့သောကြောင့် အခုလိုဒိုင်းကာတစ်ခုအဖြစ် အသုံးချရတာမို့ ယူလာရကျိုးမယုတ်ပေ။
သူမထိုသို့ စကားလမ်းကြောင်းလွဲပြီး ပြန်ဖြေလာသဖြင့် ဝေယံမျက်မှောင်ကြုတ်လိုက်သည်။ တကယ့်ကို ထောင်ချောက်ထဲမဝင်နိုင်တဲ့ ယုန်သူငယ်လေးပဲ..
"အဲဒါတွေ...ကိုယ်အကုန်ဖတ်ပြီးပြီ..ပြီးတော့ ဟန်းနီးမွန်းမှာ စာထိုင်ဖတ်နေရမယ်လို့ ဘယ်သူသင်ပေးထားတာလဲ..”
ရွှေခေတ် ခပ်မြန်မြန်ဖြင့်..
"ဟို..ဟို အဲစာအုပ်တွေက ရှင်ဖတ်ဖူးသေးမှာမဟုတ်ဘူး အရင်ပတ်ကမှ ထွက်ထားတဲ့ အသစ်တွေ တကယ်...”
သူမစကားမဆုံးသေးသော်လည်း နှုတ်ခမ်းများက ထပ်ပြီးအသံထွက်လို့မရအောင် ပိတ်ခံလိုက်ရသည်။
...........
8.11.21
နိုးစက္သံမၾကားရတာမို႔ ေ႐ႊေခတ္နိုးလာသည့္အခ်ိန္မွာ ၇နာရီတောင် ထိုးလို႔ေနၿပီျဖစ္၏။ သူမေသခ်ာၾကည့္လိုက္ေတာ့ သူမသူ႕ရင္ခြင္ထဲ တစ္ညလုံး အိပ္ခဲ့ျပန္ၿပီဟု ေသခ်ာေတြးနိုင္၏။ ဘယ္တုန္းက ဘယ္လို အိပ္ေပ်ာ္သြားတာလဲ?
သူမ သူ႕ရင္ခြင္ထဲမွ နိုးမသြားေအာင္ ထလာရသည္မွာ ေဟာလိဝုဒ္ ႐ုပ္ရွင္ေတြထဲက ကမၻာ့တန္ဖိုးအႀကီးဆုံးစိန္ကို ခိုးေနေသာ မဟာသူခိုးလို ေထာင္ေခ်ာက္ေပါင္းေသာင္းခ်ီ ေရွာင္လႊားေနရသကဲ့သို႔ လႈပ္ရွားေနရ၏။ သူမ သူနိုးလာမွာကို စိုး႐ြံ႕ေနရသည့္ အေၾကာင္းမွာေတာ့ တစ္ညလုံး သူမကို က်ီစယ္ႏွောင့္ယွက္ ေနသည့္ လူက ဒီမနက္ ေစာေစာစီးစီးသူမေၾကာင့္ နိုးလာၿပီး ထပ္ၿပီးက်ီစယ္ မွာကိုပင္ ။ သူမထိုကဲ့သို႔ အျဖစ္မခံနိုင္ေတာ့ေပ။
သူမကို တစ္ညလုံး ကလိထိုးၿပီး မရယ္ရယ္ေအာင္ လုပ္ခဲ့ေသာ လူႀကီးက အခု လာကိုအိပ္မက္မက္လို႔လဲမသိ ၿပဳံးၿဖီးၿဖီးႀကီး ျဖစ္ေနသည္။ ေ႐ႊေခတ္ ထိုၿပဳံးၿပီး အိပ္ေပ်ာ္ေနေသာ လူႀကီး၏ မ်က္ႏွာေပၚကို ေရေအးေတြ ေလာင္းခ်ပစ္ခ်င္ေန၏။ သို႔ေသာ္ သူမမလုပ္ရဲ ဘယ္ေတာ့မွ လုပ္မွာလည္း မဟုတ္။
တဲျပင္ဘက္ေရာက္ေတာ့ အလွပဆုံးေသာျမင္ကြင္းက သူမကို ဆီးႀကိဳလို႔ေန၏။ ေနမထြက္ေသးဘဲ ျမဴဆိုင္းေနသည့္ ပတ္ဝန္းက်င္မွာ ကဗ်ာဆန္လွေပတကား..။မေန႕ညေနပိုင္းေလာက္က ေနေရာင္မ်ားျဖာထြက္ေနေသာ ခ်ိဳင့္ဝွမ္းေဒသႀကီးမွာ အခုဘာမွမျမင္ရေလာက္ေအာင္ကို ျမဴေတြ အတိဖုံးလႊမ္းလ်က္။တိမ္ေတြေပၚ လမ္းေလွ်ာက္ေနသလို ခံစားခ်က္မ်ိဳးက ဘယ္အရာႏွင့္မွ မလဲနိုင္ဟု ေ႐ႊေခတ္ အက်ယ္ႀကီး ေအာ္ေျပာလိုက္၏။ သူမ၏ စိတ္ထဲမွာလည္း ၾကည္လင္ရွင္းသန့္ေနသည္။ ဒါက သူမရွာေနတဲ့ ေပ်ာ္႐ြင္မႈ အစစ္အမွန္လား?
"ႀကိဳက္လား...
အသံႏွင့္အတူ ေနာက္မွသိုင္းဖက္လာေသာ သူေၾကာင့္ ေ႐ႊေခတ္လန့္သြား၏။ သို႔ေသာ္လည္း စိတ္ကပတ္ဝန္းက်င္၏ သာယာလွပမႈေၾကာင့္ ၾကည္လင္ေန၍ ဘာမွလဲ မေျပာသလို ႐ုန္းလဲမ႐ုန္းမိေပ။
"သေဘာက်လားလို႔..ကိုယ္ေမးေနတယ္ေလ ငယ္..
"အင္း...သေဘာက်တယ္ အရမ္းလွတာပဲ
သူမေလးက ပတ္ဝန္းက်င္အလွအပအား ႏွစ္သက္ မႏွစ္သက္ ေမးေနသည္ထင္ၿပီး စိတ္ပါပါႏွင့္ ေျဖလိုက္သည္။ သို႔ေသာ္....
"ကိုယ္က ကိုယ့္ကိုေျပာေနတာေနာ္..တကယ္ႀကိဳက္တာလား..
မာယာအျဖာျဖာႏွင့္ ထိုလူႀကီးစကားေၾကာင့္ ေ႐ႊေခတ္ မ်က္ႏွာတစ္ခုလုံးနီရဲသြားသည္။ ေတာ္ေသးသည္မွာ သူႏွင့္က ေက်ာေပးထား၏။
"မဟုတ္ဘူး..ကြၽန္..ကြၽန္မက ပတ္ဝန္းက်င္ကို ေျပာေနတာ..
သူမအျမန္အဆန္ ျငင္းဆိုလိုက္၏။ သို႔ေသာ္ ေဝယံက အေသးအမႊားစကားစ ျပန္ရွာလို႔မတတ္သည့္လူ မဟုတ္ေပ။
"ဒါဆို..ငယ္ ကိုယ့္ကို မခ်စ္ဘူးေပါ့..?
ေျပာရင္း သူ႕ပါးကို သူမပါးႏွင့္ ကပ္ေနေအာင္ သူမပခုံးေပၚေမွးတင္၏။ ပါးသားခ်င္း ထိကပ္ေန၍သူ႕ဆီမွ အပူခ်ိန္ခ်စ္ခ်စ္ေတာက္ ႀကီးကို သူမခံစားေနရသည္။ အေျခအေနကို သိသြားေသာ ေ႐ႊေခတ္က ႐ုတ္တရက္ခ်က္ခ်င္းပင္ သူ႕ဆီမွ ႐ုန္းလိုက္၏။
ဘာလဲဟ ဒီလူ..
"ရွင္ ေစာေစာစီးစီး ဘာေတြထျဖစ္ေနတာလဲ ကြၽန္မကိုလႊတ္!
အားခ်င္းမတူ၍လည္း ေ႐ႊေခတ္ကသာ လက္ေျမာက္အရႈံးေပးေနရသည္။ သူက ေနာက္ဆုတ္မဲ့အစား သူမကိုသာ ပိုတင္းၾကပ္စြာ ဖက္တြယ္လာ၏။ ထို႔ေနာက္ သူမပါးမ်ားကို ႏွာေခါင္းျဖင့္ထိ၍ နမ္းလာသည္။ ယားက်ိက်ိအထိအေတြ႕က ေ႐ႊေခတ္ကို အေနအထိုင္မတတ္ျဖစ္ေအာင္ လုပ္ေနသည္။
ဘယ္ကေန ဘယ္လိုမ်ိဳးထြက္လာသည္မွန္းမသိေသာ အားအင္မ်ားက သူ႕ကို သူမႏွင့္ ႏွစ္ေပအကြာထိ ေရာက္သြားေစ၏။
"အို..ဘယ္ကေန အားေတြရေနတာလဲ..မေန႕ညလည္း အစာေတြအမ်ားႀကီးမစားထားပါဘူး..
"ရွင္...က်စ္ ေျပာစရာစကားကို မရွိေတာ့ဘူး..
"ဒါဆို မေျပာနဲ႕ေပါ့ ကိုယ္ေျပာတာပဲ ၿငိမ္နားေထာင္ေပး..
သူမကို သူ႕ဆီ ျပန္ဆြဲလာကာ ေျပာလိုက္၏။
"မနက္ေစာေစာစီးစီး ကြၽန္မအခ်ိဳေတြ အစားမ်ားၿပီး ဆီးခ်ိဳမျဖစ္ခ်င္ေသးဘူး ငယ္ေသးတယ္ ရွင္...
ေ႐ႊေခတ္က တစ္ဖက္သူစိတ္ပ်က္သြားေအာင္ ေျပာလိုက္ေပမယ့္ တစ္ဖက္သူက စိတ္မပ်က္ပဲ ပို၍ပင္ အားပါပါၿပဳံးကာ...
"ကိုယ္ကလည္း ငယ့္ကို အခ်ိဳေတြႀကီး မေကြၽးပါဘူးေနာ္ ကိုယ္ငယ့္ကို ေမးစရာရွိတယ္
သူ၏ ျမဴႏွင္းႏွင့္အတူ ေရာယွက္ေနေသာ အသံ ေလပူပူႏြေးႏြေးမ်ားက သူမနားစပ္ကို ႏြေးေထြးေနေစ၏။
ခုနက ထြက္လာေသာ အားဟူသမွ်လည္း ျပန္ယိုင္က်သြားၿပီး သူ႕ကိုယ္ကို မွီလ်က္သား ျဖစ္ေနကာ...
"ဘာ ေမးမလို႔လဲ?
သူမ၏ ထိုအသံက သူ႕ကိုဘယ္ေလာက္ေတာက္ ဆြဲေဆာင္ေနေၾကာင္း သူမကမသိေပမယ့္ ေဝယံ၏ ေခါင္းမွာမူ မီးေတာက္ေလာင္လို႔ေနၿပီ။
"တျခားအတြဲေတြ ဟန္းနီးမြန္းထြက္ရင္ ဘာေတြလုပ္ၾကတာလဲ ငယ္သိလား..?
"ရွင္!
ဒီလူက မသိလို႔ေမးတာလား..တမင္သက္သက္သိလ်က္နဲ႕ ေမးေနတာလား ဘယ္လိုေတာင္ ဦးႏွောက္ေျခာက္ေစတဲ့ ေမးခြန္းမ်ိဳးကို ေမးလိုက္တာလဲ..
"ကြၽန္..ကြၽန္မက လက္ထပ္ဖူးတာမဟုတ္ဘူးေလ ဘာလိုလုပ္သိမလဲ
"ေအာ..ဟုတ္သား ကိုယ္ေမ့ေနတာ ဒါဆိုကိုယ္တို႔ ဘာလုပ္ရင္ေကာင္းမလဲ အရမ္းပ်င္းစရာ ေကာင္းတယ္ ဘာမွလုပ္စရာ မရွိတာေလ
ထိုေမးခြန္းက ေ႐ႊေခတ္အတြက္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို စာတစ္လုံးမွမရဘဲ ေျဖေနရသလိုမ်ိဳး ခက္ခဲလွေပ၏။
"ကြၽန္မ စာအုပ္ေတြလည္း သယ္လာတယ္ ရွင္ဖတ္ခ်င္ ဖတ္လို႔ရတယ္ ...စီးပြားေရး နယ္ပယ္နဲ႕ ပတ္သက္တာေတြခ်ည္းပဲ
သူမဟင္းခ်က္နည္ စာအုပ္ေတြဝယ္လိုက္တုန္းက သူမအေဒၚၫႊန္းေပးခဲ့ေသာ စီးပြားေရးဆိုင္ရာ စာအုပ္ေတြလည္း ဝယ္ယူခဲ့၏။ ယူလာတုန္းကလည္း လိုလိုမယ္မယ္ ထည့္လာခဲ့ေသာေၾကာင့္ အခုလိုဒိုင္းကာတစ္ခုအျဖစ္ အသုံးခ်ရတာမို႔ ယူလာရက်ိဳးမယုတ္ေပ။
သူမထိုသို႔ စကားလမ္းေၾကာင္းလြဲၿပီး ျပန္ေျဖလာသျဖင့္ ေဝယံမ်က္ေမွာင္ၾကဳတ္လိုက္သည္။ တကယ့္ကို ေထာင္ေခ်ာက္ထဲမဝင္နိုင္တဲ့ ယုန္သူငယ္ေလးပဲ..
"အဲဒါေတြ...ကိုယ္အကုန္ဖတ္ၿပီးၿပီ..ၿပီးေတာ့ ဟန္းနီးမြန္းမွာ စာထိုင္ဖတ္ေနရမယ္လို႔ ဘယ္သူသင္ေပးထားတာလဲ..
ေ႐ႊေခတ္ ခပ္ျမန္ျမန္ျဖင့္..
"ဟို..ဟို အဲစာအုပ္ေတြက ရွင္ဖတ္ဖူးေသးမွာမဟုတ္ဘူး အရင္ပတ္ကမွ ထြက္ထားတဲ့ အသစ္ေတြ တကယ္...
သူမစကားမဆုံးေသးေသာ္လည္း ႏႈတ္ခမ္းမ်ားက ထပ္ၿပီးအသံထြက္လို႔မရေအာင္ ပိတ္ခံလိုက္ရသည္။
...........
8.11.21
Advertisement
- In Serial41 Chapters
A Sheep Among Wolves
When Leah is gifted with an abusive mate, you'd think she would give up on werewolves altogether. But a new experience opens her mind and heart to pack life. Can she thrive as a human member of a wolf pack?Or will she be in constant danger?_____________________________"My experience with your people gives me absolutely no confidence in that statement." I say cheekily and I swear the corner of his lip almost quirks up. "Understandable. I just want to understand why you, a human, were locked in a cell on wolf pack lands." He says evenly and I cross my arms over my chest, averting my gaze. "Because Alpha Asshole was supposedly my mate." I say quietly and his brow quirks in surprise."I was not expecting that." He murmurs more to himself and I can't help but bark out a laugh."Yeah. Me either."Cover made by @ViaAlyssaNicole
8 223 - In Serial114 Chapters
The tyrant's beloved doll
This is not my own storyCrd to original owner.The Tyrant's Beloved Doll novel:Her brother, who was the one who causes a coup d'etat, had sliced her throat. After she returned to the time before she died, she decided that she would somehow tame him and survive!But...Did she tame him too much?***"Brother, why don't you get married?"There was no reply from him instead, the glass that he held popped and crack with a crackling sound."Oh no, you're bleeding.""Why should I get married?""Eh?""I have you already."Why should I get married you said? You have to get the Empress so I can leave this castle! Sezh laughed unnaturally."Sezh."At that moment, she stumbled and Raytan pulled her body into his arms. His red eyes started to gleamed suggestively while looking down at Sezh who was trapped in his arms."You know we are not real siblings."
8 136 - In Serial48 Chapters
profile || f.w
⚠️trigger warning ⚠️ please do not read if you are sensitive to strong language, self harm, depression, anxiety, or r*pe !!!in which y/n had been r*ped and can't put a finger on the profile of who she believed had been her rapist.
8 208 - In Serial51 Chapters
Back to You | ✓
#1 in Assistant - 14.12.2019#1 in Billionaire - 20.12.2019#10 in Romance - 23.12.2019#2 in New Adult - 23.12.2019#1 in Hurt - 26.12.2019#5 in Funny - 07.03.2020Your past defines you. This was something unfortunately Mia had to live with. An ugly incident in her past, forced her to change and become a new person. She managed to move away from everything that connected to her past, yet somehow she wound up coming back to the one person that was at the centre of it. Sebastian Carter. Just the sight of Mia irked Sebastian to no extent, he believed her whole innocent routine once, he wasn't going to fall for it again.He wanted her gone, far away from his life, but somehow she came back to him. What happens when both Mia and Sebastian are forced to work together, despite hating each other's guts?
8 237 - In Serial92 Chapters
JAHS/ELEY
-bxb- just read it HOE
8 155 - In Serial102 Chapters
COME TO ME | PJM
T/W: abuse/assault, sexual abuse, violence, misogyny, mention of blood, mental health topic such as trauma, panic attack, depression, PTSD.BOOK 2 IS OUT!Highest rank:#1 in fanfiction out of 1.4M stories#2 in romance out of 2M storiesEditor: Gray the PlatypusPLEASE NOTE: Chapters 8-53 have NOT been edited and are in the process of being rewritten. Thanks for understanding. S&G
8 288

